← Chapters

ငါက လင်းယွန်၊ မင်းရဲ့လမ်းညွှန်မှုကို လက်ခံပါတယ်။

Vol. 1 Ch. 11

ငါက လင်းယွန်၊ မင်းရဲ့လမ်းညွှန်မှုကို လက်ခံပါတယ်။

Vol. 1 Ch. 11

'ယန္တရား ခန်းမ'သည် 'မိုးပြာရောင် ကောင်းကင်'ဂိုဏ်း၌ အရေး ပါသည့် နေရာတစ်ခု ဖြစ်သည်။

၎င်းသည် 'စည်းကမ်း ထိန်းသိမ်းရေး ခန်းမ' အထက် အဆင့်တွင် ရှိနေပြီး မည်သူ မဆို 'ယန္တရား ခန်းမ'ကို အသုံးပြု လိုပါက ကျသင့်ငွေ ပေးချေ ရပေမည်။

'ယန္တရား ခန်းမ'တွင်ရှိသည့် ရုပ်သေး ရုပ်များအား အဆင့်များ ခွဲထားရာ ရုပ်သေး များသည် လေ့ကျင်ရန် အကောင်းဆုံး ပြိုင်ဘက် များပင် ဖြစ်သည်။

ထိုရုပ်သေးများအား အဆင့်လိုက် ကိုယ်ပိုင် အသိညာဏ်များနှင့် အတုယူ တိုက်ခိုက်နိုင် စွမ်းများ ထည့်သွင်း ထားသည်။

ထို့ကြောင့် ယင်းတို့နှင့် တိုက်ခိုက်ခြင်းသည် ကျင့်ကြံမှု တိုးတက်ရန် အတွေ့ အကြုံ များစွာ ရရှိ စေသည်။

လင်းယွန်သည် 'မိုးထိတောင်'ပေါ်တွင် သားရဲများကို ရင်ဆိုင်နိုင် ခဲ့သော်လည်း ၎င်းသည် သားရဲများသာ ဖြစ်ပြီး ကျင့်ကြံသူ များနှင့် ခြားနားချက် ရှိပေသည်။

'ယန္တရားခန်းမ'ကို 'ပြင်ပခန်းဆောင်'နှင့် 'အတွင်း ခန်းဆောင်'ဟူ၍ နှစ်ပိုင်းခွဲထား၏။

'ပြင်ပခန်းမ'သည် အဆင့်နိမ့် ရုပ်သေးများ ဖြစ်ရာ ပြင်ပ တပြည့်များ အတွက် လေ့ကျင့်ရန် အသင့် တော်ဆုံး ဖြစ်ပြီး၊ ၎င်းခန်းမ၌ ပြင်ပ တပြည့် များနှင့် ပြည့်နှက်နေသည်။

'အတွင်းခန်းမ'သည် 'ပြင်ပခန်းမ'ထက် ပိုမိုကျယ်ဝန်း လှသော်လည်း ဝင်ရောက်သူ နည်းပါး လှသည်။ ထိုခန်းမသည် အဆင့်မြင့် ရုပ်သေးများ ဖြစ်သဖြင့် အတွင်းတပည့် ထိပ်သီး အချို့သာ ဝင်ရောက် လေ့ကျင့် နိုင်ပေသည်။

'ပြင်ပခန်းမ'တွင် မည်မျှပင် စည်ကား နေစေကာမူ၊ ပြင်ပ တပည့်များသည် အတွင်း ခန်းမသို့ ခြေချဝံ့ခြင်း မရှိကြပေ။

လင်းယွန် ရောက်လာ သည့်အခါ သူသည် ပြင်ပ တပည့် များစွာ၏ အာရုံ စိုက်မှုကို ရခဲ့ သည်။

" အိုး....."

