← Chapters

ဆု စီ ယာ ။

Vol. 1 Ch. 13

ဆု စီ ယာ ။

Vol. 1 Ch. 13

ချင်းရှောင်သည် ပြင်ပတပည့် များတွင် အဆင့်(၁၁)၌ ရပ်တည် နေသည်။

ထိုကဲ့သို့ ထိပ်တန်း ပြင်ပတပည့် တစ်ယောက်သည် ဓါးကျွန် တစ်ယောက်အား ရှုံးလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။ ပို၍ အံ့သြဖွယ် ကောင်းသည်မှာ လင်းယွန်က လေဝဲဓါး နည်းစနစ်ကို ထုတ်သုံး နိုင်ခဲ့ခြင်း ဖြစ်သည်။

လေဝဲဓါး နည်းစနစ် သည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း ၌ပင် ဒဏ္ဍာရီဆန်လှသည်။ ၎င်းသည် သာမာန်အဆင့်တွင် အလယ်အလတ် ဓါးနည်းစနစ် တစ်ခုသာ ဖြစ်ပြီး၊ အောင်မြင် အောင် ကျင့်ကြံ နိုင်ပါက အဆင့်မြင့် ဓါး နည်းစနစ် အဖြစ် မြင့်တက် သွားပေ လိမ့်မည်။

၎င်းသည် အလယ်အလတ် ဓါးနည်းစနစ် အဖြစ် သတ်မှတ်ခံရ သော်လည်း လွန်ခဲ့သည့် တစ်ချိန်က အဆင့်မြင့် ဓားနည်းစနစ် များထက် ပိုမို အစွမ်းထက် ခဲ့သည်။

ဤဓားနည်း စနစ်သည် ရှန်ရှင်း အဆင့် ဓား နည်းစနစ် တစ်ခု ဖြစ်ပြီး ၎င်းကို အလယ် အလတ် ဓားနည်းစနစ် အဖြစ် သတ်မှတ် ခဲ့သည့် အကြောင်း အရင်းမှာ မပြည့်စုံသည့် ဓါးရေး တစ်ရပ် ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်

လင်းယွန် က သူ့ကိုယ်သူ ကျေနပ် နေခဲ့သည်။ သူက ပထမအဆင့် အခြေခံ အဆင့် ရုပ်သေးနှင့် လေ့ကျင့်မှု အပြီး၌ လေဝဲဓား နည်းစနစ်အား အလယ်အလတ် အဆင့် အထိ ဖြတ်ကျော် နိုင်ခဲ့သည်။

၎င်းသည် ချင်းရှောင် အတွက် ကံဆိုးမှု ဖြစ်လာခဲ့သည်။

"မင်းကို ဘယ်သူက သွားခွင့်ပြုလို့လဲ"

အေးစက်သည့် အသံတစ်ခုက ခန်မအတွင်းမှ ထွက်သွားရန် ပြင်နေသည့် လင်းယွန် ကို တားဆီးလိုက်သည်။

ယခင်က ခန်းမအတွင်း၌ ဆူဆူညံညံ အသံများသည် ရုတ်တရက် တိတ်ဆိတ် သွား၏။

လင်းယွန် သည် အသံရှင်အား ကျောပေးလျက် အနေ အထားတွင် ရပ်နေပြီး သူ့ခြေထောက် တစ်စုံသည် ရပ်တန့် သွား၏။

သူ့ခန္ဓာ ကိုယ်ရှိ အရိုးတိုင်းသည် အော်မြည်လျက် သေစေနိုင်သည့် ခြိမ်းခြောက်မှု တစ်ခုရှိ နေကြောင်း သူ့ကို သတိပေး လာသည်။

ဗီဇသိစိတ် အရ သူက ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို အသက် သွင်းပြီး ပြန်လှည့်လျက် လက်သီးဖြင့် ထိုးချ လိုက်သည်။

" ကျားရိုင်းလက်သီး (၁၈)ကွက်၊ သားရဲ တစ်ရာ သုတ်သင်ခြင်း "

