လက်သီးနှင့်ဓား ပေါင်းစပ်ခြင်း။
Vol. 1 Ch. 8
'သံလက်သည်း ဝံပုလွေ သားရဲ များ'နှင့် တိုက်ပွဲသည် လင်းယွန်အား ကြီးမားသည့် တိုးတက်မှုကို ပေးခဲ့သည်။
ထို့ကြောင့် သူသည် နောက်ထပ်ရက် အနည်းငယ် အတွင်း အမဲလိုက်ခြင်းဖြင့် စတင် လေ့ကျင့် တော့သည်။
သေခြင်းနှင့်ရှင်ခြင်းကြား တိုက်ပွဲ အတွေ့ အကြုံသည် 'လေဝဲဓား' ၏ အနှစ်သာရကို အပြည့် အဝ ဆုပ်ကိုင် နိုင်ခဲ့ သော်လည်း၊ နားလည် မှုကို ခိုင်မာရန် လိုအပ်ခဲ့သည်။
၎င်းသည် အလယ်အလတ် ဓားနည်း စနစ်များ ထဲတွင် တမူကွဲပြားသည်။ သုံးရက် အတွင်း အံ့သြဖွယ် ကောင်းစွာ ရိတ်သိမ်း နိုင်ခဲ့သည်။
'သံလက်သည်း ဝံပုလွေသားရဲများ' မှခြေသည်းများ၊ ကျားသစ်အရည်ခွံ နှင့် ကျွဲရိုင်းဦးချို ...စသည်ဖြင့် သူ၏ သိုလှောင် အိတ်သည် သားရဲများမှ ဖျက်ယူ ခဲ့သည့် ပစ္စည်းများနှင့် ပြည့်နှက် နေသည်။
" ငါ ဒါကို သိမ်းထားခဲ့ဖို့ တစ်နေရာရှာရမယ်"
ရိတ်သိမ်းမှုများကို တချိန်လုံး သူနဲ့အတူ သယ်ဆောင် ထားရန် လုံလောက်အောင် သန်စွမ်းမှု မရှိသေးပေ။
ထို့ကြောင့် လင်းယွန် သည် သစ်ပင်ပေါ်ရှိ သစ်ခေါင်း တစ်ခုထဲ၌ အိတ်ကို ဝှက်ထား လိုက်သည်။ ရုတ်တရက် လင်းယွန်သည် ပြင်းထန်သော ဝိညာဉ်စွမ်းအား များကို အာရုံ ခံစား လိုက်ရသည်။
"စိတ် ဝိညာဉ်စွမ်းအင် နယ်မြေလား... "
လင်းယွန်သည် အံ့သြသွား၏။ 'စိတ်ဝိညာဉ် စွမ်းအင်များ' ရစ်ဝိုင်းနေသည့် နယ်မြေသည် ကမ္ဘာပေါ်တွင် ရှားပါး နယ်မြေများ အဖြစ် စာရင်း ဝင်သည်။
မိုးပြာရောင်ကောင်းကင် ဂိုဏ်းတွင်ပင် 'ဝိညာဉ်နယ်မြေ' တစ်ခု ပိုင်ဆိုင်ထားသည်။ ထိုနယ်မြေသည် တားမြစ်နယ်မြေဖြစ်ပြီး အတွင်း တပည့်များနှင့် အကြီးအကဲ များသာ ဝင်ခွင့်ရှိသည်။ တစ်နည်းအားဖြင့် သူသည် ဝင်ခွင့်မရှိပေ။
'ဝိညာဉ်စွမ်းအင်'များကို အာရုံခံပြီး လျှောက်လာခဲ့သည်။ သူ၏ ပတ်၀န်းကျင်၌ တောအုပ်သည် ရုတ်တရက် တိတ်ဆိတ်လာ သည်ကိုသတိ ပြုမိသည်။
လင်းယွန်က သူ၏လက်သီးကို ဆုပ်လိုက်ကာ ရှေ့ဆက် လိုက်သည်။ ၎င်းသည် အမှန် တကယ် ဝိညာဉ်နယ်မြေ ဖြစ်ခဲ့လျှင်၊ သူ၏ ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို လေ့ကျင့် နိုင်ပေမည်။
