← Chapters

ဆုလာဘ်။

Vol. 2 Ch. 26

ဆုလာဘ်။

Vol. 2 Ch. 26

ချင်းရှောင်သည် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သူက သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားမလည်မိ ခဲ့ချေ။

အခြေခံတည်ဆောက်ခြင်း ဆဌမအဆင့်၌ ရှိသည့် တစ်စုံ တစ်ယောက်သည် အဆင့်မြင့် နည်းစနစ်တစ်ခုအား အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်ထိ တိုးမြှင့်ဆုပ်ကိုင် ထားနိုင်ခဲ့ပြီး၊ ၎င်းသည် လင်းယွန် အား သိုင်းကွက် (၁၀၀)အတွင်း ဂုဏ်သိက္ခာရှိရှိ အနိုင်ယူ နိုင်ပေမည်။

သို့သော် ချင်းရှောင်သည် လင်းယွန်၏ အခြားတစ်ဖက်ကို မမြင်နိုင်ခဲ့ပဲ သူက ဓါးကိုတောင် ဆွဲထုတ်ရန် အခွင့်အရေး မရခဲ့သည်သာမက လက်သီးတစ်လုံးနှင့်ပင် ရှုံးနိမ့်သွားခဲ့ရာ ထိုခဏအတွင်း သူ့ကိုယ်သူ မုန်းတီးရုံသာ တတ်နိုင်ခဲ့လေသည်။

" လင်းယွန်က နှစ်လအတွင်း ဝိညာဉ်အဆင့် မစ်ရှင်ကို တကယ်ပြီးစီးပြီလို့ မင်းက မထင်ဘူး မဟုတ်လား။ "

" ဟုတ်တယ် နည်းလမ်းမရှိဘူး၊ ဝိညာဉ် အဆင့် မစ်ရှင်သုံးခုထဲမှာ ဓားပြ ကွမ်းယန် ကို သတ်ဖို့လည်း ပါတယ်။ ''

" ပြောနေကြာတယ်၊ ငါတို့ စည်းကမ်း ထိန်းသိမ်းရေး ခန်းမထဲကို လိုက်ကြည့်ရအောင် "

"ကောင်းပြီ၊ သွားကြစို့ ''

လူအုပ်ကြီးတစ်ခုလုံးသည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမထဲသို့ လိုက်ပါဝင်ရောက် ပျောက်ကွယ်သွားပြီး ချင်းရှောင် နှင့် သူ၏ အပေါင်းအသင်း များကို ချန်ရစ် ခဲ့လေသည်။

လင်းယွန် သည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ထဲသို့ ၀င်လာစဉ် တံခါးဖွင့်သံသည် ကျယ်လောင်သွားသည် ဖြစ်ရာ ခန်းမအတွင်းရှိ ဂိုဏ်းတပည့်များမှာ စိတ်အနှောက် အယှက် ဖြစ်လျက် လင်းယွန် ကို လှည့်ကြည့် လိုက်ကြ သည်။

၀ိညာဉ်အဆင့် မစ်ရှင်များသည် အလွန်ခက်ခဲပြီးပြင်ပတပည့်များအကြားတွင် ထိပ်ဆုံးဆယ်ယောက်သာ ၎င်းတို့ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

လင်းယွန် က ထိုဝိညာဉ်အဆင့် မစ်ရှင်သုံးခုလုံးကို လက်ခံရယူလိုက်ပြီးနောက် ထိုသတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သူ၏ လုပ်ရပ်များသည် ပြင်ပတပည့်များကြား ရှုပ်ထွေးသွားစေခဲ့သည်။

"ဓားကျွန် ပြန်လာပြီ"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

" သူက မစ်ရှင်တွေ ကျရှုံးခဲ့တယ်လို့ ငါပြောရဲတယ်"

"ငါတို့ မကြာခင်သိရလိမ့်မယ်၊ သူသာ မအောင်မြင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရ မှာပဲ ''

လူအုပ်ထံမှ လင်းယွန်ကို ကြည့်နေလျက် တီးတိုးဝေဖန်သံများသည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၌ လွှမ်းမိုးသွားသည်။

တစ်စုံတစ်ယောက်သည် ဤသို့ လျင်မြန်စွာ သန်မာကြီးထွားလာပါက လူတိုင်း၏အာရုံကို စွဲဆောင်သတိထားမိစေသည်မှာ သဘာဝပင် ဖြစ်သည်မဟုတ်ပါလော။