သူ၏ တစ်ကိုယ်လုံးရှိ ယန်စွမ်းအင်များသည် ဒါန်တမ် အတွင်း ဖြတ်ကျော် စီးဆင်း လာပြီး သူ၏ စိတ်ဝိညာဉ် အတွင်းမှ ဓါးအလင်းနှင့် ပေါင်းစပ်ကာ ညာလက်ရှိ အပ်စိုက်မှတ်ကို ဖြတ်ကျော် တိုးဝင်လာသည်။

သူ၏ လက်သီးသည် ဓါးအလင်းနှင့် ရစ်ပါတ်လျက် မုန်တိုင်းငယ် တစ်ခုအား ဖြစ်ပေါ် လာစေသည်။

လင်းယွန် သည် အသက်တရှိုက်စာ အတွင်း သူ့၏ စွမ်းအား (၁၀၀)ရာခိုင် နူန်းကို ထုတ်ယူ အသုံးပြု လိုက်ရ၏။

" ....ဘန်း...."

လက်သီးနှင့်လက်ဝါး ရိုက်ခတ်မှုအရ လင်းယွန်က ရှုံ့မဲ့ ညည်းတွား လိုက်ရသည်။ သူက လက်မောင်း ရိုးကျိုးလု နီးနီး ခံစား လိုက်ရ ပြီးနောက် အရှိန်ပြင်းစွာ လွင့်ထွက် နေစဉ် အတွင်း ပါးစပ်မှသွေးများ စီးကျ လာခဲ့သည်။

ကံကောင်းသည်မှာ သူ၏ ကျားရိုင်း လက်သီးသည် တိုက်ခိုက်မှု၏ (၃၀)ရာခိုင် နူန်းကို စုပ်ယူကာကွယ် ပေးနိုင်ခဲ့သည်။

သို့မဟုတ်ပါက သူ၏ ကိုယ်တွင်းအင်္ဂါများ ချက်ချင်း ကွဲသွား ပေလိမ့်မည်။

သူက အရှိန်ကို ထိန်းရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း၊ လဲကျ ရပ်တန့် သွားသည်။

လင်းယွန်သည် စီနီယာ အစ်မဆုနှင့် တစ်မီတာ အကွာ၌ ကြမ်းပေါ်လဲကျသွားကာ သွေးတစ်လုတ် အန်ချ လိုက်သည်။

စီနီယာ အစ်မဆုနှင့် မျက်လုံးချင်း မဆုံချင် သောကြောင့် အကြည့်ကို သူ့အား တိုက်ခိုက် လာသူ ထံသို့ ပို့လွှတ် လိုက်သည်။

ဇောင်ပင်း နှင့် ရုပ်ချင်း ဆင်သည့် လူ တစ်ယောက်က မောက်မာစွာ လင်းယွန်အား ရပ်ကြည့် နေခဲ့သည်။

သို့သော် ထိုသူသည် ဇောင်ပင်းလို အမှိုက် တစ်စ ဟုတ်ပုံ မရပေ။

" ဇောင် ယန် "

ခန်းမ အတွင်းရှိ ပြင်ပ တပည့် များ၏ တက်ညီ လက်ညီ အော်ဟစ် သံများ ပျံ့လွင့် လာသည်။

ဇောင်ယန် သည် ချင်းရှောင်နှင့် အဆင့်တူ၌ ရှိသည့် ပြင်ပတပြည့် တစ်ယောက် မဟုတ်ပေ။ ပြင်ပ တပည့်များ ထဲတွင် သူသည် ထိပ်တန်း (၁၀)ယောက် အဆင့်တွင် ရှိသည်။

အတွင်းတပည့်ဝင်ခွင့် စမ်းသပ် စစ်ဆေး မှုတွင် အထက် အဆင့် မြင့်မြင့်သို့ လျောက်လှမ်းရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။

" အစ်ကိုကြီးဇောင်၊ ဒီဓားကျွန်ကို သတ်ပါ။ "

တစ်စုံတစ်ယောက်သည် ချင်းရှောင် ၏ အရှက်ရမှု အတွက် လက်စား ချေရန် ဇောင်ယန်ထံ အကူအညီ တောင်းလိုက်သည်။

