← Chapters

ကမ္ဘာကြီးကို ဖြိုခွင်းဖို့ လာကြတယ်။

Vol. 2 Ch. 24

ကမ္ဘာကြီးကို ဖြိုခွင်းဖို့ လာကြတယ်။

Vol. 2 Ch. 24

[ -ကောင်းကင်နှင့် ငရဲ ခြေတစ်လှမ်းသာ ခြားသည်။ ]

လင်းယွန်သည် ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ လက်မှ သူ့အသက်ရှင်သန် လွတ်မြောက်ရန် အတွက် ပြေးလွှားနေခဲ့သည်။ သို့သော် ၎င်းသည် ပြဿနာ၏ အဖြေမဟုတ်ခဲ့ပေ။ မည်မျှပင် အားကုန်ထုတ်ပြေးလွှား နေခဲ့သော်လည်း၊ ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲများအား မျက်ခြေဖြတ်နိုင်ခြင်း မရှိခဲ့ပဲ ပို၍ပင် နီးကပ်လာခဲ့သည်။

လင်းယွန်က ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး သူ့နောက်လိုက်နေသော ရွှေရောင်နွားရိုင်း မစ္ဆာသားရဲများထံသို့ပြန်လှည့် ကြည့်လိုက်သည်။

ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲများ၏ ခေါင်းဆောင်သည် နွားရိုင်းမိစ္ဆာ ပင်လယ်လှိုင်းလုံးများရှေ့မှ ဦးဆောင်နေပြီး၊ ရာပေါင်းများစွာသော နွားရိုင်း မိစ္ဆာသားရဲများသည် သူ့နောက်တွင် ထပ်ချပ်မကွာ လိုက်ပါလာလျက် ၎င်းသည် ဖုန်မှုန့်များ ဖြစ်ပေါ်လာစေလျက်မှ အရိပ်မဲကြီးများသဏ္ဍာန် ကောင်းကင်ကို ပိတ်ဆို့ထားလေသည်။

လင်းယွန် သည် နောက်သို့ ပြန်လှည့်လိုက်ပြီး တရှိန်ထိုး ပြေးဝင်သွားကာ နွားရိုင်း မိစ္ဆာသားရဲဘုရင်ထံသို့ ထပ်မံ ထိုးနှက်လိုက်သည်။

'' ဘန်း....... ''

ကြီးမားသောသက်ရောက်မှုသည် သူ၏ ခန္ဓာကိုယ်အနှံ့သို့ တဖန်ပျံ့နှံ့သွားပြီး ဤတစ်ကြိမ်တွင် သူသည်အတွင်းပိုင်း ဒဏ်ရာအချို့ ရရှိခဲ့သည်မှာ သေချာပေသည်။

ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ ဘုရင်သည် တုန့်ခနဲ့ ရပ်လျက် လင်းယွန်ကို သူ၏ ဦးခေါင်းဖြင့် ပြစ်ဝင် စောင့်ပစ် လိုက်သည်။

''...........ဝုန်း ''

ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှ လွင့်ထွက်လာသည့် ပေါက်ကွဲနှုန်းသည် လင်ယွန်အား မီတာများစွာအကွာအဝေးသို့ ထပ်မံ ကန်ထွက်သွားစေသည်။

ယင်းသည် ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲများနှင့် လင်းယွန်တို့၏အကြား အကွာအဝေးကို ပို၍ ကွာခြားစေခဲ့သည်။ သူ၏ အဆုတ်သည် လောင်ကျွမ်းသွားပြီး သူ၏ နှလုံးခုန်သံသည် အပြင်းအထန် ခုန်လျက် အသက်ရှူရ ခက်လာစေခဲ့သည်။

လင်းယွန် က ဆက်လက်တိုက်ခိုက်ရန်ထက် တစ်ခုတည်းသော အရာကိုသာ ရွေးချယ်လိုက်သည်။ ၎င်းသည် မနားတမ်း ဆက်လက် ပြေးလွှားရန်သာ ဖြစ်၏။

"ဟားဟားဟား.... သခင်လေး၊ ဒီခွေးကောင်က တကယ် ခွေးတစ်ကောင်လို အသက်ရှင်ဖို့အတွက် ပြေးနေရပြီ၊ ''

