← Chapters

လေ ဝဲ ဓါး ။

Vol. 1 Ch. 7

လေ ဝဲ ဓါး ။

Vol. 1 Ch. 7

'ယန်'စွမ်းအင် သန့်စင်ခြင်း နည်းစနစ်' ကို ကျင့်ကြံရန် အဆင့် ငါးဆင့် ခွဲခြား ထားသည်။ 'လေဝဲဓား'နှင့်ယှဉ်လျှင် လင်းယွန်သည် ထို'ယန်'စွမ်းအားသန့်စင်ရာ၌ သူ၏ တိုးတက်မှုသည် နှေးကွေးလှပေ၏။

သုံးရက်ကြာသည် အထိ သူသည် ပထမ အဆင့်တွင် ပိတ်မိနေဆဲ ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် လူတစ်ဦး၏ အောင်မြင်မှုသည် ပါရမီပေါ်တွင် မူတည်သည်။ လင်းယွန်၏ ပါရမီသည် သာမာန်မျှသာဖြစ်ပြီး အခြေခံအုတ်မြစ်သည် နိမ့်ကျခဲ့ရသည်။

နည်းစနစ်များအပေါ် နားလည်မှုမရှိခြင်းအား ဖြေရှင်းရန်၊ တစ်ခုတည်းသော နည်းလမ်းမှာ လက်တွေ့ တိုက်ပွဲ အတွေ့အကြုံများ ရယူ ခြင်းပင်။

ထို့ပြင် ဆေးလုံးများ သုံးစွဲခြင်း၊ စိတ်ဝိညာဉ် စွမ်းအင်များ ကြွယ်ဝသည့် နေရာများတွင် ကျင့်ကြံခြင်း များဖြင့်၊ အရှိန်အဟုန်ကို မြှင့်တင် နိုင်သည်။

သို့သော် 'မိုးပြာရောင်ကောင်းကင်' ဂိုဏ်း၌ ထိုကဲ့သို့သောအခွင့်အရေးမျိုးသည် အတွင်း တပည့် များနှင့် အကြီးအကဲများ သည်သာ ဆုပ်ကိုင်ခွင့် ရှိသည်။

ထို့ကြောင့် အရင်းအမြစ်များ မသုံးစွဲနိုင်သော လင်းယွန် ၏ တိုးတက်မှုသည် နှေးကွေး နေသည်မှာ သဘာဝ ကျပေသည်။

သို့သော် သူသည် သုံးရက်အတွင်း 'လေဝဲဓါး' ကို 'ကနဦး အဆင့်' အထိ လေ့ကျင့်နိုင်ခဲ့သည်။ 'ကျားရိုင်း လက်သီး (၁၈)ကွက်'ကိုလည်း လေ့ကျင့်ရန် မမေ့ခဲ့ပေ။

'ကျားရိုင်း လက်သီး(၁၈)ကွက်'သည် ခုခံ ကာကွယ်ခြင်း နည်းစနစ် ဖြစ်ပြီး 'လေဝဲဓါး' သည် တိုက်ခိုက်ရေး နည်းစနစ် ဖြစ်၏။

'ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်'သည် သူ့ခန္ဓာ ကိုယ်အား ပုံဖော် ထုဆစ် သွန်းလောင်း ရန် ဖြစ်သည်။ နည်းစနစ်တိုင်းသည် သူ့အတွက် အသုံးဝင်သော အရာများ ဖြစ်လာ ပေမည်။

သစ်သားတဲ အပြင်ဘက်တွင် လင်းယွန်သည် သူ၏ လက်ဖဝါးကို ဖြန့်ကာ 'နတ်သစ်သား ဓား'ကို ဆုပ်ကိုင် လိုက်သည်။ ၎င်းဓားသည် သူ၏ လက်ဖဝါး၌ လျင်မြန်စွာ တုန်ခါလာပြီး တိုးထွက်လာ ခဲ့သည်။

ယင်းသည် ချုပ်နှောင်ခံထားရသော ဆန္ဒတစ်ခုမှာ အသက်ဝင်လာခြင်းနှင့် တူသည်။

လင်းယွန်က မျက်မှောင်ကျုံလိုက်ပြီး တုန်ခါနေသည့် နတ်သစ်သားဓါးပေါ်တွင် အာရုံစိုက်လိုက်သည်။

