ကျင့်ကြံမှုကို အခြေခိုင်စေခြင်း။
Vol. 1 Ch. 10
' ချင်းရှောင်က ထွက်သွားဖို့ ရွေးချယ်ခဲ့ သည်ကို ကြည့်ပြီး လင်းယွန်က အနည်းငယ် စိတ်ပျက် သွားသည်။
သူက စီနီယာချင်းရှောင် တိုက်ခိုက်လာရန် မျော်လင့်ပြီး လှောင်ပြောင် နှိုးဆွ ခဲ့ခြင်း ဖြစ်သည်။
ထိုမှသာ နတ်ဆိုး သားရဲကို အသုံးပြုပြီး သင်ခန်းစာ ပေးရန် ဆုံးဖြတ် ထား၏။ သို့သော် ထိုဆန္ဒသည် မပြည့်ဝ ခဲ့ချေ။
အစွယ်ရှည်ကျား အသေကောင်သည် အမည်မသိ နတ်ဆိုး သားရဲ ကောင်ကို ဆွဲဆောင် ခဲ့ပုံရသည်။
ထိုသားရဲ၏ အရှိန် အဝါသည် ပိုမိုပြင်းထန် လာကာ လင်းယွန်ကို မသက်မသာ ဖြစ်လာ စေသည်။ သူက အလျှင် အမြန် ထွက်ခွာရန် ရွေးချယ် လိုက်သည်။
သုံးရက် အကြာတွင် လင်းယွန် သည် မိုးကောင်းကင်မြို့သို့ ဝင်ရောက်လာခဲ့သည်။ ဤမြို့၏ အဓိက ငွေစီးကြောင်းသည် ဂိုဏ်းအသီးသီးရှိ တပည့်များပေါ်တွင် မှီခိုသည်။
( မိုးကောင်းကင်မြို့၏ တောင်ဘက်တွင် မိုးပြာရောင်ကောင်းကင်ဂိုဏ်း တည်ရှိသည်။)
လင်းယွန်က စျေးဆိုင်တန်းများကို ရပ်ကြည့်လျက် တွေဝေနေသည်။ လူပင်လယ် ကြီးသည် ဆိုင်များအတွင်း ဥတဟို သွားလာ ဝင်ထွက် နေကြသည်။
သူတို့၏ ဝတ်ရုံများ အပေါ် မူတည်လျက် ၎င်းတို့သည် ဂိုဏ်းအသီး သီး၏ တပည့်များ ဖြစ်သည်ကို သိနိုင်ပေမည်။
ထို့အပြင် ဂိုဏ်းသား တပည့်များ သာမက လမ်းလွဲ ကျင့်ကြံသူ များပါ တိုးဝှေ့နေကြသည်။
လင်းယွန်က နီးစပ်ရာဆိုင်တစ်ဆိုင်ဆီသို့ ဝင်ကာ၊ သူ့အိတ်ကို စားပွဲပေါ် တွင် တင်လိုက် သည်။
ဆိုင်ပိုင်ရှင်သည် အသက်ကြီးကြီး လူတစ်ယောက် ဖြစ်ပြီး သူက လင်းယွန်ကို တစ်ချက် ကြည့်လျက်၊ အိတ်ကို ဖွင့်ချ လိုက်စဉ် အံ့သြမှုကို မဖုံးကွယ် နိုင်ဟန်ဖြင့် ပြုံးလာ လေသည်။
အထူးသဖြင့် 'သံလက်သည်း ဝံပုလွေ' ၏ ခြေသည်း များသည် ရှားပါး လွန်းလှ၏။ 'သံလက်သည်း ဝံပုလွေများ'သည် 'အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်' ခွန်အားကို ပိုင်ဆိုင် ထားပြီး အုပ်စုဖွဲ့ နေထိုင်ကြသည့် သားရဲများ ဖြစ်ရာ မုဆိုးများ အတွက် အမဲ လိုက်ရန် နှစ်ခါပြန် စဉ်းစား ရမည် ဖြစ်ပေသည်။
ထို့ကြောင့် သူ့အတွက် အံ့သြ သည်မှာ မဆန်း လှပေ။ အံ့သြမှု မရှိမှ သာလျင် ထူးဆန်း ပေမည်။
'သံလက်သည်း ဝံပုလွေ' များ၏ ခြေသည်းသည် သံမဏိများ ကိုပင် ခုတ်ဖြတ် နိုင်သည် ဖြစ်ရာ တိုက်ခိုက်ရေး လက်နက်များ ပြုလုပ် ရာတွင် အသုံးပြု ကြသည်။