ဇောင်ယန် သည် အစောပိုင်းတွင် ဓားကျွန်ကိုပင် မကိုင်တွယ် နိုင်သည့် အမှိုက်ကောင် ချင်းရှောင်ကို နှာခေါင်း ရှုံ့ခဲ့မိသည်။

လင်းယွန် က လေဝဲဓါးကို အသုံးမပြုခင် အချိန်ကပင် သူက လူအုပ်ထဲ ရောက်ရှိ နေခဲ့သည်။

ချင်းရှောင် လို အမှိုက်တစ်စသည် ဓါးကျွန် တစ်ယောက် လက်ထဲ၌ ရှုံးနိမ့် သည်ကို မဟန့် တားခဲ့ပေ။

သို့သော် ချင်းရှောင် ရှုံးနိမ့်ပြီးနောက် ဓါးကျွန်အား သတ်ရန် ဆုံးဖြတ်လိုက် မိသည်။

သို့ပေမယ့် သူက လင်းယွန်နှင့် တိုက်ခိုက်မှု တစ်ခု အပြီးတွင် အံ့သြ နားမလည် ဟန်ကို ဖုံးကွယ် ထားလိုက် ရသည်။

သူ၏အင်အား (၇၀%) ကိုသုံးအပြုခဲ့ပြီး၊ ၎င်းသည် ဓါးကျွန်၏ ခုခံကွာကွယ်နိုင်မှု အတွင်း၌သာ ရှိနေခဲ့သည်။

ထို့အပြင် ၎င်းဓါးကျွန်သည် အခြေခံ တည်ဆောက်ခြင်း စတုတ္ထအဆင့် တွင်သာ ဖြစ်သည်။

“ ဓားကျွန်၊ မင်းက ယုတ်မာလွန်းတယ်၊ ဒါက ပြင်ပတပည့် အချင်းချင်း ပညာဖလှယ်တဲ့ ပွဲတစ်ခုပဲ၊ ဒါကို မင်းက ရက်စက်ရဲ တယ်လား၊ ... ”

“ ... ဂိုဏ်းရဲ့ ပြင်ပ တပည့် တစ်ယောက်ကို သတ်ဖို့ ကြိုးစား ပြီးတဲ့နောက် မင်းက ထွက်သွား လို့ရမယ် ထင်နေလား၊ ဂိုဏ်းရဲ့ ကိုယ်စား ငါက တရား မျှတမှု ပေးရမယ်၊ မင်းရဲ့ ကျင့်ကြံ မှုကို ဖျက်စီးပြီး၊ ဒီ 'ကနေ့' အသက် ရှင်ခွင့် အတွက် တောင်းပန်ပါ။ "

ဇောင်ယန် သည် သူ၏ အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့် အရှိန်အဝါကို ထုတ်လွှတ်လျက် လင်းယွန် အား ဖိအား ပေးလိုက်သည်။

ထိုဖိအားကြောင့် လင်းယွန်က သူ့ကျော ပေါ်တွင် တောင်ကြီး တစ်လုံး ထမ်းထား သကဲ့သို့ ခံစားလိုက် ရသည်။

ဤသို့ ခက်ခက်ခဲခဲ မတ်တပ်ရပ်နေ သည်ကို မြင်သည့် အခါတွင် ဇောင်ယန်က အေးစက်စွာ အော်လိုက်သည်။

" ဒူးထောက်စမ်း ဓါးကျွန်ကောင် "

ဇောင်ယန် သည် သူ၏ အရှိန်အဝါကို ထပ်မံ မြှင့်တင် လိုက်ကာ၊ အော်ဟစ် အမိန့်ပေး လိုက်၏။

တစ်ဆက်တည်း မှာပင် လင်းယွန်သည် ပို၍ တုန်ခါလျက်၊ ဇောင်ယန် ရှေ့တွင် သူ့ကိုယ်သူ ပိုးမွှား တစ်ကောင်လို ခံစား လိုက်ရသည်။

လင်းယွန်က သူ့နူတ်ခမ်းသူ သွားဖြင့် သွေးထွက်အောင် ကိုက်လိုက်ပြီး ဖိအားကို ရင်ဆိုင် နေလျက်မှ၊

