← Chapters

အမုန်းတရား။

Vol. 2 Ch. 25

အမုန်းတရား။

Vol. 2 Ch. 25

လင်းယွန် သည် သူ၏ဝိညာဉ်အဆင့် မစ်ရှင် သုံးခုစလုံးကို ပြီးစီးသွားပြီ ဖြစ်၍ ဂိုဏ်းသို့ပြန်ရန် အချိန်တန်ပေပြီ။

ဝိညာဉ်အဆင့် မစ်ရှင်ခရီးစဉ်အတွင်း၌ များစွာ ရိတ်သိမ်းနိုင်ခဲ့သည့်အပြင်၊ သူ၏ တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သော လေဝဲဓါး ကို ပိုမိုကျွမ်းကျင် လာခဲ့ပြီး၊ အလယ်အလတ်အဆင့်ထိ ဆုပ်ကိုင်နိုင်ကာ၊ လှုပ်ရှားမှုနည်းစနစ် တစ်ခုကိုပင် သင်ယူနိုင်ခဲ့သည်။

ထို့ပြင် သူ၏ ကျင့်ကြံခြင်းသည်လည်း အခြေခံတည်ဆောက်ခြင်းပဉ္စမအဆင့် အကန့်အသတ်ကို ချိုးဖြတ်နိုင်ခဲ့သည်။ အမြင့်မားဆုံး အောင်မြင်မှုအဖြစ် ကျားရိုင်း လက်သီး (၁၈)ကွက်၏ ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်ကို ရရှိခဲ့လေသည်။

ထိုထက်ပို့၍ အရေးကြီးသည်မှာ တိုက်ပွဲ အတွေ့အကြုံများပင် ဖြစ်သည်။

သူက အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲကို မစောင့်နိုင်တော့ချေ။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၊ ယန္တရားခန်းမ။

ပြင်ပ ယန္တရားခန်းမ တစ်နေရာ၌ ချင်းရှောင် သည်သူ၏ ဓားရှည်ကို ဆုပ်ကိုင်လျက် ရုပ်သေးရုပ်များကို တိုက်ခိုက် လေ့ကျင့် နေသည်။

သူသည် ' ဖျက်စီးခြင်းမိုးကြိုးလျှပ်စီးဓါး ' နည်းစနစ်ကို ထုတ်ဖော်လိုက်စဉ် သူ၏ ဆဋ္ဌမ အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက် သည်။

ဓါးချက်တစ်ချက်ချင်းစီသည် အမြန်နှုန်းနှင့် တိကျမှုကို သယ်ဆောင်လာလျက် အသက်ရှုရ ခက်သည့် ဖိအားများကို ဖြစ်ပေါ်လာစေသည်။

ဓားချက်ဆယ်ချက် ထုတ်လွှတ်အပြီးတွင် ချင်းရှောင်သည် ဓားဆယ်လက်ကို ဆုပ်ကိုင်ထားသကဲ့သို့ ဓားရိပ်ဆယ်ရိပ် ဖြစ်ပေါ်လာ စေသည်။

'' ............ချွမ်.....''

ဓားကို ရိုက်ခတ်လိုက်သည်နှင့် သူ၏ မျက်လုံးများတွင် ကြောက်မက်ဖွယ်ရာ ဒေါသများဖြင့် တောက်လောင်သွားပြီး အမုန်းတရားများ အတိုင်းအစမဲ့ ထွက်ပေါ်လာသည်။

ရုပ်သေးစင် အောက်၌ ချင်းရှောင်၏ နောက်လိုက်အချို့သည် ငြိမ်သက်နေကြပြီး သူတို့ကိုယ်သူတို့ ဒေါသပစ်မှတ်တစ်ခု ဖြစ်သွားမည်ကို မလိုလားခဲ့ကြချေ။

" ဒီ ဓားကျွန်က ခုထိ ပြန်မလာသေးဘူးလား၊ သူက ဝိညာဉ်အဆင့် မစ်ရှင်သုံးခုကို လက်ခံသွားတယ် ဆိုတာဟုတ်လား။ '

ချင်းရှောင်သည် ရုပ်သေးစင်မြင့်မှ ဆင်းသက်လိုက်ကာ သူ့နောက်လိုက် တစ်ယောက်အား အေးစက်စက်ဖြင့် မေးမြန်းလိုက်သည်။

