ခြေတစ်လှမ်း၊ ဘဝတစ်ခု။
Vol. 2 Ch. 17
အခြေခံ တည်ဆောက်ခြင်း အဆင့် ဆယ်ဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယ အဆင့်သည် အရေပြား၊ အရိုးများနှင့် အပ်စိုက်မှတ် များကို ခွန်အားဖြည့်တင်းခြင်း ဖြစ်သည်။
စတုတ္ထအဆင့်၊ ပဉ္စမအဆင့်နှင့် ဆဌမအဆင့် သုံးဆင့်သည် သွေးကြောများနှင့် အမာခံအင်္ဂါ (၅)ခုကို ပြုပြင်ခြင်း ဖြစ်ပြီး သတ္ထမ၊ အဌမနှင့် နဝမအဆင့် သုံးဆင့်သည် ကြွက်သားများနှင့် အရိုးများကို ပြုပြင်ပြောင်း လဲ၍ ဒသမ အဆင့်သည် ခြင်ဆီ သန့်စင်ခြင်း ဖြစ်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများသည် အခြေခံ တည်ဆောက်ခြင်း ပထမအဆင့် လေးဆင့် အတွက် အလွန်အရေး ကြီးသည်။
မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ ပြင်ပ တပည့်များ သည်ပင် တစ်လလျှင် ဆေးတစ်လုံးသာ လက်ခံရရှိ ပေလိမ့်မည်။
ထို့ကြောင့်ပင် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံး ဆေးသုံးလုံးကို ဆုံးရှုံးလိုက်သည့် ချင်းရှောင်၏ နှလုံးသားသည် ပြိုလဲသွားရန် လုံလောက်ခဲ့သည်။
လင်းယွန် က ဆေးလုံးငါးလုံးကို ကြည့်လျက် ကြေကြေနပ်နပ် ပြုံးလိုက်မိသည်။ ဤအရာသည် သူ့ဘဝတလျောက် သူ့အစွမ်း အစကို အသုံးပြု ခြင်းဖြင့် ရရှိခဲ့သည့် ပြင်ပ ဆေးဝါး အထောက် အပံ့ပင်။
မိုးထိတောင် တွင် လင်းယွန် သည် ကံကောင်းမှုတစ်ခုရရှိတာကြောင့် အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အစောတလျင် အဆင့်တက်ခြင်းသည် သူ၏ အခြေခံအုတ်မြစ်အား ထိခိုက်ခြင်းမရှိချေ၊ ၎င်းသည် လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း နတ်ဆိုးသားရဲများကို တိုက်ခိုက်ရာ၌ များစွာ အသုံးဝင်ခဲ့သည်။
နေ့ရက်တိုင်းတွင် လျင်မြန်စွာ နားလည်မှု တိုးတက်ခဲ့သည်ဖြစ်ရာ ယခုတစ်ကြိမ် အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်သို့ ဖြတ်ကျော်ရန် ပို၍ ယုံကြည်ချက် မြင့်မား နေသည်။
သူသည် လက်ရှိကျင့်ကြံမှုအဆင့်၌ ယန်မိသားစုဝင် နှစ်ဦးကို အနိုင်ယူနိုင်သည့် အခွင့်အလမ်း ရှိသော်လည်း သူသည် (၁၀၀) ရာခိုင်နူန်း အနိုင်ရမည်မှာ သေချာမှု မရှိ သည်ကြောင့် ကစားပွဲကို လက်ရှောင် ခဲ့သည်။
သူက ထိုင်ပြီး အဆင့်တက်ရန်ပြင်ဆင် လိုက်သည်။ ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးသည် ချက်ချင်းပင် အရည်ပျော် လာလျက် သူ့ခန္ဓာကိုယ် ထဲသို့ အေးစိမ့်စိမ့် စွမ်းအင်များ စီးဝင် လာသည်ကို ခံစား လိုက်မိသည်။
ဒါက မယုံနိုင်လောက်အောင် ကြေနပ် နှစ်သိမ့်မှုကို ခံစားရစေသည်။ ခန္ဓာကိုယ် အတွင်း အပူစီးကြောင်း တစ်ခုကို ပြင်းပြင်း ထန်ထန် အာရုံခံ မိလိုက် နိုင်၏။
၎င်းသည် လင်ယွန် အသုံးပြုခဲ့ဖူးသည့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးအရည် များနှင့် လားလားမျှ မသက်ဆိုင် ခဲ့ပေ။
သို့သော် ဆေးလုံးမှ စွမ်အင်သည် မလုံ လောက်ချေ။ ဤနှုန်းဖြင့် အဆင့်တက်ရန် ကြိုးစားပါက အနည်းဆုံး နှစ်ရက်ခန့် စွမ်းအင်များ စုဆောင်းဖို့ လိုအပ် ပေလိမ့်မည်။
ထိုအချိန်တွင် ယန်မိသားစုဝင်နှစ်ဦးသည် သွေးလီလီပန်းအား ယူဆောင်လျက် ရေဖြူ မြို့သို့ပင် ရောက်ရှိနိုင် ချေမည်။
လင်းယွန်သည် ထိုသို့ ဖြစ်ရန် ခွင့်မပြုနိုင်ရာ၊ ကျန်သော ဆေးလုံးလေးများကို တစ်ပြိုင် နက်တည်း အသုံးပြုရန် ဆုံးဖြတ် လိုက်သည်။
"........."
ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး ငါးလုံးမှ စွမ်းအင် စီးကြောင်း များသည် သူ၏ ခန္ဓာကိုယ် အနှံ့သို့ မပျံ့နှံ့မီသူ၏ ဗဟိုချက်၌ ဆုံစည်းခဲ့သည်။
ဆေးလုံးမှစွမ်းအင် စီးကြောင်းသည် သတ္ထု ရည်ပူများ ကဲ့သို့ လင်းယွန် ကို ပုံသွင်း ယူရန် စတင် ကြိုးပန်း တော့သည်။
ခန္ဓာကိုယ် အတွင်းပိုင်း၌ အပူချိန်သည် ဒီဂရီများစွာ မြင့်တက်လာသည်။ အိုးတစ်လုံး အတွင်း ထည့်ပြုတ်ခံထားရ သကဲ့သို့ လောင်မြိုက် နေခဲ့ပြီး သူက သတိမထား မိခင် ပြာလဲ့လဲ့ အမှုန်တစ်ခုသည် သူ့ခေါင်းထိပ်မှ ထွက်ပေါ် လာသည်။
သူက တစ်ခုခုမှားနေမှန်း သိသော်လည်း၊ ခုချိန် ရပ်တန့်ရန် မဖြစ်နိုင်တော့ သည်ကြောင့် ဆုံးဖြတ်ချက်ကို အပြီးတိုင် ယုံကြည် လိုက်ရန်သာ လိုပေသည်။
" ယန် စွမ်းအား သန့်စင်ခြင်း နည်းစနစ် "
အကြီးအကဲ ယန်က ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ် သည် နားလည်မှု များစွာ လိုအပ်ပြီး အချိန်ယူ ကျင့်ကြံရမည့် အောင်မြင်ရန် ရာခိုင်နှုန်း အနည်းဆုံး နည်းစနစ် တစ်ခု ဖြစ်ကြောင်း သတိပေးခဲ့သည်။
သို့သော် ၎င်းသည်ပင် လင်းယွန် အတွက် ဝှက်ဖဲတစ်ချပ် ဖြစ်လာ လိမ့်မည်ဟု ထင်မထား မိချေ။
ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံး ( ၅) လုံး၏ အကျိုး သက်ရောက်မှုသည် သာမန် ကျင့်ကြံသူများ အတွက် ထိန်းကျောင်း နိုင်မည့် အရာ မဟုတ်ပါ၊
သို့သော် လင်းယွန်သည် ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံထားသည် ဖြစ်ရာ သူ၏ သွေးပြန်ကြော များမှ တစ်ဆင့် စီးဆင်း နေသော စွမ်းအင် များတွင် ကပ်ညိ နေသည့် အညစ် အကြေး များကို စစ်ထုတ် သန့်စင် နေခဲ့ပြီး ၎င်းသည် ပြီးပြည့်စုံသော အစီအစဉ် တရပ်ဖြစ်နေ ခဲ့သည်။
ကွဲပြားခြားနားသည့် ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်များပေါ် မူတည်ကာ စွမ်းအင် အမျိုး အစားများ အားလုံးတွင် ကိုယ်ပိုင် လက္ခဏာများ ရှိကြသည်။
ရေကဲ့သို့ ငြိမ်သက်သောစွမ်းအင်၊ ကျောက်စိမ်း ကဲ့သို့ နူးညံ့ မာကျောသော စွမ်းအင်၊ စသည်ဖြင့် မတူကွဲပြားသော နည်းစနစ်များကို လေ့ကျင့်ခြင်းဖြင့် ယန်စွမ်းအင်သည် အရောင် အဝါများ ကွာခြား လေသည်။
စွမ်းအင်ကျင့်ကြံမှု သို့မဟုတ် ခန္ဓာကိုယ်ပြုပြင်ခြင်းနည်းစနစ်များတွင် ယန်စွမ်းအင်သန့်စင်ခြင်းနည်းစနစ်သည် ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများနှင့် ယန်စွမ်းအင်ကို သန့်စင်ပေးခြင်း တို့ဖြစ်သည်။