ထို့ကြောင့် သူသည် ဤအခွင့်အရေးကို လက်လွတ် မခံလိုပေ။ အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့်ကြာ သည့်အခါ လင်းယွန်သည် 'ဝိညာဉ်စွမ်းအင်'များ ရစ်သိုင်း နေသည့် နယ်မြေ အရင်း အမြစ် ဆီသို့ ရောက်ရှိ လာသည်။
၎င်းသည် အစစ်အမှန် 'ဝိညာဉ်နယ်မြေ' တစ်ခုပင်။ ဤနေရာတွင် 'ဝိညာဉ် စွမ်းအား' များ အဆများစွာ ထူထပ်မြင့်မားနေသည်။
လင်းယွန်က စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ပါတ်ဝန်းဝန်းကျင်ကို အကဲခတ်ကြည့် လိုက်သည်။ တောရိုင်း အပင် အချို့နှင့် မြက်ပင် များမှ လွဲ၍ ထူးထူးခြားခြား မည်သည်ကိုမျှ သူမမြင်ပေ။
" ဒါက ငါ့ရဲ့ ယန်စွမ်းအင်ကို သန့်စင်ဖို့ အကောင်းဆုံး အချိန်ပဲ။ ''
လင်းယွန်က သစ်ပင်အောက်တွင် ထိုင်ချ လိုက်ပြီး မျက်လုံး များကို မှိတ်လိုက် သည်။ ယန် စွမ်းအင်ကို ခန္ဓာကိုယ် အတွင်း ဖြန့်ဝေ လိုက်သည့် အခါတွင်၊ ပတ်ဝန်းကျင်ရှိ ယန်စွမ်းအင် များမှာ ခန္ဓာကိုယ် ထဲသို့ စီးဝင် လာသည်။
များပြားလှသည့် ယန်စွမ်းအင် များသည် သူ၏ ကြွက်သားများ၊ အရိုးများနှင့် အပ်စိုက်မှတ် များကို အမြဲတစေ အားဖြည့် ပေးနေ ခဲ့သည်။
လင်းယွန်သည် စိတ်ဝိညာဉ်နယ်မြေများတွင် ကျင့်ကြံဖူးခြင်းမရှိခဲ့ရာ ပုံမှန်မဟုတ်သော ခံစားချက်များကို ခံစားလိုက်ရသည်။
သူက 'ယန်စွမ်းအင်'ကို သန့်စင်ရန် စတင် ပြင်ဆင် လိုက်သည်။ 'ယန်စွမ်းအင်' စီးကြောင်းသည် သူ၏ အပ်စိုက်မှတ် များအား ဖြတ်ပြီး ခန္ဓာကိုယ် အတွင်း စီးဆင်းလျက် ပိတ်ဆို့မှု များကို ဖယ်ရှား ပေးနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အရှိန်အဝါ သည်လည်း လျင်မြန်စွာ တိုးတက် နေသော် လည်း၊ လင်းယွန်က သူ၏ ကျင့်ကြံမှု အပေါ် အပြည့်အဝ သတိထားနေ ရသည်။
၎င်းသည် သတိမပြုပါက သူ၏ကိုယ်တွင်း အင်္ဂါများအား ဒဏ်ရာရ စေနိုင်သည်။ ထိုဒဏ်ရာ များသည် ပြင်းထန်ခဲ့ပါက သူ၏အခြေခံအား ချိနဲ့ သွားပေ လိမ့်မည်။
ယန်စွမ်းအင်အား ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်စီးဆင်း စေပြီးနောက် သူ၏ ဒါန်တမ် အတွင်းသို့ ဖြတ်သန်း စုရုံးစေခဲ့သည်။
၎င်းသည် ဒါန်တမ်အတွင်း၌ အဝါရောင် အလင်းတန်း တစ်ခု အဖြစ် ရစ်သိုင်းလာလျက်၊ 'ယန်'စွမ်းအင် သန့်စင်ခြင်း၏ ဒုတိယ အဆင့်အား အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။
