ပြေး ။
Vol. 2 Ch. 23
'လင်းယွန်သည် အတော်လေပင် းကံကောင်းခဲ့သည်။ ပထမဆုံး မီးလျှံကျားသည် သူ့လက်၌ အလွယ်တကူ အသက်ပေးသွားရပြီး တန်ဖိုးရှိသည့် အစိတ်အပိုင်းများ နှင့်အတူ မီးလျှံကျား၏ ခြေသည်း လက်သည်းများကို သိမ်းယူလာခဲ့သည်။
နောက်ထပ် မီးလျှံကျားများကို ထပ်မံရှာဖွေရန် နှစ်ရက်ကြာ ခြေရာခံခဲ့ပြီးနောက် ချောက်ကမ်းပါး နံရံတစ်ခု၌ မီးလျှံကျား ခြေရာအချို့ကို တွေ့မြင်လိုက်ရသည်။ သူက သူ့ကံကြမ္မာကို ကျေးဇူးတင်လိုက်ကာ လောဘကြောင့် ပြုံးရွှင်သွားမိသည်။ နောက်ဆုံးတော့ သူ၏ဒုတိယမြောက် မီးလျှံကျားကို အမဲလိုက်နိုင်ပေတော့မည်။
ဒုတိယမြောက် မီးလျှံကျားသည် အမြင့် ခြောက်မီတာရှိကာ အလျား (၅)မီတာရှည်ပြီး ၎င်းသည် လင်းယွန်နှင့် မီတာငါးရာ အကွာဝေး၌ အိပ်စက်နေသည်။ သူက သားကောင်ကို စားသုံးပြီးကာစ အစာချေရန်အနားယူ နေပုံရသည်၊ သို့သော် ထိုအာဏာရှင် နတ်ဆိုးသားရဲများသည် ထက်မြသည့် အာရုံခံနိုင်စွမ်းရှိသည်။ မျက်စိမှိတ်ထားသည့်တိုင် ၎င်း၏ပတ်၀န်းကျင်ရှိ အပြောင်းအလဲ အနည်းငယ်ကိုပင် သတိမူတက်ကြ၏။
'' ဒါက အခွင့်အရေးကောင်ပဲ၊ ငါ့ရဲ့ ကျားရိုင်းလက်သီး (၁၈)ကွက်ကို ပြီးပြည်စုံတဲ့ အဆင့်ထိ ဆုပ်ကိုင်မိဖို့အတွက် တွန်းအားလိုတယ် "
လင်းယွန်က စိတ်လှုပ်ရှားစွာ ရေရွတ်ပြောဆိုလိုက်သည်။ လွန်ခဲ့သည့်အကြိမ်၌ အစွယ်ရှည်ကျားကို တိုက်ခိုက်ခြင်းဖြင့် သူ၏ကျားရိုင်း လက်သီး(၁၈)ကွက်ကို ကျွမ်းကျင်မှု ပို၍ ရရှိခဲ့ဖူးသည်။
ဤနည်းစနစ်သည် သူ၏ပထမဦးဆုံးသော ပြီးပြည့်စုံသည့် အဆင့်သို့ တက်ရောက် အောင်မြင်နိုင်မည့် နည်းစနစ်တစ်ခု ဖြစ်လာနိုင်ချေမည်။
၎င်းသည် အခြေခံအလယ်အလတ်နည်းစနစ် တစ်ခုဖြစ်သော်ငြားလည်း ထိုနည်စနစ်ကို အသုံးပြုရန်အတွက် စွမ်းအင်ကို အချိန်ယူ စုဆောင်းရန် မလိုအပ်ချေ။
ထိုအပြင် ထိုနည်းစနစ်သည် လက်နက်မဲ့တိုက်ခိုက်ရေးနှင့် ခုခံကာကွယ်ရေး နှစ်ခုလုံး အသုံးပြုနိုင်မည့် ရှားပါးသိုင်းနည်းစနစ် တစ်ခုပင် ဖြစ်ရာ သူက ၎င်းအား အောင်မြင်စွာ ဆုပ်ကိုင်နိုင်ခဲ့ပါက အသက်ကယ် ဝှက်ဖဲတစ်ချပ် ဖြစ်လာပေမည်။