"...ဓားကျွန် မဟုတ်လား။ သူက ဒီကို ဘာလာ လုပ်တာလဲ သူ့အလုပ်က ဆုစီယာရဲ့ ဓားကို ထိန်းသိမ်း ရမှာ မဟုတ်ဖူးလား "

" ဟမ်.....မင်း မသိသေးဘူးလား၊ ဒီဓားကျွန်က ပြင်ပတပည့်တစ်ဦး ဖြစ်သွားပြီ။ သူက လွန်ခဲ့တဲ့ရက်အနည်းငယ်က ဇောင်ပင်း ကိုတောင် ရိုက်ပုတ်နိုင်ခဲ့တယ်။"

မူလလင်းယွန်သည် သူ၏ ဓါးထိန်းသိမ်းခြင်း စွမ်းရည်ကြောင့် ဂိုဏ်း၌ လူသိများခဲ့သည်။

ထို့ပြင် သူသည် သာမာန် တပည့် အဆင့် မှသည် ပြင်ပ တပည့် အဖြစ် အရည် အချင်း မပြည့်မှီ ခဲ့ရာ၊ ဂိုဏ်းမှထွက်သွားရန် ငြင်းဆန် ခဲ့ပြီး၊ ဂိုဏ်း၏ ကျွန်အဖြစ် ဆက်လက် နေထိုင်ရန်၊ ခေါင်းမာစွာ ရွေးချယ် ခဲ့သူလည်း ဖြစ်သည်။

ပို၍ထင်ရှား စေသည့် အချက်မှာ စီနီယာ အစ်မဆု အပေါ် သူ၏ ခံစားချက်များ ကြောင့်ပင် ဖြစ်ပေသည်။

တပည့်အားလုံးသည် သူတို့၏ နတ်ဘုရားမ အတွက် လင်းယွန်ကို သတ်ဖို့ရန် ဝန်မလေး ကြပေ။ သူတို့၏ အသည်းကို ရက်ရက် စက်စက် စားသုံး နေသည့် လူယုတ်မာ တစ်ကောင်လို မုန်းတီး နေကြသည်။

သို့သော် သူတို့၏ နတ်ဘုရားမသည် သည်ဓါးကျွန်အား မျက်နှာသာ ပေးခဲ့ သည့် အပြင်၊ ရာပေါင်း များစွာသော ဆေးဝါးများ ကိုပင် နှစ်နှစ် တိတိ ထောက်ပံ့ ပေးခဲ့သည်။ ၎င်းသည် လင်းယွန်အပေါ် ပို၍ မနာလို မုန်းတီး မိစေသည်။

"ဒီ...ခွေးငယ်လေးက ပြင်ပတပည့် ဖြစ်လာပြီး ရက်အနည်း ငယ်လောက် လေ့ကျင့် လိုက်တဲ့နောက် ယန္တရား ခန်းမကို လာဖို့ အဆင့် မှီပြီလို့ ထင်နေ တာလား။ "

" သူက ငါးကွက်အတွင်း ရှုံးနိမ့်မယ်ဆိုတာ ငါပြောနိုင်တယ်။ "

" ငါးကွက်လား မင်းက နည်းနည်း အထင်ကြီး နေသလိုပဲ၊ သူအတွက် သုံးကွက် နဲ့တင် လုံလောက် နေပြီ။ ''

ပြင်ပတပည့် များသည် လင်းယွန် အပေါ် အထင် သေးစွာဖြင့် အလောင်း အစားများ စတင် ပြုလုပ် ခဲ့ကြသည်။

လင်းယွန်သည် ထိုအခြေ အနေအား မသိ ရှိခဲ့ပဲ၊ 'ပြင်ပခန်းမ'၏ လေ့ကျင့်ရေး စင်မြင့် ပေါ်သို့ ခုန်တက် လိုက်သည်။

စင်မြင့်ပေါ်သို့ ခြေတစ်လှမ်း ချမိ သည်နှင့် တိုက်ပွဲဝင် ရုပ်သေးသည် အသက်ဝင် လာကာ၊ သူ့အား ဓားဖြင့် ခုတ်ပိုင်း လာသည်။

"........."

ရုပ်သေးရုပ်များသည် ရှားပါးသည့် နတ်သစ်သားဖြင့် သွန်းလုပ်ထားပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းသည် ပေါ့ပါးလျက် လေထုကို ငြင်သာစွာ လှုပ်ရှား စေသည်။

လင်းယွန် သည် ရုပ်သေးရုပ်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံ တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရုပ်သေးရုပ်သည် ယခုလို မြန်မြန် ဆန်ဆန် တိုက်ခိုက် လာလိမ့်မည်ဟု မျှော်လင့် မထားမိပေ။

သူက သူ၏ဓားကို ဆွဲထုတ်ချိန် မရခဲ့ပဲ ဓားအိမ်တပ် လျက်ပင် ကာကွယ် ရိုက်ထုတ် ခဲ့ရသည်။

"...ချွမ်......"

