← Chapters

ခြွင်းချက် ။

Vol. 1 Ch. 4

ခြွင်းချက် ။

Vol. 1 Ch. 4

အတွေးများကို ရှင်းထုတ်လိုက်ပြီး အကြီး အကဲဟောင် ပေးလိုက်သည့် 'ကျောက်စိမ်း စာလိပ်'ကို ထုတ်လိုက်သည်။

အကြီးအကဲ ဟောင်သည် ဤ'ကျောက်စိမ်း စာလိပ်'အား ဂရုတစိုက် ကြည့်နေ သည်ကို မကြာ ခဏ၊ သူ... မြင်ခဲ့ ဖူးပေသည်။

'' ကျားကို လွှတ်ပါ၊ နှင်းဆီရဲ့ ရနံ တွေ ဝေနေတယ်။''

'ကျောက်စိမ်းစာလိပ်' ပေါ်ရှိ စကားလုံး တိုင်းတွင် သန်မာသည့် ရှေးဟောင်း အငွေ့ အသက်များ ဖုံးလွှမ်း နေခဲ့သည်။

လင်းယွန်က 'ကျောက်စိမ်း စာလိပ်'ကို ဖြန့်လိုက်သည့်အခါ စာလိပ် အတွင်းမှ ကျားတစ်ကောင်သည် ခုန်ထွက် တိုက်ခိုက် လာလေသည်။

ထိုကျားသည် နတ်ကျား တစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်လျက် ဒေါသတကြီး အော်ဟစ် ဟိန်းဟောက် လာသည်။

'' ဝေါင်း.......။''

လင်းယွန်က ကြောက်ရွံ့စွာဖြင့် စာလိပ်ကို ပိတ်လှန်ချ လိုက်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်မှု ပြုရန် လက်နှစ်ဖက်ကို ဝေ့ရမ်း လိုက်သည်။

စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် ရုန်းကန် နေစဉ် သူ၏နှလုံးသားက၊ တဆက်ဆက်တုန် နေခဲ့သည်။

'' ဒါ...ကြောက်စရာ ကောင်းတဲ့ ကျား တစ်ကောင်ပဲ၊ ဒီကျား ငါ့ကို တိုက်ခိုက် ခဲ့တာ မဟုတ် ဖူးလား၊ သူ ဘယ်ရောက် သွားလဲ "

လင်းယွန်၏ မျက်လုံးများသည် ကျမ်းပြင် ပေါ်တွင် ကျနေသော 'ကျောက်စိမ်း စာလိပ်' ဆီသို့ ရောက်သွား သည်။

ထိတ်လန့်မှုသည် ယခုချိန်ထိ တုန်လှုပ် နေဆဲ ဖြစ်သော်လည်း သူက ဒုတိယ အကြိမ် ထပ်မံ ဖွင့်ကြည့်ရန် ဆန္ဒပြင်းပြ လာသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ဖြည်ချ လိုက်၏။

'ကျောက်စိမ်းစာလိပ်' အတွင်းမှ ခုန်အုပ်ရန် အသင့်ပြင်နေသည့် ကျားတစ်ကောင်၏ပုံရိပ်ကို ဝိုးတဝါး မြင်လိုက်ရသည်။

၎င်းသည် ပန်းချီကားတစ်ချပ်သာဖြစ်၏။ ပန်ချီကားထဲမှ ကျားတစ်ကောင်သည် မည်သို့ ခုန်ထွက် အသက် ဝင်လာနိုင် မည်နည်း။

ထိုပန်းချီ ကားသည် ရိုးရှင်းစွာ ဖွင့်ကြည့် ခြင်းဖြင့် ပြင်းထန်သော ဖိအား တစ်ခုကို ထုတ်ဖော် လာခဲ့ သည်လော။

လင်းယွန်က 'ကျောက်စိမ်းစာလိပ်'အား အဆုံးထိ ဖြည်မချ ရဲခဲ့ပေ။ ထို့ကြောင့် ပန်းချီကား ထဲမှကျားသည် နောက်တကြိမ် လင်းယွန်အား ခုန်အုပ်ရန် အတွက် အရှိန် ယူလျက် ရပ်တန့် နေသည်။

'' ဒါက....တကယ်ပဲ ပန်းချီကား တစ်ချပ်လား...'''

