ဘဝမှာ အချစ် အတွက် အရူးတစ်ယောက် မဖြစ် ပါစေနဲ့။
Vol. 1 Ch. 3
မြေပြင် ပေါ်တွင် လဲလျောင်း နေသည့် ဇောင်ပင်းက မယုံနိုင် ဟန်ဖြင့်။
"ဓားကျွန်၊ မင်းက ..အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို ဘယ်လို ရောက်နိုင်ခဲ့ တာလဲ ။''
လင်းယွန် က ဇောင်ပင်းအမေးကို ပြန်မဖြေပဲ လှည့်ထွက်လိုက်ပြီး ခန်းမ၏အတွင်း တံခါးဆီ ဦးတည်လိုက်သည်။
သူက တံခါးမှမထွက်ခွာခင် ဇောင်ပင်းကို နောက်ဆုံး တစ်ချက် ကြည့်လိုက်ပြီး နူတ်ခမ်း တွန့်ကာ ပြုံးပြ လိုက်သည်။
ဇောင်ပင်း သည် သူ၏ နံရိုးများမှ ပြင်းထန်သော နာကျင်မှုကြောင့် ပါးစပ် အပြည့် သွေးတလုပ် အန်လိုက် ရသည်။ သူလုပ်နိုင်တာ ဆို၍ စိတ်ပျက် လက်ပျက်နှင့် မြေပြင်ကို ရိုက်ချ လိုက်ခြင်း ဖြစ်ပေသည်။
' ဓားထိန်းသိမ်းရေး ခန်းမ'၏ အတွင်းဆောင်သည် တားမြစ်ထားသည့် နယ်မြေဖြစ်သည်။
သာမာန်တပည့်များအနေနှင့် ဝင်ရောက် နိုင်ခွင့် မရှိပေ။ ဤနေရာသည် ဂိုဏ်း၏ အတွင်း တပည့် များနှင့် ပြင်ပ တပည့်များ အတွက် ဓါးများကို ထိန်းသိမ်း စောင့်ရှောက်ရာ နေရာ ဖြစ်သောကြောင့် ၀င်ရောက် ခွင့်ကို တားမြစ် ထားသည်။
ဤအတွင်းခန်း၌ ထိန်းသိမ်းရသည့် ဓားအားလုံးသည် အဆင့်မြင့်တော်ဝင် လက်နက်များ၊ ဖြစ်ပေသည်။
ဤသို့ ဓါးများကို ထိန်းသိမ်းရန် အတွက် ကျွမ်းကျင်မှု ရှိရန် လို အပ်ပေ၏။ လင်းယွန် တစ်ယောက်သာ ထိုသို့သော အရည်အချင်း ပြည့်မီ လေသည်။
( ထို့ကြောင့်ပင် သူ့အား ဓါးကျွန် တစ်ယောက် ဖြစ်ရန် ပါရမီ အပြည့် ရှိသည်ဟု လှောင်ပြောင် သတ်မှတ်ကြသည်။)
အခြားသော သာမန် တပည့်များသည် ခန်းမ အတွင်း ဆောင်သို့ ဝင်ရောက်ရန် အကြီးအကဲ ထံမှ ခွင့်ပြုချက် တောင်းခံ ရပေမည်။
ဇောင်ပင်းသည်ပင် 'ဓါးထိန်းသိမ်းရေး ခန်းမ' အတွင်းဆောင်သို့ ဝင်ရန် နှစ်ခါ စဉ်းစားဖို့ လိုပေသည်။
"အစ်ကိုကြီး ဇောင် ၊ မင်းအဆင်ပြေရဲ့လား"
"စီနီယာအစ်ကို ဇောင်၊ ဒီဓါးကျွန်က ဂိုဏ်းရဲ့ ...."
