← Chapters

ဓားကျိုး။

Vol. 1 Ch. 6

ဓားကျိုး။

Vol. 1 Ch. 6

ချောင်းဟန့်သံကြောင့် အကြီးအကဲ ယန်သည် သတိအနေအထားဖြင့် တုံ့ဆိုင်း သွားသည်။

"ခန်းမသခင် ဝမ်..."

'စည်းကမ်းထိန်းသိမ်းရေးခန်းမ' အပေါ်ထပ် ဝရန်တာတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင် ထားသည့် လူတစ်ယောက်သည် ရပ်လျက် လင်းယွန်ကို ကြည့်နေ ခဲ့သည်။

သူက သူ့ရှေ့မှ မြင်ကွင်းကို တစ်ချက်ဝေ့ အကြည့်နှင့်ပင် ဖိအားတချို့ ကျဆင်းလာစေ၏။

" မင်္ဂလာပါ ခန်းမသခင် "

ခန်းမအတွင်းမှ ပြင်ပတပည့်တိုင်းသည် သူတို့ရှေ့တွင် မည်သူရပ်တည်နေသည်ကို မှတ်မိသွားသဖြင့် ဒူးထောက်အရိုအသေပေး လိုက်ကြသည်။

ဤအဘိုးအိုသည် 'စည်းကမ်းထိန်းသိမ်းရေး ခန်းမ'၏ ခန်းမသခင်ဖြစ်ပြီး 'အခြေခံ တည်ဆောက်ခြင်း၏ နဝမအဆင့်'သို့ ရောက်နိုင်သည့် လူအနည်းစုထဲမှ တစ်ဦး ဖြစ်သည်။

'အခြေခံတည်ဆောက်ခြင်း နယ်ပယ်'တွင် အဆင့် ဆယ်ဆင့် ရှိသည်။ 'အခြခံ တည်ဆောက်ခြင်း တတိယ အဆင့်' မှစ၍ ကျန်သည့် အဆင့် တိုင်းသည် ချိုးဖြတ်ရန် မလွယ်ကူပေ။

အန္တရာယ်ရှိသည့် တောင်ကြား ချိုင့်ဝှမ်း ကို ဖြတ်သန်း နေရသော ခရီးကဲ့သို့ မမြင်ရသည့် အခက် အခဲများ ပြည့်နှက် နေခဲ့သည်။

'မိုးပြာရောင်ကောင်းကင်'ဂိုဏ်း တစ်ဂိုဏ်း လုံးတွင်ပင်၊ ထိုသို့သော အကြီးအကဲများ အရေ အတွက်မှာ လက်တစ် ဆုပ်စာသာ ရှိလေသည်။

အပြာရောင် ကောင်းကင် ဂိုဏ်း၏ လူငယ်သခင် သည်ပင် 'အခြေခံ တည်ဆောက်ခြင်း ၏ နဝမ အဆင့်' ၌သာ ရှိနေခဲ့သည်။

ခန်းမသခင်သည် သူ၏ အချိန်အများစုကို 'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ' ၌သာ အချိန်ဖြုန်း နေခဲ့ပြီး၊ ခန်းမ၏ ကိစ္စရပ်များနှင့် ပါတ်သတ် ပါက တိုက်ရိုက် ပတ်သက် ခဲ၏။

'' အကြီးအကဲယန်၊ မကျေနပ်ချက်တွေကို ငါနားလည်ပါတယ်။ မင်းရဲ့ အရေးယူမှုတွေက တရားမျှတ နေတုန်းပဲ၊ ဂိုဏ်းအပေါ် ကာကွယ်လို စိတ်ကို ငါ..အသိမှတ် ပြုပါတယ်။ ”

“ ဒီလူငယ်လေးက စမ်းသပ် စစ်ဆေးမှု တွေကို ကျော်ဖြတ်ခဲ့ ပြီးပြီ မဟုတ်လား၊ ဘာအတွက် အခက်အခဲ တွေကို ဆက်လုပ်ဖို့ တွေးနေ ရတာလဲ။ သူရဲ့ အောင်မြင်မှု အတွက် ဂိုဏ်းရဲ့ ပြင်ပ တပည့် ဝတ်ရုံ၊ ကျင့်ကြံမှု နည်းစနစ်နဲ့၊ လက်နက်ကို ပေးအပ်ဖို့ ခေါ်ဆောင် သွားလိုက်ပါ။ ''

"ဟုတ်ကဲ့ပါ ..ခန်းမသခင်၊ ခုပဲ လုပ်ဆောင် လိုက်ပါမယ်။ ''

ခန်းမသခင်ဝမ်က ခေါင်းညိတ်လိုက်သည်။ သူက လှည့်ထွက်ရန်ပြင် လိုက်ကာ လင်းယွန် ကို ခဏ စိုက်ကြည့် လိုက်သည်။ ပြီးနောက်၊ ခေါင်းညိတ် အသိအမှတ် ပြုလာ၏။

