← Chapters

သိုင်းကွက် သုံးကွက်။

Vol. 2 Ch. 28

သိုင်းကွက် သုံးကွက်။

Vol. 2 Ch. 28

လင်းယွန်၏ ခန္ဓာကိုယ်သည် အက်ကွဲလာ ခဲ့ပြီး သူ့နှလုံးသည် ကြောက်ရွံ့စွာ တုန်ခါနေခဲ့ သော်လည်း တုံ့ပြန်မှုကို ရပ်တန့်ရန် သူ၌ အင်အား မရှိချေ။

ဤအချိန်တွင် တစ်ခု တည်းသော အရာမှာ စိတ်ရှည်ရှည် စောင့်ဆိုင်းပြီး နတ်ဆိုးသားရဲ အမြုတေမှ စွမ်းအင် များကို ဖြည်းဖြည်းချင်း ချေဖျက်ရန် ဖြစ်သည်။

ကံမကောင်း စွာဖြင့်ပင် စွမ်းအင် ပမာဏသည် ပိုမိုအားကောင်း လာသည်နှင့်အမျှ ပို၍ ခက်ခဲလာသည်။

ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက် နေသည့် အရာအားလုံးကို အာရုံစိုက်နေချိန်တွင် အချိန်သည် တရွေ့ရွေ့ကုန်ဆုံးလာ ခဲ့ပြီး နှစ်ရက်တာကို ကုန်လွန်ခဲ့ ပေသည်။

.........................။

မိုးပြာရောင်ကောင်းကင် ဂိုဏ်း။

အတွင်းတပည့် ဝင်ခွင့် စစ်ဆေးပွဲ။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ သိုင်းရင်ပြင် ၌ ပြင်ပတပည့် များအပြင်၊ အတွင်းတပည့်အချို့ပါ စုရုံးနေခဲ့ကြသည်။ သိုင်းစင်မြင့်များပေါ်တွင် ပထမအကျော့ တိုက်ပွဲများ 'စ' တင် တိုက်ခိုက်နေ၏။

ဂိုဏ်း၏ ပြင်ပတပည့်များသည် စုစုပေါင်း နှစ်ထောင်မှသုံးထောင် ခန့်ရှိပြီး ၎င်းတို့အားလုံးသည် အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြင်ပတပည့်များသည် သူတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များကို မျဉ်းတစ်ကြောင်းထဲ၌ တင်ထားလိုက်ကြသည်။

၎င်းသည် အတွင်းတပည့်ဖြစ်ရန် အခွင့်အရေးတစ်ခုဖြစ်ခဲ့ပြီး သူတို့သာ အောင်မြင် ခဲ့ပါက မိုးကောင်းကင် တစ်နိုင်လုံး ၌ပင် မြင့်မားသည့် ဂုဏ်သရေနှင့် အထောက် အပံ့များ ရရှိလာ ပေမည်။

ဝင်ခွင့်စစ်ဆေးပွဲ ကျင်းပရာနေရာ၏ အလယ်ဗဟိုရှိအဓိက ဇာတ်စင်အနီး၌ လူအုပ်ကြီးသည် စုဝေးနေကြသည်။ စုဝေးသူ အများစုသည် ပွဲစဉ်များပြီးခဲ့သော်လည်း နောက်လာမည့်ပွဲအား စောင့်မျှော်ကြည့်ရှုရန် စောင့်ဆိုင်းနေကြ သူများ ဖြစ်သည်။

စင်မြင့်ထက် တစ်နေရာတွင် ပြင်ပတပည့် လျန်ဝမ်းဘို သည် ဒိုင်အကြီးအကဲ၏ အနား၌ ရပ်နေသ

သူသည် ပုံမှန်အားဖြင့် သာမာန်ပြင်ပ တပည့်တစ်ဦးသာ ဖြစ်ခဲ့ပြီး လူအုပ်ကြီးသည် ၎င်းတပည့်အား ကြည့်လျက် စိတ်လှုပ်ရှား နေခဲ့ကြသည်။

