မစ်ရှင်။
Vol. 1 Ch. 14
လင်းယွန် သည် သူ၏ တဲသို့ ပြန်ရောက် လာပြီး တစ်နေ့ လုံးကို အနား ယူခဲ့သည်။
မနက် ရောက်သည့် အခါ လိုအပ်သော ပစ္စည်း များနှင့် အဖိုးတန် ပစ္စည်း အချို့ကို ထုပ်ပိုး လိုက်သည်။ အမှန်တော့ သူ့၌ အရာ အများကြီး မရှိခဲ့ပေ။
ခန္ဓာကိုယ် သန့်စင်သည့် ဆေးလုံး သုံးလုံး သည်သာ သူ၏ အဖိုးတန်ဆုံး ပစ္စည်းများ ဖြစ်ပေသည်။
" ငါ ဒီမှာ ဆက်နေလို့ မရဖူး၊ ဇောင်ယန် က ငါ့ကို ကတိ တည်လိမ့် မယ်လို့ မထင်ဘူး။ "
လင်းယွန် က ယန္တရားခန်းမမှ မထွက်ခွာခင် ဇောင်ယန် ၏ ကောက်ကျစ် ယုတ်မာမည့် အကြည့် တွေကို ပြန်မြင် ယောင်မိ ပြီးနောက် ဆုံးဖြတ်ချက် တစ်ခုချ လိုက်သည်။
အခြေခံ တည်ဆောက်ခြင်း စတုတ္ထအဆင့်၌ ရှိသည့် သူက မည်သူ့ကို မဆို အနိုင်ယူရန် မဖြစ် နိုင်ပေ။
ချင်းရှောင် ကသာ သူ၏ ကျင့်ကြံမှုကို ဖိနှိပ် ထားခြင်း မရှိပါက သူက အနိုင်ရနိုင်ခြေ (၅၀:၅၀) သာဖြစ်သည်။
ထို့ကြောင့် သူသည် ချင်းရှောင်အား အခွင့် အရေး မပေးခဲ့ဘဲ၊ တွေဝေ တွန့်ဆုတ်ခြင်း မရှိ ဓါးဖြင့် ထိုးသွင်း လိုက်ခြင်း ဖြစ်သည်။
လင်းယွန်က သက်ပြင်းကို ခပ်တိုးတိုး ချလိုက်ပြီး ယန္တရား ခန်းမတွင် ဖြစ်ပျက် ခဲ့သည် များကို တဖြည်းဖြည်း ပြန်လည် ပုံဖော် နေမိသည်။
ဇောင်ယန်၊ ဝမ်နင်နှင့် ဆုစီယာ တို့၏ အထင် အမြင် သေးမှုကို ထပ်ခါထပ်ခါ မြင်ယောင်လျက် ခါးသီးမှု တွေက သူ့နှလုံးသား ထဲသို့ စိမ့်ဝင်လာ ခဲ့သည်။
သူက နိမ့်ကျသည့် ပုံရိပ် အဖြစ် ရှင်သန် ခဲ့ရ သည်မှာ မူလ လင်းယွန် တသက်ပင် ရှိချေပြီ။ ယခု သူသည် ဓါးကျွန် တစ်ယောက် မဟုတ် တော့ပေ။
သူက အကြီး အကဲဟောင် ပေးသည့် ကျောက်စိမ်း ပန်းချီကားကို ငုံ့ကြည့် ဆုပ်ကိုင် လိုက်သည်။
"ကျားကို လွှတ်ပါ၊ နှင်းဆီရနံ့ တွေ ဝေနေပြီ ... "
သူ၏ ဂိုဏ်း နှင့် ဤလောကကြီး နှစ်ခုလုံး၌ အားကြီး သူသာ ဘုရင် ဖြစ်ပြီး အားနည်း သူသည် ကျွန် တစ်ယောက်သာ ဖြစ်ပေမည်။
လင်းယွန် က မယိမ်းယိုင်သည့် ဆုံးဖြတ် ချက်ကို ချကာ သူ၏ လက်သီးကို ဆုပ်လိုက် သည်။
"နောက် နှစ်လ နေရင် ငါပြန် လာမယ်"
လင်းယွန် က သူ့ကိုယ်သူ ကတိပေး ရေရွတ် လိုက်သည်။