" မင်းတို့ အားလုံး ပါးစပ်ပိတ်ထား...စမ်း၊ ဒီခွေးကောင်က ပြင်ပတပည့် ဖြစ်ချင်တာလား အခွင့် အရေး မရှိစေရ ဖူး "
ဇောင်ပင်း၏ အရှက်တရားသည် ပြတ်သားသည့် ဆုံးဖြတ် ချက်ကို ချလိုက်မိ စေသည်။
'' ဒီ ဓါးကျွန်က ငါရဲ့ ပေါ့ဆမှုကို အခွင့် အရေးယူ လိုက်တာပဲ။ ''
ဇောင်ပင်းက 'ဓားထိန်းသိန်းရေးခန်းမ' ရှိ လူအုပ်ကို အေးစက်သောအကြည့်တစ်ချက်ဖြင့် ဝေ့ကြည့်လိုက်သည်။
ဤလူအုပ်ကို ထိန်းချုပ်ရန် လင်းယွန်အား နှိပ်ကွပ်ဖို့ လိုသည်။ သို့မဟုတ်ပါက 'ဓား ထိန်းသိမ်းရေး ခန်းမ' တွင် သူ့မျက်နှာ ထားရမည့် နေရာ မရှိနိုင် တော့ပေ။
လင်းယွန်သည် သေရပေမည်။ ဇောင်ပင်း ၏အဖေသည် ဂိုဏ်း၏ ပြင်ပအကြီးအကဲ တစ်ဦး ဖြစ်ပြီး ဇောင်ပင်း၏ အစ်ကိုသည် ပြင်ပတပည့်များ ထဲတွင် ထိပ်တန်း(၁၀)ဦး စာရင်းဝင် ဖြစ်သည်။
'' အင်း၊ ဒီဓားကျွန်က အချိန်တော်တော်ကြာ ဒုက္ခခံနေရ ပေမယ့် သူနောက်ဆုံးတော့ အောင်မြင် ခဲ့တာပဲ။ ''
" စီနီယာအစ်ကိုဇောင်က ... ငါတို့ကို အနိုင်ကျင့်ခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ တစ်နည်းအားဖြင့် ဒီဓါးကျွန်က ငါတို့အတွက် လက်စားချေပေးခဲ့တာ။ ''
သာမန် တပည့်များသည် အပြန်ပြန် အလှန်လှန် ဆွေးနွေး ပြီးနောက်၊ ပြင်ပတပည့် များ၏ ဓားများ အတွက် ပြုပြင် ထိန်းသိမ်း ခြင်းနှင့် အခြားခြားသော အလုပ်များကို စတင် လုပ်ဆောင် တော့သည်။
***
' ဓားထိန်းသိမ်းရေးခန်းမ' အတွင်းဆောင်၏ တံခါးကို လင်းယွန်က တွန်းဖွင့်လိုက်သည်။ အေးမြသည့် လေထုသည် ဦးခေါင်းဆီသို့ ဖြတ်သန်းလာ၏။
ခပ်လှမ်းလှမ်း တွင် ရေခဲမြူများ ဖုံးလွှမ်းနေသည့် ရေကန်တစ်ခု ငြိမ်သက်စွာ တည်ရှိနေသည်။
လင်းယွန်ကို တိုးဝှေ့လာသည့် အေးစက်စက်လေထုသည် ထိုရေကန်ဆီမှ လာသည်။
ရေကန်၏ မျက်နှာပြင်ကို ရေခဲပြင်များက တင်းပိတ်စွာ ဖုံးလွှမ်းထား၏။ ၎င်းရေကန်ထဲတွင် ထူးဆန်းသည့် ဓားရှည်ဆယ်ချောင်း အိပ်စက်နေလေသည်။
မူလလင်းယွန်၏ မှတ်ညာဏ်များအရ ယခု သူ့ရှေ့ရှိ ရေကန်သည် လျှို့ဝှက် ဆန်းကြယ် ပေသည်။
'မိုးကောင်းကင်'နိုင်ငံ၏ နှစ် တစ်ထောင်ကြာ အေးခဲ နေသော 'လရောင် ရေကန်' ထက်ပင်၊ ဤရေကန်သည် ပို၍ အေးမြ နေခဲ့သည်။
၎င်းသည် ဂိုဏ်းအတွင်း ၌ပင် တားမြစ် ထားသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။
