ပန်း သင်္ချိုင်း (2) ။
Vol. 2 Ch. 16
နတ်သစ်သား ဓါးသည် ပို၍ လေးလံ လာခဲ့ပြီး အပြောင်း အလဲ အချို့ စတင် ဖြစ်ပေါ် လာလေ သည်။
၎င်းသည် လင်းယွန် စတင် အသုံးပြုစဉ် အချိန်က ငါးကီလို ဂရမ်ခန့် အလေးချိန် ရှိခဲ့ပြီး သူက သက်တောင့် သက်သာ ထုတ်ယူ အသုံးပြု နိုင်ခဲ့သည်။
သို့သော် ယခုပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်လာ ပြီးနောက် ဓါးအားထုတ်ယူရန် အတွက်ပင် သူ၏ ယန်စွမ်းအင်ကို အသုံးပြု ခဲ့ရ ပေသည်။
ထို့ပြင် ၎င်းသည် သူ၏ ကိုယ်ပိုင်ဝိညာဉ်ကို ပိုင်ဆိုင်ထားပုံ ရသည်။ လင်းယွန် က ဤဓါးသည် သာမန် အမှိုက်ဓားတစ်လက်အဖြစ် အကဲ ဖြတ်ခဲ့ပြီး သူ့လို ဓါးကျွန် တစ်ယောက်နှင့် အသင့်တော်ဆုံး ဖြစ်သည် ဟုပင် လှောင်ပြောင် ရေရွတ် မိခဲ့သည်။
ဓားကျွန်နှင့် အမှိုက်ဓါး။ သို့သော် အမှိုက် ဓါးသည် သူ့အား ယခု လှောင်ပြောင်လျက် မောက်မာစွာ ငုံ့ကြည့် နေခဲ့သည်။
( အမှိုက်ဓါး ဟုတ်လား၊ မင်းက အမှိုက်ဓါးကို ဓါးအိမ်ထဲကနေ ဆွဲထုတ်ဖို့ကိုတောင် ယန်စွမ်းအင်ကို ထုတ်ဖော် ထားခဲ့ရတယ်၊ ဒါက မင်းက အမှိုက်လား ငါက အမှိုက်လား..ဟမ် )
လင်းယွန် က ရှက်ရွံ့စွာ ပြုံးရယ်လိုက်ပြီး သူ့ဆံပင် တစ်ချောင်းတည်းကို ဖြတ်ယူ လိုက်ကာ ဓားသွား အပေါ် ကန့်လန့်ဖြတ်တင် လိုက်သည်။
၎င်းသည် လျင်မြန်စွာ နှစ်ပိုင်းဖြတ် ခံလိုက်ရသည်။ သူက အံ့သြသွားလျက် နတ်သစ်သားဓား၏ ပြောင်းလဲလာမှုကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။
မူလ လင်းယွန်၏ မှာတ်ညာဏ်များ အရ နတ်သစ်သား ဓါးသည် အတွင်းတပည့်များ ပိုင်ဆိုင်သည့် အဆင့်မြင့် လက်နက် တစ်ခု နီးနီး ခိုင်ခံ့ အစွမ်းထက် သည်ကို သူသိ ပေသည်။
သို့သော် သူ့တွင် မေးခွန်း များစွာ ကျန်နေ သေးသည်။
နတ်သစ်သား များသည် ဓားတစ်လက် အဖြစ် သွန်းလုပ်ခြင်း ခံရပါက မည်သည့် ဓါးလက်နက် မဆို နာမည် ကျော်ကြားသည့် ဓားတစ်လက် ဖြစ်လာရန် အခွင့်အလမ်း မြင့်မား ပေသည်။
သို့သော် သူ၏ နတ်သစ်သား ဓါးသည် အချိန်၏ တိုက်စားခြင်း ခံရကာ သူ့နာမည် ကိုပင် တိတ်ဆိတ်စွာ အသက်မဲ့စေခဲ့သည်။
လင်းယွန် အမြင်၌ပင် ၎င်းသည် မှားယွင်း နေသည့် အမှိုက်ဓါး တစ်လက် အဖြစ်သာ လက်ခံ ထားခဲ့သည်။