ယန်သခင်လေးနှင့် အစေခံသုံးဦးသည် ခွေးပြေးဝက်ပြေး ရုန်းကန်နေရသည့် လင်းယွန်၏ အမူအရာကိုကြည့်လျက် လှောင်ပြောင် ရယ်မောကာ ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲအုပ်နောက်မှ လိုက်ပါလာ ကြသည်။

'' မင်း.... တော်တယ် နံပါတ်လေး၊ ဒီခွေးကောင်ကို မသေခင် ခွေးရူးတစ်ကောင်လို ပြေးလွှားနေရတာကို ကြည့်ခွင့်ရတာ ငါကြေနပ်တယ်။ ''

ယန်သခင်လေးသည် နံပါတ်လေးပုခုံးကို ပုတ်လျက် ကောက်ကျစ်စွာရယ်မော လိုက်သည်။

" ကဲ ငါတို့ နောက်က လိုက်ကြည့်ကြစို့။ ဒီခွေးကောင်ကို နွားရိုင်းမိစ္ဆာသားရဲတွေ နင်းသတ်မယ့် မြင်ကွင်းကို ငါ့မျက်စိနဲ့ တပ်အပ်မြင် ချင်တယ်။ ''

'' ဒီခွေးကောင်က တကယ်ကို ခက်ထန်ပြီး၊ ခွေးရူးတစ်ကောင်လိုပဲ၊ ငါသာ နွားရိုင်းမိစ္ဆာ သားရဲ အုပ်နဲ့ ရင်ဆိုင်ရရင် ခုချိန်ဆို နင်းသတ် ခံရမှာ သေချာတယ်။ ''

'' စိတ်မပူပါနဲ့ သခင်လေး၊ ဒီနွားရိုင်းမိစ္ဆာ သားရဲတွေက သက်လုံ အကောင်းဆုံး သားရဲ တွေပဲ၊ သူတို့က မရပ်မနားပဲ ငါးရက်လောက်ထိ ပြေး နိုင်တယ်၊ သခင်လေးသာ စိတ်ရှည်ရှည်နဲ့ အရသာခံဖို့ ပြင်ထားပါ။ ''

" ဒါပဲ... ငါ..လိုနေတာ၊ ထိတ်လန့်တကြား အကူအညီတောင်း လာမဲ့ ခွေးကောင်ရဲ့ မျက်နှာကို မြင်ရဖို့...... မစောင့်နိုင်တော့ဖူး။ ''

ယန်သခင်လေးသည် လင်းယွန်၏ ကူရာကယ်ရာမဲ့ အော်ဟစ် တောင်းပန်နေသည့် ဟန်ကို စိတ်လှုပ်ရှားစွာ ပုံဖော်နေမိ သည်။

တချိန်ထဲမှာပင် လင်းယွန်သည် စုတ်ပြတ်နေပြီး၊ သူ့မျက်နှာသည် ဖြူဖျော့နေလျက် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှံ့များနှင့်အမာရွတ်များ ဖုံးလွှမ်းနေသည်။

သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ပြည့်လျှံလာကာ၊ သူက ယခုလို သေဆုံး ရမည်ဟု ထင်မထားခဲ့ချေ။

သူ၏ နှလုံးသားထဲရှိ ပြင်းထန်သည့် အသံတစ်ခုသည် လက်မလျှော့ရန် အမြဲသတိပေးနေခဲ့သည်။

ပင်ပန်းနွမ်းနယ်မှုကြောင့် ခြေတစ်လှမ်းပင် လှုပ်ရှားဖို့ ခက်ခဲနေသော်လည်း ၎င်းသည် လင်းယွန်အား ဆက်လက်ပြေးထွက်ရန် တွန်းအားပေး နေခဲ့သည်။

သို့သော် ၎င်းသည် လင်းယွန်ကို တွေဝေသွားစေခဲ့သည်။ သေမင်းနှင့် မီတာအနည်းငယ်မျှသာ ဝေးသော်လည်း စိတ်ပျက်အားငယ်မှုကို လက်ခံဖို့ ငြင်းဆန်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူက သေရမည်မှာ သေချာနေပါလျက် အဘယ့်ကြောင့် ရူးမိုက်စွာကံစမ်းဖို့ရန် မလုပ်ဆောင်ရ မည်နည်း။ လူသေတစ်ဦးသည် ရတနာများအား အသုံးပြုရန် နှမျောတွန့်တိုနေစရာအကြောင်း မရှိချေ။