'' အမှိုက်ကောင် ငါ့ကို မတွန်းနဲ့ "

ရုတ်တရက် တွန်းတိုက် တိုးဝင်လာသည့် ပြင်ပတပည့် များကြောင့် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ အတွင်း၌ လူအုပ် ကြီးသည် လျှံထွက် စည်ကား လာလေသည်။

" ဘာလို့ လူတွေဒီလောက်အများကြီး ဒီမှာရှိနေရတာလဲ "

" ငတုံးကောင်...ဒီဓါးကျွန်က စီနီယာအစ်ကို ချင်းရှောင်ကို လက်သီးတစ်ချက်ထဲနဲ့ အနိုင်ယူ လိုက်တယ်ဆိုတာ မင်းမသိဖူးလား။ ''

".. မင်း .... ငါ့......နားများ တစ်ခုခု ဖြစ်နေလား "

'' အေးဟုတ်တယ် ...သောက်ပဲ ဟရောင် ငါ့စကားကို မယုံရင် ဒီမှာရှိတဲ့ လူတွေကို မေးကြည့် ဒီလူတစ်ဝက်လောက်က ငါနဲ့အတူရှိနေခဲ့တာ၊ စီနီယာအစ်ကို ချင်းရှောင်က ထတောင်မထနိုင်ခဲ့ဘူး။ ငါလာတဲ့အချိန်ထိ မြေပေါ်မှာ လှဲနေတုန်းဆိုတာ သေချာတယ်။ "

တီးတိုးစကားများက ဝေါခနဲဖြစ်သွားသည်။ လူများစွာသည် တစ်ပြိုင်နက်တည်း ပြောဆိုနေကြသဖြင့် ဆူညံသံကို ဖြစ်စေကာ အံသြဟန်များ ဖြစ်ပေါ်နေကြသည်။ သူတို့က ပြင်ပတပည့်များသာဖြစ်ရာ အရာရာသည် သူတို့အတွက် အသစ်အဆန်းဖြစ်စေပုံရသည်။

" အကြီးအကဲယန် .. ဒါက သွေးလီလီပန်း (၁၀) ပင်ပါ၊ စစ်ကြည့်ပါဦး။ ''

အကြီးအကဲယန် က ခေါင်းညိတ်လိုက်ပြီး လင်းယွန်ထံမှ သွေးလီလီပန်းထည့်ထားသည့် သေတ္တာကို လက်ခံယူလိုက်သည်။

'' အားလုံးက အမှားအယွင်းမရှိ၊ ပြီးပြည့်စုံတဲ့မစ်ရှင်ပါပဲ၊ ဒီမှာ မင်းရဲ့ ဆုလာဘ်၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၄၀၀)၊ ထပ်ဆောင်းအပိုဆုအနေနဲ့ မင်းက သွေးသန့်စင်ခြင်းဆေးလုံး တစ်လုံးကို ဂိုဏ်းကနေ ၀ယ်ပိုင်ခွင့် ရရှိမယ်။ ''

အကြီးအကဲယန်၏ ထပ်ဆောင်း ဆုလာဘ်ကြောင့် လူအုပ်ကြီးသည် မနာလိုစွာ ဝိုးခနဲ အော်ဟစ်လိုက်ကြသည်။

" အိုး.... သွေးသန့်စင်ခြင်းဆေးလုံး တစ်လုံး ဝယ်ယူခွင့်..တဲ့၊ ဒါက အတွင်းတပည့်တွေကသာ ရနိုင်မယ့် အခွင့်အရေးလို့ ငါသိထားတာ လေ။ ''

'' ငါ သာ သွေးသန့်စင်ခြင်းဆေးလုံးကို ဝယ်ယူခွင့်ရခဲ့ရင် အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်ကို ရောက်နှင့်နေပြီ။ ခုတော့.... ... "

" ..ငါက ဒီမစ်ရှင်မျိုးကို နောက်တစ်ကြိမ် လက်ခံယူဖို့ ဆုံးဖြတ်ထားတယ်။ "

" မင်းကလား.... စဉ်းတောင်မစားနဲ့၊ သွေးလီလီပန်းကို ကာကွယ်ပေးနေတဲ့ နတ်ဆိုးသားရဲကို ရင်ဆိုင်ဖို့မပြောနဲ့၊ ပန်းတစ်ရာချိုင့်ဝှမ်းကို တွေ့အောင်ရှာနိုင်ရင်ပဲ ကံကောင်းတယ်လို့ မှတ်လိုက်။ ''

