စီနီယာအစ်ကို...မင်းရဲ့ဓား။
Vol. 1 Ch. 9
လင်းယွန်သည် အစွယ်ရှည်ကျား၏ ရုပ်အလောင်းကို စူးစိုက် ကြည့်နေသည်။ သူသည် ယခင်က သားရဲတစ်ရာ သုတ်သင် ခြင်းကို လေ့ကျင့်ခဲ့ သော်လည်း ဤသို့ရလဒ်မျိုး မပေးခဲ့ဖူးပေ။ သူက စိတ်ရှုပ်ထွေးသွားသည်။
သားရဲတစ်ရာသုတ်သင်ခြင်းသည် လက်သီး ထိုးချက် တစ်ခုသာဖြစ်ပြီး ဓားဒဏ်များအား မည်ကဲ့သို့ ထုတ်လွှတ် နိုင်ခဲ့သနည်း။
"လက်သီး နဲ့ ဓား ...လား.....၊ ဒါက ကျောက်စိမ်း စာလိပ်ကြောင့်ပဲ၊ ဘယ်လောက် တောင် ဆန်းကြယ် လိုက်သလဲ။ ''
'' ငါ့ရဲ့ ကျားရိုင်းလက်သီး(၁၈)ကွက်ကို အသွင်ပြောင်း နိုင်ခဲ့တာလား၊ ငါ ...ဂိုဏ်းပြန် ရောက်ရင် ဒါကို ဆုပ်ကိုင်မိဖို့ လိုလိမ့်မယ်။ ''
ပုံမှန်အားဖြင့် လင်းယွန်သည် အမည်ခံ နတ်ဆိုး သားရဲ တစ်ကောင်ကို ဆန့်ကျင်ရန် အခွင့်အလမ်း မရှိပေ။ သူ့အတွက် အမည်ခံ နတ်ဆိုး သားရဲ၏ အော်ရာကို ခုခံယုံ နှင့်ပင် အရည် ပြားများ ကွဲအက် စုပ်ပြဲသွား ပေလိမ့်မည်။
ရုတ်တရက် လင်းယွန်၏ မျက်လုံးများ တုန်ခါ သွားခဲ့သည်။ အစွယ်ရှည် ကျား၏ ရင်ဘတ်မှ စွမ်းအင် အနည်းငယ် စိမ့်ထွက် လာသည်။
"သားရဲ အမြုတေ ၊ အိုး ... ငါ ကံကောင်း တယ်၊ နတ်ဆိုး သားရဲတိုင်း မှာတောင် အမြုတေ ဖွဲ့တည်ဖို့ မစွမ်းဖူး၊ ဒီ... အမည်ခံ သားရဲက သားရဲ အမြုတေကို ဖွဲ့စည်း နိုင်ခဲ့ တာပဲ။ ''
နတ်ဆိုးသားရဲတစ်ကောင်သည် အမြုတေ တစ်ခုကို ဖွဲ့စည်း နိုင်ပါက၊ ၎င်းတို့သည် ကျင့်ကြံ မှုများ ပြုလုပ် လာနိုင်ကာ၊ နဂါးများလို ရှင်သန် လာနိုင် ပေမည်။
ဥပမာအားဖြင့်၊ အစွယ်ရှည်ကျား၏ ခွန်အားသည် အခြေခံတည်ဆောက်ခြင်း၏ စတုတ္ထအဆင့် အထွတ် အထိပ်တွင်ရှိပြီး၊ ပဉ္စမ အဆင့်သို့ ချဉ်းကပ် နေခဲ့သည်။
သူသည် အမြုတေတစ်ခု ဖွဲ့စည်း လိုက်သည့်အခါ၊ အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမ အဆင့်၊ သတ္တမ အဆင့်တို့သာမက၊ ဒသမ အဆင့်ကိုပင် ဖြတ်ကျော်ကာ ရှန်ရှင်း ဘုံသို့ ခြေချသွား နိုင်ပေ သည်။
ရှန်ရှင်းဘုံသည် လူသား ကျင့်ကြံသူ တိုင်းပင် ဆုပ်ကိုင် နိုင်သည့် နယ်ပယ် မဟုတ်ပေ။ လင်းယွန်၏ မှတ်ညာဏ်များအရ ဆိုပါလျှင် 'မိုးကောင်းကင် နိုင်ငံ' တစ်နိုင်ငံ လုံး၌ပင် တစ်ယောက် ရှာမတွေ့ နိုင်ပေ။
"ငါသာ ဒီနေ့ ကံမကောင်းခဲ့ရင်၊ ဟောဒီ မိုးထိတောင်ပေါ်မှာ နတ်ဆိုးသားရဲဘုရင်တစ်ပါး မွေးဖွားလာနိုင်လိမ့်မယ်။ "