လင်းယွန်က မီးလျှံကျားအား အော်ဟစ်နှိုးလိုက်ပြီး ကျားရိုင်းလက်သီးဖြင့် ထိုးချလိုက်သည်။
မီးလျှံကျားမှာ ဆူညံသံကြောင့် နိုးထလာခဲ့ပြီး ၎င်း၏ စူးရှသောအကြည့်မှ ဒေါသများ လျှံထွက်လာကာ၊ လင်းယွန်အား ဟိန်းဟောက် ဟန့်တားလိုက်သည်။
မီးလျှံကျား၏ ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အစင်းများ လောင်ကျွမ်းလာခဲ့ကာ မီးတောက်မီးလျှံများသည် ရဲရဲနီနေသည့် ဖားဖိုတစ်ခုလို တရှဲရှဲမြည်သံပေးလျက် တိုးဝင်လာနေသည်။
ပထမ မီးလျှံကျားသည် အကြိမ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သောကြောင့် ၎င်းသည် အကောင်းမွန်ဆုံး အဆင့်၌ ရှိမနေခဲ့ပဲ၊ လင်းယွန်နှင့် ရင်ဆိုင်ရာ၌ မီလျှံများ ထုတ်ဖော်ခဲ့သော်လည်း ထိုအရှိန်အဝါသည် ဤမီးလျှံကျား၏ (၁၀၀)ပုံ တစ်ပုံပင် ပြင်းထန်မှု ရှိမနေခဲ့ချေ။
လင်းယွန်က မျက်မှောင်ကြုပ်လျက် စိတ်ဝိညာဉ် ထဲသို့ ကျောက်စိမ်းပန်းချီကားထဲရှိ နတ်ကျားအား ဆင့်ခေါ် လိုက်ပြီး မီးလျှံကျား၏ အရှိန်အဝါကို ချေဖြတ်လိုက်ရသည်။
'' ဒီ အရှိန်အဝါက၊ မိုးထိတောင်ရဲ့ အစစ်အမှန်အာဏာရှင် အရှိန်အဝါပဲ။ ''
လင်းယွန် ၏ တိုက်ပွဲဆာလောင်စိတ်သည် ဟုန်းခနဲ တောက်လောင် လာသည်။ လက်သီးသည် မီးလျှံကျား၏ နဖူးနှင့် ထိကပ်သွားခဲ့ပြီးနောက် သူက သံမဏိနံရံကို လက်သီးဖြင့် ထိုးလိုက်မိ သကဲ့သို့ နာကျင်မှုသည် သူ့လက်မောင်း တလျောက်ကို ရိုက်ခတ်ပြီး ထုံကျင်သွားစေ ခဲ့သည်။
"......ဝေါင်း "
မီးလျှံကျားသည် နည်းနည်းမျှ နာကျင်ဟန် မပြခဲ့ပဲ ခြေလက်လေးဖက်ကို ကွေးညွှတ်အရှိန်ယူကာ လင်းယန်၏ လည်ဂုတ်ဆီသို့ ခုန်အုပ်လိုက်သည်။
အစစ်အမှန် အာဏာရှင်နတ်ဆိုးသားရဲ တစ်ကောင်၏ ဒေါသတကြီး မောက်မာစွာ ဟိန်းဟောက်လိုက်သံသည် မိုးထိတောင် တစ်ဝိုက် ပျံ့နှံ့သွားလေသည်။
၎င်းသည် သူ့နယ်မြေထဲ ကျူးကျော်လာသည့် လင်းယွန်ကို အထင်သေး ခြိမ်းခြောက်နေခြင်းပင် မည်ပေ၏။
''........''