လူအုပ်ကြီး၏ စိတ်ဝင်စားမှုသည် အဆိုပါ လျန်ဝမ်းဘို ထံ၌ မရှိခဲ့ပဲ သူ၏ပြိုင်ဘက် ဖြစ်သူ ကြောင့်သာ စုရုံးရောက်ရှိ နေကြခြင်းပင် ဖြစ်ပေသည်။

" လျန်ဝမ်းဘို ရဲ့ ပြိုင်ဘက်က လင်းယွန် မဟုတ် လား။ "

"ဒီ လင်းယွန်က ဘာဖြစ်နေတာလဲ။ ဒီလိုပွဲမျိုးကိုတောင် နောက်ကျ ပျက်ကွက်ရဲတာလား။ ''

ကျယ်လောင်သည့် ဝေဖန်သံများကြောင့် သိုင်းရင်ပြင်သည် ဆူညံသွားသည်။

လျန်ဝမ်းဘို သည် စိတ်မရှည်ခဲ့ပဲ ဒိုင်အကြီးအကဲ ဘက်သို့လှည့်ကာ၊

" ဘယ်လောက် ကြာကြာစောင့်ရမှာ လဲ"

ဟုမေးလိုက်သည်။

'' အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ရဲ့ တဝက် ကြာလို့မှ သူမရောက်ရင် မင်းနောက်တစ်ဆင့် တက်နိုင်ပါပြီ ''

" ဓားကျွန် တစ်ကြိမ်ဖြစ်ဖူးသွားရင်၊ အမြဲတမ်း ဓားကျွန် တစ်ယောက်ပဲ။ ''

လျူဝမ်းဘို က စိတ်ပျက်လက်ပျက် ညီးထွားလိုက်ပြီး စင်မြင့်တစ်နေရာ၌ လောင်ကျွမ်းနေသည့် အမွှေးတိုင်ကို စောင့်ကြည့်နေခဲ့သည်။

၎င်းသည် တဝက်တိတိပြာကျရန် အနည်းသာ လိုအပ်နေခဲ့ရာ သူက ခပ်ပြုံးပြုံးဖြင့် ရယ်မောလိုက်သည်။

" ဒီပွဲမှာ ငါက ဓါးကျွန်ကို ရိုက်ခွင့် မရခဲ့ဖူးပဲ။ ငါ အနိုင်ရပုံ ရတယ် "

သို့သော် လျန်ဝမ်းဘို စကားဆုံးသည်နှင့် လူအုပ်ကြီးသည် လှုပ်ရှားမှုများဖြစ်ခဲ့ပြီး လူအုပ်အလယ်၌ စွပ်ကြောင်းတစ်ခု ပွင့်ထွက်လာလျက် ထိုလမ်းမပေါ်မှ လူငယ်တစ်ယောက်သည် တည်ငြိမ်စွာ လျှောက်လှမ်း လာလေသည်။

" ဒီမှာ လင်းယွန် ပဲ ''

အရောင်များ ဖျော့ဖျော့လွင့်နေသည့် အပြာရောင်ပြင်ပတပည့် ဝတ်ရုံကို ဆင်မြန်း ထားသော လူတစ်ယောက်သည် စင်မြင့် ထက်သို့ အေးအေး လူလူ လမ်းလျှောက် လာခဲ့ပြီး ထိုသူသည် ခြေလက်များအား မြှောက်ကာ အညောင်းဆန့်နေခဲ့သည်။

ဒိုင်အကြီးအကဲနှင့် လျန်ဝမ်းဘို သည် လင်းယွန်၏ ဟန်အမူအရာကြောင့် မျက်မှောင်ကြုပ် လိုက်သည်။ လျန်ဝမ်းဘို က အလိုမကျဟန်ဖြင့် ရေရွတ်လိုက်သည်။

'' ဘယ်လောက်တောင်၊ မောက်မာလိုက်တဲ့ ဓါးကျွန် လဲ။ ''