ရေကန် အဆုံး၌ ဓားတစ်လက်ကို ပွတ်သပ် နေသည့် အဘိုးအို တစ်ယောက် ရှိနေသည်။ သူ့ဘေးတွင် ဓားသွေးကျောက် အပြင် အရောင် ဆယ်မျိုး တောက်ပ နေသည့် 'ကျောက်သွေး ဝိညာဉ်' အရည် တစ်ခွက် ရှိ၏။
အဖိုးအို၏ ဓားသွေးမှုသည် ရိုးရှင်း လှပေသည်။ သူသည် ရံဖန်ရံခါ 'ကျောက်သွေး ဝိညာဉ်' အရည်များကို တစ်စက်ချင်း သုံး၍ ၎င်းလက်ထဲရှိ ဓားပေါ်သို့ လောင်းချ ပေါင်းစည်း စေသည်။
လင်းယွန်သည် အဘိုးအိုအား ငေးကြည့် နေပြီး စကား မပြောခဲ့ပေ။ ထိုမြင်ကွင်းမှာ ရက်ပေါင်း များစွာ မပျင်းမရိ ရပ်ကြည့် မိသော ပန်းချီကား တစ်ချပ်ပင်။
ဘိုးအို၏ ဓားသွေးခြင်း ပြီးဆုံးသွားသည့်အခါ လင်းယွန်က၊
" အကြီးအကဲဟောင်၊ ငါက အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို ရောက်ပြီ၊ မကြာခင် 'ဓါးထိန်းသိမ်းရေး ခန်းမ' ကနေ ငါ....ထွက်သွား တော့မယ်"
အကြီးအကဲ ဟောင်သည် 'ဓားထိန်းသိမ်းရေး ခန်းမ'၏ စစ်မှန်သော သခင်ဖြစ်သော်လည်း သူသည် ဂိုဏ်း၏ အရေးကိစ္စ များတွင် မပါ၀င်ပေ။
ဇောင်ပင်း၏ အဖေကိုသာ အာဏာ ကြီးထွားခွင့် ပြုထားသည်။ လင်းယွန်က ထိုအကြီးအကဲ ဟောင်ထံမှ တက်နိုင်သမျှ အရာအားလုံးကို သင်ယူခဲ့သည်။
အဘယ့်ကြောင့် ဆိုသော် လင်းယွန်သည် 'ဓားထိန်းသိမ်းရေးခန်းမ' အတွင်းဆောင်သို့ ဝင်ခွင့်ရရန် အတွက် ကျွမ်းကျင်သည့် ဓားကျွန် တစ်ယောက် ဖြစ်ဖို့လိုသည်။
ထိုမှသာ အဆင့်မြင့် အတွင်းတပြည့်များ၏ ဓါးများကို ထိန်းသိမ်းခွင့် ရနိုင် ပေသည်။ အထူး သဖြင့် စီနီယာ အစ်မဆုကို မြင်ခွင့် ရပေမည်။
အကြီးအကဲ ဟောင်သည် ခဏမျှ ငြိမ်သက်သွားပြီး မျက်နှာပေါ်၌ တောက်ပမှုကို ခေါ်ဆောင်လာသည်။
သူက သက်ပြင်းချကာ၊
'' ဒါက... အံ့သြစရာတော့ မဟုတ်ဘူး။ မင်းရဲ့ ပင်ကိုယ် စွမ်းရည်က ချို့တဲ့တယ်၊ ဒါပေမယ့် ဆုစီယာ ဆီက ထောက်ပံ့မှု အများကြီး ရခဲ့ မှတော့၊ အဲဒါက နောက်ဆုံးမှာ မင်းကို ခေါ်ဆောင် လာခဲ့ တာပဲ၊ ဒါပေမယ့် သတိ ထားပါ။ ”
“ ကျင့်ကြံခြင်းခရီးမှာ ရှန်ရှင်း နယ်ပယ်ကို ဆုပ်ကိုင် မိဖို့ လိုတယ် ရှန်ရှင်းဘုံကသာ ကျင့်ကြံခြင်း လောကရဲ့ ခရီးအစ..ပဲ ။ ''
'' မင်းရဲ့ နိမ့်ပါးတဲ့ အရည်အချင်းနဲ့ သွားရင် ခရီးက ခက်ခဲတဲ့ ခရီး ဖြစ်လိမ့်မယ်။ သေခြင်း တရားက မင်းဆီအမြဲ တိုးကပ် လာမှာပဲ၊ မင်းက ဓားတွေနဲ့ ဆက်သွယ် နိုင်တဲ့ ပါရမီ ရှိတယ် အဆင့်မြင့် တော်ဝင် ဓါးလက်နက် တွေနဲ့တောင် ဆက်သွယ် နိုင်တယ်။ ”
