အလယ်အလတ် ကျွမ်းကျင်မှု။
Vol. 1 Ch. 12
လင်းယွန် ၏ အသံသည် တည်ငြိမ်လျက် ခန်းမတစ်ခု လုံးတွင် ပဲ့တင်ထပ် သွားသည်။ သူက မူလ လင်းယွန် ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် စိန်ခေါ်မှုအား လက်ခံလိုက်သည်။
ချင်းရှောင် ကပြုံးလိုက်ပြီး ညစ်ကျယ်ကျယ် ရယ်မောလိုက်သည်။ လင်းယွန်အား မှတ်လောက်အောင် ဆုံးမရန်အတွက် အခကြေးငွေ အဖြစ် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံး သုံးလုံးအား ရရှိ ထားခဲ့သည်။
ယခု သူက ထိုဆေးသုံးလုံးအား အသုံးပြုကာ လင်းယွန် အား ရန်စလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ၊ ဒါက မင်းရဲ့ရွေးချယ်မှုပဲ။ မင်းရဲ့စိန်ခေါ်မှုကို ငါ ..လက်ခံပါတယ်။ "
ချင်းရှောင်သည် လင်းယွန်အား ကနဦး ကပင် သတ်ရန် ရည်ရွယ်ထားသည်။ သို့သော် သူ့တွင် အကြောင်းပြချက် မရှိခဲ့ပေ။ ယခု သူက ပေါ်လာသည့် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ရန် ဆုံးဖြတ် လိုက်သည်။
ခဏအတွင်းမှာပင် ခန်းမအတွင်း၌ သူတို့နှစ်ဦး တိုက်ခိုက်ရန်အတွက် နေရာလွတ် ဖြစ်ပေါ်လာသည်။
လင်းယွန်သည် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ ချင်းရှောင်ထံသို့ တည်ငြိမ်စွာ ကြည့်နေ လိုက်သည်။
"............. "
အခြေခံတည်ဆောက်ခြင်း စတုတ္ထ အဆင့် အရှိန် အဝါနှင့် အတူ ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်းကာ သူ၏ ယန် စွမ်းအင်ကို လှည့်ပါတ်စေ လိုက်သည်။
" ခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် "
" ဒီ ဓါးကျွန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က အခြေခံတည်ဆောက်ခြင်း တတိယအဆင့်မှာပဲ ရှိနေတာ မလား၊ အခု သူက အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်ကို လဝက် အတွင်း ဘယ်လို ရောက်နေ ရတာလဲ "
" သူက စီနီယာအစ်ကိုချင်းရှောင်ရဲ့ စိန်ခေါ်မှုကို လက်ခံတာ မဆန်းပါဘူး "
လူအုပ်ကြီးသည် အံ့အားသင့်သွားသည်။ ချင်းရှောင်သည်ပင်လျှင် သူ၏အံ့သြမှုကို ဖုံးကွယ်မထားနိုင် ခဲ့ပေ။
" စိတ်ဝင်စားစရာပဲ ... မင်းမှာ ဝှက်ဖဲ အချို့ရှိပုံရတယ်။ ဒါပေမယ့် မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်ထားရင်တော့..... "
ချင်းရှောင်သည် ကျင့်ကြံမှုအား၊ အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်သို့ ဖိနှိပ်ကာ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် လင်းယွန်နှင့် အဆင့်တူတွင် ရှိသော်လည်း လင်းယွန်ထက် ပို၍ နက်နက် ရှိုင်းရှိုင်း သိပ်သည်း ပေသည်။
