စက္ကန့်၏ အကျည်းတန်သောဘက်။
Vol. 1 Ch. 5
လင်းယွန်က စိတ်ပျက်လက်ပျက် မော့ကြည့်ပြီး။
" ဘာကို ..... စောင့်ရမှာလဲ၊ ငါက ... ဘာလို့ ခြွင်းချက် ဖြစ်နေရတာလဲ "
"မင်းက အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကို ဘယ်လို ဆုပ်ကိုင် နိုင်ခဲ့လဲ ဆိုတာ၊ ငါ့ကို ဘာလို့ မပြောပြ နိုင်ရတာလဲ။ "
အကြီး အကဲယန်က လှောင်ပြောင်စွာ မေးလိုက် သည်။
"မင်းက.. ဆုစီယာ ရဲ့ ရာပေါင်းများစွာသော ဆေးလုံး တွေကို ဖြုန်းတီး နေခဲ့တာ လူတိုင်း သိတယ်။ ဒီဆေးလုံး တွေရဲ့ အရည်အတွက်နဲ့ သာဆို ရေကိုတောင် အသက် သွင်းလို့ ရတယ်၊ မင်းရဲ့ ပါရမီက အမှိုက်ပဲ ကောင်လေး။ ဒါကို မင်းက ဂိုဏ်းကနေ အရင်း အမြစ်တွေ ဖြုန်းတီးဖို့ စဉ်းစား နေတာလား ...ဟမ် ။ ''
အကြီးအကဲ ယန်သည် လင်းယွန်အား ရည်ရွယ်ချက် ရှိရှိ ကြည့်လိုက်ပြီး။
'' မင်းအတွက် အခွင့်အရေး တစ်ခုပေးမယ်၊ ဒီ လူတွေ အားလုံးက ပြင်ပတပည့် တွေပဲ၊ မင်းက သူတို့ထဲက တစ်ယောက်ရဲ့ သိုင်းကွက် ဆယ်ကွက်ကို လက်ခံ နိုင်ခဲ့ရင် ငါက...မင်းကို ပြင်ပ တပည့် အဖြစ် လက်ခံမယ်။ ကဲ.. မင်းကြိုက်တဲ့ သူကို ရွေးနိုင်တယ်၊ ဒါမှ မဟုတ်ရင် တော့........ "
အကြီးအကဲ ယန်က စကားကို ရပ်လိုက်ပြီး လင်းယွန်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက် သည်။
'' ဒီလိုမှ မဟုတ်ရင် မင်းက ...မင်းရဲ့ တဲကို ပြန်သွားပြီး၊ ဓားကျွန် တစ်ယောက် အဖြစ် ဆက်နေ ရုံက လွဲပြီး အခွင့်အရေး မရှိဖူး။ မင်းက ဂိုဏ်းရဲ့ အရင်း အမြစ် တွေကို ဖြုန်းတီးမယ့် ကိစ္စကို၊ ငါက ...တားရ လိမ့်မယ် "
'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ'၏ လေထုသည် ရုတ်ချည်း အေးစက်စက် အငွေ့ အသက်များ သိုင်းခြုံ လာလေသည်။
ခန်းမထဲရှိ ပြင်ပတပည့် များက လင်းယွန်နှင့် အကြီးအကဲ တို့၏ ပြသနာကို တစေ့ တစောင်း အကဲခတ်လာ ကြသည်။
''သနား စရာပဲ။ နှစ်နှစ်တာ ကြိုးစားအား ထုတ်မှုက အရှက် ရဖွယ် ပြသမှုတစ်ခု အဖြစ် ပြောင်းလဲ လိမ့်မယ်လို့ ဘယ်သူက ထင်ထား မှာလဲ။ ''
''ဒါမှန်တယ် အရင်း အမြစ်တွေ ဖြုန်းတီး ပစ်မယ့် အရေးကို ဘယ်သူက သဘောတူ မှာလဲ။ ''
အကြီးအကဲယန်နှင့် ယူဆချက်တူသည့် ပြင်ပ တပည့် များက လန်းယွန်ကို နှာခေါင်း ရှုံ့ကာ ဝေဖန်လိုက်ကြသည်။
ပြင်ပတပြည့်တစ်ယောက်သည် အရင်းအမြစ်နှင့် ကျင့်ကြံမှုနည်းစနစ်များကို ဂိုဏ်းထံမှ လစဉ်ထောက်ပံ့မှု အမြဲရခဲ့သည်။
