← Chapters

ယန်သခင်လေး။

Vol. 2 Ch. 22

ယန်သခင်လေး။

Vol. 2 Ch. 22

လင်းယွန်၏ တတိယမြောက် ဝိညာဉ်အဆင့်မစ်ရှင်မှာ မီးလျှံကျား များကို အမဲလိုက်ရန်ဖြစ်သည်။

ဤနတ်ဆိုးသားရဲများသည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့်ရှိ နတ်ဆိုးသားရဲများကိုသာ အမဲလိုက် စားသောက်ကြသည့် 'မိုးထိတောင်' ရှိ အစစ်အမှန် အာဏာရှင်များပင် ဖြစ်လေသည်။

သူက ဤမစ်ရှင်ကို လက်ခံရယူခဲ့ရခြင်း၏ တစ်ခုတည်းသော ယုံကြည်ချက်မှာ ထိုနတ်ဆိုး သားရဲ များသည် မောက်မာပြီး အစစ်အမှန် အာဏာရှင် ဆိုသည့်အတိုင်း အမဲလိုက်ရာ၌ တစ်ကောင်ထဲသွားလာ လှုပ်ရှားကြ သည်ကြောင့် ဖြစ်သည်။

လင်းယွန် က မိုးထိတောင်သို့ သွားရာခရီး၌ ငန်းရိုင်းလှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုလျက် နှစ်ရက်ကြာပြေးလွှားခဲ့ရသည်။

အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်၌ ဆဌမအဆင့် သာမန်နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရန် ခက်ခဲနေဆဲပင်၊ ထို့အပြင် မိုးထိတောင် ၏ အစစ်အမှန် အာဏာရှင်များကို အမဲလိုက်ဖို့ဆိုသည်မှာ သာ၍ ခက်ခဲလှပေမည်။

သို့သော် သူက ကြောက်ရွံ့မှုမရှိခဲ့ချေ။ မီးလျှံကျားများသည် မိုးထိတောင်၏ အစစ်အမှန်အာဏာရှင်ဖြစ်တော့ရော သူက မည်သည်ကို ဂရုစိုက်ရမည်နည်း။ ၎င်း သည် ကျောက်စိမ်းစာလိပ်ထဲရှိ နတ်ကျားထက်ပင် ပို၍ ရက်စက်ကြမ်းကြုပ်နိုင် မည်လော။

လင်းယွန်သည် မိုးထိတောင် ၏ အနက်ရှိုင်းဆုံး တောအုပ်ထဲသို့ ဝင်ရောက်ကာ အစစ်အမှန်အာဏာရှင်များကို ချက်ချင်း လိုက်လံရှာဖွေမိသည်။

မီးလျှံကျားများသည် မိုးထိတောင် အတွင်း သူ့အာဏာကို ဖြန့်ကျက်ထားရာနယ်မြေ အကန့်အသတ် အတွင်း၌ တစ်ကောင်ထဲသာ ကျင်လည်ကျက်စားကြသည်ဖြစ်ရာ ရှားပါး လွန်းသည့် အာဏာရှင် နတ်ဆိုးသားရဲ များပင်။

၎င်းအား နှစ်လယ်အတွင်း ကျင်းပမည့် အတွင်းတပြည့်ဂိုဏ်းသားဝင်ခွင့် စစ်ဆေးပွဲ အမှီ ပြန်ရောက်ရန် မြန်နိုင်သမျှ မြန်မြန် ဖမ်းမိဖို့ လိုပေသည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားလျက် လင်းယွန် သည် တခြားသော နတ်ဆိုးသားရဲ များစွာကို ရှာဖွေသတ်ဖြတ် နိုင်ခဲ့သော်လည်း မီးလျှံကျားများ ကိုမူ ခြေရာခံနိုင်ခြင်း မရှိသေးချေ။

" ဝေါင်း....... "

ရုတ်တရက် နာကျင်စွာ အော်ဟစ် ဟိန်းဟောက် သံနှင့်အတူ အနီရောင်အစင်းများ တောက်ပလျက် ဒေါသထွက်နေသည့် ကျားတစ်ကောင်သည် တောင်ငယ်လေးတစ်ခု အပေါ်မှ ခုန်ဆင်းလာသည်။

သူ့မျက်လုံးများသည် ရဲရဲနီလျက် လင်းယွန်ကို စိုက်ကြည့်လိုက်သည်။

" ဝိုး.........ဒါ ...ဒါက မီးလျှံကျားပဲ၊ အစစ်အမှန် အာဏာရှင်နတ်ဆိုးသားရဲ "