လင်းယွန် က လျန်ဝမ်းဘို အား လျစ်လျူရှုလျက် စင်မြင့်ထက်သို့ ခုန်တက် လိုက်ပြီးနောက် ဒိုင်အကြီးအကဲ ထံသို့ ဦးညွှတ် လိုက်သည်။

"နောက်ကျခဲ့တဲ့ အတွက် တောင်းပန် ပါတယ်။ ''

'' စည်းမျဉ်းတွေအရ၊ မင်းက နောက်ကျပေမယ့်၊ ဆက်လက် ဝင်ပြိုင်ခွင့် ရှိတယ်၊ ဒါပေမယ့် မင်းရဲ့နောက်ကျမှုကြောင့် မင်းက ပြိုင်ဘက်ဆီ ကနေ သိုင်းကွက် သုံးကွက်ကို လက်ခံ ကာကွယ်ရမယ်။ ''

အကြီးအကဲ၏ စကားကို ကျေကျေနပ်နပ်ပင် ခေါင်းညိတ် သဘောတူလိုက်သည်။

လျန်ဝမ်းဘို က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ လင်းယွန်၏ အချိန်မှီ ရောက်ရှိလာမှုကြောင့် တိုက်ခိုက်စရာမလိုပဲ အောင်ပွဲခံရန် စဉ်းစားထားသော စိတ်ကူးသည် ပျောက်ကွယ်သွားသော်လည်း သူက သိုင်းကွက်သုံးကွက်အား ဦးဆောင်ခွင့် ရရှိခဲ့သည်။

အဆင့်တူချင်း ရင်ဆိုင်ရာ၌ သိုင်းကွက် သုံးကွက်သည် လုံလောက်သည် ထက်ပင် ပိုပေသည်။

'' မင်းက အမှိုက်ကောင် ချင်းရှောင်ကို အနိုင်ယူနိုင်ခဲ့တာ ငါကြားမိတယ်။ ဒါနဲ့ပဲ မင်းက ဒီနေ့၊ ဒီစင်၊ ဒီလူအုပ် ရှေ့မှာ ငါ့ကို အနိုင်ယူ နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ထင်နေ တာလား။ ဟားဟားဟား မင်းကို ကောင်းကင်နဲ့ မြေကြီး ဘယ်လောက် နက်တယ် ဆိုတာ ငါလမ်းပြ ပေးမယ်။ ဓါးကျွန်... မင်း.. အခု ..... အရှုံးပေး ရင် မင်း ရဲ့ မောက် မာ မှု အတွက် ငါ ခွင့်လွှတ် လိုက်မယ်။ ''

လျန်ဝမ်းဘို က သူ၏ခြိမ်းခြောက်မှုကို ပြန်လည်သဘောကျခဲ့ပြီး အောင်ပွဲရ စစ်သူကြီး တစ်ယောက်လို ဝင့်ကြွားဟန် ရေးပြ လိုက်သည်။

ပြင်ပတပြည့်များတွင် ထိပ်တန်း (၁၀) ယောက် အောက်တစ်ဆင့်၌ ရှိနေသည့် လျန်ဝမ်းဘိုသည် ထိုသို့မောက်မာရန် အဆင့်မှီပေသည်။

၎င်းသည် ချင်းရှောင်ကဲ့သို့ စီနီယာ တစ်ယောက် အဖြစ် ရာထူးတပ်ခေါ်ရန် ထိုက်တန် ပေ၏။

ကျင့်ကြံမှုအဆင့်သည် အခြေခံ တည်ဆောက်ခြင်း ဆဌမအဆင့်၌ ရောက်ရှိ နေခဲ့သည့် အပြင် လျန်ဝမ်းဘိုသည် ရွက်ကြွေဓါး နည်းစနစ်ကို ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံ ထားနိုင် ခဲ့သည်။

" ဒီဓါးကျွန်က သူ့ ဓါးကို ဘာလို့ မယူခဲ့တာလဲ"

'' နေဦး သူက နှစ်တစ်ထောင်အတွင်း ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ လေဝဲဓါး နည်းစနစ်ကို လေ့ကျင့်နေ တယ်လို့ ကြားတယ်။ ''