သားရဲ၏ ရက်စက်သည့် မျက်လုံးများသည် လင်းယွန်ကို အသက်ရှူမဝနိုင်အောင် ဖိအား ဖြစ်စေ ခဲ့သည်။

သူက ဆက်လက်ကြည့်ရှုခြင်းငှာ မဝံ့တော့သဖြင့် စာလိပ်ကို အမြန်ပိတ်ချ လိုက်ရသည်။

သူ၏ နှလုံးတုန်လှုပ်မှုကို တားဆီးရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် လိုက်သည်။

'' ဒါက ကြောက်စရာ ကောင်းလိုက်တာ ။''

ယခု သူသည် အကြီးအကဲဟောင်၏ စကားများကို နားလည်နိုင်သည်ဟု ထင်မိသည်။

ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ် နေသည့် ပန်းချီကား တစ်ချပ်နှင့် သားရဲ တစ်ကောင်၏ သတ်ဖြတ် လိုသော အဆုံးမဲ့ ဆန္ဒသည် လင်းယွန်ကို ဖုံးလွှမ်း ထားသည်။

၎င်းပန်းချီကားမှာ ရတနာတစ်ပါး ဖြစ်မည်မှာ သေချာပေ၏။

သို့သော် ထိုရတနာကို ဆုပ်ကိုင်နိုင်ဖို့ရန်၊ သူ့တွင် အရည်အချင်း မရှိခဲ့ပေ။

'' နေဦး.....ဒါက..''

လင်းယွန် ၏ မျက်လုံးများသည် တဖျတ်ဖျတ် လင်းလက်တောက်ပ လာသည်။

'' ငါ သာ မမှားရင် ....''

(မင်းက 'ကျားရိုင်းလက်သီး (၁၈)ကွက်' ကို လေ့ကျင့် ထားတယ် မဟုတ်လား၊ ဒီပန်းချီ ကားက မင်းအတွက် အသုံးဝင် လာလိမ့်မယ်)

ရုတ်တရက် သူက အကြီးအကဲ ဟောင်၏ စကား များကို ပြန်သတိ ရမိသည်။

ထို့ကြောင့် ၎င်းပန်းချီ ကားသည် သူ့၏ 'ကျားရိုင်း လက်သီး(၁၈)ကွက်'အား နောက်တစ်ဆင့်သို့ ဆုပ်ကိုင်မိ စေရန် အထောက် အကူ ဖြစ်စေမည် ဟု ထင်သည်။

နည်းစနစ် ကျွမ်းကျင်ပိုင်နိုင်မှုကို နယ်ပယ် လေးဆင့် ခွဲခြားထားသည်။ ၎င်းမှာ...

- အစောပိုင်း သို့ ကနဦး အဆင့်၊ အလယ် အလတ် အဆင့်၊ အဆင့်မြင့် အဆင့်၊ နှင့် အထွတ် အထိပ် (သို့မဟုတ်) ပြီးပြည့်စုံမှု အဆင့်၊ တို့ ဖြစ်သည်။

'ကျားရိုင်း လက်သီး(၁၈)ကွက်'သည် 'ဟောင်ရှင်း'နယ်ပယ် ကျင့်ကြံသူများ အတွက်၊ အခြေခံ နည်းစနစ်များ ထဲရှိ အလယ်အလတ် ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ဖြစ်သည်။

'အစောပိုင်း အဆင့်' ကျွမ်းကျင်မှုကို ရဖို့ရန် အတွက် နားလည်နိုင်စွမ်း အနည်းငယ်ဖြင့်သာ လုံလောက်လေသည်။

အလယ်အလတ် ကျွမ်းကျင်မှုကို ရယူရန်မူ မြဲမြံသော ကြိုးစား နိုင်မှုသာ လိုပေမည်။

(ဟောင်ရှင်း နယ်ပယ်= အခြေခံ တည်ဆောက်ခြင်း နယ်ပယ်)

'အဆင့်အမြင့် ကျွမ်းကျင်မှု အဆင့်'သည် ကွဲပြား ခြားနားသော အဆင့်တစ်ခု ဖြစ်သည်။ တစ်စုံ တစ်ယောက်သည် လုံလောက်သော နားလည် နိုင်မှုများ မရှိပါလျှင် ၎င်းအဆင့်ကို ဆုပ်ကိုင် နိုင်ဖို့ရန် မစဉ်းစား သင့်ချေ။