၎င်းသည် ယန်စွမ်းအင်အား သိပ်သည်းကျစ်လစ်စေကာ ထိုစွမ်းအင်များ သိုလှောင်ရာ ခန္ဓာကိုယ်တစ်ခုလုံးသည် မာကျောမြင့်မားသည့် အဆင့်ကို ပျိုးထောင်ရန် လိုအပ်ပြီး ၎င်းသည် ယန်စွမ်းအင်အား ဖြန့်ဝေလှည့်ပါတ်လိုက်သည့် အခါတွင် အတား အဆီးမရှိ သန့်စင်သည့်ယန်စွမ်းအင် စီးဆင်းမှုကို ရရှိပေမည်။
သို့သော် ၎င်းသည် လွယ်ကူသည့် ဖြစ်စဉ်တစ်ခုတော့ မဟုတ်ခဲ့ပေ။ သန့်စင်သည့် ယန်စွမ်းအားများ အလုံအလောက် စုစည်း ခြင်းဖြင့် ခန္ဓာကိုယ် အင်္ဂါများအား ပြုပြင် သန့်စင် ရာ၌ အံသြဖွယ် ကောင်းလှသည့် စွမ်းအင်ပမာနကို စုပ်ယူစုဆောင်းဖို့ လိုအပ် ပေသည်။
တနည်းအားဖြင့် ယန်စွမ်းအင်သန့်စင်ခြင်း နည်စနစ်ကို အသက်သွင်း လိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်သည် ပါတ်ဝန်းကျင်မှ စွမ်းအင် မျိုးစုံကို အလိုအလျောက် စုပ်ယူစေကာ ၎င်းအား ခန္ဓာအတွင်း ပိုင်းစွမ်းအင် လှည့်ပါတ် စီးဆင်းရာတွင် အားဖြည့် ပေးသည်။
ထိုသို့အားဖြည့် ရာတွင် အညစ်အကြေး များကို စစ်ထုတ်လျက် သန့်စင်သည့် အစစ် အမှန် စွမ်းအင်ကိုသာ စုပ်ယူ လိုက်ခြင်း ကြောင့် သူ့ခန္ဓာမှ ရရှိလာသည့် စွမ်းအင် ပမာနသည် အလွန်နည်းပါး ခဲ့သည်။
ထိုမျှနည်းပါးသည့် စွမ်းအင်ကို ကိုယ်အတွင်း အင်္ဂါများပြုပြင်သန့်စင်ရာတွင် အသုံပြုခြင်းနှင့် တိုက်ခိုက်ရာတွင် ထုတ်ယူ အသုံးပြုခြင်းအဖြစ် အသုံးပြုကြသောကြောင့် စွမ်းအင်မလုံလောက်မှုများ ဖြစ်လာပေသည်။
ထိုကြောင့် ၎င်းနည်းစနစ်သည် ကျင့်ကြံရခက်ခဲပြီး လိပ်တစ်ကောင်လို တိုးတက်မှု နှေးကွေးသည်ဟု သတ်မှတ် ထားကြခြင်း ဖြစ်သည်။
သို့သော် ၎င်းသည်ပင် လင်းယွန်အတွက် အားသာချက်တစ်ခုဖြစ်ခဲ့သည်။ ကျားရိုင်း လက်သီး ၁၈ကွက် နှင့်လေဝဲဓါး တို့သည် သန့်စင်သည့် ယန်စွမ်းအင်ကို ထည့်သွင်း အသုံးပြုလိုက် သည်နှင့် ကြောက်မက်ဖွယ် ဖျက်ဆီး နိုင်စွမ်းကို ဖြစ်ပေါ်လာစေသည်။
လင်းယွန် ၏ အသားအရေသည် အနီရောင် ပြောင်းသွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အပြောင်း အလဲ တစ်ခုကြောင့် ကြည်လင် တောက်ပ လာသည်။
ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်၏ ဒုတိယ အဆင့်ကို ကျင့်ကြံ ထားနိုင် ခဲ့သည်။
"......."