"ဘာလဲ မင်းက ဒီဓါးကျွန် လုပ်နိုင်မယ် ထင်လို့လား လာစမ်းပါ၊ လေဝဲဓါး ဆိုတာကို ကြည့်ချင် နေတာ "

"အာ... တောင်းပန်ပါတယ်၊ ဒါက နှစ်တစ်ထောင်အတွင်း အောင်မြင်အောင် လေ့ကျင့်နိုင် သူ ...မရှိဖူးဆိုတာကို ငါမေ့သွား လို့ပါ။ "

လူအုပ်သည် လင်းယွန်အပေါ် အထင်ကြီး ထားမှုများ ပျောက်ကွယ် လာခဲ့သည်။ လင်းယွန် သည် လေဝဲဓါး အား အောင်မြင်အောင် လေ့ကျင့် နိုင်ခဲ့ပါက ယခုလို အဆုံးအဖြတ် ကာလ၌ သူ၏ဓားကို ထားခဲ့ရန် အကြောင်း မရှိချေ။

" ကဲ စမယ် ''

'' ချွမ်.....''

ဒိုင်အကြီးအကဲထံမှ အချက်ပေး ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လျန်ဝမ်းဘို သည် လျင်မြန်စွာဓါးကို ဆွဲထုတ် လိုက်ပြီး သကာလ လင်းယွန်း အား ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ဓါးသည် လင်းယွန် ၏ နှာခေါင်းကို ဖြတ်ရန် တစ်လက်မခန့်အကွာမှ ဝဲပျံလာလေသည်။

သိုင်းစင်မြင့်အောက်မှ ရပ်ကြည့်နေသည့် တပည့်များသည် လျန်ဝမ်းဘို၏ လက်ထဲ၌ ဓါးကို မမြင်ခဲ့ရပဲ ၎င်းသည် လင်းယွန် မျက်နှာနှင့် တစ်လက်မ အကွာတွင် ပြန်ပေါ်လာ သည်ကို တွေ့မြင်လိုက်ရသည်။

လျန်ဝမ်းဘို သည် သူ၏ခွန်အားအပြည့်ဖြင့် တိုက်ပွဲကို စတင်ခဲ့ပြီး သိုင်းသုံးကွက်ဖြင့် အပြီးသတ်ရန်ဆုံးဖြတ်ထားပုံရသည်။ သူက အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားခဲ့သည်။

'' .............. ''

လျန်ဝမ်းဘိုသည် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် ရောက်လုနီးနီး ခွန်အားကို ဓါးထဲသို့ သွန်းလောင်းခဲ့ပြီး အကန့်အသတ်ထိ မြှင့်တင်လိုက် သည်။

'' စွပ်....စွပ်...''

လေဟုန်စီးလာသည့် ဓားချက်သည် လင်းယွန် ၏ ဝတ်ရုံ အရှေ့ပိုင်းကို ဖြတ်၍ ရင်ဘက်ပေါ်၌ ခပ်နက်နက် ဒဏ်ရာတစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။

" လျန်ဝမ်းဘို က ကြောက်စရာ ကောင်းလောက်အောင် သန်မာတယ်၊ သိုင်းကွက်သုံးကွက် အသာစီးရခဲ့တာက ဒီပွဲရဲ့အဖြေပဲ။ "

" စီနီယာအစ်ကိုလျန်ဝမ်းဘိုရဲ့ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့် ကို ခြေတဝက်နင်းမိ နေပုံရတယ်၊ သူ... မောက်မာတာ မဆန်းပါဖူး။ "

'' ပြီးတော့ ရွက်ကြွေဓားက သူ့လက်ထဲမှာ ပိုပြီးရက်စက်လွန်းတယ် ''