" ငါ့တစ်သက်မှာ ဒူးထောက်မယ့် လူက ငါ့မိဘပဲ။ မင်းက ငါ .... ဒူးထောက် ရမယ့် အဆင့်မှာ မရှိသေးဘူး။ "

ဖိအားကြောင့် လင်းယွန်၏ သွေးများ ဆူပွက် လာပြီး အရည်ပြားများ အက်ကွဲ လာခဲ့ သော်လည်း၊ ဒူးထောက်ရန် ငြင်းဆန် လိုက်သည်။

လူအုပ်သည် လင်းယွန်အစား ထိတ်လန့်စွာ တိတ်ဆိတ် သွားသည်။

တစ်စုံတစ်ယောက်သည် ဇောင်ယန် အား အနှောက်အယှက်ပြုရန် အစွမ်းအစမရှိနိုင်ပေ။

ထိုပြဿနာသည် လင်းယွန် ကိုယ်တိုင် ယူဆောင်လာခြင်း ဖြစ်သည်။ သူက ခွေးကို ရိုက်ချင် ခဲ့လျှင်ပင်၊ သူ့သခင်ကို ကြည့်ဖို့ သင့်ပေ၏။

ဇောင်ပင်းသည် အမှိုက် တစ်စသာ ဖြစ်သော် လည်း၊ သူ့အစ်ကိုဇောင်ယန် သည် ပြင်ပ တပည့်များ အတွက် အပြစ်ပြု လို့ရ သည့်သူ မဟုတ်ခဲ့ချေ။

"မင်း က ဒူးထောက်ဖို့ ငြင်းဆန် နေတာလား၊ ဒါဆိုလည်း ငါက ငါကိုယ်တိုင် မင်းကို အပြစ် ပေးရ လိမ့်မယ်။ "

သူက လင်းယွန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး မကောင်း ဆိုးဝါး ဆန်ဆန် အပြုံးကို ထုတ်ဖော် ထားလိုက်သည်။

ဇောင်ယန် ချဉ်းကပ်လာသည် နှင့်အမျှ လင်းယွန် အပေါ် ဖိအားသည် ပိုပို တိုးလာ စေသည်။ သူက လဲပြိုကျလု နီးနီးပင်။ သူနှင့် ဇောင်ယန် ကြား ခြားနားချက်သည် အလွန် ကြီးမား ပေသည်။

အခြေခံ တည်ဆောက်ခြင်း သတ္ထမ အဆင့်နှင့်၊ အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်သည် အဆင့်(၃)ဆင့် တိတိ ကွာခြား လှသည် ။ ၎င်းသည် လုံလောက် သည်ထက် ပိုနေခဲ့ပေ၏။

သို့သော် လင်းယွန်ပေါ် ကျဆင်းနေသည့် ဖိအား များသည် ရုတ်တရက် ပျောက်ကွယ် သွားပြီး ဆုစီယာက ပြဿနာထဲ ဝင်ရောက် လာလေသည်။

ဇောင်ယန် ၏ မျက်လုံး များသည် ပြူးကျယ် သွားလျက် ဆုစီယာအား လှမ်းကြည့် လိုက်သည်။

ဇောင်ယန် ထံမှ ဖိအားများသည် ဆုစီယာ၏ လက်တစ်ချက် အဝေ့နှင့်ပင် လွင့်ထွက် ပြန့်ကျဲ သွား၏။

" စီနီယာအစ်မဆု၊ ဒါက ...ဒီဓါးကျွန်နဲ့ ငါရဲ့ကြား ......"

" ထွ က် သွား ......"

ဆုစီယာ က ဇောင်ယန် စကားကို လျစ်လျူရှုကာ၊ မောင်းထုတ် လိုက်သည်။ ဇောင်ယန် သည် သူ့အား ခွေးတစ်ကောင် ကဲ့သို့ မောင်းထုတ် ခံရ သည်ကြောင့် ရှက်ရွံ့ မည်းမှောင် သွား၏။

သို့သော် သူက မည်သို့ပြုမူ ရမည်ကို သိနားလည် နေခဲ့သည်။ သူသည် လင်းယွန် မဟုတ် ခဲ့ပေ။ ထို့ကြောင့် သူသည် အသက်နှင့် ရင်းပြီး မောက်မာရန် သတ္တိ မရှိချေ။

