အခြေခံတည်ဆောက်ခြင်း တတိယအဆင့် ။
Vol. 1 Ch. 2
လင်းယွန် တုံ့ဆိုင်းနေစဉ် ဆုစီယာက သူမ၏ ဓားကိုယူကာ လှည့်ထွက် သွားသည်။
'' ကောင်းကွာ၊ သူကခုထိ ကံကောင်းပြီး စီနီယာအစ်မဆုဆီက ထောက်ပံမှုကို ရနေ တုန်းပဲ။ ဒါက ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံး တွေပဲ မလား ။ ''
“ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စီနီယာ အစ်မဆုက ဒီဓားကျွန်ကို ဘယ်လောက်ထိ ပေးမိ နေလဲဆိုတာ ဘုရား သခင်သာ သိလိမ့်မယ်။ ”
“ ငါသာ သူ့ နေရာမှာ ဆိုရင် အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို ရောက်နှင့် နေပြီ။ ဘယ်လောက်များ ဖြုန်းတီး မိနေလဲ။ ”
"ဟားဟား၊ မနာလို မဖြစ်ပါနဲ့။ အခြေခံတည် ဆောက်ခြင်း တတိယ အဆင့်ကို မရောက် နိုင်တာက သူ့အကန့် အသတ်ပဲ။''
" ဒါအမှန်ပဲ။ ဓါးကျွန်တစ်ယောက်က အမြဲတမ်း ဓါးကျွန်ပါပဲ။ သူသေတဲ့နေ့ အထိ ကျွန် ခံရ လိမ့်မယ်။ "
'ဓားထိန်းသိမ်းရေးခန်းမ' အတွင်း၌ ဂိုဏ်း၏ အမျိုးမျိုးသော တပည့်များသည် လင်းယွန် အား မနာလိုမှုဖြင့် လှောင်ပြောင်လာကြသည်။
သူတို့သည် ဂိုဏ်း၏ တရားဝင် ပြင်ပ တပည့်များ ဖြစ်လာရန် ကြိုးစားနေသည့် သာမာန် တပည့် များသာ ဖြစ်သည်။
ဂိုဏ်း၏ သာမာန်တပည့်များ အနေနှင့် သူတို့သည် ဂိုဏ်းအတွင်း နှစ်နှစ် နေထိုင် နိုင်သည်။
ထိုနှစ်နှစ်အချိန် အတွင်းမှာပင် အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို ဆုပ်ကိုင် နိုင်ခြင်း မရှိပါက၊ ဂိုဏ်းမှနေ ထွက်သွားဖို့ လိုအပ် ပေသည်။
သို့သော် ဂိုဏ်းတွင် ဆက်လက် ရှိနေချင် ပါက ဂိုဏ်းကျွန် အဖြစ်နေရန် သူတို့အတွက် နည်းလမ်း တစ်ခု ရှိခဲ့သည်။
သို့သော် ဂိုဏ်းကျွန် အဖြစ် လိုလို လားလား ရွေးချယ် မည့်သူ တစ်ဦးပင် ပေါ်မလာ ခဲ့ပေ။ လင်းယွန်သည် ချွင်းချက် ဖြစ်၏။
လင်းယွန်က ကျောက်စိမ်း ပုလင်းကို အသေ အချာ ကြည့်နေ မိသည်။
သူ့ဘဝ တစ်သက်တာ လုံးတွင် ပြက်ရယ်ပြု ခံခဲ့ရ ခြင်းများ ဖြင့်သာ အသား ကျနေ ခဲ့ရပြီး၊ ယခု အသံ များသည် ထပ်ပြီး အနှောက် အယှက် မဖြစ်နိုင် တော့ပေ။
"ဓါးကျွန် မင်းဘာလုပ်နေတာလဲ။ စီနီယာ အစ်မဆုရဲ့ ဆုလာဘ်ကို မင်း... မလိုချင် ဖူးလား။ ဒါဆိုရင် ငါယူမယ် "
ကျောက်စိမ်း ပုလင်းကို ငုံ့ယူရန် ပြင်နေသည့် ခပ်ပိန်ပိန်လူတစ်ယောက် ထွက်ပေါ် လာသည်။
ထိုသူက ပုလင်းကို မထိ နိုင်ခင် ကျောက်စိမ်း ပုလင်းသည် လေပေါ်သို့ ခြေဖြင့် ခပ်တင်ခြင်း ခံလိုက်ရ၏။