အကြီးအကဲယန်သည် သူ၏ ကံကောင်းခဲ့ သည်ကို သူသာလျှင် သိ၍၊ သက်ပြင်းကို ချလိုက်သည်။

'စည်းကမ်း ထိန်းသိမ်းရေးခန်းမ' ၏ 'ဒုခန်းမ သခင်' တစ်ယောက် အနေနှင့် ဓားကျွန် တစ်ဦး အတွက် ကိုယ်တိုင် ဝန်ဆောင်မှု ပေးရ ခြင်းသည် အရှက် ရရန် လုံလောက်သည့် ပြစ်ဒဏ်ဖြစ် ခဲ့သည်။

" ငါ့ ....နောက်လိုက်ခဲ့ပါ။"

သူက လင်းယွန်ကို ဒုတိယထပ်သို့ ခေါ်ဆောင် လာခဲ့သည်။

လင်းယွန်နှင့် အကြီးအကဲယန်သည် လှေခါးမှတဆင့် ဝင်ရောက်ပျောက်ကွယ်သွား ကြသည်။ ခန်းမအတွင်း ကျန်နေခဲ့သည့် ပြင်ပ တပည့် များသည် လင်းယွန်၏ ကံကြမ္မာကို မနာလို ခဲ့ကြပေ။

ခန်းမသခင်ကြောင့်သာ မဟုတ်ပါလျှင် ဤလင်းယွန်သည် ဂိုဏ်းမှ ထွက်သွားရ ပေတော့မည်။

ဇောင်ပင်းသည် သူ့ကိုယ်သူ စိတ်ပျက်သွားခဲ့ သည်။ ခန်းမ အတွင်းရှိ ပြင်ပတပည့်တိုင်းသည် သူ့အား လုံးဝမေ့ပစ် ခဲ့ကြ၏။ သူက ခန်းမထဲ ဝေ့ကြည့် လိုက်ပြီး တစ်စုံ တစ်ယောက်နှင့် မျက်လုံခြင်း ဆုံရန်အတွက် ဆန္ဒမရှိ သည်ကြောင့်၊ ဒုတိယအကြိမ် သတိလစ်ရန် ဆုံးဖြတ်လိုက် လေသည်။

'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ'၏ ဒုတိယ ထပ်သည် ဂိုဏ်း၏ တားမြစ်မြေ ဖြစ်သည်။ ဂိုဏ်း၏ ကျင့်ကြံမှု နည်းစနစ် တိုင်းအား ဤနေရာတွင် သိမ်းဆည်း ထားသည်။

ပြင်ပတပည့်အသစ်များအနေဖြင့် တစ်ကြိမ်သာ ဝင်ရောက် ခွင့်ရပေမည်၊ ထိုတစ်ကြိမ် အတွက် တိုက်ခိုက်ရေး နည်းစနစ် တစ်ခု၊ စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုနှင့် လက်နက် တစ်ခုစီ ကိုသာ ရွေးချယ်ခွင့် ပြုခဲ့သည်။

အနာဂတ်တွင် အတွင်းတပည့်အဖြစ် အရည်အချင်း ပြည့်မီမှသာ ဤနေရာသို့ ထပ်မံဝင်ရောက်ရန် အခွင့်အရေး ရပေ လိမ့်မည်။

အကြီးအကဲယန်က စင်တစ်ခု ပေါ်သို့ ညွှန်ပြပြီး၊

'' ဒီစင်ပေါ်က သိုင်းနည်းစနစ်တွေ အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်မှာရှိတဲ့ မည်သူမဆို ယူနိူင်တယ်၊ ဒါက တိုက်ခိုက်ရေး နည်းစနစ် တွေပဲ၊ ဟိုး ....အထဲမှာ စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်တွေ ရှိတယ်။''

အကြီးအကဲယန်၏ အေးစက်စက်အသံသည် လင်းယွန်အား အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူ့မျက်လုံးများသည် စင်ပေါ်ရှိ 'ခန္ဓာကိုယ် ပြုပြင်ခြင်း နည်းစနစ်' များ အပေါ် စိတ်လှုပ်ရှား စွာဖြင့် ဖတ်ကြည့်နေမိသည်။

စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် များသည် အခြေခံ တည်ဆောက်ခြင်း နယ်ပယ် အတွက် မရှိမဖြစ် အခြေခံ နည်းစနစ်များ (ဟောင်ရှင်း နည်းစနစ်) ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ် အတွင်း အင်္ဂါများကို မာကျောအောင် သန့်စင်ပြီး၊ အခြေခံ အုတ်မြစ်ကို တည်ငြိမ်စေသည်။ စွမ်းအင်ကို ကူညီသန့်စင် ပေး၏။

တိုက်ခိုက်ရေး နည်းစနစ်ဟူသည် သိုင်းပညာအား စတင် ကျင့်ကြံမည့် သိုင်းကျမ်း များကို ဆိုလိုသည်။