ထိုသို့ ပြင်ပတပည့်တစ်ဦးထံမှ သိုင်းကွက် ဆယ်ကွက် လက်ခံရယူခြင်းသည် မိုက်မဲသည့် လုပ်ရပ် တစ်ခုပင်။
'အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်'တွင် နှစ်ပေါင်း များစွာ ရောက်ရှိ နေသည့် ပြင်ပ တပည့် ကျင့်ကြံသူ တစ်ဦး၏ သိုင်းကွက် ဆယ်ကွက်သည် မည်ကဲ့သို့ ရိုးရှင်း နိုင် မည်နည်း။
လင်းယွန်က အကြီးအကဲယန်အား မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ အကြီးအကဲယန် သည် သူ့အား မည်သည့် ရည်ရွယ် ချက်ဖြင့် ခက်ခဲစေ သည်ကို တွက်ဆ နေခဲ့ သည်။
'' ...... အိုး အကြီးအကဲယန်၊ ဒါက ဒီတပည့် ကူညီပေး ပါမယ်၊ ဓားကျွန် .....ဘာလို့ မင်းရဲ့ စီနီယာ အစ်ကို ဇောင်ကို သတိမရ တာလဲ၊ ငါက.... မင်းကို ကောင်းကောင်း ဂရုစိုက်မှာပါ။ ငါ့ဆီကနေ သိုင်းကွက် ငါးကွက်ကို လက်ခံ နိုင်ရင်ပဲ၊ မင်းက ဂိုဏ်းရဲ့ ပြင်ပတပည့် တစ်ယောက် ဖြစ်ဖို့ အရည် အချင်း မှီပါပြီ။ ''
လူအုပ်ကို ဖြတ်ပြီး ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ လင်းယွန်က ခန်းမထဲရှိ လူအုပ်ကို ကျော်ကာ၊ အသံပိုင်ရှင်ဆီ ဝေ့ကြည့် လိုက်၏။
" အိုး...အိုး..... နဖူးစည်းက ဘာအတွက်လဲ။ မင်းရဲ့ ခရမ်းရောင်ကျွန် အမှတ်အသားကို ဖျောက်ဖို့လား၊ ဓါးကျွန်တစ်ရက် ဖြစ်ဖူးရင် တဘဝလုံး ဓါးကျွန် တစ်ယောက်ပဲ မဟုတ်လား။ "
ဇောင်ပင်းသည် အခြား ပြင်ပ တပည့် တစ်ဦးကို တွန်းဖယ် ထုတ်လိုက်ပြီး၊ လင်းယွန်အား အေးစက်စက် စိုက်ကြည့် လာသည်။
ဇောင်ပင်းကို မြင်လိုက်သည်နှင့် ပြသနာ၏ အရင်း အမြစ်ကို လူတိုင်းနားလည် လိုက်သည်။ သူသည် လက်စားချေရန် ဤနေရာသို့ ရောက်ရှိ လာပြီး အကြီးအကဲ ယန်နှင့် လက်ဝါးခြင်း ရိုက်ခဲ့ ပေမည်။
ဓားကျွန်တစ်ယောက် အတွက် မည်သူ မျှပင် လုပ်နိုင် စွမ်းသော်လည်း၊ ဇောင်ပင်း၏ ဒေါသအား လက်ခံဖို့ အင်အား ရှိမည် မဟုတ်ပေ။
ဇောင်ပင်း၏ လှောင်ပြောင်မှုကို လင်းယွန် က လျစ်လျူရှု လိုက်ပြီး၊ အကြီးအကဲ ယန်အား လှည့်ကြည့် လိုက်ကာ။
" ဒါက သေချာပြီလား..အကြီးအကဲယန်၊ ငါက စီနီယာဇောင်ရဲ့ သိုင်းကွက် ဆယ်ကွက်ကို လက်ခံ နိုင်တာနဲ့ ငါ့ကို အပြင်တပည့် အဖြစ် ခွင့်ပြု ပေးမှာလား။ "
လင်းယွန်၏ ယုံကြည်ချက် ရှိရှိ ဟန်ပန်ကြောင့် အကြီးအကဲ ယန်က မဲ့ပြုံး ပြုံးလိုက်၏။
'' တိတ်စမ်း ငါ့ကိုမင်းလို ဓါးကျွန် တစ်ယောက်နဲ့ တွယ်ကပ် နေမယ် ထင်တာ လား ..၊ မင်းက အမှိုက်တစ်စ မဟုတ်ဖူး ဆိုတာ သက်သေပြ နိုင်ရင်၊ ဒီအကြီးအကဲက ဂိုဏ်း အကျိုး အတွက် လက်ခံ ရမှာပဲ.."