“ ငါတို့သာ ဂိုဏ်းအပြင်မှာ ရှိနေရင် မင်းရဲ့ မျက်လုံးတွေကို ဖွင့်ပေးနိုင်မယ်၊ လုံလုံ လောက်လောက် ကြီးထွားလာတဲ့ တစ်နေ့ မင်းတွေးနိုင် တာထက် ပိုပြီး အစွမ်းထက်တဲ့ လူတချို့နဲ့ ထိတွေ့ ခွင့်ရလာ လိမ့်မယ်။ ''
အကြီးအကဲ ဟောင်၏ စကား များက လင်းယွန်ကို စိတ်ရှုပ် ထွေးသွား စေသည်။
ရှန်ရှင်းနယ်ပယ်အား ကျင့်ကြံခြင်း လမ်းခရီး၏ အစဟု အဘယ်ကြောင့် ယူဆ သနည်း။ သို့သော်လည်း သူက အကြီးအကဲ ဟောင်အား ပြန်လည် မေခွန်း မထုတ်ခဲ့ပေ။
သူ့ဘဝ တစ်လျောက် လုံးတွင် ပါးစပ် ပိတ်ထားသည့် အချိန်သည် သူ့ဘဝအတွက် အလုံခြုံဆုံး အချိန်ပင်။
ဓါးကျွန် တစ်ယောက်အတွက် စကား ပြောခြင်းသည် မလိုလား အပ်သည့် အရာ များကို ဖိတ်ခေါ် မိစေမည်။
အကြီးအကဲဟောင်၏ ယူဆချက်အရ သူသည် ဆုစီယာအား များစွာ အကြွေးတင် နေပုံရ၏။
"အကြီးအကဲဟောင်၊ မင်းရဲ့ စိတ်ပူပေးမှု အတွက်..ငါ ကျေးဇူးတင်ပါတယ်။''
'' ............ ''
''ငါ့..က ငါ့လမ်းကို...ရွေးထားပြီးပြီ၊ ငါ့ကို စောင့်နေတဲ့ အခက်အခဲတွေ ဘယ်လိုပဲ ရှိနေပါစေ ငါဆက်လျှောက်မယ်။ ငါ့မှာ နောင်တရစရာ မရှိပါဖူး ။ "
သူက နှစ်ကြိမ်မြောက် အသက်ရှင်ခဲ့ ပြီးနောက် သေခြင်း တရားမှ လွတ်မြောက် လာခဲ့သည်။
သူအတွက် အခက်အခဲ များစွာကို ဖြတ်သန်းဖို့ တွန့်ဆုတ်နေ စရာမရှိပေ။
( ဒီလောကတွင် သူသည်သာ သူ၏ မိတ်ဆွေ ပင်။ )
လင်းယွန်၏ ပြတ်သားမှုက အကြီး အကဲ ဟောင်အား နုတ်ဆိတ် သွားစေခဲ့သည်။ သူက ပြုံးလိုက်ပြီး၊
" နောင်တ...ကင်းတယ် ... "
လင်းယွန်၏ စကားများသည် အဓိပ္ပာယ် ရှိခဲ့ပြီး အကြီးအကဲ ဟောင်က ထပ်ဖြည့်စရာ များများ စားစား မရှိခဲ့ပေ။
ဓားကျွန် တစ်ယောက်အတွက် 'အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်' သို့ တက်လှမ်း နိုင်ခြင်းသည် ကောင်းကင်ဘုံကို ခြေတစ်လှမ်း လှမ်းခြင်း အဖြစ် ယူဆနိုင်သည်။
'' မင်းက.....ငါ့လို အဖိုးအိုတစ်ယောက်ကို သတိရ နေသေးတဲ့ အတွက် ငါက တွန့်တို မနေတော့ ပါဖူး။ ဒါက ငါ့ရဲ့ လက်ဆောင်ပဲ။ ငါမှာ ဒီပန်းချီကားက လွဲပြီး မင်းကို ပေးစရာ ဘာမှ မရှိဘူး။ ဒီပန်းချီကားက ငါနဲ့အတူ နှစ်ပေါင်း များစွာ ရှိခဲ့တယ်၊ ဒါက အခု မင်းအပိုင် ဖြစ်သွားပြီ။ ''
အကြီးအကဲဟောင် က လင်းယွန်အား 'ကျောက်စိမ်းစာလိပ်' ကို ကမ်းပေးရင်း ပြောလာသည်။
လင်းယွန်က ငြိမ်သက်သွား၏။ ဤပန်းချီကားသည် အကြီးအကဲဟောင်၏ အဖိုးတန်ရတနာတစ်ခု ဖြစ်သည်ကို သူသိသည်။