တိုက်ခိုက်ရေး နည်းစနစ်များတွင် (၁)- ခုခံကာကွယ်ခြင်း နည်းစနစ်၊ (၂) တိုက်ခိုက်ရေး နည်းစနစ်နှင့် (၃)လှုပ်ရှားမှု နည်းစနစ် ဟူ၍ သုံးမျိုးခွဲခြား ထားသည်။

ထိုမှတဆင့် ၎င်းတို့ကို ဟောင်ရှင်းအဆင့် သိုင်းနည်း စနစ်နှင့် ရှန်းရှင်း အဆင့် သိုင်းနည်း စနစ် အဖြစ် ထပ်မံခွဲခြား ထားသည်။

ဟောင်ရှင်းအဆင့် သိုင်းနည်း စနစ် များကို

1- အခြေခံနည်းစနစ်

2- အလယ်အလတ် နည်းစနစ်

3- အဆင့်မြင့် နည်းစနစ် အဖြစ် ယေဘုယျ သတ်မှတ် ထားသည်။

တနည်းအားဖြင့် ဟောင်ရှင်း နယ်ပယ် ဆိုသည်မှာ အခြေခံ တည်ဆောက်ခြင်း နယ်ပယ်ကို ရည်ညွှန်း ပေသည်။

ဥပမာအားဖြင့် လင်းယွန်၏ ကျားရိုင်းလက်သီး(၁၈)ကွက်သည် ဟောင်ရှင်း နယ်ပယ်၏ တိုက်ခိုက်ရေး နည်းစနစ်များ ထဲမှ အလယ်အလတ် အဆင့် ခုခံကာကွယ်ရေး နည်းစနစ် ဖြစ်ပေသည်။

ထိုနည်းစနစ်အား လင်းယွန်သည် အလယ်အလတ် ကျွမ်းကျင်မှုအဆင့် အထိ ရောက်ရှိ ဆုပ်ကိုင် ထားနိုင် ခဲ့သည်။

''- မိုးကြိုး မုန်တိုင်း ။ ''

'' -ကျောက်စိမ်းခန္ဓာ ကြည်လင်စွာ။ ''

လင်းယွန်သည် သိုင်းကျမ်းများအား လျင်မြန်စွာ လှန်ကြည့် နေသည်ကို ကြည့်ခြင်းဖြင့် အကြီးအကဲ ယန်၏ နူတ်ခမ်း ထောင့်များ တွန့်ကွေး သွားသည်။

( ဒီ... ဓားကျွန်က၊ အမြဲ.....ဓားကျွန် တစ်ယောက်ပဲ၊ အမှိုက်တစ်စက ဘာကို ရွေးရမလဲ မသိတာ သဘာဝပဲမလား... )

၎င်းသည် နားလည်သူ မည်သူမဆို သူ့လို အကြီးအကဲ တစ်ယောက်ဆီက အကြံဉာဏ်ကို ယူသင့်ပေသည်။

"အကြီးအကဲ ယန်၊ ငါ.....ဒါကိုယူမယ်"

" ယန်စွမ်းအင်သန့်စင်ခြင်း နည်းစနစ် "

'ယန်စွမ်းအင်သန့်စင်ခြင်း' နည်းစနစ်သည် ခက်ခဲသည့် နည်းစနစ် တစ်ခုပင်။ ကျင့်ကြံသူ တစ်ယောက် အနေနှင့် များပြားသည့် 'ယန်' စွမ်းအား များကို စုဆောင်း နိုင်ဖို့ လိုအပ်သည်။

သို့မှသာ 'ယန်'စွမ်းအင် ကျစ်လစ်သန်မာ လာစေရန် စတင်သန့်စင်နိုင် ပေမည်။ ၎င်းသည် အချိန်ကြာမြင့်စွာ လေ့ကျင့်ရန် လိုအပ်ပြီး၊ အောင်မြင်မှုများ ရရှိရန် လိပ်တစ်ကောင်လို နှေးကွေး လှသည်။

ဂိုဏ်းမှ အတွင်းတပြည့် အချို့ပင် ၎င်းအား ရွေးချယ်ခဲ့ပြီး မကြာခင် လက်လျော့ ထားခဲ့ ကြသည်။

"မင်း......သေချာလား "

"......အင်း "

အကြီးအကဲယန်က ပြုံးလိုက်ပြီး၊

'' မင်းမှာ ထွင်းဖောက်မြင်နိုင်တဲ့ မျက်လုံးတွေ ရှိတယ်။ ဒီနည်းစနစ်က ပုန်းကွယ် နေတဲ့ နဂါးပဲ၊ မင်းနဲ့ လိုက်ဖက်တယ်။ ''

လင်းယွန်က အကြီးအကဲ ယန်၏ ထောက်ခံ ချက်နှင့် အမြင်များကို စိတ်မဝင်စားခဲ့ပေ။ သူသည် စင်ပေါ်ရှိစွမ်းအင်ကျင့်ကြံခြင်း နည်းစနစ် အားလုံးကို မှတ်သား ထားပြီး ဖြစ်သဖြင့်၊ သူ့စိတ်ထဲတွင် နည်းစနစ်များ စီစီရီရီ ပြတ်သားစွာ ထင်နေသည်။