အသက်တရှိုက်စာ အတွင်း သိုင်းကွက် နှစ်ကွက်ကို လျန်ဝမ်းဘို က ထုတ်ဖော်ခဲ့သည်။ ၎င်းသည် ထိတ်လန့်ဖွယ် ဓါးရိပ်များ ဖြစ်ပေါ် လာလျက် ဖိအားပေးနေခဲ့သော်လည်း လင်းယွန် အား ရှုံးနိမ့်ရန် မတွန်းပို့နိုင်ခဲ့ချေ။ ''

"ရွက်ကြွေ လွင့် ဝဲ "

လျန်ဝမ်းဘို သည် သူ၏ တတိယမြောက် လှုပ်ရှားမှုကို ထုတ်ဖော်လျက် ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းလိုက်သည်။ ၎င်းသည် ရွက်ကြွေဓါး၏ အပြင်းထန်ဆုံးသော လူသတ် သိုင်းကွက်ပင် ဖြစ်သည်။

ဆင့်ခေါ်ခြင်းခံရသကဲ့သို့ ပြင်းထန်သော လေပွေတစ်ခုသည် လူအုပ်ကို ဖြတ်သန်း၍ စင်မြင့်ထက်၌ မြင်မြင်သမျှကို ဒေါသတကြီး ဝါးမြို ဖျက်စီးတိုက်ခတ် နေသည်။

ဓားရိပ်သည် လေထဲတွင်လွင့်မျောလျက် ကိုယ်ယောင်ဖျောက်ကာ ဦးတည်ရာမဲ့ ပြေးဝင်လာပြီး ၎င်းသည် လားရာကို ခန့်မှန်းရခက်စေပြီး ဓါးအရိပ်ကို မြင်သည့် အချိန်၌ ဓားသွားသည် ပြိုင်ဘက်အား ထက်ခြမ်း ခွဲကာ အသက်ချွေပစ်လိုက်ပေမည်။

'' ဝိုး.... ခန့်ညားလိုက်တာ ''

'' ဒါ ရွက်ကြွေဓါးရဲ့ ရွက်ကြွေလွင့်ဝဲ သိုင်းကွက်ပဲ၊ စီနီယာလျန် က တကယ်ပဲ အလယ်အလတ်ကျွမ်းကျင်မှုဆင့်ထိ ကျင့်ကြံထားနိုင်ခဲ့တာပဲ၊ ''

'' 'အဆင်မြင့်တိုက်ခိုက်ရေးနည်းစနစ်' တစ်ခုရဲ့ 'အလယ်အလတ်ကျွမ်းကျင်မှုအဆင့်' နောက်ကွယ်က စွမ်းအားကို တစ်စုံ တစ်ယောက်က ခုခံကာကွယ်ဖို့ နည်းလမ်း လုံးဝမရှိဖူးဆိုတာ ငါ ပြောနိုင်တယ်။ ''

လူအုပ်ကြီးသည် အဆိုပါမြင်ကွင်းကို အော်ဟစ်ချီးကျူး လိုက်ပြီးနောက် လင်းယွန် အား သနားကြင်နာစွာ ကြည့်လိုက်ကြသည်။

ဒီဓါးကျွန်သည် လေဝဲဓါးကို အောင်မြင်သည် အထိ ဆုပ်ကိုင်ထားနိုင်ခဲ့ဦးတော့ ဤသို့ အလယ် အလတ် ကျွမ်းကျင်မှု အဆင့်ထိ ဆုပ်ကိုင် ထားနိုင်သည့် အဆင့်မြင့် နည်းစနစ် တစ်ခုအား လက်ခံကိုင်တွယ်နိုင်ရန် နည်းလမ်း မရှိနိုင်ပေ။

သို့သော် လူတိုင်း၏ မျက်လုံးများ အောက်၌ပင် လျန်ဝမ်းဘို၏ ဓါးသည် လင်းယွန် အားခုတ်ပိုင်းချလိုက်သော်လည်း သွေးစများ ပေါက်ကွဲလွင့်စင် လာခြင်းမရှိခဲ့ပဲ ၎င်းသည် သိုင်းစင်မြင့်အစွန်း ခြောက်မီတာအကွာ၌ ကောင်းကင်မှ ဆင်းသက်ကာ ထွက်ပေါ် လာခဲ့သည်။