လင်းယွန်က သူ၏လက်ဖြင့် ကျောက်စိမ်း ပုလင်းကို ဖမ်းဆုပ် လိုက်သည်။ ပိန်လှီသည့် လူသည် သူ့ဟန်ချက်ကို မထိန်းနိုင် ခဲ့ပဲ ဟပ်ထိုး ကျသွား ပြီးနောက်၊ အလျင် အမြန် မတ်တပ် ထရပ်လိုက်ကာ၊ လင်းယွန်အား လက်ညှိုး ထိုးလျက်၊
" အရူးကောင်၊ မင်းဘယ်လို လုပ်ရဲတာလဲ။ ငါ ဘယ်သူလဲ မင်းသိလား.....ဟမ်၊ မင်း သေချင် နေတာပဲ .... "
ထိုသူသည် အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်ကို ဆုပ်ကိုင် ထားသည့် ပြင်ပ တပည့် တစ်ယောက် ဖြစ်သည်။
ထိုသူ၏ အဖေသည် ပြင်ပ တပြည့် များတွင် အသက် အကြီးဆုံး ဖြစ်သည်ကြောင့် ''ဓါးထိန်း သိမ်းရေး ခန်းမ''၏ အကြီးအကဲ အဖြစ် ခန့်ထားခြင်း ခံရသူ ဖြစ်သည်။
'' ဓား ထိန်းသိမ်းရေး ခန်းမ''သည် ဆေးခန်းမ၊ စည်းကမ်း ထိန်းသိမ်းရေး ခန်းမနှင့်၊ ရတနာ နန်းတော်၊ ကဲ့သို့သော နေရာများနှင့် နှိုင်းယှဉ် နိုင်ခြင်း မရှိချေ။
သို့သော် ၎င်းခန်းမသည် နိမ့်ကျ ဂိုဏ်းဝင်များ အတွက် အဆင့်မြင့် ခန်းဆောင် တစ်ခု အဖြစ် တန်ဖိုးရှိ နေဆဲပင်။
ဇောင်ပင်းသည် လင်းယွန်အား ဆုစီယာ ပေးသမျှ ဆုလာဘ် တိုင်းကို အမြဲယူ နေကြ ဖြစ်သည်။
" ကဲ..ထားလိုက်ပါ။ ငါ မင်းနဲ့ အဆင့်တူကို အဖြစ်မခံ တော့ဖူး၊ စည်းမျဉ်းဟောင်း အတိုင်းပဲ၊ ကျောက်စိမ်း ပုလင်းထဲက ဆေးနှစ်လုံးကို ငါ့ပေး၊ ကျန်တဲ့ တစ်လုံး မင်းယူ ။ ''
ဇောင်ပင်းက သူ့ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို သုတ်လိုက်ပြီး နားလည်မှုပေး ဟန်ဖြင့် တောင်းဆို လိုက်သည်။
စီနီယာ အစ်မ ဆုသည် လင်းယွန်အား ဤဆုလာဘ်ကို ကိုယ်တိုင် ကိုယ်ကျ ပေးအပ် ခဲ့ခြင်း ဖြစ်ပေရာ အကုန်သိမ်း ပိုက်ရန် အတွက် မရဲ ခဲ့ပေ။
ထိုသို့သာ မဟုတ်ပါက လင်းယွန်အား ညှာတာ နေမည် မဟုတ်။
မူလလင်းယွန်သည် သူ့အကန့် အသတ်ကို လက်ခံပြီး ဇောင်ပင်း၏ အနိုင်ကျင့်မှုကို ငုံ့ခံခဲ့ ရသည်။
သို့သော် ယနေ့ လင်းယွန်သည် မနေ့က လင်းယွန် မဟုတ် တော့ပေ။ ဓားကျွန်ဘဝသည် အတိတ်တွင် ကျန်ရစ် ခဲ့ပေ တော့မည်။
လင်းယွန်က သူ့လက်ဖဝါးမှ ကျောက်စိမ်း ပုလင်းကို ကြည့်ပြီး၊ သူ၏ လက်ကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်ကာ ဓားထိန်းသိမ်းရေး ခန်းမ အတွင်းဆောင် ထဲသို့ ထွက်လာ ခဲ့သည်။
လင်းယွန်၏ လျစ်လျူရှုမှုသည် ဇောင်ပင်း အား အံ့သြ ဒေါသကို ဖြစ်ပေါ် လာစေ ပုံရ၏။
" အဲဒီမှာ ..ရပ်လိုက်စမ်း "