သူက သူ့ကိုယ်သူ ယုံကြည်သည်။ သူ၏ ရွေးချယ်မှုသည် ခက်ခဲနိုင်၏။ သို့သော် အခြေခံ တည်ဆောက်ခြင်း နယ်ပယ်သည် ခန္ဓာကိုယ် အတွက် အခြေခံ အုတ်မြစ်ချ ရန်သာ ရည်ရွယ်ခြင်း ဖြစ်ပြီး၊ 'ယန်'သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံ ခြင်းဖြင့်၊ သိပ်သည်းသည့် ရုပ်ခန္ဓာကို တည်ဆောက် နိုင်ပေမည်။ အပင်မြင့်မြင့် ကြီးထွားရန် အတွက် အမြစ်များများ သန်စွမ်းဖို့ လိုအပ်လေသည်။ ထိုနည်းစနစ်သည် ကျင့်ကြံခြင်းလမ်းခရီးတွင် ခိုင်မာသည့် အုတ်မြစ်ကို တည်ဆောက်ပေးနိုင် လိမ့်မည်။

' စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်များ'ကို " တိုက်ခိုက်ရေးနည်းစနစ်များ'နှင့် တူညီစွာပြသ ထားသည်။

သို့သော် ၎င်းနည်းစနစ်အား၊ တိုက်ခိုက်ရေး နည်းစနစ်၊ ခုခံကွာကွယ်ရေး နည်းစနစ်နှင့် ရွေ့လျားမှု နည်းစနစ် အဖြစ် အမျိုးအစား (၃)မျိုး ခွဲခြားထား သကဲ့သို့၊ တစ်ခု ချင်း စီတွင်

- အခြေခံအဆင့် နည်းစနစ်၊

- အလယ်အလတ်အဆင့် နည်းစနစ်......နှင့်

- အဆင့်မြင့်အဆင့် နည်းစနစ် -

အဖြစ် အဆင့် သုံးဆင့် ခွဲခြားထားသည်။

ခဏအကြာ စဉ်းစားပြီးနောက် လင်းယွန်က 'အလယ်အလတ် အဆင့် တိုက်ခိုက်ရေး နည်းစနစ်'တစ်ခု ဖြစ်သည့် ' လေဝဲဓါး'ကို ရွေးချယ် လိုက်သည်။

ဤနည်းစနစ်သည် လျင်မြန်မှုနှင့် ဖျက်စီးနိုင်စွမ်းအပြင်းဆုံး ဓားနည်းစနစ်အဖြစ် လူသိများခဲ့သည်။

'' ဒီ လေဝဲဓားက နားလည်မှုမြင့်မားဖို့ လိုတယ် အတွင်းတပည့် တွေတောင် သင်ယူဖို့ ခက်ခဲခဲ့တယ်။ ပြီးတော့ ဒါက မပြည့်စုံတဲ့ ဓါးနည်းစနစ် တစ်ခုပဲ၊ ငါ....မင်းကို သတိ မပေးဖူး လို့ အပြစ် မတင်ပါနဲ့ ။ "

လင်းယွန်၏ ရွေးချယ်မှုကိုမြင်ရပြီးနောက် အကြီးအကဲယန်က ဟန်ဆောင်သတိပေးလျက် ကြိတ်ရယ် လိုက်မိသည်။ ခန်းမသခင် သည် အမှိုက် တစ်စအား မျက်နှာသာ ပေးခဲ့ပေသည်။

သို့သော်၎င်းအမှိုက်သည် သူ၏ ညံ့ဖျင်းသော အရည်အချင်း များကို ချပြကာ သူ့ကိုယ်သူ အမှိုက် ဖြစ်ကြောင်း သက်သေပြနေ ခဲ့သည်။

"ငါ...အဆင်ပြေပါ တယ်၊ ကျေးဇူးပါ အကြီးအကဲ ယန်"

( အမှိုက် )

အကြီးအကဲယန်က မျက်မှောင်ကြုတ်ကာ လှည့်ထွက် သွားသည်။ ဤဓားကျွန်တွင် နိမ့်ကျသည့် အရည်အချင်း များဖြင့်သာ ပြည့် နှက် နေသည်။

'' ဒါက လက်နက်တိုက်ပဲ မင်းကြိုက် နှစ်သက်ရာ လက်နက် တစ်ခု ရွေးနိုင်တယ်။ ''

အကြီးအကဲယန်က လက်နက်စင်ကို ညွှန်ပြလိုက်ပြီး ဂိုဏ်း၏သတ်မှတ်ချက်ကို ရှင်းပြသည်။

လင်းယွန်က နီးစပ်ရာ ဓါးတစ်လက်ကို ကျပန်းဆွဲယူလိုက်သည်။ ဓားအိမ်မှ ဓားကို ဆွဲထုတ် လိုက်ပြီး သူက စတင်စစ်ဆေး ကြည့်သည့်အခါ၊ ကြုံရာ ဓါးတစ်လက် ကပင် အံ့သြစရာ ကောင်းလောက်အောင် အရည် အသွေး ရှိနေသည်ကို တွေမြင် လိုက်ရ၏။

