← Chapters

လေဝဲဓါး၏ ဒုတိယ မြောက်သိုင်းကွက်။

Vol. 2 Ch. 21

လေဝဲဓါး၏ ဒုတိယ မြောက်သိုင်းကွက်။

Vol. 2 Ch. 21

လင်းယွန် က သက်ပြင်းချလိုက်သည်။ ပါရမီရှင် နှစ်ဦးတို့အကြားတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း စိတ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

နှစ်ဦးစလုံးသည် သူ့ထက် နှစ်အနည်း ငယ်သာ ကြီးသော်လည်း သူတို့က အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့်တွင် ရှိသည်။

အထူးသဖြင့် လျူယွန်ဖေးသည် သူ့အား မသက်မသာဖြစ်စေသည်။ လင်းယွန် သည် သူတို့နှစ်ယောက်ထဲမှ မည်သူနှင့်မဆို တိုက်ခိုက်ရမည် ဆိုပါက သိုင်းကွက် တစ်ကွက်တောင် လက်ခံနိုင်ရန် မသေချာပေ။

သူ့က သူ့ရှေ့တွင် ခက်ခဲသည့်လမ်းတစ်ခုကို မြင်လိုက်ရဟန်ဖြင့် ခေါင်းယမ်းမိသည်။ သူပိုင်ဆိုင်သည့်ခန္ဓာကိုယ်သည် အလားအလာ ကောင်းများ ရှိခဲ့သော်လည်း မူလလင်းယွန်၏ လက်ထဲ၌ လျစ်လျှူရခံခဲ့ရသည်။

သူ့ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်သည် ခိုင်ခန့်တည်ငြိမ်ခဲ့ပေမယ့် သူက အရင်းအမြစ် ပြတ်လပ်မှုနှင့် နားလည်နိုင်စွမ်း နိမ့်ကျမှုတို့ကြောင့် 'စ'မှတ်တွင် နိမ့်ကျခဲ့သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် ဂိုဏ်း၏ ပါရမီရှင် အမာခံတပြည့်များဖြစ်ကာ သူတို့၏ နားလည်နိုင်စွမ်းနှင့် အရင်းအမြစ် ထောက်ပံ့ များစွာသည် အကန့်အသတ် မရှိခဲ့ပေ။

ယခု လင်းယွန်သည် ထိုကဲ့သို့သော အဓိပ္ပာယ်မဲ့သည့် အချိန်ကာလတစ်ခုကို ချန်ထားနိုင်ခဲ့သည်။ သူ၏ စိတ်ပိုင်း ဖြတ်နိုင်မှုများ အောက်၌ မူလ လင်းယွန်သည် သိသိသာသာ တိုးတက်ခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် ထူးခြားသည့် တုံ့ပြန်မှု အချို့ရှိနေခဲ့ပြီး ၎င်းသည် ထုတ်ယူ အသုံးမပြုရသေးသည့် ချိတ်ပိတ် ခံထားရသော ရတနာသိုက် တစ်ခုနှင့် တူပေ၏။

ထိုအပြင် ၎င်းသည် သူ၏ ရူးသွပ်စွာ လေ့ကျင့်မှုများကြောင့်လည်း ဖြစ်နိုင်ပေရာ မည်သို့ပင်ဖြစ်စေ လင်းယွန်က လေ့ကျင်မှုများအား လျော့ချခွင့် မရှိခဲ့ချေ။

လင်းယွန် ၏ မျက်လုံးများသည် ဆုံးဖြတ်ချက်နှင့်အတူ တောက်ပလာသည်။ သူသည် မြို့မှထွက်ခွာရန်စိတ်ပြောင်းသွားပြီး ရတနာခန်းမ သို့ ပြန်လာခဲ့သည်။

" အို...သခင်လေး ဘာများကျန်ခဲ့လို့လဲ။ "

သူဌေးတုံသည် လင်းယွန် အားပြုံးရွှင်စွာ နူတ်ဆက်လိုက်သည်။ သူ့အတွေ့အကြုံ လင်းယွန်၏ ဒုတိယအကြိမ် ဝင်ရောက် လာမှုသည် သူ့အား ပိုက်ဆံ အိတ်ထဲသို့ ငွေစများ လာရောက် ဖြည့်သိပ် ပေးခြင်းဟု တပ်အပ်ပြောနိုင်သည်။