မီးလျှံကျား က သူ့ရှေ့ခြေနှစ်ဖက်ဖြင့် လင်းယွန်ကို ကုပ်ဖြဲလိုက်သော်ငြားလည်း ပွတ်သပ်လွဲချော်သွားကာ လင်းယွန်၏ နောက်ကျောရှိ သစ်ပင်ပေါ်သို့ ပျံဝဲ ကျရောက်လျက် ၎င်းအား အပိုင်းပိုင်းကျိုးပဲ့ သွားစေခဲ့သည်။
လင်းယွန် သည် သူ့အစား တိုက်ခိုက်ခံလိုက်ရသည့် သစ်ပင်ကို တချက်ဝေ့ဝဲကြည့်လိုက်ပြီး သူက သက်ပြင်း မသိမသာ ချလိုက်မိသည်။
လူပျက်တစ်အုပ်သည် မီးလျှံကျားအား ဒဏ်ရာရအောင် မည်သို့ တိုက်ခိုက်ခဲ့သည်ကို တွေးမရခဲ့ပေ။
ရုတ်တရက် မီးလျှံကျားသည် ခြောက်မီတာအမြင့်ရှိသည့် ကျောက်တုံးတစ်တုံး ပေါ်သို့ ခုန်တက်လိုက်ပြီး လင်ယွန်အား စိုက်ကြည့်နေခဲ့သည်။
မီးလျှံကျား၏ လက်သည်းကို လင်းယွန်က ရှောင်တိမ်းနိုင်ခဲ့ သကဲ့သို့ လင်းယွန်၏ လက်သီးကိုလည်း မီးလျှံကျားက ခုခံနိုင်ခဲ့သည်။ ၎င်းသည် သူတို့၏ရန်သူအား လွယ်လင့်တကူ အနိုင်ယူနိုင်ရန် မဖြစ်နိုင်ကြောင်းကို ခံစားမိလိုက်ကြလေသည်။
လင်းယွန် သည် ရုတ်တရက် သူ့ရင်ဘတ်မှ လာသည့် နာကျင်မှုကြောင့် အံသြသွားသည်။ သူက မီးလျှံကျား၏ တိုက်ခိုက်မှုကို အလွတ်ရှောင်နိုင်ခဲ့ပုံ မရခဲ့ချေ။
သို့သော် လင်းယွန်သည် နာကျင်မှု ကိုလျစ်လျူရှုပြီး တိုက်ပွဲဝင်စိတ်များ ထပ်မံ မြင့်တက်လာကာ မီးလျှံကျားရပ်နေသည့် ကျောက်တုံးငယ်နှင့် ခပ်ဝေးဝေးသို့ ခုန်ဆုတ်လိုက်ပြီးနောက် ယန်သန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်းလျက် ယန်စွမ်းအင် များအား စတင်စုပ်ယူစုဆောင်း အသင့်ပြင် နေခဲ့သည်။
" လာ ခဲ့ "
လင်းယွန် က ပြုံးရယ်သွားပြီး၊ ထိုက်တန်သည့်ပြိုင်ဘက်တစ်ယောက်လို မီးလျှံကျားအား စိန်ခေါ်လိုက်သည်။
၎င်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ပိုမိုပြင်းထန်လာစေသည်။
မီးလျှံကျားသည် ၎င်း၏ အမြန်နှုန်းကို အားပြုလျက် သူတို့နှစ်ယောက်ကြားက အကွာအဝေးကို တခဏအတွင်းမှာပင် ချုံ့ပစ်ရန် ကြိုးစားလာသည်။
'' ဝေါင်း........ ''
ကျောက်စိမ်းစာလိပ်ထဲမှ နတ်ကျားသည် လင်းယွန်၏ စိတ်ဝိညာဉ်ထဲတွင် ထပ်မံပေါ် ပေါက်လာသည်။
'' တောင်တန်းတွေရဲ့ အစစ်အမှန်အာဏာရှင်ဆိုတာ ဘယ်သူလဲ ကြည့်ရအောင်။ ''
အော်ဟစ် ကြုံးဝါးသံနှင့် အတူ နတ်ဆိုးသားရဲတစ်ကောင်၏ ဟိန်းဟောက်သံသည် တစ်တောလုံး ပြည့်လျံနေခဲ့ကာ လူတစ်ယောက်နှင့် ကျားတစ်ကောင်၏ တိုက်ပွဲသည် ဆက်လက်ပြင်းထန် နေခဲ့သည်။
''..........''
လင်းယွန်သည် ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ဆုတ်သွားပြီး မီးလျှံကျားသည်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တစ်ယောက်နှင့် တစ်ကောင်သည် သူတို့မျက်လုံးများကို အလွတ်မပေးဝံ့ပဲ ရန်သူ၏ အမှားလုပ်မိမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။
ရုတ်တရက် မီးလျှံကျား က စိတ်ရှည်ခဲ့ပုံမရပဲ ဟစ်သံပြုလျက် နောက်တစ်ကြိမ် ခုန်ဝင် တိုက်ခိုက်လာခဲ့သည်။
"......လာ ခဲ့ စမ်း ..."