ဇောင်ပင်း၏ ဟန့်တားသံသည် လင်းယွန် ခြေလှမ်း များကို ရပ်တန့် နိုင်ခြင်း မရှိခဲ့ပေ။
" ဓါးကျွန် ...ဒါက...မင်းရဲ့ သေခြင်း ပဲ "
ဇောင်ပင်းသည် သူ၏ လက်ဖဝါးများကို ဖြန့်ခွဲ လိုက်ပြီး ကောင်းကင်သို့ ခုန်တက် လိုက်သည်။
ဟန်မှာ ရက်စက်သည့် လင်းယုန် တစ်ကောင်နှင့် ဆင်တူ နေသည်။
တစ်ချိန်တည်း မှာပင် သူ၏ အရိုးများ အက်ကွဲ သွားပြီး ပတ်၀န်း ကျင်ရှိ လေထုကို မငြိမ် မသက် ဖြစ်လာ စေသည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ သွေးများ ထဲတွင် စွမ်းအင်များ စုရုံး လာပြီး သူ၏ အရှိန်အဝါသည် တရှိန်ရှိန် မြင့်တက်လာ ခဲ့သည်။
ဒါက အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်၏ အရှိန် အဝါ ပေပင်။
ဇောင်ပင်း ခင်းကျင်း လာသည့် လင်းယုန် လက်ဝါးမှာ၊ ''ကျားရိုင်း လက်သီး (၁၈)ကွက်'' ထက် တစ်ဆင့် မြင့်သည်။
ဇောင်ပင်းက သူ့လက်ဖဝါး များကို လင်းယုန် ခြေသည်း အသွင် ပြောင်းပြီး လင်းယွန်ဆီ ရက်စက်စွာ ကုပ်ချ လိုက်သည်။
"ဟားဟားဟား၊ ဒီဓါးကျွန်က စီနီယာ အစ်ကို ဇောင်ကို ဒီနေ့ မေ့နေ ပုံရတယ်။ '
စီနီယာ အစ်ကိုဇောင်သည် အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်တွင် ရှိပြီး သူ၏ လက်ဖဝါး တစ်ခု တည်းသည် ကီလို (၅၀၀) နီးပါး အလေးချိန် ရှိသည်။
ထို့ပြင် ''လင်းယုန် လက်ဝါး'' နည်းစနစ်အား ကနဦး အဆင့် ကျွမ်းကျင်မှု အထိ ဆုပ်ကိုင် ထားနိုင် ခဲ့သည်။
သူ့လက်ဖဝါးသာ လင်းယွန်ကို ထိမိ ပါက အနည်းဆုံး လဝက်လောက် အိပ်ယာထဲ လှဲရပေ လိမ့်မည်။
လင်းယွန်သည် လွန်ခဲ့သည့်နှစ်က ဇောင်ပင်း၏ သင်ခန်းစာပေး ခြင်းကို ခံခဲ့ရ ဖူးသည်။ ဤအကြိမ်ဖြင့် ဆိုပါက နှစ်ကြိမ် မြောက်ပင်။
ဓါး ထိန်းသိမ်းရေး ခန်းမရှိ တပည့်များသည် သူတို့ လုပ်နေသည့် အရာကို ရပ်တန့် လိုက်ပြီး လင်းယွန်၏ ရှောင်လွှဲ မရသော ရိုက်နှက် ခံရမှုကို မျှော်လင့် တကြီး ကြည့်လာ ကြသည်။
လင်းယွန်သည် တိုးဝင်လာသည့် လေပြင်းအား ခံစားမိပြီး၊ ချက်ချင်း ဆိုသလို ''ကျားရိုင်း လက်သီး(၁၈)ကွက်''ကို ခင်းကျင်းကာ တုန့်ပြန်ရန် ပြင်
လင်းယွန်၏ နောက်၌ ကျားရိုင်း တစ်ကောင် ပုံရိပ် ဝိုးတဝါး ထွက်ပေါ် လာပြီး ဒေါသတကြီး အော်ဟစ် ဟိန်းဟောက် လာ၏။
ဇောင်ပင်း သည် လင်းယုန် တစ်ကောင် ကဲ့သို့ လေထဲတွင် ပျံဝဲ နေသည်။ သူ့မျက်လုံး များက ကြောက်စရာ ကောင်းလောက်အောင် တောက်ပ စူးရှ နေခဲ့၏။