'' ............... ''

လင်းယွန်က သွေးသန့်စင်ခြင်းဆေးလုံးအား ထုတ်ယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့် လိုက်ပြီး မာန်သွင်းအော်ဟစ် လိုက်သည်။

ပူနွေးသည့် စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာလျက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာအားလုံးကို ချက်ချင်း သက်သာ လာစေသည်။ တခဏအတွင်းမှာပင် သူ၏ခွန်အားကို (၁၀၀) ရာခိုင်နူန်းအထိ ပြန်လည် ပြည့်ဝလာခဲ့သည်။

သို့သော် ၎င်းသည် ယာယီ ဖြေရှင်းချက်သာဖြစ်ပြီး သူက ဆက်လက်ပြေးလွှား နေခဲ့ရသည်။

ပြေးလွှားနေစဉ် သူ၏စိတ်အာရုံကို နှလုံးသားထံသို့ ပြောင်းယူလိုက်သည်။ နှလုံးမှသွေးပြန်ကြောများသည် တဖျစ်ဖျစ်မြည်လျက် တိုး၍ကျယ်လာသည်ကို ခံစားရသည်။

သွေးသန့်စင်ခြင်းဆေးလုံးမှ စွမ်းအင်များသည် ခန္ဓာကိုယ်အစိတ် အပိုင်းများထံ စီးဝင်နေခဲ့ပြီး ၎င်းသည် ပိုလျှံစွမ်းအင်များ အဖြစ် စိတ်ဝိညာဉ်ဆီသို့ တိုးဝင်လာခဲ့သည်။

၎င်းသည် မကုန်ဆုံးနိုင်သည့် စွမ်းအင် အရင်းအမြစ်များမှ လျှံထွက်လာသကဲ့သို့ စိတ်ဝိညာဉ်၏ အဝင်တံခါးဝဖြစ်သော နာဗ်ကြောအမွှာဆုံကို ချိုးဖြတ်စီးဝင် လာလေသည်။

ပြေးလွှားလျက်မှပင် အရှိန်ကို နည်းနည်းမျှ လျော့မချရဲခဲ့ပဲ သူ၏လက်သီးကို လေထုထဲ ဟန်ပါပါ ထိုးချလိုက်သည်။

လေထုကို တွန့်လိမ်သွားစေလျက် စွမ်းအင်ပေါက်ကွဲမှု တစ်ခုထွက်ပေါ်လာသည်။ ၎င်းသည် သူ၏ သေခြင်းတရားကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်ပေသည်။

လက်မောင်းရှိ သွေးပြန်ကြောများသည် တုန်ခါသွားကာ သွေးတစ်စက်ခြင်းစီသည် သိပ်သည်းသည့် စွမ်းအင်များဖြင့် ပြည့်လျှံလာခဲ့သည်။

'' ဒါက ...လက်သီးတစ်ချက်နဲ့ ငါ့ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်မယ်။ ''

လင်းယွန်သည် ရုတ်တရက် မျက်ဝန်းများ၌ မီးများဝင်းဝင်းတောက်ကာ ကောင်းကင်ကို အံတုရန်အတွက် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

ရုတ်တရက် ဆက်လက်ပြေးလွှားခြင်း မပြုတော့ပဲ ရပ်တန့်လိုက်ကာ၊ မီတာအနည်းသာ ကွာဝေးတော့သည့် ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ များထံသို့ စိုက်ကြည့်လိုက်သည်။

" ဟားဟားဟား၊ ခွေးကောင်က နောက်ဆုံးတော့ လက်လျော့လိုက်ပြီပဲ။ ''

ယန်သခင်လေးသည် ဤမြင်ကွင်းကို အဝေးမှ လှမ်းမျှော်ကြည့်လျက် လင်းယွန်အား လှောင်ပြောင်ရယ်မောလိုက်သည်။