ဓားကိုယ်ထည်သည် မိုးပြာသံမဏိဖြင့် သွန်းလုပ် ထားသည်။ ဓားကျွန် အဖြစ် ရှင်သန် ချိန်တွင် အရည်အသွေး အမြင့်ဆုံး မိုးပြာ သံမဏိဖြင့် သွန်းလုပ် ထားသော ဓားရှည် များကို မြင်ခဲ့ ဖူးသည်။

'' ခရစ်...ခရစ်..'

လင်းယွန်က ဓားကိုကိုင်ကာ စစ်ဆေးနေစဉ် ဓါးသည်ကွဲအက် သွားပြီး မြေပြင်ပေါ်သို့ ထက်ပိုင်းပြတ်ကျ သွား၏။

"ဘာဖြစ်တာလဲ... "

အကြီးအကဲယန်သည် လင်းယွန်လက်ထဲ ကျန်ခဲ့သည့် ဓါးကျိုး အပိုင်းအစအား ချက်ချင်းဆွဲယူ လိုက်ပြီး၊ စိတ်ရှုပ်စွာ စစ်ဆေးကြည့်လိုက် သည်။

သို့ပေမယ့် သူလည်း အဖြေရှာနိုင်ပုံ မရပေ။ နောက်ဆုံးတွင် သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်ပြီး....၊

'' နောက်တစ်လက် ယူလိုက်။ ဝယ်ယူရေးဌာနက အရည်အသွေး ညံ့ဖျင်းတဲ့ဓါးကို ၀ယ်မိခဲ့ပုံရတယ်။ ''

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ်ဓါးရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။

'' ခရစ်.....ခရစ်....ခရစ်..။''

လင်းယွန် လက်ထဲရောက်လာသည့် ဓါးသုံးလက်စလုံး ထပ်မံအက်ကွဲ ကျိုးကျသွားပြန်သည်။

"ဓားကျွန်၊ မင်း...ဒါကို တမင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာလား။ "

အကြီးအကဲယန်သည် ဒေါသတကြီး အော်ဟစ် ခြိမ်းခြောက် သော်ငြားလည်း၊ သူက နားမလည်နိူင်သည့် အမူအရာများ ထင်ဟပ် လာလျက် ကပင်၊ တစ်စုံတရာ မှားယွင်း နေကြောင်း ခံစား လိုက်မိသည်။

သူက လင်းယွန်လက်ထဲအား ဓါးများ ထည့်ပေး နေသည့် တချိန်လုံး သတိမပြတ် ထားကာ စောင့်ကြည့် နေခဲ့သည်။

လင်းယွန် သည်သာ တစ်စုံတရာ အမှားကြူးလွန်ပါက သူခွင့်လွှတ်မည် မဟုတ်ပေ။ သို့သော် အကြီးအကဲ ယန်မှာ လင်းယွန်ထံမှ မည်သည့် သံသယ ဖြစ်စရာကိုမျှ မမြင်နိုင် ခဲ့ပဲ၊ နားမလည် နိုင်ခြင်း ဖြင့်သာ မျက်မှောင်ကြုတ် လိုက်မိသည်။

လင်းယွန်သည် ဓားထိန်းသိမ်းမှု အတတ်တွင် ပါရမီရှင် အဖြစ် ဂိုဏ်း၌ လူသိများ လှ၏။ အကြီးအကဲ ယန်ကို ဟာသ လုပ်ပြချင် ရင်တောင်မှ မိုးပြာ သံမဏိဖြင့် ပြုလုပ် ထားသည့် ဓါးများကို ချိုးဖြတ်ရန် အရည်အချင်း မရှိနိုင်ပေ။

အခြားတစ်ဖက်တွင် လင်းယွန်က သူ့ကိုယ်သူ နားမလည်နိုင်ခဲ့ပဲ စိတ်ရှုပ် ထွေးစွာဖြင့်၊ ခေါင်းကိုရမ်းလိုက်ပြီးနောက် အကြီးအကဲ ယန်ကို အားနာစွာ ကြည့်လိုက်သည်။

'' အကြီးအကဲယန် ....ဒါကို ငါ...က ရည်ရွယ်ချက်ရှိရှိ လုပ်ချင်တာတောင် လုံလောက်တဲ့ ခွန်အားမရှိမှာ ကြောက်မိတယ်။ ဘာဖြစ်နေလဲ ငါကိုယ်တိုင်တောင် မသိဘူး။ ငါ...နောက်တစ်ကြိမ် တစ်ခုထပ်ရွေးလို့ ရမလား။ ''

"အိပ်မက် မက်မနေနဲ့ ၊.....ဒီမှာ စောင့်နေ...''