" ဓါးကျွန် က အခြေအနေ မကောင်း လောက်ဖူး။ ''
" အမှန်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံ တည်ဆောက်ခြင်း ပဉ္စမအဆင့်ကို ရောက်နေတဲ့ သူက ကျင့်ကြံခြင်း အဆင့်ကို ဖိနှိပ် ထားပါ စေဦး၊ သူနားရဲ့ နားလည်မှုက အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်မှာ ရှိနေဆဲပဲ မလား "
"စီနီယာအစ်ကိုချင်းရှောင် က အဆင့်မြင့် ဓားနည်းစနစ်ဖြစ်တဲ့ ဖျက်ဆီးခြင်း မိုးကြိုး လျှပ်စီးဓါးကို ကျင့်ကြံထားတယ်၊ သူက သုံးကွက် အတွင်း အနိုင်ရလိမ့်မယ်။"
ချင်းရှောင် သည် ထိပ်တန်းပြင်ပတပည့် တစ်ယောက်ဖြစ်ပြီး လင်းယွန်သည် သာမာန် ပြင်ပ တပြည့် တစ်ယောက်သာ ဖြစ်ရာ၊ ၎င်းတို့၏ တိုက်ပွဲသည် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေ။
" ဟေ့ ဓါးကျွန်၊ မင်းက ဘာလို့ အရှုံးကို လက်မခံနိုင်ရတာလဲ၊ မင်းကိုယ်မင်း သန်မာတဲ့ သူလို ရပ်မနေနဲ့၊ မင်းက စီနီယာအစ်မဆု ဆီက သနား ကြင်နာမှု ရဖို့ လှည့်ဖျား နေတာလား ဓါးကျွန်ကောင် "
လှောင်ပြောင် အော်ဟစ်သံသည် လူအုပ် ကြားမှ တိုးထွက် လာခဲ့သည်။
" ဓားကျွန်၊ သူတို့ပြောတာ ကြားတယ် မလား။ မင်းသာ မိုးထိတောင်မှာ ယဉ်ယဉ် ကျေးကျေးနဲ့ ငါပြောသလို လိုက်နာခဲ့ရင် ခုလို ခက်ခဲတဲ့ အချိန်ကို မင်းကြုံရမှာ မဟုတ်ဖူး။ "
ချင်းရှောင် က ရယ်လျက် လင်းယွန်းကို စိုက်ကြည့် လိုက်သည်။
သူက သတ်ဖြတ် ချင်သည့် ဆန္ဒကို ထုတ်ဖော် လိုက်ကာ ဓါးအား အုပ်ကိုင် လိုက်၏။
" စီနီယာအစ်ကိုချင်းရှောင် ဒီနေ့ ဒီခန်းမ ထဲကနေ ထွက်သွားဖို့ အကူအညီ လိုမယ့် သူက၊ အမှိုက်ကောင် ပဲလို့ မင်း ပြောနေ တာလား။ "
လင်းယွန်၏ အမူအရာသည် တည်ငြိမ်လျက် အေးစက်စက် ထွက်ပေါ် လာသည်။
" မင်းက ဒီစကားတွေကို ခဏကြာရင် ပြောရဲသေးလားလို့ ငါကြည့်မယ်။ "
ချင်းရှောင်သည် ဒေါသတကြီး အော်ဟစ် လိုက်ပြီး၊ သူ၏ လူသတ် လိုသည့် ဆန္ဒသည် ပို၍ ပြင်းထန် လာခဲ့သည်။
သူက ဓါးကိုဆွဲထုတ် လိုက်သည့် အခါ စူးရှ တောက်ပသည့် အလင်းတန်း တစ်ခု ထွက်ပေါ် လာသည်။
"............. "
ချင်းရှောင်က ကောင်းကင်သို့ ခုန်တက် သွားပြီး လင်းယွန်အား ဓါးဖြင့် ခုတ်ချ လိုက်သည်။
ကျယ်လောင်သည့် မိုးချိန်းသံ နှင့်အတူ ပြင်းထန်သော လျှပ်စီးမိုးကြိုးများ ထွက်ပေါ် လာသည်။
" အဆင့်မြင့် ဓားနည်းစနစ်၊ ဖျက်ဆီးခြင်း မိုးကြိုး လျှပ်စီးဓါး ......''