လင်းယွန် ကလည်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ သူ၏ အရှိန်အဝါသည် ပေါက်ကွဲတက်လာသည်နှင့်အမျှ သူ၏အရိုးများသည် အက်ကွဲလာခဲ့သည်။ သူ့ကိုယ်သူ မီးလျှံကျားထံသို့ တရှိန်ထိုးပြေးဝင်လျက် ကျားတစ်ကောင်၏ ပုံသဏ္ဍဉာန်သည် နောက်ကျော၌ ဝိုးတဝါးပေါ်ပေါက် လာလေသည်။
'' ဟိတ်........ ''
'' ဝေါင်း...... ''
'' ..ဘန်း...ဘန်း...ဘန်း..''
မီတာတစ်ထောင်အကွာ၌။
လူရိပ်တစ်ခုသည် မြင့်မားသည့် သစ်ပင်ကြီး ပေါ်မှ ပြုတ်ကျလုလု အော်ဟစ် လိုက်သည်။
" အရူးတွေ... ဒီခွေးကောင်က အရူးပဲ။ ''
၎င်းသည် လင်းယွန်၏ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည့် ယန်သခင်လေးပင်။
'' ဒီခွေးကောင်နဲ့ နတ်ဆိုးသားရဲက ရူးနေပြီ၊ ခွေးကောင်။ ''
ယန်သခင်လေးသည် စိတ်လွတ်ကိုယ်လွတ် ကျိန်ဆဲနေခဲ့ပြီး သူက လင်းယွန်အား သေစေချင်ခဲ့သည်။
တောတွင်း တိုက်ပွဲမြင်ကွင်းသည် မနာလိုမှုများ ဖြစ်ပေါ်လာစေလျက် သူ၏ အစွမ်းမဲ့မှုကို စိတ်ပျက်နေခဲ့ပြီး လင်းယွန်အား သတ်ပြစ်ရန်ဆုံးဖြတ်လိုက်သည်။
"ဒါက မဖြစ်နိူင်တာပဲ၊ ငါတို့လေးယောက်က ဒီမီးလျှံကျားကို ဒဏ်ရာရဖို့ ဆယ်ရက်လောက် အမဲလိုက်ခဲ့ရတယ်၊ သူက လက်ဗလာနဲ့ တိုက်ခိုက်နေတယ်။ ဒီခွေးကောင် ဒီနေရာမှာ သေကိုသေရမယ်၊ သူမသေရင် ယန်မိသားစုအတွက် မျက်နှာပြစရာမရှိတော့ဖူး။ "
ယန်သခင်လေး သည် အံကြိတ်လျက် လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းယွန်နှင့် ပြဿနာဖြစ်ခဲ့သည်ကို ပြန်လည်ပုံဖော်လျက် သူ၏ နောက်ကျောတစ်ခုလုံး အေးစိမ့်လာခဲ့ သည်။
သို့သော် သူက လင်းယွန်အား ယနေ့ မဖြစ်မနေ သတ်ရန် ဆုံးဖြတ်ထားမှုမှာ ပို၍ ခိုင်မာလာခဲ့သည်။
သူက သူ့ဘ၀တစ်လျှောက်လုံး အကြောက်တရားနဲ့ နေရန် မလိုလားနိုင်ပေ။ လင်းယွန်သာ အသက်ရှင်နေပါ သူ့၏အတွင်းနတ်ဆိုး ဖြစ်လာပေမည်။
'' နံပါတ်လေး ၊ မင်း ရဲ့...အစီအစဉ်က စိတ်ချရလား "
'' စိတ်မပူပါနဲ့ သခင်လေး ။ ငါ့ အကြံအစည်က တစ်ရာ ရာခိုင်နူန်းအပြည့် အောင်မြင်မှာပါ၊ "
ယန်သခင်လေး၏ မေးခွန်းကို နံပါတ်လေး အစေခံက ကောက်ကျစ်စွာ ပြုံးရယ်လျက် ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
'' ဒီ ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲတွေက အုပ်စုဖွဲ့နေတာ၊ တစ်အုပ်မှာ အကောင်ရေ (၆၀၀) အနည်းဆုံး ရှိတယ်သခင်လေး၊ ပြီးတော့ ဒီသားရဲတွေက မိုက်မဲတဲ့ကောင်တွေပဲ၊ သူတို့ထဲက တစ်ကောင်ကိုသာ ရန်စဖို့လိုတယ်၊ ဒါဆို တစ်အုပ်စုလုံးက ဒေါသတကြီးနဲ့ တုန့်ပြန်လာလိမ့်မယ်။ ပြီးရင် ဒီသားရဲအုပ်ကို ဟိုခွေးကောင်ရှိတဲ့ လမ်းကြောင်းဆီကို ဦးတည်ပေး လိုက်တာနဲ့ ပွဲသိမ်းပြီ... သခင်လေး။ ''