လင်းယွန်က နွားရိုင်းမိစ္ဆာသားရဲ တို့အား မျက်နှာမူလိုက်စဉ် သူ့ကမ္ဘာကြီးသည် ရပ်တန့်သွားပြီးနောက်၊ ခန္ဓာကိုယ်သည် တဆက်ဆက် တုန်ယင်လာခဲ့သည်။ သူ့နှလုံးသား၌ ဒေါသများသည် ငြိမ်သက် ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် သူသည် သေခြင်းနှင့် ရှင်ခြင်း အကြား လမ်းဆုံလမ်းခွ၌ ရပ်နေမိသည်ကို ရှင်းလင်းစွာ သိမြင်နေသည်။

''..ဟိတ်......... ''

အရိုးများမှ ပြင်းထန်သည့် ပေါက်ကွဲသံနှင့် အတူ လင်းယွန်၏ အရှိန်အဝါသည် အခြေခံ တည်ဆောက်ခြင်း ပဉ္စမအဆင့် ကန့်သတ်ချက် များကို ချိုးဖျက် နေလေသည်။

လင်းယွန်၏ အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း ဆဌမအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး၊ ၎င်းသည် နောက်ကျော၌ ကျားတစ်ကောင်ပုံရိပ်ကို ဟုန်းခနဲ မြည်ဟီးလာစေလျက်၊ ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင့်သောဆန္ဒများ ကပ်ညိနေသည့် လက်သီးတစ်လုံးကို ထုတ်ဖော်လိုက်လေသည်။

'' ဘောင်း.......''

ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ ဘုရင် သည် လင်းယွန်၏ လက်သီးချက်အား မထီမဲ့မြင်ဖြင့် သူ၏ဦးခေါင်းကိုသုံးကာ ထိပ်တိုက် ရင်ဆိုင်လိုက်ပြန်သည်။

ဤအကြိမ်သည် လင်းယွန်၏ သုံးကြိမ်မြောက် လက်သီးထိုးချက်ဖြစ်ခဲ့ကာ၊ ၎င်းသည် ယခင်လက်သီးများနှင့် များစွာ ကွာခြားသွားသည်ကို အသိနောက်ကျ သွားခဲ့လေသည်။

သားရဲဘုရင်၏ အသက်မဲ့အလောင်းသည် လမ်းတစ်လျှောက်အရှိန်ဖြင့် ပြေးလာသည့် နွားရိုင်းမိစ္ဆာသားရဲအချို့ကို ဟန့်တား ရိုက်ခိုက်မိကာ၊ ဦးတည်ရာ ပြောင်းလဲ သွားစေခဲ့၏။

၎င်းသည် ကျားရိုင်းလက်သီး၁၈ကွက် ၏ 'ပြီးပြည့်စုံသည့်ကျွမ်းကျင်အဆင့်' စွမ်းအားပင် ဖြစ်သည်။

လင်ယွန် ၏ ခန္ဓာကိုယ်အပူရှိန်သည် အကန့်အသတ်မရှိဟု ထင်ရစေသော အခိုးအငွေ့များ အဆက်မပြတ်ထုတ်လွှတ်နေခဲ့ သည်။

လင်းယွန်က သူ့ကိုယ်သူ သံသယများစွာဖြင့် ငုံ့ကြည့်လျက် တဟားဟား အော်ရယ်လိုက်မိသည်။

လင်းယွန်၏ ဆံနွယ်များသည် သူ့ပတ်လည်၌ တဖျတ်ဖျတ် လွင့်မျော နေပြီး သူက မျက်ဝန်းကိုမှိတ်ထားလိုက်သည်။ ၎င်းသည် သူ၏နောက်ဆုံး ရုန်းကန်မှုတစ်ခုပင်။

မသေခင် သူနှင့်အတူ ရွှေရောင်နွားရိုင် မိစ္ဆာသားရဲ ဘုရင်ကို အသေသတ် နိုင်ခဲ့ပြီး ကျားရိုင်း လက်သီး(၁၈)ကွက်အား အောင်မြင်စွာဆုပ်ကိုင် သွားနိုင်ပေမည်။