“ မဖြစ်နိုင်တာ ငါမှား တာလား ဒီဓါးက ဘယ်လို လုပ် ဓါးအိမ် ထဲက ထွက်လာ နိုင်မှာလဲ ။ ”

လင်းယွန်က လက်ထဲရှိ ဓါးကိုကြည့်လိုက် ပြီးနောက် ခေါင်းရမ်း လိုက်သည်။ ထို့နောက် မျက်လုံး များကို မှိတ်လိုက်ကာ၊ သူ၏'ယန်' စွမ်းအင်ကို ဓားထဲသို့ ဖြည်းဖြည်းချင်း သွန်ချ လိုက်သည်။

'' ...အိုး ''

"လေ ဝဲ ဓါး ၊ ပ ထ မ သိုင်းကွက် ...."

လင်းယွန်က မျက်လုံးများဖွင့်လိုက်သည်။

'' အရမ်း ပြင်းထန်တယ် ''

လင်းယွန်ကို ဗဟိုပြုပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာသည်။ ထိုလေပြင်း များသည် မုန်တိုင်းငယ် အဖြစ် အသွင်ပြောင်း သွားကာ သူ့အား လေဟာနယ်ထဲ ပင့်တင် လိုက်၏။

''...........ဆွိ ''

ထို့နောက် ဓားကို အားမာန်အပြည့်ဖြင့် မြောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်အား ရှေ့သို့အနည်းငယ် တိုးဝင်လိုက်သည်။

'နတ်သစ်သားဓါး' သည် လေထုကို ဆုတ်ဖြဲပြီး ကျောက်ဆောင် တစ်ခု ထဲသို့ ဖြတ်သန်း တိုးဝင် သွားသည်။

ဓါးသည် ကျောက်ဆောင်ကို ထိပြီး တစ်လက်မ အကျယ်ခန့် နက်ရှိုင်းစွာ ထင်ကျန် ရစ်စေ၏။ ၎င်းအား ဗဟိုပြု၍ ပင့်ကူအိမ် သဖွယ် အက်ကြောင်းများ ထွက်ပေါ် လာတော့ သည်။

ထိုဓါးချက် တစ်ချက်နှင့်ပင် လင်းယွန်သည် သူ့တစ်ကိုယ်လုံးရှိ စွမ်းအင်များ ကုန်ခမ်းသွား သလို ခံစား လိုက်ရ သည်။

လင်းယွန်က ကျောက်တုံးတွင် စိုက်ဝင် နေသော ဓားကိုကြည့်ကာ နဖူးပေါ်ရှိ ချွေးများကို သုတ်ယူ လိုက်သည်။

၎င်းသည် လေဝဲဓါး သုံးကွက်မှ ပထမ သိုင်းကွက် သည်သာ ဖြစ်ချေသည်။

ယင်းသည် လေကိုစုစည်းပြီးနောက် ဓါးတစ်လက် အသွင် ရယူကာ ရန်သူအား တိုက်ခိုက်ခြင်း ဖြစ်၏။

သူက ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်ခြင်း မရှိပဲ ကျောက်ဆောင်ကို ထိုးစိုက် စေခဲ့သည်။ ဤနည်းစနစ်သည် သင်ယူရန် ခက်ခဲလွန်း သည်မှာ အံ့စရာ မဟုတ်ပေ။

သူ့၌ လုံလောက်သော သန်စွမ်းမှုရှိပါက ၎င်းဓါးချက်သည် အဆင့်အသစ် တစ်ခုသို့ ရောက်ရှိသွား မည်မှာ သေချာလှ လေသည်။ သို့သော် ဤအရွေ့တွင် အားနည်းချက်ရှိ၏။

သေခြင်းနှင့်ရှင်ခြင်း တိုက်ပွဲများတွင် ရန်သူသည် သူ၏အင်အားကို စုဆောင်းရန် အချိန်ပေးမည် မဟုတ်ပေ။ သူက လေ့ကျင့်ဖို့ရန် ပို၍ လိုအပ် နေပုံရသည်။