''.............. ''
" အဲ့ဒီနောက်တော့ ဒီအရူးရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်းနင်းချေခံရပြီး ငါတို့က အလောင်းကို ဖုံးကွယ်ဖို့တောင် စိတ်ပူစရာ မလိုတော့ဘူး ''
နံပါတ်လေး၏ စကားကြောင့် ယန်သခင်လေးသည် ကျေနပ်စွာ ရယ်မောလိုက်သည်။
" ခွေးကောင် မင်း နောင်တရလိမ့်မယ်"
တောတွင်းတစ်နေရာ၌ လင်းယွန်သည် လေကို အလောတကြီးရှူလိုက်ပြီး မီးလျှံကျား အသေကောင်ဘေး၌ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
သူတို့၏ ရန်ပွဲသည် ရှစ်နာရီခန့် ကြာမြင့်ခဲ့သည်။ အစစ်အမှန်အာဏာရှင် နတ်ဆိုးသားရဲသည် အမှန်တကယ်ပင် ကြောက်စရာကောင်းခဲ့သည်။
သို့သော် လင်းယွန်သည် မီးလျှံကျားထက် သူ့ကိုယ်သူ ပို၍ အံ့သြနေခဲ့သည်။ သူသည် ယခုချိန်ထိ အားအင် ကုန်ခမ်းခြင်းမရှိခဲ့ပဲ တိုက်ပွဲဝင်စိတ်များ ပြင်းထန်နေဆဲပင်။
သူ့ဒဏ်ရာများသည် အချိန်တိုင်း ပြန်ကောင်းလာ သကဲ့သို့ ခံစားနေရ၏။ ၎င်းသည် သွေးသန့်စင်ခြင်းဆေးလုံး၏ အကျွင်းအကျန် အာနိသင်များ ဖြစ်ပေသည်။
သို့သော် လင်းယွန် သည် စိတ်ပျက်နေဆဲပင်။ မီးလျှံကျားနှင့်တိုက်ပွဲအတွင်း သူ၏ ကျားရိုင်းလက်သီး(၁၈)ကွက်အား ပြီးပြည့်စုံသည့် အဆင့်ထိ တိုးမြှင့်ရန် ကြိုးစားခဲ့ရာ၌ ကျရှုံးခဲ့လေသည်။
'' ဒါက ငါ.....ဖြုန်းတီးရာ မရောက်ခဲ့ဖူးပဲ။ ''
ခဏအနားယူပြီးနောက် လင်းယွန် သည် မီးလျှံကျား ၏ အသေကောင်ကို စတင်ရိတ်သိမ်းလေသည်။
'' ဝမ်း...ဘဲ..၊ ဝမ်း ဘဲ "
ရုတ်တရက် နွားများ ရာနှင့်ချီ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာရာ ၎င်းသည် လင်းယွန်၏ ပတ်၀န်းကျင်၌ ဆူညံသွားပြီး မြေပြင်များသည် စတင်တုန်ခါလာခဲ့သည်။
''........ ''
သူ့နှင့် မီတာ တစ်ထောင်ကွာဝေးသော ကောင်းကင်ယံ၌ ဖုန်မှုန့်များစွာကို ထူထပ်စွာ မြင်လိုက်ရသည်။
ဒေါသထွက်နေသည့် ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲအုပ်ကြီးသည် သားရဲပင်လယ် တစ်ခုလို တလိမ့်လိမ့်ထွက်ပေါ်လာလျက် မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။
နွားရိုင်းမိစ္ဆာသားရဲ တစ်ကောင်ချင်းစီသည် မီးလျှံနတ်ဆိုးကျားထက် သုံးဆပို၍ ကြီးမား နေသည်။
'' .............. ''