" ဟုတ်ကဲ့ ပြန်မရောက်သေးပါဖူး၊ စီနီယာအစ်ကိုချင်း။ ''

'' စီနီယာအစ်ကိုကြီးချင်း၊ အတွင်းတပည့် ဝင်ခွင့်စမ်းသပ်ပွဲက ကျင်းပတော့မယ်၊ သူက ခုထိမရောက်သေးတာက....သူ့မစ်ရှင်တွေ ကျရှုံးနေခဲ့တာပဲ ဖြစ်မယ်။ ''

" ဟုတ်မယ် စီနီယာအစ်ကိုချင်းရှောင်၊.... သူလက်ခံခဲ့တဲ့ ဝိညာဉ်အဆင့်မစ်ရှင်သုံးခုမှာ တစ်ခုက ကွမ်းယန် ကို သတ်ဖို့ပဲ၊ ''

ကွမ်းယန်သည် သူ၏ ရက်စက်ကြမ်းကြုတ် မှုကြောင့် လူသိများသည့် အပြင် ၎င်းသည် အခြားဂိုဏ်းများမှ တပည့်များကိုပင် သတ်ပြစ် နိုင်ခဲ့သည် ဟူသော ကောလဟာရ သတင်းများ စွာရှိ လေသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းမှ အဖြစ်အပျက်အပေါ် ပြင်ပတပည့်များ၏ ယူဆပြောဆိုမှုများသည် ချင်းရှောင်ကို စိတ်အနှောက်အယှက် ဖြစ်စေသည်။

'' မဟုတ်ဘူး... ငါက ဒီဓါးကျွန်ကို ငါ့လက်နဲ့ သတ်မယ်... "

ချင်းရှောင်သည် နှစ်လအတွင်း ဖျက်ဆီးခြင်းမိုးကြိုးလျှပ်စီး ဓါး နည်းစနစ်ကို အလယ်အလတ်အဆင့်ထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့သည်။

"မင်းတို့အားလုံးနားထောင်....မင်းတို့ထဲက ဘယ်သူမဆို ဓါးကျွန်ကို တွေ့တာနဲ သတင်း ပို့ပါ။ တစ်မိနစ်တောင် နောက်မကျပါ စေနဲ့ ''

"......... "

ချင်းရှောင်၏ နောက်လိုက်များသည် အမြန်ခေါင်းညိတ် လက်ခံလိုက်ရသည်။ သူတို့က နှစ်လအတွင်း ချင်းရှောင်၏ ဒေါသကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ဖူးကြရာ ၎င်းကို ဆန့်ကျင်ရန် အင်အားမရှိခဲ့ကြပေ။

ရုတ်တရက် ပြင်ပ တပည့်တစ်ယောက်သည် ယန္တရားခန်းမ တံခါးကို တွန်းဖွင့်လျက် အလောတကြီးပြေးဝင်လာသည်။ သူက ချင်းရှောင် ရှေ့အရောက်တွင် အသက်ရှုသံများ ကျယ်လောင်လာပြီး

'' စီနီယာအစ်ကို လင်းယွန် ပြန်လာပြီ ''

ဟု တုန်ယင်စွာ အသိပေးလာသည်။

ချင်းရှောင်သည် ငြိမ်သက်သွားပြီးနောက် မျက်နှာ၌ အပြုံးဆိုးတစ်ခုပျံ့နှံ့လာလေသည်။ သူက ရယ်လျက် ယန္တရားခန်မအတွင်းမှ ပြေးထွက်သွားခဲ့သည်။

'' ဓါးကျွန်..... မင်းက ပြန်လာရဲတယ်ပေါ့... ဟားဟားဟား ''

"ဒါက မကောင်းတော့ဘူး....စီနီယာက ဒီတစ်ခါ ဓားကျွန်ကို သတ်လိမ့်မယ်။ "

" ဟုတ်တယ် ဒီဓါးကျွန်အတွက် စိတ်မကောင်းပါဖူး၊ စီနီယာအစ်ကို ချင်း က ဒီတခါတော့ သနားကြင်နာနေမှာ မဟုတ်ဘူး။

" ဒီလိုအရှက်ရပြီးတဲ့နောက် မင်းရော အိပ်ပျော်မယ်ထင်လား "

'' မြန်မြန် သွားကြည့်ရအောင် "