ဓားနှစ်ချောင်း ထိပ်တိုက်တွေ့ ပြီးနောက် လင်းယွန်သည် စင်ပေါ်မှ ပြုတ်ကျလု နီးနီး နောက်ဆုတ် ပေးခဲ့ရသည်။

"...ဟား.....ဟား......ဟား "

ပတ်ဝန်းကျင်၌ ရယ်သံလှိုင်းများ ထွက်ပေါ် လာသည်။ ပြင်ပတပည့်များ အမူအရာ အရ သူတို့သည် လင်ယွန်အား တောသား တစ်ယောက်ကို မြင်နေ ရဟန် အထင်အမြင် သေးလျက် ကြည့်နေ ကြသည်။

"........."

ရုပ်သေးရုပ်သည် အကြင်နာတရားမဲ့စွာဖြင့် ဓားကို နောက်တစ်ကြိမ် ထပ်ခုတ်ချ လာပြန်သည်ကြောင့် လင်းယွန်က သူ၏ 'ယန်စွမ်းအင်'ကို လှည့်ပါတ်စေလိုက်ကာ အလျင်အမြန် ခုခံလိုက်ရသည်။

" ချွ မ်..."

ရုပ်သေးရုပ်၏တိုက်ခိုက်မှုသည် နံရံကို ထိမှန် လိုက်သကဲ့သို့ ပြန်လည် ကန်ထွက် သွားခ ဲ့သည်။ လင်းယွန်၏ ခြေထောက်သည် စင်မြင့် အစွန်းတွင် မြဲမြံစွာရပ်လျက် ကျန်ရစ် ခဲ့သည်။

ရယ်မောခဲ့ ကြသည့် ပြင်ပတပည့်များ သည်ပင် ပါးစပ် ဟလျက် မင်သက် သွားကြ သည်။

လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး လေဝဲဓါးကို စတင်ခင်းကျင်း လိုက်သည်။ ဟန်ချက်ပျက် နေသည့် ရုပ်သေး ရုပ်အား တိုက်ခိုက်ခွင့် မပြုတော့ပေ။

"ဘာလဲ..ဟ..."

'' သူက ခြေတစ်လှမ်းတောင် မဆုတ်ခဲ့ ဖူးလား၊ 'ယန်'စွမ်းအင်ကို သုံးပြီး ခုခံလိုက်ပုံပဲ ''

" ပထမအဆင့် အခြေခံရုပ်သေးနဲ့ရင်ဆိုင်ဖို့ သူ့ယန်စွမ်းအားကို လှည့်ပါတ်ထားတာလား၊ သူ့ 'ယန် စွမ်းအင်'တွေက မကုန်ဆုံး ဖူးလို့ ထင်နေ တာလား၊ သူ့ရှုံးနိမ့်မှုက ပိုမြန်ဆန် လာလိမ့်မယ်။ "

လူတိုင်းက သူတို့၏အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး လင်းယွန်ကို လှောင်ပြောင် လိုက်ကြသည်။ လင်းယွန်ကမူ အာချောင်သော ရှေ့နေ များစွာကို ကြုံတွေ့ ခဲ့ဖူးသည် ဖြစ်ရာ ထူးထွေ စိတ်အနှောက် အယှက် ဖြစ်မနေ ခဲ့ပေ။

ထိုအစား လေထဲ၌ အော်ဟစ် ကြုံးဝါး လိုက်သည်။

" လေ....ဝဲ......... ဓါး "

သူက အကန့် အသတ်မဲ့သော အရှိန်နှင့် အတူ ပေါက်ကွဲ ထွက်သွားသည်။ အကောင်းဆုံး တိုက်စစ်သည် အကောင်းဆုံး ခံစစ်ပင် ဖြစ်သည်။

သိုင်းကွက်(၂၀)အတွင်း အနိုင် ယူရန် ဆုံးဖြတ် ထားပြီး ပြင်းပြင်း ထန်ထန် တိုက်ခိုက် လိုက်လေသည်။

“ ............... ”

ခဏအကြာတွင် လင်းယွန်သည် ဓားကို ဆုပ်ကိုင်လျက် ကျေနပ်သည့် အပြုံးဖြင့် စင်မြင့် ပေါ်မှ ဆင်းသက်လာ ခဲ့သည်။