" ခြေသည်းများ အတွက် ငွေစ (၃၀၀၀)၊ အစွယ်ရှည် ကျားသွား အတွက် ငွေစ (၂၀၀၀)၊ ကျွဲရိုင်း ဦးချိုအတွက် ငွေစ (၉၀၀)၊ ကျန်တဲ့ သားရဲ အင်္ဂါတွေ အတွက် ငွေစ (၁၅၀၀) ဒါက ပုံမှန် စျေးပဲ လူငယ်လေး။ ''
ဆိုင်ရှင်၏ ကမ်းလှမ်း ချက်သည် သူ၏ မျက်လုံးများကို လင်းလက်လာ စေသည်။
"ငါက ငွေစ(၅၀၀)ပဲ ယူမယ်၊ ကျန်တာကို ဒီဆိုင်မှာ အသုံး ပြုခဲ့မယ်"
လင်းယွန်က ခေါင်းညိတ်ပြီး အတည်ပြု လိုက်သည်။
ဆိုင်ရှင်က ပြုံးလိုက်သည်။ ၎င်းသည် သူ့အတွက် မျော်လင့်ထားသည့် အရောင်း အဝယ် တစ်ခု ဖြစ်သည်။ သူဆိုင်မှာ ရောင်းမည်၊ ပြီးလျှင် ပြန်ဝယ်မည်။
ယင်းသည် သူနှစ်ပေါင်း များစွာ အတွင်း ကြုံတွေ့ လာရသည့် ကုန်သွယ် မှုပင်။
"မင်း..ဘယ်လို ဆေးလုံးမျိုး ရှာနေတာလဲ။ ငါရဲ့ ဆေးလုံးတွေက မင်းရဲ့ဂိုဏ်းမှာ သန့်စင် ထားတဲ့ အဆင့်မြင့် ဆေးတွေလောက် မသန့် စင်ဘူး။ ဒါပေမယ့် မင်းကျေနပ် စေရမယ်လို့ ငါယုံကြည်ကြည် အာမခံ နိုင်ပါတယ်။ ''
မိုးပြာရောင်ကောင်းကင်ဂိုဏ်းသည် သူတို့၏ တပည့် များအား ငွေနှင့် ဆေးလုံးများ လစဉ် ထောက်ပံ့ ပေးပေ လိမ့်မည်။
သို့သော် လုံလောက်သည့် ပမာဏ မဟုတ် ခဲ့ပေ။ ဂိုဏ်းမှ လုံလောက်သည့် အရင်း အမြစ်များ ရယူရန် အတွက်မူ၊ အတွင်းတပည့် (သို့) ပြင်ပ တပည့်များ ထဲတွင် ထိပ်ဆုံး အဆင့်ရှိသူ တစ်ဦး ဖြစ်ဖို့ လိုသည်။
"ငါ့ ကို ကြည့်ခွင့်ပြုပါ။''
လင်းယွန်က တောင်းဆိုလိုက်သည်။
ဆိုင်ရှင်က ရရှိနိုင်သည့် ဆေးလုံးများ စာရင်းနှင့် ၎င်းတစ်ခုစီ၏ အကျဉ်းချုပ် ဖော်ပြချက်များ ပါရှိသည့် စာအုပ် တစ်အုပ်ကို ကမ်းပေး လိုက်သည်။
စျေးနှုန်းများသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ လင်းယွန် က ခေါင်းကို ခါယမ်းပြီး၊ ငွေ(၇၀၀၀၀)သည် သူထင် ထားသည့် အတိုင်း များစွာ တန်ဖိုး မရှိခဲ့ပေ။
" ခန္ဓာကိုယ်အာဟာရဖြည့် ဆေးအပင် (၂)ပင်၊ စိတ်ဝိညာဉ် အာဟာရ ဆေးမှုန့် (၂)ထုပ်နဲ့၊ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးအရည် တစ်ပုလင်း ယူမယ်"
ငွေစ (၇၀၀၀)နီး အသုံး ပြုပေမယ့် သူသည် ဆေးပြား လေးပြားနှင့် ဆေးအရည် တစ်ပုလင်းသာ ရရှိ ခဲ့သည်။
ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး တစ်လုံးလျှင် ငွေစ (၁၀၀၀၀) တန်ကြေး ရှိပေသည်။ ထို့ကြောင့် သူသည် စျေးသက် သာသည့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည် ကိုသာ ရွေးချယ် လိုက်ရသည်။
လူတစ်ယောက်သည် အခြေခံ တည်ဆောက်ခြင်း နယ်ပယ်၌ ခန္ဓာကိုယ် သန့်စင်ရန် အတွက် 'ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး'များ လိုအပ်သည်။
ဆိုလို သည်မှာ ကျင့်ကြံခြင်း လောက၌ အဆင့် တိုင်းသည် အဆင့်များ ချိုးဖြတ်ရန် ဆေးလုံး များများ လိုအပ် ပေသည်။
လင်းယွန်သည် ဂိုဏ်း၏ တပည့် များက သူ့အပေါ် လှောင်ပြောင်မှု များကို နောက်ဆုံး၌ နားလည် လိုက်သည်။ ဆုစီယာ၏ ဆုလာဘ် များသည် ဤကဲ့သို့သော စျေးနှုန်း များဖြင့် ဆေးလုံးများ ဖြစ်ခဲ့ရာ သူတို့အများ စုအား မနာလို ဖြစ်ကောင်း ဖြစ်စေ နိုင်ခဲ့သည်။
'' ငါ တနေ့ သူ့ကို ပြန်ပေးဆပ် ရလိမ့်မယ်"
လင်းယွန်သည် သစ်သားတဲသို့ ပြန်လာ ပြီးနောက် သူ၏ ကျင့်ကြံမှုကို စတင် လိုက်သည်။ 'မိုးထိတောင်'ခရီးတွင် သူ၏ ကျင့်ကြံမှုနှင့် သိုင်းပညာ နည်းစနစ်များ ပေါ်တွင် နားလည်မှု များစွာ ရရှိ စေခဲ့သည်။
သို့သော် ထိုအရာကို သူသည် ခိုင်မာအောင် ဆုပ်ကိုင် နိုင်ဖို့ရန် လိုအပ် နေသေးသည်။
သူက ဆေးလုံးတချို့ အား အသုံးပြုကာ ခန္ဓာကိုယ် သန့်စင်ရန် စတင်လိုက်သည်။
..................။
တစ်ချိန်တည်းမှာပင် ဇောင်ပင်းသည် ဒဏ်ရာသက်သာလာသည်နှင့် သူ့အစ်ကို ဇောင်ယန် ထံသို့ ရောက်ရှိနေခဲ့သည်။
'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ' ၌ လင်းယွန် ၏ ရိုက်နှက်မှုသည် ဂိုဏ်းတွင် သူ့မျက်နှာ ပြရန် မဝံ့ ခဲ့ပေ။ ဓားကျွန် တစ်ဦးကို ရှုံးနိမ့် ခဲ့သည့် အမှိုက် တစ်လို ဂိုဏ်းတွင် ပျံ့နှံ့ နေခဲ့သည်။
ဇောင်ယန်သည် အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်၌ ရှိပြီး ပြင်ပတပည့် များတွင် ထိပ်တန်း (၁၀)ဦး စာရင်း အတွင်း ရပ်တည နေသည်။
သူက နှစ်လ အကြာတွင် ကျင်းပမည့် အတွင်း တပည့် ဝင်ခွင့် စစ်ဆေးပွဲ၌ ခရီးပေါက် ရောက်ရန် အတွက် ပြင်ဆင် နေခဲ့သည်။
ထို့ကြောင့် ဇောင်ပင်းအတွက် တစ်စုံ တစ်ယောက်အား လက်စား ချေဖို့ရန် သူ့အချိန် များကို မဖြုန်းတီး နိုင်ချေ။ ထို့ပြင် ၎င်းသည် ဓါးကျွန် တစ်ယောက်ပင် မဟုတ် ပါလော။
"အစ်ကိုကြီး ..... ကျေးဇူး ပြုပြီး ငါ့ကို ဒီတစ်ကြိမ်လောက် ကူညီပါ။ "
