← Chapters

ပန်းသင်္ချိုင်း ဓါး (1)

Vol. 2 Ch. 15

ပန်းသင်္ချိုင်း ဓါး (1)

Vol. 2 Ch. 15

'လင်းယွန် ရှေ့တွင် မရေမတွက်နိုင်သည့် ပန်းများဖြင့် လွှမ်းခြုံထားပြီး ကျယ်ပြန့် နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်ခု တည်ရှိနေသည်။ သူက သူ့ကိုယ်သူ ကံကောင်းမှုအတွက် နူးနူးညံ့ညံ့ရယ်မောလိုက်သည်။

'' ဒါက သွေးလီလီပန်း ရဲ့ အိမ်လား..''

လင်းယွန် က ချိုင့်ဝှမ်းကိုအကဲခတ်ပြီး မျက်ခုံးပင့် လိုက်သည်။ ဒါက မစ်ရှင်ကို လက်မခံကြတာ အံ့သြစရာ မရှိချေ။ ချိုင့်ဝှမ်းသည် ကြီးမားခဲ့ပြီး ပန်းတစ်ပွင့်ကို ရှာဖွေ ခြင်းသည် လဝက်သို့မဟုတ် ထိုထက် ပိုကြာ လိမ့်မည်၊ သူ၌ အချိန်မရှိပေ။

လင်းယွန် က မစ်ရှင် မအောင်မြင်သည်ကို သူလက်ခံနိုင်ပေမယ့် အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲကို အလွတ်မခံ နိုင်ပါဘူး။

အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲသည် ပြင်ပတပည့် များ၏ အဆင့် သတ်မှတ်ရန် ဆုံးဖြတ်လေ့ ရှိပြီး နှစ်စဉ် ကျင်းပသော ပွဲဖြစ်သည်။

မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် တပည့်တစ်ဦး၏ အဆင့်အတန်းပေါ် မူတည်၍ အရင်း အမြစ်များကို ခွဲဝေထောက်ပံ့ ကြသည်။

ထို့ပြင် ပြင်ပတပည့် ထိပ်ဆုံး (၁၀) အတွင်း ရှိသည့် တပည့်များသည် အတွင်း တပည့် ဖြစ်လာရန် အခွင့်အလမ်း ရှိပေသည်။

ပန်းတစ်ရာ ချိုင့်ဝှမ်း သည် ပန်းရနံ့များ ထုံမွှန်းလျက် ဝိညာဉ် စွမ်းအင်များ ပြည့်လျံ နေသည်။ တစ်နေ့တာ ကုန်လွန်ချိန်ထိ သူက ပန်းတစ်ရာ ချိုင့်ဝှမ်းထဲ လှည့်ပါတ် ရှာဖွေ နေခဲ့သည်။

တောရိုင်း နှင်းဆီပန်းများသည် ပန်းပင်လယ် တစ်ခုလို အဆုံးအစ မရှိ ပေါက်ရောက် နေသည်။ ၎င်းသည် သွေးလီလီပန်းကို လင်းယွန်၏ မြင်ကွင်းမှ ဝှက်ထားလေသည်။

တတိယ မြောက်ရက် နေဝင်ချိန် အထိ သူက ချိုင့်ဝှမ်း အတွင်း လူးလား ခေါက်တုန့် အသေးစိတ် ရှာဖွေနေမိ သော်ငြားလည်း ၎င်းသည် လင်းယွန် အား ပူလောင် လာစေသည်။

သို့သော် လင်းယွန် ၏ လုံ့လဝီရိယ သည် (၈) ရက်မြောက် နေ့၌ အကျိုးအမြတ် တစ်စွန်း တစကို ခြေရာခံ မိလိုက် လေသည်။

သူသည် လေထဲတွင်ပျံ့လွင့်နေသည့် အလွန်ထူးခြားသော ရနံ့ကို ဖမ်းမိလိုက်သည်။

" သွေး ရ နံ့ "

၎င်းသည် အားနည်းသော်လည်း ထူးခြား၏။ ဤသွေးရနံ့ထဲတွင် သတ္တုဆန်ဆန် အနံ့သစ် တစ်မျိုးသည် ပေါင်းစပ် ပါဝင်နေခဲ့သည်။

