ပါရမီရှင်များ ၏ တိုက်ပွဲ။
Vol. 2 Ch. 20
လင်းယွန်သည် သူ၏ ခရီးစဉ်တွင် ဂိုဏ်းမှမည်သူ့ကို မဆို တွေ့ဆုံရန် ဆန္ဒမရှိ ထားချေ။ သူက ပန်းတစ်ရာချိုင့်ဝှမ်း ဆီသို့ ရောက်ရန် အချိန်များစွာ ပေးခဲ့ရသည်။
သူ၏ မစ်ရှင်ပြီးမြောက် ဖို့ထက် မည်သည့်အရာ အတွက်မျှ အချိန်မကုန် လိုသော်လည်း၊ ရေဖြူမြို့၌ မိုပြာရောင် ကောင်းကင်ဂိုဏ်းမှ လူငယ်သခင်၏ တိုက်ပွဲကို တွေ့မြင်ခွင့် ရခြင်းသည် သူ့အတွက် အခွင့် အလမ်းများ ဖြစ်လာနိုင် မည်ဟု ထင်သည်။
လင်းယွန် သည် ဓါးကျွန်ဘဝ၌ ဘိုင်ယုဖန် နှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသော်လည်း ဘိုင်ယုဖန် က သူ့ကိုမှတ်မိမည် မဟုတ်ပေ။
ဘိုင်ယုဖန် သည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း ၏ လူငယ်သခင် ဖြစ်ခဲ့ပြီး ဆုစီယာ မရောက်လာမီ ဂိုဏ်း၌ အမာခံ တပြည့် များတွင် နံပါတ်တစ် ဖြစ်ခဲ့သည်။
ထို့ပြင် သူသည် မိုးကောင်းကင်နိုင်ငံ၏ ပါရမီရှင် လေးဦးစာရင်းတွင် အရှိန်အဝါကြီးစွာ ရပ်တည်နိုင်ခဲ့သည်။
ဆုစီယာသည် ကောလဟာလများအရ ပါရမီရှင်လေးဦနှင့် တန်းညီသည်ဟုပင် သတ်မှတ်ထားကြရာ ထိုသို့ ရတနာတစ်ပါးအား ဓါးကျွန်တစ်ယောက်၏ တပ်မက်မှုသည် ရယ်စရာ ကောင်းခဲ့ပုံရသည်။
၎င်းသည် လမင်းကိုပိုင်ဆိုင်ချင်သည့် ခွေးအ တစ်ကောင်လို လှောင်ပြောင်ပျက်ရယ်ပြုစရာ ဇာတ်လမ်း တစ်ပုဒ်ပင် ဖြစ်ချေ၏။
လင်းယွန် ၏ စိတ်ဝင်စားမှုသည် မြင့်တက်လာခဲ့ သည်။ သူသည်ဤရန်ပွဲ၌ တစ်စုံ တစ်ရာကို သင်ယူနိုင်မည့် အခွင့်အလမ်း ကောင်းများ ရကောင်း ရရှိနိုင်သည်။
ရန်ပွဲ၌ ပါဝင်သူများသည် လင်းယွန်နှင့် သက်တူ ရွယ်တူများ ဖြစ်ကြရာ သူ့ခွန်အားနှင့် နှိုင်းယှဉ်ဖို့ လိုလားနေမိသည်။
သူက နောက်ဆုံးမစ်ရှင်ကို ပြီးမြောက်ရန် လောဘမကြီးခဲ့သည်ကြောင့် ရန်ပွဲကိုကြည့်ရန် အချိန်များစွာပေးနိုင်သည်။
" အမာခံ တပြည့်တွေရဲ့ အကန့်အသတ်ကို ကြည့်ရအောင် "