ဆုစီယာသည် ဂိုဏ်း၏ ပုလဲရတနာ တစ်ပါး ဖြစ်သည် သာမက မိုးကောင်းကင်နိုင်ငံ တစ်ခုလုံး တွင်ပင် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။

သူမသာဆန္ဒ ရှိလျှင် အသက်တရှိုက်စာ အတွင်း ဇောင်ယန်၏ အသက်သည် အမှိုက် တစ်စလို ဖယ်ရှားခြင်း ခံရပေ လိမ့်မည်။

“ မင်း...ဘာလုပ်နေတာလဲ။ မင်းကို ထွက်သွားဖို့ ပြောခဲ့တယ် မလား။ မင်းက ခွေးရူး တစ်ကောင်လို ကိုက်ချင်ရင်တောင် မင်းကိုက်မဲ့ သူရဲ့ သခင်ကို ကြည့်ရမယ် ဆိုတာ မသိဖူးလား။ မင်းက..သေဖို့ ဆန္ဒရှိနေတာလား ဟမ်.... ။ ”

ဆုစီယာ ဘေးတွင် တချိန်လုံး ရပ်ကြည့် နေသည့် ဝမ်နင် က လှောင်ပြောင်သည့် အပြုံးဖြင့် ဝင်ပြော လာသည်။

သူက ဇောင်ယန်အား အပြစ်တင် ဝေဖန် လိုက်ပြီး တစ်ဆက် တည်းမှာပင် လင်းယွန် ကိုပါ ရှုံ့ချ ပျက်ရယ် ပြုလိုက်၏။ ယင်းသည် ငှက်နှစ်ကောင်ကို ကျောက်တုံး တစ်တုံးဖြင့် သတ်ခြင်းမည် ပေသည်။

" ခုပဲ ထွက်သွားပါ့မယ် "

ဇောင်ယန် မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ အရှက်တရားကို ဖယ်ရှားပစ်ချင်ပေမယ့် နောက်ဆုံးတွင် သူက ခေါင်းငုံ့ပြီးထွက်သွားဖို့ လက်ခံခဲ့သည်။ သူက သူတက်နိုင်သည့်အရာ မရှိသည်ကို လက်ခံလိုက်သည်။

" ရပ် စမ်း "

သို့သော် ရုတ်တရက် ဟန့်တား လိုက်သံကြောင့်၊ ဇောင်ယန်က ရပ်လျက် ပြန်ကြည့် လိုက်သည်။ သူ့မျက်လုံးများသည် မီးဝင်းဝင်း တောက်ကာ လင်းယွန်ကို သတ်ဖြတ် ချင်သည့် ဆန္ဒအား အကန့် အသတ် မရှိ ထုတ်ဖော်လျက် အံကြိတ် ထားလိုက်သည်။

"ဓားကျွန် မင်းဘာလိုချင်တာလဲ "

ဆုစီယာနှင့် ဝမ်နင်ကြောင့် ခံစားခဲ့ရသည့် အရှက် တရားမှာ ပေါက်ကွဲ လုဆဲဆဲ ဖြစ်ပြီး၊ ထိုဒေါသကို လင်းယွန် အပေါ်သို့ ဟုန်းခနဲ တောက်လောင် သွားလေသည်။

" အခုက စလို့ နှစ်လ ပြည့်ရင်၊ ဒီနေ့ မင်း လုပ်ခဲ့တဲ့ အရှက်တရား အတွက် ငါ.... မင်းကို စိန်ခေါ်မယ် "

လင်းယွန်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

" ဟားဟားဟား ...ဒါက မင်းရဲ့ သေခြင်းပဲ ဖြစ်လိမ့်မယ် ဓါးကျွန်ကောင် "

ဇောင်ယန် က ရယ်လျက် ယန္တရားခန်းမ ထဲမှ လှည့်ထွက် သွားသည်။ သူသည် ဓါးကျွန် တစ်ယောက်၏ စိန်ခေါ်မှု ကြောင့်၊ မျက်နှာ ပြစရာပင် မရှိတော့ပေ။