အကြီးအကဲယန်က အလျင်အမြန် ဟန့်တားလိုက်ကာ၊ ဓါးခန်းမကိုဖြတ်ပြီး အတွင်းခန်း ထဲသို့ ဝင်ရောက် သွား၏။

သူက ထောင့်တစ်နေရာတွင် ဖုန်တက်နေသည့် ဓါးတစ်လက်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာသည်။

၎င်းသည် ဓားကျွန်တစ်ဦးအတွက် ထိုက်တန်သည့် ဓားတစ်လက်ဖြစ်ပေသည်။

'' မင်း အိမ်ပြန်ရောက်မှ စမ်းကြည့်ပါ။ ဒါက မင်းအတွက် နောက်ဆုံးဓားပဲ။ ဒီဓါးပါ ကျိုးသွားရင် မင်းရဲ့ ကံကိုပဲ အပြစ် တင်လိုက် ပါ။ ”

အကြီးအကဲယန်က လင်းယွန်လက်ထဲ ဓါးတစ်လက်ကို ခပ်မြန်မြန်ထိုးထည့်လိုက်ပြီး၊ ဓါးခန်းမအတွင်းမှ ချက်ချင်းထွက်ခွာ စေခဲ့သည်။

လင်းယွန်က အကြီးအကဲယန်အား အပြစ်မတင်နိုင်ပေ။ သူက ဓါးတွေအားလုံး ကျိုးရခြင်းသည် သူ့အပြစ်မကင်းသလို ခံစားနေမိသည်။

စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်ပြီး အကြီးအကဲယန် စကားကို လိုက်နာရန် ဆုံးဖြတ် လိုက်သည်။

သူ မထွက်ခွာခင် အကြီးအကဲယန်က နောက်တစ်ကြိမ် ထပ်မေးလာသည်။

"မင်းက....'လေဝဲဓား'ကို အခြားနည်း စနစ်တစ်ခုနဲ့ အစားမထိုး ချင်တာ သေချာ တယ်နော်။''

"......... .. "

"..အိုး... မင်းက တကယ့်လူပဲ လူငယ်လေး၊ ဒါပေမယ့် ဒီနည်းစနစ်က မင်းရဲ့ နားလည်နိုင်မှု အပေါ်မှာ မူတည်တယ်။ မင်းလို ဓားကျွန် တစ်ဦးက ကိုင်တွယ် နိုင်တဲ့ အရာမဟုတ်ဖူး ။ ဒါက မင်းရဲ့ နောက်ဆုံး အခွင့် အရေးဘဲ။ ငါ့ကို အပြစ် မတင်ပါနဲ့။ နူတ်ဆက်ပါတယ်။ ''

လင်းယွန်၏ နောက်ကျောကို ကြည့်နေပြီး အကြီးအကဲယန်က ပြုံးလိုက်သည်။

'' ဒီဓားကျွန်က သူ့ အကန့်အသတ်ကို သူ ..မမြင်နိုင်တာလား၊ သူဘယ်အချိန်မှာ ရပ်ရမလဲ သူမသိခဲ့ဖူး၊ ငါ့ကို ဒူးထောက် တောင်းပန်ပြီး နောက်တစ်ကြိမ် ရွေးချယ်ခွင့် ပေးဖို့ တောင်းဆို လာမယ့် အချိန်ကို မစောင့် နိုင်တော့ဖူး။ ''

လေးနာရီကြာပြီးနောက် လင်းယွန်သည် သစ်သားအိမ်သို့ ပြန်ရောက်လာပြီး သူ၏ ပြင်ပတပည့် ဝတ်စုံ အသစ်ကို ပြောင်းလဲ ဝတ်ဆင် လိုက်သည်။

၎င်းသည် အဖြူရောင် အစင်းများပါသည့် မိုးပြာရောင် ဝတ်ရုံတစ်ထည် ဖြစ်သည်။ ဤဝတ်ရုံသည် လင်းယွန်၏ စိတ်အား လန်းဆန်း တက်ကြွ လာစေ၏။

ခဏအကြာတွင် လင်းယွင်က သူ၏ဓားကို မထုတ်ကြည့်ပဲဆုပ်ကိုင်လျက် 'လေဝဲဓါး'ကို စတင်လေ့ကျင့်တော့သည်။

အကြီးအကဲယန်သာ သူ့ကို မြင်နိုင်လျှင် သူ့ပါးသူရိုက်ဖို့ တွန့်ဆုတ်နေမည် မဟုတ်ပေ။ သာမန်လူတစ်ယောက်သည် 'လေဝဲဓါး'ကို တစ်လခွဲအတွင်း ကျွမ်းကျင်ရန် အိပ်မက်သာ မက်နိုင်သော်လည်း လင်းယွန်သည် ချက်ချင်းပင် ပြီးမြောက်ခဲ့သည်။

"ဒါက...လွယ်လွန်း နေသလိုပဲ... အကြီးအကဲယန် မှားခဲ့ တာလား ။ "

