← Chapters

ရိတ်သိမ်းခြင်း။

Vol. 2 Ch. 19

ရိတ်သိမ်းခြင်း။

Vol. 2 Ch. 19

လင်းယွန် သည် ဝိညာဉ်အဆင့်မစ်ရှင် နှစ်ခုကို ပြီးမြောက်ခဲ့ပြီး နောက် မီးလျှံမှင်ကျား အား သတ်ရန် 'မိုးထိတောင်'သို့ ထွက်ခွာလာခဲ့သည်။

သူသည် တစ်လအတွင်း မစ်ရှင်နှစ်ခု ပြီးမြောက် ခဲ့ပြီး၊ သူက ကျင့်ကြံဖို့ အချိန်များစွာ ရရှိခဲ့ပေသည်။ ကွမ်းယန်၏ ပိုင်ဆိုင်မှုဖြစ်သည့် သိုလှောင်အိတ်ကို သူက ပိုစိတ်ဝင်စားခဲ့သည်။

သိုလှောင်အိတ်သည် သေးငယ်သည့် နေရာလွတ်သာ ပါရှိသော်လည်း ၎င်း၌ များစွာသော ပစ္စည်းများကို သိုလှောင်နိုင်ရန် လုံလောက်ပေသည်။

သူအသုံးပြုခဲ့သည့် သိုလှောင်အိတ်ထက် ပို၍ အဆင့်မြင့်ပေသည်။ ၎င်းသည် အဆင့်နိမ့် သိုလှောင်အိတ် သာဖြစ်သည်။ သို့သော် ထိုသိုလှောင် အိတ်သည် ပိုင်ဆိုင်ရန် ခက်ခဲခဲ့ပြီး မြင်တွေ့ရန်ပင် ရှားပါးလှ၏။

၎င်းသည် ကွမ်းယန်သည် တစ်စုံ တစ်ယောက်အား သတ်ကာ လုယူခဲ့ခြင်း ဖြစ်နိုင်သည်။

"........."

လင်းယွန် သည် သူ၏ စွမ်းအင်ကို သိုလှောင်အိတ်ထဲသို့ထည့်လိုက်သောအခါ အတွင်းမှ ပြင်းထန်သည့် လှိုင်းပုတ်မှုတစ်ခုကို ခံစားရသည်။

စိတ်လှုပ်ရှားစွာဖြင့် အတွင်းဘက်သို့ အကဲခတ်ကြည့်လိုက်ရာ၊ရတနာများပြည့်နှက် နေသော သာမန်အခန်း တစ်ခန်းကို မြင်တွေ့ လိုက်ရသည်။

အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၁၅၀၀) ။

သူက မျက်လုံးများပြူးလျှက် မင်သက်သွားသည်။ ၎င်းသည် မစ်ရှင်(၃)ခုလုံး လက်ခံရရှိမည့် ဆုလာဘ်ပမာဏထက် သုံးဆ ပိုများနေသည်။

" ဒီကောင်က တကယ်ဆူဖြိုးတဲ့ သိုးတစ်ကောင်ပဲ။ "

လင်းယွန် က သက်ပြင်းချလိုက်သည်။ ကွမ်းယန် သည် လုယက်ထားသည့် ပစ္စည်းများကို ရေဖြူမြို့၌ လာရောက် ရောင်းထားခဲ့ပုံ ရသည်။

ကွမ်းယန်၏ သိုလှောင်အိတ်သည် သူ့အား ဓါးပြတစ်ယောက်ဖြစ်ရန် လုံလောက်သော သက်သေ တစ်ခုပင် ဖြစ်သည်။

" ဆေး လုံး တွေ လား......"

လင်းယွန် ၏ စိတ်လှုပ်ရှားမှုသည် တဖန်မြင့်တက်လာခဲ့သည်။ သွေးသန့်စင်သည့် ဆေးလုံးများကို အခန်းထောင်တစ်နေရာ၌ မြင်တွေ့လိုက်သည်ကြောင့် သူက အံ့သြဝမ်းသာ သွားသည်။

သူက သွေးလီလီပန်းကို စုဆောင်းရခြင်းမှာ ဂိုဏ်း၏ ဆေးပညာရှင်များသည် သွေးသန့် စင်ခြင်း ဆေးလုံးများကို သန့်စင်ရာ၌ လိုအပ်နေသည့် အဓိက ပါဝင်ပစ္စည် ဆေးအမယ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

၎င်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံး များထက် ပို၍ ရှားပါးပေသည်။ အခြေခံ တည်ဆောက်ခြင်း စတုတ္ထ အဆင့်တွင် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးများသည် အသုံးဝင်ခဲ့ သော်ငြားလည်း အခြေခံ တည်ဆောက်ခြင်း ပဉ္စမ အဆင့်မှ စ၍ ထိရောက်မှု လျော့ပါး လာကြသည်။