လင်းယွန်၏ မျက်လုံးများသည် တုန်လှုပ်လျက် အသိမှတ်ပြုလိုက်သည်။ စိတ်ဝိညာဉ်သစ်သီးကို စားသုံးပြီးနောက် အစွယ်ရှည်ကျားသည် သူ့၏ အမြုတေကို သန့်စင်ချင်ပုံရသည်။ "
အမည်ခံနတ်ဆိုးသားရဲတစ်ကောင်၏ အမြုတေသည်ပင် သိသိသာသာ တန်ဖိုးရှိသည် ဖြစ်ရာ၊ ၎င်းနှင့် နှိုင်းယှဉ်ပါက လွန်ခဲ့သည့် သုံးရက်အတွင်း သူ့၏ ရိတ်သိမ်းမှုသည် အမှိုက်များသာ ဖြစ်ပေသည်။
လင်းယွန်က သူ့အတွေးကို ရပ်လိုက်ကာ သားရဲ အမြုတေကို အလျင်အမြန် စတင် ထုတ်ယူ လိုက်သည်။
သားရဲအမြုတေမှ စွမ်းအင် ယိုစိမ့်မှုများ ရပ်တန့်သွားပြီးနောက် အလင်းရောင်သည် ပျောက်ကွယ် သွားပြီး၊ ၎င်းသည် သာမန် ကျောက်တုံး ကဲ့သို့ ဖြစ်တည် လာခဲ့ လေသည်။
သို့သော် ထိုကျောက်တုံးအား ဆုပ်ကိုင် ကြည့်ပါက အားကောင်းသည့် စွမ်းအင် အရှိန် အဝါကို ရှင်းရှင်း လင်းလင်း ခံစားနိုင် လေ၏။
သားရဲအမြုတေကို ဂရုတစိုက်သိမ်းဆည်း လိုက်ပြီး၊ အစွယ်ရှည်ကျား အသေကောင်ကို ကောက်ယူရန် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သွားစွယ်အချို့ကို ဖြတ်တောက်ရန် ဓားရှည်ကို အရင်ကောက်ယူ လိုက်ပြီးနောက်၊ သူ့မျက်နှာ ပေါ်တွင် အရှက်တရားကို ခံစား လိုက်ရသည်။
ဓားသမား တစ်ယောက်သည် သူ့၏ဓါးကို ဆုံးရှုံး လိုက်ရ သည်မှာ ရှက်စရာ ကောင်းလှ ပေသည်။
'' ............. ''
ဓားကို သိမ်းဆည်း လိုက်သည့်အခါ လင်းယွန် သည် သူ၏ ဦးတည်ရာသို့ ချဉ်းကပ် လာသော ခြေသံ များကို ကြားလိုက် ရသည်။ ထိုအသံများ အရ ယင်းသည် လူတစ်စု၏ ခြေသံများ ဖြစ်လေ သည်။
သူက မျက်မှောင်ကျုံ့လိုက်သည်။ ခဏအတွင်း မှာပင် မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ ပြင်ပ တပည့် တစ်စုသည် သူ၏ အမြင် အာရုံ ထဲသို့ ၀င်ရောက် လာတော့သည်။
ထိုသူတို့၏ခေါင်းဆောင်သည် ပြင်ပတပည့် ချင်းရှောင်ဖြစ်ပြီး လင်းယွန်၏ ဓာကျွန်ဘဝ၌ အဆိုပါ တပြည့်၏ ဓါးကို ထိန်းသိမ်းမှု လုပ်ဆောင် ပေးခဲ့ ဖူးလေသည်။
" အိုး....တကယ့် အမည်ခံနတ်ဆိုးသားရဲ တစ်ကောင်ပဲဟေ့၊......ကြည့်စမ်း သူ့ရဲ့ ရင်ဘတ်ကို ဖွင့်ခံထားပုံအရဆို သားရဲ အမြုတေပဲ ဖြစ်ရမယ်။ ''
ချင်းရှောင်က သူ့အမြင်ကို ထုတ်ဖော်ရေရွတ်လိုက်သည်။ သူတို့ က လင်းယွန် ကို အကြည့်တစ်ချက် ထက်ပိုပြီး ဂရုမပြုကြပေ။