ပြင်ပတပည့်များ၏ မနာလိုသည့် ဝေဖန်သံ များက လင်းယွန်ကို အနှောက် အယှက် မဖြစ်ခဲ့ချေ။

မီးလျှံကျား၏ ခြေသည်းများကို အကြီးအကဲယန်ဆီသို့ ထပ်မံပေးအပ်ခဲ့ပြီး အဆင့်နိမ့်ဝိညာဉ်ကျောက် တုံး (၆၀၀)ကို ဆုလာဘ်အဖြစ် သိမ်းယူခဲ့သည်။

နောက်ဆုံးမစ်ရှင်သည် ကွမ်းယန်ကို သတ်ခဲ့ကြောင်း သက်သေပြဖို့ပင်။

ကွမ်းယန် သည် မိုးကောင်းကင် နိုင်ငံ တစ်လျှောက် လူသိများခဲ့သည့် ဓါးပြတစ်ဦးပင် ဖြစ်ပြီး ၎င်းသည် ဂိုဏ်းလေးခု၏ တပည့်များက သူ့ကို အမဲလိုက်သတ်ဖြတ်ချင် ခဲ့ကြသော်လည်း မည်သူကမျှ မသတ်နိုင်ခဲ့ပေ။

ထို့ကြောင့်ပင် ဤဓားကျွန်သည် အောင်မြင်ရန် မဖြစ်နိုင်ပုံရချေ၏။

ရုတ်တရက် ပြင်းထန်သည် ဖိအား တစ်ခုသည် စည်းကမ်းထိန်းသိမ်းရေး ခန်းမ အပေါ်ထပ် လှေကားထံမှ ထွက်ပေါ်လာခဲ့သည်။ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦးသည် ပြုံးလျက်လှေကားမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။

" မင်္ဂလာပါ ခန်းမသခင် ''

ပြင်ပတပည့်များသည် သူတို့၏ လေးစားမှုကို ပြသရန် အရိုအသေပြု လိုက်ကြ၏။

"ထတော့ ထတော့ ...ငါတို့က မိသားစုတွေပဲ ဒီလောက်ဆိုရပါပြီ၊ ငါက သတင်းတစ်ခု ပြောမလို့ ဆင်းလာခဲ့တာပဲ "

ခန်းမသခင်ဝမ် က ပြုံးလိုက်ပြီးနောက် လင်းယွန်ကို စိုက်ကြည့်နေခဲ့သည်။

ခန်မသခင်ဝမ် သည် လူအများရှေ့၌ ထွက်ပေါ်လာခဲသည်။ သူက ကျင့်ကြံချင်းကိုသာ အာရုံစိုက်ထားပြီး စည်းကမ်းထိန်းသိမ်းရေး ခန်းမ၏ ကိစ္စကြီးငယ်မှန်သမျှအား အကြီးအကဲ ယန်ထံ လွှဲအပ်ထားခဲ့သည်။

" ဘာ လဲ ..."

" မင်းက ခန်းမသခင်ဝမ် ဆင်းလာတာက လင်းယွန်နဲ့ တစ်ခုခု သက်ဆိုင်တယ်လို့ ထင်နေတာလား။ "

ထိုသူသည် သူတို့၏ ထင်မြင်ယူဆချက် များကို ဆွေးနွေးရန် မစတင်မီ၌ပင် ခန်းမ သခင်ဝမ် က လင်းယွန် ရှေ့လျောက်လာပြီး။

" ပြင်ပတပည့် လင်းယွန် က ရေဖြူမြို့မှာ ဓားပြ ကွမ်းယန် ကို သတ်ခဲ့ပြီး၊ ငါတို့ဂိုဏ်းကို ဂုဏ်တက်စေခဲ့တယ်။ ဂိုဏ်းချုပ်ကြီးက ဒီသတင်းကြောင့် အရမ်းဝမ်းသာနေတယ်၊ သူက လင်းယွန်ကို ကြိုက်ရာ ဆုလာဘ်တစ်ခု တောင်းယူဖို့ ခွင့်ပြုလိုက်တယ်။ ''

''..............''