လင်းယွန် လက်ထဲ၌ မည်သည့် သံမဏိဓါး ဖြစ်စေ၊ မည်မျှ ခိုင်ခံသည့် ထိပ်တန်း လက်နက် ဖြစ်စေ သူဆွဲ ကိုင်လိုက် သည်နှင့် ကျိုးပဲ့သွား ပေမည်။
သူက ထိုအမှိုက်ဓါးကို ကိုင်ဆွဲ အသုံးပြု နေခြင်းမှာ သူလက်ထဲ၌ ကျိုးပဲ့ခြင်း မဖြစ်ခဲ့ခြင်း ကြောင့် ဖြစ်ပေသည်။
သူက ထိုအကြောင်း အရင်းကို လေးလေး နက်နက် တွေးတောခဲ့ခြင်း ပြုခဲ့ချေ။ ယင်းကြောင့် သူသည် သံမဏိ သတ္ထုကဲ့သို့ ဓါးများကို အသုံးပြု၍ မရဟုသာ အလွယ် မှတ်ယူ လိုက်သည်။
(တစ်ခုခုတော့ တစ်ခုခုပဲ ဘာဖြစ်ခဲ့တာလဲ။)
လင်းယွန် က ဘေးပတ်လည်ကို သတိကြီးစွာ ကြည့်လျက် မျက်ခုံးကို ပင့်တင် လိုက်သည်။ တစ်စုံ တစ်ခု ပြောင်းလဲခဲ့ သည်လား။ ပုံမှန် မဟုတ်သည့် အရာတွေ။
" ဟမ်... ပန်း ရနံ့ တွေ "
သူက လေထုထဲသို့ ခေါင်မော့လျက် ရှူရှိုက်လိုက်သည်။ သူ့မျက်ဝန်းသည် မယုံနိုင်စွာ ပြူးကျယ်လျက် သူ့ပါတ်ဝန်းကျင် (၅) မီတာ အကွာ အထိ လိုက်လံ ရနံ့ခံ နေခဲ့သည်။
သူက မည်သည့် ပန်းရနံ့မျှ ရခဲ့ပါဘူး။ 'ပန်းပင်လယ်' သည် ပန်းရနံ့များ ပျောက်ကွယ် ခဲ့သည်လော။
ဒါက တကယ်ပဲ ပန်းတွေရဲ့ရနံ့ကြောင့် ဒီအမှိုက်ဓားက ပြောင်းလဲခဲ့တာလား။ ၎င်းသည် လင်းယွန်၏ အသိတရားများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေခဲ့သည်။
'' ဒါဆို သူက သူ့နာမည်ကို ပန်းသင်္ချိုင်း အဖြစ်အမည်တွင်ခဲ့တာက သူက ပန်းရနံတွေကို စုပ်ယူအားဖြည့်နိုင်တဲ့ ဓါးတစ်လက် ဖြစ်နေလို့ပေါ့။ ''
သူက အတွေးထဲတွင် နစ်ဝင်နေစဉ် ဓားက စတင်လှုပ်ရှားလာခဲ့ပြီး သူ၏နားထဲသို့ စကားသံ တိုးတိုးလေး တစ်ခွန်း တိုးဝင်လာသည်။
( " နှလုံးသားရဲ့အေးစက်တဲ့ မိုးကြောင့် ဖျက်ဆီး ခံရလု နီးနီး၊ ဘဝရဲ့ တဝက်တာ လုံးလုံးကို သေလု မျောပါး နေခဲ့ ရတယ် ။ တစ်ဘဝစာ ဒေါသ တွေက လေနှင့်အတူ အချိန်ရဲ့ တိုက်စား ခံခဲ့ရပြီး ခုလျော့ပါး လာခဲ့ပြီ။ " )
" အို "
လင်းယွန် ၏ ပတ်ဝန်းကျင် ၌ ပန်းများသည် ပြန်လည်မွေးဖွားလာသကဲ့သို့ 'က' ခုန်နေ ကြသည်။
" ဒါက... "
လင်းယွန် က အံ့သြသွားလျက် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထား လိုက်သည်။ ၎င်းသည် သူနှင့် တသားထဲ ဖြစ်တည်နေသည့် သူ့လက်မောင်း တစ်ဖက်လို ခံစား လိုက်ရပြီး ဓားကို ကိုင်ဆွဲရာ၌ သူက ခံစားခဲ့ဖူးသည့် ခုခံမှု မှန်သမျှ သည် ပျောက်ကွယ် သွားခဲ့၏။