လင်းယွင်က မယုံနိုင်အောင် မင်သက်တွေဝေ သွားသည်။ ရက်ပေါင်းများစွာ နေရာအနှံ့ ရှာဖွေခဲ့ပြီးနောက် ယခုကဲ့သို့ မီတာအနည်းငယ် အကွာ၌ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ ဆုံရမည်ဟု မျှော်လင့် မထားမိချေ။

( တစ်ခုခုတော့ မှားနေပြီ။ ဒီနတ်ဆိုး သားရဲက ဒဏ်ရာရနေတာပဲ၊ ဒီကောင်က အမဲလိုက်ခံရလို့ ထွက်ပြေးပုန်းအောင်း နေပုံရတယ်။)

လင်းယွန်က မျက်မှောင်ကျုံ့လျက် ဤကာလအတွင်း မလိုအပ်သည့် ပြဿနာများအား ရှောင်ရှားရန် မျှော်လင့်ထားသော်လည်း ၎င်းသည် ခက်ခဲ ခဲ့မှန်းသိလိုက်ရသည်။

အခြားတစ်ဖက်တွင် မီးလျှံကျား သည် လင်းယွန်ထက် ပိုမိုစိုးရိမ်နေခဲ့ပြီး သူက တုံ့ဆိုင်းနေသည့် လင်းယွန် ကိုလက်ဦးမှု ရယူရန် စတင်တိုက်ခိုက် လိုက်သည်။

မီးလျှံကျားသည် လေထုကို ဖြတ်၍ လျှပ်စီးကဲ့သို့ လျင်မြန်စွာ ခုန်အုပ်လိုက်သည်။

၎င်းသည် ကျောက်စိမ်းစာလိပ်ထဲမှ နတ်ကျားခုန်ထွက်လာသည့် ဟန်ဖြင့် တစ်ထပ်ထဲ တူညီနေခဲ့သော်လည်း အရှိန်အဝါသည် များစွာ ကွဲပြားလျက် ရှိလေသည်။

လင်းယွန် သည် ပန်းသင်္ချိုင်းဓါးကို ဆွဲထုတ်လိုက်ပြီး ဓါးရိုးကို ဆုပ်ကိုင် ထားလျက်မှ 'လေဝဲဓား၊ ပထမဓါးချက်' ကို ထုတ်ဖော် လိုက်သည်နှင့် သူသည် လေထုကို ဖြတ်သန်းလျက် မီလျှံကျားဆီသို့ တိုးဝင်မျောပါ သွားသည်။

ကျားတစ်ကောင်နှင့် လူတစ်ယောက်သည် အကြောက်အရွံ့ကင်းစွာ ထိပ်တိုက်ရင်ဆိုင် လိုက်ကြသည်။ လင်းယွန် ၏ဓါးချက်သည် မီလျှံကျားအား ထင်မှတ်မထားသည့် ထောင့်ချိုးမှ တိုးဝင်ပြတ်ရှသွားခဲ့ပြီး သူက မီးလျှံကျားထက် ပိုမိုမြန်ဆန်နေခဲ့သည်။

သူ၏ ဓါးချက်သည် အခြားဒဏ်ရာများထက် များစွာနက်ရှိုင်းလျက် မီးလျှံကျားကို နာကျင်စွာ အော်ဟစ်စေခဲ့သည်။

ထို့အပြင် လင်းယွန် က တုံ့ဆိုင်းခြင်းမရှိခဲ့ပဲ ဒုတိယဓါးချက်ကို ထပ်မံထုတ်ဖော်လိုက်သည်။ ၎င်းသည် သူ၏ အမြင့်ဆုံးအဆင့် သတ်ဖြတ်ခြင်း သိုင်းကွက်ပင် ဖြစ်ချေသည်။

မိုးထိတောင်၏ အစစ်အမှန်အာဏာရှင်နှင့် ရင်ဆိုင်တွေ့ဆုံ နေရသည်ဖြစ်ရာ လင်းယွန်က သနားငဲ့ညာခြင်းမရှိခဲ့ပဲ ပိုမိုရက်စက်ရန် ဆုံးဖြတ်ခဲ့သည်။

" ပုံရိပ်ယောင် ဓါး ''