ထိုအချိန် မှ စ၍ နောက်ခံ ကြီးကြီး မားမား ရှိသူများသည် သွေးသန့်စင်ခြင်း ဆေးလုံး များကို အစားထိုး အသုံးပြု လာကြသည်။

ချင်းရှောင် သည်ပင် ဂိုဏ်း၏ ထိပ်တန်း ပြင်ပ တပည့် တစ်ယောက် ဖြစ်သော်လည်း သွေးသန့်စင်ခြင်း ဆေးလုံးများကို အသုံးပြု နိုင်ခြင်း မရှိခဲ့ပေ။

ဂိုဏ်း၏ လစဉ်အထောက်အပံ့ဖြစ်သည့် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးများကိုသာ သုံးစွဲနိုင်သည်။

လင်းယွန် က ဆေးလုံးများကို ခဏထားကာ နောက်တစ်ကြိမ် လှည့်ပါတ်ကြည့်လိုက်သည်။

" တောင်ဖြိုဓါးသိုင်း၊ အဆင့်မြင့် အဆင့် ဓါးနည်းစနစ်၊ "

သိုင်းကျမ်းတွေပဲ။ လင်းယွန် မျက်နှာရှိအပြုံးသည် မှေးမှိန်သွားခြင်းမရှိပဲ ပိုပိုတောက်ပလာခဲ့သည်။

သို့သော်လင်းယွန် သည် ထိုသို့သော ဓါးသိုင်းများသည် သူနှင့် လိုက်ဖက်ခြင်း မရှိ သည်ကြောင့် ၎င်းအား စိတ်မဝင်စားချေ။

သူ၏ လေဝဲဓါးသိုင်း နည်းစနစ်သည် လျင်မြန်မှုကို အသား ပေးသည့် ဓါးနည်းစနစ်တစ်ခုပင်။

တောင်ဖြိုဓားသိုင်းနည်းစနစ်သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဟိတ်ဟန်ထုတ် တိုက်ခိုက်ရသည့် နည်းစနစ်ဖြစ်သည်။

၎င်းသည် သူ့ပုံစံမဟုတ်ပေ။ သူက ဟိတ်ဟန်ထုတ် အရှိန်ယူတိုက်ခိုက်ရခြင်းထက် လှုပ်ရှားမှုနည်းနည်းနှင့် ရန်သူ့အသက်ကိုချွေရန် ပိုစိတ်ဝင်စားသည်။

ဓားလက်နက်များကို အကြမ်းအားဖြင့် အုပ်စုသုံးမျိုးခွဲခြားထားသည်။

ပထမအုပ်စုတွင် ဗျက်အကျယ် (၃)လက်မအောက် သွန်းလုပ်ကြပြီး ပါးလွှာ သေးသွယ်သည့် ဓါးအမျိုး အစားများ ဖြစ်သည်။

ထိုအဆင့်ဓါးများသည် လျှင်မြန်မှုကို ဦစားပေးမည့် ဓါးသိုင်းနည်းစနစ်များအတွက် တွဲဖက် အသုံးပြုရန် သင့်တော်သည်။ အမျိုးသမီး ကျင့်ကြံသူများ အတွက် အသင့်တော်ဆုံး ဖြစ်ချေ၏။

ဒုတိယအုပ်စုတွင် ဗျက်အကျယ်(၃) လက်မနှင့် (၆)လက်မကြား ဓါးများ ဖြစ်သည်။ ၎င်းသည် သာမာန်ဓါးသိုင်းများနှင့် တွဲဖက်အသုံးရန် သင့်တော်ပြီး လူသုံးများသည့် ဓါးများ စာရင်း ဝင်သည်။

တတိယအုပ်စုတွင် ဗျက်အကျယ် ခြောက်လက်မ အထက် သွန်းလုပ်ထားသော လေးပင်သည့် ဓါးပြားကြီးများ ဖြစ်သည်။

ထိုဓါးမျိုး ဆွဲကိုင်သူများသည် အရှိန်အဟုန် ပြင်းပြင်းနှင့် ဟိတ်ဟန် ထုတ်ရာ၌သာ သင့်တော်လှပြီး ၎င်းသည် ရုပ်ခန္ဓာသန်စွမ်း သူများ၏ လက်စွဲတော်ဓါးများ ဖြစ်သည်။

ပုံမှန်အားဖြင့် ဓါးများကို ဗျက်အကျယ် (၃) လက်မ (၅)လက်မ အတွင်း သွန်းလုပ်ကြသည်။ ထိုထက် ပို၍ ဗျက်ကျယ်သော ဓားများသည် အရှိန် အဟုန်နှင့် တိုက်ပွဲကို ဦးဆောင် နိုင်ကြသည်။