'ပထမအဆင့် အခြေခံရုပ်သေးရုပ်'နှင့် တိုက်ခိုက်စဉ်တွင် ဓါးပင် ထုတ်ယူခဲ့ခြင်း မရှိသော်လည်း အနိုင် ရလဒ်ကို ရရှိခဲ့သည်။

ဒုတိယအဆင့် အလယ်အလတ် ရုပ်သေး စင်မြင့် ။

လင်းယွန် ယအား လှောင်ပြောင်သည့် အသံများ တိတ်ဆိတ် သွားသည်။ စိတ်လှုပ် ရှားလျက် ဒုတိယ စင်မြင့်ဆီသို့ ဦတည် နေသည့် လင်းယွန်ထံ ငေးကြည့် နေကြ၏။

'' ဖျောင်း...ဖျောင်း...ဖျောင်း ။ ''

ရုတ်တရက် လက်ခုပ်သံကြောင့်၊ လင်းယွန်က ဒုတိယ စင်မြင့် ထံသို့ သွားနေ ခြင်းမှ ရပ်တန့်ကာ လှည့်ကြည့် လိုက်သည်။

ချင်းရှောင်သည် ခန်းမအဝင်ဝ၌ လူတချို့ ခြံရံကာ လင်းယွန်ဆီ လျောက်လာ လေသည်။

“ ညီငယ်လေးလင်းက ဓားသိုင်းမှာ တကယ်ကို ထက်မြက် ပါပေတယ်။ ရက်အနည်း ငယ်နဲ့၊ ပထမအဆင့် အခြေခံ ရုပ်သေးကို အနိုင်ယူ နိုင်နေပြီ ဆိုတော့...၊ မင်းရဲ့အရည် အချင်း အတွက် ဂုဏ်ယူပါတယ်။ ”

သူကရယ်လျက် လင်းယွန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူနှင့်အတူ ပါလာသည့် လူအချို့က လင်းယွန်အား ဝန်းရံလိုက်၏။

" သူတို့ ဘာဖြစ်နေကြတာလဲ "

" စီနီယာအစ်ကိုချင်းရှောင်က လင်းယွန်နဲ့ ပြဿနာရှိနေတာလား။ ''

ချင်းရှောင်သည် ပြင်ပတပည့်များတွင် ထင်ရှားသော တပည့် တစ်ဦး ဖြစ်သည်။ သူက ပို၍ ဖော်ရွေပြလေ ပို၍ ရက်စက်တက်လေ ဖြစ်သည်ဟု ဆိုကြသည်။ သူ့ခွန်အားသည် ပထမတန်းစား ပြင်ပတပည့် (၁၀)ဦးမှ အပ ကျန်ပြင်ပ တပည့် များသည် သူ့ပြိုင်ဘက် မဟုတ် ခဲ့ပေ။

" စီနီယာအစ်ကို ၊ မင်းက ယဉ်ကျေး လွန်းနေပြီ။ "

လင်းယွန်က အရယ်အပြုံး ကင်းမဲ့စွာဖြင့် ပြန်ဖြေ လိုက်သည်။

" ..ဒါက မလိုပါဘူး။ ငါက မင်းရဲ့ စီနီယာ အစ်ကိုပဲ၊ ........ ငါက ငါ့အောက်က ညီငယ် တွေကို ကြည့်ဖို့ တာဝန်ရှိတယ်။ 'ဒုတိယအဆင့် အလယ် အလတ် ရုပ်သေး စင်မြင့်'ကို မင်း သွားစရာ မလိုပါဖူး၊ ငါက မင်းကို အဖော်ပြု ပေးမယ်။ မင်းရဲ့ စီနီယာအစ်ကို တစ်ယောက် အနေနဲ့၊ ငါက မင်းရဲ့ဓားကို ကြည့်ပါရစေ။ "'

ချင်းရှောင်က သူ၏ဓားရှည်ကို ဆုပ်ကိုင်ပြီး ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ ငါ့ရဲ့ကျင့်ကြံမှုကို မင်းနဲ့ အဆင့် တူတဲ့ အထိ ငါ လျှော့ချ ပေးထားမယ်။ ရော့... ဒါက ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး သုံးလုံး၊ မင်းက ငါ့ဆီကနေ သိုင်းကွက် တစ်ရာကို လက်ခံနိုင်ရင် ဒါတွေ အားလုံးက မင်းအပိုင်ပဲ "