" ငါက သန့်စင်တဲ့ ဆေးလုံးတွေ လိုချင်တယ် "

'' အိုး ဒါပေါ့ ရှိတာပေါ့၊ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ် သခင်လေး၊ ဂိုဏ်းတွေရဲ့ ဆေးလုံးတွေလိုမျိုး အရည်အသွေးပြည့်တဲ့ (၁၀၀) ရာခိုင်နူန်း သန့်စင်ပြီးသားဆေးဝါးတွေ ငါ့မှာ မရှိပါဖူး။ ဒါက ခက်ခဲပြီး ဂိုဏ်းတွေကသာ တက်စွမ်းနိုင်တယ်၊ ဒီလို နေရာငယ်လေးမှာ ရှာဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ ''

'' ဥပမာ ဒီ ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံးကိုပဲ ကြည့်၊ ဒါက ငါတို့ ရောင်းနိုင်သမျှ ဆေးတွေထဲက ဂုဏ်အယူရဆုံးဆေးလုံးတွေပဲ၊ သူက (၈၀)ရာခိုင်နှုန်းလောက်ပဲ သန့်စင်တယ် "

တုံဟူ က အလေးအနက်ရှင်းပြလိုက်သည်။ သူတို့လို ပြင်ပ အရောင်းဆိုင်များရှိ ဆေးလုံးများသည် ဂိုဏ်းခွဲများမှ ထုတ်လုပ်သန့်စင်ထားသည့် ဆေးလုံးများနှင့် မည်သို့ နှိုင်းယှဉ် နိုင်မည်နည်း။

'' ငါ့အတွေ့အကြုံအရ ငွေက ပြဿနာ အားလုံးကို ဖြေရှင်းပေးတယ်။ မင်းမှာ ငါ့ကို စိတ်ဝင်စား စေမယ့် အရာတွေ ရှိမယ် ထင်တယ်။ "

"သေချာ တာပေါ့၊ ငါ့နောက်လိုက်ခဲ့ပါ သခင်လေး "

သူဌေးတုံသည် ရှေ့မှဦးဆောင်လျက် ဒုတိယထပ်ရှိ အခန်းတစ်ခုထဲသို့ ထပ်မံ ခေါ်ဆောင် သွားစဉ် သူက လင်းယွန်အား ငဲ့ကြည့်ကာ၊

'' မင်းက အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်မှာ ရှိနေတဲ့အတွက်၊ ခန္ဓာကိုယ် သန့်စင်ခြင်းဆ ေးလုံးတွေက ထိရောက်မှာ မဟုတ်တော့ဖူး။ သွေးသန့်စင်ခြင်းဆေးလုံး တွေကသာ မင်းကို ထိရောက်စေလိမ့်မယ်။ ''

" မင်းမှာ ဘယ်လောက်ရှိလဲ၊ သူဌေးတုံ ။ ''

'' သွေးသန့်စင်ခြင်းဆေးလုံးတွေက စျေးမကြီးပါဘူး။ ဒါပေမယ့် သူတို့က ဝယ်လိုအားများနေတုန်းပဲ၊ ငါ့မှာ နှစ်လုံးပဲ ကျန်တော့တယ်။ တန်ဖိုးက အဆင့်နိမ့် ၀ိညာဉ်ကျောက်တုံး (၁၀၀၀) ကုန်ကျလိမ့်မယ် "

" မလုံလောက်ဖူး၊ ငါက အနည်းဆုံး (၃)လုံးလောက်တော့ ငါလိုအပ်တယ် ''

လင်းယွင်က ခေါင်းယမ်းလျက် ရေရွတ်လိုက်သည်။ တုံဟူသည် သူ၏ မျက်နှာပေါ်၌ ခက်ခဲသောအပြုံးကို တပ်ဆင်ထားလျက်၊

'' ဒါဆို ငါ့ကို အချိန်လေးနာရီပေးပါ။ အဲဒီ ကာလအတွင်း ငါ့ဆိုင်မှာပဲ အနားယူစောင့်နေလို့ရပါတယ်။ "

" အဆင်ပြေပါတယ်၊ ငါအချိန်ရတယ်။ ဒီလို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

လင်းယွန်က ခေါင်းညိတ်လက်ခံ လိုက်သည်။

လေးနာရီအကြာတွင် လင်းယွန်သည် သွေးသန့်စင်ခြင်းဆေးလုံး (၃)လုံးကို ဆုပ်ကိုင်လျက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး များကို ပေးချေ လိုက်ပြီးနောက် ယခု သူ့၌ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၅၀၀)သာကျန် ရှိတော့၏။