အနာဂါတ်တွင် ၎င်းဓါးချက်အား တိုက်ပွဲ အတွင်း အသုံးပြုလို ပါလျှင် ပိုမိုဆုပ်ကိုင် မိဖို့ရန် လိုအပ်လှ လေသည်။

'' ဒါက ငါရဲ့... အကန့်အသတ်ဖြစ်ပုံပဲ၊ ငါသာ...ငါ့ဓါးကို... .နောက်တဆင့်တက်ချင်ရင် ဂိုဏ်းရဲ့ ယန္တရား ခန်းမကိုသွားပြီး လေ့ကျင့် ရမယ်။ ငါ့ နားလည်မှုက တိုက်ပွဲ အတွေ့ အကြုံ လိုအပ် နေတာ ဖြစ်မယ် "

လင်းယွန်က ညင်သာစွာ ရေရွတ်လိုက်၏။ သူ့မျက်လုံး များတွင် စိတ်လှုပ်ရှားမှုများ တောက်ပ လာပြီး 'ယန္တရား ခန်းမ'ဆီသို့ မျှော်ကြည့် လိုက်သည်။

'ယန္တရားခန်းမ'တွင် လေ့ကျင့်ရန်အတွက် အခကြေး ငွေပေးရန် လိုအပ်သည်။ သူ့တွင် ပိုက်ဆံ မရှိပေ။

ရုတ်တရက် လင်းယွန်၏မျက်နှာသည် ဝင်းလက်သွား၏။ သူသည် သားရဲများကို အမဲလိုက်ခြင်းဖြင့် လေ့ကျင့်နိုင်လိမ့်မည်၊ ထို့ပြင်သားရဲများ၏ အသေကောင်အား ရောင်းချခြင်းဖြင့် ငွေစများ ရရှိနိုင်သည်။

'ယန်'စွမ်းအင်သန့်စင်ရန်အတွက် ထိရောက် မှုကို မြှင့်တင်ရန် ဆေးလုံးများ လိုအပ် နေခဲ့သည်။ လင်းယွန်သည် အရင်း အမြစ်များ ရရန် သူ့ကိုယ် သူသာ အားကိုး ရပေမည်။

'' မိုးထိတောင်။ ''

'မိုးထိတောင်'သည် 'မိုးပြာရောင် ကောင်းကင် ဂိုဏ်း'၏ အနောက်ဘက်တွင် ရှည်လျားစွာ တည်ရှိ နေသည်။

၎င်းသည် နိုင်ငံများစွာကို ဖြတ်သန်း အုပ်မိုး နေပြီး ကြီးမား ကျယ်ပြန့်သည့် အဆုံးမဲ့ တောင်တန်း တစ်ခု ဖြစ်သည်။

'မိုးကောင်းကင် နိုင်ငံ'သည်ပင် 'မိုးထိ တောင်' ၏ သေးငယ်သည့် တစိတ်တဒေသ ကိုသာ သိမ်းပိုက် နိုင်ခဲ့သည်။ ထိုအစိတ် အပိုင်းသည် 'မိုးကောင်းကင် နိုင်ငံ'၏ သုံးပုံ တစ်ပုံကို လွှမ်းခြုံရန် လုံလောက်အောင် ကြီးမား နေပေ ၏။

'မိုးကောင်းကင်' နိုင်ငံ တွင်၊ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၊ မီးလျှံဓါး ဂိုဏ်း၊ တော်ဝင် နေမင်း ဂိုဏ်း၊ ခရမ်း မီးလျှံ ဂိုဏ်း ဟူ၍ ဂိုဏ်းခွဲ လေးခု ရှိသည်။

၎င်းတို့သည် ဂိုဏ်းငယ်များသာ ဖြစ်သော် ငြားလည်း၊ 'မိုးကောင်းကင် နိုင်ငံ'အတွက်မူ အဓိက တောက်တိုင်များ ဖြစ်နေပေ သေးသည်။ ယင်းဂိုဏ်းလေး ဂိုဏ်းအကြား ဘုံသဘော တူညီချက် တစ်ချက် ချမှတ် ထားသည်။