ထိုအရာသည် ဓါးကျွန်တစ်ယောက် စွမ်းဆောင် နိုင်သည့် အရာဟု ထင်ထား ပုံမရချေ။
' တစ်ယောက်ယောက်က တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်း အထန် ရသွားပုံပဲ၊ သူက သားရဲ အမြုတေကို ထုတ်ယူပြီး ချက်ချင်း ထွက်ခွာ သွားပုံ ရတယ်။ သားရဲ အသေကောင်ကို ယူဖို့ အချိန်မရ ခဲ့တာလား "
ချင်းရှောင်က ပတ်ဝန်းကျင်ကို မျှော်ကြည့်လိုက်သည်။ သူက တစ်ခုခုကို စဥ်းစားဆုံးဖြတ်နေဟန် ငြိမ်သက်သွား၏။
" စီနီယာ အစ်ကိုချင်း၊.. ငါတို့ သူ့ကို လိုက်ရှာ ရမလား။ ''
အဖွဲ့ထဲမှ တစ်ယောက်က ချင်းရှောင်၏ အတွေးကို ခန့်မှန်းသိရှိနေပုံဖြင့် မေးလာသည်။
'' သူ....ထွက်သွားတာကြာပြီ..ထင်တယ်။ ''
ချင်းရှောင်သည် လင်းယွန်ဆီသို့ လှည့်လာ ပြီး၊
"မင်းက....ငါတို့ထက် အရင် ဒီကိုရောက် ခဲ့ပုံရတယ်၊ တစ်ယောက်ယောက် ဖြတ်သွား တာကို မင်းတွေ့ လိုက် လား။ ''
လင်းယွန်က ချက်ချင်းနားလည်လိုက်သည်။ အမည်ခံနတ်ဆိုးသားရဲကို သတ်ခဲ့သူမှာ လင်းယွန် ဖြစ်သော်လည်း၊ ချင်းရှောင်၏ မျက်လုံး ထဲတွင် လင်းယွန်သည် ဓားကျွန် တစ်ယောက်သာ ဖြစ်သည်။
ဓါးကျွန် တစ်ယောက်သည် အမည်ခံ နတ်ဆိုး သားရဲကို မည်သို့ အနိုင်ယူ နိုင်မည်နည်း။
" မတွေ့ ပါဖူး.... "
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေလိုက် သည်။
"ဟမ်.... အသုံးမကျတဲ့ အမှိုက်.. ဒါဆို ငါ့ရှေ့ ကနေ ထွက်သွားစမ်း "
ချင်းရှောင်၏ မျက်လုံးများ၌ အထင်သေး ရှုံ့ချဟန်ဖြင့် လင်းယွန်ကို မောင်းထုတ် လိုက်သည်။ သူ့အမြင်တွင် လင်းယွန်သည် သည်နေရာသို့ မတော်တဆ ရောက်ရှိလာပြီး ကံကောင်းမှု လာရှာ သူတစ်ယောက်ဟု ယူဆ ထားသည်။
ဓါးကျွန် တစ်ယောက် အတွက် အမည်ခံ နတ်ဆိုး သားရဲ အသေကောင်သည် မြင့်မားသည့် ရတနာ တစ်ခု ဖြစ်သည် မဟုတ် ပါလော။
လင်းယွန်က စိတ်ထဲတွင် ကျေနပ်ခြင်းကို ဖုံးဖိလျက် ထွက်ခွာ ရန်ပြင် လိုက်သည်။ ထိုသို့ မောင်းထုတ် လာခြင်းသည် လတ်တလော သူ အဖြစ် ချင်ဆုံး ဆန္ဒတခုပင်။
ချင်းရှောင် သည် အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်၌ ရှိနေခဲ့ပြီး ကျန်သူ အားလုံးသည် စတုတ္ထ အဆင့်တွင် ဖြစ်သည်။
ထို့ကြောင့် လင်းယွန်သည် သူတို့၏ အာရုံကို ရယူမိပြီး၊ သူတစ်ယောက် တည်းနှင့် ခုခံ ကျော်ဖြတ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။
'' နေဦ ........''