ရေဖြူမြို့အရှေ့ဘက်တွင် ကျယ်ဝန်းသည့် သိုင်းစင်မြင့်တစ်ခု တည်ရှိနေသည်။ သိုင်းစင်မြင့်ဘေးပါတ်လည်၌ ပျံကျ စျေးသည်များ၊ အဟန့်ကောင်းကောင်း စျေးဆိုင်များ၊ ဆေးဝါးခန်းမများ နှင့် စားသောက်ဆိုင် အမျိုးမျိုးကို စည်ကားစွာ တွေ့မြင်နေရသည်။
ဤနေရာရှိ စင်မြင့်နှင့်စျေးဆိုင်ခန်းများသည် ရေဖြူမြို့ မှ ရည်ရွယ်ချက်ရှိရှိ ဖန်တီး ထားပုံ ရသည်။ မကြာခန ကျင့်ကြံသူအချင်းချင်း အငြင်းပွားစရာများကို ခွန်အားသုံး ဖြေရှင်းရန် အတွက်ပင် ဖြစ်ပေမည်။
သိုင်းစင်မြင့်ပါတ်ပါတ်လည်၌ များပြားသည့်လူအုပ်ကြီးကို လျစ်လျူရှုလျက် ဘိုင်ယုဖန် က တည်ငြိမ်စွာ မတ်တပ် ရပ်နေသည်။
သူ၏ ပြေပြစ်သောအမူအရာသည် သဘာဝတရား နှင့် တွဲဖက်ညီစွာ လူငယ်သခင် တစ်ဦး အတွက် လျောက်ပတ်သော အရှိန်အဝါကို ထုတ်လွှတ် ပေးနေသည်။
ဘိုင်ယုဖန် သည် အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းနေခဲ့ပုံရသည်။ ရုတ်တရက် ဘိုင်ယုဖန်၏ အကြည့်သည် လူအုပ်နောက်ကို မျှော်ကြည့်လျက် သူစောင့်ဆိုင်းနေသည့်သူ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
"...ဟိတ် ''
မာန်သွင်းအော်ဟစ်သံနှင့်အတူ လူရိပ်တစ်ရိပ်သည် မီတာ (၅၀) အကွာ အဝေးမရှိ တရှိအား တစ်ချက်ထဲခုန်ဝဲလိုက်ပြီး လေထုကို စီးနင်းလျက် စင်မြင့်အလည်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။
'' ကောင်းလိုက်တဲ့ ရွေ့လျားမှုနည်းစနစ်။ ''
လင်းယွန် က သူ့ကိုယ်သူ ပေါ့ပါးစွာ လှောင်ရယ်ရယ် လိုက်သည်။ လက်ရှိ အခြေအနေ အရ လင်းယွန်သည် နှစ်မီတာ သာသာ အကွာ အဝေးသို့သာ ခုန်နိုင်ပြီးသူက လေထုထဲတွင် အနည်းငယ်သာ ရပ်တန့် နိုင်သည်။
သူတို့နှစ်ယောက်နှင့် သူ၏ စွမ်းရည်ကွာခြားချက်သည် အံ့မခန်းပင်။ သူက သူ့ကိုယ်သူ ပါရမီရှင်များနှင့် နှိုင်းယှဉ်ရန် စဉ်းးစားနေမိသည်မှာ မိုက်မဲသည့် လူပျက်တစ်ယောက်ပင် ဖြစ်နေသည် မဟုတ်ပါလော။
" လျူယွန်ဖေး.."