စည်းကမ်း ထိန်းသိမ်းရေး ခန်းမသည် အမြဲလိုလို စည်ကား နေခဲ့သည်။ ၎င်းသည် သိုင်းကျမ်း ဆောင်နှင့်၊ လက်နက်တိုက် အပြင် ဂိုဏ်း၏ တပည့်များ အတွက်၊ အရင်း အမြစ်များ လစဉ် ထောက်ပံ့ ပေးသည့် နေရာ ဖြစ်သကဲ့ သို့ပင်၊ ဂိုဏ်း၏ မစ်ရှင်များ ဖြန့်ဝေသည့် နေရာလည်း ဖြစ်ပေသည်။
မစ်ရှင် အမျိုးအစား များမှာ နတ်ဆိုး သားရဲ များအား အမဲလိုက်ခြင်း၊ ရှားပါး ဆေးပင်များ စုဆောင်း ခြင်းနှင့် ဆုငွေထုတ် ထားသည့် လမ်းလွဲ သိုင်းသမား များအား သုတ်သင်ခြင်းတို့ ဖြစ်သည်။
လင်းယွန် သည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ထဲသို့ ၀င်ရောက်လိုက်သည့် အခါ ခန်းမထဲရှိ လူအုပ်ကြီးသည် သူ့အား တိတ်တဆိတ် အကဲခတ်နေခဲ့ ကြသည်။
ချင်းရှောင် အား ဓားတစ်ချက်နှင့် အနိုင်ယူ နိုင်ခဲ့ပြီး၊ ဇောင်ယန် အား စိန်ခေါ် ခဲ့ခြင်းသည် ဂိုဏ်း၌ တစ်နေ့ အတွင်း သူ၏ ဂုဏ်သတင်းကို ပျံ့နှံ့ စေရန် လုံလောက် ပေသည်။
ထို့အပြင် လေဝဲဓါးကို အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့သည့် သတင်း သည်လည်း သာ၍ အံ့သြဖွယ် ကောင်းလှသည်။
လွန်ခဲ့သည့် တစ်ပတ်ခန့်က လင်းယွန်သည် ဓားကျွန် တစ်ယောက်သာ ဖြစ်ခဲ့ပြီး၊ ယခု အချိန်၌ သူသည် ဒဏ္ဍာရီလာ လေဝဲဓါး ကွက်ကို လေ့ကျင့် အောင်မြင် ခဲ့သည့် ပြင်ပ တပည့် လင်းယွန် ဖြစ်နေ ခဲ့သည်။
လင်းယွန် က အကြီးအကဲယန် ထံသို့ လျှောက်သွား လိုက်ပြီး ....
"အကြီးအကဲယန်၊ ငါ က...နှစ်လစာ အရင်း အမြစ်ကို ကြိုတင် ထုတ်ယူ ချင်ပါတယ်၊ ပြီးတော့ မစ်ရှင် အချို့ ကိုလည်း ရယူချင် ပါတယ်"
အကြီးအကဲယန် သည် လင်းယွန် အား ကြက်သေသေစွာ ကြည့်လိုက်သည်။ သူသည် လုံးဝ ကွဲပြားခြား နားသည့် လူ တစ်ယောက်အား မြင်နေရ သကဲ့သို့ ခံစား နေရပုံ ရသည်။
ဓားကျွန် သည် တိုတောင်းလှသော အချိန်၌ အလွန်ကြီးထွား လာခဲ့သည်။ သူက နှစ်လစာ အရင်း အမြစ် အဖြစ် ငွေစ(၁၀၀)နဲ့၊ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး နှစ်လုံးကို လင်းယွန် အား ပေးအပ် လိုက်သည်။
သူက လင်းယွန်အတွက် ခက်ခဲအောင်လုပ်ဖို့ ဆန္ဒ မရှိခဲ့ပေ။ သူတို့ နှစ်ယောက်၏ နောက်ဆုံး တွေ့ဆုံမှု အပြီးတွင် အကြီး အကဲယန် က သင်ခန်း စာရခဲ့ သည်ကို မေ့မရနိုင်။
ထို့အပြင် ရွှေစ အချို့နှင့် ဆေးလုံး အနည်း ငယ်သည် သာမာန်သူ အတွက် ကြီးမားသည့် တန်ဖိုး တစ်ခု ဖြစ်သော်လည်း ကျင့်ကြံသူ တစ်ယောက် အတွက်မူ ၎င်းသည် စိတ်ဝင်စားမှု အနည်းငယ်သာ ပေးနိုင် ချေသည်။