ချင်းရှောင် က သူ၏ဓါးကို ဝေ့ယမ်း လိုက်သည့် နှင့် လူအများစုသည် သူတို့၏ တိုက်ပွဲ ဝင်စိတ်အား ယုံကြည်ချက်မဲ့ သွားစေ ခဲ့သည်။
ဖျတ်စီးခြင်း မိုးကြိုး လျှပ်စီးဓါး နည်းစနစ်သည် ရက်စက် ပြင်းထန်မှုကြောင့် လူသိများသည်။
၎င်းနည်းစနစ်သည် ဓါးကို ဓါးအိမ်ထဲမှ ထုတ်လိုက် သည်နှင့် သေခြင်း တရားကို ခေါ်ဆောင် ပေး လိမ့်မည်။
ချင်းရှောင်ခန္ဓာသည် လေပွေတစ်ခု ထဲတွင် နစ်မြုပ်လျက် လျှပ်စီး ဓါးချက်ကို ဝံ့ကာ လင်းယွန်ကို နှစ်ပိုင်း ဖြတ်ချလိုက်သည်။
သူ၏ အခင်းအကျင်းသည် အထင်ကြီးဖွယ် ကောင်းလှပြီး လျှပ်စီးမုန်တိုင်းကို ဖြစ်ပေါ် စေခဲ့သည်။
သို့သော် လင်းယွန်၏ နူတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ပွင့် တွဲခိုလာသည်။ ချင်းရှောင် ထံမှ လာသည့် ဖိအားသည် ကျောက်စိမ်း စာလိပ် ထဲရှိ နတ်ကျားနှင့် နှိုင်းယှဉ်စရာ မရှိနိုင်ပေ။
တနည်း အားဖြင့် ချင်းရှောင်၏ ထိတ်လန့်ဖွယ် ဓါးချက်သည် လင်းယွန်အား ခြိမ်းခြောက် နိုင်ခြင်း မရှိ။
ချင်းရှောင်သည် အဆင့်မြင့်ဓါးနည်းစနစ် ကို ကနဦးကျွမ်းကျင်မှု အထိသာ ဆုပ်ကိုင်ထား နိုင်ခဲ့ပြီး သူ၏ လှုပ်ရှားမှု များတွင် ဟာကွက် များစွာ ရှိနေသေး သည်ကို လွယ်ကူစွာ မြင်တွေ့ နိုင် လေသည်။
သူက လူတစ်ယောက်အား သတ်ရန် ဆုံးဖြတ်ထား ပါက သူ၏ အဆင့်မြင့် ဓါးနည်းစနစ်ကို အလယ်အလတ် ကျွမ်းကျင်မှု အဆင့် အထိ ဆုပ်ကိုင် ထားမိရန် လိုသည်။
သို့သော် ဤဖျက်ဆီးခြင်း မိုးကြိုး လျှပ်စီး ဓားနည်းစနစ်သည် ကနဦး ကျွမ်းကျင် အဆင့်၌ပင်၊ အဆင့်တူချင်း ဆိုပါက ပြိုင်ဘက်အား အပြင်းအထန် ဒဏ်ရာရစေ ဖို့ရန် လုံလောက်ပေသည်။
သို့သော် လင်းယွန်သည် ချွင်းချက်ဖြစ်သည်။ လင်းယွန်က သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး နက်ရှိုင်းစွာ ငြိမ်သက်သွား၏။
" လေ....ဝဲ.....ဓါး "
ချင်းရှောင်၏ ဓါးချက် မရောက်ခင် အသက်တရှိုက်စာ အတွင်း ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်း လိုက်ပြီး ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် လင်းယွန်၏ မျက်လုံးများ ပွင့်လာပြီး သူက နတ်သစ်သား ဓါးကို ဆွဲထုတ် လိုက်သည်နှင့် သူ့ခန္ဓာ ကိုယ်အား ဗဟိုပြုပြီး ပြင်းထန်သော မုန်တိုင်းငယ် တစ်ခု တိုက်ခတ်လာ လေသည်။
