သူ့ကိုအရှင်ထားလည်းဘာမှမဖြစ်ဘူး
Vol. 37 Ch. 738
“ဟင် အဲဒါဘာအဓိပ္ပာယ်လဲ”
ထိုစကားကိုကြားသူများသည် နားမလည်နိုင်ဖြစ်ကြသည်။ သံမဏိသွေး အဖွဲ့ဝင်များပင် ထူးဆန်းသည်ဟုခံစားကြသည်။ ကွင်းထဲမှာ နောက်ဆုံးကျန်ခဲ့ တဲ့သူက သံမဏိသွေးမဟုတ်နိုင်ဘူးဆိုတာ ခေါင်းဆောင်က ခံစားမိလို့လား။
လုံယွိသည် ကျယ်လောင်စွာရယ်မောကာ မတ်တတ်ရပ်လေသည်။ သူသည် သံမဏိသွေးတပ်ကြီး ရှင်းထုတ်ခံရမည့်မြင်ကွင်းကို မြင်ယောင်နေ သည့်အလား ကွင်းဘက်ကိုကြည့်လေသည်။ “ကိုယ့်အကန့်အသတ်ကို သိတဲ့ သူတွေကို အလေးစားဆုံးပဲ၊ ဘာလို့လဲဆိုတော့ အရှုံးကိုဝန်ခံဖို့ကလည်း သတ္တိ တွေအများကြီးလိုသေးတာ၊ အားကောင်းတာကလွဲရင် သခင်ပေထင်းဟွမ်ရဲ့ သတ္တိကလည်း ချီးကျူးထိုက်တာပဲ”
ပေထင်းဟွမ်သည် ခေါင်းကိုအသာဆတ်ကာ လုံယွိအား မျက်စောင်းထိုး လိုက်သည်။ သူမ အရှုံးဝန်ခံတာကို သူဘယ်တုန်းကမြင်ဖူးလို့လဲ။ ဤကဲ့သို့ တုံးအသောလူသည် မည်သို့များ ဝိညာဉ်သခင်ကြီးဖြစ်လာသည်ကို သူမ အမှန် တကယ်မသိတော့ပေ။
လော့ရှောင်မို့သည်လည်း ဘဝင်ခိုက်နေသည်။ သူသည် ညာဘက်လက် ဖြင့် အနက်ရောင်ထီးကို ကိုင်ထားပြီး ဘယ်ဘက်လက်နှင့် ညင်သာစွာခေါက်နေ သည်။ သူသည် ပြုံးပြီးပြောလေသည် “သခင်ကြီးပေထင်းဟွမ် မတိုက်ခိုက်ဘဲ လက်မလျော့လိုက်ပါနဲ့၊ ဒါက တော်တော်စိတ်ပျက်ဖို့ကောင်းတယ်”
“မတိုက်ခိုက်ဘဲ အညံ့ခံရမှာလား” ပေထင်းဟွမ်သည် ဟာသကြီးတစ်ခု ကို ကြားလိုက်ရသည့်အလား ကျယ်လောင်စွာရယ်မောလေသည်။ သူမ၏ ကြည်လင်သောရယ်သံသည် နွေဦးရေကဲ့သို့ တချွင်ချွင်မြည်ကာ ရင်ပြင်တစ်ခု လုံးကို ပဲ့တင်ထပ်လေသည်။ အားလုံးလှည့်ကြည့်ကြလေသည်။ တိုက်ပွဲမစခင် တွင် မီးခိုးများသည် အဘက်ဘက်မှ မြင့်တက်လာကာ အားလုံး၏ အာရုံကြော များကို လှုံ့ဆော်နေပြီဖြစ်သည်။ ပေထင်းဟွမ်ပြောလိုက်သည် “ကျုပ်က အညံ့ခံမယ်လို့ ဘယ်သူပြောလို့လဲ၊ ကျုပ် အညံ့ခံချင်လို့ ချူဟန့်က ရှန်းယန်မြို့ ကို သုံးခါလေးဖက်ထောက်သွားရမယ့်အခွင့်အရေးရှိမှာမဟုတ်ဘူးလို့ ပြောချင် တယ်လို့ထင်လိုက်တာလား... ဟား ဟား ကျုပ်ပေထင်းဟွမ်က ရှုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို လုံးဝနားမလည်ဘူး”
“ဒါဆို ဘာအဓိပ္ပာယ်လဲ” ပေထင်းဟွမ်တွင် အသင်းသုံးသင်း၏ ဝိုင်းခြင်းကို ဖောက်ထွက်ရန် တခြားနည်းလမ်းရှိလိမ့်မည်ဟု ချူဟန့်ထင်မထား ပေ။
“ဘာအဓိပ္ပာယ်ဖြစ်နေလို့လဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းများကို တွန့် လိုက်သည် “အချိန်တန်ရင်သိလာလိမ့်မယ်”