ဥပမာ အားဖြင့် ဂိုဏ်း၏ အတွင်း တပည့် များသည် တစ်စုံ တခုအား ရောင်းဝယ်မှု ပြုလုပ် ရာတွင် ရွှေစများ အစား ဝိညာဉ် ကျောက်များ ကိုသာ အစားထိုး ဖလှယ် ကြသည်။ သူတို့ အတွက် ရွှေငွေသည် စားစရာ ဝယ်ရန်သာ ဖြစ်၏။
ဂိုဏ်းမှ ပေးအပ်လာသည့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး နှစ်လုံး အပါအဝင် လင်းယွန် ၌ စုစုပေါင်းဆေးလုံး ငါးလုံး ရှိလေသည်။
၎င်းသည် သူ၏ နှစ်လအတွင်း ကျင့်ကြံမှု အတွက် ကြီးမားသည့် အထောက်အပံ့ တစ်ခု ဖြစ်လာ ပေလိမ့်မည်။
"မင်း က၊ ဇောင်ယန် ကို နှစ်လအကြာမှာ တိုက်ခိုက်ဖို့ တကယ်စိန်ခေါ်ခဲ့တာလား။ "
အကြီး အကဲ ယန်က ရိုးသားစွာ မေးလိုက် သည်။
လင်းယွန် သည် သတိကြီးကြီး ထားကာ အကြီး အကဲ ယန်ကို မော့ကြည့် လိုက်သည်။ သည်အကြီး အကဲ ယန်က သူ့အတွက် ခက်ခဲသည့် ကိစ္စ များကို ထပ်ပြီး ဖန်တီးရန် ကြံစည် နေသည်လား ဟုပင် တွေးလိုက်မိ၏။
သို့သော် အကြီးအကဲ ယန်သည် လင်းယွန် ၏ အတွေးကို သိရှိ နေဟန်ဖြင့် ပြုံးပြ လိုက်ပြီး။
" စိတ်မပူပါနဲ့။ ငါက မင်းအတွက် ခက်ခဲတဲ့ အရာ တွေကို ငါထပ်ပြီး လုပ်မှာ မဟုတ်ဘူး။ ငါက သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီး ပါပြီ။ မင်းက ဘယ်မစ်ရှင်ကို လက်ခံချင်လဲ။ သာမာန် မစ်ရှင် တွေလား ဒါမှမဟုတ် ဝိညာဉ်အဆင့် မစ်ရှင် တွေလား။ "
" ဘယ်လို၊ ဝိညာဉ်အဆင့် မစ်ရှင် ဆိုတာက... ။ "
“ အင်း....၊ ဒါက ဝိညာဉ်အဆင့် မစ်ရှင်ဆိုတဲ့ အတိုင်း မစ်ရှင် တွေကို မင်းအောင်မြင်ရင် ဆုလာဘ် အဖြစ် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တွေကို ရနိုင် လိမ့်မယ်။ ..”
“ ... ပုံမှန် အားဖြင့် ဒီလို မစ်ရှင် တွေကို အတွင်းတပည့် တွေက လက်ခံယူနေ ကြပဲ။ ပြင်ပ တပည့်တွေ အတွက် ကတော့ အကန့် အသတ်နဲ့ပဲ ဂိုဏ်းက မစ်ရှင်တွေကို ချပေး နိုင်တယ်။ ”
"ငါ ...ကြည့်ပါရစေ"
လင်းယွန် ၏ စိတ်ဝင်စားမှုသည် ပြင်းထန် လာခဲ့သည်။ သူက ဤသို့ စိတ်ဝိညာဉ် အဆင့် မစ်ရှင်များ ရှိနေ လိမ့်မည်ဟု မျှော်လင့် မထား ခဲ့ပေ။
လင်းယွန်က မစ်ရှင် များအား လက်ခံ ခြင်းဖြင့် ဤနှစ်လ အတွင်း၊ သူ၏ ခွန်အားကို မြှင့်တင်ရန် နှင့် ပြဿနာ များကို ရှောင်ရှား နိုင်ရန် ဂိုဏ်းမှ ထွက်ခွာ ခြင်းဖြင့် အကောင်း ဆုံးသော ဆင်ခြေ တစ်ခုလည်း ဖြစ်ပေသည်။