ဗျက်အကျယ် (၃)လက်မအောက် ဓါးများကို အသုံးပြုသူများအဖို့၊ ၎င်းဓားများသည် ထက်မြ ပါးလွှာကြကာ၊ လျင်မြန် မှုကို အသား ပေးသော ဓားနည်းစနစ်များနှင့် လိုက်ဖက် လှပေသည်။

လင်းယွန်၏ဓါးသည် ချွင်းချက်ဖြစ်သည်။ ပန်းသင်္ချိုင်းဓါးသည် လျင်မြန်မှုအသားပေး ဓါးတစ်လက် မဟုတ်သော်လည်း ၎င်းသည် နတ်သစ်သားမှ သွန်းလုပ်ခံထားရကာ၊ လျင်မြန်မှုအသားပေး ဓားသိုင်းဖြစ် သော လေဝဲဓါးနည်းစနစ်နှင့် လိုက်ဖက်ပေသည်။

ငန်းရိုင်းပျံသန်းခြင်းနည်းစနစ်။

( အဆင့်မြင့်ရွေ့လျားမှုနည်းစနစ်တစ်ခု လား။ ဒါကငါ့ကို ကောင်းကင်မှာ ပျံသန်း စေနိုင်လိမ့်မယ်။ ဆိုတော့က ဒီနည်းစနစ်က ကွမ်းယန်ကို အချိန်ကြာကြာ လွတ်မြောက် စေခဲ့တဲ့ ဝှက်ဖဲပဲပေါ့။ )

လှုပ်ရှားမှု နည်းစနစ်သည် ယခုအချိန်၌ လင်းယွန်အတွက် အလိုအပ်ဆုံး နည်းစနစ် တစ်ခု ဖြစ်သည်။

သူ၌ လှုပ်ရှားမှုနည်းစနစ်ကိုသာ ကျင့်ကြံနိုင်ခဲ့ပါက သွေးလီလီပန်းကိုခိုးယူရန် ကြိုးစားခဲ့သည့် ယန်မိသားစုဝင်နောက်သို့ လိုက်လံသတ်ဖြတ်နိုင်ပေလိမ့်မည်။

၎င်းသည် ပျံသန်းနိုင်သော လှုပ်ရှားမှုနည်းစနစ်ဟု ဆိုပေမယ့် အမှန်တကယ်ပျံသန်းရန် မတက်နိုင်ပေ။

အနည်းဆုံးတော့ အကွာအဝေးတစ်ခုကို ပိုမိုဝေးကွာစွာ ခုန်လွှားပြီး သူ၏အမြန်နှုန်းကို သိသိသာသာ မြင့်တက်စေခြင်း မည်၏။

ကွမ်းယန်၏ပိုင်ဆိုင်မှုများထဲမှ ငန်းရိုင်းပျံသန်း ခြင်းနည်းစနစ်ည် လင်းယွန်ကို စိတ်လှုပ်ရှားစေခဲ့သည်။

သူ၏သိုလှောင်အိတ်ထဲမှ သားရဲရတနာ များကို ကွမ်းယန်၏ သိုလှောင်အိတ် ထဲသို့ ပြောင်းထည့်လိုက်ပြီးနောက် ရေဖြူမြို့ထဲသို့ ပြန်လှည့်လာခဲ့သည်။

မီးလျှံကျားများကို လိုက်လံရှာဖွေ သတ်ဖြတ်ရန် အလျင်မလို တော့ပေ။ ရေဖြူမြို့သို့ ရောက်လာ ပြီးနောက် သူ၏ရိတ်သိမ်းထားမှု များကို ရောင်းချ ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်သည်။

လင်းယွန်က နီးစပ်ရာအကြီးဆုံး အရောင်းဆိုင်တွေထဲက တစ်ခုဖြစ်သော ရတနာခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။

အရောင်းဝန်ထမ်းတစ်ဦးသည် ဆိုင်ဝရှိ လင်းယွန်အား အဝေးမှ အကဲခတ်နေခဲ့ပြီး မိုပြာရောင် ကောင်းကင်ဂိုဏ်း တံဆိပ်ကို မြင်သည့် အခါ၌ ရုတ်တရက် ပြုံးရွှင်စွာ ခရီးဦးကြို ပြုလိုက်သည်။