လော့ရှောင်မို့သည် မျက်မှောင်ကြုတ်ကာ တိုးညင်းသောအသံဖြင့် သတိ ပေးလေသည် “သခင်ပေထင်းဟွမ် ကျောင်းပြိုင်ပွဲမှာ သေရေးရှင်ရေးတိုက်ပွဲ ဆိုတာမရှိဘူး၊ ပြိုင်ဘက်က အရှုံးပေးရင် အနိုင်ရတဲ့သူက ပြိုင်ဘက်ရဲ့ အသက် ကိုယူခွင့်မရှိဘူး”
ပေထင်းဟွမ်သည် လော့ရှောင်မို့၏ ဆိုလိုရင်းကို နားလည်သည်။ ပေထင်းဟွမ်သည် ချူဟန့်အား ကွင်းထဲတွင် သတ်ရန်ပြင်ဆင်နေသည်ဟု သူ ပြောနေခြင်းပင်။ ထိုအတိုင်းသာဆိုလျှင် သူ အနိုင်ရလျှင်တောင် ချဟန့်သည် ရှန်းယန်မြို့သို့ သုံးကြိမ် လေးဖက်ထောက်သွားနိုင်တော့မည်မဟုတ်ပေ။ ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည် “လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးလော့ရှောင်မို့၊ သခင်ကြီချူဟန့်က နေက်ဆုံးထိ သူ့ကတိတည်ချင် တယ်ဆိုရင် သူ့ကိုအရှင်ထားဖို့ ကိစ္စမရှိပါဘူး”
“မင်း ဘယ်သူ့ကိုပြောနေတာလဲ” ချူဟန့်သည် ထိုစကားကိုကြားသော အခါ ထခုန်လေသည်။
အေးစက်သောအသံသည် အားလုံး၏အနောက်တွင် ထွက်ပေါ်လာသည် “တိုက်ပွဲကမစသေးဘူး၊ ရလဒ်ကလည်းမသိနိုင်သေးဘူး အပြီးထိစောင့်ကြည့် ကြတာပေါ့”
အသံသည် ဆံပင်ထောင်သွားစေလောက်အောင်ပင် အေးစက်စေကာ ရင်ခုန်သံများကိုပင် မတည်မငြိမ်ဖြစ်စေသည်။ ပေထင်းဟွမ်လှည့်ပြီးနောက် ပြန်လှည့်ကြည့်လေသည်။ ထိုလူသည် အနက်ရောင်ဝတ်ရုံကို တင်းကြပ်စွာ ဝတ်ဆင်ထားသည်။ သို့သော် ထိုလူသည် အင်အားကြီးဖြစ်သည်ကို ပြောရန် မခက်လှပေ။
လုံယွိနှင့် လော့ရှောင်မို့တို့သည် ဘာမှမကြားလိုက်ရသလို ခေါင်းငုံ့ထား လေသည်။ သို့သော် သံမဏိသွေးသာ အဆုံးတွင် ပျက်စီးသွားလျှင် သူတို့သည် ထိုလူနှင့်တိုက်ခိုက်ရမည်ကို သူတို့နှစ်ယောက်ကောင်းကောင်းသိကြသည်။
ယန်ယဲ့သည် တဖြည်းဖြည်းခေါင်းလှည့်ကာ အနက်ဝတ်ထားသောလူကို ကြည့်လိုက်သည်။ သူ့အကြည့်များ ထိုလူ့ပေါ်သို့ကျရောက်ချိန်တွင် သူ့ ခန္ဓာ ကိုယ်လည်း ထိတ်လန့်သွားလေသည်။ သူသည် ရုတ်တရက်ကြည့်လိုက်ရာ လူအုပ်ထဲတွင် မမြင်နိုင်သည့် သာမန်ကျလွန်းသည့် မျက်နှာတစ်ခုကိုမြင်လိုက် ရလေသည်။ သူသည် အသက် ၃၀ အရွယ်ရှိက သူ့မျက်လုံးများသည် အန္တရာယ် ပြုမည့်လက္ခဏာရှိသည်။ သူသည် ယန်ယဲ့အားကြည့်ပြီးနောက် ပေထင်းဟွမ် ဘက်သို့လှည့်လေသည် “သခင်ကြီးပေထင်းဟွမ် ကျုပ် မင်းကို လေးစားနေတာ ကြာပြီ”
ထိုလူ၏မျက်လုံးများသည် မိုးကြိုးသွားကဲ့သို့ ပေထင်းဟွမ်အား ဖိနှိပ်နိုင် သည့် ရောင်ဝါဖြင့် တိုက်ခိုက်လေသည်။ သူ့အကြည့်တစ်ချက်တည်းနှင့်တင် ပေထင်းဟွမ်အား မသက်မသာဖြစ်စေသည်။ ပေထင်းဟွမ်အတွက် ယန်ယဲ့ ထက် ပိုအားကောင်းသည့်လူမရှိပေ။ ဒီလူက ဘယ်သူပါလိမ့်...