'' ဓါးကျွန် ''
Vol. 1 Ch. 1
" ငါ မသေ ဖူးလား ...."
လင်းယွန် သည် သူ၏ မျက်လုံး များကို ဖွင့်လိုက်ပြီး ရင်ဘတ်ကို ပြန်စမ်း ကြည့်လိုက် မိသည်။
သူမှတ်မိသည့် နောက်ဆုံး အရာသည် 'တိယန်' တောင်ထွတ် ဖျားသို့ တက်နေစဉ် သူ၏ ရင်ဘတ်ကို ဓားဖြင့် ထိုးခံလိုက် ရခြင်း ဖြစ်သည်။
ထိုလုပ်ကြံမှုသည် လျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး တုံ့ပြန်ရန် အခွင့်အလမ်း မရှိခဲ့ချေ။
အား.........။
လင်းယွန်သည် ရုတ်တရက် ဦးခေါင်းအတွင်း ပိုင်းမှ နာကျင်မှုကြောင့် ခေါင်းကို လက်နှစ် ဖက်ဖြင့် ဆုပ်ကိုင် လိုက်သည်။
အချိန်သည် နှေးကွေးလွန်း စွာဖြင့် ရွေ့လျား နေပြီး၊ သူ့မှတ်ညာဏ် များကို ပြန်လည် ရယူ နေမိသည်။
နာရီ အနည်းငယ် အကြာတွင် သူ၏ တည်ငြိမ်မှုကို ပြန်ရ လာသည်။
သူသည် 'မိုးကောင်းကင်' နိူင်ငံရှိ အသက် ဆယ့်ခြောက်နှစ် အရွယ် ဓားကျွန် တစ်ယောက် ၏ ခန္ဓာကိုယ် တွင် ပြန်လည် ဝင်စားလာခြင်း ဖြစ်သည်။
ဒီဓားကျွန်၏ နာမည်သည် သူ့အရင်ဘဝ နာမည်နှင့် တထပ်ထဲ တူညီခဲ့သည်။
မှတ်ညာဏ်များ အရ ဆိုရင် ဤဓားကျွန်သည် အရည်အချင်း နိမ့်ပါး ခြင်းကြောင့် ဂိုဏ်း၏ တရားဝင် တပည့် ဖြစ်လာခြင်း မရှိခဲ့ပေ။
အဓိကတာဝန်မှာ အတွင်း တပည့်များနှင့် အကြီးအကဲ များ၏ ဓားရှည်ကို ထိန်းသိမ်းရန် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့်၊ 'မိုးပြာရောင် ကောင်းကင်' ဂိုဏ်းမှ လူတိုင်းသည်၊ ဓါးများကို အာရုံမစိုက် ကြသောကြောင့်၊ သူတို့၏ ဓါးများကို ထိန်းသိမ်းမည့် ဓားကျွန်များ လိုအပ် လာကာ၊ ၎င်းဓါးကျွန် များအား ဂိုဏ်း၌ နေပျော် စေရန် အားလပ်ချိန် အချို့တွင် သိုင်းပညာ ကျင့်ကြံမှုကို ခွင့်ပြု ခဲ့သည်။
ဤလောက၌ ခွန်အား သည်သာ လေးစားခြင်း အစစ် အမှန်ကို ရရှိပေမည်။ ထို့ကြောင့် ဓားကျွန် တစ်ယောက်သည် နိမ့်ပါး လွန်းသည့် ရှင်သန်မှုပင် ဖြစ်သည်။
'မိုးပြာရောင် ကောင်းကင် ဂိုဏ်း' ၏ စည်းမျဉ်း များအရ ဓါးကျွန်များသည် ကျင့်ကြံမှု လမ်းကြောင်းတွင် အောင်မြင်မှု အချို့ ကို ဖန်တီး နိုင်မည် ဆိုပါက၊ ဂိုဏ်း၏ တရားဝင် ပြင်ပတပည့် ရာထူးကို လျောက်ထား နိုင်သည်။
၎င်းသည် လက်ရှိ ခန္ဓာပိုင်ရှင် အတွက် ကြီးမားသည့် ပန်းတိုင် ဖြစ်ပြီး၊ 'မိုးပြာရောင် ကောင်းကင်ဂိုဏ်း'တွင် ဓါးကျွန် အဖြစ် ရှိနေ ရခြင်း၏ တစ်ခုတည်းသော အကြောင်း အရင်း ဖြစ်သည်။