အကြီးအကဲယန်က ကြီးမြတ်သည့် ကာကွယ်သူ တစ်ယောက်ဟန်ပန်ကို ပြုမူ လိုက်သည်။
သူ့စိတ်ထဲတွင် လင်းယန်အား လှောင်ရယ် ရယ်နေမိသည်။ 'အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်' ဖြစ်သည့် ဇောင်ပင်းအား ရင်ဆိုင်ရန် ဒီဓါးကျွန်သည် တကယ်ကို မိုက်မဲခြင်း မည်ပေသည်။
'' လူ ပျက် တစ်ယောက်.... ပဲ ''
အကြီးအကဲယန်၏ ခပ်တိုးတိုး ရေရွတ်သံနှင့် အတူ ခန်းမ တစ်ခုလုံး စိတ်ဝင်စား မှုကြောင့် တိတ်ဆိတ် သွား၏။
၎င်းသည် ...ထောင်ချောက် တစ်ခုပင်။ မည်သူ မဆို မိမိ ကိုယ်ကို အရှက်ရခြင်းမှ ကာကွယ် ရမည် မဟုတ် ပါလော။
ဇောင်ပင်းသည် အလွယ်တကူ ရန်စလို့ရ သည့်သူ မဟုတ်ပေ။ သူသည် အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်တွင် ရှိပြီး လင်းယွန်နှင့် အဆင့် တစ်ခုလုံး ကွာဟလျက် ရှိနေသည်။
'' စီနီယာအစ်ကိုဇောင် ကျေးဇူးပြုပြီး ''
လင်းယွန်က သူ၏လက်ကို ဆန့်ကာ 'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ' အတွင်း နေရာလွတ် တစ်ခုသို့ ရွှေ့လိုက်သည်။
" ဓါးကျွန် ကောင်လေး၊ ငါပြောခဲ့ သလိုပဲ မင်းက ငါ့ဆီကနေ သိုင်းကွက် ငါးကွက်ကို လက်ခံနိုင် ဖို့ပဲ လိုတယ်၊..."