ထိုမုန်တိုင်းငယ်သည် ချင်းရှောင်၏ လျှပ်စီး မုန်တိုင်းထက် ပြင်းထန်ကာ စုပ်ယူခြင်း စွမ်းအား တချို့ ပါဝင် နေခဲ့သည်။
၎င်းသည် လျှပ်စီးမုန်တိုင်းနှင့် ထိပ်တိုက် ရင်ဆိုင်မှုတွင် လျှပ်စီးမုန်တိုင်းအား ပျော့စေရန် လုံလောက်သည့် စုပ်ယူမှုဖြစ်ပေါ် လာခဲ့သည်။
ထို့အပြင် စုပ်ယူခံရသည့် လျှပ်စီးမုန်တိုင်း အချို့သည် မုန်းတိုင်းငယ်နှင့် ပေါင်းစပ်လျက် လင်းယွန်၏ အဟုန်အား ပို၍ တိုးပွားလာစေ ခဲ့သည်။
" ဝိုး ...ဒီ ဓားနည်းစနစ်က ဘာကြီး လဲ။ "
လူအုပ်သည် လင်းယွန်၏ ဓားချက်နောက်၌ ဖြစ်ပေါ်လာသည့် မုန်းတိုင်းငယ်၏ ကြီးထွား လာမှုကို သတိထား မိသွားကာ အံသြစွာ အော်ဟစ် လိုက်သည်။
လင်းယွန်က ဓားကိုလက်နှစ်ဘက် ဆုပ်ကိုင် လိုက်ပြီး ချင်းရှောင်၏ ဓားကို ရိုက်ထုတ် လိုက်သည်။
နတ်သစ်သား ဓားသည် ဝိုးတဝါး မြည်သံကို ထုတ်လွှတ်လျက် လေထုထဲသို့ လှိုင်းတစ်ခုအား ထုတ်လွှတ်လိုက်လေသည်။
" ဝိုး.....ကောင်းလိုက်တဲ့ ဓါးချက် "
ပေါက်ကွဲမှုတစ်ခုထွက်ပေါ်လာကာ ချင်းရှောင်သည် ခန်းမနံရံသို့ လွင့်ထွက် သွားခဲ့သည်။
သစ်သားဓါးအား ခုခံကာကွယ် လိုက်နိုင် သော်လည်း သစ်သားဓါးထံမှ နောက်ဆက်တွဲ ထွက်ပေါ် လာသော ဓါး၏အဟုန်ကို ကာကွယ် နိုင်ခြင်း မရှိခဲ့ချေ။
" ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဓားနည်းစနစ်လဲ။ "
ချင်းရှောင်မှာ အံ့အား သင့်သွား ခဲ့သည်။ သူ့၏ ကျင့်ကြံမှုကို ဆက်လက်ဖိနှိပ် ထားပါက၊ လင်းယွန်အား အနိုင်ယူဖို့ရန် အခွင့်အရေး မရှိနိုင်ချေ။
ထို့ကြောင့် သူ၏ကျင့်ကြံခြင်း အဆင့်ကို အခြေခံ တည်ဆောက်ခြင်း ပဉ္စမအဆင့်သို့ ပြန်လည် တိုးမြင့်ကာ ရင်ဆိုင်ရန် ဆုံးဖြတ် လိုက်သည်။
ယင်းမှာ အဆင့်တူတွင် လင်းယွန် အား ရှုံးနိမ့်သွားသည်ဟု ဝန်ခံရာ ရောက်ပေသည်။
သို့သော် လင်းယွန်သည် သူအား အခွင့်အရေး မပေးတော့ပေ။
လင်းယွန်က ဓားကို နောက်တစ်ကြိမ် ပင့်တင် လိုက်သဖြင့် မုန်တိုင်းငယ်မှာ နောက်တစ်ကြိမ် တိုက်ခတ်လာ ပြန်သည်။
မျက်စိတစ်မှိတ်အတွင်း လင်းယွန်မှာ ချင်းရှောင်ရှေ့သို့ ရောက်ရှိသွားကာ ဓားဖြင့် ထိုးသွင်း လိုက်၏။