" အဆင့် မြင့် လှုပ်ရှားမှုနည်းစနစ်ပဲ။ သူက လေထဲကိုဘယ်လို ပျံနိူင်ခဲ့တာလဲ "
" လူပျက်တွေ တိတ်တိတ်နေစမ်း၊ ဒါက ခရမ်းမီးလျှံ ဂိုဏ်းရဲ့ တိမ်ရောင်မြူခိုးနည်းစနစ် ပဲ၊ ဒီ တစ်ခါ ဘိုင်ယုဖန် အတွက် အခွင့်အလမ်း မရှိစေရဘူး။ "
ခရမ်းမီးလျှံဂိုဏ်းသားတစ်ဦးက မောက်မာစွာ အော်ငေါက်လိုက်ပြီးနောက် သူက လျူယွန်ဖေး ကို အထင်တကြီးအားကျစွာ ငေးကြည့်နေသည်။
"မင်း..နောက်ကျနေပြီ"
ဘိုင်ယုဖန် က စောင့်ဆိုင်းနေရခြင်းကို စိတ်မရှည်တော့ဟန်ဖြင့် နှုတ်ဆက်ပြီး အပြစ်တင်လိုက်သည်။
" စိတ်မပူပါနဲ၊ ငါက မင်းကို မြန်မြန်အဆုံး သတ်ပေး လိုက်ရင် အချိန်မလင့်တော့ ဖူးပေါ့၊ ဟားဟားဟား "
လျူယွန်ဖေး က ဘိုင်ယုဖန်အား မောက်မာစွာတုန့်ပြန် ရယ်မောလိုက်သည်။
ဘိုင်ယုဖန် က လေးနက်သည့်အမူအရာဖြင့် လျူယွန် ဖေး ကို သတိပေးလိုက်သည်။
" မင်းအတွက် ....ကောင်းကင်က ဘယ်လောက်မြင့်လဲ၊ မြေကြီးက ဘယ်လောက် နက်လဲ ဆိုတာ ငါပြပေးရမယ့် ပုံပဲ။ ''
ဘိုင်ယုဖန်က သူ့စကားလုံးများ မဆုံးခင် အရှိန်အဝါကို အမြင့်ဆုံး ထုတ်လွှတ်လိုက်သည်။
'' အခြေခံတည်ဆောက်ခြင်း အဌမအဆင့် ''
ထိုအရှိန်အဝါ၏ဖိအားသည် လင်းယွန် တစ်သက်မြင်ဖူးခဲ့သမျှ တွင်အမြင့်ဆုံး ဖြစ်သည်။ ဒါက မယုံနိုင်လောက်အောင် ရိုးရှင်း သိပ်သည်း ခဲ့သည်။
သူနှင့် လူငယ်သခင်ကြား ခြားနက်ချက်သည် သူ့အား မသက်မသာဖြစ်စေသည်။
သို့သော် လျူယွန်ဖေးသည် နှာခေါင်းရှုံ့ လိုက်ကာ၊
" မင်းက ...တစ်နှစ် အတွင်း.. တိုးတက်မှု တချို့ ရခဲ့ပုံပဲ ဒါပေမယ့် မလုံလောက်ဖူး "
''................ ''
လျူယွန်ဖေး က သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ လူအုပ်သည် တိတ်ဆိတ် သွားလျက် တိုက်ပွဲစင်မြင့်ဆီ စိတ်လှုပ်ရှားစွာ ငေးကြည့်နေကြသည်။
သို့သော် သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလို တိုက်ပွဲဝင်ခဲ့ခြင်းမရှိ ခဲ့ပဲ နှစ်ဦးစလုံးသည် သူတို့၏ခွန်အားကိုတည်ဆောက်ရန် အချိန်ယူလိုက်ကြသည်။
သူတို့သည် မီတာတစ်ရာအကွာ၌ ရပ်နေလျက် သေးငယ်သည့်အမှားကိုပင် ဂရုတစိုက် စောင့်ကြည့် နေမိကြသည်။
လူအုပ်ကြီး သည် အသက်ရှူအောင့်လျက် မျက်တောင်မခတ်ဝံ့ကြ။ အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ ရန်ပွဲသည် နေ့တိုင်းမြင်နိုင်သည့် အရာ မဟုတ်ချေ။
သူတို့သည် လှုပ်ရှားမှု အနည်းငယ်မျှကိုပင် အလွတ်မခံချင်နိုင်အောင် စက္ကန့်မပျက် စူးစိုက်ကြည့်နေခဲ့ကြသည်။
" ဟိတ်....."