မိုးပြာရောင် ကောင်းကင်ဂိုဏ်း အပေါ် စိတ်ဝင်စားခြင်း မရှိခဲ့ပဲ ၎င်းသည် ဂိုဏ်းတပည့် များမှ ကြီးမားသည့် ငွေကြေး ပမာဏများကို သုံးစွဲနိုင် သည်ဟု သူ့အတွေ့ အကြုံအရ သိနေ ခဲ့သောကြောင့် ဖြစ်လေသည်။

ထို့အ ပြင် သူသာ ကံကောင်းပါက ဆုလာဘ်များ ရက်ရက် ရောရော ပေးချေ ခံရနိုင်သည်။

အရောင်းဝန် ထမ်းက လင်းယွန်ကို ရွှင်လန်းစွာ နှုတ်ဆက် လိုက်သည်။

"မင်္ဂလာပါ၊ သခင်လေး ဘာများ ကူညီရမလဲ "

" ငါမှာ နတ်ဆိုးသားရဲ ရတနာအချို့နဲ့ သိုင်းနည်းစနစ်တွေရှိတယ်။ "

အရောင်းဝန်ထမ်းသည် နတ်ဆိုးသားရဲ ရတနာများအကြောင်းကြားသည့်အခါ စိတ်လှုပ်ရှားနေခဲ့ပြီး သိုင်းနည်းစနစ်များဟု ထပ်ဆို လာရာတွင် သူက သတိကြီးစွာဖြင့် လင်းယွန်အား အနားသို့ လျင်လျင်မြန် မြန်ဆွဲခေါ် လိုက်ပြီး၊ တီးတိုးမေးမြန်း လိုက်သည်။

“ သိုင်းနည်းစနစ် အဆင့်ကို ငါသိလို့ ရမလား။ ”

" ဒါပေါ့ ၊ ဒါက အဆင့်မြင့် သိုင်းနည်းစနစ် တစ်ခုပါ။ "

"ကျေးဇူးပြုပြီး ငါ့နောက် လိုက်ခဲ့ပါ။ "

အရောင်းဝန်ထမ်းက ဒုတိယထပ်သို့ အလျင်အမြန် ဦးဆောင်ခေါ်ယူလာလိုက်ပြီး ပြုံးပြလျက်၊

" ကျေးဇူးပြုပြီး ဒီမှာခနထိုင်စောင့်ပေးပါ။ ငါ့သူဌေးကို အကြောင်းကြားလိုက်ပါ့မယ်၊ သခင်လေး အတွက် ဒီလက်ဖက်ရည်က အခမဲ့သုံးဆောင်ပါ။ "

လင်းယွန်က ခေါင်းညိတ်ကာ၊ ဝင်ထိုင် လိုက်သည်။ သူက အလျင်မလိုခဲ့ ပေ။ လက်ဖက်ရည်ကို မသောက်ခင်ပင် အရောင်း ဝန်ထမ်းသည် ပြန်ရောက်လာ ခဲ့သည်။

သူ့ဘေးတွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး လိုက်ပါလာကာ ထိုသူက လင်းယွန်အား အကဲခတ် နေသည်။ ထို့နောက်သူက ပြုံးလိုက်ပြီး၊

" ငါက တုံဟူ ပါ။ ငါ့ကို သူဌေးတုံ လို့ ခေါ်နိုင်တယ်။ ဒီကသခင်လေးက အဆင့်မြင့် သိုင်းနည်းစနစ်ကို ရောင်းဖို့ လိုက်ရှာ နေတယ် လို့ ငါ ကြားခဲ့တာ တကယ်ပဲလား။

ကျင့်ကြံမှုနည်းစနစ်များသည် ကျင့်ကြံသူများအတွက် အရေးကြီးသည့် အခြေခံ လိုအပ်ချက်များဖြစ်သည်။ သို့သော် သိုင်းနည်းစနစ်များ ရောင်းချခြင်းသည် အန္တရာယ်များသည့် လုပ်ငန်းဖြစ်သဖြင့် သတိထားရောင်းဝယ်ရန် လိုအပ်သည်။

" ငါ့မှာ စည်းမျဉ်းတစ်ခုရှိတယ် သခင်လေး၊ ဂိုဏ်းခွဲတွေရဲ့နည်းစနစ်တွေကို အရောင်း အဝယ် မလုပ် ပါဘူး။ ”

ဂိုဏ်းခွဲများမှ သိုင်းကျမ်းများသည် ဂိုဏ်းတစ်ခု၏ မူပိုင် သိုင်းနည်းစနစ်များဖြစ်ရာ ၎င်းသည် ပြင်ပသို့ ပေါက်ကြားခဲ့သော် ကြီးစွာကပ် ဘေးသင့် ပေမည်။

ထို့အပြင် ဂိုဏ်းခွဲလေးခုသည် မိုးကောင်းကင်နိုင်ငံ၌ ကြီးမားသော အင်အားစုများအဖြစ် သူတို့၏အာဏာကို ဖြန့်ကျက်ထားနိုင်သည်။