၎င်းသည် လင်းယွန်နှင့် အလုံးစုံ ပူးပေါင်းရန် ဆန္ဒရှိနေခဲ့ပြီး ထိုအခြေအနေသည် သခင်နှင့် ကျွန်ကဲ့သို့ အထက်အောက် ဆက်ဆံ ရေးမျိုး မဟုတ်ခဲ့ဘဲ၊ သေဖော် သေဖက် တစ်ယောက်လို သွေးသောက် ညီအစ်ကို အဖြစ် ဖွဲ့တည်ခဲ့ခြင်း ဖြစ်လေ သည်။
ဓား၏ ဆန္ဒသည် သူက သွေးမီးလျှံ စပါးအုံး မြွေအား တို့ဟူး တစ်တုံးလို ပိုင်းဖြတ် နိုင်ကြောင်း အခိုင်အမာ ပြောဆိုနေ ခဲ့ပြီး လင်းယွန်က ၎င်းဓားကို ကိုင်ထား လိုက်သည်နှင့် သူ၏ ခွန်အားသည် (၅၀) ရာခိုင်နှုန်း အထိ တိုးပွားလာ သည်ဟု ခံစားသိရှိ လိုက်သည်။
ဓါးမှလာသည့် ယုံကြည်ချက်ကို ဆုပ်ကိုင်လျက် သွေးလီလီပန်းကို ခူးဆွတ်ရန် ဆန္ဒပြင်းပြလာ ချေပြီ။
သွေးလီလီပန်း ထံသို့ရောက်ရန် ဆယ့်ငါး မိနစ်သာ ကြာခဲ့ပြီး သွေးလီလီပန်း ၏ အနား၌ သွေးမီးလျှံ စပါးအုံးမြွေသည် စောင့်ဆိုင်း နေလျက်မှပင် လင်းယွန်အား ဒေါသတကြီး နှာမှုတ် ခြိမ်းခြောက် လိုက်လေသည်။
လွန်ခဲ့သည့် အချိန်အနည်းငယ်အတွင်း၌ ဤလူသားသည် သူ၏ အသက်ရှင်ရန် အတွက် အပြေးအလွှာ ထွက်ခွာသွားခဲ့ ရသည်။
(သူက တကယ်ပြန်လာဖို့ သတ္တိ ရှိနေ တာလား။ )
သွေးမီးလျှံစပါးအုံး မြွေသည် လျှာကို ပုတ်ထုတ် လိုက်ပြီး အမြီး ဖျားဖြင့်၊ လင်းယွန်အား ရိုက်နှက်ရန် ပြင်ဆင် လိုက်သည်။
လင်းယွန် က လှောင်ပြောင် ရယ်မောလျက် ကပင် အံ့သြ နေမိသည်။
( သေစမ်း၊ ဒါက ထက်မြက်တဲ့ မြွေ တစ်ကောင်ဘဲ၊ သူက ငါ့ကို အနားကပ် မခံ ပါလား။)
နတ်ဆိုးသားရဲများသည် ဤမျှ ညဏ်ရည် ထက်မြက် လိမ့်မည်ဟု သူက ဘယ်တုန်းကမှ ထင်မထား ခဲ့ချေ။ အံ့သြစရာ ကောင်းသည်မှာ လင်းယွန် သည် ယခုအကြိမ်၌ ကြောက်ရွံ့ခြင်း ကင်းလျက် ယုံကြည်ချက် ပြင်းထန်ကာ စိတ်လှုပ်ရှား နေသည်။
" လေ ဝဲ ဓါး "
လင်းယွန် သည် မြှားတစ်စင်းကဲ့သို့ အရှိန်ပြင်းပြင်း ခုန်တက်သွားသည်။
လေဝဲဓါး ပုံရိပ်များသည် ပန်းတစ်ရာ ချိုင့်ဝှမ်းရှိ လေထု အတွင်း၌ ပေါင်းစပ်သွားပြီး တခဏ ချင်းတွင် သူသည် သွေးမီးလျှံ စပါးအုံး မြွေ၏ မြင်းကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။
" ............"
