← Chapters

အမြုတေ။

Vol. 2 Ch. 27

အမြုတေ။

Vol. 2 Ch. 27

ကျား-နဂါးလက်သီးအား လက်တွေ့ ကျင့်ကြံခြင်းမပြုရန် လင်းယွန်ကို သတိပေးလာခဲ့သည်။ ခန်းမသခင်ဝမ် က ကျား-နဂါးလက်သီး သိုင်းနည်းစနစ်ကို လင်းယွန်ထံပေးအပ်လိုက်ပြီးနောက်၊

'' လွန်ခဲ့တဲနှစ်တွေက ငါ့ သတိပေးချက်ကို မလိုက်နာပဲ၊ မပြည့်စုံတဲ့ ရှန်ရှင်းသိုင်း နည်းစနစ် တွေကို လေ့ကျင့်ခဲ့တဲ့ အတွင်းတပြည့် တစ်ယောက် ရှိဖူးတယ်၊ နောက်ဆုံးမှာတော့ သူက ခန္ဓာကိုယ်ပေါက်ကွဲ သေဆုံးခဲ့ရတယ်၊ မင်းရဲ့ ကျင့်ကြံခြင်းအုတ်မြစ်ကို အခြေခိုင်အောင်လုပ်ပြီး ကျင့်ကြံမှုနယ်ပယ်မှာ ထိုးထွင်းနားလည်မှု ရအောင်လုပ် ဖို့အတွက် အထောက်အကူတစ်ခုလို့ပဲ မှတ်ယူထားပါ၊ ဒါက ငါသတိပေးနိုင်တာ အကုန်ပဲ။ ''

" ဂရုစိုက် သင်ပြမှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ ခန်းမသခင်ဝမ် "

လင်းယွန် က သိုင်းနည်းစနစ်ကို လက်ခံရရှိချိန်၌ လေးနက်စွာ ဦးညွတ် ပြန်ဖြေလိုက်သည်။ မပြည့်စုံသည့် ရှန်ရှင်း သိုင်းနည်းစနစ်။ ၎င်းသည် ရှန်ရှင်း-တပိုင်း သိုင်းနည်းစနစ်များသာ ဖြစ်သည်။

သန်မာသည့်ဂိုဏ်းကြီးများသည် ရှန်ရှင်းသိုင်းနည်းစနစ် များ ပိုင်ဆိုင် ထားကြ သော်လည်း ၎င်းသည် ဂိုဏ်းငယ်များအတွက် အိမ်မက်တစ်ခုသာဖြစ်ခဲ့သည်။

'' မင်းက ပင်မဂိုဏ်းကြီးတွေရဲ့ လက်အောက်ကို ခိုဝင်နိုင်ပြီး ဂိုဏ်းကြီးတွေရဲ့ အကျိုးအမြတ်ကို စွမ်းဆောင်ပေးနိုင်ခဲ့ရင် သူတို့က မင်းကို ကူညီထောက်ပံ့တဲ့အနေနဲ့ ရှန်ရှင်းသိုင်းနည်းစနစ်တွေကို ကျင့်ကြံဖို့ ချီးမြှင့်လာလိမ့်မယ်၊ ဒါပေမယ့် အဲဒီ ရှန်ရှင်း သိုင်းနည်း စနစ်တွေရဲ့ အရေးကြီးတဲ့ အပိုင်းတွေတော့ ပါလာမှာမဟုတ်ဘူး၊ ဒါက ရှန်ရှင်း သိုင်းနည်းစနစ်တစ်ခုပဲမလား ။ ဒါကိုက မင်းအတွက် ဂုဏ်ယူစရာ ချီးမြောက်ရခံမှုပဲ။ ဒီသိုင်းကျမ်းဆောင် ထဲက ရှန်ရှင်း-တပိုင်း သိုင်းနည်းစနစ်တွေ အများစုက ငါတို့ဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရရှိခဲ့တဲ့ ဆုလာဘ်တွေပဲ။ ''

၎င်းသည် သူခိုးတစ်ယောက်အား ရွှေတိုက်စိုး အဖြစ် ခန့်အပ်ခြင်းနှင့်တူပေသည်။ ကိုယ်တိုင် ကျင့်ကြံနိူင်ခြင်း မရှိသည့် အဆင့်မြင့် သိုင်းနည်း စနစ်များသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း ၌ပင် အမြင့်ဆုံးအာဏာကို ပိုင်စိုး ထား၏။

သူက ကူရာကယ်ရာမဲ့စွာ သက်ပြင်းချ လိုက်သည်။ ခန်းမသခင်ဝမ် သည် လင်းယန် အားပြုံးကြည့်ကာ ခေါင်းညိတ်လိုက်မိသည်။

သူက ၎င်းအား နှစ်စဉ် အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသဖြင့် ထူးထွေစွာ စကားမဆိုတော့ပဲ...