" ဒါပဲ "

ပန်းတစ်ရာချိုင့်ဝှမ်းသည် အဆက်မပြတ် တိုက်ခတ် နေသည့် လေပြင်း များကြောင့် ရနံ့များ ရောထွေးလျက် သူ၏ ရှာဖွေမှုကို ဆုတ်ယုတ် ကြန့်ကြာ နေ ခဲ့ရသည်။

လင်းယွန် သည် ရနံ့ များ သယ်ဆောင် လာသည့် လေကို စောင့်ဆိုင်းရန် ရက်များစွာ အချိန် ပေးစောင့် နေခဲ့ ရပြီး ၎င်းသည် လက်လျော့ရန် စိတ်ကူး မရှိခဲ့ပေ။

ရုတ်တရက် လင်းယွန် သည် သူ၏ ကျောရိုးကို အေးစက် စေသည့် ခံစားမှုနှင့်အတူ သတ္ထုဆန်ဆန် သွေးရနံ့များအား ခံစားမိလိုက် သည်။

ကွင်းပြင်တစ်လျှောက်ပြန့်ကျဲနေသည့် ကျောက်တုံး ကြီးများ အနက်မှ သီခြားခွဲထွက် နေသည့် ကျောက်တုံး တစ်တုံးသည် ဤရနံ့များ ထွက်လာသည့် ဆုံချက် ဖြစ်သည်။

သူက လွန်ခဲ့သော ရက်များ ကလို ရသည့် အခွင့်အရေး အချို့ကို လက်လွှတ်မခံ နိုင်ခဲ့ပေ။

"ဒီ .....မှာ"

သူက ဧရာမကျောက်တုံးကြီးတစ်တုံးပေါ် ခုန်တက်ပြီး အော်ဟစ် လိုက်သည်။ ကျောက်တုံး အောက်ဘက်နား စိုးစွတ်သည့် အရိပ် တစ်နေရာတွင် ကြက်သွေးရောင် လီလီပန်း တစ်ပင်အား နီရဲလျက် တွေ့လိုက် ရသည်။

၎င်းသည် ဆူးများ ဖုံးလွှမ်း နေပြီး သွေးနှင့် သတ္တု ရနံ့များ ရောနှောလျက် နတ်ဆိုး အရှိန် အဝါကို ထုတ်လွှတ် နေသည်။

" သွေး လီ လီ "

လင်းယွန် သည် သူ၏ရှေ့၌ ရှိသော သွေးလီလီပန်း များကို ကြည့်လျက် စိတ်လှုပ်ရှား နေမိသည်။

သူတို့က ရှားပါးသည့် ပန်းမျိုး စိတ်တစ်မျိုး ဖြစ်သည်။ နက်ရှိုင်းသည့် လျှိုမြောင်များ တွင်သာ ပေါက်ရောက်၏။

သွေးလီလီပန်းများသည် ပန်းမျိုးစိတ်တို့၏ ဘုရင်များ ဖြစ်ပြီး သူရှင်သန်ရာ ဝန်းကျင်၌ တောရိုင်းပန်း အမျိုးမျိုး ပေါက်ရောက် နေပြီး ၎င်းသည် ပန်းပင်လယ်များ ဖြစ်သည် အထိ ထူထပ် များပြား ကြသည်။

လေထုသည် အေးစက်စိုဆွတ်ပြီး နေရောင်မကျသည့် အရပ်ဒေသများတွင် သူတို့အား အတွေ့များကြသည်။

သွေးလီလီပန်းများကို ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးလုံးများ ဖော်စပ် ရာတွင် အဓိက ဆေးအမယ် ဖြစ်ပြီး ၎င်းသည် ၀ယ်လို အားမြင့်မားကာ ရှားပါးဆေး အမယ်ထဲ ပါဝင်သည်။

(သွေးလီလီက သူကြီးထွားဖို့ ယင်-ယန် ပေါင်းစပ် ပါဝင်တဲ့ ပါတ်ဝန်းကျင် လိုအပ်မှန်း ငါသိခဲ့ရင် ဒီလောက်ထိ အချိန်ဖြုန်း မိမယ် မထင်ဖူး။)