လင်းယွန် သည် သူ၏ဓားကို ပြန်ရုတ် လိုက်သည့် အခါ သွေးမီးလျှံ စပါးအုံး မြွေ ၏ ခန္ဓာ၌ နက်ရှိုင်း သည့် ဒဏ်ရာများ ကျန်ရစ်ခဲ့ပြီး ၎င်းသည် အသားပုံ တစ်ခုလို မြေပေါ်သို့ ဖြန့်ကျဲ နေသည်။
သွေးမီးလျှံ စပါးအုံးမြွေ သည် နာကျင်စွာ အော်ဟစ် လိုက်စဉ် သူ့မျက်လုံး များမှ နာမလည်ဟန် ရောင်စဉ်များ ဖြန့်ထွက်လျက် လင်းယွန်အား သတိကြီးစွာ ကြည့်လိုက်၏။
မထင်မှတ်ထားသည့် ထိခိုက်နာကျင်မှုသည် သွေးမီးလျှံစပါးအုံး မြွေ၏ ဒေါသကို ရှေ့သို့ ပို့ဆောင်ပေး ခဲ့သည်။
၎င်းသည် သူ၏ဆိုးဝါးသော နတ်ဆိုး အရှိန်အဝါကို ထုတ်လွှတ် လိုက်ပြီး လင်းယွန် ၏ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ် လိုက်ကာ လျှင်မြန်စွာ အစွယ်ဖြင့် ပေါက်ချလိုက်သည်။
" ..လာ ခဲ့ စမ်း သားရဲကောင် ''
လင်းယွန် သည် သွေးမီးလျှံစပါးအုံးမြွေ ၏ လျင်မြန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရ သည့်အခါ မျက်မှောင် ကြုတ်လိုက် မိသည်။
ဒီ သွေးမီးလျှံ စပါးအုံး မြွေက သူ့ကို မြန်နိုင် သမျှ မြန်မြန် သတ်ရန် ဆုံးဖြတ် ထားပုံ ရသည်။
မကြာခင် မြွေတစ်ကောင်နှင့် လူတစ်ယောက်သည် သူတို့၏ အသက်ကို လောင်းကြေး ထားကာ ပြင်းထန်သည့် နောက်ဆုံး အသက်လု တိုက်ပွဲကို စတင်ခဲ့ကြ သည်။
" လေဝဲဓါး ပထမဓါး ချက်.... "
လင်းယွန် သည် ဓားဖျားကို လေးဆယ့်ငါး ဒီဂရီ လေထုထဲသို့ ညွှန်ပြလိုက်ပြီး ယန်စွမ်းအင်ကို ဓါးထဲသို့ သွန်းလောင်း လိုက်သည်။
သွေးမီးလျှံစပါးအုံးမြွေ သည် သူ့ထံသို့ ရောက်ခါနီးတွင် လင်းယွန်က သူ၏ဓါးကို စတင်ထိုးသွင်း လိုက်လေသည်။
" ........."
ဓားချက်သည် သွေးမီးလျှံစပါးအုံးမြွေ ၏ ဦးခေါင်းကို ခုတ်မိလျက် နက်ရှိုင်းသည့် ဓါးဒဏ်ရာ တစ်ခု အဖြစ် နစ်မြှုပ်သွား ခဲ့သည်။
မီးလျှံစပါးအုံမြွေ သည် ထိတ်လန့် နာကျင်ဟန်ဖြင့် လွတ်မြောက်ရန် ရုန်းကန် နေရစဉ် လင်းယွန်သည် သူ၏ဓါးကို နောက်တစ်ကြိမ် မြှောက်ကာ သွေးမီးလျှံ စပါးအုံး မြွေ၏ ဦးခေါင်းခွံ အထက်သို့ ခုန်တက် လိုက်ပြီး ဓါးဖျားကို အောက်သို့ ထိုးချ လိုက်သည်။
" အရိပ်မဲ့ ဓါး "
သွေးမီးလျှံစပါးအုံးမြွေသည် သူ့ခေါင်းခွံကို ထုတ်ချင်းခတ်ဝင်ရောက်လာသည့် ဓါးကြောင့် ကမ္ဘာပျက် မတက် ရုန်းကန် အော်ဟစ် လိုက်သည်။
သို့သော် ဓါး တစ်လျောက် ယန်စွမ်းအင်များ စီးဝင်လာခဲ့ပြီး ၎င်းမှ တဆင့် သွေးမီးလျှံ စပါးအုံးမြွေ ၏ ဦးခေါင်း အတွင်းသို့ စီးဝင်လျက် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် လာလေသည်။
".........."