( ဝိညာဉ်အဆင့်မစ်ရှင်များ၊
***************************
အမဲလိုက်ခြင်း။
1- နတ်ဆိုးသားရဲ (၃) ကောင် သတ်ရန်၊
မီးလျှံကျားများ သတ်ရန်။
မစ်ရှင် အတွက် ဆုလာဘ် .... အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး- (၂၀၀ )။ )
" ဟမ်၊ ဝိညာဉ် ကျောက်တုံး အတွက်နဲ့ နတ်ဆိုး သားရဲ တွေကို သတ်ရမှာလား၊ ဘာလို ဒီမစ်ရှင် တွေကို ပြင်ပ တပည့်တွေ လက်မခံလဲ ဆိုတာ၊ ခု.. ငါ သိပြီ ထင်တယ်။ "
လင်းယွန် က ပထမ ဦးဆုံး မစ်ရှင်ကို ဖတ်ကြည့်ကာ သူ၏ မျက်စိများ ပြာဝေ သွားခဲ့သည်။ ၎င်းသည် လွယ်ကူသည့် အရာ မဟုတ်ဟု ဆိုသည်ထက် ပို၍ ခက်ခဲနေ ပေသည်။
( ဝိညာဉ်အဆင့် မစ်ရှင်။
***********************
ဝိညာဉ်ဆေးပင်စုဆောင်းခြင်း။
2– သွေးလီလီပန်း ဆယ်ပင် ခူးဆွတ်လာရန်၊
တည်နေရာ - ပန်းတစ်ရာ ချိုင့်ဝှမ်း၊ မိုးထိတောင်။
ဝိညာဉ်အဆင့် မစ်ရှင်။
**********************
ကွပ်မျက်ခြင်း။
3- ကွမ်းယန် အား သတ်ရန်၊
ကျင့်ကြံမှု အဆင့် –အခြခံ တည်ဆောက်ခြင်း သတ္တမ နှောင်းပိုင်း အဆင့်။
ပြစ်မှု - ဓါးပြ
မစ်ရှင် အတွက် ဆုလာဘ် – အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး –( ၆၀၀) ။ )
လင်းယွန်က မစ်ရှင်များကို ကြည့်လိုက်ပြီး ငြိမ်သက် သွားသည်။ ဝိညာဉ်အဆင့် မစ်ရှင် များမှာ၊ မယုံ ကြည်နိုင် လောက်အောင် ခက်ခဲသည့်၊ စိန်ခေါ်မှု များပင် ဖြစ်သည်။ သို့သော် လင်းယွန်သည် ဆုလာဘ် များအား မျက်ကွယ် ပြုရန် ခက်ခဲ နေခဲ့ပြီး၊ မိနစ် အနည်းငယ် ကြာအောင် တိတ်ဆိတ် နေပြီးနောက်၊ သူက ဝိညာဉ်အဆင့် မစ်ရှင် သုံးလုံးကို ယူဖို့ ဆုံးဖြတ် လိုက်၏။ သူက လျှင်မြန်စွာ ကြီးထွားဖို့ လိုအပ် နေသည်။
'' မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ အတွင်း တပည့် ဝင်ခွင့် စစ်ဆေး ပွဲက နှစ်လ အကြာမှာ ကျင်းပ လိမ့်မယ်။ မင်းက အချိန်မီပြန် မရောက် နိုင်ဘူး ဆိုရင် အလို အလျောက် ကျရှုံးခြင်း အဖြစ် သတ်မှတ်မယ်။ "
အကြီး အကဲ ယန်က စေတနာ ပါပါဖြင့် လင်းယွန်အား သတိပေး ပြောကြား လာခဲ့သည်။
လင်းယွန် က ခေါင်းညိတ် လိုက်ပြီး အကြီးအကဲ ယန်၏ သတိ ပေးမှုကို အသိ အမှတ် ပြုလိုက်သည်။
" ကျေးဇူး တင်ပါတယ် အကြီး အကဲယန် "