ဇောင်ပင်းက ဇောင်ယန်၏ရှေ့တွင် ရှက်ရွံ့စွာ ခေါင်းငုံ တောင်းဆိုလိုက်သည်။
ဇောင်ယန် သည် စိတ်ပျက် လက်ပျက်ဖြင့် သူ့ညီငယ်ကို ကြည့်လာသည်။ သူက သက်ပြင်း ချလိုက်ပြီး။
'' ကောင်းပြီ။ ငါ..က မင်းကို တစ်ကြိမ် ကူညီ ပေးမယ်၊ ဒါနောက်ဆုံး ဖြစ်ပါစေ။''
"ကျေးဇူးတင်ပါတယ် အစ်ကို "
ဇောင်ပင်းက ဝမ်းသာအားရ ရေရွတ် လိုက်သည်။
ဇောင်ယန်က အသုံးမကျသည့် သူ့ညီကို မသိမသာ ကြည့်လိုက်သည်။ မိသားစု ဝင်တိုင်းသည် မိသားစု ဝင်သာ ဖြစ်သည်။
ဇောင်ပင်းသည် သူ၏ညီငယ် တစ်ယောက် ဖြစ်သော်လည်း သူက မကြိုက်ခဲ့ပေ။ လူပြက် တစ်ယောက်အား မိသားစုဝင် အဖြစ် မည်သို့ လက်ခံနိုင် မည်နည်း။
နောက်ဆုံး၌ ၎င်းသည် ဓါးကျွန် တစ်ယောက် လက်ထဲတွင် ရှုံးနိမ့်ခဲ့သည့် လူပြက် တစ်ယောက် သာ ဖြစ်သည် မဟုတ် ပါလော။
သူက ရုတ်တရက် အကြံတစ်ခုရလိုက်သည်။ သူ့အချိန် များကို ဖြုန်းတီးစရာ မလိုပဲ၊ ဓါးကျွန်ကို နှိပ်ကွပ်ရန် အတွက် သူ့ကိုယ်စား တစ်စုံ တစ်ယောက်အား ငွေပေးခိုင်း စေရန် ဖြစ်သည်။
ဂိုဏ်း၏ အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲ အတွက်သာ လေ့ကျင့်ရန် သူ့အချိန်ကို အသုံးပြုရ ပေမည်။
သို့မှသာ အတွင်းတပည့် တစ်ဦး ဖြစ်ပြီး နောက်၊ သူ၏ အဆင့် အတန်းသည် ပို၍ ဝေးဝေး ရောက်နိုင် ပေမည်။
***
နှစ်ရက်ကြာပြီးနောက်။ လင်းယွန်သည် ခန္ဓာကိုယ် အာဟာရ ဖြည့်စွက် ဆေးလုံး နှင့် စိတ်ဝိညာဉ် အာဟာရ ဖြည့်စွက် ဆေးလုံးကို စုပ်ယူ သန့်စင် ထားပြီးပြီ ဖြစ်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည် အား မထိရသေးပေ။
ဆေးလုံးများ အကူအညီဖြင့် သူသည် အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်၌ သူ၏ အခြေခံကို ခိုင်မာအောင် စီမံနိုင်ခဲ့သည်။
အထူး သဖြင့် သူ၏ စိတ်ဝိညာဉ်သည် အလွန် သန်မာ ကြီးထွား နေခဲ့ပြီး အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်တွင် ရှိသည့် တစ်စုံ တစ်ယောက်ထက် သာလွန် နေသည်။
ထို့အပြင် သူ၏ 'ယန်'စွမ်းအင်အား သန့်စင် ခြင်းသည် နှေးကွေး သော်လည်း ၎င်းသည် အခြားနည်း စနစ် များထက် ပိုမို အစွမ်းထက် ခဲ့သည် သာမက၊ ခန္ဓာကိုယ်အား သန်စွမ်း လာစေသည်။
လင်းယွန် က ရေအပြည့်ဖြည့်ထားသည့် စည်ပိုင်း တစ်ခုထဲသို့ ခန္ဓာကိုယ် သန့်စင် ဆေးရည် ပုလင်း၏ သုံးပုံ တစ်ပုံကို လောင်းထည့် ပစ်လိုက်သည်။
"........."