လင်းယွင်သည် ပုံရိပ်ယောင်ဓားနယ်မြေ တစ်ခုအတွင်း ပျောက်ကွယ်သွားပြီး သူ၏ လှုပ်ရှားမှုများသည် တစ်ဟုန်ထိုး စီးဆင်းလာသည့် ဓားနှင့်အတူ မီးလျှံကျားအား ခေါင်းဖြတ်လိုက်လေသည်။

လင်းယွန် သည် သူ့ဓါးမှ သွေးကို ခါထုတ်လျက် မီးလျှံကျား အသေကောင်ကို ရပ်ကြည့်နေမိသည်။ မီးလျှံကျားသည် သူ့နှင့် မရင်ဆိုင်မီ ဒဏ်ရာအနည်းငယ် ရနှင့်နေခဲ့သည်။ ထိုသို့မဟုတ်ပါက သူက ဒိထက်ပို ခက်ခဲသည့် တိုက်ပွဲကို ဆင်နွှဲရပေ လိမ့်မည်။

''.......... ... ''

(ခြေသံများ)

ရုတ်တရက် အလျင်လိုနေသည့် အပြေးအလွှား ခြေသံများကြောင့် လင်းယွန်၏ တွေးတောဆင်ခြင်နေမှုသည် ရပ်တန့်သွားသည်။

သူက ခြေသံထွက်ပေါ်လာသည့် အရပ်သို့ မျှော်ကြည့်လိုက်သည်။ ပုံရိပ်လေးခု။ အထက်တန်းစား ဝတ်ရုံကိုဆင်မြန်းထားသည့် လူငယ်တစ်ယောက်သည် အစေခံ(၃)ဦးအား ခြံရံလျက် မီးလျှံကျား အသေကောင်ဆီ ဦးတည် လျှောက်လှမ်းလာသည်။

ထို့အပြင် ထိုအထက်တန်းစား လူငယ်သည် အောင်ပွဲရ စစ်သူကြီးတစ်ဦးလို ရင်ကို ကော့လျက်မှ..

'' အာဏာရှင်နတ်ဆိုးသားရဲ... ဟမ်....မင်းက ငါ့လက်ကနေ ထွက်ပြေးနိုင်မယ်လို့ ထင်နေလား။ "

လင်းယွန်က မျက်လုံးပြူးလျက် သူ့ရှေ့တွင် ရပ်နေသည့် လူငယ်ကို ငေးကြည့် နေမိသည်။

သူ၏ ယခင်ဘဝ၌ မျက်နှာပြောင်သည့် ပြိုင်ဘက်ရှေ့နေများစွာကို မြင်တွေ့ဖူးပေသည်။ ထိုရှေ့နေများသည် ပိုက်ဆံသာရမည် ဆိုပါက ဂျပိုးအား လိပ်ဖြစ်အောင် လှည့်ပါတ်မေးမြန်း ပေလိမ့်မည်။

သို့သော် ၎င်းရှေ့နေများသည် သူ့ရှေ့၌ရပ်နေသည့် အဆိုပါ အထက်တန်းစား လူငယ်အား မြင်ပါက သူတို့သည် သူတို့၏ ဘိုးဘေးတစ်ယောက် အဖြစ် အရိုအသေပြုရ ပေမည်။

ထိုလူငယ်နှင့်အဖွဲ့သည် လင်းယွန် ရှိနေခြင်းကို အသိအမှတ်မပြုခဲ့သည် သာမက မီးလျှံကျားသည် သူတို့လက်၌ သေဆုံးသွား သည့်ဟန် မျက်နှာ အမူအရာကို ပင့်ချီထား ကြသည်။ သူတို့က မီးလျှံကျားအသေကောင်ကို ရိတ်သိမ်းဖို့ စဉ်းစားနေပုံရ၏။

" အဟမ်း....ဟမ်း....မိတ်ဆွေ၊ ငါက ဒီမီးလျှံကျား ကို သတ်ခဲ့တဲ့ သူပါပဲ ''

နောက်ဆုံး၌ လင်းယွန်သည် ချောင်းဟန့် လိုက်ပြီး ကြားဖြတ် ပြောလိုက် ရသည်။

'' တိတ်စမ်၊ မင်း.. ပါးစပ်ကို သတိထားပါ၊ မိုးထိတောင်ရဲ့ အစစ်အမှန် အာဏာရှင် နတ်ဆိုး သားရဲ ကို သတ်ခဲ့တဲ့ ငါရဲ့ ဂုဏ်သတင်းကို လုယူဖို့ ကြိုးစား ရဲတယ်လား၊ မင်း.. အသက်ရှင် ရတာ ပင်ပန်းနေ ပလား။ ''