ဇောင်ပင်းက သူ၏ စကားမဆုံးမီ လက်ဖဝါး များကို ဖြန့်ထား လိုက်သည်။ လေပြင်းသည် သူ့အား ဗဟိုပြုလျက် လှည့်ပတ်လာပြီး၊ ရှေ့သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။
'' လင်းယုန် လက်ဝါး ''
ဟောင်ရှင်းနယ်ပယ်၊ အဆင့်မြင့် နည်းစနစ်တစ်ခု ဖြစ်သည့် လင်းယုန်လက်ဝါး သိုင်းနည်းစနစ်သည် အရှိန်အဟုန်ကို အဓိက လေ့ကျင့်ရသည့် သိုင်းပညာဖြစ်သည်။
ဇောင်ပင်း၏ဟန်သည် 'လင်းယုန်လက်ဝါး' သိုင်းနည်းစနစ်အား ယခင်ကထက် ပိုမိုထိတွေ့ နိုင်ခဲ့ပုံ ရသည်။
'' တကယ်ပဲ အစ်ကိုဇောင်က လင်းယုန် လက်ဝါးကို အလယ် အလတ် အဆင့်ထိ ကျင့်ကြံ နိုင်ခဲ့တာပဲ၊ အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းပဲ လိုတော့ တယ်၊ ဒီမောက်မာတဲ့ ဓါးကျွန်အတွက် သိုင်းငါးကွက် နဲ့တင် လုံလောက် နေပါပြီ။ ''
ဤခန်းဆောင်အတွင်းရှိ လူတိုင်းသည် 'ဓါးထိန်းသိမ်းရေးခန်းမ'မှ သာမာန် ဂိုဏ်းသားများ မဟုတ် ကြပေ။
'စည်ကမ်း ထိန်းသိမ်းရေး ခန်မ' သည် ဂိုဏ်း၏ တရားဝင် ပြင်ပတပည့် များသာ ဝင်ရောက် နိုင်သည့် နေရာဖြစ်သည်။
အနိမ့်ဆုံး ကျင့်ကြံမှုအဆင့် သည်ပင် ဇောင်ပင်း အောက်မလျော့ ကြပေ။ ထို့ကြောင့် ဇောင်ပင်း ၏ တိုက်ခိုက်မှုသည် မည်မျှ အစွမ်း ထက်ကြောင်း သူတို့က အလွယ် တကူ ပြောပြနိုင် ကြသည်။
လင်းယွန်က မျက်လုံးများကို ပိတ်လိုက် သည်။ ဇောင်ပင်း၏ တိုက်ခိုက်မှုကို အလေး အနက် မထားပဲ မနေရဲချေ။
လွန်ခဲ့သည့် သုံးရက်အတွင်း 'ကျားရိုင်း လက်သီး(၁၈)ကွက်' ကို 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်'အထိ အောင်မြင်မှု မရခဲ့ ပါက၊ သူသည် ယခု တိုက်ခိုက်မှု တစ်ခု နှင့်ပင် သေဆုံးရန် လုံလောက် ပေလိမ့်မည်။
သို့သော် ယနေ့သည် ဓါးကျွန်တစ်ယောက် အဖြစ် ရပ်နေခြင်း မဟုတ်ပေ။ သူသည် ပြင်ပတပည့် လင်းယွန်အဖြစ် လာခဲ့ခြင်းဖြစ်သည်။
လင်းယွန်က ပန်းချီကားထဲမှ ခုန်ထွက်လာသည့်ကျားနှင့် သူ၏တွေ့ဆုံမှုကို သတိရသွားကာ ငြိမ်သက်နေခဲ့သည်။
ဇောင်ပင်းမှသူ၏ သိုင်းကွက်အရှိန်ကို တည်ဆောက်နေစဉ် ကာလတလျှောက်လုံး လင်းယွန်သည် တည်ငြိမ်စွာ စောင့်ကြည့် နေခဲ့သည်။
( ဒီလူပျက်က 'ကျောက်စိမ်းစာလိပ်' ထဲမှာရှိ တဲ့ ကျားထက် သူကိုယ်သူ ပိုကြောက်စရာ ကောင်းမယ်လို့ ထင်နေ တာလား။ စိတ်ကူး တောင် မယဉ်နဲ့။)
"ကြည့်လိုက်စမ်း၊ ဓားကျွန် ကြောက်နေ တာလား။ သူက အဲဒီမှာပဲ ရပ်နေတယ်၊ သူ့မှာ သေချင်စိတ်ပဲ ရှိတော့တာလား "
'' လင်းယုန်လက်ဝါး သိုင်းနည်းစနစ် ''သည် အလွန် အံ့သြဖွယ် ကောင်းလှသည်။
(မင်းမှာ ထူးခြားတဲ့ ရွေ့လျားမှုနည်းစနစ် မရှိရင် သူ့ကို အပေါ်စီးက ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ '')