ချင်းရှောင်သည် လင်းယွန် အဖြေကို မစောင့်တော့ပဲ ပုလင်းကို ပစ်ချပေးလိုက်သည်။

ခန်းမအတွင်းရှိ ပြင်ပတပည့်အားလုံးသည် ချင်းရှောင်၏ ရည်ရွယ်ချက်ကို သိနေခဲ့ကြရာ လူအုပ် ကြီးမှာပို၍ များပြား လာသည်။

ချင်းရှောင်သည် လင်းယွန်အတွက် ရောက်လာခဲ့ သည်မှာ ထင်ရှား နေသည်။

" ဘာလဲ မင်းက... စီနီယာ အစ်မဆု ပေးတဲ့ ဆေးလုံး တွေလောက် မသန့်စင်ဖူးလို့ ထင်နေ တာလား၊ "

ချင်းရှောင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး ရက်စက်မည့် အရိပ် အယောင်များ အစား ထိုးဝင် ရောက်လာသည်။ သူက 'အခြေခံ တည်ဆောက်ခြင်း ပဉ္စမအဆင့်' အရှိန် အဝါကို ထုတ်လွှတ် လိုက်ကာ လင်းယွန်အား ဖိနှိပ် လိုက်သည်။

လင်းယွန်သည် ချင်းရှောင်၏ ရည်ရွယ်ချက် ရှိရှိ ဖိနှိပ်လာသည့် အရှိန်အဝါကြောင့် မသက် မသာ ခံစား လိုက်ရသည်။ ၎င်းသည် သူတို့၏ ကျင့်ကြံမှု အဆင့် ကွာခြားသည့် ချက်ကို ပြသခြင်း မည်၏။

ရုတ်တရက် လူအုပ်ထဲတွင် ငြင်သာစွာ ရွေ့လျားမှု တစ်ခု ဖြစ်ပေါ် လာသည်။

"စီနီယာအစ်မ ဆု "

လူငယ်နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး၏ ပုံရိပ်သည် ယန္တရား ခန်းမ အဝင်ဝတွင် ထွက်ပေါ် လာခဲ့သည်။ ထိုအမျိုးသမီးသည် စိမ်းပြာရောင် ၀တ်စုံကို ဝတ်ဆင်ထားသော ဆုစီယာ ဖြစ်သည်။

သူမ၏ အေးစက်သော အမူအယာ များသည် သူမ၏ အလှ တရားကို မယုတ်လျော့ စေခဲ့ပေ။ ခန်းမထဲ လျှောက်လာ သည့်အခါ မျက်လုံး တိုင်းသည် သူမဆီသို့ ကပ်ညိ ကုန်ကြ၏။

သူမဘေးတွင် ရပ်နေသည့် သူသည် အတွင်းတပည့် ဝမ်နင်ဖြစ်ပြီး၊ သူ၏နာမည်ကို အတွင်း တပည့် များတွင် ခိုင်မာစွာ တည်ဆောက်ထား နိုင်ခဲ့သည်။ ဝမ်နင်က သူကိုယ်သူ ကြီးမြတ်သည့် ဟန်ဖြင့် ခန်းမကို ဝေ့ကြည့် လိုက်၏။

အခြားတစ်ဖက်တွင် လင်းယွန်၏ နှလုံးသားသည် တုန်ခါ သွားသည်။ ဆုစီယာ မှာ ဂိုဏ်း၏ ပုလဲရတနာ အဖြစ် 'မိုး ကောင်းကင်' တစ်နိုင်ငံ လုံးတွင် ပြိုင်ဘက်ကင်း ပါရမီနှင့် အလှ တရားကို ပိုင်ဆိုင် ထားသည်။

၎င်းသည် မူလလင်းယွန်၏ နတ်ဘုရား မလေးပင်။ သို့သော် အတိတ်သည် အတိတ်သာ ဖြစ်၏။

လင်းယွန်က သူ့စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်နိင်ခဲ့သော်လည်း၊ စိတ်မသက်မသာ ဖြစ်လာခဲ့ရာ၊ ဒုတိယအဆင့် အလယ် အလတ် ရုပ်သေးစင်မြင့်ဆီသို့ လျောက်လှမ်းရန် ပြင်လိုက် မိလေသည်။ သို့သော် ချင်းရှောင်သည် သူ့အား အလွတ်မပေး ခဲ့ချေ။