'ပြီးပြည့်စုံသည့် ကျွမ်းကျင်မှုအဆင့်' သည် အိပ်မက် တစ်ခုသာ ဖြစ်၏။ တစ်စုံ တစ်ယောက်သည် သိုင်းနည်းစနစ် တစ်ခုအား ပြီးပြည့် စုံသော ကျွမ်းကျင်မှုကို ရရှိ နိုင်လျှင်၊ ၎င်းသည် ခိုင်မာသည့် ဝှက်ဖဲကို ဆုပ်ကိုင် ထားခြင်းနှင့် တူ၏။

ပြီးပြည့်စုံသော ကျွမ်းကျင်မှုတိုင်းသည် မည်သည့် နည်းစနစ်မျိုးကို မဆို တံခါးတစ်ချပ် လှစ်ဟ လိုက်ခြင်း မည်၏။

၎င်းသည် သေခြင်းကို ကစားနိုင်သော ဝှက်ဖဲ တစ်ချပ် ဖြစ်လာ ပေမည်။

လင်းယွန်သည် နှစ်နှစ်ကြာ လေ့ကျင့် ခဲ့ပြီး နောက်၊ သူက 'ကျားရိုင်း လက်သီး (၁၈)ကွက်' ၏ (၃၀%) ကိုသာ အသုံးပြုနိုင် ခဲ့သည်။

တနည်းအားဖြင့် ဆိုသော် ၎င်းသည် ကနဦး ကျွမ်းကျင်မှု သို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ကျားရိုင်း လက်သီး(၁၈) ကွက်မြောက် အရွေ့အား ကျွမ်းကျင် ပိုင်နိုင်မှု မရှိ သေးပေ။

ဇောင်ပင်း ကို အနိုင်ယူနိုင်ခဲ့ခြင်းသည် ကံကောင်းမှု တစ်ခုပင် ဖြစ်သည်။

ဇောင်ပင်းသည် လင်းယွန်အား အထင် သေးခဲ့၏။ သူသည်သာ တိုက်ပွဲအား အလေး အနက် ထားခဲ့ ပါလျှင်၊ လင်းယွန်၏ လက်ရှိ ခွန်အားဖြင့် အနိုင်ယူရန် စွမ်းဆောင် နိုင်ခြင်း မရှိ သေးပေ။

လင်းယွန်၏ အခြေခံ တည်ဆောက်ခြင်း တတိယအဆင့်သို့ ရောက်ရှိမှုသည် ဇောင်ပင်း အား မင်တက် သွားစေသည်။

သူ၏ တုံ့ဆိုင်း သွားမှုသည် အနိူင် ယူဖို့ရန် လုံလောက်စေ ခဲ့သည်။ သို့မဟုတ် ပါက ယခု အချိန်တွင် အိပ်ယာထဲ ရောက်ရမည့် သူမှာ လင်းယွန်ပင် ဖြစ်ပေမည်။

'' ငါရဲ့ ...လက်ရှိ ကျင့်ကြံမှု ကို တည်ငြိမ်အောင်လုပ်ပြီး 'ကျားရိုင်းလက်သီး (၁၈)ကွက်' ကို ပိုပိုင်နိုင်ဖို့ လိုတယ်။”

လင်းယွန်က အမြဲသတိရှိ သူတစ်ယောက် ဖြစ်သည်။ သူသည် တတ်နိုင်သမျှ ဟာကွက်များ မရှိရန် ကာကွယ် စီမံခြင်းကို ပို၍ နှစ်သက် သည်။

ဒီကမ္ဘာကြီးတွင် ခွန်အားရှိသူ များက စည်းမျဉ်းကို ရေးစွဲခွင့် ရှိပေသည်။ အားနည်း သူများ အတွက် သနား ကြင်နာမှုသည် အလွယ် တကူ သေဆုံးနိုင်ရန် (၉၉.၉၉%) သေချာ စေသည်။

ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

သူ့နှလုံးသားရှိ ကြောက်ရွံ့မှုကို အာရုံခံလိုက်ပြီး၊ ပန်းချီကားအား ထပ်မံ ဖြည်ချလိုက်သည်။