ထိုသဘောတူညီချက်မှာ 'မိုးထိတောင်'အား တပည့်များစွာ အတွက် စွန့်စားရန် နယ်မြေ အဖြစ် သတ်မှတ်လိုက် ကြခြင်း ဖြစ်၏။

တချိန်က လင်းယွန်သည် ဓားကျွန် တစ်ယောက် အဖြစ် သူ၏ နိမ့်ကျသော ပုံရိပ်ကြောင့် 'မိုးထိတောင်'ကို ဝင်ရောက်ရန် တားမြစ် ခံခဲ့ရသည်။

သို့သော် ယခုသူသည် ပြင်ပတပည့် တစ်ယောက် ဖြစ်လာ ပြီးနောက်၊ တရားဝင် ဝင်ရောက် နိုင်ပေတော့မည်။

တစ်နာရီခန့်အကြာတွင် လင်းယွန်က 'မိုးထိတောင်'၏ ခြေရင်း၌ ရပ်တန့်လျက် ရှိနေသည်။

ရက်စက်ကြမ်းကြုတ်သည့် သားရဲ များစွာသည် 'မိုးထိတောင်'၏ တောင်တန်းများ ပေါ်တွင် လှည့်လည် ကျက်စား နေကြသည်။

နတ်ဆိုးသားရဲအော်သံများကို ရံဖန်ရံခါတွင် ကြားနေရ၏၊ သာမာန်သားရဲ များသည် ဝိညာဉ် စွမ်းအင်များ စုပ်ယူလျက် တဖြည်းဖြည်း ပြောင်းလဲလာ ခဲ့ကာ၊ အဆုံးတွင် ပိုမို ကြောက်စရာ ကောင်းသော နတ်ဆိုး သားရဲများ အဖြစ်သို့ အသွင်ပြောင်း လာနိုင် ပေသည်။

သို့သော် သဘာဝအရ နတ်ဆိုးသားရဲအဖြစ် မွေးဖွားလာသော သားရဲအချို့လည်း ရှိသည်။

အနိမ့်ဆုံး နတ်ဆိုးသားရဲ တစ်ကောင် သည်ပင် အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်တွင် ရှိသည့် မည်သူ့ကို မဆို အင်အားချင်း ယှဉ်နိုင် ပေလိမ့်မည်။

လင်းယွန်၏ လက်ရှိခွန်အားအရ နတ်ဆိုး သားရဲများနှင့် တွေ့ပါက အသက်ရှင်ရန် အခွင့် အရေး မရှိပေ။ ထို့ကြောင့် သူသည် နတ်ဆိုးသားရဲ များနှင့် သူ၏ကံကို စမ်းရန် ရည်ရွယ်ချက် မရှိခဲ့ချေ။

သူက သာမာန် သားရဲများ ကိုသာ လိုက်လံရှာ ဖွေရန် ဂရုတစိုက် ရှေ့ဆက် လာခဲ့သည်။

သားရဲတစ်ကောင်၏ အရည်ပြား၊ ခြေသည်းနှင့် အသား အားလုံးသည် ငွေစနှင့် ဖလှယ်ရန် ထိုက်တန်သည်။

သို့သော် အချိန်တော်တော်ကြာသည်အထိ အမဲလိုက်ခြင်းကို မစတင်နိုင်ခဲ့ပေ။ သားရဲ များ၏ အုပ်စုဖွဲ့ တည်ရှိ နေမှုသည် သူ့အား အခွင့် အရေး မပေးခဲ့ပဲ၊ ထွက်ခွာရန် ဖိအားပေး ခံခဲ့ရသည်။

''.....! ....! ....! ''

" ရေ..သံလား "

လင်းယွန်က ရုတ်တရက်ထွက်ပေါ် လာသည့် ရေသံ ထွက်ရာ နေရာဆီသို့ ဦးတည် သွားလိုက် သည်။ ခဏ အကြာ၌ သူ့ရှေ့တွင် ကျောက်ဆောင် များ ပျံ့ကျဲ နေသည့် ရေကန်ငယ် တစ်ခုအား တွေ့မြင် လိုက်ရသည်။

၎င်းရေသံများသည် ကျောက်ဆောင်များ ပေါ်သို့ အရှိန်ပြင်းပြင်း ရိုက်ခတ်နေသော ရေစီးကြောင်း များမှ ထွက်ပေါ်လာခြင်း ဖြစ်ပေ သည်။

'' စီးဆင်းနေတဲ့ ရေတွေလား၊ စီးဆင်း နေတဲ့လေ၊ လေဝဲဓါး ရေနဲ့လေက ...... သဘာဝ တရားနဲ့...ဟန်ချက်ညီ နေလား.....''

