ကောင်းကင်သို့ ပျံဝဲခြင်း။
Vol. 3 Ch. 29
လင်းယွန်သည် လျန်ဝမ်းဘိုအား အနိုင်ယူရန် သုံးကြိမ်သာ လှုပ်ရှားခဲ့သည်။ ၎င်းတွင် သူ၏ဓါးကိုပင် ထုတ်ယူခဲ့ခြင်း မရှိပေ။ ပွဲကြည့် ပရိသတ်များသည် အံ့အားသင့်သွားကြသည်။
'' ဘယ်လောက် တောင် အစွမ်းထက် လိုက်လဲ ..''
ဒိုင်အကြီးအကဲမှာ အံ့သြသွားလျက် လင်းယွန်အား လှည့်ကြည့်လာပြီး၊
" မင်း နာမည်ဘယ်လိုခေါ်လဲ ကောင်လေး၊ ပြင်ပတပည့်တွေထဲမှာ မင်းကို ငါ မသိခဲ့ပါလား "
'' ဒီဂျူနီယာ နာမည်က လင်းယွန်ပါ... ငါက လွန်ခဲ့တဲ့ သုံးလမတိုင်ခင်က ဂိုဏ်းရဲ့ တစ်ဦး တည်းသော ဓါးကျွန် ပါ။ ''
လင်းယွန်က သူ၏နောက်ခံကို ဖုံးကွယ်ရန် မကြိုးခဲ့ချေ။ သူက မူလ လင်းယွန်ကို အမှိုက်တစ်စအဖြစ် တကြိမ်တခါမျှ ပျက်ရယ်ပြုခြင်း မရှိခဲ့ပေ။
ဒိုင်အကြီးအကဲသည် အံ့သြမှင်တက် သွားပြီးနောက် လင်းယွန်ကို ခေါင်းအစ ခြေအဆုံး အစုန်အဆန် လှည့်ပါတ်ကြည့်ကာ ခေါင်းတညိတ်ညိတ်နှင့် ပြုံးလိုက်သည်။
'' မောက်မာမှုကင်းတဲ့ လူငယ်လေး၊ ကြိုးစားပါ ဆဋ္ဌမအုပ်စုအတွင်း မင်းက အောင်မြင်မယ့် အခွင့်အလမ်းရှိတယ် ''
'' ကျေးဇူးတင်ပါတယ် အကြီးအကဲ ''
လင်းယွန် က ဦးညွတ်အရိုအသေပြုကာ သက်ပြင်းချလိုက်သည်။ အနိုင်ရကြောင်း ကြေညာပြီးနောက် သူက စင်မြင့်ပေါ်မှ ခုန်ချခဲ့သည်။
လင်းယွန်သည် အမည်ခံနတ်ဆိုးသားရဲ၏ အမြုတေကိုသန့်စင်ရန် နှစ်ရက်ကြာ အချိန်ယူခဲ့ရပြီး ထိုဖြစ်စဉ်အပြီး၌ သူ၏ အရှိန်အဝါတွင် ထက်ရှသည့်သေခြင်းဆန္ဒအချို့ ကပ်ညိနေသည်။ ကံကောင်းစွာနဲ့သူက ပြိုင်ပွဲကို အချိန်မီရောက်အောင် လာနိုင်ခဲ့သည်။
ဝင်ခွင့်စစ်ဆေးပွဲ၏ စည်းမျဉ်းများသည် ရိုးရှင်းလှသည်။ ပြင်ပတပည့်များ အားလုံးကိုအုပ်စုများ ခွဲ၍ ၎င်းတို့၏ သက်ဆိုင်ရာအုပ်စုအတွင်း ထုတ်ဖယ်ရေး ပွဲစဉ်များကို ကျင်းပသွားပေလိမ့်မည်။
ပြင်ပတပည့်နှစ်ထောင်ကျော်ကို အုပ်စုဆယ်စုခွဲထားပြီး အုပ်စုတစ်ခုစီ၌ တပည့်နှစ်ရာခန့် ပါ၀င်သည်။ အုပ်စုအတွင်း ထိပ်ဆုံးရှစ်ယောက်သည်သာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သည်။
ထိုပြင်ပတပည့် (၈၀) မှ ရှုံးထွက် ပွဲစဉ်များ ထပ်မံ ယှဉ်ပြိုင်ကာ နောက်ဆုံး (၁၀) ဦး ကျန်သည် အထိ အဆုံး အဖြတ် တိုက်ပွဲများ ဆက်လက် ကျင်းပ ပေလိမ့်မည်။ ဆိုလိုသည်မှာ အတွင်း တပည့် ဖြစ်ရန် ထိပ်သီး (၁၀) ဦးသာ အဆင့်မှီပေသည်။