သူသည် လွန်ခဲ့သော နာရီအနည်းငယ်က ငွေစများစွာရှိခဲ့သော်လည်း၊ ပါရမီရှင်နှစ်ဦး ဖြစ်သည့် ဘိုင်ယုဖန်နှင့် လျူယွန်ဖေးတို့ကြား တိုက်ပွဲကို မြင်ပြီးနောက်တွင် လင်းယွန်က သူ၏ ကိုယ်ပိုင်ခွန်အားနှင့် ပတ်သက်လို့ ရှိနေသော မာနမှန်သမျှသည် ကွဲအက်သွား ခဲ့လေ၏။

ထို့ကြောင့် သူသည် မဆိုင်းမတွ ပြန်လာခဲ့ပြီး သွေးသန့်စင်ခြင်းဆေးလုံး (၃)လုံးကို ၀ယ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေ သည်။

" အန္တရာယ်ကင်းပါစေ သခင်လေး။ ရတနာခန်းမ က မင်းကို အချိန်မရွေး လက်ဖက်ရည်တစ်ခွက်သောက်ဖို့ ဖိတ်ခေါ်ပါ တယ် "

တုံဟူ က နွေးထွေးစွာ ပြုံးပြလျက်မှ လင်းယွန်နောက်ကျောကို ကြည့်ကာ လေးလေးနက်နက် ဦး ညွှတ်လိုက်သည်။

ယနေ့ လင်းယွန်ထံမှ ရရှိခဲ့သည့် အကျိုးအမြတ်သည် သူ့ဆိုင်၏ ပုံမှန်လပေါင်း လေးလစာ အမြတ်အစွန်းနှင့် ညီမျှစေသည်။

တစ်ရက်တည်း၌ပင် လင်းယွန်သည် သူ၏လေးစားမှုကို ပိုမိုရရှိခဲ့သည်။ ကောင်လေးသည် ရိုးသား၏။ ပြတ်သား၏။ ရဲရင့်၏။ ထိုကောင်လေးနှင့် တွေ့ဆုံခြင်းအား တကယ် အလေးနက် ထားမိခဲ့သည်။

လင်းယွန်သည် သူ့၌ ရွေးချယ်စရာများစွာ မရှိခဲ့သည်ကြောင့် သူ၏ ဆုံးဖြတ်ချက်ကို ကျေနပ်လိုက်ရသည်။

မိုးပြာရောင် ကောင်းကင်ဂိုဏ်း၌ သွေးသန့်စင်ခြင်း ဆေးလုံးများကို ဝယ်ယူရရှိ နိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ၀ယ်ယူ ရနိုင် ပေမည်။

ထိုပြင် ပြင်ပတပည့်များသည် ထိုအခွင့် အရေးမျိုးကို မရရှိနိုင် သည်ကို မေးခွန်း ထုတ်စရာ မရှိချေ။

လင်းယွန်သည် ရတနာခန်းမမှ ထွက်လာခဲ့ပြီးနောက် တည်းခိုခန်းတစ်ခုကို အမြန်ဆုံးရှာရန် ဆုံးဖြတ်လိုက်သည်။

သူက တည်းခိုဆာင်များ ငှားရမ်းသည်ထက် မြို့ခံတစ်ယောက်၏ စွန့်ပစ်ထားသည့်ခြံဝင်း များကို လိုက်လံရှာဖွေ ငှားရမ်း လိုက်သည်။

ဘိုင်ယုဖန်တို့၏ ရန်ပွဲသည် လင်းယွန်အား တိုက်ပွဲဝင်စိတ် များကို ပိုမို နိုးထလာစေ သည်ကြောင့် သူက သွေးသန့်စင်ခြင်း ဆေးလုံးများကို အသုံးပြုကာ အခွင့်အလမ်း သစ်များ ရှာရန် ဆုံးဖြတ်လိုက်သည်။

လင်ယွန် ငှားရမ်းထားသည့် ခြံဝန်းသည် မြို့အစွန်အဖျားကျကာ လူရိပ်လူခြေ နည်းပါးပြီး ၎င်းသည် မျှော်လင့်သည်ထက် ပိုမိုကျယ် ဝန်းလျက် တိတ်ဆိတ် နေခဲ့သည်။