လင်းယွန်၏ မျက်လုံးများသည် တောက်ပ လာသည်။ ရေကန်သည် ပင်လယ်ငယ် တစ်ခု နီးနီး ကြီးမား ကျယ်ပြန့်ကာ ရေအိုင် အတွင်း၌ သစ်ပင် အမျိုးမျိုးနှင့် ကျောက်ဆောင်ပေါင်း များစွာ နစ်မြုပ် နေခဲ့သည်။

၎င်းသည် ရေခွက်တစ်ခု ထဲသို့ ကျောက်စရစ်ခဲ များစွာ ထည့်ထားခြင်း နှင့်တူ၏။

'' ဒီရေကန်က ဘာလို့ အရှိန်ပြင်းပြင်းနဲ့ ရေစီးကြောင်း တစ်ခုရှိနေရတာလဲ၊ သူတို့က ရေသေအိုင်ပဲ မဟုတ်လား၊ ဒါက ဘယ်ကို စီးဝင်ဖို့ ကြိုးစား နေတာလဲ၊ ပြီးတော့ ရေစီးကြောင်း တွေက ထက်ရှတဲ့ ဓါးတွေလို ကျောက်ဆောင် တွေကို တဝုန်းဝုန်း ရိုက်ပုတ် နေပါလား။ ''

လင်းယွန်က အချိန်အတော်ကြာသည်အထိ ရေကန်ထဲရှိ ရေစီးကြောင်းများကို ရပ်ကြည့် နေခဲ့သော် ငြားလည်း ရေစီးကြောင်း များ၏ အဟုန်သည် ရပ်တန့်သွားခြင်း မရှိကာ၊ မကုန်ဆုံး နိုင်သော ရေများစီးဆင်း လာသကဲ့သို့ ရပ်တန့်ရန် မရှိနိုင်ပေ။

'' ဒီရေသေတွေက ဘာလို့ ဒီလောက် စီးနေ ရတာလဲ၊ ဘယ်အရာက သူ့ကို တွန်းအား ပေးခဲ့ တာလဲ။ ''

'' လေဝဲဓားရဲ့ ပထမ ဓါးချက်က လေကို စုပ်ယူ စုဆောင်းပြီး အရှိန်အဟုန် တစ်ခုကို ဖန်တီး ယူရတာ မဟုတ်ဖူးလား၊ ဒါက ဒီရေကန် ထဲက ရေစီးကြောင်း တွေလို ဖန်တီး ရမှာလား၊ ဒီလိုတွေစီးဖို့ ဆိုရင် များပြားလွန်းတဲ့ ရေတွေလို တယ်မလား၊ ''

မူလတွင် လင်းယွန်သည် လေဝဲဓါး၏ ပထမ ဓါးချက်ကို ထုတ်ဖော်ရာ၌၊ ပြင်ပ လေထုကို ငှားယူ သုံးစွဲ ဖို့ရန် ကြိုးစားခဲ့ပြီး၊ ၎င်းသည် အချိန်တစ်ခု ယူခဲ့ရကာ ထွက်ပေါ် လာသော ဓါးချက်သည် အနှစ်သာရ ပျောက်ဆုံး နေခဲ့၏။

ထိုအရာသည် လေဝဲဓါး နည်းစနစ်၏ ပြဿနာ ဖြစ်နိုင် ပေမည်။

လင်းယွန်က မျက်လုံးများကို မှိတ်လိုက်ကာ လေဝဲဓား၏ ပုံရိပ်ကို အာရုံစိုက် လိုက်လေ သည်။

ခဏအကြာတွင် သူသည် ဓားကို ဆွဲထုတ် လိုက်ပြီး ရေထဲသို့ ခုန်ချ လိုက်သည်။

''..........''