ယန္တရားခန်းမရှိ ပြင်ပတပည့်များသည် ချင်းရှောင်နှင့် လင်းယွန်၏ ပြဿနာဆီသို့ လိုက်ပါကြည့်ရှုရန် အလောတကြီး ထွက်ခွာလာကြသည်။

ထိုသတင်းသည် ယန္တရားခန်းမမှတဆင့် ဂိုဏ်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သိပ်မကြာခင်မှာပင် ချင်းရှောင်နောက်၌ လူအုပ်ကြီးသည် စုရုံးလျက် လိုက်ပါလာ ကြလေသည်။

--------------------------

မိုပြာရောင်ကောင်းကင်ဂိုဏ်း ၏ တောင်ဘက်ဝင်ပေါက်တွင် ရပ်နေစဉ် လင်းယွန် ၏ နှလုံးသားသည် ပျော်ရွှင်မှုများနှင့် ပြည့်လျှံလာသည်။ သူသည် မစ်ရှင်များကို ပြီးမြောက်ခဲ့ပြီး ဂိုဏ်း၏ အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲကို အချိန်မှီ ပြန်လာနိုင်ခဲ့သည်။

ဤခရီးစဉ်အတွင်း တိုက်ပွဲအတွေ့အကြုံ များနှင့် သေခြင်းတရား အပေါ် အကြိမ်ကြိမ် ရုန်းကန်ခဲ့ရ ခြင်းသည် သူ၏ နူးညံ့သော မျက်နှာပေါ်၌ ရင့်ကျက်မှုအရိပ် အယောင် အချို့ကို စွန်းထင်းလာစေခဲ့သည်။

"မစ်ရှင်အတွက် ဆုလာဘ်ရယူရမယ့် အချိန်ရောက်ပြီ"

စိတ်လှုပ်ရှားစွာ ရေရွတ်ပြောဆို လိုက်ပြီးနောက် သူ၏ဆုလာဘ်နှင့် ပတ်သက်၍ ရင်ခုန်လှုပ်ရှားနေခဲ့ရာ ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ထံသို့ ပြေးလွှား လာခဲ့သည်။

ဆယ့်ငါးမိနစ်အတွင်း သူက စည်းကမ်း ထိန်းသိမ်းရေး ခန်းမ အရှေ့ရင်ပြင်၌ ခြေချနိုင်ခဲ့သော်လည်း လင်းယွန်သည် အလွန်အံ့အားသင့်သွားခဲ့၏။

'' ဒါက ငါ့ကို ကြိုဆိုကြတာလား၊ ငါက ဘယ်အချိန်က ဒီလို တခမ်းတနားနဲ့ ကြိုဆိုရတဲ့ အဆင့်ရောက်ခဲ့တာလဲ ''

စည်းကမ်းထိန်းသိမ်းရေးခန်းမ ရင်ပြင်၌ ကြီးမားသည့် ပြင်ပတပည့် လူအုပ်ကြီးသည် လင်းယွန်အား အသင့် စောင့်ဆိုင်း နေခဲ့ကြ သည်

ရုတ်တရက် သူက ချင်းရှောင်ကို လူအုပ်ကြီး၏ အရှေ့၌ တွေ့မြင်လိုက်ရ ပြီးနောက် မည်သို့ဖြစ်နေသည်ကို နားလည် လိုက်သည်။

သို့သော် လင်းယွန်သည် သေခြင်းရှင်ခြင်း များကို အကြိမ်ကြိမ် ကျော်ဖြတ် လာခဲ့ပြီးသည့် နောက်၌ ပို၍ တည်ငြိမ် လာမိသည်။

ချင်းရှောင်သည် ရွှေရောင်နွားရိုင်း မိစ္ဆာသားရဲဘုရင် ထက်ပို၍ သန်စွမ်းနိုင်ခဲ့ မည်လော။

" ဓါးကျွန်ကောင်၊ မင်းက ဒီကို ဘာလာ လုပ်တာလဲ၊ မင်းရဲ့ မစ်ရှင်တွေကို ကျရှုံးကြောင်း သတင်းလာပို့ တာလား .....ဟားဟားဟား "