ထိုလူငယ်သည် အကြီးအကျယ် ဒေါသထွက်လျက် အော်ဟစ်ပြီး သူ့မျက်လုံး များသည် ဂုဏ်ယူမောက်မာဟန် ဝင်းလက် တောက်ပ နေခဲ့သည်။

( "..ဟမ်၊ ဘာလဲဟ.... ငါကများ မှားပြောမိတာလား၊" )

လင်းယွန် သည် ပါးစပ်အဟောင်းသားဖြင် အံ့သြမင်သပ် သွားသည်။

( တကယ် အခွက်ပြောင်နိုင်တဲ့ အကောင်ပဲ၊ ဒီသားရဲကို သတ်ထားတဲ့ ငါ့ကိုယ်ငါတောင် သံသယ ပြန်ဝင်မိတယ်။ )

သေချာပြီ။ သူ့ရှေ့ရှိ ဤလူငယ်သည် မျက်နှာပြောင်သည့် ယခင်ကမ္ဘာမှ ရှေ့နေများ၏ ဘိုးဘေးပင် ဖြစ်ပေမည်။ သို့သော် သူက မျက်နှာသာပေးရန် မစဉ်းစားခဲ့ပဲ ထိုဘိုးဘေးငယ်အား မော့ကြည့်လျက်မှ...

" ဘာပဲဖြစ်ဖြစ်၊ ငါ့ မစ်ရှင်ပြီးမြောက်ဖို့အတွက် ဒီမီးလျှံကျားရဲ့ လက်သည်းတွေ ငါ...လိုတယ်။ ငါက လက်သည်းတွေကိုပဲ ယူမယ်၊ ဒီကျားကို သတ်ခဲ့တဲ့၊ မင်းရဲ့ ဂုဏ်သတင်းနဲ့ ကျန်တဲ့အသေကောင်ကို မင်းယူလိုက်ပါ "

မီးလျှံကျား နောက်တစ်ကောင်ကို ထပ်မံရှာဖွေရန် အချိန်မရှိတော့သည်ကြောင့် သူက နောက်ဆုတ်ဖို့ လုံးဝ စိတ်ကူး မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ လင်းယွန်၏ အကြည့်သည် ထိုလူငယ်၏အ၀တ်များပေါ်ရှိ တံဆိပ်ထံသို့ ကျရောက်သွားသည့်အခါ သူက မျက်လုံးများ ပြူးကျယ်လျက် သက်ပြင်းချ လိုက်မိသည်။ ၎င်းသည် သူထင်သလို အလွယ်တကူညှိနှိုင်းခွင့်ရှိမည် မဟုတ်သည်ကို သိရှိလိုက်သည်။

ထို့အပြင် လင်းယွန်သည် သာမက ထိုလူငယ်၏ အစေခံသည်လည်း လင်းယွန်ကို ကြည့်လျက် တစ်စုံတစ်ရာကို မှတ်မိတုန်လှုပ် သွားလေသည်။

'' သခင်လေး...သူ... သူပဲ။ "

ထိုလူငယ်က လင်းယွန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး ၊

" ဝိုး ...... ဒါက...တိုက်ဆိုင်မှုလား။ မင်းက ငါ့ မိသားစုဝင်ထဲက တစ်ယောက်ကိုသတ်ပြီး၊ ငါ့ရဲ့မီးလျှံကျားကို တောင်းယူဝံ့တယ်လား။ ကောင်းပြီ၊ မင်းကို ငါရဲ့ ယန်မိသားစုခွန်အားကိုး ပြရသေးတာပေါ့။ ''

''......... ''

ယန်သခင်လေးသည် အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်ဖော်လျက် လက်သီးဖြင့် ရုတ်တရက် ထိုးချလိုက်သည်။

သူ၏ လက်သီးသည် လေထုထဲတွင် ဖြတ်သန်းလာစဉ် လေခွင်းသံများ တဖျစ်ဖျစ် မြည်လျက် လင်းယွန်၏ ရင်ဘက်ဆီသို့ ဦးတည် တိုးဝင်လာလေသည်။