'' မင်း သွားနိုင်ပြီ၊ နှစ်လယ်စစ်ဆေးပွဲက နောက်နှစ်ရက် နေရင် 'စ' လိမ့်မယ်၊ မင်းက ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ ဆိုတာကို ..... ငါ စောင့်မျှော်နေမယ်။ ''

" ကျေးဇူးတင်ပါတယ် ခန်းမသခင်ဝမ် "

လင်းယွန် သည် သိုင်းကျမ်းဆောင်မှ ထွက်ခွာသွားသည်။ သူသည် အကြီးအကဲယန် ထံသို့ပြန်လာခဲ့ပြီး သွေးသန့်စင်ခြင်းဆေးလုံးကို ၀ယ်ယူလိုက် သည်။

'' မင်းက အခွင့်အရေးတစ်ကြိမ်ပဲရှိတယ် ပြီးတော့ တစ်လုံးပဲ ဝယ်ယူခွင်ရမယ်၊ တန်ဖိုးက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး (၅၀၀) ''

အကြီးအကဲယန် သည် လင်းယွန် အပေါ်၌ သူ၏ ထင်မြင်ယူဆချက်သည် ပြောင်းလဲ သွားခဲ့သည်။ လင်းယွန် သည် သူ့ထင်ထားသည် ထက်ပို၍ သန်မာခဲ့ပြီး အကြီးအကဲယန် ကိုယ်တိုင်ပင် ထိုကောင်လေးအား သေရှင် တိုက်ပွဲတစ်ခု၌ အနိုင်ယူနိူင်ရန် ယုံကြည်မှု မသေချာခဲ့ပေ။

ထို့အပြင် လင်းယွန်သည် ပြင်ပတပည့် ဖြစ်လာခဲ့သည်မှာ သုံးလသာ ရှိသေးသည်။ အတိတ်တွင် သူ၏ ဖိအားပေးမှုအချို့အတွက် အာဃာတ မထားခဲ့သည်ကိုပင် ကျေးဇူးတင် နေမိသည်။

( အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ထဲလား)

လွန်ခဲ့သည့်ရက်အနည်းငယ်၌ ရတနာခန်းမတွင် သူပေးချေ ခဲ့ရသည့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀၀) ကို စဉ်းစားမိပြီးနောက် လင်းယွန် ၏ နှလုံးသားသည် နာကျင်တုန်လှုပ်သွားသည်။

၎င်းသည် မြင့်မားသည့် စျေးနှုန်းပေးချေ ရမည်ဟု သိရှိထား ခဲ့သော်လည်း ဤမျှ တန်ဖိုးသည် သူ့အား နာကျင်နေဆဲဖြစ်သည်။

စည်းကမ်း ထိန်းသိမ်းရေးခန်းမရှိ ပြင်ပ တပည့်များသည် မနာလို၀န်တိုခြင်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ငေးကြည့် နေကြသည်။

လင်းယွန် သည် သူ၏သစ်သားအိမ်သို့ ပြန်ရောက်လာသည့်အခါ မူလလင်းယွန် အတွက် စိတ်မကောင်း ဖြစ်ခဲ့မိသည်။

မူလလင်းယွန်၏ တစ်ခုတည်းသော ပိုင်ဆိုင်မှု ဖြစ်ပေသည်။ သို့သော် ၎င်းသစ်သား အိမ်သည် ပြာပုံအတိအဖြစ် ပြောင်းလဲ သွားခဲ့ သည်။