ရေကန်ထဲ၌ ရေစီးအားကို အံတုကာ ခြေထောက် နှစ်ဖက်ကို ခွဲလျက် ရပ်လိုက်သည်။

များမကြာခင် ရေကန်တဝိုက် အော်ဟစ် မာန်သွင်း သံများ ဆူညံ နေတော့သည်။ သူက ဘယ်နှစ်ကြိမ်မြောက် ကျရှုံး ခဲ့သည်ကို မမှတ်မိ နိုင်ခဲ့ပေ။ အကြိမ် တစ်ရာ။ တစ်ထောင်။

သူ၏ ခန္ဓာကိုယ်သည် ကျောက်ဆောင် များနှင့် ကြိမ်ဖန်များစွာ ရိုက်ခတ်မှုကြောင့် သွေးများ ဖုံးလွှမ်း လာကာ ထုံကျင်နေခဲ့သည်။

" ငါ......ရ ပြီ........"

လင်းယွန်က နောက်ဆုံးတွင် ဇွဲလုံ့လ၏ အကျိုး အမြတ်ကို ပြန်ရ လာခဲ့သည်။ ပြင်းထန်သည့် ရေစီး ကြောင်းတွင် မြဲမြံစွာ ရပ်လိုက်ပြီး လေဝဲဓါး သုံးကွက်အား ထပ်မံ လေ့ကျင့် လိုက်တော့သည်။

'' ပေါင်းစည်းစီးဆင်းနေတဲ့ လေတွေ '

စမ်းချောင်းထဲ၌ ဓားတစ်လက်သည် 'က'ခုန်လျက် လေပြင်းများ ဝန်းရံနေသည်။ သူ၏ ဓားချက်တိုင်းသည်လေနှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့၏။

''..... စွ ပ် စွပ် ''

'' လေ ဝဲ ဓါး ပ ထ မ..... ဓါး ချက် ''

ဓား၏အရှိန်သည် သူ့အား လေဟာနယ် အတွင်းသို့ ပင့်တင်လိုက်ပြီး ရေကန် မျက်နှာပြင် အထက် ငှက်တစ်ကောင်ကဲ့သို့ ပျံတက် သွားစေသည်။

ဓားချက်ထိလေရာ ရေပြင်သည် နှစ်ခြမ်း ကွဲထွက် သွား၏။ သူက ရေကန် အတွင်း မီတာ အနည်းငယ်အား လွယ်ကူစွာ ဖြတ်ကျော် ပျံသန်းလျက်၊ ကျောက်တုံး တစ်တုံး ပေါ်သို့ ခြေချ ရပ်နား လိုက်သည်။

နောက်သို့ လှည့်ကြည့် လိုက်သောအခါ ဓားရိပ် များသည် ရေကန်ထဲသို့ နစ်ဝင် မပျောက် ကွယ်မီ ထက်ရှသည့် ပုံရိပ်များ ပျံ့လွင့် စေခဲ့သည်။

'' ဓားတစ်လက်နှင့် မီတာတစ်ရာကို ပျံဝဲသွားနိုင်တယ်၊ ဒါက လေဝဲဓါးရဲ့ အစစ် အမှန် စွမ်းအားလား ''

သူသည်နောက်ဆုံး၌ လေဝဲဓါး သုံးကွက်အား ကနဦး ကျွမ်းကျင်မှု အဆင့်အထိ လေ့ကျင့် နိုင်ခဲ့သည်။

လေဝဲဓားသည် မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ နားလည်ထားမှုများထက် ပိုမိုသန်မာ ပုံရသည်။ ၎င်းသည် မပြည့်စုံသော ဓါးနည်းစနစ် တစ်ခု ဖြစ်သည်ကြောင့်၊ ထိုမျှ ခက်ခဲနေခြင်း ဖြစ်ပေ မည်ဟု ခံယူထားကြ သည်မှာ၊ မှားယွင်း ခဲ့ကြောင်း သိရှိ လိုက်ရသည်။