လင်းယွန်က ဒီလောကတွင် သူ့ကိုယ်သူ တစ်ယောက် တည်းဟု ယူဆထား မိသည် ဖြစ်ရာ၊ အကြီးအကဲ ဟောင်၏ ကြင်နာမှု အတွက် အကြာကြီး ငေးကြည့် တိတ်ဆိတ် နေခဲ့မိသည်။
အကြီးအကဲဟောင်က သူ့ကိုအများကြီး ပေးခဲ့ပြီး လေပြီ၊ ထို့ကြောင့် လင်းယွန် အနေနှင့် ၎င်းရတနာကို မည်သို့ ယူနိုင်မည်နည်း။
'' ငါ.. ငယ်ငယ်က ဒီပန်းချီကားကြောင့် ဒုက္ခိတ ဖြစ်သွားခဲ့တယ်။ ဒီပန်းချီကားရဲ့ လျှို့ဝှက်ချက်ကိုလည်း မရှာနိုင်ခဲ့ဘူး။ အခု ငါက သင်္ချိုင်းကို ခြေတစ်ဝက် လှမ်းနေပြီ၊ ငါအတွက် ဘာလို့ လိုအပ် နေမှာလဲ။ ငါနဲ့အတူ မြေမြုပ်ဖို့ မင်းကြိုးစား နေတာလား။''
'' ........... ''
'' ငါ သာ အမှတ်မမှားရင် မင်းက 'ကျားရိုင်း လက်သီး (၁၈)ကွက်'ကို လေ့ကျင့် နေတယ် မဟုတ်လား။ ဒီပန်းချီကားက မင်းအတွက် အသုံးဝင်ပါ လိမ့်မယ်။''
အကြီးအကဲဟောင်က လင်းယွန် အဖြေ အတွက် နားထောင်ခြင်း မရှိခဲ့ပဲ၊ လင်းယွန်၏ လက်ထဲသို့ ပန်းချီကားကို ထည့်ပေးလိုက်ပြီး၊
'' သွားပါ...သွားလိုက်ပါ။ မင်းက..ဒီကို လာစရာ မလိုတော့ဘူး။ မင်း ပျံသန်းတဲ့အခါ လမ်း မမှားအောင် ဂရုစိုက်ပါ။ မှတ်ထားပါ၊ မင်းက 'မိုးပြာရောင် ကောင်းကင်'ဂိုဏ်းရဲ့ ဓားကျွန် မဟုတ် တော့ဖူးဆိုတာကို မမေ့ပါနဲ့။ "
အကြီး အကဲဟောင်က နောက်ဆုံး စကားကို လေးနက်သည့် လေသံဖြင့် ပြောကြား လိုက်သည်။ လင်းယွန်၏ နှလုံးသားက တုန်လှုပ် သွားသည်။
မှန်၏။ ယခုမှစ၍ အခြားသူများသည် သူ့အား မည်မျှပင် နှိမ့်ချစေကာမူ သူက ခေါင်းကို မြင့်မြင့်ထားဖို့ လိုအပ်ပေသည်။
ပန်းချီ ကားကို ကိုင်ထားလျက် လင်းယွန်က ဦးညွတ် လိုက်သည်။
လင်းယွန် ထွက်ခွာသွား သည်ကို ရပ်တန့် ငေးမော လိုက်ပြီး၊ အကြီးအကဲ ဟောင်က စိုးရိမ် စွာဖြင့် သက်ပြင်းချ လိုက်သည်။
လင်းယွန်သည် 'ဓားထိန်းသိမ်းရေး ခန်းမ' အတွင်းမှ ထွက်ခွာလာသည့် အခါတွင်၊ သာမန် တပည့် များက သူ့ကို ကွဲပြားစွာ ကြည့်လာ ကြသည်။
မနာလိုမှုနှင့်အတူ စိုးရိမ်စွာဖြင့် လင်းယွန်ကို ကြည့်နေကြ၏။ လင်းယွန်က သည်နေရာကို ဘယ်တော့မှ ပြန်လာမှာ မဟုတ် သည်ကို လူတိုင်း ခံစားမိသည်။
တစ်ဆက်တည်းမှာပင် လင်းယွန်က သူ့အကြည့်ကို 'ဓါးထိန်းသိမ်းရေး ခန်းမ' အတွင်းသို့ နောက်ဆုံး အကြိမ် အဖြစ် ဝေ့ကြည့် လိုက်ပြီးနောက် ထွက်ခွာ သွားခဲ့သည်။
သူ့ ခြေလှမ်းများသည် 'မိုးပြာရောင် ကောင်းကင်'ဂိုဏ်း၏ တောင်ထိပ် တစ်ခုပေါ် တွင် တည်ရှိသော သစ်သားအိမ် ဆီသို့ ဖြစ်သည်။