လင်းယွန် က သူ၏ ကံကောင်းခြင်း လက်ဆောင်ကို ပြုံးရွှင်စွာ ကြည့်လျက် ရေရွတ် လိုက်မိသည်။ သူကြည့် နေဆဲမှာပင် သွေးလီလီ ပန်းက၊ စတင် ပွင့်အာရန် အရှိန်ယူ နေရာ လေထုထဲ၌ သွေးနှင့် သတ္ထု ရနံ့များ သိပ်သည်း လာလေသည်။

သူ၏ နတ်ဆိုး အရှိန်အဝါသည် ပို၍ ရက်စက် ကြမ်းကြုပ်လျက် ပန်းပင်လယ် တစ်ခုလုံးကို ခစား ဒူးထောက်ဖို့ ဖိအားပေး နေသလို ခံစား လိုက်ရ သည်။

" ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ နတ်ဆိုး အရှိန်အဝါ လဲ၊ ငါသာ မျက်မြင် မဟုတ်ရင် ဒီအရှိန်အဝါက နတ်ဆိုး သားရဲ တစ်ကောင်ကောင် ဆီက လာတာလို့ ထင်မိမှာ၊ ဒီလို လှပ တဲ့ ပန်းလေးတစ်ပွင့်က လာတယ်လို့ ယုံမှာကို မဟုတ်ဖူး။ "

သူသည် ပန်းကို ခူးဆွတ်မည့် အချိန်၌ပင် သူ၏ အာရုံများသည် အန္တရာယ်ရနံ့ကြောင့် နိုးကြားလာ၏။ လင်းယွန် ၏ မျက်နှာသည် ဖြူဖျော့ သွားလျက် အချိန်မီ မော့ကြည့် လိုက်ကာ ရှောင်ရှားရန် ဘေးသို့ လှိမ့်ထွက် လိုက်သည်။

" ဘန်း "

လင်းယွန်သည် တိုက်ခိုက်မှုကို ရှောင်တိမ်း နိုင်ခဲ့ သော်လည်း သားရဲ၏ အမြှီးဖြင့် ရိုက်မိပြီး လွင့်ပျံ ထွက်သွား သည်။

သူ့ခန္ဓာကိုယ်ရှိ အရိုးတိုင်းသည် အက်ကွဲလု မတက် နာကျင်သည့် ဒဏ်ကြောင့် အော်ဟစ် လိုက်မိ သည်။

" သွေးမီးလျှံ စပါးအုံးမြွေ "

လင်းယွန်က လေထဲလွင့် လျက်မှပင် သူ့အား တိုက်ခိုက် လာသည့် သားရဲကို သိရှိလိုက် သဖြင့် ထိတ်လန့်တကြား အော်ဟစ် လိုက်မိသည်။

သွေးမီးလျှံ စပါးအုံး မြွေ၏ ဦးခေါင်းသည် ကြီးမား ရှည်လျားလျက် မီးခိုးရောင် အစင်း ပါရှိပြီး သူ၏ ကျောပြင်၌ မီးလျှံများ လောင်ကျွမ်း နေသည်။

၎င်းသည် အခြေခံတည်ဆောက်ခြင်း၏ ပဉ္စမအဆင့်တွင် ရှိနေသည့် နတ်ဆိုးသားရဲ သွေးမီလျှံ စပါးအုံးမြွေ တစ်ကောင်ပင် ဖြစ်ပေသည်။

လင်းယွန် က သူဘာကြောင့် နတ်ဆိုးသားရဲ တစ်ကောင်ကို အာရုံမခံ မိနိုင်လဲ ဆိုသည်ကို သဘော ပေါက်မိ၏။

သွေးမီးလျှံ စပါးအုံးမြွေ သည် ပါးနပ်သည့် အသိညာဉ်ကို ပိုင်ဆိုင် ထားပုံရ၏။ သွေးလီလီ ပန်း၏ သတ္ထုဆန်ဆန် သွေးရနံ့သည် သားကောင်ကို ဆွဲဆောင် လိမ့်မည်ဟု မျှော်လင့်ထား သဖြင့်၊ သူ့ကိုယ်သူ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်ထားခဲ့ သည်။