လင်းယွန်က သူ၏နားလည်မှုအသစ်အရ လေဝဲဓါး နည်းစနစ်သည်၊ စွမ်းအင် ပမာဏ အပေါ်တွင် များစွာ မှီခိုနေခဲ့သည်။

ပထမဓါး ကွက်ကို အသုံးပြုရန်အတွက် သူ၏ စွမ်းအင် များကို လှည့်ပါတ် ထုတ်ယူ ရမည် ဖြစ်ပြီး၊ ၎င်းသည် ပြင်ပ စွမ်းအင်ကို ငှားယူ သုံးစွဲ ခြင်းထက် ပိုမို ခက်ခဲသည့် အပြင်၊ လိုအပ်သော စွမ်းအင် ပမာဏ သည်လည်း မယုံနိုင် လောက်အောင် များပြား လှပေသည်။

သို့သော် ၎င်းသည် လင်းယွန် ခံစားနေရသည့် အချိန်ကြန့်ကြာမှု ပြဿနာကို လုံလောက်အောင် ဖြေရှင်း ပေးနိုင်သည်။

ရှင်းရှင်းဆိုရသော် လေဝဲဓါးကို အသုံးပြုရန် အတွက် လုံလောက်သော စွမ်းအင်များကို ရရှိနေဖို့သာ လိုပေသည်။

"..အာ..ဝု.."

ရုတ်တရတ် အော်မြည်သံ သုံးချက်သည် ရေကန်တစ်လျှောက်ပဲ့တင်ထပ်သွားပြီး လင်းယွန်အား ပုတ်နှိုး လိုက်သည်။

သူက နောက်ကျော ဘက်ရှိ ကျောက်ဆောင် ပေါ်သို့ မော့ကြည့် လိုက်၏။ အညိုရောင် အမွေးများ ရှိသည့် 'သံလက်သည်း ဝံပုလွေ သားရဲ' သုံးကောင်က သူ့အား စောင့်ကြည့် နေသည်။

သူတို့သည် သားကောင်ကို ရှာဖွေနေပုံရပြီး ရေကန်မှ လာသည့် အသံများကြောင့်၊ လင်းယွန်အား အာရုံစိုက်လာမိခြင်း ဖြစ်ပေ မည်။

'သံလက်သည်း ဝံပုလွေသားရဲ'များ၏ 'ခြေသည်း'များသည် သံမဏိကဲ့သို့ မာကျောလှပြီး ဓားတစ်လက်လို ထက်မြ၏။ ထို့ပြင် ထိုသားရဲများသည် အမြဲအုပ်စုဖွဲ့ တည်ရှိနေခြင်းကြောင့် လင်းယွန်သည် ၎င်းတို့ကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သို့သော် သူသည် ယခုပင်'လေဝဲဓါး'၏ ကနဦးကျွမ်းကျင်မှု အဆင့်ကို ရရှိထားသည် ဖြစ်ရာ တိုက်ပွဲဝင်ရန် တက်ကြွနေခဲ့သည်။ သူက အသာအယာပြုံးလိုက်ပြီး မျက်ခုံးတွေကို တွန့်ချိုးထားခဲ့သည်။

ဓားကို ဆုပ်ကိုင်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှု အနည်းငယ်နှင့် အတူ တိုက်ပွဲဝင် စိတ်လိုများ တောက်လောင် လာခဲ့သည်။

'သံလက်သည်း ဝံပုလွေသားရဲ' သုံးကောင်သည် သတိကြီးစွာဖြင့် လင်းယွန်ကို ပိတ်ဆို့ လာခဲ့သည်။

သားရဲများ၏ ဗီဇသိစိတ်အရ လင်းယွန်သည် အန္တရာယ် ရှိသည့် သားကောင်အဖြစ် သူတို့ သိထား ခဲ့သည်။ ထို့ကြောင့် အော်ဟစ်လိုက်ပြီး၊ ၎င်းတို့၏ စိုးရွံ့စိတ် များကို ဖယ်ထုတ် လိုက်ကြ သည်။

နှစ်ဘက်စလုံးသည် မလှုပ်မယှက် အပြန် အလှန် စောင့်ကြည့် နေခဲ့သည်။ လင်းယွန်က သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်ကို သူသိသည်။