သို့သော် ခြေလှမ်းအနည်းငယ် အတွင်း သူဆန္ဒသည် မပြည့် ဝကြောင်း သိလိုက်ရပြီး၊ သူက သက်ပြင်းချ လိုက်သည်။
ချင်းရှောင်က ရုတ်တရက်ဟန့်တားလိုက်ပြီး သူ၏ ဓားကို လင်းယွန်ထံသို့ အရှိန်ဖြင့် ပစ်ပေး လိုက်သည်။ ဓားသည် လင်းယွန် ၏ ခြေထောက်ကြား မြေပြင်တွင် စိုက်လျက် တုန်ခါနေခဲ့၏။
" မင်း..ဒီမှာရှိနေတာ ကောင်းတယ်။ ငါပြန်လာတဲ့ အထိ ငါ့ဓားကို ထိန်းသိမ်းပြု ပြင်ပြီး ဓားထိန်းသိမ်းရေး ခန်းမက စောင့်နေပါ။ ''
"..တောင်းပန်ပါတယ်၊ ငါက ဓားကျွန် တစ်ယောက် မဟုတ်တော့ ပါဘူး၊ စီနီယာ အစ်ကို ချင်း "
လင်းယွန်က ညှင်သာစွာ ငြင်းဆိုလိုက်သည်။
" အိုး...ဒါလည်း အဆင်ပြေပါတယ်။ စိတ်မပူနဲ့၊ ငါ မင်းကို ဒီအတွက် အမည်ခံ နတ်ဆိုး သားရဲရဲ့ ဝေစု နည်းနည်းကို ပေးမှာပါ။ ''
လင်းယွန်၏ အမူအရာသည် ဒေါသဖြင့် တောက်ပ လာသည်။ အမည်ခံ နတ်ဆိုးသားရဲ သည် သူ့အပိုင် ဖြစ်သည်။
၎င်းသည် သူ့အတွက် အခကြေးငွေ အဖြစ် ခိုင်းစေရန် တွေးတော ခြင်းသည် သူ့ အောက်စည်းကို ထိပါးခြင်း မည်၏။
" ဟားဟားဟား ဒီဓားကျွန်က သဘော ထားကြီး ပုံရတယ်။ စီနီယာ အစ်ကို ...ငါတို့ သူ့ကို သင်ခန်း စာပေး လိုက်မယ် ''
"ဟေ့.. မလုပ်နဲ့ စီနီယာအစ်မဆုကို မျက်နှာသာ ပေးရမယ် ခွေးကို ရိုက်ချင် သူ့သခင် မျက်နှာ ကိုတော့ ကြည့်ပါ။ ''
." ဒီဓားကျွန်က စီနီယာ အစ်မဆုကို သတင်း ပို့ပြီး ငိုယို မှာကို ငါသိ နေတယ်။ "
" ဟားဟားဟား "
လင်းယွန်က ဆုစီယာအား ချစ်ခဲ့ သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ၎င်းသည် ဂိုဏ်းတွင် ကြီးမားသည့် ဟာသ တစ်ခုသာ ဖြစ်ခဲ့သည်။
ဆုစီယာသည် ဂိုဏ်း၏ ပုလဲရတနာ ဖြစ်ပြီး လင်းယွန်သည် ဓါးကျွန် တစ်ယောက်သာ ဖြစ်သည် မဟုတ် ပါလော။
" ဓါးကျွန် ... ငါက ရိုက်ပုတ်တတ်တဲ့ အကျင့် မရှိဘူး။ မင်းလို ဓါးကျွန်ကို ရိုက်နှက် တာက ငါ့ဂုဏ်သတင်း အတွက် အကျိုးရှိမှာ မဟုတ်ဘူး။ ငါ့ဓားကို ထိန်းသိမ်းပါ၊ ငါမင်း အတွက် စီနီယာ အစ်မဆုကို ပြောပေး နိုင်ပါ တယ်။ "
ချင်းရှောင်က နောက်ပြောင် လှောင်ရယ် လိုက်သည်။
သူတို့အဖွဲ့သည် ရယ်မောကာ လင်းယွန်ကို အေးစက်စွာဖြင့် အကဲခတ်နေခဲ့သည်။ လင်းယွန်က သက်ပြင်းချကာ ချင်းရှောင်၏ ဓားကို ကောက်ယူလိုက်သည်။
".........."