'ကံ'မကောင်းစွာဖြင့်၊ ကြိုးစားမှုသည် အမြဲတမ်း အရည် အချင်းနှင့် အချိုး မညီပေ။ သူ၏ သုံးနှစ်တာ ကာလ ကျင့်ကြံမှုသည် '' အခြေခံ တည်ဆောက်ခြင်း ဒုတိယအဆင့်'' သို့သာ ရောက်ရှိခဲ့သည်။
'မိုးပြာရောင် ကောင်းကင် ဂိုဏ်း'၏ စည်းမျဉ်းမှာ တရားဝင် ပြင်ပ တပည့် တစ်ဦး ဖြစ်လာရန် အတွက်၊ အခြေခံ တည်ဆောက် ခြင်း တတိယ အဆင့် '' သို့ရောက်ရှိရန် လိုသည်။
သူသည် အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့် သို့ရောက် ရှိရန် ခြေ တစ်လှမ်းသာ ဝေးသော်လည်း ၎င်းသည် မိုင်ပေါင်း များစွာ ကွာဝေး ခြင်းလည်း ဖြစ်လာ နိုင်သည်။
ဓားကျွန်တစ်ဦးဖြစ်သည့် သူ၏ ကျင့်ကြံမှု အချိန်နှင့် အရင်းအမြစ် များတွင် ကန့်သတ်ချက် ရှိသည်။
ဤခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သူသည် ''အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့် '' ကို တက်လှမ်းရန် အတွက် မျှော်လင့်ချက် မရှိကြောင်း ခံစား လိုက်မိသည်။
( ငါရဲ့ ပြန်လည် ရှင်သန်လာခြင်းက ငါ့နာမည်ကို ဒီလောကရဲ့ အမြင့်ဆုံးမှာ တည်ရှိစေရမယ်။)
လင်းယွန်သည် အခြားတစ်ကမ္ဘာသို့ ကူးပြောင်း ခံရပြီးနောက် သူ့ကိုယ်သူ လိုက်လျော ညီထွေမှု ရအောင် လုပ်ယူပြီး ပန်းတိုင် တစ်ခု ချမှတ် လိုက်သည်။
သူသည် ယခင် ကမ္ဘာတွင် ဥပဒေပညာ ပါရမီရှင် ရှေ့နေ တစ်ဦး ဖြစ်ခဲ့သည်။
သူ့ဘ၀ တလျှောက် လုံးတွင် အရှုံးမရှိ စံချိန်ကို ရရှိ ထားသည်။
"ကဲ ဒီခန္ဓာရဲ့ အရွေ့ကို စမ်းကြည့်ရအောင်"
လင်းယွန်က ခပ်တိုးတိုး ရေရွတ်ပြီး အိမ်တံခါးကို တွန်းဖွင့် လိုက်သည်။
'' ကျားရိုင်းလက်သီး..(၁၈)ကွက် ''
လင်းယွန်၏ ကြုံးဝါးသံမှာ စတင်ထွက်ပေါ် လာသည်။ ကျားရိုင်း လက်သီး (၁၈)ကွက် သည် လှုပ်ရှားမှု နည်းစနစ် များ၏ အလယ် အလတ် အဆင့် ပညာရပ် ဖြစ်သည်။
''မိုးပြာရောင်ကောင်းကင်ဂိုဏ်း'' အတွင်း၌ ''ကျားရိုင်း လက်သီး (၁၈)ကွက်''ထက် ပိုမို အစွမ်းထက်သော နည်းစနစ် များစွာ ရှိခဲ့သည်။
သို့သော် ဓါးကျွန်တစ်ယောက် အနေဖြင့် ၎င်းသည်ပင် သူလုပ်နိုင် သည်ထက် ပိုခဲ့သည်။ 'မိုးပြာရောင် ကောင်းကင်'ဂိုဏ်း၏ တရားဝင် တပည့် တစ်ယောက် မဖြစ် သ၍ မည်သည့် အရင်း အမြစ်မျှ ရယူ သုံးစွဲရန် မဖြစ်နိုင်ပေ။