ပြင်းထန်သည့်အရှိန်အဟုန်ဖြင့် ဘိုင်ယုဖန် က လျူယွန်ဖေးကို ရိုက်ချလိုက်သည်။ ဘိုင်ယုဖန် က သူ၏ တံတောင်များကို နောက်သို့ ပို့လွှတ် လိုက်ပြီး လက်ဖဝါးများသည် ရင်ဘတ်နှင့် တတန်းထဲ ထားကာ၊ သူ့ ပြိုင်ဘက်ကို ညာလက်ဖဝါးဖြင့် ထိုးသွင်း ရိုက်ချ လိုက်သည်။
လက်ဖဝါးရိုက်ချက်သည် မယုံနိုင် လောက်အောင် မြန်ဆန်နေကာ လေ့ကျင့်ရည် ပြည့်ဝပြီးသား ဖြစ်သည်ကို ဖော်ပြ နေသည်။
တောင် ဖြို လက် ဝါး ။
၎င်းသည် မိုးပြာရောင်ကောင်းကင်ဂိုဏ် ၏ အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။
တောင်ဖြိုလက်ဝါး သိုင်းနည်းစနစ်သည် ကွမ်းယန်၏ တောင်ဖြို ဓါးသိုင်း နည်းစနစ်နှင့် အနည်းငယ်က ဆင်တူသည်၊ ၎င်းတို့သည် ကျွမ်းကျင်မှု အလုံအလောက် မြင့်မားပါက တောင်တစ်လုံးကို နှစ်ခြမ်း ခွဲပစ်နိုင်သည်။
" ဘန်း....."
လျူယွန်ဖေး သည် ဘိုင်ယုဖန်၏ တောင်ဖြိုလက်ဝါး ရိုက်ချက်ကို လက်ဖဝါး တစ်ချက် ရိုက်ထုတ်ကာ ခုခံကာကွယ် လိုက်သည်။
သူတို့သည် ပထမလှုပ်ရှားမှု၌ပင် ရန်ပွဲကို အဆုံးသတ်ရန် ကြိုးစားနေပုံရပြီး တိုက်ပွဲအစ ပျိုးပျိုးချင်း ခွန်အားကုန် ထည့်သွင်း တိုက်ခိုက်လိုက်ကြသည်။
သူတို့နှစ်ယောက်က လေးကိုင်းမှ လွတ်သွား သည့်မြှားများ ကဲ့သို့ ကောင်ကင်ပေါ် ပျံတက် သွားပြီး ပြင်းထန်စွာ တိုက်ခိုက် လိုက်ကြသည်။
လျူယွန်ဖေး က ဘိုင်ယုဖန်၏ လက်ဝါးကို ရှောင်တိမ်းခြင်းမရှိခဲ့ပဲ သူ၏လက်ညှိုးနှင့် ပြန်လည် ထိုးသွင်း ဟန့်တားလိုက်သည်။
" ............ "
ဘိုင်ယုဖန် သည် ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် လေထဲ၌ပင် မီတာများစွာ နောက်သို့ဆုတ်သွားသည်။
၎င်းသည် အသက်တရှိုက်စာအတွင်း ဖြစ်ပျက်ခဲ့ပြီး လူအုပ်ထဲရှိ အဆင့်မြင့် သိုင်းသမား အချို့သာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သို့သော် လင်းယွန်သည် လှုပ်ရှားမှု တစ်ခုချင်းကို အသေးစိတ် ဂရုစိုက် စောင့်ကြည့် နေခဲ့သည်။
လျူယွန်ဖေးသည် တိုက်ခိုက်မှုကို စတင်လိုက်သည့်အခါ သူ၏ လက်ချောင်း တစ်ခုလုံးသည် အစိမ်းရောင်သို့ ပြောင်းလဲ သွားသည်။