ဆေးရည်နှင့် ရေပေါင်းစပ်နေကာ အငွေ့များ တထောင်းထောင်း ရစ်သိုင်း လာသည်။ လင်းယွန် က သူ့ဝတ်ရုံကို ချွတ်လိုက်ကာ ရေစည် ထဲသို့ ဝင်စိမ် လိုက်သည်။
တရှဲရှဲမြည်သံ နှင့်အတူ သူ့အသားများ လောင်ကျွမ်း သွားသည်။ ဆေးသည် လျင်မြန်စွာ သူ့ခန္ဓာနှင့် ပေါင်းစပ် နေခဲ့သည်။ ဆေးရည်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ စိမ့်ဝင်သွားပြီး ကြွက်သား များက ဆက်လက် စုပ်ယူနေကာ အရေပြား များသည် ကွဲအက် လာခဲ့သည်။
ထိုဖြစ်စဉ် အောက်တွင် သူ၏အရေပြား များနှင့် ကြွက်သားများသည် ပြန်လည် ရှင်သန်နေခဲ့သည်။ ၎င်းသည် သူ၏ အာရုံ(၅)ပါးအား ပြင်းပြင်း ထန်ထန် နာကျင်မှုကို ခံစားရစေသည်။
သို့သော် ထိုခံစားရမှုသည် တိုတောင်းပြီး ငါးမိနစ်အတွင်း လုံးဝပြီးဆုံး သွားခဲ့သည်။
" ဒါက ခန္ဓာကိုယ်သန့်စင်ဆေးရည် လေးပဲ၊ ငါ့မှာသာ ခန္ဓာကိုယ် သန့်စင်တဲ့ ဆေးလုံးသာ ရှိရင် အများကြီး ပိုတိုး တက်လာ လိမ့်မယ်။ "
လင်းယွန် က သက်ပြင်းချလိုက်သည်။ သူ၏ အကြည့်သည် ဆေးရည်စည်ပိုင်းကို ဖြတ်၍ သူ့စားပွဲဘေးမှ ပန်းချီကား ပေါ်သို့ ရောက်သွား သည်။
'' ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့ တွေ ဝေနေပြီ။ "
လင်းယွန် သည် မျက်မှောင်ကျုံ့မိသည်။ ဒီပန်းချီကား၏ မူလကို သိဖို့လိုသည်။ ၎င်းသည် 'ကျားရိုင်းလက်သီး(၁၈)ကွက်' ၏ အနှစ် သာရကို အဆင့်တစ်ခုသို့ ပြောင်းလဲစေခဲ့သည်။ 'သားရဲတစ်ရာသုတ်သင်ခြင်း' နှင့် ဓါးချက်ကို ပေါင်းစပ်ပေးခဲ့သည်။
လင်းယွန် သည် ကျောက်စိမ်းစာလိပ် ဆီသို့ လျောက်သွားလိုက်သည်။
"..................."
ကျောက်စိမ်းစာလိပ် အား ဖြန့်ချ လိုက်သည် နှင့် တပြိုင်နက်၊ ကျားတစ်ကောင် ပန်းချီကား ထဲမှ ခုန်ထွက် လာသည်။
သူ့၏ ဒေါသတကြီး ဟိန်းဟောက် လိုက်သံသည် လင်းယွန် နားထဲ၌ ပဲ့တင်ထပ် နေသည်။ ထို့ပြင် ကြောက်စရာ ကောင်းသည့် ဖိအား တစ်ခုကိုပါ ခံစားမိနေ ရ၏။
သို့သော် လင်းယွန် သည် သူ့ကိုယ်သူ အကန့်အသတ်ထိ တွန်းပို့လိုက်ပြီး ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။
ကျားက သူ့ဆီသို့ဦးတည်ပြီး သူ့ဆန္ဒကို ထုတ်လွှတ် နေသည်ကြောင့် ကျောက်စိမ်း စာလိပ်ကို ကိုင်လျက် သူ့လက်များအား ထိန်းချုပ်ရန် ရုန်းကန် နေခဲ့ရသည်။
( ငါးဆယ့်ခုနစ် ... ငါးဆယ့်ရှစ် ... ငါးဆယ့်ကိုး .....)