ခြေတစ်လှမ်းပင်လှမ်းရန် အင်အားမရှိခဲ့ပဲ နွားရိုင်းမိစ္ဆာသားရဲ အုပ်၏ နင်းချေလာမည့်အချိန်ကို ကြေနပ်စွာ စောင့်ဆိုင်းနေခဲ့သည်။ သေခြင်းတရားလေး တစ်ခုပဲ မလား။ ဤကမ္ဘာ ကြီးမှာ သူ့အတွက် နောက်ဆံတင်းစရာမရှိချေ။

သေခြင်းသည် သူ့အား မခြောက်လန့် နိုင်တော့ပဲ၊ နောက်ဆုံးအချိန်၌ပင် ကျေနပ်စွာ ပြုံးရယ် လိုက်လေသည်။

ရုတ်တရက် သွေးများနှင့် အသားစများ ပြန့်ကျဲပေါက်ကွဲလာမှုသည် နွားရိုင်းမိစ္ဆာသားရဲ အုပ်စု၏ ရှေ့ဆုံးမှ သားရဲများသည် ထိတ်လန့်မှုကြောင့်ချက်ချင်းရပ်တန့်လိုက်ကာ၊ ကြောက်ရွံ့စွာ နောက်ပြန်လှည့်ပြေး သွားကြသည်။

ရာပေါင်းစွာသော သားရဲအုပ်သည် ဝရုန်းသုန်းကားဖြင့် အချင်းချင်း တိုးတိုက် မိလျက်၊ ထိတ်လန့်စွာ ပြေးဝင်လာသည့် နွားရိုင်းမိစ္ဆာသားရဲ အချို့နှင့် အတူ ဦးတည်ရာပြောင်းလဲ ပြေးထွက်သွား ကြတော့သည်။

သားရဲပင်လယ်လှိုင်းလုံးများသည် ရုတ်တရက် အရှိန်ကုန်သွား သကဲ့သို့ နောက်ပြန်လိမ့်ဆင်း သွားကြ၏။

လင်းယွန် က သက်ပြင်းချလိုက်သည်။ မီးလျှံကျားနှင့် လက်ဗလာတိုက်ခိုက်ကာ သူ၏ကျားရိုင်းလက်သီး(၁၈)ကွက် အား အဆင့်မြင့်တင်ရန် ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ချေ။

''..............''

လင်းယွန် သည် သေခြင်းနှင့်ကြုံတွေ့စဉ်က မကြောက်ရွံ့ခဲ့သလို ရှင်သန်ခွင့် ရရှိခဲ့သော်လည်း ထူးကဲစွာ ဂုဏ်ယူခြင်း မရှိခဲ့ပေ။ တည်ငြိမ်စွာဖြင့် ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲဘုရင် အသေကောင်ကို စတင်စစ်ဆေးနေစဉ်မှာပင် ထိတ်လန့်ဖွယ် အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရလေသည်။

မျက်ဝန်းတစ်စုံသည် နွားရိုင်းမိစ္ဆာသားရဲအုပ်ကို ကျော်ကြည့် လိုက်ပြီးနောက် လင်းယွန်က ဤပြဿနာများ၏ လားရာကို နားလည်သွားသည်။

မီတာနည်းငယ် အကွာအဝေး၌ ယန်သခင်လေးနှင့် သူ့အစေခံများသည် နွားရိုင်းမိစ္ဆာသားရဲအုပ်စု ရှေ့ထံမှ အားကုန်ထုတ် ပြေးလွှားနေရသည်။ ဤအကွာအဝေး၌ပင် ယန်သခင်လေး၏ ကြောက်ရွံ့ထိတ်လန့်မှုကို လင်းယွန်က ခံစားသိမြင်နိုင်သည်။ သံသရာစက်ဝန်းသည် တစ်ပါတ်ပြန်လည် လေပြီ။ လင်းယွန်က ကျေနပ်စွာပြုံး လိုက်သည်။

အစေခံနှစ်ဦးသည် နင်းချေခံလိုက်ရပြီး သေဆုံးသွားသည့် မြင်ကွင်းကြောင့်၊ သူက မည်မျှပင် မုန်းတီးစေကာမူ ထိုကဲ့သို့သော အော်ဟစ်သံသည် လင်းယွန်၏ အရေပြားအား ယားယံလာစေသည်။