ရုတ်တရက် ဘိုင်ယုဖန်သည် ငြိမ်သက် နေခဲ့ရာမှ သူက နောက်ထပ် တစ်ကြိမ် လေထဲသို့ ခုန်လွှား သွားပြီး လေထဲ ၌ပင် ခန္ဓာ ကိုယ်ကို လိမ်လျက် ခြေထောက်များကို၊ စင်မြင့် ထောက်တိုင်အား ဖိနင်းကာ၊ အရှိန်ကို နှစ်ဆ တိုးမြှင့် လိုက်သည်။
သူက လေထဲတွင် ပျံဝဲ နေလျက်မှ လျူယွန်ဖေး၏ လည်တိုင်ဆီသို့ သူ့လက် ဖဝါးကို လင်းယုန်လက်သည်း သဏ္ဍာန် စုကွေး ကုပ်ယူ လိုက်သည်။
လင်းယုန်လက်ဝါး သိုင်းနည်းစနစ်။
လင်းယွန် သည် သူမြင်လိုက်သည့်အရာကို မယုံနိုင်ခဲ့ပေ။ ဘိုင်ယုဖန်သည် ပထမဆုံး ထိပ်တိုက် တွေ့ဆုံမှု၌ပင် ဆိုးရွားစွာ အရေးနိမ့်ခဲ့ ရာမှ ပြန်လည်အသာစီး ရယူရန် သိုင်းကွက်ကို ပြောင်းလဲ အသုံးပြု လိုက်သည်။
ဘိုင်ယုဖန်က တိုက်ပွဲအတွေ့အကြုံများအရ ကစားပွဲကို လှန်ဖို့ တိုက်ခိုက်သည့်အရှိန်ကို ထပ်မံတိုးမြှင့်လိုက်ခြင်းပင်။
အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် နှစ်ခု၏ မတူကွဲပြားသည့် တိုက်ခိုက်ရေးနည်း စနစ်တွေကို စက္ကန့် အနည်းငယ် အတွင်း ပြောင်းလဲ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဘိုင်ယုဖန်၏ လင်းယုန်လက်ဝါး သိုင်းနည်း စနစ်ကျွမ်းကျင်မှု သည် ဇောင်ပင်း၏ လင်းယုန် လက်ဝါး နည်းစနစ်နှင့် နှိုင်းယှဉ်ရန် မဖြစ် နိုင်ခဲ့ပေ။
ဘိုင်ယုဖန်၏ လင်းယုန်လက်ဝါးသည် ပြင်းထန်သည့် ကြောက်မက်ဖွယ် အရှိန် အဟုန်ဖြင့် သားကောင်ကို အမဲလိုက် သတ်ဖြတ်ရန် ဖြစ်ပြီး ဇောင်ပင်း၏ လင်းယုန် လက်ဝါးသည် ချိနဲ့ နေသည့် လင်းယုန် အပေါက်လေးများ အသိုက်မှ ပြုတ်ကျလာခြင်း နှင့်တူ၏။
၎င်းသည် မိုးပြုရောင်ကောင်းကင်ဂိုဏ်း ၏ လူငယ်သခင်ရာထူးနှင့် အမှန်တကယ်ထိုက်တန် ပေ၏။
ဘိုင်ယုဖန် သည် သူ၏ လက်ဖဝါး နှစ်ဘက်ဖြင့် အဆက်မပြတ် ရိုက်ထုတ် လိုက်ပြီး သူက ဖိအားပေးရန် လျင်မြန်စွာ စတင်ခဲ့သည်။
သူ့လက်တစ်ဖက်တွင် အင်အားကို စုဆောင်းလျက် သူက လင်းယုန် လက်သည်းကို ထုတ်ဖော်ရန် အသင့်ဖြစ်နေခဲ့သည်။
လျူယွန်ဖေး သည် လင်းယုန်လက်ဝါးကို ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ခြေလှမ်း အနည်း ငယ်ခန့် နောက်သို့ဆုတ်လိုက်ရကာ သူ့ကိုယ်သူ တည်ငြိမ်မှုရယူ ခဲ့ရသည်။
လင်းယွန် သည် သက်ပြင်းချလျက် ၊ လက်ရှိ အခြေ အနေ၌ သူသည် ၎င်းတို့ နှစ်ယောက် စလုံး၏ လှုပ်ရှားမှု ဆယ်ခုကိုပင် လက်ခံနိုင်မည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးသည် သိုင်းကွက်ဆယ်ကွက် ကျော်ကျော်ခန့် ဖလှယ်နိုင်ခဲ့သည်။