သုံးနာရီ ကြာပြီးနောက် လင်းယွန် ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံနှစ်ခု ဆက်တိုက် ထွက်ပေါ် လာပြီး၊ သူ၏ အရှိန်အဝါသည် မြင့်တက် လာသည်။
ယန်စွမ်းအင်သန့်စင်ခြင်းနည်းစနစ် အား တတိယ အဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက် နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်သို့ ချိုးဖြတ် နိုင်ခဲ့ လေသည်။
လင်းယွန် သည် သူ၏ မျက်လုံးနှစ်လုံးကို ဖွင့်လိုက်ပြီး ခါးကျောအား ဆန့်လိုက်သည်။ သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးများကို အသုံးပြု၍ သူ၏ ကိုယ်တွင်း အဂ်ါများကို သန့်စင် နိုင်ခဲ့သည် သာမက ယန်စွမ်းအင် သိုလှောင်ထား နိုင်မှုမှာ များစွာ တိုးတက် လာခဲ့သည်။
ထိုထက်ပိုသည်မှာ ယန်စွမ်းအင်သန့်စင်ခြင်း နည်းစနစ် အား တတိယ အဆင့်သို့ ဆုပ်ကိုင် နားလည် လာခြင်းသည် အရေးအကြီးဆုံး ပြောင်းလဲမှု ဖြစ်သည်။
နတ်သစ်သားဓါးသည် ပန်းသင်္ချိုင်းဓါး အဖြစ် သူ့ကိုယ်သူ ပြန်ရှင်သန်ရန်အစ ပျိုးခဲ့ပြီးနောက် ၎င်းသည် ကိုင်ဆွဲအသုံးပြုရန် အတွက် စွမ်းအင်များ ပို၍ လိုအပ်လာခဲ့သည်။
၎င်းကိုဖြေရှင်းရန် ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်၏ တတိယ အဆင့်သည် လုံလောက်သော အရင်းအမြစ်များ ဖြစ်လာ လေသည်။
သူ၏ မြင့်တက်လာသည့် ကျင့်ကြံမှုနှင့်အတူ ပန်းသင်္ချိုင်းဓါးကို ကိုင်စွဲ အသုံးပြုခြင်းသည် လင်းယွန်အား တံခါးတစ်ချပ် လှစ်လိုက် သကဲ့သို့ ယုံကြည်ချက်ပိုမို တည်ဆောက် နိုင်ခဲ့သည်။
ပန်းတစ်ရာ တောင်ကြား၌ ပထမဦးဆုံး တိုက်ပွဲတွေ့ကြုံ ပြီးနောက် သူက ဓါးကို အသုံးပြုရန် စိတ်ပျက် ငြီးငွေ့ ခဲ့သော်လည်း ယခုမူ သူသည် ဓါးသမား တစ်ယောက်၏ ဝိညာဉ်ကို ပြန်လည် ရရှိ ခဲ့ပေသည်။
လင်းယွန် က နေကို မော့ကြည့်လျက်
" သုံးနာရီ....ကြာပြီ... .ဆိုတော့ .. သူတို့ နှစ်ယောက်က အလုပ်ပြီးမြောက် နေလောက်ပြီ။ "
ပန်းတစ်ရာချိုင့်ဝှမ်းအတွင်း တစ်နေရာ၌ ယန်မိသားစုဝင် နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် စိတ်လှုပ်ရှားစွာ စကားပြော နေကြသည်။
" ဒါက အရမ်းကောင်းတယ်၊ ငါတို့ ဒီတခါတော့ သတ်ဖို့လိုနေပြီ။ "