လင်းယွန်က ခြံပါတ်ပါတ်လည်အား လှည့်ပါတ်ကြည့်လိုက်ပြီး သူ၏ ကျင့်ကြံမှုကို စတင်ရန် ခြေထောက်များကို ချိတ်ထိုင်ချ လိုက်ပြီး သိုလှောင်အိတ်အတွင်းမှ သွေးသန့် စင်ခြင်း ဆေးလုံးများကို ထုတ်ယူ လိုက်သည်။

သူ၏ လက်ထဲရှိ သွေးသန့်စင်ခြင်း ဆေးလုံးများကို ကြည့်လျက် လင်းယွင်က သက်ပြင်းချ လိုက်ပြီး၊

"မင်းက ဒီထက်ပိုကံကောင်းဖို့ လိုလိမ့်မယ်"

ဟု ရေရွတ်လိုက်ကာ ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဆေး၏ အကျိုးသက်ရောက်မှုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေမိသည်။

ခဏအကြာတွင် သူ၏ ဒါန်တမ်မှ ပူနွေးသည့် စွမ်းအင်စီးချောင်းတစ်ခုသည် စတင်လှုပ်ရှား လာပြီး သွေးကြောများနှင့် အတွင်းပိုင်းအဂ်ါ အချို့ကို သန့်စင်ရန် အစပြုနေခဲ့တော့သည်။

" ........ "

လင်းယွန် သည် စွမ်းအင်များ မြင့်တက် လာခဲ့ပြီး ပေါက်ကွဲလုလု အရှိန်အဟုန်ကို ခံစား နေရ သည်။

သူ၏ အာရုံခံအင်္ဂါများသည် ပိုမိုထက်ရှလာ သည်နှင့်အမျှ ပတ်ဝန်းကျင်ကို သိသိသာသာ အာရုံခံစားနိုင်မိ လာသည်။

နှလုံးခုန်သံတိုင်းတွင် မကုန်ဆုံးနိုင်သည့် ခွန်အားတစ်ခု ဆောင့်တိုး စီးဆင်းနေခဲ့ကာ ၎င်းသည် သွေးကြောထဲရှိ အညစ်အကြေး များအား ပိုမိုကင်းစင် လာစေသည်သာမက အမာခံ အဂ်ါငါးခုကိုပင် သန့်စင်ပေးနေ ခဲ့လေသည်။

"....... ......."

သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲလာမှုနှင့် အတူ အရှိန်အဝါသည် နှစ်ဆတိုးလျက် ကြည်လင်တောက်ပလာ၏။

လင်းယွန် က အံ့သြသွားသည်။ သွေးနှင့် အတွင်းပိုင်းအင်္ဂါများကို သူက ခန့်မှန်းထား သည်ထက် ပို၍ သန့်စင်နိုင်ခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို လှည့်ပါတ်စေလျက် သူ၏ စွမ်းအင်ကို အကန့်အသတ်ထိ တွန်းပို့လိုက်သည်။ ၎င်းသည် အကြိမ်ရေပင် မရေတွက်နိုင်ခဲ့သည်အထိ တက်ကြွစွာ လုပ်ဆောင်နေမိသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာ ပြီးနောက်တွင် နံနက်ခင်း အလင်းရောင်သည် လင်းယွန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ ခဲ့သည်။

လင်းယွန်က မျက်လုံးများကို ဖြည်းညင်းစွာ မဖွင့်မီ သူ၏မျက်ခွံများကို အနည်းငယ် တွန့်ခေါက်လျှက် အလင်းရောင်ကို ကာကွယ်လိုက်ရသည်။

တစ်ညလုံး အိပ်စက်ခြင်း မရှိခဲ့ရသော်လည်း ပေါ့ပါးလန်းဆန်း နေခဲ့ပြီး ယခင်ကထက် ပိုမိုသန်စွမ်းလာသလို ခံစားနေရလေသည်။

သွေးသန့်စင်ခြင်းဆေးလုံးသည် သူ၏ ခန္ဓာကိုယ်အား များစွာ သန့်စင်ပေး ခဲ့ခြင်းကြောင့် ၎င်းသည် သူ့ကိုယ်သူ လူသစ် တစ်ယောက်လို မှတ်ယူ ခံစားလာ မိစေသည်။