စည်းကမ်းထိန်းသိမ်းရေးခန်းမသည် ရုတ်တရက် ငြိမ်သက် တိတ်ဆိတ်သွား၏။

[ ဒီဓါးကျွန် က ဝိညာဉ်အဆင့် မစ်ရှင်သုံးခုလုံးကို ပြီးမြောက်ခဲ့ပြီး၊ ဂိုဏ်းချုပ်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရသည်သာမက ကွမ်းယန်ကို သတ်ကာ ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်နိုင်ခဲ့သည် တဲ့လား။ ]

၎င်းသည် ထိတ်လန့်စရာ ကောင်းသော်လည်း ပြင်ပတပည့်များအား တိုးတိတ်ဆွံ့အစေရန် လုံလောက်ခဲ့သည်။ ကွမ်းယန်သည် မိုးကောင်းကင်နိုင်ငံ တစ်ခုလုံးကို မဆင်မခြင် အမဲလိုက်ခဲ့သည်။ သူ၏ ဂုဏ်သတင်းသည် နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်။

မိုးကောင်းကင်နိုင်ငံ၏ အဓိက ထောက်တိုင်များဖြစ်သည့် ဂိုဏ်းခွဲလေးခု သည်ပင် တော်ဝင်မိသားစု၏ အကူအညီ တောင်းမှုဖြင့် သူ့ကို လိုက်လံ ရှာဖွေရန် လူများ စွာကို စေလွှတ် ခဲ့ရသည်။

မစ်ရှင်များ သတ်မှတ်ခဲ့ကြသည်။ သို့သော် ၎င်းဂိုဏ်းသားတပည့်များသည် ကွမ်းယန်၏ သားကောင်အဖြစ် အဆုံးသတ်သွား ကြလေ သည်။

ကွမ်းယန် သည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း အပါအဝင် ကျန်သည့် အခြားဂိုဏ်းသုံး ဂိုဏ်းမှ များစွာသော တပည့် များစွာကို သတ်ခဲ့သည်။

ထို့ကြောင့်ပင် ၎င်းအား သတ်နိုင်ခြင်းသည် အခြားဂိုဏ်းခွဲသုံးခုကို ကျော်၍ ဂိုဏ်တက်စေသည့် လုပ်ရပ်တစ်ခုသာ ဖြစ်သည်။ ထိုရလာဒ်သည် လင်းယွန်အား ဂိုဏ်းမှ ဆုလာဘ်တစ်ခုပေးရန်အထိ ကျေနပ်စရာဖြစ်စေခဲ့သည်။

" ဒီတပည့်က မိုးပြာရောင်ကောင်းကင်ဂိုဏ်း ရဲ့ အစေခံပါ ခန်းမသခင်ဝမ်၊ ဒါက သာမာန်တာဝန်လေးပါပဲ။ ''

လင်းယွန် က နှိမ့်ချစွာ ပြောလိုက် သော်ငြားလည်း ၎င်းသည် မည်မျှပင် နှိမ့်ချ စေကာမူ ကွမ်းယန်ကို သတ်ခြင်းဖြင့် သူ၏နာမည်အား မိုးကောင်းကင်နိုင်ငံ အနှံ့သို့ ပျံ့နှံ့သွားစေမည်။

'' သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဒီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကို မင်းရဲ့ဆုလာဘ် အဖြစ် ယူလိုက်ပါ၊ ပြီးတော့ မင်းက သိုင်းကျမ်းဆောင်မှာ ကြိုက်နှစ်သက်ရာ ရှန်ရှင်းအဆင့် သိုင်းနည်းစနစ်တစ်ခုကို ရွေးချယ်နိုင်တယ်။ ''

ခန်းမသခင်ဝမ် ၏ စကား များကြောင့် စည်ကမ်း ထိန်းသိမ်းရေး ခန်းမ ထဲရှိ မနာလိုမှုများဖြင့် တိတ်ဆိတ် သွားကြသည်။

'' ရှန်ရှင်းနယ်ပယ်သိုင်းနည်းစနစ် လား။ ''

၎င်း၏ တန်ဖိုးသည် မယုံကြည်နိုင်စရာ ဖြစ်ခဲ့သည်။ မည်သူမဆို ထိုအရာကို နားလည်နိုင်ပါက သူတို့၏ ရွယ်တူများ ကြားတွင် ပြိုင်ဘက်ကင်း ပေလိမ့်မည်။

သိုင်းကျမ်းဆောင် ရှိ ရှန်ရှင်းနယ်ပယ် အဆင့် ခန္ဓာကိုယ် ကျင့်ကြံခြင်းနှင့် သိုင်းကျင့်ကြံခြင်း နည်းစနစ်များ အားလုံး နီးပါးသည် မပြည့်စုံသည့် သိုင်းနည်း စနစ်များသာ ဖြစ်ခဲ့ပြီး ၎င်းသည် ရှန်ရှင်း သိုင်းနည်း စနစ်များမှ နိမ့်ဆင်းလာသည့် သိုင်းနည်း စနစ်များပင် ဖြစ်ပေသည်။

