မင်းက သူ့ရဲ့တစ်ဦးတည်းသောသားကိုသတ်ခဲ့တာ
Vol. 37 Ch. 740
ယန်ယဲ့သည် ပေထင်းဟွမ်၏ ညုတုတုအပြုအမူကြောင့် စွဲလမ်းလုနီးပါး ပင်။
သူမ မိန်းကလေးတစ်ယောက်ကဲ့သို့ ပြုမူသည်မှာ ရှားပါးလှသည်။ ကံကောင်းစွာပင် ဤသည်အလွန်တိုတောင်းသော်လည်း သူ မြင်လိုက်ရသည်။ ယန်ယဲ့သည်ပြုံးပြီး ခေါင်းခါလိုက်သည် “သူ့သားကို သွားအပြစ်တင်လို့မရဘူး လေ၊ အဲဒီအဘိုးကြီးက အနှစ် ၃၀၀ကျော်နေပြီး မိန်းမ အယောက် ၁၀၀ ကျော် လက်ထပ်ထားတာ ဒါပေမဲ့ ဘယ်သူကမှ သားမွေးမပေးနိုင်ဘူး၊ သူ့အတွက် သားတစ်ယောက်ရဖို့ဆိုတာမလွယ်ဘူး၊ ဒါပေမဲ့ နောက်ဆုံးကျတော့ သူက အပြင်ထွက်တာ နှစ်ရက်တောင်မကြာသေးဘဲနဲ့ မင်းသတ်လို့သေသွားတယ်၊ သူ ဘယ်လိုလုပ် စိတ်မအေးဘဲနေမလဲ”
“ဒါကိုဘယ်လိုဖြစ်ပြီး စိတ်မအေးရတာလဲ သူက ကျွန်တော့်အသက်ကို လိုချင်နေတာလေ” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “ဒီအဘိုးကြီးက အနှစ် ၃၀၀ ကျော်နေလာခဲ့တာ၊ သူက သူငယ်ပြန်နေတာပဲ၊ သူက ကျွန်တော့်ကို ကျေးဇူးမတင်တဲ့အပြင် လက်စားချေချင်သေးတယ်၊ ကြင်နာမှုကို ကျေးဇူးကန်း တာနဲ့ ပြန်ပေးဆပ်နေတာပဲ”
ယန်ယဲ့သည် နားမလည်တော့ပေ “သူက ဘာလို့ မင်းကိုကျေးဇူးတင်ရမှာ လဲ၊ မင်းက သူ့ရဲ့တစ်ဦးတည်းသောသားကိုသတ်ခဲ့တာလေ”
ပေထင်းဟွမ်သည် နှုတ်ခမ်းဆူပြီးပြောလေသည် “စဉ်းစားကြည့်လေ.. သူက အနှစ် ၃၀၀ ကျော်နေလာခဲ့ပြီး မိန်းမ အယောက် ၁၀၀ ရှိတာတောင် ကလေးမမွေးနိုင်ဘူး၊ ဒါကသက်သေပဲမဟုတ်ဘူးလား၊ သူ့ရဲ့ထုတ်လုပ်မှုက တစ်ခုခုဖြစ်နေတယ်ဆိုတဲ့သက်သေပဲ၊ သူ ရုတ်တရက်ကြီး သားတစ်ယောက် မွေးတယ်ဆိုတာက သံသယဝင်စရာမကောင်းဘူးလား၊ သူ့မိန်းမက သူ့ကို ဂျိုပေါက်အောင်လုပ်ခဲ့တာကို ကျွန်တော်က သူ့အရှက်ကိုကူပြီးရှင်းပေးလိုက် တာလေ၊ ကျွန်တော့်ကို ဘာလို့ကျေးဇူးမတင်ရမှာလဲ”
ယန်ယဲ့သည် အနည်းငယ်ဆွံ့အမိသည်။ သားမွေးနိုင်ရန်အတွက် ထျန်းယန်မျိုးနွယ်သည် သက်စောင့်ဆေးရရန်အတွက် နတ်လက်နက်နှင့် အလဲအလှယ်လုပ်ပြီးမှ သူ၏ဇနီးဖြစ်သူသည် သားတစ်ယောက်ကို မွေးနိုင်ခဲ့ သည်ဟု သူ ပြောချင်မိသည်။ သို့သော် စဉ်းစားကြည့်ပြီးနောက် ထိုစကားလုံး များကို မေ့ပစ်ရန်ဆုံးဖြတ်ပြီး ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် ဟွမ်အာ ပြောတာမှန်တယ်.. ဒီအကြောင်းကို ဒီအဘိုးကြီးကိုနောက်မှပြောပြလိုက်မယ်၊ အမြစ်ကိုတော့ မေ့ပစ်လို့မရဘူးလေ”
“အဲဒါပိုကောင်းတယ်” ပေထင်းဟွမ်သည် ထိုလူကိုကြည့်လေလေ ဓား ၉ လက်ကြယ်ဝိညာဉ်ခင်ကို အထင်ကြီးစရာမရှိလေဟု ခံစားရသည်။ သူသည် မိန်းမဖောက်ပြန်သည်ကိုပင် မသိခဲ့ပေ။ သူမ နှာမှုတ်လိုက်သည် “သူက ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ပဲမလား၊ ဒီလူ့ကိုဒီနေ့ သေတဲ့အထိ နှိပ်စက်လို့ရ မလားလို့ ကြည့်ရအောင် သူက ကျွန်တော့်ကိုလက်စားချေရဲတယ်ပေါ့၊ အသက် ရှင်ရတာ ငြီးငွေ့နေတာပဲ”