ဆုစီယာ ၏ ရုတ်တရက် ဝင်ရောက်စွက်ဖက် မှုက၊ လူအုပ်ကြီးကို ပြုံးရယ်လာစေသည်။

နောက်ဆုံးတွင် လင်းယွန်သည် အဘယ့်ကြောင့် မောက်မာနေ သည်ကို သူတို့ နားလည် သွားကြသည်။

ဆုစီယာလို နောက်ခံအား ပိုင်ဆိုင် ထားသည့် လင်းယွန် အတွက် ဇောင်ယန် ကို မျက်နှာသာ မပေး ခဲ့သည်မှာ သာမာန် မျှသာ ဖြစ်ပေသည်။

ဆုစီယာ သည် စကား နှစ်ခွန်းသာ ပြောခဲ့ သော်လည်း ထိုစကားလုံး နှစ်လုံးသည် ဤယန္တရား ခန်းမရှိ တပြည့် များအား အသက် ရှူရ ခက်ခဲစေ ခဲ့သည်။

" စီနီယာအစ်မ၊ မင်းရဲ့ကူညီမှုအတွက် ကျေးဇူး တင်ပါတယ် "

လင်းယွန် သည် ဆုစီယာ အား ကျေးဇူးတင် စကားဆိုကာ လက်နှစ်ဖက် ယှက်၍ အသိ အမှတ် ပြုလိုက်သည်။

အမှန်က သူသည် ဇောင်ယန်အား စိန်ခေါ်ဖို့ရန် စိတ်ကူး မရှိပေ။ လုံလောက်သည့် သန်မာမှု ရရှိမှ သာပင် လက်စား ချေဖို့ ကြိုးစား နိုင်ပေမည်။

သို့သော် ဆုစီယာ ၏ ဝင်ရောက် ကာကွယ်ပေး ခြင်းသည် သူ့အား အရှက်ရစေ သည်ဟု ခံစားမိ သောကြောင့် ဆုံးဖြတ် လိုက်ရခြင်း ဖြစ်သည်။

"မင်း ကိုယ် မင်းပဲ ဂရုစိုက်ပါ "

ဆုစီယာ က အေးစက်သည့်လေသံနှင့် ခပ်ပြတ်ပြတ်ပြောကာ လှည့်ထွက်သွားသည်။

သူ၏ နှလုံး သားမှာ ရပ်တန့် သွားသည်။ လက်သီးကို ကျစ်ကျစ် ဆုပ်လျက် အံကြိတ်ထား မိသည်။ သူ၏ အတွေး များတွင် မူလလင်းယွန် ဆန္ဒကို ဆန့်ကျင့်ဖို့ ဆုံးဖြတ် လိုက်သည်။ သူက ဆုစီယာကို သဘော မကျတော့ပေ။

" မင်းက ဘယ်လိုမောက်မာ ရမယ်ဆိုတာ တော်တော် သင်ယူထားပုံပဲ၊ ဆုစီယာ က မင်းကို အမြင်သစ်နဲ့ ကြည့်လိမ့်မယ်လို့ မျှော်လင့် နေတာလား၊ အိမ်မက် မက်မနေနဲ့ အမှိုက်ကောင်။ မင်းဝါးနိုင်တာထက် ပိုမဝါးဖို့ ငါ သတိပေး လိုက်မယ်။ "

ဝမ်နင်က လင်းယွန်အား နိမ့်ကျသည့် သားရဲ တစ်ကောင်အား မြင်တွေ့ နေရသလို ငုံ့ကြည့်လျက် လှောင်ပြောင် သတိပေး လိုက်သည်။ ပြီးသည်နှင့် သူသည် ဆုစီယာ နောက်သို့ ခပ်မြန်မြန် လိုက်သွား ခဲ့သည်။

လင်းယွန် က စိတ်ပျက်လက် ရယ်မော လိုက်ပြီး လှည့်ထွက် လာခဲ့သည်။

( ၎င်းသည် အားနည်းလွန်းသည့် သူ့ကိုယ်သူ ကူရာကယ်ရာမယ့်စွာဖြင့် လှောင်ပြောင်မိခြင်း ဖြစ်ပေသည်။)

***

All Chapters