" ဓားကျွန် မင်းက...ဒီနေ့ ထွက်သွား နိုင်မယ်လို့ ထင်နေလား "

ချင်းရှောင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ ဓါးကျွန် တစ်ယောက်သည် သူ့အား မျက်စိထဲ ထည့်ထားပုံ မရသည့် အပြု အမူကြောင့် အော်ဟစ် ဟန့်တား လိုက်မိသည်။

" ချင်းရှောင်၊ ငါ့ကို.... ဖိအားမပေးပါနဲ့ ... "

လင်းယွန်က သူ့အား ပိတ်ဆို့လာသော ချင်းရှောင်အား အေးစက်စွာ တောင်းဆို လိုက်သည်။

" မင်းမှားနေပြီ၊ ငါက မင်းကို ကူညီဖို့ ကြိုးစား နေတာ။ မင်းရဲ့ ဓားနည်းစနစ်ကို လမ်းညွှန် ပေးမယ့်၊ ငါ့ရဲ့ ကမ်းလှမ်း ချက်ကို ငြင်းနေတာက ငါ့ကို မျက်နှာသာ မပေးတာပဲ။ မင်း..... ထွက်သွား ချင်ရင်တော့ အခွင့်အရေး တစ်ခုရှိတယ်။ မင်းက စီနီယာ အစ်မဆု ဆီက အထောက် အပံ့က လွဲပြီး ဘယ်သူ့ အထောက် အပံ့ ကိုမှ လက်ခံမှာ မဟုတ်ဘူး ဆိုတာ ၀န်ခံ ရမယ် "

ချင်းရှောင်က စီနီယာအစ်မဆုကို အသုံးပြုလျက် လင်းယွန်အား အရှက်ရအောင် တွန်းအားပေးလိုက်သည်။

လင်းယွန်က ခန်းမပတ်ပတ်လည်ကို ကြည့်လိုက်ရာ၊ လူအုပ်၏ လှောင်ပြောင်သည့် အကြည့်များကြောင့်၊ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ နှိမ့်ချဖို့ရန် မဆုံးဖြတ်တော့ပေ။

၎င်းသည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်။ 'ဓားထိန်းသိမ်းရေး ခန်းမ'ရှိ လူတိုင်းသည် သူ့ကို လှောင်ပြောင်ရန် အတွက်သာ စိတ်ဝင်စားကြသည်။

ဇောင်ပင်းကဲ့သို့ အမှိုက်တစ်စသည်ပင် သူ့အား ဖိအား ပေးနိုင်ခဲ့သည်။ ဂိုဏ်း၏ ပြင်ပတပည့် တိုင်းက သူ့ကို လူပြက် တစ်ယောက်လို ဆက်ဆံခဲ့ကြသည်။

လင်းယွန်က မူလလင်းယွန်သည် ဤဂိုဏ်း၌ တစ်စုံ တစ်ယောက်အား မှားယွင်းဆိုးညစ်စွာ အပြစ်ပြုမိခဲ့ လေသည်လား ဟုပင် တွေးလာ မိသည်။

လင်းယွန်သည် လူသားတစ်ဦးပင်ဖြစ်ရာ နှလုံးသားထဲ၌ နူးညံ့သည့် အချစ်ကို ပျိုးမိ ခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းသည် တစ်စုံ တစ်ယောက်အား ထိခိုက်နစ်နာ စေခဲ့ သည်လော။

( ဒါက မင်း.....မှန်တယ်၊ မင်းက ဓါးကျွန် ဖြစ်နေ ပါစေဦး၊ တစ်စုံ တစ်ယောက်ကို. ... ချစ်နိုင်တယ်။ မင်းစိတ်မပူ ပါနဲ့၊ ငါကလည်း လင်းယွန်ပဲ၊ မင်းရဲ့ နောက်ဆုံး ဂုဏ်သိက္ခာကို ကာကွယ်ပေး ပါမယ်။)

'' ငါလင်းယွန်က..... မင်းရဲ့ လမ်းညွှန်မှုကို လက်ခံပါတယ်။ ''

လင်းယွန်၏ အေးစက်စက် အသံသည် ယန္တရား ခန်းမ အတွင်း ဟိန်းထွက် လာလေ သည်။

***

All Chapters