သို့သော် မည်မျှပင်မပြည့်စုံစေကာမူ ၎င်းသည် ရှန်ရှင်းနယ်ပယ်အဆင့် သိုင်းနည်းစနစ်များသာ ဖြစ်နေသေး၏။ တစ်စုံတစ်ယောက်သည် လျင်မြန်စွာ ကြီးထွား သန်မာလိုလျှင် ရှန်ရှင်းနယ်ပယ် သိုင်းနည်းစနစ် တစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။

'' ငါ့ နောက် လိုက်လာခဲ့ပါ လူငယ်လေး။ ''

ခန်းမသခင်ဝမ် က လှေကားထံ ပြန်လျှောက်သွားကာ သိုင်းကျမ်းဆောင်သို့ ဦးဆောင် ဝင်ရောက်သွားလေသည်။ လင်းယွန်က ခန်းမသခင်ဝမ် နောက်သို့ ထပ်ချပ်မခွာ လိုက်ပါသွားပြီး သူတို့နှစ်ဦးသည် သိုင်းကျမ်းဆောင်၏ အတွင်းခန်းထဲသို့ ထပ်မံဝင်ရောက်လိုက်ကြသည်။

" ရှန်ရှင်းအဆင့် သိုင်းနည်းစနစ်ကို လေ့ကျင့်ဖို့ဆိုရင် မင်းက ရှန်ရှင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် တစ်ခုခု ပိုင်ဆိုင်ထားဖို့လိုတယ်။ ငါတို့ဂိုဏ်းမှာ ပြီးပြည့်စုံတဲ့ရှန်ရှင်းအဆင့် သိုင်းနည်းစနစ်က နှစ်ခုပဲရှိတယ်၊ ဒါက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တယ်၊ ဒါပေမယ့် မင်းက လေ့ကျင့်ခွင့်မရှိဖူး၊ ဒီနည်းစနစ် နှစ်ခုက ဂိုဏ်းချုပ်သခင်နဲ့ အမွေခံ တပြည့် ကိုသာ ကျင့်ကြံခွင့်ပြု ထားတယ်၊''

'' ဒါပေမယ့် မင်း....စိတ်မပူပါနဲ့ မပြည့်စုံတဲ့ ရှန်ရှင်းနယ်ပယ်အဆင့် သိုင်းနည်းစနစ်တွေ အမြောက်အများရှိတယ်၊ မင်း...ကြိုက်ရာရွေး ယူလို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ရှန်ရှင်းသိုင်းနည်းစနစ်တွေပဲ မလား။ ''

'' ဒါပေမယ့် ဒီမပြည့်စုံတဲ့ ရှန်ရှင်းသိုင်းနည်းစနစ်တွေက ကျင့်ကြံဖို့ခက်ခဲတယ်၊ မင်းသာ အတင်းအကျပ် ကျင့်ကြံခဲ့မယ်ဆိုရင် မင်းခန္ဓာကိုယ်က ပေါက်ကွဲသေဆုံးနိုင်တယ်၊ 'ဒါဆို ဘာများအသုံးဝင်လို့လဲ' ...လို့ မေးလာခဲ့ရင် ငါ့မှာ အဖြေတစ်ခုပဲရှိတယ်။ ဒါက...... ''

'' မင်းက အားနည်း နေလို့ပဲ ''

ခန်းမသခင်ဝမ်၏ စကားသည် လင်းယွန်အားရှုပ်ထွေးသွားစေသည်။ သို့သော်သူက ပြန်လည်မေးမြန်းရန် ပျင်းရိနေခဲ့ပြီးနောက် ခန်းမသခင်ဝမ် စကားကိုသာ နားစွန့် ထားခဲ့သည်။

'' မင်းက လုံလောက်အောင် သန်မာလာတဲ့အခါ ငါ့စကားကို နားလည်လာ လိမ့်မယ်၊ ခုတော့ မပြည့်စုံတဲ့ သိုင်းနည်း စနစ်တစ်ခုကို ရွေးပြီး မင်းရဲ့ မျက်လုံးကို ကျယ်ပြန့် အောင်ဖွင့်ပါ၊ ပြီးရင် မင်းရဲ့ ဟောင်ရှင်းအဆင့် သိုင်းနည်းစနစ်တွေကို ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုအဆင့်ထိ လေ့ကျင့်ပါ၊ ဒါက ဒီနိူင်ငံငယ် လေးမှာ မင်းလုပ်နိူင်တာ အကုန်ပဲ။ ''