ဓား၏ ကိုယ်ထည်မှာ၊ တုန်ခါသွားပြီး ကြက်သွေးရောင် အလင်းတန်း များသည် လေထု ထဲသို့ စိမ့်ဝင် လာသည်။ ဓားရှည်၏ ကိုယ်ထည် ပေါ်တွင် တိမ်တိုက် တစ်ခုသည် ရေလှိုင်း သဏ္ဍန် မျော့လွင် နေ၏။
၎င်းသည် တစ်ချက် ကြည့်လိုက် သည်နှင့်ပင် အလွန် ထက်မြက်သည့် ဓားကောင်း တစ်လက် ဖြစ်ကြောင်း သိနိုင်သည်။
ရက်အနည်းငယ် အတွင်း ဓါးသည် သတ်ဖြတ် ခြင်း၌ အသုံး ပြုထား ခဲ့ကြောင်း၊ သွေးများ စွန်းထင်းလျက် သက်သေ ခံနေသည်။
" ဓါး ကောင်းတစ်လက်ပဲ။ ''
လင်းယွန်က အသိအမှတ် ပြုလိုက် မိသည်။ ဤဓားသည် ဂိုဏ်း၌ပင် ရှားပါးလှပြီး၊ ဓါးကောင်း တစ်လက် အဖြစ် စာရင်းဝင် ပေမည်။
၎င်းသည် ' တော်ဝင် လက်နက် တစ်ခု' မဟုတ် သော်လည်း 'တော်ဝင်လက်နက်' နယ်ပယ် သို့ရောက် လုနီးနီး လက်နက်ကောင်း တစ်ခု ဖြစ်သည်။
" သတိ ထားပါ။ ငါ့ဓားက ဈေးကြီးတယ်။ ဒီဓါးကို ဝယ်ဖို့ ငါ့ရဲ့တစ်နှစ်ခွဲ နီးပါး ဝင်ငွေကို အသုံး ပြုခဲ့ ရတယ်၊ "
ချင်းရှောင်က ဂုဏ်ယူ ဝံ့ကြွား စွာဖြင့် လင်းယွန်အား သတိပေး လာသည်။
" ခ ရစ်........"
ချင်းရှောင်၏ စကား မဆုံးခင် ဓားသည် လင်းယွန် လက်ထဲ၌ အက်ကွဲ ကျိုးကျ သွားခဲ့ သည်ဖြစ်ရာ သူ၏ မျက်နှာ ပေါ်ရှိ အပြုံးသည် ပျောက်ကွယ် သွားသည်။
သူ့နှလုံးသားအား စုတ်ဖြဲ သတ်သွားခဲ့သလို ခံစား လိုက်ရ ဟန်ဖြင့် မျက်နှာပြင် ရှုံ့မဲ့လာ၏။ သူ့ဘေးရှိ ပြင်ပတပည့် အားလုံးသည် လင်းယွန်အား အံ့သြတကြီး ကြည့်နေ ကြသည်။
( ဒါဆို လက်နက်တိုက် ထဲမှာ ကျိုးသွားတဲ့ ဓါးတွေက မတော်တဆ မဟုတ် ခဲ့ဖူးပေါ့ )
လင်းယွန် က အံသြမှုကို ဖုံးကွယ်လျက် စိတ်ထဲ၌ တွေးတော နေမိကာ၊
" စီနီယာ အစ်ကို၊ မင်းက အလိမ်ခံခဲ့ရ ပုံပဲ။ "
လင်းယွန်က ဓါးကျိုးကို ဆုပ်ကိုင်ပြီး ရိုးသား ဟန်ဖြင့် ပြောဆို လိုက်သည်။
" ငါ့ ရဲ့ .....တိမ် လွှာ ဓား လေး......"