'' ဒီဓားကျွန်က ဘာများ လုပ်နိုင်မယ် ထင်လို့လဲ။ ''
ဇောင်ပင်းက လေထုထဲ ခုန်တက်သွားကာ လင်းယွန်၏ ဦးခေါင်းဆီသို့ အရှိန်အဟုန်ဖြင့် ကုပ်ဆွဲရန် ထိုးဆင်း လိုက်လေသည်။
'' ဘာ..လဲ... ၊ ဒီတိုက်ပွဲက ပြီးသွားပြီ လား။ ”
" ဒီဓါးကျွန် အကြောက်လွန် နေတယ် လို့တော့ ငါ့လာ မပြောနဲ့၊ "
ဇောင်ပင်းသည် ပြင်းထန်သည့် လက်ဝါး ရိုက်ချက် တစ်ချက်နှင့် အတူ လေထဲသို့ ခုန်တက် သွားသည်။
သူ၏ အရှိန်သည် ကောင်းကင်ပေါ် ပျံတက်နေသည့် မြှားတစ်စင်းလို ရိပ်ခနဲ ကန်ထွက်သွား၏။
မျက်နှာပေါ်တွင် ကောက်ကျစ်ဟန်နှင့်အတူ ရက်စက်မည့် အမူအရာများ ဖြစ်ပေါ်လာသည်။
လွန်ခဲ့သည့်သုံးရက်တွင် ရရှိခဲ့သော အရှက် တရားကို ပြန်ပေးရန် အချိန်ကျလေပြီ။ ဤ လင်းယွန်သည် ဂိုဏ်း၏ ပြင်ပတပည့် ဖြစ်ခွင့်ကို ရှုံးနိမ့်ခြင်း ဖြင့်သာ အဆုံးသတ် သွားလိမ့် မည်ဟု အခိုင်အမာ ယုံကြည် ထားသည်။
".....ဟိတ်..... "
ဇောင်ပင်းက သူ၏ခွန်အားကို အထွတ် အထိပ် အထိ မြင့်တင်လိုက်ပြီး အရှိန် အဟုန်အား လင်းယွန်ဆီ တိုက်ရိုက် ဦးတည် လိုက်သည်။
လင်းယွန်၏ ခေါင်းကိုကုပ်ဆွဲမိပါက 'လင်းယုန် လက်ဝါး' နည်းစနစ်နှင့်အတူ ဇောင်ပင်းမှာ ဂုဏ်သတင်း ထင်းရှားလာ ပေလိမ့်မည်။
" ဘယ်လောက် ကြမ်းကြုတ် ရက်စက် လိုက်သလဲ.. "
'စည်းကမ်းထိန်းသိမ်းရေး ခန်းမ' တစ်ခုလုံး တိတ်ဆိတ် သွားသည်။ ဇောင်ပင်း၏ 'လင်းယုန် လက်ဝါး'သည် လင်းယွန်ကို ဗဟိုပြုလျက် တည်နေရာ တဝိုက်အား ဖုံးလွှမ်းအုပ်စိုး ထား၏။
ပြင်ပတပည့်တစ်ယောက်သည်ပင် ၎င်းအခြေနေမှ လွတ်မြောက်ရန် နည်းလမ်း မရှိနိုင်ချေ။ လင်းယွန်၏ သေခြင်း ရှင်ခြင်းသည် ဇောင်ပင်း ဆန္ဒ ပေါ်သာ မူတည် နေတော့သည်။
'' သိုင်းငါးကွက်လား.. ဒါက များလွန်း နေတယ်၊ ဒီဓါးကျွန် အတွက် အဆုံးသတ်ဖို့ တစ်ကွက်ပဲ လိုတယ်။ ''
''........... ''
လင်းယွန်က မျက်လုံး များကို မဖွင့်ပဲ ပိတ်လျက် မလှုပ်မလျက် ရပ်နေ ဆဲပင်။ ပြင်းထန်သည့် လေပြင်း များကြောင့် လေထဲတွင် သူ၏ ဆံပင်များက 'က'ခုန် နေခဲ့သည်။
သူက မိုက်မဲသည့် လမ်းကို ရွေးချယ်ခဲ့သည်။ ပြင်းထန်သည့် ထိုတိုက်ခိုက်မှုကို အချိန်မီ ရှောင်တိမ်း နိုင်မည့် နည်းလမ်း မရှိခဲ့ပေ။
ရုတ်တရက် ညာခြေကို နောက်သို့ တစ်လှမ်း ရွှေ့လိုက်ပြီး ခန္ဓာကိုယ်ကို နှိမ့်ချ လိုက်သည်။
အကြီးအကဲယန်သည် သူ၏အကြည့်အား လင်းယွန်ပေါ်သို့ လုံးလုံး လျားလျား အာရုံစိုက် ထားသည်။
'' ကျားကို လွှတ်ပါ၊ နှင်းဆီရဲ့ ရနံ တွေ ဝေနေတယ်။''
''.....ကျားရိုင်း ...လက်သီး၊ တောဘုရင်၏ ဒေါသ ..''