၎င်းသည် သူအား သေလုနီးနီး ခံစားလိုက်ရ စေသည့် ထောင်ချောက် တစ်ခု ဖြစ်လာသည်။

အစောပိုင်းတွင် သွေးလီလီပန်း ပွင့်အာချိန် ထုတ်လွှတ်သည့် နတ်ဆိုးအရှိန် အဝါများတွင် သွေးမီးလျှံ စပါးအုံးမြွေ၏ နတ်ဆိုး အရှိန် အဝါများ ကပ်ညိလျက် သူ့အား ဖိအားပေး ခြောက်လန့် နေခဲ့ခြင်း ဖြစ်ရာ သူက ၎င်းအား လောဘကြောင့် မခွဲခြား နိုင်ခဲ့ပေ။

"..........."

သွေးမီးလျှံစပါးအုံးမြွေ က သူ၏ အရှိန်အဝါကို အဆုံးထိမြင့်တင်လိုက်ပြီး သတ်ဖြတ်မှုအရှိန်အဝါကို လင်းယွန် ထံသ ဦးတည် စေလွှတ်လိုက်သည်။

လင်းယွန် အား အဆုံးသတ်ရန် ဆုံးဖြတ်ထား လိုက်ပုံရသည်။ သူ၏ ထောက်ချောက်ဖြင့် သားကောင်အား တစ်ချက်တည်း အသေ မသတ်နိုင်ခဲ့ခြင်း အပေါ် ဒေါသထွက်လျက် လင်းယွန် ကို စိုက်ကြည့် နေသည်။

သွေးမီးလျှံစပါးအုံးမြွေ၏ အရှိန်အဝါသည် ဇောင်ယန် ထံမှလာသည့် ဖိအားနှင့် အဆင့်တူတွင် ရှိနေသည်။

၎င်းသည်လင်းယွန်အား ကြီးမားသည့် ဖိအား အောက်တွင် သူ့ကိုယ်သူ မြဲမြန်စွာ ရပ်နိုင်ရန်ပင် ရုန်းကန်နေခဲ့ရသည်။

ထိုအချိန်တွင် လင်းယွန် ၏ စိတ်ထဲ၌ ကျောက်စိမ်းစာ လိပ်ထဲမှ နတ်ကျားက၊ ရုတ်တရက် ထွက်ပေါ် လာလေသည်။

၎င်းသည် တုန်လှုပ်နေသည့်လင်းယွန်၏ စိတ်ဝိညာဉ်အား ဟိန်းဟောက်လျက် အရှိန် အဝါကို ဖြန့်ကာ ထိန်းချုပ်ငြိမ်သက်စေ လိုက်သည်။

ထိုမှတဆင့် လင်းယွန် ထံသို့ အုပ်မိုး ဖိနှိပ် ထားသည့် သွေးမီးလျှံ စပါးအုံး မြွေ၏ အရှိန် အဝါကို ပြန်လည် တွန်းကန် လိုက်သည်။

သွေးမီးလျှံစပါးအုံးမြွေထံမှ သတ်ဖြတ်မှု အရှိန်အဝါသည် အားပျော့လာပြီး လင်းယွန် က သူ့ကိုယ်သူ လှုပ်ရှားမှု အချို့ကို ပြန်လည် ရယူ နိုင်ခဲ့ သည်။

သူက သူ၏ဓားကို ဆွဲထုတ်လိုက်သည့်အခါ စိုးရိမ်စိတ်သည် ပျောက်ကွယ်မသွားခဲ့ပဲ ပို၍ ကြီးထွားလာခဲ့သည်။

သူသည် သွေးလီလီပန်း ကို ရိတ်သိမ်း ချင်လျှင် ဤ သွေးမီးလျှံ စပါးအုံးမြွေ အား သတ်ဖို့ အပြင် အခြား နည်းလမ်းမရှိခဲ့ချေ။

" လေ ဝဲ ဓါး "

လင်းယွန် က သူ၏ ဓါးကို ဝင့်ကာ သွေးမီးလျှံ စပါးအုံး မြွေ ထံသို့ ခုတ်ချ လိုက်သည်။

သူ၏ ဓါးချက်သည် သွေးမီးလျှံ စပါးအုံး မြွေအား ရှင်းရှင်းလင်းလင်း ခုတ်မိသွား သော်လည်း ၎င်းသစ်သား ဓားသည် စပါးအုံး မြွေ၏ အကြေးခွံ များကိုပင် မထိုး ဖောက်နိုင် ခဲ့ချေ။