"ဟားဟားဟား၊ ဒီသွေးမီးလျှံစပါးအုံးမြွေက ငါတို့ရဲ့ ဆုလာဘ်ပဲ၊ ငါတို့ရဲ့ရိတ်သိမ်းမှုကို သခင်ငယ် မသိခဲ့ဖူးလို့ ယူဆရအောင် "
" နတ်ဆိုးသားရဲ ကို သတ်ပြီးခဲ့တာတောင်မှ ဒီသားရဲ ရဲ့ဒေါသရှေ့က ငါတို့နှစ်ယောက်လုံးကို ဒုက္ခပေးတုန်းပဲ။ ဒီကောင်လေးက သွေးလီလီ ပန်းကို သူ့အပိုင်လို့ ပြောခဲ့တာက သူက သွေးမီးလျှံ စပါးအုံး မြွေကို မမြင်ခဲ့လို့ပဲလို့ ငါထင်တယ်။ "
" ဟား..ဟား...ဟား.. သူက သူ့အကန့်အသတ်ကို သူသိတယ်။ မဟုတ်ရင် ငါ သူ့ကို သတ်ပြစ်ရလိမ့်မယ်။ ဒီ ဂိုဏ်းတပြည့် တွေမှာ ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးတွေ ပါရှိတက်တယ်၊ ငါ သူ့ကို ခွင့်လွှတ် လိုက်တာ အရမ်းဝမ်းနည်း နေမိတယ် ...။ ”
ယန်မိသားစုဝင် နှစ်ဦး သည် လမ်းလျှောက် နေလျက်မှပင် ကောက်ကျစ်စွာ ရယ်မော လိုက်ကြ သည်။
“ ရပ် စမ်း ။ ”
ရုတ်တရက် လင်းယွန် ၏ ဟန့်တား သံကြောင့် ယန်မိသားစုဝင် နှစ်ဦးက အံသြ တိတ်ဆိတ် သွားပြီး မှင်တက် နေရာမှ ဝါးလုံးကွဲ ပြိုင်တူရယ်မော လိုက်ကြ၏။
" ငါ့ရဲ့သွေးလီလီပန်းက ဘယ်သူ့ဆီမှာလဲ။ "
လင်းယွန် က သူတို့နှစ်ဦး၏ ရယ်သံကို လျစ်လျူရှုပြီး တည်ငြိမ်စွာ မေးခွန်း ထုတ်လိုက် သည်။ သူက သူ၏ လက်ကို ဓါးပေါ် အုပ်ကိုင်လျက် လေဝဲဓါး ကို စတင် ခင်းကျင်း လိုက်သည်။
" ကောင်လေး မင်းက တကယ်စွမ်းရဲ့လား ငါသိချင်မိတယ်၊ သွေးလီလီပန်း က ငါနဲ့အတူ ရှိတယ်။ မင်းယူဝံ့လား "
လူလတ်ပိုင်းအရွယ် ယန်မိသားစုဝင် တစ်ဦးက လင်းယွန်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး ရှေ့တစ်လှမ်းတိုး လိုက်လေ သည်။
" မင်းက မိုးပြာရောင်ဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်လို့ မင်းကို မသတ်ရဲဖူးလို့ မထင်ပါနဲ့။ ဒီနေရာမှာ မင်းရဲ့ အလောင်းကို မြုပ်ပေး ခဲ့မယ်။ ပြီးတော့........ငါ..... "
" လေ ဝဲ ဓါး "
ထိုသူ၏ စကားမဆုံးခင် လင်းယွန် က သူ၏ ဓားကို လှုပ်ရှားမှု စတင် လိုက်သည်။ ပန်းသင်္ချိုင်း ဓါးသည် ၎င်း၏ ဓါးအိမ်မှ လွတ်သည်နှင့် ကြည်လင်သော စမ်းရေစီးသံ တစ်ခုနှင့်အတူ ပန်းရနံ့ကို ထုတ်လွှတ် လိုက်သည်။
လက်ဖဝါး၌ ယန်စွမ်းအင်ကို ကြမ်းတမ်းစွာ စုစီးလိုက်ပြီး ဓားကိုလှုပ်ခါထိုးသွင်းလိုက်၏။
" စွပ်....."