လင်းယန် ထွက်ခွာ ခါနီးတွင် အကြီးအကဲ ယန်က သိချင်စိတ် ပြင်းပြသည့် လေသံဖြင့်၊
"မင်းက လေဝဲဓား နည်းစနစ် ကို တကယ်ပဲ လေ့ကျင့် နိုင်ခဲ့ တာလား။ "
" ငါက အနည်းငယ်ပဲ ဆုပ်ကိုင်နိုင် ခဲ့တာပါ။ ပြီးပြည့် စုံသည့် အဆင့် ရောက်ဖို့ အလှမ်းဝေး နေတုန်းပါ အကြီး အကဲယန်။ "
လင်းယွန် ၏ စကားကြောင့် အကြီး အကဲ ယန်သည် ထိတ်လန့် တုန်လှုပ်လျက် ကျန်ရစ် ခဲ့သည်။
လင်းယွန် သည် လေဝဲဓါးကို ရွေးချယ်သည့် အချိန်၌ ၎င်းသည် ကျင့်ကြံ အောင်မြင်ဖို့ရန် မဖြစ် နိုင်ဟု သူက မှတ်ချက် ပေးခဲ့သည်။
သို့သော် လင်းယွန် သည် အချိန် အနည်းငယ် အတွင်း နားလည် ဆုပ်ကိုင် နိုင်လိမ့် မည်ဟု ထင်မထား ခဲ့ပေ။
ထို့ထက် ပို၍ ကြောက်စရာ ကောင်းသည်မှာ လင်းယွန်သည် ထိုနည်းစနစ်အား ပြီးပြည့် စုံသည့် အဆင့် အထိ၊ ဆုပ်ကိုင်ရန် မျှော်လင့် ထားပုံ ရသည်။
၎င်းသည် လင်းယွန် ကသာ အောင်မြင် ခဲ့ပါက အဆင့်မြင့် ဓါးနည်းစနစ် တစ်ခု ဖြစ်လာပြီး အဆင့်မြင့် ဓါးနည်းစနစ် များတွင် ပြိုင်ဘက်ကင်း ဝှက်ဖဲ တစ်ချပ် ဖြစ်လာ ပေလိမ့်မည်။
အကြီးအကဲ ယန်မှာ ထိုအချိန်ကို ကြိုတင် မျော်လင့်လျက် လင်းယွန် ကိုယ်စား စိတ်လှုပ်ရှား သွားမိသည်။
" ခန်းမသခင်ရဲ့ ၀င်ရောက် စွက်ဖက်မှုက ငါ့ကို ကံကောင်း ခဲ့တာပဲ၊ ငါကသာ ရွေးချယ်ရ စမြဲဆို ဒီကောင်လေးရဲ့ ဆန့်ကျင် ဘက်ကို မရပ် ချင်ပါဘူး။ "
အကြီးအကဲ ယန်က သက်ပြင်းချပြီး ခေါင်းခါ လိုက်သည်။
လင်းယွန် က ဂိုဏ်းမှ ထွက်သွားပြီး မကြာမီ၊ သူ၏ သစ်သားတဲ နေရာ၌ ဧည့်သည် များစွာ ရောက်ရှိ နေကြသည်။ ထိုသူများသည် တစ်စုံ တစ်ခုကို ရှာဖွေ နေပုံရ၏။
" စီနီယာ အစ်ကိုချင်းရှောင်၊ ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးကို ရှာမတွေ့ဘူး။ ဒီဓါးကျွန် ကောင်က ငါတို့ လာမှာကို ကြိုသိပြီး ထွက်သွား ပုံရတယ်။ "
ချင်းရှောင် သည် ပြန်လည် သက်သာလာ ပြီးနောက်တွင် သူ၏ လက်ပါးစေ ပြင်ပ တပည့် အချို့နှင့် အတူ လက်စား ချေရန် လင်းယွန် ထံသို့ လိုက်လာ ခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန် က ကြိုတင် ထွက်ခွာ သွားခဲ့ လေသည်။
" ခွေး ကောင်၊ ပထမ ဦးဆုံး ငါ့ရဲ့ တိမ်လွှာဓါး ........ အခု ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံး သုံးလုံး ......"