" မယုံနိုင်စရာပဲ၊ တစ်ညထဲနဲ့ ငါ့ရဲ့ ကျင့်ကြံမှုက တစ်ဝက်လောက်ထိ တိုးတက် လာတာပဲ။ ''

လင်းယွန် က သူ၏ ခြေလက်များကို ဆန့်ထုတ်အကြော ဖြေလိုက်သည်။

အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်၌ ပထမဆုံအကြိမ်အဖြစ် သွေးသန့်စင်ခြင်း ဆေးလုံးကို သုံးစွဲခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ ထိုဆေးလုံးအား ဒုတိယအကြိမ်မြောက် အသုံပြုမည်ဆိုပါက ပထမအကြိမ်ကဲ့သို့ ထိရောက်မှုရှိနိုင်မည် မဟုတ်ပေ။

လင်းယွန် သည် ငြိမ်သက်စွာ ရပ်နေလျက်မှ သူ၏ သိုလှောင်အိတ်ကို ပွတ်လိုက်သည်။

" ငန်းရိုင်း ပျံသန်းခြင်း နည်းစနစ် "

၎င်းသည် အဆင့်မြင့်လှုပ်ရှားမှု နည်းစနစ်တစ်ခု ဖြစ်ပြီး လေထဲ၌ အချိန်များစွာ ပျံဝဲနိုင်ပေမည်။ သူက ဂရုတစိုက် လှန်ကြည့်လျက် ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်အား ဆယ့်ငါးမိနစ်ခန့် အချိန်ယူကာ ဖတ်နေမိသည်။

ခဏအကြာတွင် လင်းယွန် က မျက်လုံးများကို မှိတ်ထားလိုက်ပြီးနောက် သူ၏ နှလုံးသားထဲ၌ ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်ကို စတင်ရွတ်ဆို လိုက်သည်။ သူက ၎င်းနည်းစနစ်အား ထပ်တလဲလဲ ရွတ်ဆိုလျှက် ထိုးထွင်း သိမြင်နိုင်မှုကို ဆင်ခြင်နေခဲ့သည်။

သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် လေ့ကျင့်ရန်အတွက် အရင်းအမြစ်များကို လိုအပ်သော်ငြားလည်း ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်သည် ထိုသို့မဟုတ်ခဲ့ပဲ၊ ၎င်းသည် သူ၏ နားလည်နိုင်စွမ်းကိုသာ လုံးလုံးလျားလျား မှီခိုနေသဖြင့် သူ့အတွက် သင်ယူရန် မခက်ခဲခဲ့ချေ။

ဆိုလိုသည်မှာ လင်းယွန်၏ စဉ်းစား တွေးခေါ် နိုင်စွမ်းသည် သူ့ပိုင်ဆိုင်သည့် အရင်းအမြစ် များထက် အပုံကြီး သာ၍ ပေါများနေသည်ဖြစ်ရာ နှစ်နာရီခန့်အကြာတွင် သူသည် ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်ကို အခြေခံကျကျ နားလည် နိုင်ခဲ့သည်။

ရုတ်တရက် လင်းယွန်သည် လေထုထဲသို့ ခုန်ပျံတက်သွားခဲ့ကာ အိမ်ခေါင်မိုးပေါ်သို့ ညင်ညင်သာသာ ဆင်းသက် လိုက်လေသည်။

'' အိုး.....ဒါက မယုံနိုင်စရာပဲ "

လင်းယွန် က အသံကုန် အော်ဟစ် လိုက်သည်။ သူ၏ ခုန်ပျံနိုင်ခဲ့သည့် အကွာအ ဝေးသည် ယခင် အချိန်များထက် (၂)ဆ ပိုဝေးခဲ့သည်။

'' ဒါက လေးမီတာ အကွာအဝေးလေးပဲ ဆိုပေမယ့်၊ ငါက လွယ်လွယ်ကူကူ လုပ်နိုင်ခဲ့တာပဲ မဟုတ်လား။

''................. ''

လင်းယွန် သည် ခေါင်မိုးပေါ်တွင် ရပ်လျက် သူ၏ခုန်ဝဲနိုင်မည့် အကွာအဝေး အကန့်အသတ်ကို သိချင်စိတ်ပြင်းပြ လာခဲ့သည်။