'ငန်းရိုင်းပျံသန်းခြင်း' ရွေ့လျားမှုနည်းစနစ် သည် လင်းယွန် ၏ အသက်ကို ပြန်လည် မွေးဖွားပေးခဲ့သည်။ ၎င်းသည် 'အဆင့်မြင့် ရွေ့လျားမှုနည်းစနစ်' တစ်ခုပင် ဖြစ်သည် မဟုတ်ပါလော။

" သောက်...ပဲ ဟေ့ "

လျန်ဝမ်းဘို သည် မယုံနိုင်လောက်အောင် မျက်လုံးများပြူးကျယ်ခဲ့ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူက လင်းယွန် မည်သို့ ပျောက်ကွယ်လွတ်မြောက် သွားသည်ကို တွေးတောနိုင်ခြင်း မရှိခဲ့ချေ။ ဒါက လျန်ဝမ်းဘို ၏ အမှားမဟုတ်ပေ။

ဤနိုင်ငံငယ်လေးအတွင်းရှိ ဂိုဏ်းငယ်လေးတစ်ခု၏ သာမာန် ပြင်ပတပည့် တစ်ဦးသည် ရွေ့လျားမှုနည်းစနစ်တစ်ခုကို သိရှိရန် နည်းလမ်းမရှိထားပေ။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၌ပင် ထိုသို့ သိုင်းနည်းစနစ်များ ရှိသည်ကို သိသည့် တပြည့် အရေအတွက်မှာ လက်ချိုး ရေတွက်၍ပင် ရနိုင် လေသည်။

လျန်ဝမ်းဘို က နောက်တစ်ကြိမ် တိုက်ခိုက်ရန် ဓါးကို ပင့်ကိုင်လိုက်သည် အချိန်တွင် လင်းယွန် က စတင်လှုပ်ရှားခဲ့သည်။

" သိုင်းကွက်သုံးကွက်၊ ဆိုတာဘာလဲ ပြမယ်"

လင်းယွန် က ရေရွတ်လိုက်ကာ ကောင်းကင်သို့ ခုန်တက် တိုးဝင်လာခဲ့သည်။ လျန်ဝမ်းဘို က သူ၏ တိုက်ခိုက်မှုကို ရုတ်သိမ်းလိုက်ပြီး တိုးဝင်လာသည့် စွမ်းအားတစ်ခုကို အလျင်အမြန်ခုခံကာကွယ် လိုက်ရသော်လည်း အနည်းငယ်မျှ နောက်ကျသွားခဲ့သည်။

ဥက္ကာခဲတစ်ခဲ ပြုတ်ကျလာသကဲ့သို့ တရှဲရှဲမြည်သံပေးလျက် လက်သီးတစ်လုံးသည် လျန်ဝမ်းဘို အားထိမှန်သွားခဲ့လေသည်။

'' တော ဘုရင်ရဲ့ ဒေါသ.''

'' ဘန်း......''

အရိုးမြည်သံများနှင့်အတူ လင်းယွန်၏လက်သီးသည် ပြိုင်ဘက်ဆီသို့ အရှိန်ပြင်းစွာ ကျရောက်သွားသည်။

သူ၏ အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့်၌သာ ရှိနေခဲ့သော်လည်း ၎င်းသည် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ထိုအရာသည် လူသားကျင့်ကြံ သူတစ်ဦမှ ထုတ်ဖော်နိုင်မည့် အရှိန်အဝါမျိုး မဟုတ်ခဲ့ချေ။

လက်သီးသည် လျန်ဝမ်းဘို ခန္ဓာကိုယ်အား မထိုးမိခင်၌ပင် သူက အရှိန်တစ်ခု၏ ရိုက်ထုတ် လာမှုကြောင့် နောက်ပြန် လွင့်ထွက်ပြိုလဲကျ သွားသည်။

'' ဘာလဲဟ...ဒီအရှိန်အဝါက...''