ထို့ကြောင့်ပင် ၎င်းသည် ကုန်သည်တစ်ဦး အနေနှင့် တို့ထိ ကစားနိုင် သည့်အရာ မဟုတ် ခဲ့ချေ။

" စိတ်မပူပါနဲ့။ မင်းက ဒီသိုင်းနည်းစနစ်ကို အရင်ကြည့်သင့်တယ် မလား။ "

လင်းယွန်က သိုင်းနည်းစနစ်ကို သူဌေးတုံဆီသို့ ကမ်းပေးလိုက်သည်။

" တောင်ဖြိုဓါးသိုင်း၊ ဒါ...ဒါက...''

သူဌေးတုံ၏ မေးရိုးသည်ကြမ်းပြင်နှင့် ထိလုမတတ် ပြုံးရွှင်သွားသည်။ သူက ထိုဓါး နည်းစနစ်ကို သိနေခဲ့သည်။

၎င်းနည်းစနစ်သည် ဓားပြ ကွမ်းယန်၏ မူပိုင်ဓားသိုင်း နည်းစနစ်တစ်ခုပင် ဖြစ်ပေသည်။

'' ဒါက စိတ်ဝင်စားဖို့ကောင်းလိမ့်မယ် ...သခင်လေး မင်းက ကွမ်းယန်ကို သတ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။ "

တုံဟူ၏ ရယ်သံသည် ပုံမှန်ထက် ချိုမြနေခဲ့ပြီး သူက လင်းယွန်ကို ဂရုတစိုက် ပြန်ကြည့် လာခဲ့သည်။ တောင်ဖြိုဓါးသိုင်းကို လာရောက် ရောင်းချ ခဲ့ခြင်းသည် ထိုသိုင်း နည်းစနစ်၏ ပိုင်ရှင်မှာ ဧကန်မုချ အသတ် ခံလိုက် ရမည်ကို ခန့်မှန်းနိုင်ခဲ့ သည်။

ပို၍သေချာစေသည်မှာ လင်းယွန်၏ ဂိုဏ်းတံဆိပ်ပါ ဝတ်ရုံကြောင့်ပင်။ ၎င်းသည် ဂိုဏ်း၏ မစ်ရှင်များ အရ ကွမ်းယန်ကို လာရောက် သတ်ဖြတ်ခြင်းဟု တုံဟူက အတက်ပြောနိုင်လေသည်။

ယခင်က လင်းယွန်ကို သူက ပေါ့ပေါ့တန်တန်ဆက်ဆံခဲ့မိသည့် အတွက် နောင်တရသွားသည်။ ကွမ်းယန်ကို သတ်သည့် ဂိုဏ်း၏ပြင်ပတပည့်တစ်ယာက်သည် ဂိုဏ်း၌ ထိပ်တန်းအဆင့်ဝင်ပြီး ခန့်မှန်းမရနိုင်သော အလားအလာကို ရရှိချေမည်မှာ မလွဲပေ။

သူက ရေရှည်အကျိုးအမြတ်များကို တွေးမျော် မိလျက်မှ၊

" သခင်လေး၊ မင်းနာမည်ကို ငါ သိခွင့်ရမလား။ "

" ငါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ပြင်ပတပည့် လင်းယွန်ပါ၊ ဒီသိုင်းနည်းစနစ်က ဘယ်လောက်ထိုက်တန်တယ်လို့ မင်းထင်လဲ။ "

" ပုံမှန် စျေးနှုန်းအရဆို... အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး (၁၀၀၀) တန်တယ် သခင်လေး။ "

လင်းယွန် က မည်သည့်စကားမျှမဆိုခဲ့ပဲ သူ၏ သိုင်းနည်းစနစ်ကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ထွက်ခွာရန်ပြင် လိုက်သည် ကြောင့် သူဌေးတုံမှာ ထိတ်လန့် သွားခဲ့သည်။

သူက ခါးသီးစွာပြုံးလိုက်ပြီး တုန်ယင်စွာဖြင့် စျေးတိုး ပေးလိုက်ရသည်။

" ခနနေပါဦး သခင် လေး၊ ဒီလောက် ပြတ်သားဖို့ မလိုပါဘူး။ ငါက နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံး (၅၀၀) တိုးပေး နိုင်ပါတယ်၊ ဒါက ငါရဲ့ အကန့် အသတ်ပဲ သခင်လေး။ "