လင်းယွန်က မဆိုင်းမတွပင် သူ၏ ကျားရိုင်းလက်သီးကို ထုတ်ဖော်လျက် ပြန်လည် ထိုးနှက်လိုက်သည်။ ၎င်းသည် ပြီးပြည့်စုံသည့်ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုအပ်နေခဲ့ပြီး သူက ထိုစွမ်းအားကို အပြည့်အဝ ဆုပ်ကိုင်နိုင်ရန် ယန်သခင်လေး၏ လက်သီးဖြင့် ထိပ်တိုက်ရင်ဆိုင် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး (၂၀)ခန့် အသုံး ပြုကာ စုပ်ယူခြင်းဖြင့် 'ယန်'သန့်စင်ခြင်း နည်းစနစ်ကို တတိယအဆင့်ထိ ကျင့်ကြံထား နိုင်ခဲ့သည်။

'' ......ဘန်း......''

လက်သီးနှစ်လုံး တွေ့ဆုံတိုက်မိသွားပြီးနောက် ယန်သခင်လေးသည် ကြိုးပြတ်စွန် တစ်ကောင်လို လွင့်ထွက်သွားလျက် အော်ဟစ်လိုက်လေသည်။

သူ၏ ညာလက်ဖျံသည် အသားစများ ဖွာထွက် ကြေမွသွားကာ ပါးစပ်မှ သွေးများ စီးကျလျက် ညည်းညူ ရေရွတ်နေသည်။

" အရိုင်းအစိုင်းကောင်...... "

ယန်သခင်လေးမှာ ကြောက်ရွံ့ ထိတ်လန့်သွားသည်။

သူက လင်းယွန်းသည် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ ပြင်ပတပည့် ဝတ်စုံကြောင့် မောက်မာစွာ ပြုမူလိုက်ခြင်း ဖြစ်ရာ၊ ထိုကဲ့သို့ နိမ့်ကျသည့် ပြင်ပတပည့် တစ်ယောက်သည် ဤမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

အစေခံများသည် ယန်သခင်လေးအား ဖေးမတွဲကူလိုက်ပြီးနောက် အလျင်အမြန် ထွက်ပြေးသွားကြသည်။

လင်းယွန်က မျက်မှောင်ကြုတ် လိုက်သော်လည်း လိုက်ပါတိုက်ခိုက်ခြင်း မပြုခဲ့ပဲ မီးလျှံကျား အသေကောင်ဘက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် ဓားမြှောင်ကို ထုတ်ယူလိုက်ကာ စတင်ရိတ်သိမ်းတော့ လေသည်။

" ဒီလူပျက်ကောင်က ငါ့မစ်ရှင်လောက် တန်ဖိုးမရှိပါဘူး။ "

------------------------------ ။

မိုးထိတောင် တစ်နေရာ၌။

" ခွေးကောင်.... မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ပြင်ပတပည့်တစ်ယောက်က ငါ့ရဲ့ယန်မိသားစုကို အနိုင်ကျင့်ဝံ့တယ်လား.... "

ယန်သခင်လေး သည် ဒေါသတကြီး ကျိန်ဆဲပြီး မျက်ရည်များကို ထိန်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်နေဆဲဖြစ်သည်။

" အမှိုက်တွေ ...မင်းတို့အားလုံး အသုံးမကျ တဲ့ လူပျက်တွေပဲ၊ ....မင်းက အခြေခံ တည်ဆောက်ခြင်း ဆဌမအဆင့် မှာ မဟုတ်လား။ ယန်မိသားစုက မင်းအတွက် အရင်းအမြစ်တွေ အများကြီးသုံးခဲ့ရတယ်၊ ဒါပေမယ့် မင်းက ဟိုခွေးကောင်ကိုတောင် အနိုင်မယူနိုင်ဖူး၊ မင်းကသာ အမှိုက်မဟုတ်ရင် ဘယ်သူက အမှိုက်လဲ "

ယန်သခင်လေးသည် လင်းယွန်နှင့်တွေ့ဆုံ ထွက်ပြေးလာသည့် အစေခံအား လှည့်ကြည့်လိုက်ပြီး။

" မင်းရော ဘာထူးလဲ၊ ငါရဲ့ သွေးလီလီပန်းကို ဖြုန်းတီးခဲ့ရုံသာမက ငါ့မိသားစုရဲ့ အစေခံတစ်ယောက်ကိုတောင် အသတ်ခံခဲ့ရတယ်။ မင်းက အမှိုက်ထက် ဆိုးတဲ့ကောင်၊ မင်းက ရုပ်ဆိုးတဲ့ အမှိုက်ပုံပဲ "