လင်းယွန်သည် ''ကျားရိုင်း လက်သီး'' (၁၆)ကွက် မြောက်ကို ထုတ်ဖော်လိုက် သော်လည်း စက္ကန့် ပိုင်းခန့် နောက်ကျ သွားသည်။
'' ဘန်း ''
လင်းယွန် ၏ လက်သီးနှင့် ဇောင်ပင်း လက်ဖဝါးရိုက်ခတ်မှု အပြီးတွင် လင်းယွန် သည် ခြေလှမ်းသုံးလှမ်း ဆုတ်ခွာလိုက်ရသည်။
"ဘာလဲ... ဒီဓါးကျွန် က ဒါကို တကယ် တားဆီး နိုင်ခဲ့ တာလား "
ခန်းမထဲရှိ တပြည့်များ အားလုံး အံ့သြ ထိတ်လန့် သွားကြသည်။
ဇောင်ပင်း၏ တိုက်ခိုက်မှုသည် လင်းယွန်အား လဲကျလိမ့် မည်ဟု သူတို့ မျှော်လင့်ခဲ့ကြ သော်လည်း လင်းယွန်သည် ခြေလှမ်း သုံးလှမ်းသာ နောက်ဆုတ် ခဲ့ရသည်။
ဇောင်ပင်းလည်း အံ့သြ သွား၏။ သို့သော် သူက ကောက်ကျစ်စွာ ပြုံးရယ်လိုက်ပြီး၊
'' မင်းရဲ့ တိုးတက်မှုအချို့က မောက်မာဖို့ လုံလောက် ပြီလို့၊ မင်းက..ထင်နေတာလား..။ "
လင်းယွန်က ဇောင်ပင်းစကားကို အာရုံမစိုက်ပဲ တစ်စုံတစ်ရာကို စဉ်းစားခန်း ဝင်နေမိသည်။
သူသည် ဇောင်ပင်း၏ တိုက်ခိုက်မှုကို လုံးလုံး လျားလျား ပိတ်ဆို့ နိုင်သင့်သည်။ သို့သော် အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သော်လည်း၊ တိုက်ပွဲ အတွေ့ အကြုံများ မရှိ ခဲ့ပေ။
အမှန်အတိုင်း ဝန်ခံရလျှင် လင်ယွန်းက အနည်းငယ် စိတ်ပူ နေခဲ့ခြင်း ဖြစ်သည်။ ရုတ်တရက် လင်းယွန်မှာ သူ၏ အခြေ အနေကို နားလည် သွားပြီး၊ ယုံကြည်ချက် ပြန်လည် မြင့်တက် လာ၏။
" ဓါးကျွန် မင်းက ငါ့ရဲ့ခွန်အားကို ရင်နိုင်ပြီလို့ ထင်နေ တာလား ဒါဆို မင်းက ငတုံး တစ်ကောင်ပဲ ''
ဇောင်ပင်းသည် အလေး အနက် ထားဟန်ဖြင့် သူ၏ လက်များကို လင်းယုန် ကဲ့သို့ ထပ်မံ ခင်းကျင်းလိုက် ပြန်သည်။ ဒီတကြိမ် သူ၏ အရှိန်အဝါသည် ပိုမိုပြင်းထန် လာပြီး လင်းယွန်ကို ဖိနှိပ်ထား ခဲ့သည်။
လင်းယွန်သည် နောက်တစ်လှမ်း ဆုတ်ရန် ဖိအား ပေးခံ လိုက်ရ၏။ သို့သော် လင်းယွန် သည် ဇောင်ပင်းအား ကြောက်ရွံ့ခြင်းမရှိပေ။ ဇောင်ပင်း၏ လက်ဖဝါးကို ပွတ်ကာ ရှောင်လိုက် သည်။
ဇောင်ပင်းသည် အံသြ သင့်လျက် လင်းယွန်ထံ ရိုက်ချက်များ ဆက်လက် ထုတ်လွှတ် လိုက်သည်။
'' ဘာလဲ ...ဒီဓါးကျွန်က ရုတ်တရက်ကြီး ဘာလို့ သန်မာ လာရတာလဲ။ ''
ဇောင်ပင်းမှာ စဉ်းစားချိန် မရပဲ သူ၏ အရှိန်ကို မြှင့်တင် လိုက်သည်။ လင်းယွန်အား လျင်မြန်စွာ နှိမ်နင်းဖို့ လိုအပ်သည်။
သို့မဟုတ် ပါက သူ၏ အာဏာအား ''ဓါး ထိန်းသိမ်းရေး ခန်းမ'' ၌ တည်ဆောက် နိုင်တော့ မည်မဟုတ်ပေ။
"........''