လှုပ်ရှားမှုနည်းစနစ်များသည် တိုက်ပွဲတစ်ခုတွင် ထွက်ပြေးပုန်းရှောင်ရန် သက်သက်ရည်ရွယ်ခဲ့ခြင်း မဟုတ်ခဲ့ပေ၊ ဥပမာအရ လျူယွန်ဖေးသည် ဘိုင်ယုဖန်ကို အနိုင်ယူရန် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို အားထားခဲ့ ရသည်။

တိုက်ပွဲတစ်ပွဲတွင် လှုပ်ရှားမှုနည်းစနစ်သည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လင်းယွန်သည် သန်မာသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာ၌ အနိုင်ရလိုပါက အဆင့်မြင့် ရွေ့လျား နည်းစနစ်ကို ဆုပ်ကိုင်ထားမိဖို့ လိုအပ်ပေ လိမ့်မည်။

သူက ငန်ရိုင်းနည်းစနစ်ကို သူ၏ လေဝဲဓါးနည်းစနစ်နှင့် ပေါင်းစပ်ရန် စဉ်းစားနေခဲ့သည်။

၎င်းသည် မပေါင်းစည်းမီ၌ အချိန်အနည်းငယ်ကြာ အချိန်ယူခဲ့ရသော်လည်း ရလဒ်များမှာ အံ့မခန်း ဖြစ်ခဲ့လေသည်။

ဒါက လေဝဲဓါးနည်းစနစ်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သည်။ သူက ဓားသွားကို ဦးဆောင်နေသူ တစ်ယောက်ကဲ့သို့ မခံစား ရတော့ပဲ၊ ဓါးဖျား၏ ဦးဆောင်ရာ နောက်သို့ လိုက်ပါစီးမျော နေခဲ့သည့် ငှက်တစ်ကောင်လို ပေါ့ပါး သွက်လက် နေခဲ့သည်။

အာရုံခံစားမှုသည် ဓါးသွားနှင့်အတူ ထက်မြနေခဲ့ပြီး ဓါးချက်တိုင်းသည် ပိုမိုလျင်မြန် လာမှုနှင့်အတူ သူ၏ လှုပ်ရှားမှုများသည် ညင်သာလာလေသည်။

လေထုသည် အက်ကွဲသွားပြီး လင်းယွန် တစ်ကိုယ်လုံးကို စုပ်ယူဖုံးလွှမ်းပစ်လိုက် သကဲ့သို့ သူ၏ တည်ရှိမှုသည် လေဟာနယ် တစ်ခုအတွင်း၌ ပေါင်းစပ်နေလျက် အရှိန် အဝါကို ကွယ်ဝှက်ပါးလွှာစေခဲ့သည်။

လေ ဝဲ ဓါး၊ .......ပထမဓါးကွက် ။

လင်းယွန်သည် လေဝဲဓါး၏ ပထမဓားချက်ကို ထုတ်လွှတ်လိုက်သည့်အခါ စိတ်သည် ပေါ့ပါးလာခဲ့ပြီးနောက် အစိုင်အခဲတစ်ကို ချေမွသွားစေလျက်မှ ဒုတိယသိုင်းကွက်ဆီသို့ အလိုအလျောက် တိုးဝင်လှုပ်ရှား သွားမိသည်။

'' ပုံရိပ်ယောင် ဓါး....."

'' ............. "

အသက်တရှိုက်စာအတွင်း ဓားချက် (၈၁)ချက်ကို လေထုထဲသို့ ပျံ့နှံ့စေလျက် ပါတ်ဝန်းတစ်ခုလုံးအား ဓါးအရိပ်များဖြင့် လွှမ်းခြုံလိုက်လေသည်။

လင်းယွန်က ခြံဝင်းထက်သို့ အရှိန်ပြင်းစွာ ပျံတက်လှုပ်ရှား သွားပြီနောက်၊ ဓါးနှင့်လူ ခွဲခြားရန် ခက်ခဲလာစေသည် သာမက ၎င်းသည် ဓါးရိပ်များ ပြည့်နှက်နေသည့် ပုံရိပ်ယောင် နယ်မြေ တစ်ခုအဖြစ် အသွင်ပြောင်းလဲ သွား လေသည်။

သူက ဓားဖျားကို သူ့အရှေ့မြေပြင်သို့ ညွှန်ပြလိုက်ပြီး ပုံရိပ်ယောင်ဓါးနယ်မြေထဲမှ သူ့ခန္ဓာကိုယ်ကို လိမ်လိုက်ကာ ခုန်ထွက်လာခဲ့သည်။

ဓါးရိပ်တစ်ခုသည် ပုံယောင်ဓါးနယ်မြေထဲမှ တဟုန်ထိုး ဖြတ်သန်း၍ မြေပြင်သို့ ဆင်းသက်သွား လေသည်။

'' ရွှပ်......."