လင်းယွန်က ပြာပုံဝန်းကျင်အား လှည့်ပတ်အကဲခတ်နေစဉ် တစ်စုံ တစ်ယောက်သည် မလှမ်းမကမ်း အရပ်၌ ဖြတ်သွား သည်ဖြစ်ရာ သူက အော်ခေါ်လိုက်ပြီး "

'' ညီအစ်ကို ဒီမှာ ဘာဖြစ်ခဲ့တာလဲ သိလား ''

'' စီနီယာအစ်ကိုလင်း ငါ စိတ်မကောင်းပါဖူး၊ ဒါက စီနီယာအစ်ကိုချင်းရှောင် က မင်းအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ ''

ပြင်ပတပြည့် သည် ပြာပုံကိုကြည့်ကာ လေးနက်စွာ ပြန်ဖြေခဲ့သည်။ သူက ပြင်ပတပြည့် အဖြစ်ဂိုဏ်း၌ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး လင်းယွန်သည် မကြာသေးခင်မှပင် ပြင်ပတပြည့်ဖြစ်လာခဲ့ပြီး ဂျူနီယာ တစ်ယောက်ပင် ဖြစ်သော်လည်း လင်းယွန်၏ ဂုဏ်သတင်းအရ သူက စီနီယာအဖြစ် အသိအမှတ်ပြုလိုက်ရသည်။

လင်းယွန် က ချင်းရှောင်အား ထိုးနှက်ခဲ့သည့် သူ၏ နောက်ဆုံးလက်သီးသည် ထို့ထက်ပို၍ ပြင်းခဲ့ရမည်ဟု အံကြိတ်ရေရွတ်လိုက်မိသည်။

ပြင်ပတပည့် က ဆက်၍၊

'' စီနီယာအစ်ကိုလင်း၊ မင်းက ဂိုဏ်းကနေ အိမ်အသစ်တစ်လုံး လျှောက်ထားနိုင်ပါတယ်။ ''

လင်းယွန် က ထိုပြင်ပတပြည့်အား ရင်းနှီးစွာ ပြုံးပြလိုက်ပြီး ၊

'' ကျေးဇူးတင်ပါတယ် ညီအစ်ကို ငါ စဉ်းစားလိုက်ပါမယ်။ "

"ဒါဆို ငါ ..သွားလိုက် ဦးမယ် စီနီယာအစ်ကိုလင်း "

လင်းယွန်တစ်ယောက်တည်း အချိန်အနည်း ငယ်ကြာ ပြာပုံကို ရှင်းနေမိသည်။

သာမာန်တပြည့် သက်တမ်း နှစ်နှစ်တာ ကာလပြည့်ကာ ဓားကျွန် ဖြစ်လာပြီးနောက် မူလလင်းယွန်သည် ဂိုဏ်းပိုင်အိပ်ဆောင်များမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။

သူသည်ကျောချရန် နေရာတစ်နေရာ လိုအပ်ခဲ့သော်လည်း ဂိုဏ်းကတောင်းဆိုသည့် တန်ဖိုးပေးချေရန် မတတ်နိုင်ခဲ့သဖြင့် အဆုံး၌ သူသည် လူ ဆိတ်ညံရာအရပ်သို့ထွက်လာပြီး သစ်သားတဲ တစ်လုံးကို သူကိုယ်တိုင် ဆောက်လုပ်ခဲ့ရသည်။

၎င်းသည် ကောင်းမွန်သည် မဟုတ်ပေမယ့် မူလလင်းယွန်အား လေနှင့်မိုးဒဏ်ကို ကာကွယ် ပေးခဲ့ပြီး အရေးအကြီးဆုံးမှာ တစ်စုံ တစ်ယောက်သည် သူအား အလွယ်တကူ ခေါ်ယူနိုင်သည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

မူလလင်းယွန်သည် ဤနေရာ၌ ဓါးကျွန်ဘဝကို စတင်ခဲ့ကာ ခက်ခဲ့သည့် နှစ်နှစ်တာ ကာလအား ကြိတ်မှိတ်ဖြတ်သန်း နေခဲ့ရပေမည်။

''ဒါလည်း ကောင်းတယ်၊ ခု...မင်းက ဓါးကျွန် မဟုတ်တော့ဖူး၊ ဒီနေရာမှာ မင်း..ခံစား ကြိတ်ငို ခဲ့ရသမျှ ကမ္ဘာကြီးကို လက်စားချေကြရအောင်။ ''

