သေချင်နေတဲ့နောက်တစ်ယောက်
Vol. 37 Ch. 739
ချူဟန့်မှလွဲပြီး အားလုံးနီးပါးသည် ထိုလူအကြောင်းကို သိချင်ကြသည်။ လုံယွိနှင့်လော့ရှောင်မို့တို့အတွက် ဤလူ၏ စစ်မှန်သောအသွင်အပြင်ကိုမြင်ရ သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ဤလူ၏သရုပ်မှန်ကို စိတ်ထဲမှ ခန့်မှန်းနေကြသည်။
လုံယွိပင်လျှင် ဖိအားကိုမခံနိုင်ပေ။ ဤလူ၏ခွန်အားသည် လုံယွိထက် ပိုသာလွန်သည်မှာ ထင်ရှားလွန်းသည်။ အဆင့်မြင့်ဝိညာဉ်ဓားဂိုဏ်းလား။
ဤပင်မတိုက်ကြီးတွင် အားကောင်းသော ဝိညာဉ်သခင်ကြီးသည် လက် တစ်ဆုပ်စာသာရှိသည်။ ကလေးတစ်ယောက်ပင် အဆင့်မြင့်ဝိညာဉ်ဓားဂိုဏ်း ကိုမဆိုထားနှင့် ဝိညာဉ်သခင်ကြီး၏ အရေအတွက်ကို ရေတွက်နိုင်သည်။ ဤ ပြည်မကြီးတွင် လေနှင့်မိုးကို အမိန့်ပေးနိုင်လောက်အောင် မည်သူမှ အားမကောင်းကြပေ။ ထို့အပြင် သူတို့သည် လူသိများသည်။ သို့သော် ဤလူသည် ငယ်သေးကာ သူ၏အသွင်အပြင်ကို မရင်းနှီးသဖြင့် လူအများကို သိချင်စိတ်ဖြစ်စေသည်။
ဤအခိုက်အတန့်တွင် ဝိညာဉ်အသံတစ်ခုသည် သူတို့စိတ်ထဲသို့ရောက် လာသည် “ငါ အဲဒီပေထင်းဟွမ်ဆိုတဲ့ ကောင်တစ်ယောက်ကိုပဲ ပစ်မှတ်ထားဖို့ ဒီကိုရောက်နေတာ၊ အချိန်တန်ရင် မင်းတို့နှစ်သင်းက ယန်ယဲ့ကိုဆွဲထားပြီး ပေထင်းဟွမ်ကို သတ်ဖို့အခွင့်အရေးဖန်တီးပေး”
သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် ထိတ်လန့်မိကြသည်။ သူတို့ သည် အကြည့်ကိုရှောင်လွှဲကာ ထိုလူအား အသာခေါင်းညိတ်ပြလေသည်။ ဤလူသည် ကတိတည်ပြီး သူတို့နှစ်သင်းအားပစ်မှတ်မထားလျှင် ဤအခိုက် အတန့်တွင် သူတို့၌ရွေးချယ်စရာမရှိတော့ပေ။
ယန်ယဲ့သည် သဲ့သဲ့ပြုံးကာ ပေထင်းဟွမ်၏ပခုံးပေါ်သို့ လက်တင်ထား သည်။ သူသည် သူမအားဆွဲပြီး ဖိအားခပ်ဖျော့ဖျော့ထုတ်လွှတ်ပေးကာ ပေထင်းဟွမ်အပေါ်သို့ သက်ရောက်နေသော ထိုလူ၏ဖိအားကို လျော့ကျအောင်ပြုလုပ်ပေးလေသည်။ ဖိအားသည် လှိုင်းတစ်ခုကဲ့သို့ ထိုလူဆီသို့ လှုပ်ခါသွားလေသည်။ ထိုလူသည်ရုတ်တရက် နောက်ပြန်လဲကျကာ အနောက်တွင်ထိုင်နေသောလူကို ဖိမိတော့မည့်အလား ဖြစ်သွားသည်။
“ဒီမှာသေရမယ့်လူ နောက်တစ်ယောက်ထပ်တိုးနေပြီပဲ၊ သူကဖြင့် အားနည်းတာကို၊ သခင်ကြီးပေထင်းဟွမ်ကို မနာလိုဖို့ ဘာအခွင့်အရေးရှိလဲ” ယန်ယဲ့၏ လှောင်ပြောင်သံမကျလာခင်တွင် သူသည် ပေထင်းဟွမ်အားဖက် ကာ သံမဏိသွေးနားနေရာသို့ ဦးဆောင်ခေါ်သွားလေသည်။
သူတို့ ရင်ပြင်သို့ရောက်သောအခါ ပေထင်းဟွမ်သည် လရောင်တိုက်ခိုက် ရေးအသင်းကိုကြည့်ပြီး ယန်ယဲ့အား တိုးညင်းသောအသံဖြင့် မေးလေသည် “အဲလူကဘယ်သူလဲ”