ဘိုင်ယုဖန် က အနည်းငယ် အသာစီးရရှိ နေသော်လည်း ဒါက အဆုံးအဖြတ် မဟုတ်ခဲ့ချေ။
သူတို့က သူ့တို့၏ဝှက်ဖဲများကို အသုံးပြုခြင်း မရှိပဲ ကစားပွဲအား အဆုံး သတ်နိုင်ရန် ကြိုးစား နေသည်။
ရုတ်တရက် လျူယွန်ဖေး၏ ပုံရိပ်သည် တုန်ခါလာလျက် ပုံရိပ်ယောင်များကို ထုတ်လွှတ်ဖြန့်ကျက် လာသည်။
မည်သည်က လျူယွန်ဖေး အစစ်ဟု ခွဲခြားရန် မဖြစ်နိုင်ခဲ့ပဲ သူ၏ ပုံရိပ်ယောင် တိုင်းသည် မာနကြီးစွာ ပြုံးရယ်လျက် ဘိုင်ယုဖန်ကို စိုက်ကြည့် နေခဲ့သည်။
လျူယွန်ဖေး၏ ရယ်သံများတိုးတိတ် သွားပြီးနောက် လျူယွန်ဖေးနှင့်အတူ ပုံရိပ်ယောင်များ သည် ပျောက်ကွယ်သွားခဲ့ ကာ သူက ဘိုင်ယုဖန် နောက်ကျောတွင် ပြန်လည် ထွက်ပေါ်လာသည်။
လျူယွန်းဖေး က နူတ်ခမ်းထောင့်စွန်း၌ အပြုံးတုတစ်ခုကို ချိတ်ဆွဲထားလျက် သူ၏လက်ညိုးကို ဘိုင်ယုဖန်နောက်ကျောဆီသို့ ထိုးသွင်းလိုက်သည်။
"......စွိ......."
ဘိုင်ယုဖန်သည် စင်မြင့်ပေါ်သို့ ပြန်မကျခင် သူ၏ ကြွက်သားများသည် လှုပ်ရှားနိုင် ခြင်းမရှိ တော့ပဲ တောင့်တင်းလာခဲ့ရာ သူက ခုခံကာကွယ်ရန် လုံလောက်သည့် အချိန်မရှိတော့ချေ။
လျူယွန်ဖေး ၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အခိုးအငွေ့များထွက်လာ ပြီး လက်လောက်ဝတ်မှစ၍ သူ၏လက်ဖဝါး ပြင်သည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို အစိမ်းရောင်များ တောက်ပ လာသည်။
'' သောက်.. ပဲ ဟေ့ ''
ဘိုင်ယုဖန် က ကျိန်ဆဲ လိုက်သည်။ သူသည် တတ်နိုင်သမျှခွန်အားကို မြန်မြန် စုဆောင်း လိုက်ပြီး လျူယွန်ဖေး၏ တိုက်ကွက်ကို လက်ဖဝါးဖြင့် တားဆီး လိုက်သည်။
သို့သော် သူက အနည်းငယ်နောက်ကျ သွားပြီး လျူယွန်ဖေး ၏ ကျောက်စိမ်းရောင် လက်ဖဝါးသည် လက်ဖဝါးခြင်း ထိခါနီး၌ လမ်းကြောင်း ပြောင်းကာ ဘိုင်ယုဖန် ၏ရင်ဘတ် ဆီသို့ တိုးဝင်လာခဲ့သည်။
" ဘန်း........ "
ဘိုင်ယုဖန်သည် ဘောလုံးတစ်လုံးကဲ့သို့ ကြမ်းပြင်ပေါ်လိမ့်သွားစေခဲ့ပြီး သူ၏ ပါးစပ်မှသွေးတစ်လုပ် အန်ချလိုက်ရသည်။
သူက ရင်ဘတ်ကို ဆုပ်ကိုင်လျက် မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း ပြန်လည်ကွေးညွှတ်ကျသွားသည်။