သူက ခုန်ထွက်လာခဲ့သော လေထုထဲသို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ဓါးရိပ်များသည် ပြီးပြည့်စုံသောစက်ဝိုင်းတစ်ခုသဏ္ဍာန် လှုပ်ခါကျန်ရစ်နေခဲ့သည်။ ထို့အပြင် သူ့၏ ဓါးဖျားညွှန်လိုက်ရာ မြေပြင်သည် သေးငယ်နက်ရှိုင်းသည့် အက်ကွဲရာ တစ်ခုကို ဖြစ်ပေါ်လာစေပြီး ထိုအက်ကွဲကြောင်းမှတဆင့် ရေမှုန်များ လွင့်စင်ထွက်လာသည်။

" ဒါက လေဝဲဓါးရဲ့ ပုံရိပ်ယောင် ဓါးချက်လား၊ ထက်မြပြီး ပြင်းထန်နေသလိုပဲ။ "

လင်းယွန် က ဝမ်းသာသွားလျက်မှ ရာစုနှစ်တစ်ခုအတွင်း မည်သူမျှ အောင်မြင်မှုမရရှိခဲ့သည့် ၎င်းနည်းစနစ်အား အောင်မြင်အောင် လေ့ကျင့်နိုင်လိမ့်မည်ဟု ခံစားနေမိသည်။

" ငါက လေဝဲဓားနည်းစနစ်မှာ နားလည်နိုင်စွမ်း ပိုရှိခဲ့တာလား "

လင်းယွန် သည် သူ့ကိုယ်သူ မယုံကြည်နိုင်ခဲ့ပဲ၊ ရယ်လျက် မြေပေါ်သို့ လဲကျသွားလေသည်။ တတိယ ဓါးကွက်အား ဆက်လျက်ထုတ်ဖော်ရန် အင်အား မရှိခဲ့တော့ချေ။

လေဝဲဓါးနည်းစနစ်တွင် ပထမဓါးကွက်အား လေ့ကျင့်ခဲ့သည့် အချိန်၌ မှားယွင်းစွာ နားလည်ထားမိခဲ့သည်။ ထိုအချိန်၌ သူသည် လေထုကိုစုပ်ယူသိပ်သည်းစေခဲ့ပြီးနောက် အရှိန်ပြင်းပြင်းဖြင့် ဓါးချက်ကို ခုတ်ယူဖို့ ကြိုးစားခဲ့ရသည်။

၎င်းသည် ခက်ခဲလျက် မိုးပြာရောင် ကောင်းကင် ဂိုဏ်း ၏ တပြည့်များသာမက အကြီးအကဲများပင် လေဝဲဓားနည်းစနစ်အား ကျင့်ကြံမည်ဆိုပါက ဤသို့ သိမြင် နားလည်ကာ ကျင့်ကြံမိပေမည်။

သို့သော် လင်းယွန်သည် မိုးထိတောင်သို့ ပထမအကြိမ် အမဲလိုက်စဉ်၌ ကြုံတွေ့ခဲ့ရသည့် ရေကန်ငယ်သည် သူ၏ ထိုးထွင်းနားလည်မှုကို ပြောင်းပြန်လှန်ပြစ်လိုက်လေသည်။

သူက ဂိုဏ်း၌လေ့ကျင့်ရာတွင် လေဝဲဓါး ပထမသိုင်းကွက်ကို အသုံးပြုရန်အတွက် အင်အားစုဆောင်းရန် အချိန်အနည်းငယ် လိုအပ်ပြီး ၎င်းသည် အသက်လုပွဲတစ်ခု အတွင်း၌ ရန်သူ၏ ဓါးချက်သည် သူ့ခေါင်းကို ဖြတ်ရန် လုံလောက်စေခဲ့သည်။

မိုးထိတောင်ခရီး၌ သူ့၏ လေဝဲဓါး ပထမသိုင်းကွက်သည် ပြီးပြည့်စုံသည့် သိုင်းကွက်ဖြစ်လာရန် အချိန်တစ်ခုသာ စောင့်ဆိုင်းဖို့ လိုအပ်ပေတော့သည်။