ချင်းရှောင်က ကူရာကယ်ရာမဲ့လျက် လင်းယွန်၏ ဓါးအား ကြောက်လန့်တကြား ငေးကြည့်နေခဲ့သည်။
လင်းယွန်၏ ဓားသည် သူ့ရင်ဘတ်အာ ဖောက်ထွင်း ဝင်ရောက် လာသည်။ ဓားဖျားသည် ချင်းရှောင် ၏ နှလုံးသားနှင့် တစ်လက်မ အကွာ၌ ရပ်တန့် သွား၏။
အေးစက်သည့် သတ္ထုဆန်ဆန် ရနံ့ကို ချင်းရှောင်၏ နှလုံးသား မှတဆင့် ခံစားမိ လိုက်သည်။
ချင်းရှောင်သည် မျက်စိမှိတ်လျက် ချွေးများ ရွဲအိုင်လာသည်။ သေခြင်းတရားသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို နားလည် လိုက်ရသည်။
လင်းယွန်သာ သူ့လက်စကို အနည်းငယ် မှားယွင်း ခဲ့ပါက သူ့နှလုံးသည် ယခုအချိန်၌ ပေါက်ကွဲ ပျက်စီးနေပေ လိမ့်မည်။
ချင်းရှောင် သည် ရုတ်တရက်အေးခဲသွားပြီး စဉ်းစားနိုင်စွမ်း ဆုံးရှုံးသွားသည်။ ထို့အပြင် ခန်းမထဲရှိ လူအုပ်ကြီးသည်ပင် အသက်မရှူဝံ့ပဲ ရပ်တန့်သွားကြ၏။
" မင်း ရှုံးပြီ။ "
လင်းယွန်၏ စကားလုံးနှစ်လုံးက ချင်းရှောင်အား ပုတ်နှိုး လိုက်သည်။
"ငါ မရှုံးသေးဘူး "
ချင်းရှောင်က အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့် အရှိန်အဝါကို ထုတ်လွှတ် လိုက်ပြီး အံကြိတ်လျက် ကြောက်ရွံမှုကို အားတင်း ဖုံးကွယ် လိုက်သည်။
လင်းယွန်အား မည်သို့ပင်ဖြစ်စေ သတ်ပစ်ရန် ဆုံးဖြတ် ထားသည် ဖြစ်ရာ သူ့ကတိကို ချိုးဖောက်လိုက်ပြီးနောက်၊ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ဓါးကျွန်တစ်ယောက်အား ရှုံးနိမ့်သူအဖြစ် သူပုံရိပ်ကို နိမ့်ကျခြင်းမှ ပြန်လည် ဆယ်ယူ လိုခဲ့၏။
" စွပ်......"
သို့သော် ချင်းရှောင် တွက်ဆချက်သည် မှားယွင်း သွားခဲ့သည်။ လင်းယွန် က သူ့၏ ဓားကို တွေဝေ တုန့်ဆိုင်းခြင်း မရှိပဲ ရှေ့သို့ တစ်လက်မခွဲ တိတိ ထိုးသွင်း လိုက်လေသည်။
" စီနီယာအစ်ကို ချင်းရှောင် "
ရပ်ကြည့်နေသည့် ချင်းရှောင်၏ နောက်လိုက် တပည့်များသည် ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။
လင်းယွန်က လူသတ်ရဲလိမ့်မည်ဟု သူတို့က ထင်မထား ခဲ့ပေ။
ထိုမျှ သာမက လင်းယွန်သည် ချင်းရှောင်၏ ခန္ဓာကိုယ်အား ခြေထောက်ဖြင့် ကန်ကာ သူ့ ဓါးအား ဆွဲထုတ် သိမ်းယူ လိုက်လေသည်။
"..........."