လင်းယွန်သည် လူအုပ်ကြီး ထင်ထားခဲ့သည့် အတိုင်း ဇောင်ပင်း၏ လက်ဖဝါးမှ လွတ်မြောက် ရန် ကြိုးပမ်း နိုင်ခြင်း မရှိချေ။
သို့သော် သူသည် သူ၏နိမ့်ကျသော ကျင့်ကြံမှု နှင့်အတူ တိုက်ပွဲဝင်လို စိတ်ကို ဆုပ်ကိုင်ကာ တိုက်ခိုက်ရန် စတင်ပြင်ဆင် လိုက်၏။
အသက်တရှိုက် စာအတွင်း လင်းယွန်၏ အရှိန်အဝါမှာ မြင့်တက် လာပြီး၊ သူ့ နောက်ကျော၌ ဝါးတားတား ပုံရပ် အချို့ ဖြစ်ပေါ်လာ စေသည်။
အရိုးမြည်သံ ခပ်တိုးတိုး လွင့်ထွက်လာပြီး ကျားဟိန်းသံ သဲ့သဲ့ အဆက်မပြတ် ထွက်ပေါ် လာ ခဲ့သည်။
'' ဒါက ...ငါ့လမ်းကို ပိတ်ခဲ့အတွက် မင်း.. ပေးဆပ် ရတဲ့ တန်ဖိုးပဲ ''
'' ကျားရိုင်း လက်သီး (၁၈) ကွက်ရဲ့ အဆင့်မြင့် ကျွမ်းကျင်မှု ......ဒါ....ဒါ ''
ခန်းမထဲရှိ ပြင်ပတပည့် အနည်းငယ် သည်သာ တိုက်ပွဲ မြင်ကွင်းအား ထွင်းဖောက် မြင်နိုင်ခဲ့သည်။ လင်းယွန်၏ 'ကျားရိုင်း လက်သီး(၁၈)ကွက်'သည် 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်'သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
၎င်းသည်ပင် တိုက်ပွဲ၏ အဆုံးသတ်ကို ဖြေရှင်း ပေးလိုက်သည် မဟုတ်ပါလော။
'' ဘ န်း.... ''
လက်သီးနှင့် လက်ဖဝါးတို့ ထိတွေ့မှုတွင် 'လင်းယုန်လက်သည်း'သည် 'ကျားရိုင်း လက်သီး'၏ အင်အား အောက်တွင် ပြိုလဲ သွားခဲ့သည်။
ဇောင်ပင်း၏ ညာလက်သည် ကွဲထွက် သွားပြီး သူ၏ လက်မောင်း အရိုးများမှ လာသော နာကျင်မှုကို အော်ဟစ်ကာ ထုတ်ဖော် ပြသ လိုက်ရသည်။
သူသည် လေထဲ မျောလွင့် လျက်မှပင် ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်မှုကို တပြိုင် နက်တည်း သိမြင်ခံစား လိုက်မိသည်။
( မဖြစ်နိုင်တာ... ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ သုံးရက်အတွင်း ဒီဓါးကျွန်က အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်ကို ဆုပ်ကိုင် နိုင်ခဲ့ တာလား ...။ )
'ကျားရိုင်းလက်သီး (၁၈)ကွက်' သည် အခြေခံနည်းစနစ် တစ်ခုဖြစ်သည်။
သို့သော် ၎င်းနည်း စနစ်ကို 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်'သို့ ရောက်ရန် လွယ်ကူသည့် အရာတော့ မဟုတ်ခဲ့ပေ။