ချင်းရှောင် သည် လှောင်ပြောင်သည့် လေသံဖြင့် နူတ်ခမ်းတွန့်ကာ ပြုံးထားသည်။ သူက ဒီဓါးကျွန်ကောင်သည် အချိန်နှစ်လ အတွင်း ဝိညာဉ်အဆင့် မစ်ရှင်သုံးခုကို ပြီးမြောက်ရန် မဖြစ်နိုင်ဟု ယူဆလိုက်သည်။

၎င်းသည် ဂိုဏ်း၏ ပြင်ပထိပ်တန်းတပြည့် များကပင် တက်စွမ်းနိုင်သည့် အရာမဟုတ်ချေ။ ယန္တရားခန်းမနှင့် စည်းကမ်းထိန်းသိမ်းရေး လမ်းမတလျှောက် လင်းယွန်အား မည်သို့ အရှက်ခွဲ ရမည်ကို စဉ်းစားလာ ခဲ့ရသည်။

ဒီဓါးကျွန် အား ရှက်ရမည့် ဒီအခိုက်အတန့်ကို မြည်းစမ်းစေချင်ခဲ့သည်။

သို့သော် တိုက်ပွဲသည် သူထင်ထားသလို ဖြစ်မလာခဲ့ချေ။ လင်းယွန် က စကားတစ်ခွန်းမှ မပြောခဲ့ပဲ ချင်းရှောင်ထံ ခုန်ဝင်တိုက်ခိုက် လိုက်လေသည်။

ရုတ်တရက် တိုက်ခိုက်ခံလိုက်ရမှုသည် ချင်းရှောင် ကို အံ့အားသင့်သွားခဲ့ပြီး သူက ပြန်လည်ခုခံတိုက်ခိုက်ရန် အတွက် လျင်မြန်စွာဓါးကို ဆွဲထုတ်လိုက်သည်။

" ..မင်း သေချင်နေတာပဲ....ငါ့ရဲ့...ဓား.. ဓား... ''

သို့သော် လင်းယွန်သည် ချင်းရှောင်အား စကားဆုံးအောင်ပြောခွင့် မပြုခဲ့ပေ။ ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲဘုရင်သည် လင်းယွန်အား စကားပြောခွင့်ပြုခဲ့ပါက သူက တစ်ခွက်တဖလား သောက်ကာ အချိန်ဖြုန်းရန်ပင် လာဘ်ထိုးညှိနှိုင်း နိုင်ခဲ့ပေမည်။

လင်းယွန် ၏ လက်သီးသည် ချင်းရှောင်အား ဓါးကို ဆွဲထုတ်ရန် ခွင့်မပြုခဲ့ပေ။

'' ဘန်း.......''

ချင်းရှောင်သည် လေထဲ ဝဲပျံသွားလျက် မြေပြင်တလျှောက် တရွတ်တိုက်ကာ မီတာ(၅၀)ခန့် စွပ်ကြောင်းကြီးအား ကျန်ရစ်စေခဲ့သည်။

ချင်းရှောင် သည် သွေးတလုပ်အန်ချလိုက်ပြီး မတ်တပ်ထရပ်ရန် ရုန်းကန်ခဲ့ရသည်။ သူ၏ ပါးစပ်မှသွေးများ စီးကျလာလျက် နောက်ဆုံး ခွန်အားကို သုံး၍ စကားပြောရန် ခေါင်းကို မော့လိုက် သော်ငြားလည်း စကား တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ချေ။

၎င်းသည် သူ၏ အတွင်းအင်္ဂါများ ပြင်ပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်း မည်ပေ၏။

ချင်းရှောင် သည် လင်းယွန်အား အရှက်ရ စေမည့် စကားလုံးများဖြင့် လူပုံအလည် တိုက်ခိုက်လျက် သူ့၏အရှိန်အဝါကို အဆုံးအစွန် ထုတ်လွှတ်ကာ ဖျက်စီးခြင်း မိုးကြိုးလျှပ်စီးဓါး သိုင်းဖြင့် ဟန်ပါပါ ခြောက်လန့် အနိုင်ယူရန် စဉ်းစား ထားခဲ့သည်။

၎င်းသည် သူရဲကောင်းတစ်ယောက်လို ထည်ဝါဖို့ပင် ကြိုတင်တွေးတော နေခဲ့သည်။ သို့သော် ဓားကျွန်သည် သူ့အား အခွင့်အရေး မပေးခဲ့ချေ။