ပေထင်းဟွမ်သည် ယန်ယဲ့၏မျက်လုံးထဲမှ မြတ်နိုးသည့်အကြည့်များကို မမြင်ပေ။ ဤကောင်မလေးသည် မာနထောင်လွှားသည်ကို သူ မသိခဲ့ခြင်း မဟုတ်သော်လည်း နှစ်တစ်သောင်းကြာမှဝင်စားပြီးနောက် သူ လုပ်ချင်ခဲ့သော တစ်ခုတည်းသောအရာမှာ သူမကို ချစ်မြတ်နိုးခြင်းပင်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းနှင့် ဖြောင့်မတ်မှုများသည် မဟုတ်တမ်း တရားများပင်။ သူ၏မျက်လုံးထဲတွင် ပေထင်းဟွမ်သာ တစ်ခုတည်းသော အစိုးရမင်းဖြစ်သည်။ သူမသည် မည်သူအသက်ရှင်ရမည်၊ မည်သူသေရမည်ကို ဆုံးဖြတ်လိမ့်မည်။
ရင်ပြင်သည် အံ့အားသင့်လောက်အောင်ပင် ကြီးမားသည်။ ၁၀ သင်းသည် တိုက်ပွဲဝင်နေပြီဖြစ်သည်။ ကွင်းတစ်ခုလုံးသည် မနက်ကကဲ့သို့ မဟုတ်တော့ပေ။ လေထုသည် တင်းမာပြီး တိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ် ကောင်းသော်လည်း အနည်းငယ် သမာရိုးကျလှသည်။ ၎င်းသည် နေ့လယ်တွင် နောက်ဆုံးပြိုင်ပွဲအတွက် အကြိုပွဲတစ်ခုသာဖြစ်သည်။
ဤအခိုက်အတန့်တွင် ကြီးမားသောရင်ပြင်တစ်ခုလုံးသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အားလုံးသည် ကွင်းထဲတွင်ရပ်နေ ကြသော ရာချီသောလူများကိုကြည့်နေသည်။ သူတို့၏နှလုံးသားများ တုန်ယင် နေပြီး စစ်မြေပြင်သို့သွားရာတွင် ပို၍စိတ်လှုပ်ရှားနေကြသည်။ ရင်ပြင်တစ်ခု လုံးသည် ခမ်းနားကာ အားလုံးကို စိတ်လှုပ်ရှားစေသည်။ သူတို့ ရင်ပြင်ကို ကြည့်လေလေ တိုက်ခိုက်ရေးစိတ်ဓာတ်များ မြင့်တက်လေလေဖြစ်သည်။
နေ့လယ်ရောက်ချိန်တွင် ကောင်းကင်၌ နေလုံးတည့်တည့်ရောက်နေပြီ ဖြစ်သည်။ လေထုသည် ဖိနှိပ်ခံရပြီး တောက်လောင်လျက်ရှိသည်။ ယန်းမြို့၏ အတွင်းအကြီးအကဲကြီး၏ အသံသည် သလင်းကျောက်အသံချဲ့စက်မှ ထွက်လာသည် “ဒီနေ့ အင်ပါယာရင်ပြင်အလယ်မှာရပ်နေတဲ့လူတွေက ငါတို့ ပင်မတိုက်ကြီးရဲ့ လက်ရွေးစင်တွေပဲ၊ ကျုပ်က ယန်းမြို့နဲ့ ဒီပင်မတိုက်ကြီးရဲ့ ကိုယ်စား မင်းတို့ကို ကြိုဆိုပါတယ်၊ မင်းတို့အားလုံးက ခွန်အားနောက်ကိုလိုက် နေကြတဲ့ စစ်သည်တွေပဲ၊ ဒီနေ့ဒီရင်ပြင်က မင်းတို့အပိုင်ပဲ၊ မင်းတို့ရဲ့ အားအကောင်းဆုံးမှော်သားရဲတွေကို ဆင့်ခေါ်ပြီး မင်းတို့ရဲ့ အားအကောင်းဆုံး ကြယ်အရည်အချင်းတွေကိုထုတ်လွှတ်လိုက်ပါ၊ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းက အားအကောင်းဆုံးစစ်သည်တွေကို ကြိုဆိုဖို့ မျှော်လင့်နေပါမယ်.. တိုက်ပွဲက အမြဲတမ်း စစ်သည်တွေအတွက် တောက်လောင်နေမှာပါ”