ချင်းရှောင်သည် ဒူးထောက်လျက် သူ၏ရင်ဘတ်မှပြန့်ထွက်ခွာသွားသည့် ဓားကို ငေးကြည့်နေမိသည်။
သွေးများက သူ့ပတ်ပတ်လည်၌ ရေအိုင် တစ်အိုင် ကဲ့သို့ စိမ့်ထွက် သွားသည်။ သူက ဂိုဏ်း၌ ဤမျှ ရက်စက် ကြမ်းကြုတ်စွာ အရှက်ခွဲ ခံရ လိမ့်မည်ဟု စဉ်းစား တွေးတော ဖူးခြင်း မရှိချေ။
သူ၏ ဒေါသကြောင့် သတိ မလစ်ခင် သူ့နှလုံး ဆီမှ စူရှ နာကျင်မှုကို ခံစား လိုက်ရသည်။
(ဒီဓါးကျွန်က သူ့လက်ဆကို သူယုံခဲ့တာပဲ၊ ဒိထက်သာ နည်းနည်း ပိုခဲ့ရင် ငါ့နှလုံးကွဲကြေပြီး ငါသေရမှာ။)
လင်းယွန်က သူ၏ဓါးကို မသိမ်းခင် စွန်းထင်နေသည့် သွေးစအား ချင်းရှောင်ဆီသို့ ခါထုတ် ပက်ဖြန်း လိုက်သည်။
လူအုပ်ကြီး၏ အကြည့်ကို လျစ်လျူရှုထားပြီ ခပ်လှမ်းလှမ်းတွင် ချင်းရှောင် ပစ်ချထားသည့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးပုလင်းအား ကောက်ယူ လိုက်သည်။
ယန္တရားခန်းမသည် တိတ်ဆိတ်သွား၏။
" ဒါ.....ဒါက လေ...ဝဲ ..ဓား နည်းစနစ်ပဲ "
တစ်စုံတစ်ယောက်က ရုတ်တရက် ထအော် လိုက်သည်။
" လေ ဝဲ ဓါး "
" နှစ်ပေါင်(၁၀၀)အတွင်း အောင်မြင်မှု မရရှိခဲ့တဲ့ အလယ်အလတ် ဓါးနည်းစနစ်လား။ "
" ငါမယုံဖူး။ ဒီဓါးကျွန်က ဒီလို ဒဏ္ဍာရီလာ အလယ်အလတ် ဓါးနည်းစနစ်ကို သူအောင်မြင် နိုင်လိမ့် မယ်လို့ ..... "
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ''
ဒဏ္ဍာရီလာ အလယ် အလတ် ဓါးနည်း စနစ်သည် ဒဏ္ဍာရီလာ အလယ် အလတ် ဓါးနည်း စနစ် တစ်ခု ဖြစ်နေ ဆဲပင်။
၎င်းသည် လေ့ကျင့်အောင်မြင်ရန် အတွက် လုံလောက်သည့် အချိန်တစ်ခု အပြင် နားလည်မှု ကြီးကြီး မားမား ရရှိရန် လိုအပ် သည်။
" ဒီဓားကျွန်က မရိုးရှင်းဘူး၊ သူက ဒဏ္ဍာရီလာအလယ်အလတ် ဓါးနည်းစနစ်ကို အလယ် အလတ် အဆင့်ထိ ဆုပ်ကိုင်ထား မိနေပုံပဲ၊ သူက မကြာခင် အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်ကို တက်လှမ်းနိုင် လိမ့်မယ်လို့ ငါထင်တယ်။ "
ယန္တရားခန်းမ အတွင်း ထိတ်လန့်အား ကျဟန်ဖြင့် ဝေဖန်သံများ ဆူညံလာကြသည်။
***