ထို့အပြင် တိုက်ခိုက်မှုအရှိန်အဟုန်သည် မရပ်တန့်ခဲ့ပဲ သွေးမီးလျှံစပါးအုံးမြွေ၏ ခန္ဓာကိုယ်အား နှစ်ပိုင်းခွဲပြစ်လိုက်လေသည်။
၎င်းသည် လေဝဲဓား၏ စစ်မှန်သော စွမ်းအား တစ်ရပ် ဖြစ်ပေ သည်။
ပန်းသင်္ချိုင်းဓါးသည် သွေးမီးလျှံစပါးအုံးမြွေ ၏ ဦးခေါင်းခွံအား ထိုးဖောက်ရန် ထက်မြ သော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်အား ပေါက်ကွဲ ပိုင်းဖြတ် လိုက်သည့် စွမ်းအားသည် အစစ်အမှန် လေဝဲဓါး ကြောင့်ပင် ဖြစ်ချေသည်။
လင်းယွန် က အားရကျေနပ်စွာဖြင့် သူ၏ ခြေရင်း၌ လဲကျနေသည့် နတ်ဆိုးသားရဲအား ငုံ့ကြည့်လိုက်သည်။
၎င်းသည် အရှိန်အဝါကင်းမဲ့လျက် 'အသားတစ်' တပုံလို ပြန့်ကျဲနေခဲ့သည်ဖြစ်ရာ သူက ချက်ချင်းပင် သွေးမီးလျှံစပါးအုံးမြွေကို စတင်ရိတ်သိမ်းတော့သည်။
သွေးမီးလျှံစပါးအုံးမြွေတွင် သားရဲအမြုတေအား မတွေ့ရှိသည်ကို သူက ထူးထွေကာ အံ့သြသင့်ခြင်း မရှိခဲ့ပေ။
သားရဲအမြုတေ ဖွဲ့တည်ခြင်းသည် နတ်ဆိုးသားရဲတိုင်း စွမ်းဆောင်နိုင်သည့်အရာ မဟုတ်ခဲ့ပေ။
သွေးမီးလျှံစပါးအုံးမြွေ ၏ ခန္ဓာကိုယ် တစ်ခု လုံးတွင် ရတနာ များနှင့် ပြည့်နှက် နေသော်လည်း အားလုံးကို ယူရန် မဖြစ် နိုင်ချေ။
လင်းယွန် က သည်းခြေအိတ်နှင့် အစွယ်များကို သာ ရိတ်သိမ်းခဲ့သည်။
ရုတ်တရက် မီးလျှံစပါးအုံးမြွေ၏ ကျောပေါ်ရှိ အနီရောင်အရိုးတစ်ခုသည် လင်းယွန် အား ဖမ်းစားသွားလေသည်။ ၎င်းသည် ရတနာတစ်ခုဖြစ်မည်မှာ သေချာလှပေသည်။ သူက ထိုသွေးအရိုးကို လှီးဖြတ်ရိတ်သိမ်းရန် မမေ့ခဲ့ချေ။
သူက သူ့ရည်ရွယ်ချက်ကို မမေ့ခဲ့ပဲ သွေးလီလီပန်းအား ရိတ်သိမ်းခြင်းသည် သူ့အတွက် ကြီးမားသည့်ဆုလာဘ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။
"ငါ့ ပိုင်ဆိုင်နေသ၍ ဒါက ငါ့အတွက်ပဲ"
သွေးလီလီပန်းကို သေတ္တာတစ်လုံးထဲသို့ ထည့်လိုက်ပြီး လင်းယွန်က အပြုံးနှင့် ရေရွတ်လိုက်သည်။
နောက်ဆုံးတွင် သူက သွေးလီလီပန်းများကို ရှာရသည်မှာ ပို၍လွယ်ကူလာခဲ့သည်။ ရက်အနည်းငယ်အကြာတွင် နောက်ထပ် သွေးလီလီပန်း ရှစ်ခုကို တွေ့ရှိ ခဲ့သည်။
သူတို့ကို ကာကွယ် စောင့်ရှောက် ထားသည့် သွေးမီးလျှံ စပါးအုံးမြွေ ရှစ်ကောင်ကိုလည်း ရိတ်သိမ်းပြီး စီးပြီးနောက် သူ၏ သိုလှောင်အိတ် ထဲရှိ ပစ္စည်းများကို နှစ်ချိုက်စွာ သိမ်းဆည်း လိုက်သည်။
ပန်းတစ်ရာချိုင့်ဝှမ်းတွင် သူသည် အကျိုး အမြတ် များစွာ ဖြစ်ထွန်းခဲ့သည်။ သူက ဒဿမမြောက် သွေးလီလီ ပန်းအား ရှာမတွေ့သည် အထိ ပြသနာတစ်စုံ တစ်ရာသို့ မရောက် ရှိခဲ့ ချေ။