ခဏအကြာတွင် သစ်သားအိမ်ထဲ၌ လင်းယွန် က သူ့မှတ်စု စာအုပ်ကိုထုတ်ပြီး ရေးမှတ်လိုက်၏။
[ - ခန္ဓာကိုယ် အာဟာရဖြည့် ဆေးအလုံး ၁၀၀၊
- သွေးစွမ်းအင်သန့်စင်ခြင်း ဆေးအလုံး ၂၀၊
...စုစုပေါင်းတန်ဖိုး အားလုံးသည် ရွှေစ ၁၃၀ တန်ကြေးရှိသည်။]
လွန်ခဲ့သော (၂ )နှစ်အတွင်း ဆုစီယာ ပေးခဲ့သည့် အထောက်အပံ့များ အားလုံးကို မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။
တစ်ချိန်က လင်းယွန်၏ ဓားများအပေါ် နားလည်မှုစွမ်းရည်သည် စီနီယာအစ်မဆု၏ ဓားကိုထိန်းသိမ်းရန် အခွင့်အလမ်းရရှိခဲ့သည်။
နှစ်နှစ်တာကာလ အတွင်း သူမအတွက် ကြေနပ်အောင် စွမ်းဆောင်နိုင်ခဲ့၏။
အကြီးအကဲဟောင် ပြောခဲ့ သလိုပင်၊ စီနီယာ အစ်မဆု၏ ထောက်ပံ့ မှုများ မပါပဲ လင်းယွန် က 'အခြေခံ တည်ဆောက်ခြင်း တိယအဆင့်' သို့ ရောက်ရှိရန်
သူဘယ်လောက်ပင် ကြိုးစား ကြိုးစား၊ တတိယအဆင့်ကို ဆုပ်ကိုင်ဖို့ ဆိုသည်မှာ ရေပေါ် အရုပ်ရေး ခဲ့သလိုပင်။
မူလလင်းယွန်သည် ယခုလင်းယွန်၏ မှတ်ညာဏ်ကို မမှီခဲ့ပေ။ သို့သော် သူသည် စီနီယာ အစ်မဆုနှင့် ပါတ်သတ်သည့် တွေ့ဆုံမှု အားလုံးကို မမေ့နိုင်။
မူလလင်းယွန်သည် ငတုံး တစ်ယောက် မဟုတ်ပေ။ သူက မယုံနိုင်လောက်အောင် မာနကြီး လေသည်။ စိတ်ဓာတ် ခိုင်မာ၏။
ဓါးကျွန်အဖြစ် ရပ်တည်ခဲ့သည်က အဘယ်မျှ ဇွဲရှိ သည်အား သက်သေပင်။ သို့သော် စီနီယာ အစ်မဆု၏ အပြုအမူ များသည် လောကနီတိ နှင့်မညီ ညွတ်ပေ။
၎င်းသည် ခွင့်လွှတ်ပေးနိုင်သော အရာများ အဖြစ် မရှုမြင်ပေးနိုင်၊ သူသာ ဖြစ်ပါက သူမ ပေးသည့် အရာရာတိုင်းကို ငြင်းဆန် ဖို့ရန် သေချာ လေသည်။
အချစ်ဆိုသည် တကယ်ကို ရှုပ်ထွေးလွန်း၏။
ဆုစီယာသည် ယနေ့ သူမ၏ဓားကို လက်ခံရာတွင် မည်သို့ ပြုမူခဲ့ သနည်း။
လင်းယွန်က ခေါင်းယမ်းလိုက်သည်။ မူလ လင်းယွန်၏ စွဲလမ်းမှုသည် သူ့ကို ခေါင်းကိုက် စေ၏။
'' အဲဒီအတွက် စိတ်မပူပါနဲ့။ ငါ..ပြင်ပ တပည့် ဖြစ်လို့ အောင်မြင်မှုတွေ ရတဲ့ အခါ၊ မင်းအတွက် သူ့ကို ပြန်ပေးဆပ် စေရမယ်။ ''
လင်းယွန်က အခိုင်အမာ ကတိပြုလိုက်ပြီး မှတ်စုစာအုပ်ကို ပိတ်လိုက်သည်။ သူ့အတွက် မောက်မာမှုကို လက်ခံ နိုင်သည်။
စော်ကားမှုသည် လက်ခံနိုင်စရာမရှိသည့် သူ့အောက် စည်းပင်။ လင်းယွန်က ပေါ့ပေါ့ ပါးပါး ရယ်မော လိုက်သည်။
ဘဝတစ်ခု ဖြစ်တည်ပြီးနောက် အချစ် အတွက် ရူးသွပ်ရန် သူ၌ အချိန် မရှိပေ။
***