သို့သော် လင်းယွန်သည် ယခုအချိန်တွင် အောင်ပွဲခံရန် အချိန် မဟုတ်ကြောင်း သူ သိသည်။
'ယန်စွမ်းအား သန့်စင်ခြင်းနည်းစနစ်' ၏ ပထမ အဆင့်နှင့် ဒုတိယ အဆင့်သည် သိသိ သာသာ ကွာခြားချက် ရှိသည်။ ယန်စွမ်းအား သန့်စင်ခြင်း နည်းစနစ်၏ ဒုတိယ အဆင့်ကို အောင်မြင်ရန် 'ယန်စွမ်းအင်'နှစ်ဆခန့် စုပ်ယူဖို့ လိုအပ်ခဲ့သည်။
၎င်းသည် 'စိတ်ဝိညာဉ် နယ်မြေ' ပြင်ပတွင် လေ့ကျင့် ပါက 'ယန်' စွမ်းအင်လုံလောက်မှု မရှိပဲ ပြတ်တောက် မှုများ ကြုံတွေ့ကာ အချိန်များစွာ လိုအပ် သည်။
'' ခ..ရစ် ''
လင်းယွင်၏ မျက်လုံးများသည် ရွှင်လန်း စွာဖြင့် တောက်ပ လာသည်။ လေးနာရီကြာ ကုန်လွန် ခဲ့သော်လည်း၊ အချည်း အနှီး မဖြစ် ခဲ့ပေ။ အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်သို့ တက်ရောက်နိုင် ခဲ့သည်။
ခန္ဓာကိုယ်၌ အသေးစား ပြောင်းလဲမှု အချို့ကို ခံစားမိသည်။ အပ်စိုက်မှတ်များသည် အရင် ကထက် ပို၍သန့်စင် လာခဲ့သည်။
၎င်းသည် 'ယန်'စွမ်းအင်ကို အပ်စိုက်မှတ် များအား ဖြတ်သန်း စီးဆင်း စေရာ၌ ချောမွေ့စွာ လုပ်ဆောင် နိုင်ပေမည်။
ဆိုလိုသည်မှာ သူက 'ယန်'စွမ်းအင်ကို ယခင် ကထက် ပိုမို ထိန်းချုပ် လာနိုင်သည်။
'' ငါက ဒီနေရာမှာ ကံကောင်းမှုကို မရဖူးလို့ ငါ မယုံဖူး။ ''
သူ၏ ကျင့်ကြံမှုနှင့် နည်းစနစ်နှစ်ခု စလုံးကို အောင်မြင် မှုများ ရရှိစေ ခြင်းကြောင့်၊ ပျော်ရွှင် မှုကို ဖုံးကွယ် မထားနိုင် ခဲ့ပေ။
( အိုး... )
ရုတ်တရက် ဆိုသလို ဤနေရာရှိ ဝိညာဉ် စွမ်းအင် များသည် လျင်မြန်စွာ လှုပ်ခတ် လာလေ သည်။
"ဘာဖြစ်တာလဲ ''
အကြည့်ကို ဖြန့်ကျက်လိုက်ရာ ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာလွှမ်းခြုံ ထားသည့် ဗဟိုမြက်ခင်း ပြင်၌ အသီးတစ်လုံးကို တွေ့လိုက် ရသည်။
ထိုအသီးသည် ဝိညာဉ် စွမ်းအင်များကို အရူးအမူး စတင်စုပ်ယူနေသည်။ ယင်းသည် ဝိညာဉ် စွမ်းအင်များကို လျင်မြန်စွာ စီးဆင်းစေသော အကြောင်း အရင်း ဖြစ်ပေသည်။
(၎င်းသည် ရတနာတစ်ခု မွေးဖွားလာရန် သဘာဝ တရား၏ ပြင်ဆင် ထားမှု ဖြစ်နေ ချေ၏။)
'' ............. ''
ထိုသစ်သီးက သူ့ကိုယ်သူ ကြီးထွားလာရန် ဝိညာဉ်စွမ်းအင်ကို အငမ်းမရ စုပ်ယူနေစဉ် ၎င်းအား စူးစူး စိုက်စိုက် ရပ်ကြည့် နေသည့် ပုံသဏ္ဌန် တစ်ခုသည် ဝိုးတဝါး ထင်ဟပ် လာသည်။