နောက်ထပ်တစ်ကြိမ် ဖိအားမှာ ကျဆင်းလာခဲ့သည်။ ဤအကြိမ်တွင် သူ၏ အကြည့်အား ပန်ချီကား ထဲရှိ ကျားပေါ်တွင် အာရုံစိုက်ရန် အတွက် အရာအားလုံးကို စူးစိုက်ထားခဲ့သည်။

သို့သော် သူသည် အသက်တရှိုက်စာသာ တောင့်ခံနိုင်ခဲ့ပြီး၊ 'ကျောက်စိမ်းစာလိပ်' အား ချက်ချင်းပိတ်ချ လိုက်ရသည်။

လင်းယွန်သည် မျက်လုံးများကို မှိတ်လိုက်သည်။ ပန်းချီကားထဲမှ ကျားသည် သူ့စိတ်ဝိညာဉ်၌ စွဲထင်လျက် ကျယ်လောင်စွာ ဟိန်းဟောက် နေသည်။

သူက 'ကျားရိုင်းလက်သီး (၁၈)ကွက်' အား စတင် ခင်းကျင်းရန် ပြင်ဆင် လိုက်သည်။ သူ့ မျက်လုံး များကို ပြန်အဖွင့်တွင် မီးလျှံများ တလက်လက် တောက်ပလာသည်။

လှုပ်ရှားမှု တစ်ခုစီတိုင်းအတွက် သူ၏လက်သီး များသည် နူးညံ့သိမ်မွေ့သည့် မြစ်ကဲ့သို့ ချောမွေ့စွာ စီးဆင်းသွားသည်။

ပြင်းထန်သည့် 'ကျားရိုင်း လက်သီး(၁၈) ကွက်'ကို လေ့ကျင့်နေစဉ် ပန်းချီကား ထဲရှိ ကျား၏ ပုံရိပ်သည် သူ့အား လွှမ်းမိုး လာတော့သည်။

သူကပထမအကြိမ် ပြီးဆုံးသည့်အခါ ငြိမ်းချမ်းမှုသည် အရှိန်အဝါတစ်ခု အောက်ဖိနှိပ် ခံထားရ သကဲ့သို့၊ ပီတိအဟုန်သည် ပြင်းထန်စွာ စီးဆင်းနေခဲ့ လေပြီ။

အကြီးအကဲဟောင် စကားသည် မှန်၏။

'ကျောက်စိမ်းစာလိပ်' အား နောက်တစ်ကြိမ် ဖွင့်ကြည့်ရန် သူ့ကိုယ်သူ ထိန်းမထား နိုင်ခဲ့ ချေ။

တစ်စက္ကန့် ... နှစ်စက္ကန့် ... သုံးစက္ကန့် ... လေးစက္ကန့်.......

ယခုအခါ သူသည် ကျောက်စိမ်းစာလိပ်ကို လေးစက္ကန့်ကြာအောင် ကြည့်နိုင်ခဲ့သည်၊ ၎င်းကြာချိန်သည် ယခင်ကထက် နှစ်ဆ ပိုကြာခဲ့သည်။

သစ်သားတဲငယ်လေးရှေ့တွင် လင်းယွန်သည် 'ကျားရိုင်းလက်သီး (၁၈) ကွက်' ကို ပြင်းပြင်း ထန်ထန် လေ့ကျင့် နေသည်။

သူ၏ စိတ်ဝိညာဉ်အား ပြတင်းပေါက် တစ်ခု လှစ်ဟ ပြလိုက် သလို ခံစားနေရ၏။ လင်းယွန်၏ ကြွက်သား တိုင်းတွင် ချွေးများ ရေကဲ့သို့ စီးဆင်းလာသည်။

'ကျောက်စိမ်းစာလိပ်'ကို ဖွင့်ကြည့် လိုက်သည့် အကြိမ်တိုင်းတွင် ကြောက်စိတ်ကို ဖျောက်ဖျက် မရခဲ့ပေ။

အချိန်တိုင်း၊ စိတ်အတွင်း နာကျင်မှုအသစ် တစ်ခုခုကို ရရှိခံစား နေခဲ့ရသည်။ သို့သော် သူက လက်မလျော့ခဲ့ပဲ သည်းခံနိုင်ခဲ့သည်။

'' တောင်တန်းများမှ ဆင်းသက်လာသည့် ကျား.... ''