'အခြေခံ တည်ဆောက်ခြင်း နယ်ပယ်' ဆိုသည်မှာ သိုင်းပညာ၏ ကနဦး အခြေခံ အုတ်မြစ်ပင်။
၎င်းသည် ခန္ဓာကိုယ်အား ပြုပြင် လေ့ကျင့် စေခြင်း ဖြစ်၏။ အခြေခံ တည်ဆောက်ခြင်း နယ်ပယ်ကို အဆင့် ဆယ်ဆင့် သတ်မှတ် ထားသည်။
ပထမအဆင့်တွင် အရေပြား၊ အရိုးနှင့် အပ်စိုက်မှတ် များကို အားဖြည့် ပြုပြင်ခြင်းဟု ခေါ်သည့် အဆင့် သုံးဆင့် ပါဝင်သည်။
ဒုတိယအဆင့် သုံးဆင့်သည် သွေးနှင့် အမာခံ ကလီစာ (၅)ခုကို ပြုပြင်ခြင်း ဖြစ်သည်။ တတိယ အဆင့်မှာ ကြွက်သား များကို ပြုပြင်ခြင်း၊ အရိုးများ အသွင်ပြောင်းခြင်း၊ ချဉ်ဆီကို သန့်စင်ခြင်းနှင့် ပြီးပြည့်စုံခြင်း အဆင့် တို့ဖြစ်သည်။
၎င်းတို့သည် အနာဂတ်ကျင့်ကြံမှု လမ်းစဉ် အတွက် အခြေခံ အုတ်မြစ် ချခြင်းဖြင့် ခန္ဓာ ကိုယ်အား ကြံခိုင် သန်မာလာ စေရန် ဖြစ်သည်။
''ကျားရိုင်းလက်သီး (၁၈)ကွက်'' သည် လင်းယွန်နှင့် စည်းချက် ညီညီ ပေါင်းစပ် နေသည်။ ယနေ့ သူ၏ လေ့ကျင့်မှုသည် ယခင် ကထက် ပိုမို လွယ်ကူ လှပြီး သက်တောင့် သက်သာရှိ ပေသည်။
လက်သီးချက် တိုင်းသည် သူ့ခန္ဓာကိုယ် အနှံ့သို့ စီးဆင်း လာသည့် အပူဓာတ်ကို နိုးထစေပြီး၊ ၎င်းအား ချက်ခြင်း ခံစား မိစေ၏။
'ကျားရိုင်း လက်သီး(၁၈)ကွက်' ဆိုသည့် အတိုင်း အလှည့် အပြောင်း (၁၈)ခု ပါရှိသည်။
ပထမ(၁၅) ကွက်သည် အခြေခံ များသာ ဖြစ်ပြီး အနှစ် သာရမှာ (၁၆)ကွက် မြောက်မှ စတင်သည်။
(၁၆)ကွက် မြောက်ကို အသုံးပြုရန် ပထမ(၁၅) ကွက်အား နားလည်ရန် လိုအပ်သည်။
နောက်ဆုံး သိုင်းကွက် သုံးကွက်၏ နာမည် များမှာ၊ တောဘုရင် ၏ဒေါသ... ၊ တောတောင် တခွင် အမဲလိုက်ခြင်း၊ သားရဲ တစ်ရာ သုတ်သင်ခြင်း တို့ဖြစ်သည်။
'ကျားရိုင်း လက်သီး (၁၈)ကွက်' ၏ အနှစ် သာရသည် နောက်ဆုံး သုံးကွက်တွင် ရှိသည်။
ကံမကောင်းစွာဖြင့် လင်းယွန်သည် ယခင်က ထိုအနှစ် သာရသို့ မစွမ်း ဆောင်နိုင် ခဲ့ပေ။
ပထမ ဆယ့်ငါး ကွက်တွင်သာ ရပ်တန့် နေခဲ့သည်။
ပထမ ဆယ့်ငါးကွက်ကို လေ့ကျင့် အပြီးတွင် ခန္ဓာကိုယ် အနှံ့ နွေးထွေးသော စီးကြောင်း တစ်ခုကို ခံစား လိုက်ရသည်။
လင်းယွန်၏ မျက်လုံး များက ဆုံးဖြတ် ချက်ချ လိုက်ဟန်ဖြင့်။
' ဆက်သွားမယ်.. '
သူ့အား လွှမ်းခြုံထားသည့် အပူ စီးကြောင်းကို အာရုံခံပြီး၊ တစ်ဆယ့် ခြောက်ကွက် မြောက်သို့ တက်လှမ်း လိုက်သည်။
''.......'