ပေထင်းဟွမ်သည် ထက်မြက်သည်။ သူမသည် ဓား ၉ လက်ကြယ်ဝိညာဉ် သခင်အဆင့်ရောက်နေပြီဖြစ်သည်။ သူမ၏ခွန်အားနှင့်ဆိုလျှင် အဆင့်နိမ့် ဝိညာဉ်ဓားဂိုဏ်းကို စိန်ခေါ်ရန် ပြဿနာမရှိပေ။ အစောက ထိုလူသည် သူ၏ ဖိအားကိုသုံးကာ တည်ရှိမှုကိုကြေညာခဲ့သည်။ ယန်ယဲ့ကြောင့်သာမဟုတ်လျှင် သူမ မသက်မသာခံစားရမည်ဖြစ်သည်။ ထိုလူသည် အမှန်တကယ်သာ အသက် ၄၀ ဆိုလျှင် သူသည် တိုက်ကြီးတွင် နှစ်ပေါင်းများစွာကတည်းက နာမည်ကြီး ခဲ့ရမည်။ သူမ သူ့နာမည်ကို မကြားဖူးသည်မှာ မဖြစ်နိုင်ပေ။
ဤကဲ့သို့လူမျိုး ကွင်းထဲပေါ်လာသည်ကို ယန်ယဲ့ သူမအား မပြောဘဲ နေမည်မဟုတ်ပေ။
ထိုလူသည် သူမအတွက် ဤနေရာသို့ရောက်လာခဲ့သည်။
ယန်ယဲ့သည် လက်မြှောက်ကာ ပေထင်းဟွမ်၏ ဦးခေါင်းကို ချစ်မြတ်နိုး စွာ ပွတ်သပ်လေသည်။ သူ၏ကောင်မလေးသည် အလွန်ပင် ထက်မြက်သည်။ သူသည် သူမအား တလေးတစားကြည့်လေသည် “အဲဒါက ထျန်းယန်မျိုးနွရဲ့ ဂိုဏ်းသခင်ဝမ်ဂူထျန်းပဲ၊ မင်းက သူ့သားကိုသတ်ခဲ့တာမဟုတ်ဘူးလား၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအရ လက်စားချေဖို့ ဒီကိုလာတာနေမှာပေါ့”
“မဖြစ်နိုင်တာ” ပေထင်းဟွမ်သည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်မိ သည်။ သူမသည် နှာခေါင်းကိုပွတ်လိုက်သည်။ တစ်ဖက်လူသည် အရှက်မဲ့ လွန်းကာ ဤအခွင့်အရေးကိုယူပြီး လက်စားချေလိမ့်မည်ဟု ထင်မထားပေ။ သူမက သံမဏိသွေးအဖွဲ့တစ်ခုလုံးကို ပါဝင်စေခဲ့တာမလား။ “ဒါဆို သူက ဘယ်လောက်သန်မာတာလဲ”
“ဓား ၉ လက်ကြယ်ဓားသခင်”
“ဓား ၉ လက်လား” ပေထင်းဟွမ်သည် အော်မိလုမတတ်ပင် “ဒါဆို ဆရာလန်ချန်းမိုနဲ့ ခွန်အားအတူတူပဲမဟုတ်ဘူးလား”
“ထျန်းယန်မျိုးနွယ်ရဲ့ခွန်အားက စီရင်ချက်ဗိမာန်နဲ့ အမှောင်နတ်မိစ္ဆာ ခန်းမပြီးရင် တိုက်ကြီးပေါ်မှာ ဒုတိယတန်းစား အင်စားစုပဲ၊ သူတို့က ဂိုဏ်း သခင်ဝမ်ဂူထျန်းနဲ့ အပတ်အသက်တွေရှိကြတယ်၊ သူ့ရဲ့ ဓားတာအိုအပေါ် နားလည်မှုက အရမ်းမြင့်တယ်၊ သူ့ကိုဖိနှိပ်နိုင်တဲ့လန်ချန်းမိုအပြင် တိုက်ကြီး ပေါ်မှာ သူ့ပြိုင်ဘက်မရှိသလောက်ပဲ၊ စီရင်ချက်ဗိမာန်နဲ့ အမှောင်နတ်မိစ္ဆာ ခန်းမက ဓားခန်းမအကြီးအကဲတွေတောင် သူ့လောက် အားမကောင်းဘူး”
“သူက ဒီလောက်အားကောင်းနေပြီကို သူ့သားက ဘယ်လိုလုပ် ဝိညာဉ် သခင်ဖြစ်နေတာလဲ၊ သူက အင်ပါယာကျောင်းတော်ကိုလာပြီး ကျွန်တော့်ကို တောင် လက်စားချေလိုက်သေးတယ်၊ သူမလာရင် ဘယ်လိုလုပ် ကျွန်တော့် လက်ထဲမှာသေမှာလဲ၊ ဘဘ်လိုပဲဖြစ်ဖြစ် ဒါတွေအကုန်လုံးက သူ့သားက အစားကြူးပြီး ဘာမှမလုပ်လို့ပဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းဆူကာ ဒေါသ တကြီး စောဒကတက်လေသည်...