လင်းယွန်က ထိုပုံရိပ်ကို သတိထားမိ လိုက်ရာ ထိတ်လန့် တကြား နောက်ဆုတ် လိုက်မိ သည်။
''အစွယ်ရှည်...ကျား ''
'အစွယ် ရှည်ကျား' များသည် 'သံလက်သည်း ဝံပုလွေ' သားရဲ များထက် အဆင့် တစ်ဆင့်လုံး မြင့်ချေသည်။
ထိုသည်မှာ အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်၌ ရှိသည်ဟု ဆိုလိုသည်။ ၎င်း၏ သွားများသည် ဆေဘာဓါး သွားများ ကဲ့သို့ မာကြော ထက်မြ သောကြောင့် ‘ဆေဘာ ကျား’ ဟုလည်း ခေါ်ဆို ကြသည်။
လင်းယွန်က မိုးထိတောင်ခရီး၌ 'အစွယ် ရှည်ကျား'များကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။ သူတို့၏ အင်အားသည် မေးခွန်းထုတ်စရာ မလိုပဲ သူ့ အား သေခြင်း အငွေ့ အသက်ကို ခံစား မိစေသည်။
'' ဝေါင်း..............''
'အစွယ်ရှည် ကျား'သည် စိတ်ဝိညာဉ် သစ်သီး ရင့်မှည့် လာသည်ကို စောင့်ဆိုင်း နေခဲ့ ပြီးနောက်၊ ကိုက်ဖြတ်စား လိုက်ကာ၊ လင်းယွန်အား လှည့်ကြည့် လာလေသည်။
သူ၏ မျက်လုံးများသည် သွေးမီးများ တောက်လောင်လျက် အေးစက်သည့် အငွေ့ အသက် များသည်၊ လင်းယွန် ဆီသို့ ဦးတည် ရိုက်ခတ် လာလေသည်။
လင်းယွန်က ကျောရိုးတလျောက် တုန်ယင်စွာ လှုပ်ခါသွား သလို ခံစား လိုက်ရ သည်။
"ဒါ....ဒါ....နတ်ဆိုး အရှိန်အဝါ။ ”
လင်းယွန်၏ နှလုံးသားထဲ၌ ငရဲဝသို့ ရောက်နေ သည်ဟု ခံစားလိုက် ရသည်။ ဤအစွယ်ရှည် ကျားသည် မကြာခင် နတ်ဆိုး သားရဲ တစ်ကောင် အဖြစ် တက်လှမ်းနိုင် ပေလိမ့်မည်။
၎င်းသည် စိတ်ဝိညာဉ် သစ်သီးအား ရယူကာ သန့်စင်ဖို့ ကြိုးစား ခဲ့ခြင်း ဖြစ်လေသည်။
လင်းယွန်သည် လောဘကို သတ်ပြီး အောင်မြင်မှု များကို ကျေနပ်လျက် ချက်ချင်း ထွက်ခွာ ခဲ့သင့်သည်။ ယခုမူ သူက မလှုပ်ရှား နိုင်တော့ပေ။
ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ အစွယ်ရှည် ကျားက လင်းယွန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ် လာသည်။
နဖူးမှ ချွေးများ စီးဆင်း လာသည်နှင့်အမျှ ကြောက်ရွံ့စိတ်များ ပေါက်ဖွား လာတော့သည်။ သေခြင်း တရားနှင့် ဤမျှနီးကပ်ခြင်းကို တစ်ကြိမ် တခါမျှ မခံစားခဲ့ရဖူးချေ။
တစ်ချိန်တည်းမှာပင် သူ့နှလုံးသား၌ စိတ်ပျက် အားငယ်မှုများ မြင့်တက်လာသည်။ လွန်ခဲ့သော အချိန်က အောင်မြင်မှုများကို ကျေနပ်စွာ ခံစားခဲ့ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် စိတ်ပျက် အားငယ်မှု များနှင့် ပြည့်နှက် သွားသည်။