ဆုံးရှုံးမှု များက ချင်းရှောင်အား ခါးသီးမှု ဖြစ်လာ စေသည်။
" ဒီ တဲစုတ်ကို ဖျတ်စီး လိုက်စမ်း၊ ဓါးကျွန်ကောင် ... မင်း ... ဘယ်လောက် ကြာကြာ ပုန်းအောင်း နိုင်မလဲ ဆိုတာ ငါ ကြည့်မယ်။ မင်းက အတွင်းတပည့် ဝင်ခွင့် စစ်ဆေးပွဲ မှာ ဘယ်လောက်ထိ မောက်မာ နိုင်မလဲ ..... ။ "
နှစ်ရက် အကြာတွင် လင်းယွန်သည် မြင်းတစ်ကောင်အား စီးနင်းလျက် မိုးထိတောင် ပတ်ပတ် လည်ရှိ နက်ရှိုင်းသည့် ချောက်ကမ်းပါး နေရာ များသို့ လှည့်လည် ကြည့်ရှု နေခဲ့သည်။
ယခု သူသည် ယခင်က အမဲလိုက်ခဲ့သည့် အပြင်ဘက် ဒေသ များနှင့် မတူပဲ နက်ရှိုင်းသည့် တောနက် ထဲသို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ မိုးထိတောင်၏ နက်ရှိုင်းသည့် အပိုင်းတွင် နတ်ဆိုး သားရဲ များနှင့် ပြည့်နှက် နေသည်။
အနိမ့်ဆုံး အဆင့် နတ်ဆိုး သားရဲ သည်ပင် အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့် ခွန်အားကို ပိုင်ဆိုင် ထားလေသည်။
ထို့အပြင် နတ်ဆိုးသား တို့၏ အရှိန် အဝါသည် နတ်ဆိုး ဆန်ဆန် ပြင်းထန် လွန်းသော သတ်ဖြတ်ခြင်း ဆန္ဒများ ပါဝင်နေပြီး ကျင့်ကြံ သူတို့ပင် ကြောက်ရွံ့မှုကို တွန်းလှန် ထိန်းချုပ်ရန် အခက်အခဲ ရှိနေခဲ့သည်။
သွေးလီလီပန်း များကို စုဆောင်းရန် မစ်ရှင်အား လက်ခံ ထားခဲ့ သည်ကြောင့် သူက ကြောက်ရွံ့ နေခဲ့ သော်လည်း အန္တရာယ်ကို တိုးဝင် ရင်ဆိုင်ရန် ဆုံးဖြတ် ထားသည်။
နတ်ဆိုးသားရဲ များသည် မည်မျှပင် အင်အား ကြီးစေကာမူ ၎င်းသည် သားရဲ တိရိစ္ဆာန် များသာ ဖြစ်ပေသည်။
ဇောင်ယန်အား လက်စား ချေရန်နှင့် ဆုစီယာ၏ ထောက်ပံ့မှု အရင်းအမြစ် များကို ပြန်လည် ပေးဆပ် လိုလျှင် စွန့်စားဖို့ လိုအပ် ပေမည်။
အခြား သူများက သူ့အပေါ် အကြွေး တင်ခြင်းကို မုန်းတီး လှသည်။ ထို့အပြင် ဆုစီယာအား သူသဘော မကျခဲ့ပေ။
ထို့ကြောင့် သူမအား ပြန်လည် ပေးဆပ်ပြီး မူလ လင်းယွန်နှင့် သူမတို့၏ ပါတ်သတ်မှု ဘဝကို ရပ်တန့် ချင်ခဲ့သည်။
လင်းယွန်၏ ပန်းတစ်ရာ ချိုင့်ဝှမ်းသို့ ခရီးသည် ခက်ခဲ ကြမ်းတမ်း ခဲ့သည် ဖြစ်ရာ ပန်းတစ်ရာ ချိုင့်ဝှမ်းအား ရောက်မည့် အချိန်ကို မခန့်မှန်း နိုင်ခဲ့ချေ။
တတိယ မြောက်နေ့တွင် လင်းယွန်သည် မိုးထိတောင် တောအုပ်၌ လှည့်လည် နေစဉ် လေထု ထဲမှ လွင့်ပျံ့ လာသည့် မွှေးပျံ့ပျံ့ ပန်းရနံ့ များကို ရှူရှိုက် မိလိုက်သည်။
လင်းယွန်က သူ၏ မြင်းပေါ်မှ ခုန်ဆင်း လိုက်ပြီး ရှေ့သို့ ပြေးထွက် သွားခဲ့သည်။
" နောက်ဆုံးတော့ ငါက ပန်းတစ်ရာ ချိုင့်ဝှမ်းကို ရှာတွေ့ ပြီကွ ။ "
လင်းယွန်၏ အသံသည် တောအုပ် အနှံ့ ပျံ့လွင့်သွား ပြီးနောက်၊ နက်ရှိုင်းသည့် ချိုင့်ဝှမ်းကို ငုံ့ကြည့်လျက်၊ မျက်ဝန်း၌ လောဘများ တောက်လောင် လာခဲ့သည်။
***