ချင်းရှောင်သည် အော်ဟစ်လိုက်ပြီး သွေးတစ်လုပ် အန်ချ လိုက်ရသည်။ သူ့မျက်လုံး များသည် ကြက်သွေး ရောင်ပြောင်း သွားပြီး လင်းယွန်ကို အစိမ်း လိုက်ဝါး မျိုချင် နေပုံရ၏။
ထိုတိမ်လွှာဓါးသည် သူ့အတွက် ဂုဏ်ယူဖွယ် ထုတ်ဖော် ပြသ နေခဲ့ရသော ရတနာ တစ်ပါးပင်။ ၎င်းသည် သူ့လက်ထဲ၌ နှစ်လပင် မကြာခဲ့ သေးပေ။
" မင်း... မင်းကို ငါသတ်မယ် "
ချင်းရှောင်က ဒေါသထွက် လာပြီး အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့် အရှိန်အဝါကို အဆုံးစွန်ထိ ထုတ်လွှတ် လိုက်သည်။ သူ၏ အရှိန်အဝါအရ အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်၏ အထွဋ် အထိပ်သို့ ရောက်ရှိရန် ခြေတစ် လှမ်းသာ လိုပေ တော့သည်။
လင်းယွန် သည် အနည်းငယ် အံ့သြသွား သော်လည်း၊ ၎င်းသည် သူ့ အားထိတ်လန့် ကြောက်ရွံ့ မှုကို မပေး နိုင်ခဲ့ပေ။
အဘယ်ကြောင့် ဆိုသော် ၎င်းသည် စွမ်းဆောင် နိုင်သော အကန့်အသတ်ထဲ ၌သာ ရှိနေ သေးသည် ဖြစ်ရာ တည်ငြိမ်စွာ စောင့်ဆိုင်း နေခဲ့သည်။
"..........................."
ချင်းရှောင်က လင်းယွန်ထံသို့ ဦးတည် ပြေးဝင်ကာ နီးတွင် ကျယ်လောင်စွာ အော်ဟစ် လိုက်သည့် သားရဲ အသံ တစ်သံသည် ဟိန်းထွက် လာကာ၊ ပါတ်ဝန်းကျင် အတွင်း၌ သိပ်သည်းသော နတ်ဆိုး အရှိန်အဝါများ ဖုံးလွှမ်း လာလေသည်။
"နတ် ဆိုး သား ရဲ "
ချင်းရှောင်နှင့် ပြင်ပ တပည့် များသည် သိပ်သည်းသည့် နတ်ဆိုး အရှိန် အဝါကြောင့် မျက်နှာများ ဖြူဖျော့ သွားသည်။ သူတို့သည် လင်းယွန်အား တိုက်ခိုက်ရန် သတိမရတော့ပေ။
"...........ဒါပဲ ''
အစွယ်ရှည်ကျား သားရဲ အသေကောင်သည် အခြား နတ်ဆိုးသားရဲ တစ်ကောင်၏ အာရုံကို စွဲဆောင် စေခဲ့သည်။ ၎င်းသည် အခြား နတ်ဆိုး သားရဲများ အတွက် အံ့ဖွယ် အာဟာရ ဖြစ်သည်။
သူတို့သည် သားရဲ အသေကောင်ကို ကောက်ယူရန် အချိန်ဖြုန်း မိသည့် အတွက် နောင်တရ လိုက်မိသည်။
"ဓားကျွန်၊ ဒီနေ့ ငါလက်ကနေ လွတ်တဲ့ အတွက် မင်းကိုယ်မင်း ကံကောင်း တယ်လို့ မှတ်ပါ။ "
ချင်းရှောင်သည်မထွက်ခွာမီ လင်းယွန်အား ကျိန်းမောင်း ချန်ထား ရစ်ခဲ့သည်။ နောက်ဆုံးတော့ သူသည် နတ်ဆိုး သားရဲ တစ်ကောင်အား အသက်စွန့် တိုက်ခိုက်ရန် မဝံ့ စားချေ။
" စီနီယာ အစ်ကိုချင်း ဒီမှာ၊ မင်းရဲ့ ဓား"
လင်းယွန်က ရုတ်တရက် ဓားကို ပြန်ပစ်ပေး လိုက်တာကြောင့် ချင်းရှောင်က ကယောင် ချောက်ခြားဖြင့် လက်ကို ဝေ့ယမ်း ဖမ်းယူ ခဲ့သော်လည်း၊ သူက လေကိုသာ ဖမ်းမိ လိုက်သည်။
လင်းယွန်၏ နောက်ပြောင်မှု အတွက် ဒေါသတကြီး အော်ဟစ် လိုက်ကာ သူ့ကိုယ်သူ လဲကျလု မတတ် ဖြစ်သွားသည်။
သို့သော် သူက လင်းယွန်ကို တိုက်ခိုက် ရန်ထက် ထွက်ပြေး ဖို့သာ ရွေးချယ်ခဲ့ လေသည်။
***