လင်းယွန် သည် အပြန်လမ်းခရီး၌ ကျန်ရှိနေသည့်သွေးသန့်စင်ခြင်း ဆေးလုံး များကို စားသုံးခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ သွေးသည် ချော်ရည်ပူများ ကဲ့သို့ သွေးပြန်ကြောများ၌ စီးဆင်းသွားလာ နေသည်။

ထို့ပြင်သူသည် လွန်ခဲ့သည့် နှစ်လက လင်းယွန်ထက် အဆပေါင်းများစွာ ယုံကြည်မှုရှိနေခဲ့ပြီး ၎င်းသည် ပြီးပြည့်စုံသော ကျားရိုင်းလက်သီးကို အပြည့်အဝ ပိုင်နိုင်နေခဲ့သည်။ ရန်သူတစ်ယောက်သည် သူ့အားသတ်ရန် ဓါးသွေးနေသည်ကို သဘောထားကြီးစွာ စောင့်ကြည့် မနေနိုင်ခဲ့ပေ။

'' ငါက မင်းရဲ့ဟန်ရေးပြ နေတာကို ပြီးအောင်စောင့်နေရမှာလား၊ အရူး... ''

လူအုပ်ကြီးသည် အံ့အားသင့်သွားကြသည်။ သူတို့သည် ချင်းရှောင်၏ နှစ်လကြာကြာ ကြိုးစားကြိမ်းဝါး နေခဲ့သည်ကြောင့် ပြင်းထန်သည့် ရန်ပွဲကိုကြည့်ရန် စိတ်လှုပ်ရှားနေခဲ့သည်။ အဆုံး၌ သူတို့၏ ဆန္ဒကို စိတ်ပျက်သွားစေသည်။

[ မင်းက နည်းနည်းလေးမှ မရှက်ဖူးလား..ဟမ် ဒီလိုအလစ်ဝင်တိုက်တာကို]

လင်းယွန် သည် စည်းကမ်းထိန်းသိမ်းရေး ခန်းမ တံခါးဝဆီသို့ လမ်းလျှောက်လာစဉ် အမှိုက်ပုံး တစ်ခုကို ပိတ်ကန်ပြီးနောက် လှောင်ပြောင်ရေရွတ်လိုက်သည်။

" ဓားကျွန် ကောင်... မင်းဘာပြော လိုက်တာလဲ "

လင်းယွန်၏ စကားကြောင့် ချင်းရှောင်သည် အံကိုကြိတ်လျက် လူသတ်ချင်သည့်ဆန္ဒကို ထိမ်းမရခဲ့ပဲ အော်ဟစ်မေးမြန်းလိုက်သည်။

ချင်းရှောင် အား တွဲထူရန် သူ့နောက်လိုက် များက အပြေးအလွှားလာပြီး ဖေးမလျက် လင်းယွန် အစားပြန်ဖြေလိုက်ကြသည်။

" စီနီယာအစ်ကိုကြီး၊ ဒီဓါးကျွန်က စီနီယာအစ်ကိုကြီးကို အမှိုက် လို့ခေါ် သွားတယ် "

'' .. ဘာ....''

'' ဟုတ်တယ် စီနီယာအစ်ကိုချင်း၊ ကျနော်လည်းကြားတယ် သူက စီနီယာအစ်ကို ကို အမှိုက် တဲ့ ''

'' သောက်...ပဲဟေ့၊ မင်း...က ..သောက် ပဲ ဟေ့ ''

နောက်လိုက်များ၏ စကားကြောင့် ချင်းရှောင် သည်သွေးတလုပ် အန်ချ ထွက်လာသည်။

သူ၏ ဖြူဖျော့နေသောမျက်နှာသည် အရှက်တရားများနှင့် ပြည့်နှက်သွားသည်။ သူ့မျက်နှာ၌ ရှက်စိတ်နှင့်ဒေါသကြောင့် ရဲရဲနီနေပြီး အရူးတစ်ယောက်လို ရုန်းကန် အော်ဟစ် နေသည်။

" သောက် ပဲ ဟေ့၊ ....ငါ-ငါ ... ငါ ..မင်းကို သတ် မယ် "

ထို့နောက်တွင် ချင်းရှောင် သည် အရုပ်ကြိုးပြတ် လဲကျ သေဆုံးသွားလေသည်။ အမုန်းတရားသည် သူ့နှလုံးသားအား ပေါက်ကွဲ သွားစေခဲ့ လေ၏။

***

All Chapters