သူ၏ ခန္ဓာကိုယ်သည် 'ကျားရိုင်း လက်သီး (၁၈)ကွက်'၏ (၁၆)ကွက်မြောက် အခင်း အကျင်းကို ထုတ်ဖော် လိုက်သည့် အခါတွင်၊ ကိုယ်တွင်း အပူလှိုင်း များက၊ သူ့လက်သီး ထဲသို့ အပ်စိုက်မှတ် များမှ တဆင့် ဖြတ်သန်း ဝင်ရောက် လာသည်။
ရက်စက် ကြမ်းကြုတ်သည့် ကျားရိုင်း တစ်ကောင် သဏ္ဍာန် သူ့နောက်တွင် ဝိုးတဝါး ပေါ်လာပြီး ဒေါသတကြီး ဟိန်းဟောက် သံကို ထွက်ပေါ် လာစေသည်။
သူ့တစ်ကိုယ် လုံးရှိ အရိုးများ အက်ကွဲ သွားပြီး ကျားတစ်ကောင်၏ ဟိန်းလိုက်သံ ကဲ့သို့ အရိုးမြည်သံ များ ပဲ့တင်ထပ် သွား၏။
မြေပြင် ပေါ်၌ ကြွေကျ နေသည့် သစ်ရွက် များသည် လေထဲသို့ လွင့်မျော သွားပြီး၊ အပိုင်း အစပေါင်း တစ်ထောင်ကို ဆုတ်ဖြဲ ပစ်လိုက် သလို အပိုင်းပိုင်း ပျံ့လွင့် လာသည်။
အပူစီးကြောင်းသည် ခန္ဓာကိုယ် အနှံ့တွင် ဆက်လက် စီးဆင်း နေပြီး လင်းယွန်ကို ငြိမ်သက် သွားစေ၏။
'' အတွင်းပိုင်း စွမ်းအင် အရိုးများ ကွဲအက်ခြင်းနဲ့ အပူလှိုင်း၊... ငါက အခြေခံ တည်ဆောက်ခြင်း ဒုတိယ အဆင့်ရဲ့ အတား အဆီးကို ကျော်ဖြတ် နေပြီ။ ''
'' တောတောင်တခွင် အမဲလိုက်ခြင်း ''
'' သားရဲ တစ်ရာ သုတ်သင်ခြင်း ...''
လက်သီးကို ဆုတ်လိုက်ပြီး လင်းယွန်သည် မပြုံးပဲ မနေနိုင် တော့ပေ။ သူသည် ''ကျားရိုင်း လက်သီး (၁၈)ကွက်''၏ အနှစ် သာရကို ထိတွေ့ ခဲ့သည် သာမက အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့် ကိုပါ တက်လှမ်း နိုင်ခဲ့သည်။
တပြိုင်နက်ထဲ အောင်မြင်မှုနှစ်မျိုးကို ဆုပ်ကိုင် မိခြင်းသည် သူ၏စိတ်ကို ရှုပ်ထွေး သွားစေသည်။ သူသည် အခြေခံ တည်ဆောက် ခြင်း၏ ဒုတိယ အဆင့်တွင် ပိတ်မိနေ သည်မှာ တစ်နှစ်ကျော် ခဲ့ပြီ ဖြစ်သည်။
အဆုံး၌သူ၏ နားလည်မှု မြင့်မားလာ သောကြောင့်သာ ဖြစ်သည်ဟု ကောက်ချက်ချ လိုက်သည်။
သူ၏ ယခင် ဘဝတွင် ထက်မြက်သော ပါရမီရှင် ရှေ့နေ တစ်ယောက်ပင် မဟုတ် ပါလော။
ယခုခန္ဓာ ပိုင်ရှင် လင်းယွန်နှင့် ပေါင်းစည်း ပြီးသည့် နောက်တွင်၊ သူ၏နားလည်မှုသည် နောက်တစ်ဆင့်သို့ ရောက်ခဲ့ ပုံရသည်။
'' ဒီကမ္ဘာကြီးမှာ ငါ့ရဲ့ အသိဉာဏ်နဲ့ စားပွဲ တိုင်းကို 'စ'နိုင်လိမ့် မယ်လို့ ငါထင်တယ်။ ''
အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့် သည် '' မိုးပြာရောင် ကောင်းကင်ဂိုဏ်း''၏ ပြင်ပ တပည့် ဖြစ်လာရန် အရည်အချင်း ပြည့်မီ နေပြီ ဖြစ်သည်။