သူက ကြုံးဝါးလိုက်ပေမယ့် ပြာပုံ အတိ နေရာကို စွန့်ခွာဖို့ တွန့်ဆုတ်နေခဲ့သည်။ ဤနေရာတွင် ဂိုဏ်း၏ ပုလဲရတနာ ဆုစီယာ ကို လူအုပ်ကြားမှ ငေးကြည့်အိပ်မက် မက်ခဲ့ရသည့် ဓါးကျွန်၏ပုံရိပ်အချို့ လွင့်ပါး ပြောက်ကွယ် သွားခဲ့သည်။

အချစ်သည် ဘဝကို ရှုပ်ထွေးစေ၏။

ဆုစီယာ၊ မူလ လင်းယွန်။ မည်သူက ရှုပ်ထွေးစေခဲ့သနည်း။

( '' သူတောင်းစားတောင်၊ နတ်သမီးကို အိပ်မက် မက်ခွင့်ရှိတယ်။ '' )

လင်းယွန် က နှလုံးသား၏အနက်ရှိုင်းဆုံး နေရာမှ ခပ်ဖျော့ဖျော့ထွက်ပေါ်လာသည့် မူလလင်းယွန်၏ ဆန္ဒကို နှစ်သိမ့်လိုက်သည်။ လင်းယွန်က အဝေးကိုကြည့်နေရင်း ခဏမျှ တိတ်ဆိတ်ပြီးနောက် တဲအသစ် တစ်လုံး တည်ဆောက်ရန် လိုအပ်သည့်ပစ္စည်းများ ရှာဖွေဖို့ ထွက်ခွာသွားခဲ့သည်။

လင်းယွန် သည် ကျားနဂါးလက်သီး ကို လေ့ကျင့်ရန် အချိန်မရှိခဲ့ပေ။ ၎င်းသည် အလွန်ရှုပ်ထွေးပြီး သူသာ မဆင်မချင် ကျင့်ကြံမိပါက သူ၏ ခွန်အားကို လျော့ကျစေနိုင်သည်။

လင်းယွန် သည် အကြီးအကဲယန် ထံမှ ၀ ယ်ယူခဲ့သည့် သွေးသန့်စင်ခြင်းဆေးလုံးကို ဂရုတစိုက်သိမ်းထုပ်ပြီးနောက် အမည်ခံနတ်ဆိုးသားရဲ အစွယ်ရှည်ကျား၏ အမြုတေကို ပြန်လည်ထုတ်ယူလိုက်သည်။

'' ချပ်... ''

အမည်ခံနတ်ဆိုးသားရဲ အမြုတေသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို ဝုန်းခနဲ ထုတ်လွှတ်လာသည်။ ၎င်းသည် နတ်ဆိုးတစ်ပါး ကမ္ဘာမြေကို သိမ်းပိုက်ရန်ဆန္ဒတစ်ခု ထုတ်ဖော်ခြင်း နှင့်တူလျက် အလွန်လွှမ်းမိုး နိုင်စွမ်း ကြီးမားခဲ့သည်။

သွေးမီးလျှံစပါးအုံးမြွေ သည် နတ်ဆိုးသားရဲဖြစ်သော်ငြားလည်း ၎င်းသည် သားရဲအမြုတေကို မဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မချိတင်ကဲဖြစ်ခဲ့ပြီး မချိပြုံး ပြုံးလိုက်မိသည်။

၎င်းသည် နတ်ဆိုးသားရဲ (၁၀)ကောင် ဖြစ်ခဲ့ပြီး အမြုတေသာ ဖွဲ့စည်းနိုင်ခဲ့ပါက လင်းယွန် အတွက် ထိတ်လန့်ဖွယ်ရာ ရိတ်သိမ်းနိုင်မှုများဖြစ် လာနိုင်ပေမည်။

'' အမှိုက်ကောင် သားရဲတွေ ''

လင်းယွန် ၏ ရေရွတ်သံအား သွေးမီးလျှံစပါးအုံးမြွေ သာ ကြားခဲ့ပါက သွေးအန်ကာ သေဆုံးသွားပေလိမ့်မည်။ မည်သူက နတ်ဆိုးသားရဲများအား အမှိုက်ကောင်ဟု ခေါ်ဝံ့သနည်း။