လင်းယွန်သည် အခြေခံ အဆင့် (ကနဦး အဆင့်) ကျွမ်းကျင်မှု ရရှိရန် လေးနာရီသာ ကြာခဲ့ပြီး၊ ဤနည်းစနစ်အား အပြည့်အ၀ နားလည်ရန် ခက်ခဲ မည့်ပုံ မရှိပေ။

'လေဝဲဓါး' တွင် ပထမဓားကွက်၊ ပုံရိပ်ယောင် ဓါးချက်နှင့်၊ အရိပ်မဲ့ ဓါး တို့သည် အမြင့်မားဆုံး ရွေ့လျားမှုသုံးခု ဖြစ်သည်။

လင်းယွန်၏ တိုးတက်မှုကို အကဲဖြတ်မည် ဆိုပါက၊ သူသည် အလယ်အလတ် ကျွမ်းကျင် မှုကို ရရှိရန် ကြာရှည် လိမ့်မည် မဟုတ်ပေ။

ရုတ်တရက် သူ၏လက်ထဲရှိ သံချေးတက်နေသော ဓါးကိုကြည့်ပြီး လင်းယွန်၏ စိတ်များလွင့်ပျံသွားသည်။

ဓားရှည်သည် လက်နှစ်သစ်ခန့် ဗျက်ကျယ်ကာ (၁.၁)မီတာခန့် ရှည်၏။ ဓါး၏ကိုယ်ထည်မှာ စိမ်းပြာရောင်ရှိပြီး သံချေးအထပ်ထပ် ဖုံးအုပ်နေသည်။

သူက သူ့လက်သီးဖြင့် ခပ်ပြင်းပြင်း ရိုက်လိုက်သည့်အခါ ပျင်းတွဲတွဲ အသံတစ်သံ သည်သာ တိုးညှင်းစွာ ထွက်ပေါ်လာသည်။

လင်းယွန်က အံ့သြလျက် တိတ်ဆိတ်သွား၏။ ဤဓားသည် သံမဏိဖြင့် သွန်းလုပ် ထားသည့် ဓါးတစ်လက် မဟုတ်ခဲ့ပေ။

သစ်သားဖြင့် သွန်းလုပ်ထားသော ဓါးရှည် တစ်လက်သာ ဖြစ်လေသည်။ ထို့ကြောင့်ဓါးသည် သူ့လက်ထဲတွင် ကျိုးမကျခြင်း ဖြစ်ပေမည်။

ဓားများကို သားရဲ၏အရိုးများ၊ သံမဏိ အမျိုးမျိုး၊ ရှားပါးကျောက် များနှင့် ထူးဆန်းသော သစ်သား များဖြင့် သွန်းလုပ် ကြသည်။

သို့သော် သစ်သားဓါးများသည် ရှားပါးပေ၏။ သတ္တုဆန်ဆန် သစ်သားများသည် ထင်သလောက် မရိုးရှင်းလှပေ။ ၎င်းတို့သည် သံမဏိအားဖြင့် နှိုင်းယှဉ်နိုင်သော သစ်ပင်အမျိုးအစားများ ဖြစ်သည်။

သစ်သား ဓါးတစ်လက် စီတိုင်းသည် အများ အားဖြင့်၊ ရှေးဟောင်းဓါးများ အဖြစ် ဒဏ္ဍာရီလာ ဓါးများ စာရင်းတွင် ရပ်တည်နိုင် ကြသည်။

လင်းယွန်သည် အကြီးအကဲဟောင်ထံမှ ဓါးများထိန်းသိမ်းသည့် ပညာရပ်အား သင်ယူခဲ့သည်။

ထို့ပြင် ဓားအမည်များ၏ မှတ်တမ်း အမျိုးမျိုး ကိုလည်း ဖတ်ရှုခွင့် ရခဲ့သည်။

သစ်သား ဓါးရှည်များသည် တနည်းအားဖြင့် ဒဏ္ဍာရီလာ နတ်သစ်သားဓါးများအဖြစ် ကျော်ကြားကြသည်။

သို့သော် လင်းယွန်သည် သူ့လက်ထဲရှိ ဓား၏ ဇာစ်မြစ်ကိုမူ နားမလည်နိုင်ခဲ့ပေ။ ဒဏ္ဍာရီလာ နတ်သစ်သား ဓါးများသည် ပြိင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ် နိုင်ကြသည်။

လင်းယွန်၏ဓါးသည် ချွင်းချက်ဖြစ်၏။ ဓါးသမား တစ်ယောက် အတွက် သူ၏ ဓါးသည် သူ့တန်ဖိုးကို အဆုံးအဖြတ် ပေးသည်။

ဒဏ္ဍာရီလာ နတ်သစ်သားဓါးပင်ဖြစ်စေ ထိန်းသိမ်းမှုမှမရှိလျှင် အဆုံး၌ တန်ဖိုးမဲ့လာ ပေလိမ့်မည်။ သို့သော် လင်းယွင်သည် ပျော်ရွှင် နေဆဲ ဖြစ်သည်။