လင်းယွန်က 'ကျားရိုင်းလက်သီး (၁၈) ကွက်' အား ထပ်ခါ ထပ်ခါ လေ့ကျင့် နေသည်။ ယခု အချိန်တွင် အကြီးအကဲ ဟောင်သာ ရှိနေပါက ထိတ်လန့် သွား ပေမည်။

၎င်းမှာ လင်းယွန်၏ အရှိန်အဝါသည် ပန်းချီကား ထဲမှ ထွက်လာသည့် ကျားအသွင် တစွန်းတစ ထင်ဟပ် နေခြင်းကြောင့် ဖြစ်သည်။

သူ၏ အရိုးများမှ ကွဲအက်မြည် သံများ ပဲ့တင်ထပ် နေခဲ့သည်။

'' တောဘုရင် ၏ဒေါသ... ''

'' တော၊တောင်တခွင် အမဲလိုက်ခြင်း ''

'' သားရဲ တစ်ရာ သုတ်သင်ခြင်း ...''

'ကျားရိုင်းလက်သီး'၏ ပထမ(၁၅) ကွက်သည် (၁၆)ကွက်မြောက်ကို အသုံးပြုရန် အရှိန်ယူခြင်းဖြစ်သည်။

ယခုသူသည် 'ကျားရိုင်းလက်သီး' (၁၆)ကွက်မြောက်နှင့်၊ (၁၇)ကွက်မြောက် ကိုသာ ကျွမ်းကျင်ထားသည်။

(၁၈)ကွက်မြောက်သည် အလှမ်းဝေး နေဆဲပင်။ သို့သော် လင်းယွန်က ကျေနပ် အားရစွာ ပြုံးလိုက်သည်။

နေ့တစ်ဝက် အတွင်း သူ၏ အောင်မြင် မှုသည် တစ်နှစ်ခွဲခန့် လေ့ကျင့်ခြင်း နှင့် ညီမျှခဲ့၏။

''ဒီ ပန်းချီကားက ငါ့ကို.... အချိန်တို အတွင်းမှာ နာလည်မှု တိုးစေခဲ့တာ၊ ဒါက တကယ့် ရတနာ တစ်ခုပဲ။ ''

-------------- ။ -------------

သုံးရက်အကြာတွင် မိုးကုပ် စက်ဝိုင်းကို နောက်ခံ ထားကာ လင်းယွန်၏ ပုံသဏ္ဌန်သည် ပြင်းထန်သော လေပြင်းများ ဝန်းရံလျက် အော်ဟစ် မာန်သွင်းသံ များနှင့် လှုပ်ရှား သက်ဝင် နေခဲ့သည်။

သူကား ယခုအချိန်ထိ ဂိုဏ်း၏တရားဝင် ပြင်ပတပည့် ရာထူးကို မလျောက်ထား ဖြစ်သေးပေ။ 'ကျားရိုင်း လက်သီး(၁၈)ကွက်' အပေါ်တွင်သာ အာရုံအပြည့်အဝ စိုက်ထားသည်။

လင်းယွန်က ခြေထောက်များကို မြေကြီးပေါ်သို့ ခိုင်မြဲစွာရပ်လိုက်ပြီး မျက်လုံး များမှာ ဝင်းလက် တောက်ပနေခဲ့သည်။ သူ၏ ခန္ဓာကိုယ် အတွင်း စီးဆင်း နေသည့် စွမ်းအင်ကို အာရုံခံမိသည်။

၎င်းသည် 'အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်' အောင်မြင် ပြီးနောက် မည်သူ မဆို ရရှိနိုင်သည့် 'ယန်'စွမ်းအင် ဖြစ်သည်။

သူသည် ပြင်ပတပည့် ဖြစ်လာ ပြီးနောက် 'ယန်'စွမ်းအင်ကို စုပ်ယူ စုဆောင်းရန် စွမ်းအင် ကျင့်ကြံ နည်းစနစ်အား ဂိုဏ်းမှ ပေးအပ် ပေလိမ့်မည်။

သို့မှသာ သူသည် စစ်မှန်သည့် ကျင်ကြံသူ တစ်ယောက် ဖြစ်လာ နိုင်၏။

ဂိုဏ်း၏တရားဝင် အထောက်အပံ့ မပါဝင်ပဲ ဤသို့'ယန်'စွမ်းအင်ကို စုဆောင်းနိုင်မှုသည် လင်းယွန်အား ကျေနပ်အားရ စေသည်။

သူ့မျက်လုံးများတွင် ပြင်းထန်သည့် လောင်ကျွမ်းမှုနှင့်အတူ အဝါရောင် အခိုးအငွေ့ များ ရစ်သိုင်းနေခဲ့သည်။

'' တောဘုရင် ၏ဒေါသ....''