လင်းယွန် ၏ ဓါးသည် လေထုထဲ တိုးဝင် ပေါင်းစပ် သွားပြီး ယန်မိသားစုဝင်၏ နောက်ကျော ဘက်၌ ပြန်လည် ပေါ်ပေါက် လာခဲ့သည်။ ၎င်းသည် တုန့်ပြန်ချိန် မရှိခဲ့ပဲ အသက် တရှိုက်စာ အတွင်း ဖြစ်ပျက် သွားသည်။
"....အွန့်....."
ယန်မိသားစုဝင်မှာ နောက်ဆုံးအသက်ကို ရှူထုတ်နေစဉ် သူ၏လည်ပင်းမှ သွေးများစီးကျ လာလျက် ထိတ်လန့်အံ့သြစွာ ငေးကြည့် နေမိသည်။ သူ့အော်သံသည် လည်ချောင်းဝတွင် တစ်ဆို့ ပျောက်ရှ သွား၏။
အခြေခံတည်ဆောက်ခြင်းပဉ္စမအဆင့်၌ လင်းယွန်၏ လေဝဲဓါးသည် နှစ်ဆ တိုးပြင်းထန် လာသည်။ ဤကဲ့သို့ နီးကပ်သည့် အကွာအဝေး အတွင်း အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမ အဆင့်ရှိ တစ်စုံ တစ်ယောက်သည် တိုက်ခိုက်မှုကို လုံးလုံး လျားလျား ခုခံနိုင်ဖို့ ခက်ခဲ ပေမည်။
လင်းယွန် က ဓါးဖျားကို ကျန်ရှိနေသည့် ယန်မိသားစုဝင် တစ်ဦးထံ လှည့်မချိန်နိုင်ခင် ထိုသူသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် လျင်မြန်စွာ ပြေးထွက် သွားသည်။
ယင်းမှာ သူ့အတွက် မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ခဲ့ သည်။ စက္ကန့် အနည်းငယ်ကြာ တုံ့ဆိုင်း မိပါက သူ့အတွက် ရလာဘ်သည် သေခြင်းသာ ဖြစ် ပေမည်။
" ..........."
လင်းယွန်က သက်ပြင်းချလိုက်သည်။ အခြေခံတည်ဆောက်ခြင်းဆဋ္ဌမအဆင့်တွင် ရှိသည့် တစ်စုံ တစ်ယောက်သည် ထွက်ပြေးရန် စိတ်ပိုင်းဖြတ် ထားပါက သူက လိုက်လံ ဖမ်းစီးရန် ကြိုးစားခြင်းသည် အချိန်ဖြုန်း ခြင်းသာ ဖြစ်သည်။
လင်းယွန်က သူ့တွင် လှုပ်ရှားမှု နည်းစနစ်တစ်ခု မရှိခဲ့ခြင်း အပေါ် စိတ်ပျက် လက်ပျက် ခံစားလိုက် မိသည်။
မည်သို့ပင်ဖြစ်စေ သူက သူ၏ သွေးလီလီပန်းကို ရယူနိုင်ခဲ့သည်။ လူသေကောင်၏ သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီး သွေးမီးလျှံစပါးအုံး မြွေသည်းခြေ၊ အစွယ် နှင့်အတူ သွေးလီလီပန်း ကို ပြန်ယူလိုက်သည်။
" ဟမ်... သွေးမီးလျှံစပါးအုံးမြွေရဲ့ သွေးရောင်အရိုးကို မတွေ့ ပါလား "
လင်းယွန် က စိတ်ပျက်လက်ပျက် ရေရွတ်မိသော်လည်း ပန်းတစ်ရာ ချိုင့်ဝှမ်း အတွင်းမှ လျင်မြန်စွာ ထွက်ခွာ လာခဲ့သည်။ နောက်ဆုံးတော့ လင်းယွန်က ဒဿမမြောက် သွေးလီလီ ပန်းကို စုဆောင်း နိုင်ခဲ့ပြီး စိတ်ဝိညာဉ် အဆင့် မစ်ရှင်သုံးခု ထဲမှ တစ်ခုကို ပြီးမြောက် ခဲ့လေပြီ။
လှိုက်လှိုက် လှဲလှဲ ပြုံးရယ်လျက် ဓားကို ဓားအိမ်တွင် ပြန်လည် သိမ်းဆည်း လိုက်ပြီး နောက်၊ ညအမှောင် ထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
***