ဓါးကျွန် တစ်ယောက်၏ ဘဝသည် ယနေ့၌ ပြီးဆုံး သွားခဲ့ လေပြီ။ လင်းယွန်၏ မျက်လုံးများ ပြူးကျယ် သွားပြီး တစ်စုံ တစ်ခုကို ရုတ်တရက် သတိရ လိုက်၏။
အိမ်ထဲသို့ အပြေး အလွှား သွားပြီး ထိုတစ်စုံ တစ်ခုအား အလျင်အမြန် ရှာဖွေတော့သည်။
သစ်သာ အိမ်ထောင့် တစ်နေရာတွင် အေးခဲ နေသည့် ဓားတစ်လက်က ငြိမ်သက်စွာ လှဲလျောင်း နေသည်ကို တွေ့လိုက်ရ၏။
"ဒါပဲ... ...... "
လင်းယွန်က ဓားရှည်ကို ဆုပ်ကိုင်လိုက်ပြီး၊ သူ့ညာလက် တစ်ခုလုံး အေးခဲ လာသည့် ခံစား ချက်ကို အံကြိတ်ခံ လိုက်သည်။
သတ္ထုဓါး၏ ရောင်ပြန် ဟပ်မှုသည် လင်းယွန် နဖူးမှ ရွန်းဗက် ပုံစံ ခရမ်းရောင် အမှတ် အသားကို တောက်ပ သွားစေ၏။
ခရမ်းရောင် အမှတ် အသားကို ကြည့်ပြီး လင်းယွန်က မျက်မှောင် ကြုတ်လိုက်သည်။
'ကျွန်'တံဆိပ် အမှတ်အသား....။
(မင်းက တစ်ရက် ကျွန်ဖြစ်ခဲ့လျှင်တောင် ထာဝရ ထင်ကျန်ရစ်မည့် အမှတ်အသားကို ရေးထိုးခံရ ပေမည်။ )
လင်းယွန်က ဓားကို ဆုပ်ကိုင်လိုက်ပြီး 'ဓား ထိန်းသိမ်းရေးခန်းမ' သို့ လျင်မြန်စွာ ဦးတည် သွားခဲ့သည်။
ဓားများကို ပြုပြင် ထိန်းသိမ်းမှုသည် ၎င်း၏ သက်တမ်းကို မြှင့်တင် ပေးနိုင်ပြီး အဖိုးတန် ဓားတစ်လက် သည်လည်း ခြွင်းချက် မဟုတ်ခဲ့ပေ။
ဓားကျွန်အဖြစ် သူသည် ဓားထိန်းသိမ်း ခြင်းတွင် ထူးခြား ကျွမ်းကျင်မှု များကြောင့် နေထိုင်ခွင့် အိမ်တစ်လုံးကို ပိုင်ဆိုင် ခွင့်ရ ခဲ့သည်။
'' ငါ ...နောက်ကျနေပြီ ''
လွန်ခဲ့သော နှစ်နာရီက ဓားကို အပ်ခဲ့ သင့်သော်လည်း ''ကျားရိုင်း လက်သီး (၁၈)ကွက်'' ကို လေ့ကျင့် နေမိသည့် အတွက် ၎င်းအား မေ့သွား
''မိုးပြာရောင် ကောင်းကင် ဂိုဏ်း''တွင် တင်းကျပ်သည့် စည်းကမ်းများရှိသည်။ ဥပမာ သူ့လို ဓါးကျွန် တစ်ယောက်သည် တစ်စုံ တစ်ယောက်ကို စော်ကားရန် အခွင့်အရေး မရှိပေ။
သူ့အသက်သည် သာမာန်ပြင်ပ တပည့် တစ်ယောက်၏ လက်ထဲ၌ပင် ဆုံးရှုံးနိုင်သည်။ ယခု အပြစ်ပြုမိ သူ၏ အဆင့် အတန်းသည် သူစိတ်ကူး နိုင်သည်ထက် များစွာ ပိုသည်။
" ဟိုမှာ ဓားကျွန် လာပြီ စီနီယာအစ်မ "
'ဓားထိန်းသိမ်းရေး ခန်းမ'ထောင့်တွင် လူသုံးဦး ရပ်လျက်ရှိနေ ကြသည်။
လင်းယွန် ဝင်လာ သည်ကို တွေ့လိုက်သည့် အခါ ထိုသုံးဦး ထံမှ ဒေါသလှိုင်း တစ်ခု ဦးတည် လာ၏။
စီနီယာ အစ်မဆုသည် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ဖြင့်၊ အေးစက်စွာ ရပ်စောင့် နေခဲ့ပြီး၊ ကြည်ပြာရောင် ဝတ်ရုံကို ၀တ်ဆင် ထားကာ၊ ထူးခြားသည့် အရှိန်အဝါများ လွှမ်းခြုံနေသည်။