သူ၏ အတွင်းပိုင်းအင်္ဂါများ ထိခိုက်ဒဏ်ရာ ရသွားပုံ ရပြီးဆက်လက်တိုက်ပွဲဝင်ရန် အင်အားမရှိတော့ချေ။
" မင်းရဲ့ ခရမ်းတိမ်လွှာ သိုင်းနည်းစနစ်က ပဉ္စမအဆင့်ကိုရောက်နေပြီလား။ "
ဘိုင်ယုဖန် က လေသံသဲ့သဲ့ဖြင့် အံသြစွာ မေးလိုက်သည်။
ခရမ်းတိမ်လွှာ နည်းစနစ် သည် ခရမ်းမီးလျှံ ဂိုဏ်း ၏ အကောင်းဆုံးသော အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခုပင်။
၎င်းသည် ခုခံကာကွယ်မှုနှင့် တိုက်ခိုက် ရေး နှစ်မျိုး စလုံးအား တွဲဖက် အသုံးပြုနိုင်ပြီး ခရမ်းမီးလျှံဂိုဏ်း၏ သက်စောင့် သိုင်းနည်းစနစ် တစ်ခု ဖြစ်ပေသည်။
အဆင့်တစ်ခုစီသည် ယန်စွမ်းအင် အား အရောင်ပြောင်းလဲခြင်းဖြင့် ကိုယ်စားပြုသည်။ ခရမ်းတိမ်လွှာ နည်းစနစ်သည် အဆင့် ခြောက်ဆင့်သာ ရှိပြီး ၎င်းအား အောင်မြင်စွာ ကျင့်ကြံ နိုင်ပါက ယန်စွမ်းအင်သည် ခရမ်းရောင်သို့ ပြောင်းသွားကာ အရှိန်အဝါအား ကူးစက်လိုက်ပါ ပြောင်းလဲ သွားစေသည်။
လျူယွန်ဖေး၏ အစိမ်းရောင်လက်ဖဝါးသည် ပဉ္စမအဆင့်သို့ ဆုပ်ကိုင်ထားနိုင် နေပြီဟု ဆိုလိုသည်။
" မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီ နှစ်ဂိုဏ်းခွဲလေးခုပြိုင်ပွဲမှာ ငါရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်က တစ်ယောက်ပဲရှိတယ် "
လျူယွန်ဖေး က ဘိုင်ယုဖန် ၏ မေးခွန်းကို လျစ်လျူရှုပြီး မောက်မာစွာ ရေရွတ် လိုက်ပြီး နောက်၊ စင်မြင့်ထက်မှ ထွက်ခွာ သွားလေသည်။ ဘိုင်ယုဖန် ကို တစ်ချက်ပင် လှည့်ကြည့် သွားခြင်းမရှိခဲ့ပေ။
ဘိုင်ယုဖန် သည် မျက်နှာမဲမှောင်လျက် သူ့နှလုံးသားမှလာသည့် အရှက်တရားကို ဖိနှိပ်ထားမိသည်။ သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သတ်၍ သူက ဒီနေရာ၌ လုပ်နိုင်စွမ်း မည်သည်မျှ မရှိခဲ့ချေ။
'' ဒီ ရလာဒ် ကမယုံနိုင်စရာဘဲ "
'' ဟုတ်တယ်၊ သိုင်းဆယ့်ငါးကွက်အတွင်း အဆုံးသတ်သွားတယ်။ ငါက သိုင်းကွက် တစ်ရာကျော်လောက် မြင်ရ လိမ့်မယ်လို့ ထင်ထား ခဲ့တာ။ ''
" လျူယွန်ဖေး က ပြီးခဲ့သည့်နှစ်တွေမှာ အလွန်တိုးတက်ခဲ့ပုံပဲ၊ သူ့က ခရမ်းတိမ်လွှာ နည်းစနစ်ကို ပဉ္စမအဆင့်ထိ ဆုပ်ကိုင်ထား နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမလဲ ... "