'' ငါဒီမှာ သေလို့ မရ ဘူး... ''
သူက သေခြင်းတရားကို ငြိမ်သက်စွာ ခံယူ ခြင်းထက် နောက်ဆုံး အချိန်ထိ တိုက်ခိုက်ပြီး သေရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ကံကြမ္မာကို အခြား သူအား မလွှဲပြောင်း ချင်ပေ။
ထို့နောက်တွင် အံကြိတ် လိုက်ပြီး ဓားကို ဆွဲလိုက် သော်လည်း သူ့ခြေလက် များက၊ ဆန္ဒကို ငြင်းဆန် လာလေပြီ။
'' အရှိန် အဝါနဲ့ ချုပ်နှောင်ခြင်း ပဲ။ ''
သေခြင်း တရားနှင့် ရင်ဆိုင်ရပြီးနောက် သူ၏ ကြောက်ရွံ့မှုသည် ရပ်တန့်သွား သည်ကို အံ့သြစွာ သတိထားမိ လိုက်သည်။
ရုတ်တရက် သူ၏ စိတ်ထဲ၌ နတ်ကျား တစ်ကောင် ထွက်ပေါ် ဟိန်းဟောက် လာခဲ့သည်။ အဆိုပါကျား ထွက်ပေါ် လာပြီး နောက်၊ လင်းယွန်အား ဖိနှိပ်ထားသော အစွယ်ရှည် ကျား၏ အရှိန်အဝါသည် ပါးလျ ပျောက်ကွယ် လာသည်။
'' ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ ဝေနေ တယ်။ ''
ယခုအကြိမ်၌ သူ၏ခန္ဓာသည် သူ့ဆန္ဒနှင့် ညီညွတ်လာခဲ့ပြီး၊ လင်းယွန်က ဓါးကို ဆွဲထုတ်လိုက်ကာ အစွယ်ရှည်ကျားထံသို့ ခုတ်ချလိုက်သည်။
သို့သော်လင်းယွန်၏ ဓါးသည် အစွယ်ရှည် ကျား၏ လှုပ်ရှားမှုကို ခဏသာ ရပ်တန့်စေနိုင် ခဲ့ပြီး၊ ၎င်းသည်ပင် လင်းယွန်အား ငရဲ တံခါးဝ မှနေ ပြန်လည် ဆွဲထုတ် နိုင်ခဲ့သည်။
အစွယ်ရှည်ကျား၏ ရိုက်ပုတ်မှုကို မဆိုင်း မတွပင် ရှောင်တိမ်း လိုက်ရသည် ဖြစ်ရာ လင်းယွန်၏ နတ်သစ်သား ဓါးသည် လက်မှ လွင့်စင် သွားသည်။
''.........''
လူနှစ်ဖက်စာ အရွယ်ရှိသည့် သစ်ပင်ကြီးသည် အစွယ်ရှည် ကျား၏ တိုက်ခိုက် ခံရမှုကြောင့် ကျိုးပဲ့သွား ခဲ့သည်။
အစွယ်ရှည် ကျားသည် သူ၏ တိုက်ခိုက်မှု မထိရောက် သောကြောင့် ဒေါသထွက်လာ သည်။ သူက အမြန် ပြန်လှည့် လိုက်ပြီး လင်းယွန်ကို နောက်တစ်ကြိမ် ထပ်မံ ခုန်အုပ် လိုက်လေ သည်။
လင်ယွန်က သူ၏ဓါးကို လက်လွှတ် လိုက်ရ ပြီးနောက် ကျားရိုင်း လက်သီး(၁၈) ကွက်ကို အသုံး ပြုရန် ဆုံးဖြတ် လိုက်သည်။
ကျားရိုင်း လက်သီး နည်းစနစ်သည် သူ၏ ကျွမ်းကျင်မှု အရှိဆုံး နည်းစနစ် တစ်ခုပင်။
'' ဟိတ်.........''
" ဝေါင်း..........''
" ဘန်း ..........."