အမှန်အားဖြင့် လင်းယွန်သည် အဆင့်မြင့် သိုင်းနည်းစနစ် တစ်ခုက မည်မျှတန်ဖိုး ရှိသည်ကို မသိခဲ့ပေ၊ သူက ကုန်သည်များ၏ ဖလှယ်မှုစည်းမျည်းများကို ကြားဖူးထားသဖြင့် အရဲစွန့်လိုက်ခြင်း ဖြစ်သည်။

" ကောင်ပြီ သူဌေးတုံ၊ မင်းက ရိုးသားလွန်းတဲ့ ကုန်သည်တစ်ယောက်ပဲ၊ ဒါက မင်းကို ကံကောင်းစေမှာပါ။ "

လင်းယွန်က အေးစက်စွာ ပြုံးပြလိုက်ပြီး နတ်ဆိုးသားရဲအသေကောင်၏ ရတနာများကို စားပွဲပေါ်တင်ပေးလိုက်သည်။

တုံဟူ က မချိပြုံးဖြင့် လင်းယွန်ကို ခေါင်းညိတ်ပြ လိုက်ပြီးနောက် နတ်ဆိုးသားရဲ အသေကောင်၏ ရတနာများကို ကြည့်လိုက်ကာ၊ ရုတ်တရက် မျက်လုံးများ ဝင်းလက် တောက်ပလာသည်။

" သွေးမီးလျှံစပါးအုံးမြွေ သည်းခြေအိတ်၊ နဲ့ သွေးမီးလျှံစပါးအုံးမြွေ အစွယ် .....ဒါ....ဒါ...က သွေးမီးလျှံစပါးအုံးရဲ့ အရိုးလား....။ "

တုံဟူ က နတ်ဆိုးသားရဲ၏ ရတနာများကြား ဖြဲလျက်မှ အနီရောင်သားရဲ အရိုးတစ်ချောင်းကို တုန်ယင်စွာ ဆွဲယူလိုက်သည်။

" .....အရိုးပဲ၊တကယ်ပဲ ..ဒါ.....မီးတောက်နေတဲ့ သွေးအရိုးပဲ "

လင်းယွန် က နားမလည်ဟန်ဖြင့် သူဌေးတုံကို ငေးကြည့်နေမိသည်။ ၎င်းသည် လက်တစ်ချောင်း အထူခန့်ရှိပြီး သွေးမီးလျှံ စပါးအုံးမြွေ၏ ကျောပေါ်ရှိ အရိုးတစ်ချောင်းသာ ဖြစ်လေသည်။ ထိုအရိုးသည် သူဌေးတုံအား ဤသို့ရူးသွပ်စေခဲ့သည်လော။

" သခင်လေး၊ မင်းက ရတနာတစ်ခု ရထားတာကို မသိခဲ့တာလား၊ ဒီသွေးမီးလျှံ စပါးအုံးမြွေရဲ့ ကျောပေါ်က အနီရောင် အရိုး တွေကို မီးလျှံသွေး အရိုးလို့ ခေါ်တယ်၊ ..”

“ ... ငါတောင် တန်ဖိုးဖြတ်ဖို့ မဝံ့ရတဲ့ ရှားပါး ရတနာပဲ။ ဒီမီးလျှံသွေး အရိုးကို မင်းဘယ်လို ရခဲ့လည်း ငါမသိပေမယ့်၊ လွယ်ကူတဲ့ အရာတော့ မဟုတ်ဖူး၊ ... ”

“ ... အခြေခံ တည်ဆောက်ခြင်း နဝမအဆင့်က ကျင့်ကြံသူ တစ်ယောက်တောင် ဒီလို ရတနာမျိုး မရနိုင်ဖူး ဆိုတာ ငါပြောရဲတယ်။ "

တုံဟူ ကစိတ်လှုပ်ရှားစွာ ဖြင့်ရေရွတ်လျက်မှ လင်းယွန် ၏ ကျင့်ကြံမှု အဆင့်ကို သေချာအောင် လှည့်ကြည့် အကဲခတ်လာ သည်။

".......တကယ်ပဲ ဒီလောက် ခက်ခဲတာလား "

" သခင်လေး မင်း ငါ့ကို ကျီစယ်ဖို့ ကြိုးစား နေတာလား၊ ဒီသွေးမီးလျှံစပါးအုံးမြွေတွေက ခွန်အား အရာမှာ ထိပ်တန်းအဆင့် မဟုတ်ပေမယ့် မင်းက 'မီးလျှံသွေးအရိုး' ကိုလိုချင်ရင် မြန်နိုင်သမျှမြန်မြန် သတ်ပစ်ဖို့လိုမယ်၊ ဒီလိုမှမဟုတ်ရင် သွေးမီးလျှံစပါးအုံးမြွေက သူ့ရဲ့ 'မီးလျှံသွေး အရိုး' ကို တိုက်ခိုက်ရန်ပဲ ဖြစ်ဖြစ် ဖျတ်စီး ရန်ပဲဖြစ်ဖြစ် သူကမီးလောင်ကျွမ်း စေလိမ့်မယ်။ ''