လျန်ဝမ်းဘို ခန္ဓာကိုယ်သည် လေထုထဲ၌ လွင့်စင် နေဆဲတွင် လင်းယွန် က လိုက်ပါ ပျံသန်းလျက် ထပ်မံ ထိုးနှက်လိုက်လေရာ၊ နံရိုး အက်ကွဲသံ သဲ့သဲ့နှင့်အတူ နာကျင်စွာ အော်ဟစ် လိုက်သည့် အသံသည် သိုင်းစင်မြင့်ထက် ဖုံးလွှမ်း သွားခဲ့၏။

'' တောတောင်တခွင် အမဲလိုက်ခြင်း ''

'' ဖုန်း.......''

လျန်ဝမ်းဘို ၏ ခန္ဓာကိုယ်သည် လက်သီး နှစ်လုံးကို လေထဲ၌ အကာအကွယ်မဲ့ ခံယူခဲ့ရပြီး မြေကြီးပေါ်သို့ ပြန်ကျလာသည့်အခါ လင်းယွန် က ရပ်လျက်စောင့်ကြိုနေခဲ့သည်။

ထိုပြင် လင်းယွန်သည် ရက်စက်စွာ ပြုံးရယ်ပြနေခဲ့ပြီး နောက်ဆုံး လက်သီး တစ်လုံးကို ထိုးသွင်း လာခဲ့လေသည်။

'' သားရဲတစ်ရာ သုတ်သင်ခြင်း ''

လင်းယွန် ၏ အော်ဟစ်ကြုံးဝါးသံနှင့်အတူ သူ၏ အရှိန်အဝါသည် ပို၍သိပ်သည်းလာသည်။

'' မ ဟုတ် ဖူး "

'' အွန့်...........''

မျက်ဝန်းတစ်စုံသည် သူ့ ထံတိုးဝင်လာသည့် ဥက္ကာခဲများကို ကြည့်လျက် အကူအညီမဲ့စွာ အံကြိတ် ခံယူလိုက်ပြီး ယုံကြည်ချက်သည် လုံးလုံးလျားလျား လောင်ကျွမ်း ပျောက်ကွယ် သွားလေသည်။

လျန်ဝမ်းဘိုက အမှောင်လွင်ပြင် တစ်ခုဆီသို့ မျောလွင့်နေ သကဲ့သို့ မျက်လုံးများ ပြာဝေ နေခဲ့သည်။

'' ကျေးဇူးတင်ပါတယ် "

လင်းယွန် က လျန်ဝမ်းဘို အား လျစ်လျူရှုကာ ဒိုင်အကြီးအကဲထံ ဦးညွှတ်လျက် ကျေးဇူး စကားဆို လိုက်သည်။

သိုင်းစင်မြင့်အောက်ရှိ လူအုပ်သည် ရုတ်တရက် တစ်ယောက်တစ်ခွန်း စတင် ဆူညံလာသည်။

'' တကယ်ပဲ သိုင်းသုံးကွက် ထဲလား။ ''

'' သောက်.. ပဲဟ၊ ဒါက လက်သီးလေး သုံးချက် ထိုးလိုက်ရုံပဲ မဟုတ်လားဟ ''

ရပ်ကြည့်နေသည့် ပြင်ပတပြည့်များသည် လင်းယွန်အား အမြင်သစ်ဖြင့် ရှုမြင်လာပြီး လျန်ဝမ်းဘို အား မောက်မာလွန်းသည့် ပြင်ပ တပြည့် တစ်ယောက် အဖြစ် ပြောင်းလဲ ပြောဆိုလာကြ၏။

ရုတ်တရက် တစ်စုံတစ်ယောက်သည် အထိတ်တလန့် ထုတ်ဖော်ရေရွတ် လိုက်လေ သည်။

'' တဆိတ်လောက်၊ သူ့အရှိန်အဝါကို မင်းသတိ ထားမိ ခဲ့လား၊ ဒါက အရမ်း ကြမ်းကြုတ် လွန်းနေသလားလို့...''

All Chapters