အဆုံး၌ သူသည် ကျောက်စိမ်းစာလိပ်အား တစ်မိနစ် ထိထိ ဆုပ်ကိုင်ထားနိုင်ခဲ့သည် ။ သို့သော် သူသည် ကျားထံမှ ခြိမ်းခြောက် ခံနေရ ဆဲပင်။ သူသည် ပြိုကျလု ဆဲဆဲ ဖြစ်သည်။
သူသည် ကျောက်စိမ်းစာလိပ်ကို ပိတ်လျက်ပင် ကြမ်းပြင်ပေါ် လဲကျသွားပြီး ချွေးများသည် ရေအိုင် ကဲ့သို့ အိုင်ထွန်း လာခဲ့သည်။ သူ့နှလုံးသည် တုန်လှုပ်လာ၏။
" ဓါး....လား "
ကျောက်စိမ်း စာလိပ်အား ပိတ်မချခင် သူသည် ပန်းချီကား ထဲ၌ ဓားအလင်းကို ခပ်ဖျော့ဖျော့ မြင်လိုက် ရသည်။
သူသည် ဓါးအလင်းကို စက္ကန့်ပိုင်းမျှသာ မြင်ခဲ့ ရသော်လည်း ထိုအရာက သူ့ကို ကြောက်ရွံ့ တုန်လှုပ်စေ လောက်အောင် လုံလောက် ပေသည်။
လင်းယွန် က ကြောက်ရွံ့နေသော်လည်း ထပ်မံဖွင့်ကြည့်ရန် လိုအပ်သည်ကို သိနေသည်။ ကျောက်စိမ်း စာလိပ်ကို နောက်တစ်ကြိမ်မဖွင့်မီ သူက အချိန်အနည်းငယ် ပြင်ဆင်ခဲ့သည်။
ဒါပေမယ့် ဒီတကြိမ်တွင် ဓါးအလင်း ကို ရှာမတွေ့နိုင်ခဲ့ပေ။ ကျားတစ်ကောင်နှင့် ၎င်း၏ ဒေါသ ကိုသာ မြင်နေရသည်။
'' ဒီ ကျောက်စိမ်းစာလိပ် က ရတနာတစ်ခုပဲ၊ အကြိမ်တိုင်း ဆန်းကြယ် နေတယ်၊ သူ့မှာ ငါမတွေ့ နိုင်သေးတဲ့ လျှို့ဝှက်ချက်တွေ ပြည့်နေပုံ ရတယ်။ ဒါကို ထုတ်ဖော်ဖို့ ငါ ရဲ့ ကျင့်ကြံမှုက နိမ့်ကျ နေလို့ပဲ ဖြစ်ရမယ်။ "
သူက ပန်းချီကားကို စားပွဲပေါ် ပြန်သိမ်း လိုက်ပြီး၊
ရေချိုးရန် စည်ပိုင်းထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် သူသည် အဝတ်အစားလဲပြီး အိမ်မှ ထွက်ခွာသွားသည်။
အိမ်အပြင်ဘက်တွင် လင်းယွန် သည် သူ၏ဓားကို ထုတ်ယူ လိုက်ပြီး 'လေဝဲဓါး သုံးကွက်' ကို စတင် လေ့ကျင့်တော့သည်။ သူ၏ ထိန်းချုပ်မှု အောက်တွင် ဓားသည် တိမ်တိုက်များ ကဲ့သို့ 'က' ခုန်နေသည်။
'' ............... ''
ဓားသည် သူနှင့် ပေါင်းစပ်လှုပ်ရှားနေသည်။ သူသည် ကျင့်ကြံမှုကို စွဲလမ်းလာ သည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ချွေးများ ရွဲစို လာသည်။
သူ၏ လေ့ကျင့်မှုပြီးစီးပြီးနောက် လင်းယွန် ကပြင်းပြင်းထန်ထန် အသက်ရှူ ထုတ်လိုက်ပြီး 'မိုးပြာရောင်ကောင်းကင်'ဂိုဏ်းရှိရာ အရပ်သို့ မျှော်ကြည့်လိုက်သည်။
'' ငါ့ရဲ့ လေဝဲဓါး က အတားအဆီးနဲ့ ကြုံနေရပြီ။ ဒါက ယန္တရားခန်းမ ကို သွားဖို့ အချိန်ကျပြီလို့ ဆိုလိုတာ မဟုတ်လား။ ''
***