'' သူတို့က ကောက်ကျစ်တဲ့ နတ်ဆိုးသားရဲတွေပဲ မဟုတ်လား။ သူက ရန်သူကို သူ့တသက်တာလုံးစုဆောင်းထားသမျှ ရတနာကိုပေးပြီး ကြွယ်ဝခွင့်ဘယ်တော့မှ ပေးမှာမဟုတ်ဖူး။ အဆင့်မြင့်နတ်ဆိုးသားရဲ တွေကို အမဲလိုက်တဲ့ မုဆိုးတွေတောင် ရဖို့ အခွင့်အရေးက (၁၀)ပုံ၊ တစ်ပုံပဲရှိတယ်။ ”

လင်းယွန် က ထိုစကားကိုကြားသည့်အခါ ယန်မိသားစုဝင် နှစ်ဦး၏ ရိတ်သိမ်းမှု၌ မီးလျှံသွေး အရိုး မရှိကြောင်း သတိရ လိုက်မိသည်။

" ဒီ ..မီးလျှံသွေးအရိုး က တော်ဝင် စစ်လက်နက် တစ်ခုဖြစ်တဲ့ မီးလျှံချပ်ဝတ် သွန်းလုပ်ရာမှာ မရှိမဖြစ် ပါဝင်ပစ္စည်းပဲ၊ နောက်နှစ်လနေရင် ရေဖြူမြို့မှာ လေလံပွဲတစ်ခု ပြုလုပ် လိမ့်မယ်။ ”

“ ... မင်းက ငါ့ကိုယုံရင်မင်းကိုယ်စား ငါက လေလံတင်ပေးနိုင်တယ်။ ငါ့ရဲ့ ၀ န်ဆောင်မှုများအတွက် လေလံအောင်ကြေးရဲ့ ရာခိုင်နူန်းအနည်းငယ် ဖြတ်မယ်၊ ဒါက ငါလုပ်ပေးနိုင်သမျှအကုန်ပဲ။ ”

" တော်ဝင် လက်နက် "

လင်းယွန် သည် သာမာန် နတ်ဆိုးသားရဲ တစ်ကောင်နှင့် တော်ဝင် လက်နက်ကိုတွဲ၍ စိတ်ကူး ကြည့်ရန် တစ်ကြိမ်မျှ မမျှော်လင့်ခဲ့ပေ။

လင်းယွန် အသံတိတ်သွားသည်ကို မြင်သည့်အခါ တုံဟူက သူ့အသံကိုနှိမ့်လိုက်ပြီး၊

" သခင်လေး၊ မင်းက 'မီးလျှံသွေးအရိုး'ကို ဘယ်လိုရယူနိုင်ခဲ့လဲ ငါ..မသိဘူး၊ တကယ်လည်း ငါ မသိချင်ပါဘူး။ ဒါပေမယ့် မင်းက မြို့အနှံ့လျှောက်သွားပြီး 'မီးလျှံသွေးအရိုး' ကိုးခုကို တန်ဖိုးအချို့နဲ့ ဖလှယ်ဖို့ကြိုးစားမိရင်တော့ မင်း...မလိုချင်တဲ့ ရလာဘ်အချို့ကို ဖိတ်ခေါ်မိသွားမှာကို ငါ...စိုးရိမ်မိတယ်။ ''

လင်းယွန် က သူဌေးတုံ ဆိုလိုရင်းအား သဘောပေါက်လိုက်သည်။ သူတို့က 'မီးလျှံသွေး အရိုး'များကို လုယူပြီးသည်နှင့် ရပ်တန့် သွားမည် မဟုတ်ပဲ အမှတ်တမဲ့ ပန်းသင်္ချိုင်း ဓါးကိုသာ တွေ့မြင်ခဲ့ပါလျှင်၊ သူ့၌ ကာကွယ် နိုင်သည့် ခွန်အား မရှိသေးချေ။

" ငါက ....မင်းကို ဘယ်လိုယုံရမလဲ၊ သူဌေးတုံ ။ "

" ငါ က ကတိပဲ ပေးနိုင်တယ် သခင်လေး။ ကုန်သည်တစ်ဦးကို ယုံကြည်ဖို့ခက်ခဲတာ ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်းက ငါ့ကို ရဲရဲသာယုံဖို့ လိုတာပါ။ ကွမ်းယန် ကို သတ်ခဲ့ပြီးနောက်၊ မင်းက ငါ့ကို မျက်စိထဲ ထည့်ထားစရာ လိုပါဦး မလား။ "