လင်းယွန်က မျက်မှောင်ကြုတ် လိုက်ပြီး စွမ်းအင် များကို စုစည်း လိုက်ရာ၊ သူ့အရိုး များမှ လာသည့် အသံ များသည် ညင်သာစွာ ရုန်းကြွ လာ၏။
တစ်ချိန်တည်း မှာပင် သူ၏ အရှိန်အဝါက၊ ပြင်းထန်စွာ မြင့်တက် သွားသည်။
''တောဘုရင်၏ ဒေါသ '' ကို ခင်ကျင်း နေစဉ် သူ၏ အရိုးများက အဆက် မပြတ် အော်မြည် လာသည်။
( '' အရိုး မြည်သံလား ဒီခွေးကောင်က တကယ်ပဲ အောင်မြင်ခဲ့ တာလား။'' )
ဇောင်ပင်းက သူ၏ အံ့အားသင့် မှုကို မဖုံး ကွယ်နိုင်ခဲ့ပေ။ ဓားကျွန် တစ်ယောက်သည် အခြခံ တည်ဆောက်ခြင်း တတိယ အဆင့်သို့ အမှန်တကယ် ရောက်နိုင် လိမ့်မည်ဟု သူအနေနှင့် မျှော်လင့် မထားချေ။
လင်းယွန်သည် ဇောင်ပင်း၏ တုံ့ဆိုင်း သွားမှုကို အခွင့်ကောင်း ယူကာ၊ မြေပြင်သို့ တွန်းထုတ် လှဲသိပ် ချလိုက်သည်။
ဇောင်းပင်းက သူ့ရင်ဘက်ကို အုပ်ကိုင်လျက် နာကျင်စွာ အော်ဟစ် လိုက်၏။ ၎င်းနာကျင် မှုသည် အနည်းဆုံး နံရိုး သုံးချောင်းခန့် ကျိုးသွားသော ခံစားချက် မျိုးပင် ဖြစ်သည်။
'' အား.....။''
ရပ်ကြည့် နေသည့် တပည့်များသည် ငြိမ်သက်လျက် မယုံနိုင်ဟန် မင်သက် နေမိ ကြသည်။ ခဏ အကြာတွင် တပည့် တစ်ယောက်မှ သတိ တရဖြင့်။
" အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်၊ ဒီ ... ဒီဓားကျွန်က လုပ်နိုင်ခဲ့ တာလား "
ရပ်ကြည့်နေသည့် တပည့်များ မျက်နှာတွင် မနာလို အားကျ ဟန်များ ဖြစ်ပေါ် လာသည်။ သူတို့သည် လက်ရှိ အချိန်တွင် ဂိုဏ်း၏ သာမန် တပည့်မျာ းအဖြစ် လင်းယွန်ထက် တစ်ဆင့်မြင့် နေသည်။
သို့သော် သူတို့သည် နှစ်နှစ် အတွင်း အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို တက်လှမ်း နိုင်ခြင်း မရှိပါက၊ ဂိုဏ်း၏ နှင်ထုတ်ခြင်းကို ခံရပေမည်။
သို့မဟုတ် လင်းယွန်ကဲ့သို့ ဂိုဏ်းကျွန် အဖြစ် ရပ်တည်ဖို့ ရွေးချယ် နိုင်သည်။
လင်းယွန်သည် ဓားကျွန် တစ်ယောက် ဖြစ်သော်လည်း ယခု သူသည် ဂိုဏ်း၏ တရားဝင် ပြင်ပ တပြည့် ရာထူးကို လျောက်ထားခွင့် ရှိနေ ပေသည်။
တနည်းအားဖြင့် ဆိုရသော် ထိုဓါးကျွန်သည် ''မိုးပြာရောင် ကောင်းကင် ဂိုဏ်း''၏ တပည့် အဖြစ် မောက်မာခွင့် ရှိလာ ပေတော့မည်။
***