ယန်မိသားစုသည် ရေဖြူမြို့တွင် အလွန်သြဇာ လွှမ်းမိုးနိုင်သော မျိုးနွယ်စု တစ်စုဖြစ်ကာ၊ မိုးကောင်းကင်နိုင်ငံ အနှံ့ထိ လူသိများ ထင်းရှားလှသည်။ ၎င်းသည် ဂိုဏ်းငယ်လေးခုထက်ပင် သာလွန်သည့် အာဏာကို ဆပ်ကိုင်နိုင်ခဲ့ပြီး တစ်စုံတစ်ယောက်သည် ယန်မိသားဝင် တစ်ယောက်အား အပြစ်ပြုရန် နှစ်ကြိမ် စဉ်းစားဖို့ လိုအပ်ပေသည်။

သို့သော် ထိုခွေးကောင်သည် ယန်မိသားစုဝင်တစ်ဦးအား သတ်ပြစ်ပြီးနောက် ယန်သခင်လေးကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် ယန်သခင်လေးအတွက် ဘဝတစ်လျှောက် လုံးတွင် ကြီးမားသည့် အရှက်ရမှုပင် ဖြစ်ချေ၏။

အစေခံ သုံးဦးသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့နေကြသည်။ သူတို့သည် ယန်သခင်လေးနှင့် တူညီသည့်ခွန်အား အရာ၌ပင် ရှိနေရာ ယန်သခင်လေး၏ တိုက်ပွဲကို မြင်ပြီးနောက် ထိုခွေးကောင်အား ရန်စအနိုင်ယူနိုင်မည့် နည်းလမ်းမရှိကြောင်း သိနှင့်နေကြသည်။

လင်းယွန်လက်မှ ထွက်ပြေးလွတ်မြောက် ခဲ့သည့် အစေခံသည် သာ၍ပင် ကြောက်လန့် နေခဲ့။ သို့သော် ထိုအစေခံက၊

'' သခင်လေး၊ ဒီကောင်က ဂိုဏ်းမှာ အထက်တန်းစားဖြစ်ရမယ်။ သူက အကြီးအကဲတစ်ဦး ဦးရဲ့ မျိုးဆက်ဖြစ်လို့ ဒီခွေးကောင်က မောက်မာရဲတာပဲ။ ''

"ငါကို ကန်းနေတဲ့ သူလို့ မင်းထင်လား ဟမ်၊ ငါက ဒါကိုမင်းထက်အရင် စဉ်းးစားမိပြီးသား၊ ဘာပဲဖြစ်ဖြစ် ဒီခွေးကောင်ကို သင်ခန်းစာတစ်ခုခု သင်ပေးဖို့ လိုတယ်။ "

ယန်သခင်လေး၏ စကားကိုကြားပေမယ့် အစေခံများသည် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။ သူတို့က ရေဖြူမြို့တွင် ဆိုပါက ကောက်ကျစ်ယုတ်မာသည့် အကြံများစွာ ထွက်လာပေမည်။ သို့သော် ဤအရပ်သည် ရေဖြူမြို့ မဟုတ်ပေ။

တောတွင်းဥပဒေရှင်သန်ရာ မိုးထိတောင်ပင် ဖြစ်သည်။ သန်မာသူသည် ဘုရင်ဖြစ်ချေ၏။

ရုတ်တရက်ဆိုသလို အစေခံတစ်ဦး၏ မျက်နှာသည် တောက်ပလာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ထိုသူက၊

'' ငါမှာ အကြံတစ်ခုရှိတယ် သခင်လေး၊ ဒါကအန္တရာယ်များပေမယ့်၊ အောင်မြင်ဖို့ ရာနူန်းပြည့်သေချာတယ်။ ''

" .............."

ထိုအစေခံသည် ယန်သခင်လေးအနားသို့ တိုးကပ်ကာ သူ၏အစီအစဉ်အား တိုးတိတ်စွာ ပြောပြလိုက်သည်။

ခဏအကြာတွင် ယန်သခင်လေး၏ မျက်လုံး၌ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်များ တောက်ပလာပြီး နူတ်ခမ်းထောင့်၌ အပြုံးတစ်ခု တွဲခိုလျက် သူက ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေခဲ့သည်။

'' ကောင်းတယ်။ အရမ်း ကောင်းတယ်၊ ဒီအမှိုက်ကို

ငါ့လက်နဲ့ သတ်ရ မယ်... "

All Chapters