သူမ၏ မျက်ဝန်း များတွင် သန့်ရှင်း ပြတ်သားမှုကို ဖော်ဆောင် ထား၏။ သူမနှင့် မျက်လုံးချင်း ဆုံမိသည့် အခါ လင်းယွန်သည် အသက်ရှူ မဝ သလို ခံစား လိုက်ရသည်။
သူ၏ မှတ်ဉာဏ်များ အရ လင်းယွန်သည် ဤဆုစီယာကို ချစ်မြတ်နိုး ခဲ့သည်။
'' ဓားကျွန်၊ မင်း နောက်ကျတယ်။ စီနီယာ အစ်မ ဆုကို မင်းမျက်လုံးထဲ မရှိဖူးလား။ ''
လင်းယွန်ကိုမြင်သည့်အခါ ပိန်လှီနေသည့် ယောက်ျားက အပြစ်တင် ကျိန်းမောင်း လာသည်။
ထိုသူသည် လင်းယွန်အား တစ်ချိန်လုံး ရန်လိုစွာ ပြစ်တင်ဖို့ ပြင်ဆင်ထား ပုံရ၏။ သူက စီနီယာ အစ်မဆု၏ မျက်နှာသာ ပေးမှုကို လင်းယွန်အား ပြစ်တင်ကြိမ်းမောင်း ခြင်းဖြင့် ရယူ လိုဟန် ရှိသည်။
တစ်ဖက်တွင် စီနီယာ အစ်မဆု၏ မျက်နှာသည် ခံစားချက် မဲ့ပြီး အေးစက် နေခဲ့သည်။
လင်းယွန်က သက်ပြင်းချကာ သူမကို ဓားကမ်းပေး လိုက် သည်။ ဆုစီယာက ဓားကို ယူလိုက်ပြီး လက်ကိုင်ပုဝါကို ထုတ်ကာ သုတ်လိုက်သည်။
လင်းယွန်က ဤလုပ်ရပ်ကို မြင်သည့် အခါ သူမအပေါ် အထင်ကြီး ထားမှုသည် ချက်ချင်း ပျောက်ကွယ် သွားပြီး မျက်ခုံးကို ပင့်တင် လိုက်မိသည်။
ဆုစီယာက ဓားကို လက်မဝက်ခန့် ဆွဲထုတ် လိုက်သည့် အခါ အေးစက်စက် အပြာရောင် အလင်းများ ပျံ့လွင့် လာသည်။
သူမက ချက်ချင်းပင် ဓားကို ဓားအိမ်ထဲ ပြန်သွင်း လိုက်၏။
"မဆိုးပါဘူး။"
ဓားကို ကျေနပ်စွာ လှည့်ပါတ်ကြည့် လိုက်ပြီး၊ စိတ်ကျေနပ်ဟန်ဖြင့် လင်းယွန်၏ ခြေထောက်နား ဆီသို့ ကျောက်စိမ်း ပုလင်း တစ်လုံးကို ပစ်ချပေး လိုက်သည်။
'' ဘာလဲ ... ငါ့ကို သူတောင်းစား တစ်ယောက်လို ဆက်ဆံ နေတာလား။ ''
လင်ယွန်၏ နှလုံးသားသည် ဒေါသ အရှိန်ကြောင့် တုန်ခါ သွားသည်။
" စီနီယာ အစ်မက မင်းကိုအပြစ်ပေးဖို့ မထိုက် တန်ဖူး၊ ဒါနဲ့တင် မင်းသေပျော်ပြီ၊ အခု စီနီယာ အစ်မရဲ့ ရက်ရောမှုကို ဘာလို့ ဦးမညွတ် သေးတာလဲ...ဟမ် ..''
ခပ်ပိန်ပိန် လူသည် မနာလိုဟန်ဖြင့် လင်းယွန်၏ ခြေရင်းရှိ ဆေးပုလင်းအား ကြည့်လိုက်ကာ ထပ်မံ ကျိန်းမောင်း လာပြန်သည်။
မူလပိုင်ရှင် လင်းယွန်ဆိုပါက မေးခွန်း မထုတ်ဝံ့ပဲ ကောက်ယူ ပေလိမ့်မည်။ သို့သော် ယခုသူသည် မူလလင်းယွန် မဟုတ်ပေ။
(ဤလောက၌ သူ၏ဘဝကို အစေခံ တစ်ယောက် အဖြစ် စရ မည်လော။)
“ ငါ ဆုံးဖြတ်ရမယ် ...။”
***