[ သို့သော်၊ ယင်းဓါးကျွန်သည် ထိုးထွင်း နားလည် နိုင်ခဲ့ လေသည်။ ]
လင်းယွန်၏ အေးစက်သော အကြည့်သည် ဇောင်ပင်း ထံသို့ ပို့လွှတ် ထားလျက် ရှေ့ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ပြီး လေထဲသို့ ခုန်ထွက် ပျံတက် လိုက်သည်။
ယင်းသို့ ခုန်တက်မှုသည် ဇောင်ပင်း ကဲ့သို့ မြင့်မားစွာ မရောက် နိုင်သော်လည်း ဒေါသ ထွက် နေသည့် ကျားရိုင်း တစ်ကောင်နှင့် တူလေသည်။
'တော/ တောင်တခွင် အမဲလိုက်ခြင်း '
'သားရဲတစ်ရာ သုတ်သင်ခြင်း ''
သူ့ထံသို့ တိုးဝင်လာသော လက်သီးအား၊ ဇောင်ပင်းက အရိုးများပေါ်နေသည့် ညာလက်ကို အုပ်ကိုင်လျက်၊ တုန်လှုပ် ခြောက်ခြားစွာ ငေးကြည့် နေသည်။
လင်းယွန်၏ လက်သီးသည် သူ့ရင်ဘတ်နှင့် မိတ်ဆက်ကာ သူ့အား သွေးတလုပ် အန်သွား စေခဲ့သည်။
''......... '
နံရိုး အတော် များများကို ရိုက်ခွဲ ခံလိုက် ရသည့် အခါ သူ၏ အသက်ရှူ သံသည် သူ့ခန္ဓာ ကိုယ်မှ ခဏတာ ထွက်ခွာ သွားလေ တော့သည်။
ဒုတိယမြောက် ထိချက်သည် မူလလင်းယွန် အတွက် ဖြစ်သည်။
( ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း၊ မင်း.. သူ့ကို အနိုင်ကျင့်ဖို့ အားမစိုက်ခဲ့သင့်ဖူး။)
တတိယ လက်သီးသည် သူ၏ ဂုဏ်သတင်း အတွက် ဖြစ်သည်။
လင်းယွန်က 'ကျားရိုင်းလက်သီး'ကို ပြန်လည်ရုတ်သိမ်း လိုက်ပြီး နောက်ဆုတ်ကာ မတ်တတ် ရပ်လိုက်၏။
သူ၏ လက်ချောင်းများကို ဖြေလျော့လျက် ခန္ဓာကိုယ် အတွင်းပိုင်း စွမ်းအင် စီးဆင်းမှု အရှိန်ကို ငြိမ်းသက် စေခဲ့သည်။
လူတိုင်းက ဇောင်ပင်းသည် သိုင်းတစ်ကွက်နှင့် အနိုင်ယူနိုင်မည်ဟု မျှော်လင့်ထား ခဲ့ကြသည်။
သို့သော် ကစားပွဲ၏ အဖြေအား လင်းယွန်မှ ပြောင်းလဲ နိုင်လိမ့် မည်ဟု မည်သူမျှ မျှော်လင့် မထား ခဲ့ချေ။ ခန်းမသည် တိတ်ဆိတ် သွား၏။
အကြီးအကဲ ယန်သည် တုန်လှုပ် စွာဖြင့် ဇောင်ပင်း ဘေးတွင် ရပ်လျက် ဒဏ်ရာ များကို စစ်ဆေး နေခဲ့သည်။ ခဏအကြာတွင် သူ့ မျက်နှာမှာ မည်းမှောင်လျက် လင်းယွန် ဘက်သို့ လှည့်ကြည့် လာသည်။