သူတို့၏ ခွာရိုက်ခတ်မှုများသည် မိုးထိတောင်တခွင်ရှိ မြေပြင်တလျှောက်လုံးကို တုန်လှုပ်စေခဲ့သည်။
၎င်းသည် ငလျင် အပြင်းစားတစ်ခု လှုပ်ခါသကဲ့သို့ ထိတ်လန့်စေလျက် သူတို့၏ ပြေး လမ်းပေါ်ရှိ မည်သည့်သစ်ပင်ကိုမဆို ချက်ချင်းပင်ပျော့ဖတ် ပြောက်ကွယ် သွားစေသည်။
ထိုမြင်ကွင်းသည် သားရဲပင်လယ်လှိုင်းလုံး များက တောအုပ်အတွင်းရှိ သစ်ပင်များကို ဝါးမြိုနေခြင်းနှင့် တူပေသည်။ ထို့အပြင် ၎င်းသည် လင်းယွန် ထံသို့ဦးတည် နေခဲ့ လေသည်။
" သောက် ပဲ ဟေ့ ''
လင်းယွန် သည် ထိတ်လန့်စွာ ကျိန်ဆဲ လိုက်သည်။ သူနှင့် သားရဲပင်လယ်အကြား အကွာအဝေးသည် ကြီးမားလှပေမယ့် ကျောက်တောင်ငယ်ကြီးများသဖွယ် ထွားကျိုင်းလှသည် ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲများ အဖို့ ထိုအကွာအဝေးသည် တိုတောင်းသည့် ပြေးလမ်းတစ်ခုပင် ဖြစ်နေသည် မဟုတ်ပါလော။
လင်းယွန် ၏ နှလုံးသားထဲသို့ မလာစဖူး ကြောက်စိတ်များ စိမ့်ဝင်လာသည်။ သားရဲပင်လယ်သည် မီတာထောင်ချီ ဖြန့်ကားလာခဲ့ပြီး သူက ထွက်ပြေး ရှောင်တိမ်းရန် မြေနေရာပင် မရှိခဲ့ချေ။
သေခြင်းတရားကို ရင်ဆိုင်လိုက်ရသည့်အခါ လင်းယွန် သည် သူ၏ခန္ဓာကိုယ်၌ ခွန်အားကိုအကုန်အစင် ထုတ်ယူ စုဆောင်းလိုက်ပြီး အပ်စိုက်မှတ်များအား ဖြတ်ကာ စွမ်းအင်အားလုံးကို လက်သီးဆုပ်ထဲ သို့ ပို့လွှတ်လျက် အနီးဆုံးပြေးဝင်လာသည့် နွားရိုင်းမိစ္ဆာသားရဲ၏ ဦးခေါင်းကို ထိုးချလိုက်သည်။
'' ဟိတ်......ကျား...''
'' ဖြောင်း.........''
သူက အရူးတစ်ယောက်လို ထိုးနှက်လိုက်ပြီးနောက် သူ့လက်မောင်းရိုးသည် ကွဲကြေလျက် သူ့အား နောက်ကန် လွင့်စင်လာ စေသည်။ ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲသည် ခဏတာ တုန့်ဆိုင်းသွားခဲ့သည်။
လင်းယွန် ၏ တစ်ကိုယ်လုံးသည် တုန်ခါသွားခဲ့ပြီး လေထဲ၌ပင် သွေးတစ်လုပ် အန်ချလိုက်ရသည်။ ကိုယ်တွင်းအင်္ဂါများ ကျိုးပဲ့ကြေမွသွားသလို ခံစားလိုက်ရပေမယ့် ၎င်းသည် သူ့အသက်အားကယ်တင်လိုက်သည့် ရူးမိုက်မှုတစ်ခုပင် ဖြစ်လာလေသည်။
နောက်ဆုံး၌ သူက လွင့်ကန်လာသည့် အရှိန်ကို အသုံးချကာ ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်ကို ထုတ်ဖော် ပြေးလွှားလိုက်သည်။ သူက ပြန်လှည့်ကြည့်ရန်ပင် သတ္တိ မရှိတော့ပေ။ သူထံ၌ ဆုံးဖြတ်ချက်တစ်ခုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားလျက်မှ၊ ၎င်းသည် တစ်စက္ကန့်ပင် တုန့်ဆိုင်းချင်းမရှိခဲ့ပဲ.......။
'' G O........Go...... Go ''
***