သူ၏ သစ်သားဓားသည် သွေးမီးလျှံမြွေနှင့် ရင်ဆိုင်ရာ၌ အသုံးမဝင် ခဲ့ပေ။ မည်မျှပင် ခွန်အား စိုက်ထုတ် စေကာမူ တုံးနေသည့် ဓါးတစ်လက်အား ထက်မြလာအောင် မစွမ်းဆောင် နိုင်ချေ။

လင်းယွန် သည် သူ၏ဓားကို ပြန်သိမ်း လိုက်ပြီး ကျားရိုင်း လက်သီး (၁၈)ကွက် သို့ပြောင်းလဲ အသုံးပြုရန် ဆုံးဖြတ် လိုက်သည်။

" ..........ရွှီး......"

သွေးမီးလျှံစပါးအုံးမြွေသည် လင်းယွန်၏ ဓါးချက် ထိမှန်ပြီးနောက် အမျက်ဒေါသ ထွက်ခဲ့ သည်။ လင်းယွန် က သူ့အား တုံ့ပြန်ရန် အချိန်မပေး ခဲ့ပဲ ပြင်းထန်သည့် တိုက်ခိုက်မှု များကို ဆက်တိုက် ထုတ်လွှတ် လိုက်သည်။

ယန်သန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်း လိုက်သည်နှင့် သူ၏ခန္ဓာကိုယ် အတွင်း၌ စွမ်းအင်စီးဆင်းမှု တစ်ခု စတင် ဖြစ်ပေါ် လာသည်။

သူက သူတို့နှစ်ယောက် အကြား အကွာ အဝေး တစ်ခုခြား လိုက်ပြီး ကျားရိုင်း လက်သီး (၁၈) ကွက်နှင့် ယန်သန့်စင်ခြင်း နည်းစနစ် ကို ပေါင်းစပ်ကာ တိုက်ခိုက် လိုက်သည်။

လူတစ်ယောက်နှင့် မြွေတစ်ကောင်တို့သည် ပန်းပင်လယ် အတွင်း ၌ ပြင်းထန်သည့် အသက် လုပွဲ တစ်ခုကို ရင်ဆိုင်နေခဲ့ ကြသည်။

လင်းယွန် သည် လက်သီးတစ်ချက်စီကို ထုတ်ဖော် လိုက်တိုင်း သူ၏ ယန်စွမ်းအင် ပမာဏများ စွာအား ထုတ်ယူ အသုံးပြု ခဲ့ရ သော်လည်း ၎င်းသည် သွေးမီးလျှံ စပါးအုံး မြွေကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။

သူက သွေးမီးလျှံစပါးအုံးမြွေ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိကာတိုက်ခိုက် ခဲ့သော်ငြားလည်း လင်းယွန်၏ တိုက်ခိုက်မှုတိုင်းသည် အချည်းနှီးပင် ဖြစ်နေခဲ့သည်။

၎င်းတိုက်ခိုက်မှုများသည် အကြေးခွံများအား ဖြတ်သန်း နိုင်ခဲ့သော်လည်း အရေပြား၏ တားဆီး မှုကြောင့် လုံး၀နီးပါး လျော့ပါး သွားလျက် သွေးမီးလျှံ စပါးအုံး မြွေအား ဒဏ်ရာ ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။

နှစ်နာရီကြာပြီးနောက် လင်းယွန် သည် ချွေးများဖြင့် ဖုံးလွှမ်း သွားပြီး သူ၏ ယန် စွမ်းအင်များ ကုန်ခမ်း သွားသည်။ ကျားရိုင်း လက်သီးသည် ယန်စွမ်းအင် ပြတ်လတ် မှုကြောင့် ဆက်လက် တိုက်ပွဲဝင်ရန် မဖြစ်နိုင် တော့ချေ။