အနည်းဆုံးတော့ ဓားသည် သူ့လက်ထဲ၌ မကျိုးပဲ့ခဲ့ပေ။ ၎င်းသည် တနည်းအားဖြင့် ဆိုသော် သူ့နှင့်သင့်တော် သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အမှိုက်တစ်စသည် အမှိုက်ဓါးနှင့်သာ အလိုက်ဖက်ဆုံးပင် မဟုတ်ပါလော

လင်းယွန်က ဓားကိုသိမ်းလိုက်ပြီး 'ယန်သန့်စင်ခြင်း နည်းစနစ်အား' စိတ်လှုပ်ရှားစွာဖြင့် ထုတ်ယူလိုက်သည်။

သူသည် ခိုင်မာသည့်အုတ်မြစ်ကို မချမှတ်နိုင်ပါက အနာဂတ်တွင် အမှိုက် တစ်စသာ ဖြစ်လာ ပေလိမ့်မည်။

ထို့ကြောင့် လင်းယွန်သည် သူ၏ခြေထောက် နှစ်ဖက်ကို ချိတ်ထိုင် လိုက်ပြီး၊ မျက်လုံးများကို မှိတ်လိုက်ကာ၊ သူ၏ခန္ဓာကိုယ်အတွင်းသို့ အာရုံစိုက်လိုက်ပြီး၊ 'ယန်'စွမ်းအားများကို သူ့အတွင်းအင်္ဂါများဆီ စီးဆင်းစေရန် ဂရုတစိုက် ကြိုးစားခဲ့သည်။

ထိုဖြစ်စဉ်သည် လွယ်ကူသည့် အလုပ် မဟုတ်ခဲ့ပေ။ သူ၏ အစောပိုင်း ကြိုးစားမှု များသည် သူ့ခန္ဓာကိုယ် အတွင်း စွမ်းအင် စီးဆင်းမှု များကို ကမောက်ကမ ဖြစ်စေခဲ့သည်။

ကောင်းကင်သည် မှောင်မဲလာခဲ့ပြီး ကြယ်များမှာ တလက်လက် တောက်ပ လာသည်။ 'မိုးပြာရောင် ကောင်းကင်' ဂိုဏ်းရှိ လေထု သည် ယနေ့၌ ပို၍ သန့်စင်နေသည်။ လင်းယွန်က သူ၏ပျော်ရွှင်မှုကို မထိန်းချုပ်ထား နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် 'ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်'ကို နားလည် နိုင်ခဲ့သည်။

လင်းယွန်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ငြိမ်သက်သွား ပြန်သည်။

သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသည့် 'ယန်'စွမ်းအင်များနှင့်အတူ အတွင်းပိုင်း အင်္ဂါများကို ပြတ်သားစွာ မြင်နေရသည်။ ယင်းခံစားချက်သည် မှော်ဆန်လှ၏။

အတွင်းပိုင်း ..အမြင်အာရုံ။

ကျင့်ကြံမှုလမ်းတွင် တစ်စုံတစ်ယောက်သည် 'အခြေခံ တည်ဆောက်ခြင်း တတိယအဆင့်' သို့ ရောက်ရန် လိုအပ်လှပြီး၊ သူတို့သည် ကျင့်ကြံမှု လမ်းခရီးကို မစတင်မီ 'အတွင်းပိုင်း အမြင် အာရုံ'၊ ရရှိနိုင်မည်။

လင်းယွန်က ယန်စွမ်းအင် စီးဆင်းမှုကို လိုက်လံကြည့်ရှု နေခဲ့ရာမှ သူ့ဒါန်တမ်သို့ အရောက်တွင် မျက်လုံးပြူးသွား၏။

သူ၏ ဒါန်တမ်အတွင်းတွင် ဓားကျိုး တစ်ချောင်းသည် တည်ငြိမ်စွာ လေဟာ နယ်ထဲ၌ လွင့်မျော နေသည်။

ထိုဓါးကျိုးသည် အမှောင်ထု ထဲမှ လာသော သံကြိုး ကိုးချောင်းဖြင့် ချိတ်ပိတ်ခံ ထားရ သည်။

သူက'ယန်'စွမ်းအင်ကို သန့်စင်နေစဉ်တွင် စွမ်းအင်အချို့သည် ဖိတ်လျှံထွက်လာပြီး၊ ထိုချိတ်ပိတ် ခံထား ရသည့် ဓါးကျိုးဆီသို့ အနည်းငယ် ထိခတ်သွားရာ၊ ယင်းဓါးကျိုးသည် မီးတောက် ဖျော့ဖျော့ကို သူ့မျက်နှာပြင်အနှံ့ ထုတ်လွှတ် လိုက်လေသည်။

တစ်ဆက်တည်း မှာပင် ၎င်းဓားကျိုးသည် ချိတ်ပိတ် ခံရသည့် သံကြိုး ကိုးချောင်းမှ ရုန်းထွက် ချင်ဟန် တုန်လှုပ် လာတော့၏။

***

All Chapters