အမှန်တကယ်တွင် လေဝဲဓား ပထမသိုင်းကွက်သည် မုန်တိုင်းငယ် တစ်ခုအသွင်၊ အရှိန်အဟုန်ပြင်းပြင်းဖြင့် ခွန်အားကို ဖောက်ခွဲပြစ်ခြင်း မဟုတ်ခဲ့ပေ။

၎င်းသည် ဓါးချက်တစ်ချက်သာ လွှဲခုတ်ရန်လိုအပ်ခဲ့ပြီး ထိုဓါးချက်၌ ထက်ရှသည့် ခွန်အားကို ဓါးဖျားတွင် ကပ်ညိ သိပ်သည်း စေခဲ့ခြင်းသာ ဖြစ်၏။

သို့မှသာလျှင် ဒုတိယသိုင်းကွက်ဖြစ်သည့် ပုံရိပ်ယောင်ဓါးကွက်ကို ဆက်လက်ထုတ်ဖော် နိုင်ပေမည်။

သူက ဂိုဏ်း၌ ယင်းကို နားလည်မှု လွဲမှားခဲ့ပြီး လေဝဲဓါးပထမသိုင်းကွက်ကို အသုံးပြုရာတွင် လေထုကို ဖောက်ခွဲပြစ်ဖို့ရန် ကြိုးစားမိခဲ့သည်။

၎င်းသည် ဒုတိယသိုင်းကွက်အား ဆက်လက်ထုတ်ဖော်လိုက်သည့်အခါ ခွန်အား မလုံလောက်ခဲ့သည်သာမက အချိန်များစွာ ပို၍ လိုအပ်ခဲ့သည်။

(ရန်သူက မင်းရဲ့ လူပျက်တစ်ယောက်လို ဓားချက်တွေ တစ်ချက်ပြီးတစ်ချက် ခင်းကျင်းနေတာကို သဘောထားကြီးစွာ စောင့်ကြည့် နေမယ်လို့၊ မင်း.. ထင်နေသလား )

ယခု ဝမ်းမြောက်ပျော်ရွှင်လျက် သူ့ကိုယ်သူ ကျေးဇူးအများကြီး တင်လိုက်မိသည်။ မိုးထိတောင်ခရီး၌ ထိုးထွင်း နားလည်မှု ရရှိခဲ့ပေမယ့် ၎င်းအား လက်တွေ့ ကျင့်ကြံရန် ခွန်အားမလုံ လောက်ခဲ့ ပေ။

လေဝဲဓါး၏ ဒုတိယဓါးချက် ဖြစ်သည့် ပုံရိပ်ယောင်ဓါးချက် သည် ခွန်အားအပေါ်၌ လုံးလုံးလျားလျား မှီခိုခြင်းမရှိခဲ့သော်လည်း ၎င်းသည် ခွန်အားအသုံးပြုစရာမလိုဟု မဆိုလိုချေ။

ယင်းမှာ ပြဿနာတစ်ခုဖြစ် သော်လည်း၊ သွေးသန့်စင်ခြင်းဆေးလုံးကို အသုံပြုခြင်းဖြင့် ဖြေရှင်း နိုင်ခဲ့သည်။

သွေးသန့်စင်ခြင်း ဆေးလုံးကို အသုံးပြုလိုက်ခြင်းဖြင့် သူ၏သွေးနှင့် အတွင်းအင်္ဂါများသည် ပိုမိုသန့်စင်လာကာ ယန်စွမ်းအင်ကို လှည့်ပါတ် စေရာ၌ ယခင် ကထက် ပိုမို၍ လက်ခံလာနိုင်၏။ ပြဿနာကို ဖြေရှင်းဖို့ လုံလောက်ခဲ့လေသည်။

လင်းယွန် ၌ ကွမ်းယန်ထံမှ ရရှိသည့် ဆေးလုံးများ အပါအဝင် သွေးသန့်စင်ခြင်း ဆေးလုံး (၃)လုံးကျန်ရှိနေ သေးသည်။

ထိုဆေးလုံးများအား ကောင်းကောင်း အသုံးချရန် တွေးတောနေလျက် လင်းယွန် ၏ မျက်လုံးများသည် ယုံကြည်မှုအပြည့်ဖြင့် တောက်ပ လာလေသည်။

" ကဲ ....မစ်ရှင်ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အချိန်တန်ပြီ။ "

***

All Chapters