သူက ယန်စွမ်းအင်ကုန် ခမ်းပြီး ပင်ပန်း နွမ်းနယ် မှုကြောင့် သေဆုံး ပေလိမ့်မည်။

လင်းယွန် သည် ထွက်ပြေးရန် ဆုံးဖြတ် ခဲ့သည်။သူက မိုက်မဲသည့် ငတုံး တစ်ယောက် မဟုတ်ပေ။ သူက မြွေကို သတ်ဖို့ ကြိုးစားရင်း သူသေ နိုင်သည့် အတွက်၊ အရှုံးကို လက်ခံလိုက် ရတာက ပို၍ သက်တောင့် သက်သာ ဖြစ်စေ သည်။

အဆုံး၌သူသည် သွေးမီးလျှံစပါးအုံးမြွေနှင့် (၁၅) မိုင်အကွာရောက်သည်အထိ သေလုနီးပါး ပြေးထွက် ခဲ့ရလေသည်။ လင်းယွန် သည် နောက်သို့ လှည့်ကြည့်ကာ သွေးမီးလျှံစပါးအုံး မြွေ လိုက်လာခြင်း မရှိကြောင်း သေချာသည်နှင့် စိတ်ကို လွှတ်လိုက်ရာ သတိလစ်လဲကျ သွားလေသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဒဏ်ရာ များဖြင့် ပြည့်နှက် ဖုံးလွှမ်းနေခဲ့သည်။

လင်းယွန် နှင့် သွေးမီးလျှံစပါးအုံးမြွေ၏ တိုက်ပွဲသည် အလွန်ပြင်းထန် ခဲ့ပြီး ၎င်းသည် လင်းယွန် ၏ အသက်အား ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရလေသည်။

လင်းယွန် သည် သတိရလျှင်ရခြင်း အလျင်စလို မလှုပ်ရှားခဲ့ပဲ လဲလျောင်းလျက် သစ်ရွက်များကြားမှ တစ်ဆင့် နေရောင်ခြည် ကိုသာ စိုက်ကြည့် နေခဲ့သည်။

ပန်းတစ်ရာ ချိုင့်ဝှမ်းကို လူမိုက် တစ်ယောက် ကဲ့သို့ ခုနစ်ရက်ကြာ ရှာဖွေခဲ့ရသည်။

သူက အကောင်းဆုံး ကြိုးစားခဲ့ သော်လည်း သူလုပ်နိုင်သည့် မည်သည် အရာမျှ မရှိခဲ့ချေ။ သွေးလီလီ ပန်းကို စောင့်ရှောက်သည့် နတ်ဆိုး သားရဲအား ဖြတ်ကျော်ကာ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်မည့် နည်းလမ်း သူ့၌ မရှိချေ။

လင်းယွန် က မျက်နှာပေါ်ကျရောက်နေသည် နေရောင်ခြည်ကို ဟန့်တားရန်သူ၏ ညာလက်နှင့် မျက်လုံးကို ဖုံးအုပ်လိုက်သည်။ သိပ်မကြာခင် မှာပင် သူ၏ ပင်ပန်းနွမ်းနယ်မှုက လင်းယွန်ကို နောက်တစ်ကြိမ် အိပ်ပျော် သွားစေ ခဲ့သည်။

နာရီဝက်ခန့်အကြာတွင် လင်းယွန် သည် သူ၏ စွမ်းအင်ကို (၁၀၀) ရာခိုင်နူန်းအထိ ပြန်လည် ရရှိလာခဲ့ပြီး သူက ကောင်းကင်ကို မော့ကြည့်လိုက်သည့် အခါ တိမ်တိုက်များ ကြားတွင် မျက်နှာသုံးခုကို တွေ့လိုက် ရလေသည်။

ဇောင်ယန် သည် သူ့ အား သတ်ဖြတ် လိုသည့် ဆန္ဒကို မျက်ဝန်းများ မှတဆင့် ထုတ်ဖော်လျက် ပျက်ရယ်ပြု နေသည်။

( နှစ်လအတွင်း မင်းက ငါ့ကိုစိန်ခေါ် ချင်လား၊ ဟားဟားဟား။)

ဝမ်နင် က ပြုံးဖြဲဖြဲဖြင့် ထောက်ခံလျက် လှောင်ပြောင် ရယ်မော နေသည်။

( ဓားကျွန် မင်းက၊ မင်းရဲ့ အကန့်သတ်ကို မင်း...သိပါ၊ ဓါးကျွန်တစ်ယောက်ကများ ဘယ်အထိခရီးရောက်မယ်ထင်နေတာလဲ။)