တစ်ချိန်တည်းမှာပင် ယန်သခင်လေး သည် ဆေးလုံးများကို ထုတ်ယူလိုက်ကာ ပါးစပ်ထဲသို့ ပြစ်ထည့်လိုက်ပြီးနောက် မျက်နှာ၌ ချက်ချင်းပင်သွေးရောင်များ လွှမ်းလာလျက် အရှိန်အဝါသည် ဆဋ္ဌမအဆင့် ထက်ကျော်လွန်သွားကာ၊ သူ၏အမြန်နှုန်းသည် အလွန်မြင့်တက်သွားလေသည်။

နံပါတ်လေးအစေခံမှာ အားကျစွာဖြင့် ယန်သခင်လေအား ငဲ့ကြည့်ခဲ့ပြီး၊ အစေခံတစ်ယောက်အတွက် ယန်မိသားစု၏ သခင်တစ်ပါးကဲ့သို့ တားမြစ်ဆေးလုံးများ သူ့၌ ရှိမနေခဲ့ပေ။

'' သခင်လေး ငါ့ကို တားမြစ်ဆေးလုံး တစ်လုံးလောက်ပေးပါ၊ ကျေးဇူးပြုပြီး....ငါ့ကို ကူညီပါ။ ''

သို့သော် ယန်သခင်လေးသည် တုန့်ဆိုင်းခဲ့ခြင်း မရှိပဲ ဒေါသတကြီး ဆဲဆိုရေရွတ်လိုက်သည်။

'' ခွေးအိုကြီး၊ ဒါက မင်း...စိုက်ပျိုးခဲ့တဲ့ အရာပဲ၊ ငါ့လက်နဲ့မင်းကို မသတ်ခဲ့တာပဲ ကျေးဇူးတင်၊ ယန်မိသားစုဝင်ရဲ့ အရင်းအမြစ် တွေကို အသုံးမကျတဲ့ ခွေးအိုတစ်ကောင်ဆီမှာ ဖြုန်းတီးဖို့ ငါက မိုက်မဲလိမ့်မယ်လို့ ထင်နေတာလား... ”

အော်ဟစ်သံများကို သူ့နောက်၌ ချန်ရစ်ထားခဲ့ပြီး ယန်သခင်လေးသည် သူ၏ အရှိန်ကို ထပ်မံမြှင့်တင်လျက် ပြေးလွှားသွား လိုက်လေသည်။

လင်းယွန် က ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ ဘုရင်၏ အသေကောင်ကို စတင်ရိတ်သိမ်း လိုက်ပြီးနောက် သူက ယန်မိသားစုဝင်များ၏ အလောင်းများထံသို့ လျှောက်သွားခဲ့ကာ၊ သူ၏ မျက်ဝန်းများတွင် လောဘများဖြင့် တောက်ပလာ ခဲ့သည်။

၎င်းသားရဲဘုရင်၏ အစိတ်အပိုင်း တစ်ခုစီတိုင်းသည် ရတနာများသာ ဖြစ်၏။ သူက အရာအားလုံးကို ရိတ်သိမ်းဖို့ စဉ်းစားထားခဲ့ပြီး ၎င်းထံမှ အဆုံးထိ ရသမျှ ငွေစ တစ်ပြားစီကိုပင် ညှစ်ထုတ်ရပေလိမ့်မည်။

"ဒါဘာလဲ....."

နံပါတ်လေး အစေခံ၏ အလောင်းဘေးတွင် သိုလှောင်အိတ် တစ်လုံးပွင့်ဟလျက် သားရဲ ရတနာအချို့ တစ်စွန်းတစ ထွက်ပေါ်နေခဲ့သည်။ ၎င်းသည် မီးလျှံကျား ၏ ခြေသည်းများ ဖြစ်လေပြီ။

" ဒီနေ့က ငါ့ရဲ့ကံကောင်းတဲ့ နေ့ပဲ "

လောဘများဖြင့် တောက်လောင်နေသော ရယ်မောသံတစ်သံသည် တောအုပ်အတွင်းသို့ ပျံ့နှံ့သွားလေတော့သည်။

***

All Chapters