" မင်းလို ဓားကျွန်တစ်ယောက်က ရက်စက် လိုက်တာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ မင်းရဲ့ စီနီယာ တစ်ယောက်ကို ပြင်းပြင်း ထန်ထန် ဒဏ်ရာရ စေတဲ့ လုပ်ရပ် အတွက်၊ ငါက ... တရား မျှတ မှုကို စီမံရ လိမ့်မယ်၊ ..မင်း..အခု ..ဒီဂိုဏ်းကနေ ထွက်သွားစမ်း၊ ဓါးကျွန်ကောင်.... "
အကြီးအကဲ၏ အော်ဟစ် မောင်းထုတ် လိုက်သည့် စကားကြောင့် လင်းယွန်က အံ့အား သင့် သွားသည်။
'' ကျားရိုင်းလက်သီး(၁၈)ကွက်'က အခြေခံ နည်းစနစ် တစ်ခုပါ အကြီးအကဲယန်၊ 'လင်းယုန် လက်ဝါး နည်းစနစ်'နဲ့ ယှဉ်လျှင် ပိုအားနည်း ပါတယ်။ ငါသာ ငါ့ရဲ့ခွန်အား အပြည့်ကို မထုတ်နိုင် ခဲ့ရင် ဒီမြေပြင်မှာ ရှိနေခဲ့ တာက ငါ့ရဲ့ ဦးခေါင်းခွံသာ ဖြစ်ပါ လိမ့်မယ်။ ''
" ရိုင်းလိုက်တဲ့ အမှိုက်...ဓါးကျွန် တစ်ယေါက်က ငါ့ကို စကားပြန်ပြောဝံ့ဖို့ ဘယ်အချိန်က အဆင့်မှီလာတာလဲ "
အကြီးအကဲယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ဇောင်ပင်း၏ အဖေ အား မည်သို့ ရှင်းပြရ မည်နည်း။
ဤဓားကျွန် အား အလွတ်ပေးခြင်း မပြုဘဲ၊ သတ်ရန် အကြောင်း ပြချက်သည် ပြည့်စုံခဲ့ လေပြီ။
'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ' အတွင်း၌ လေထုသည် တစ်ခဏချင်း ပြောင်းလဲ သွားခဲ့သည်။ အကြီးအကဲ ယန် တစ်ယောက် မည်သို့ တွေးတော နေသည်ကို မသိနိုင် ကြချေ။
လင်းယွန်သည် ယခင်ဘဝ၌ပင် အကြီးအကဲ ယန်ကဲ့သို့ မျက်နှာ ပြောင်သည့် ပြိုင်ဘက် ရှေ့နေများ၊ တရား လိုများ နှင့် တရားသူကြီး များစွာကို မြင်ခဲ့ဖူးသည် ဖြစ်ရာ ထူးထွေစွာ လိုက်ပါ ခံစားမိခြင်း မရှိချေ။
ပြန်လည် ပြောဆို ရန်ပင် ပျင်းရိ နေခဲ့သည်။ အကြီး အကဲယန်သည် သူ့လို ပါရမီရှင် ရှေ့နေ တစ်ဦးနှင့် ပြိုင်ကာ မျက်နှာပြောင် တိုက်ဖို့ ကြိုးစား လာခဲပေသည်။
လင်းယွန်က တုန်လှုပ်ဟန်မပြခဲ့ပဲ၊ သူ၏ခြေလှမ်းများကို ခန်းမအပြင် ဘက်သို့ ဦးတည် လိုက်တော့သည်။
''........အဟွတ် ဟွတ် ''
ရုတ်တရက် စည်းကမ်းထိန်းသိမ်းရေးခန်းမ အပေါ်ထပ်ဆီမှ ချောင်းဟန့်သံ တစ်သံ ထွက်ပေါ် လာသည်။
လင်ယွန်အား ဟန့်တား တိုက်ခိုက်ရန် ပြင်နေ ခဲ့သော အကြီးအကဲ ယန်သည် ၎င်းချောင်းဟန့် သံကြောင့် တုန်လှုပ်စွာ ရပ်တန့် လိုက်ရ လေသည်။
***