လက်သည်းနှင့် လက်သီးတို့ထိမိပြီးနောက် လင်းယွန်သည် ဆယ်မီတာ အကွာသို့ လွင့်ထွက် သွားသည်။ ထို့ပြင် သူက အရှိန်ကို သပ်ဖို့ရန် ခြေလှမ်း သုံးလှမ်း ထပ်မံ ဆုတ်ခွာ လိုက်ရ သည်။
သို့သော် လင်းယွင်သည် ပြုံးလိုက်၏။ သူက 'ယန်စွမ်းအား သန့်စင်ခြင်း' နည်းစနစ်ကို အသက် သွင်းကာ၊ စွမ်းအင် စီးကြောင်းအား အပ်စိုက်မှတ် များကို ဖြတ်၍ သူ့လက်သီး၌ ယန်စွမ်းအင်များ စုရုန်းလာစေ ခဲ့သည်။
၎င်းသည် လင်းယွန်၏ ရုတ်တရက် စိတ်ကူး ဖြစ်ပြီး ထိုအရာသည် သူ့အား အံသြသင့် မှုကို ယူဆောင် ပေးခဲ့သည်။
သူက ထိုရလာဒ်ကြောင့် တိုက်ပွဲဝင်စိတ်များ မြင့်တက် လာလျက် အစွယ်ရှည် ကျားကို ရင်ဆိုင် တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သည်။
ကျားရိုင်းလက်သီးနှင့်တွဲ၍ ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော် အသုံးပြု ခြင်းသည် လင်းယွန်အား ယုံကြည်ချက် ပိုရှိလာ စေသည်။
အခြေခံ တည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိ ခဲ့ပြီးနောက် ပထမဦးဆုံး အကြိမ် ပြင်းထန်သော တိုက်ပွဲ ဖြစ်ခဲ့သည် သာမက သေ-ရှင် တိုက်ပွဲ ဖြစ်သည် အထိပင် ဖိအား ပေးခံ လိုက်ရသည်။
အစွယ်ရှည်ကျား၏ နတ်ဆိုးအရှိန်အဝါကို ဆန့်ကျင်ရန် သူ၏စိတ်ဝိညာဉ်နယ်မြေထဲ၌ နတ်ကျားသည် အချိန်ပြည့် ဒေါသတကြီး လှည့်ပတ် ဟိန်းဟောက်နေခဲ့သည်။
'' .................. ''
ရုတ်တရက် လင်းယွန်က တိုက်ပွဲအတွင်း သူ၏ 'ကျားရိုင်းလက်သီး(၁၈)ကွက်'အား ပြီးပြည့်စုံခြင်း အဆင့်ထိ ပြီးမြောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
တစ်စုံတစ်ယောက်သည်သာ လင်းယွန်၏ ဆုံးဖြတ်ချက်ကို ကြားမိပါက သွေးအန် သွားနိုင်သည်။
'အစွယ်ရှည်ကျား'အား ဓါးသွေးကျောက် တစ်တုံးလို အသုံးပြုခြင်းသည် မိုက်မဲသည့် လုပ်ရပ်သာ ဖြစ်ပေသည်။ ၎င်းသည် အမည်ခံ နတ်ဆိုးသားရဲ တစ်ကောင်းပင် မဟုတ်ပါလော။
လင်းယွန်က တိုက်ပွဲ'စ'သည်နှင့် ခုခံကာကွယ် ခဲ့သော်လည်း၊ တိုက်ပွဲ၏ အုပ်စီးမှုသည် ဖြည်းဖြည်းချင်း ပြောင်းလဲ သွားခဲ့သည်။
လက်သီးနှစ်ဘက်မှာ နာကျင်ကိုက်ခဲ နေခဲ့ပြီး၊ သူ့၏ အရှိန်အဝါသည် ပိုမို ပြင်းထန် လာလျက်၊ အစွယ်ရှည် ကျားမှ ဖိအားကို ခုခံ လာနိုင် ခဲ့သည်။