ဆုစီယာ ၏ နူတ်ခမ်းထောင့်စွမ်းသည် ကွေးညွတ်လျက် သူ့အား လျစ်လျူထားသည့် မျက်နှာဖြင် ခပ်ခွာခွာတွင် ရပ်နေခဲ့သည်။

(မင်း ကိုယ် မင်း အဆင်ပြေအောင်နေပါ။)

( လင်းယွန် မင်းက....... မင်းကိုယ်မင်း ပိုင်တယ်၊ မင်းက မင်းပဲ )

လင်းယွန် သည် သူ၏ နှလုံးသားမှ ဒေါသတကြီး အော်ဟစ် လိုက်သံကို ကြားလိုက် မိသည်။

(ငါ့ ကိုယ်ငါပိုင် တယ်လို့၊ ငါ့ကို ဘယ်သူ ပြောနေ တာလဲ )

မူလ လင်းယွန်က မျှော်လင့်ချက် မရှိ သော်လည်း၊ သူမကို သူ၏ နှလုံးသားထဲ၌ နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ရှင်သန် စေခဲ့သည်။

သူက သူမအပေါ် အရူးအမူး ဖြစ်မှုသည် အလွန် ပြင်းထန် ခဲ့ပြီး ဆုစီယာ ၏ အေးစက်စက် စကားများနှင့် ရိုင်းပျသည့် အမူအရာ များကို ခွင့်လွှတ် ပေးနိုင် ခဲ့သည်။

လင်းယွန် သည် ယခင်ဘဝ၌ပင် အချစ်ကို မခံစားခဲ့ဖူး ပေရာ မူလလင်းယွန်၏ ဆန္ဒကို ထိန်းချုပ်ရန် သူက လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။

ထို့နောက် မတ်တပ်ရပ်ကာ သွေးလီလီပန်း ဆီသို့ ဦး တည်လိုက်သည်။

ခဏအကြာတွင် လင်းယွန် သည် သွေးလီလီပန်း နှင့် ဆယ်မီတာ အကွာ၌ ရပ်တန့် လိုက်ပြီး သူ၏ ဓါးကို ဆွဲထုတ် လိုက်သည်။

သို့ပေမယ့် သစ်သားဓါးသည် သူ့လက်ထဲသို့ အလွယ်တကူ လိုက်ပါ လာခြင်း မရှိခဲ့ပဲ ဓါးအိမ် ထဲ၌ တွယ်ကပ်လျက် သူ့အား ဟန်ချက် ပျက်သွား စေသည်။

( ဟမ်....ဘာလဲဟ၊ ဒီဓါးက ပိုလေးလာ တာလား)

လင်းယွန် က သူ၏ ယန်စွမ်းအင်အား လှည့်ပါတ် လိုက်ပြီးနောက် ဓားကို ဆွဲထုတ် လိုက်သည်။ သူကဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျက် နတ်သစ်သား ဓါးကို စေ့စေ့ စပ်စပ် စစ်ဆေး လိုက်သည်။

၎င်းသည် သိသာသည့် ပြောင်းလဲမှု တစ်ခုပင်၊ သံချေး အလိမ်းလိမ်း တက်နေသည့် ဓါးကိုယ်ထည်သည် သူ့ကိုယ်သူ ခွာချ လိုက်သလို သတ္ထုရောင် ပြောင်လက်လျက် အေးစက်စက် မာနကြီးသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ် နေသည်။

ထို့အပြင် ၎င်းသည် သူ၏ကိုယ်ထည်၌ ထွင်းထုထားသည့် စကားလုံး များကို မြင်သာအောင် ခပ်ဖျော့ဖျော့အလင်းများ ထုတ်ဖော်လျက် အသိပေးနေခဲ့သည်။

" ပန်း သင်္ချိုင်း "

လင်းယွန် က ဓါးကိုယ်ထည်ပေါ်ရှိ စကားလုံးမှိန်မှိန်များအား တိုးညင်းစွာ ရေရွတ်လိုက်လေသည်။

***

All Chapters