နှစ်ရက်အတွင်း အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမ အဆင့်သို့ ရောက်ရှိရန် အပူတပြင်း လိုအပ် နေခဲ့ပြီး ၎င်းသည် ဖိအားတစ်ခုလို လင်းယွန် အား တွန်းအား ပေးလာစေသည်။

သွေးသန့်စင်ခြင်းဆေးလုံးများ အား အသုံးပြုရန် စဉ်းစား မိခဲ့သော်လည်း အောင်မြင်ဖို့ အလား အလာ နည်းပါး လွန်သည်ကို သတိပြုမိသည်။

၎င်းသည် ရက်ပိုင်းအတွင်း သွေးသန့်စင်ခြင်းဆေးလုံး ငါးလုံးကို အသုံးပြုခဲ့ရသည်။

ထိုအရာသည် တစ်စုံတစ်ယောက်သာ တွေ့မြင်ခဲ့ပါက လင်းယွန်အား ဖြုန်းတီး လွန်းသည့် အတွက် အတောမသတ် လာရောက် ထိုးနှက် ပေလိမ့်မည်။

ထို့ကြောင့် သူသည် သွေးမီးလျှံစပါးအုံးမြွေ၏ အမြုတေကို စားသုံးရန် ဆုံးဖြတ်လိုက်မိသည်။ ၎င်းသည် ပို၍ပင် ဖြုန်းတီးရာကြခဲ့ပေရာ လာရောက်ထိုးနှက်မည့် တစ်စုံ တစ်ယောက်သည် နှမျောဒေါသဖြင့် နှလုံးကွဲအက် သေဆုံး သွားပေမည်။

ထို့အပြင် ၎င်းသည် အခြေခံ တည်ဆောက်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူများအတွက် တို့ထိနိုင်သည့် အရာမဟုတ်ချေ။

အသက်ပြင်းပြင်းရှုပြီးနောက် လင်းယွန် သည် သားရဲအမြုတေကို မျိုချလိုက်သည်။

'' .....အု.....''

'' အုန်း.....''

သားရဲအမြုတေသည် ပါးစပ်မှတဆင့် သူ၏အူလမ်းကြောင်း တလျှောက် ဖြတ်သန်းကာ စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။

အစွယ်ရှည်ကျား၏ ဒေါသနှင့် ဆန္ဒများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ အားကို တိုက်ခိုက်လိုက်ပြီးနောက် နှလုံးသားဆီသို့ သတ်ဖြတ်ချင်း ဆန္ဒတစ်ခုကို ပို့လွှတ်လာသည်။

ထို့နောက်တွင် လင်းယွန် ၏ အရှိန်အဝါ၌ ကြက်သွေးရောင်ရင့်ရင့် အခိုးအငွေ့များ တရှိန်ရှိန်တိုးထွက်လာလျက် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများအား တိုက်ခိုက်နေခဲ့သည်။

သားရဲအမြုတေ၏ ဆန္ဒကို ထိန်းချုပ်ရန် ယန်သန့်စင်ခြင်းနည်းစနစ်ကို ထုတ်ဖော်လျက် ခန္ဓာကိုယ်အတွင်း စွမ်းအင်စီးကြောင်းတစ်ခုကို လှည့်ပါတ်ထားလိုက်သည်။

၎င်းသည် မလှုပ်မယှက် ငြိမ်သက်လျက် သူ၏ မျက်နှာအရောင်သည် အဖြူနှင့် အနီ တလှည့်စီ ပြောင်းလဲနေခဲ့ပြီး တစ်ခါတစ်ရံတွင် အနက်ရောင်များပင် တောက်ပနေ တက်သည်။

တခါတရံ အခြေအနေတွင် သားရဲ အမြုတေ၏ ဆန္ဒကို ထိန်းချုပ်ရာ၌ အနည်းငယ် လွတ်ထွက်သွားလေရာ လင်းယွန် သည် သွေးတလုပ် အန်ချလိုက်ရပြီး နာကျင်မှုကို ကြိတ်မှိတ်ခံလိုက်ရလေသည်။

'' ငါ က လောဘကြီးတဲ့ ဝက်တစ်ကောင်ပဲ.. '

All Chapters