ခြေတစ်လှမ်းဆုတ်ပြီးနောက် သူ့ခန္ဓာ ကိုယ်ကို နှိမ့်ချ လိုက်ပြီး ကျားရိုင်း လက်သီး (၁၈) ကွက် ၏၊ (၁၆)ကွက် မြောက်ကို ထုတ်ဖော် ခင်းကျင်း လိုက်သည်နှင့် တပြိုင်နက်၊ လင်းယွန်၏ လက်မောင်းရိုး များသည် အက်ကွဲ လာကာ၊ အရိုးမြည်သံ သဲ့သဲ့ကို ထုတ်ဖော် နေခဲ့သည်။
'' တောဘုရင် ၏ ဒေါသ ''
ပြင်းထန်သည့်တွန်းအားကြောင့် အစွယ်ရှည် ကျားမှာ နောက်ပြန် လွင့်စင်ထွက်သွား ခဲ့သည်။ ၎င်းသည် ဤတိုက်ပွဲ အတွင်း လင်းယွန်၏ ပထမဆုံး အကြိမ် တိုက်ခိုက်ခွင့် ရရှိခဲ့သည့် အခွင့် အရေးပင်။
'' တောတောင် တခွင် အမဲလိုက်ခြင်း ''
တစ်ဆက်တည်းမှာပင် ထိုအခွင့်အရေးအား ဆုပ်ကိုင်လျက် လေထဲသို့ ခုန်ပျံတက် လိုက်ပြီးနောက် သူ၏ လက်သီး နောက်မှ ပြင်းထန်သော လေပြင်း တစ်ခုနှင့် အတူ ပြန်ထရန် ရုန်းကန် နေသော အစွယ်ရှည် ကျားကို ထိုးချ ပစ်လိုက်သည်။
ယင်းအရာတွင် လင်းယွန်၏ တစ်ကိုယ်လုံးရှိ သွေးများ ပွက်ပွက်ဆူ လာခဲ့ပြီး သူ့ရင်ဘတ်၌ မီးတောင် တစ်ခု ပေါက်ကွဲရန် စောင့်ဆိုင်း နေခဲ့ရ သလို ခံစားလိုက် ရသည်။
'' သားရဲ တစ်ရာ သုတ်သင်ခြင်း ''
ထိုခံစားချက် ဖြစ်ပေါ် ခဲ့ပြီးနောက် မဆိုင်း မတွပင် သူ၏ အပြင်းထန်ဆုံး လှုပ်ရှားမှုကို ထုတ်ဖော် လိုက်သည်။
အစွယ်ရှည်ကျားသည် မတ်တပ် ရပ်ရန် ရုန်းကန် နေလျက်မှ လင်းယွန် အား မြင်လိုက် သည့် အခါ၊ မျက်လုံး များ၌ ကြောက်လန့် မှုများ ထင်ဟပ် လာခဲ့သည်။
၎င်းသည် အဆိုပါ လင်းယွန်၏ တိုက်ခိုက် မှု၌၊ သူ့အား သတ်ရန် လုံလောက်သည့်၊ အင်အားများ ရှိနေ သည်ဟု ခံစားမိ သောကြောင့် ဖြစ်ပေသည်။
လင်းယွန်၏ လက်သီးသည် အစွယ်ရှည် ကျားနှင့် မထိခင် စက္ကန့်ဝက်ခန့် အလို၌ သူ၏ စိတ်ထဲရှိ နတ်ကျားမှာ၊ ပြင်းပြင်း ထန်ထန် ဒေါသ ထွက်လာ ခဲ့ပြီး တစ်စုံ တစ်ရာအား ဟိန်းဟောက် ထုတ်လိုက် လေသည်။
၎င်းသည် ဓါးတစ်လက်နှင့်တူသည့် ခံစားချက်ကို ပေးခဲ့သော်လည်း၊ လင်းယွန်က ထိုအရာအား ရှင်းရှင်းလင်းလင်း မသိရှိခဲ့ချေ။
'' ဘောင်း ... ''
အဆုံးတွင် လင်းယွန်၏လက်သီးသည် အစွယ်ရှည် ကျားအား ထိကပ် ပေါက်ကွဲ သွားခဲ့၏။ ထို့နောက်တွင် ခေါင်းမရှိသည့် ကျား၏ ခန္ဓာသည် တဆက်ဆက် တုန်ယင် နေသည်ကို ကြည့်လျက် သူက အံသြမင်သက် သွားခဲ့ လေသည်။
***