တုံဟူ က အကူအညီမဲ့စွာပြုံးလိုက်ပြီး မချင့်မရဲ လင်းယွန်ကို ငေးကြည့်နေသည်။ သူက ကုန်သည်တစ်ယောက်သာ ဖြစ်ကာ ဤသို့ ဂိုဏ်းသားတပြည့်တစ်ယောက်အား အပြစ်ပြုဝံ့သည့် ယုံကြည်ချက်မျိုး မရှိခဲ့ပေ။

သို့သော် သူက ဒီအခွင့်အရေးကို လက်မလွှတ်ချင်သော်လည်း သူတက်နိုင်တာ ဘာမှ မရှိခဲ့ပါချေ။

လင်းယွန် က တိတ်ဆိတ်သွားပြီး သူဌေးတုံကို စိုက်ကြည့်လိုက်သည်။ သူက သူဌေးတုံ စကားကိုလက်ခံလိုက်သည်။

ယင်းသည် လောင်းကစားတစ်ခုဖြစ်ပြီး သူသာ ဆုံးဖြတ်ချက် မှန်ကန်ပါက ကြီးမားသည့် အကျိုး အမြတ်ကို ရိတ်သိမ်းနိုင် ပေမည်။

" ကောင်းပြီ၊ ငါမင်းကိုယုံတယ်။ မီးလျှံသွေး အရိုး ငါးခုကို မင်းလက်ထဲ အပ်ထား ခဲ့မယ်၊ နှစ်လအတွင်းငါ ပြန်လာတဲ့အခါ ကျန်တဲ့ လေးခုကို ငါယူလာ ပေးမယ်။ "

သူက သဘောတူခဲ့ပေမယ့် အလုံးစုံ ယုံကြည်ဖို့ရန် မဆုံးဖြတ်ထားချေ။

" ဒါပဲ သခင်လေး။ မင်းရဲ့ သဘော တူညီချက်ကို နောင်တ မရ စေရပါဖူး။ ခနလေး စောင့်ပါဦး၊ "

သူဌေးတုံ သည် လင်းယွန် ၏ လက်ကို ဆုပ်ကိုင်ရန် မတ်တပ်ရပ်နေလျက်မှ မျက်နှာ အပြည့် ရယ်မော လိုက်သည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင်ပြုပြင်လိုက်ပြီး၊

" ငါတို့ ကျန်တဲ့ ရတနာအချို့ကို တန်ဖိုးသတ်မှတ်ရအောင် တောင်ဖြိုဓားသိုင်းနဲ့ နတ်ဆိုးသားရဲ ရတနာတွေအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၂၀၀၀) ပေးပါမယ်။ "

".............."

လင်းယွန် က ခေါင်းညိတ်လိုက် သည်။ ရတနာခန်းမ သည် သူ့ကို ကျေနပ်စေ ခဲ့သည်။ သူဌေးတုံ က သူ့အား ဆိုင်အ ပြင်ဘက်အထိ ကိုယ်တိုင်လိုက်ပါ ပို့ဆောင် ပေး လေသည်။

သူက လမ်းမပေါ် လမ်းလျှောက်နေစဉ် လူအုပ်ကြီးသည် လမ်းကြောင်းတစ်ခုတည်းသို့ ပြေးလွှားနေသည်ကို တွေ့လိုက်ရသဖြင့် လင်းယွန် အံ့သြသွားသည်။ သူက လူတစ်ယောက်ကို ဟန့်တားလိုက်ပြီး၊

"ဘာ ဖြစ်ကြတာလဲ ။ လူတိုင်း ဘာလို့ဒီလောက်မြန်မြန်ဆန်ဆန် တစ်နေရာထဲကို ပြေးနေရ တာလဲ။ "

"ဟေ့ သောက်ရူးကောင်၊ မင်း ငါ့လက်ကို ခုလွှတ်စမ်း ... ”

ထိုလူသည် တားဆီး ခံရသည့် အခါ ဒေါသ တကြီး ဆဲဆို နေခဲ့ပြီးနောက် လင်းယွန်၏ ရင်ဘက်ရှိ ဂိုဏ်းတံဆိပ်ကို မြင်သည့် အခါ၌ သူ၏ အမူအရာသည် နူးညံ့ သွားပြီး၊

" မင်းရဲ့ဂိုဏ်းက လူငယ်သခင်က၊ ခရမ်းမီးလျှံဂိုဏ်းရဲ့ အမာခံတပည့်တွေနဲ့ တိုက်ခိုက်နေတယ်။ "

-ဟု တစ်လုံးချင်း ထုတ်ဖော် ပြောဆို လိုက်လေသည်။

***

All Chapters