'' ဟိတ်.....''

သူ၏အရိုးများမှ မြည်သံများ ထွက်ပေါ်လာသည်။ ကျားရိုင်းတစ်ကောင်၏ အော်ဟစ်သံ သဲ့သဲ့သည် ပတ်ဝန်းကျင်၌ ပျံ့လွင့်နေ၏။

သူ့ ဘေးပတ်ပတ်လည်၌ လေပွေများ ပေါ်လာပြီး ပေါက်ကွဲမှု အသေးစားများ ဖြစ်ပေါ် လာခဲ့သည်။

'' ဘန်း... ''

'' တော၊တောင်တခွင် လှည့်လည် အမဲ လိုက်ခြင်း ''

'' သားရဲတစ်ရာ သုတ်သင်ခြင်း..။ '

လင်းယွန်က အရှိန်ကို ထပ်မံတွန်းတင် လိုက်ကာ လေထဲသို့ ပျံတက်သွားပြီး၊ ပြင်းထန်သည့် 'ယန်'စွမ်းအင်ကို လက်သီး၌ စုရုန်း စေခဲ့သည်။

ထို့နောက် အားမာန် အပြည့်ကြုံးဝါး လိုက်ကာ မြေပြင်မှ ခုန်တက် ထိုးနှက် လိုက်လေသည်။ လက်သီးသည် မြေပြင်နှင့် ထိဆက် သွားပြီး အက်ကွဲကြောင်း များကို (၅) မီတာခန့် ပြန့်နှံ့သွားစေ၏။

'ကျားရိုင်းလက်သီး (၁၈)ကွက်'၏ အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်။

လင်းယွန်ခန္ဓာကိုယ်တွင် ချွေးတစွန်းတစ မျှသာ ထွက်သည်။ ပထမ အကြိမ်၌ ချွေးမည်မျှ စိုရွှဲခဲ့ သည်ကို သိသိသာသာ မှတ်မိနေခဲ့သည်။

၎င်းသည် စိတ်ကူး တစ်ချက်နှင့်ပင် 'ကျားရိုင်း လက်သီး ၁၈ကွက်'အား ခင်းကျင်း နိုင်သည်ဟု ဆိုလိုသည် မဟုတ်ပါလော။

သုံးရက်အတွင်း သူသည် အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်၌ 'ယန်' စွမ်းအင်ကို စုဆောင်း နိုင်ခဲ့သည်။

ထို့အပြင် သူ၏ 'ကျားရိုင်း လက်သီး(၁၈) ကွက်' အပေါ် နားလည် နိုင်မှုသည် 'အလယ် အလတ် ကျွမ်းကျင်မှု အဆင့်'၊ ကိုဖြတ်ကာ 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်' အထိ တိုးမြှင့် နိုင်ခဲ့သည်။

'' ...ဝှူး.''

လင်းယွန်က သူ၏လက်သီး အခင်း အကျင်းကို ပြန်ရုတ်သိမ်း လိုက်ပြီး မတ်တတ် ရပ်လိုက်သည်။

နေရောင်ခြည်အောက်တွင် လင်းယွန် ၏ နုပျိုသည့် မျက်နှာသည် အားမာန် အပြည့်ဖြင့် လင်းလက် နေလေပြီ။

" အခု...ငါက ငါ့ရဲ့ ကျင့်ကြံမှုနဲ့ နည်းစနစ် အပေါ် ပိုပြီး ယုံကြည်မှု ရှိလာပြီ "

လင်းယွန်က လေ့ကျင့်ခြင်းအား လက်စသပ်ပြီး ရေချိုးရန် ထွက်လာခဲ့သည်။

ရေပြင်တွင် အရိပ်ထင်နေသည့် ရွန်းဗက်ပုံ ခရမ်းရောင် အမှတ် အသားကြောင့် သူက ငြိမ်သက် သွားမိသည်။