၎င်းမှာ ဓါးတစ်ချက်နှင့် 'သံလက်သည်း ဝံပုလွေသားရဲ' သုံးကောင်ကို သတ်ပစ်ရန် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အပိုင်းပိုင်း ဖြတ်တောက်ခံရ ပေလိမ့်မည်။

ထို့ကြောင့်ပင် စိတ်ရှည်ရှည်ဖြင့် အချိန် ကောင်းအား စောင့်ဆိုင်းရန် လိုအပ်သည်။ ယင်းအခြေ အနေသည် 'သံလက်သည်း ဝံပုလွေသားရဲ' တစ်ကောင်အား စိတ်မရှည် နိုင်အောင် ဖြစ်လာ ပုံရပြီး၊ ထိုသားရဲသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

ထို့နောက်တွင် 'သံလက်သည်း ဝံပုလွေ သားရဲ' သုံးကောင်သည် အဆုံး၌ သည်းခံ ခြင်းကို ဆုံးရှုံးခဲ့ကာ တပြိုင်နက်တည်း ခုန်အုပ်လာ လေသည်။

လင်းယွန်သည် သူ၏ဓားနှင့်အတူ လေထဲသို့ လိုက်ပါ ပျံသန်း လိုက်၏။ ယခုအကြိမ်တွင် သူ၏ ဓါးအခင်း အကျင်းကြောင့် မုန်တိုင်း ငယ်ကို ဖြစ်ပေါ် လာစေခြင်း မရှိခဲ့ပေ။

သို့သော် ဤဓါးချက်သည် ပို၍မြန်လာပြီး အရှိန်အဟုန် ပိုပြင်းထန်ခဲ့သည်။ အဆုံး၌ ပတ်ဝန်းကျင်ရှိ မြက်ခင်းပေါ်တွင် သွေးစက်များ ပြည့်နှက်သွားသည်။

လင်းယွန်က မြေပြင်ပေါ်သို့ ညင်သာစွာ ပြန်ဆင်းသက် လိုက်သည်။ သူ့၏ ဘယ်ဘက် လက်မောင်းတွင် ကုတ်ခြစ် ခံရသည့် ဒဏ်ရာ (၃)ခု ထင် ကျန်ခဲ့သည်။

'သံလက်သည်း ဝံပုလွေသားရဲ' သုံးကောင်သည် မြေပေါ်တွင် ငြိမ်သက် သေဆုံး နေသည်။ သူတို့၏ လည်ပင်း အောက်ပိုင်းမှ သွေးများ စီးကျလျက် ရှိသည်။

လင်းယွန်က ၎င်းသားရဲများ၏ အမြန်နှုန်းကို လျှော့တွက် မိခဲ့သည်။ ထိုအမှားကို ကျူးလွန်း ခဲ့သည့် အတွက် ဒဏ်ရာသုံးချက် ရရှိသွားသည်။

လင်းယွန်သည် သူ၏ ဆုလာဘ်ကို စတင် ရိတ်သိမ်း လိုက်သည်။ သူက အရည်ပြားနှင့် အသားတွေကို စွန့်ပြစ်ရန် ဆုံးဖြတ်ထား၏။

၎င်းသည် ငွေစအနည်းငယ်သာ ထိုက်တန်သည်။ ထို့ကြောင့် နောက်ဆုံးမှာ သူတို့ကို ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

'' လေက ရေလို စီးတယ်။ ဒါက လေဝဲဓါးရဲ့ အနှစ် သာရလား ။ ''

'သံလက်သည်း ဝံပုလွေသားရဲ' သုံးကောင်အား အနိုင် ယူခြင်းသည် 'အခြေခံ တည်ဆောက်ခြင်း တတိယအဆင့်'တွင် ကြီးမားသည့် စွမ်းဆောင်ချက် တစ်ခု မဟုတ်ပေ။

ယခုအချိန်၌ သူ၏ ယုံကြည်မှုကို ကောင်းစွာ တည်ဆောက် နိုင်ခဲ့ လေသည်။

***

All Chapters