လင်းယွန် က ဒဿမမြောက် သွေးလီလီ ပန်းနှင့် မနီးမဝေးတွင် ရပ်လျက် သွေးမီးလျှံ စပါးအုံးမြွေကို ရင်ဆိုင်မည် အပြုတွင် ကျယ်လောင်သော ရယ်သံကို ကြားလိုက် ရသည်။
ပန်းတစ်ရာချိုင့်ဝှမ်းသည် မိုးထိတောင် ၏ ကြမ်းတမ်း နက်ရှိုင်းစွာ တည်ရှိမှု အတွင်း၌ ရှိသည်၊ ထို့ကြောင့် ဤနေရာသည် မတော်တဆမှုများ ဖြစ်လာရန်မရှိခဲ့ပဲ လုံခြုံလိမ့်မည်ဟု ယူဆထားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည်လူအနည်းစုကို တွေ့ကြုံခဲ့သော်လည်း ၎င်းတို့ကိုရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
သို့သော် နောက်ဆုံး သွေးလီလီကို ရိတ်သိမ်းဖို့ ကြိုးစားနေစဉ် လူစိမ်း နှစ်ဦးနှင့် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဆုံခဲ့သည့် သူ့ကံကြမ္မာကို စိတ်ရှုပ်သွားမိသည်။
"ငါတို့ ...ကံကောင်းပုံရတယ်။ ဒါက သခင်ငယ် လိုအပ်နေတဲ့ သွေးလီလီပဲ။ "
" အို ၊ သွေးလီလီပန်းကို စောင့်ရှောက်တဲ့ သွေးမီးလျှံစပါးအုံးမြွေ ကလည်း ရှားပါတဲ့ ရတနာတစ်ခုပဲမလား၊ "
သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး သည် လင်းယွန် ကို ဂရုစိုက်ခြင်းမရှိပဲ သူတို့၏ ကံကောင်းမှုအတွက် ရေရွတ်လိုက်ကြ သည်။
သူတို့နှစ်ဦး စလုံးသည် အခြေခံ တည်ဆာက်ခြင်း ဆဋ္ဌမ အဆင့်၌ ရှိနေပြီး သူတို့ဝတ်ရုံ ရင်ဘက်တွင် 'ယန်' တံဆိပ်ကို ဖောင်းကြွ ရိုက်နှိပ် ထားလေသည်။
ရေဖြူမြို့ ၏ 'ယန်' မိသားစု။
ရေဖြူမြို့ သည် မိုးကောင်းကင် နိူင်ငံ၏ ကုန်စည်ကူးသန်းရာ အကြီးမားဆုံးစီးပွားရေး မြို့တော် တစ်ခုဖြစ်သည်။
ထိုမြို့၌ မဟာဂိုဏ်းခွဲ လေးခုကို ယှဉ်ပြိုင် နိုင်သည့် အင်အားကြီး မိသားစု များစွာ ရှိသည်။ ထို့ပြင် မိုးကောင်းကင် တစ်နိုင်ငံလုံး၏ ကျင်ကြံ သူများ သွားလာ လည်ပါတ်သည့် မြို့တစ်မြို့လည်း ဖြစ်ပေသည်။
သူက ရိတ်သိမ်းထားသည့် ပစ္စည်းများ အတွက် စျေးကောင်းကောင်း ရောင်းလို ချင်လှျင် ရေဖြူမြို့သို့ မဖြစ်မနေ သွားရန် လိုအပ် ချေမည်။
" ကောင်လေး၊ မင်းက ဒီမှာဘာလုပ် နေတာလဲ။ ထွက်သွားစမ်း။ ဒီသွေးလီလီပန်းက ငါတို့ အပိုင်ပဲ "
ရုတ်တရက် ဘယ်ဘက်ရှိလူက လင်းယွန် ကို ကြည့်ပြီး မောင်းထုတ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ငါက ဒီသွေးလီလီ ပန်းကို အရင်ရှာတွေ့တဲ့ သူပဲ "