"ဟုတ်ကဲ့။ ဒီတပြည့် က မှတ်ထားပါမယ် "

လင်းယွန်၏အသံ၌ စိတ်ရှုပ်ထွေးသည့် ခံစားချက်များ ရောပြွန်းပါဝင် နေလေသည်။

'' ............. ''

လင်းယွန် သည် မပြည့်စုံသည့် ရှန်ရှင်းသိုင်းနည်းစနစ်များ၏ တန်ဖိုးကို သံသယဝင်စ ပြုလာသည်။

အခြားတပည့်များသည် သူ့အား မနာလိုဖြစ်သည်မှာအထင်အရှားဖြစ်သော်လည်း သူက စိတ်ပျက်လက်ပျက် ပြုံးလိုက်မိသည်။

ခန်းမသခင်ဝမ် ၏ ရှင်းပြချက်သည် လင်းယွန်အား ကူရာကယ်ရာမဲ့ စေခဲ့၏။ သို့သော် သူသည် စိတ်လှုပ်ရှား နေခဲ့သည်ကိုမူ မငြင်းနိုင်ခဲ့ချေ။

လင်းယွန် က ဆုလာဘ်ကို နားလည်လာသည် နှင့်အမျှ သူသည် ကမ္ဘာသစ် တစ်ခုကို ဖွင့်ရန် အခွင့်အရေး တစ်ခုဟုပင် ထင်မြင်ယူဆ နေမိသည်။

ရှန်ရှင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်များ၏ အစွမ်းကို သူက တစ်ကြိမ် ကြုံဖူးသည်။

သူတို့၏ လက်ညိုးတစ်ချောင်း သည်ပင် မီတာတစ်ထောင် အကွာ၌ တည်ရှိနေသည့် ပြိုင်ဘက် ဦးခေါင်းကို ဖြတ်ယူရန် ဓားအလင်း တစ်ချက် ထုတ်လွှတ် လိုက်ခြင်းဖြင့် လုံလောက် ပေသည်။

လက်သီးတစ်လုံးဖြင့် (၃) မီတာထူသည့် မြို့ရိုးကို ဖျက်ဆီးနိုင်သလို၊ မြစ်များအား လက်ဖဝါး တစ်ချက်ဖြင့်ပင် ရိုက်ခွဲနိုင်ပေသည်။

လင်းယွန် ၏ အကြည့်သည် ကျား-နဂါးလက်သီး အမည်ရှိ သိုင်းနည်းစနစ် မိတ္တူတစ်ခုပေါ် ကျရောက်သွားသည့် အခါ သူက ချက်ချင်းပင် အတွေးစများ ပြတ်တောက် သွားပြီး တစ်စုံတစ်ရာကို ခံစားလိုက်မိသည်။

"ဒါက ... "

'' ဒါက မပြည့်စုံတဲ့ ရှန်ရှင်းနည်းစနစ် တစ်ခုပဲ၊ ကျား-နဂါးလက်သီး သိုင်းနည်းစနစ် လို့ခေါ်တယ်၊ တိုက်ခိုက်ရေးနဲ့ ခုခံကာကွယ်မှု နှစ်မျိုးသုံးလို့ရတဲ့ မင်းရဲ့ ကျားရိုင်း လက်သီး (၁၈) ကွက် က၊ ဒီကျား-နဂါးလက်သီး သိုင်းနည်း စနစ်ရဲ့ အခွဲနည်းစနစ်ငယ် တစ်ခုပဲ ''

ခန်းမသခင်ဝမ်က စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။

'' ဒါဆို ဒီနည်းစနစ်ကို ယူပါရစေ"

လင်းယွန် သည် မဆိုင်းမတွပဲ၊ သူ့ရွေးချယ်မှုကိုပြုလုပ်ခဲ့သည်။ သူ၏ ကျားရိုင်းလက်သီးသည် ပြီးပြည့်စုံသည့်အဆင့် သို့ ရောက်ရှိနေသည်ဖြစ်ရာ ၎င်းသည် သူလိုအပ် နေသည့် အရာသာဖြစ်သည်ဟု သေချာနေခဲ့လေသည်။

***

All Chapters