" ဆုစီယာ တစ်ယောက်ပဲ သူ့ကို အနိုင် လိမ့်မယ် လို့ငါ... ထင်တယ်"
"ဟားဟား၊ လူပျက်တွေ၊ ဆုစီယာက ဒီအခွင့်အရေးရှိမယ် မထင်ဘူး။ ''
လူအုပ်ကြီးမှ တစ်ယောက်တစ်မျိုး ထင်ကြေးများဖြင့် ငြင်းခုန်မှုများကြားတွင် လင်းယွန် သည်တိတ်ဆိတ် နေခဲ့သည်။ သူ၏ ထက်မြက်သော အမြင်အာရုံက မြင်နိုင်သည်။
ဘိုင်ယုဖန် သည် တိုက်ပွဲစတင်သည်နှင့် ပြိုင်ဘက်အားအကွာအဝေး တစ်ခုအတွင်း ထိန်းထားခဲ့ပြီး သူက လျူယွန်ဖေး နောက်ကျောကို ရိုက်နိုင်ရန် တချိန်လုံး ဆန္ဒရှိခဲ့သည်။
သူကလျင်မြန်သည့် အရှိန်ဖြင့် သုံးကြိမ်တိတိ လျူယွန်ဖေး နောက်ကျော ဆီသို့ ရောက်ရှိ ရိုက်ပုတ် နိုင်ခဲ့သော်လည်း လျူယွန်ဖေးက ကောင်းမွန်စွာ ခုခံကာကွယ်ခံ နိုင်သည်။
၎င်းသည် ဘိုင်ယုဖန် တချိန်လုံး ဆန္ဒရှိနေသည့် နည်းဗျူအတိုင်း၊ သူ သတိမထားမိခင် အချိန်၌ ပြိုင်ဘက်က ထိုနည်းဗျူဟာကို အသုံးပြုကာ အနိုင်ယူခံလိုက် ရသည်။
အဆင့်မြင့် လှုပ်ရှားမှုနည်းစနစ်။ ၎င်းနည်းစနစ်သည် အံ့မခန်းအစွမ်းထက်ကာ တိုက်ပွဲ၏ အဆုံးသတ်ရလာဒ်ကို ထွက်ပေါ်လာစေသည်။
သို့ သော် ဘိုင်ယုဖန်သည် ထိုသို့ အသေးစိတ်မြင်နိုင်ခဲ့ခြင်းမရှိခဲ့ပဲ၊ သူက ရလာဒ်ကိုပြောင်းလဲနိုင်ရန် နည်းလမ်းမရှိချေ။
ကစားပွဲတစ်ခုတွင် အရှုံးကိုဖြစ်စေ၊ သရေပွဲကိုဖြစ်စေ ရလာဒ်ထွက်ပေါ်စေရန် ရွေ့ကွက်တစ်ခုသာလိုအပ်သည်။ ထို့အပြင် အဆင့်မြင့်သိုင်းသမားနှစ်ဦး အကြား တိုက်ပွဲသည် သာမာန်သိုင်းသမားများအဖို့ တိုက်ပွဲ၏ အစစ် အမှန်အင်အားကို မြင်ရန် ခက်ခဲလှသည်။
သို့သော် ၎င်းသည် လင်းယွန် အတွက် ရှုပ်ထွေးမှု မဖြစ်ခဲ့ပေ။ သူ့နားလည်မှု အတွင်း၌သာ ရှိနေခဲ့သည်။
ဆိုလိုသည်မှာ ဘိုင်ယုဖန်သည် လျူယွန်ဖေး၏ ခရမ်းတိမ်လွှာ အဆင့် မြင့် သက်စောင့်သိုင်း နည်းစနစ်ကို ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ပဲ လျူယွန်ဖေး၏ အဆင့်မြင့် လှုပ်ရှားမှုနည်းစနစ် ကို အရေးနိမ့်သွားခြင်း ဖြစ်သည်ကို သူက ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့သည်။
သူက အဆင့်မြင်လှုပ်ရှားမှု နည်းစနစ် တစ်ခု၏ အရေးပါပုံကို ပို၍ သိမြင် လာခဲ့သည်။
" လူပြက်တစ်အုပ်ပဲ။ "
လင်းယွန် သည် ခေါင်းယမ်းလျက် ပြိုင်ပွဲကွင်းပြင် မှထွက်ခွာသွားခဲ့လေသည်။
***