လင်းယွန် က ထွက်သွားရန် ပြတ်ပြတ် သားသား ငြင်းဆို လိုက်သည်။ ဒါက သူရဲ့ နောက်ဆုံး လိုအပ်နေသည့် ဒဿမမြောက် သွေးလီလီပန်း မဟုတ်ပါလော။
'ယန်'မိသားစုဝင် သိုင်းသမား နှစ်ယောက် သည် လင်းယွန်၏ စကားများကိုကြားသည့်အခါ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့် လိုက်ပြီး ရယ်မောလိုက်ကြလေသည်။
"ဟားဟားဟား..... ငါ ရဲ့ ...'နား'မှာ ပြဿနာ တစ်ခုခုရှိနေ လား အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်ရဲ့ အမှိုက် တစ်စက သွေးမီးလျှံ စပါးအုံးမြွေကို စိန်ခေါ် ချင်တာလား။ "
" ငါ့ မြင်ကွင်းက ထွက်သွားစမ်း၊ မင်းက ငါတို့ရဲ့အချိန်တွေကို ဖြုန်းနေတာလား ကောင်လေး။ "
'ယန်'မိသားစုဝင်နှစ်ဦး သည် ရှေ့သို့ အနည်းငယ်တိုးလာပြီး သူတို့၏ ဆဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သူတို့၏ အရှိန်အဝါ ထုတ်လွှတ် လိုက်သည်နှင့် တပြိုင်နက် လင်းယွန် က ထွက်သွားရန် ရွေးချယ် လိုက်သည်။
ယန်မိသားစုဝင် နှစ်ဦးသည် လင်းယွန် ၏ နောက်ကျောကို ကြည့်လျက် အထင်သေးစွာ ရယ်မောနေခဲ့ပြီး....
" မင်းက ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ဦး ဖြစ်တာကြောင့် မင်းမှာ အရည်အချင်းတစ်ခုခု ရှိလိမ့်မယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် မင်းက သေမှာကြောက်တဲ့ 'အမှိုက်စ'လေးပဲ "
" အနည်းဆုံးတော့ သူက သူ့အကန့်အသတ်ကိုနားလည်ပုံရတယ်။ ထားလိုက်ပါ၊ အမှိုက်တစ်စ ကိုမေ့လိုက်တော့၊ ခုငါတို့က သွေးမီးလျှံစပါးအုံးမြွေကို ဖြေရှင်းကြရအောင်၊ ဒါက လွယ်ကူမှာ မဟုတ်ဘူး။ သတိ ထားပါ။ "
"........."
လင်းယွန် က ယန်မိသားစုဝင် နှစ်ဦး၏ စကားကို ခွံ့တုန့် ပြန်ခြင်းမပြုခဲ့ပဲ သူက သုံးမိုင်အကွာ အဝေးသို့ ဆုတ်ခွာလိုက်ပြီး သူ၏ လက်၌ ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံး များကို ထုတ်ယူ လိုက်သည်။
အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်သို့ ချိုးဖြတ်ရန် ဆန္ဒပြင်းပြ နေခဲ့သည်။ ပန်းတစ်ရာ ချိုင့်ဝှမ်း၌ သူနှင့် သွေးမီးလျှံစပါးအုံး မြွေများ၏ အသက်လု တိုက်ပွဲများသည် အဆင့်တက်ရန် လုံလောက်သည့် ထိုးထွင်း နည်းလည်မှုကို ခံစား မိစေသည်။
ထို့ကြောင့် သူသည် ယန်မိသားစုဝင် နှစ်ဦး ရှေ့မှ ထွက်ခွာလာခြင်း ဖြစ်ချေ၏။
" မင်းတို့နှစ်ယောက်က ကစားချင်တာလား.. ကောင်းပြီ၊ ငါ့က အဖော်ပြု ပေးရ တာပေါ့။"