၎င်းသည် ရိုးရှင်းလွန်းလှ၏။ သူကိုယ်တိုင် မပြုမူခဲ့ သည်တောင် လူအများသည် သူ့အား သတိထား မိကြမှာပင် ။

လင်းယွန်က သစ်သားအိမ်လေးအတွင်းမှ ထွက်ခွာ လာခဲ့သည်။ အမွှေးတိုင် မီးလောင် ကျွမ်းမှု တဝက် အကြာတွင် 'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ'သို့ ရောက်ရှိလာသည်။

ဤနေရာတွင် အပြာရောင် မိုးကောင်းကင် ဂိုဏ်း၏ သိုင်းနည်း စနစ်များနှင့်၊ လက်နက်များ ဖြန့်ဝေရာ နေရာဖြစ်သည်။

လင်းယွန် ရောက်လာသည့် အခါ ၎င်းခန်းမတွင် တပည့်များစွာသည် စုဝေးနေပြီ ဖြစ်သည်။

လင်းယွန်က သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကို ထုတ်ပြီး အကြီးအကဲအား လွှဲပြောင်း ပေးလိုက်၏။

'' အကြီးအကဲ ဒီ..တပည့်နာမည်က လင်းယွန်ပါ၊ ဒီတပည့်က 'အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်'ကို ရောက်ခဲ့ တာကြောင့် ဂိုဏ်းရဲ့ ပြင်ပတပည့် တစ်ယောက်ဖြစ် လာဖို့ လျှောက်ထား ချင်ပါတယ်။ ''

အကြီးအကဲသည် 'ယန်'မိသားစုမှ အဘိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ကျင့်ကြံမှုသည် 'အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမအဆင့်' တွင်ရှိနေသည်။

လင်းယွန်သည် ၎င်းအကြီးအကဲထံမှ ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသည်။

" ဓားကျွန် လား......"

အကြီးအကဲက မျက်ခုံးပင့်ကာ ကြည့်လိုက်၏။ သူက လင်းယွန်၏ အထောက် အထားကို အတည်ပြုရန် စိတ်၀င်စားမှု မရှိပဲ ပြုံးပြလိုက်ပြီး၊

'' မင်း... အကြောင်း ငါကြားဖူးတယ်။ မင်းက ဓားထိန်းသိမ်းမှုနဲ့ပတ်သက်ရင် အရည်အချင်း ရှိတဲ့ ဓါးကျွန်တစ်ယောက် မဟုတ်လား။ ''

အကြီးအကဲ၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း အနီးအနားရှိ အခြားသူများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။

" ဓားကျွန် ....လင်းယွန်လား.."

"အိုး၊ သူက ငါ့ရဲ့ဓားကို ထိန်းသိမ်းဖူးတဲ့ ဓါးကျွန်ပဲ၊ သူက အခြေခံတည်ဆောက်ခြင်း တတိယအဆင့်ကို တကယ် တက်လှမ်းနိုင်ခဲ့ တာလား... အထင်ကြီးစရာပဲ ....''

'' သိပ်လည်း မထင်နဲ့ သူက ဆေးလုံး ဘယ်လောက် များများကို ဖြုန်းတီး ခဲ့လဲ၊ စီနီယာ အစ်မဆုရဲ့ ဒီလိုအရင်း အမြစ် မျိုးတွေနဲ့ သာဆို ဝက် တစ်ကောင်တောင် အောင်မြင် နိူင်တယ် မဟုတ်လား။ "

'စည်းကမ်းထိန်းသိမ်းရေးခန်းမ'အတွင်း လင်းယွန်၏နာမည်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့၏ ဝေဖန်သံများကြောင့် လင်းယွန်က မျက်ခုံးတွန့်သွားသည်။

'' ငါက...ဂိုဏ်းရဲ့ ပြင်ပတပည့် လျောက်လွှာကို တင်လို့ရပြီလား အကြီးအကဲ "

'' စည်းမျဉ်းတွေအတိုင်းဆို 'အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်'ကို ရောက်တဲ့ မည်သူ မဆို ဂိုဏ်းရဲ့ ပြင်ပတပည့် ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် မင်းကတော့ ခြွင်းချက်ပဲ "

အကြီးအကဲ အသံသည် ခန်းမထဲ အေးစက်စက် ပြန့်လွင့်သွား လေသည်။

***

All Chapters