လင်းယွန် က အခြားအုပ်စုတွင်း ပွဲစဉ်များကို ကြည့်နေစဉ် အုပ်စုတိုင်း၏ အင်အားသည် ဟန်ချက်ညီနေသည်ကို သတိပြုမိသည်။ ပြင်ပတပည့်များ၏ ခွန်အားကို အညီအမျှခွဲဝေပေးခဲ့ပုံ ရသည်မှာ သေချာလေသည်။
ဒါက ပြင်ပတပည့်များ၏ ထိပ်တန်းအဆင့် တစ်ဆယ်အတွင်းဝင်သော ပြင်ပပည့်များအား တစ်အုပ်စုထဲ၌ ယှဉ်ပြိုင်စေခြင်းဖြင့် မတော်ဆ ထုတ်ပယ်မှုများကို ကာကွာရန် ရည်ရွယ် လုပ်ဆောင်ခြင်း မည်၏။
လင်းယွန် သည် သူ၏ ပြိုင်ဘက်ဖြစ်လာမည့် သူများကို စူးစမ်းရန် လျှောက်ကြည့်နေမိသည်။ ဆဋ္ဌမအုပ်စုတွင် အသန်မာဆုံးလူသည် ကျန်းဟန် ဖြစ်သည်။
ကျန်းဟန် သည် ထိပ်သီး (၁၀) ဦး စာရင်း၌ ရှိနေပြီး ဇောင်ယန် ကဲ့သို့ သန်မာသည်။ သူ၏ ကျင့်ကြံမှုသည် အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်တွင် ရှိသည်။
သည့်အပြင် လင်းယွန် သည် ထိုကျန်းဟန်၏ ခွန်အားနှင့်သန်မာမှုကို မသိရှိထားခဲ့ပေ။
"နောက်တစ်ဆင့်၊ လင်းယွန်နှင့် .....ဟူဖန် ''
လင်းယွန် က သူ့နာမည်ကြေငြာသံကို ကြားသည့် အခါ ယှဉ်ပြိုင်ရမည့် သိုင်းစင်မြင့်ပေါ်သို့ အမြန်ပြေးသွားခဲ့သည်။ သူက ပြိုင်ဘက်ကို နောက်ထပ်သုံးကြိမ် ထပ်မံဦးဆောင်ခွင့် ထပ်မပေးချင် တော့ချေ။
ငန်းရိုင်းပျံဝဲခြင်းနည်းစနစ်ကို ထုတ်ဖော် လိုက်ပြီး လေထဲသို့ခုန်တက်သွားကာ စင်မြင့် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်သည်။
ဟူဖန် ၏ ကျင့်ကြံမှုသည် အခြေခံ တည်ဆောက်ခြင်း ပဉ္စမအဆင့်တွင် ရှိပြီး လျန်ဝမ်းဘိုထက် များစွာ အားနည်းသည်။ ဟူဖန် သည် စင်မြင့်ပေါ်တွင်ရပ်နေသည့် လင်းယွန်ကို မြင်သည့်အခါ သက်ပြင်းချ လိုက်သည်။
လင်းယွန်သည် ဓါးကျွန် အဆင့်မှ ပြင်ပတပည့်ဖြစ်လာ ခဲ့ပြီး (၃)လအတွင်း အောင်မြင်မှု များသည် အံ့သြဖွယ်ရာ တစ်ခု ဖြစ်လာသည်။
ဇောင်ပင်း၊ ချင်းရှောင် တို့သည် လင်းယွန်၏ခြေနင်းတုံးများဖြစ်လာပြီးနောက် မကြာသေးခင်ကပင် လျန်ဝမ်းဘိုကို သိုင်းသုံးကွက်အတွင်း အနိုင်ယူနိုင်ခဲ့သည်။ ၎င်းသည် ဟူဖန် လုပ်ယူနိုင်သည့်အရာများ မဟုတ်ပေ။
ဒိုင်အကြီးအကဲ က တိုက်ပွဲစတင်ကြောင်း ကြေညာပြီးသည်နှင့်တပြိုင်နက် ဟူဖန်သည် အံသွားကိုကြိတ်လိုက်ပြီး သူ၏လက်ဖဝါးကို လင်းယွန်ထံသို့ ဦးတည်ရိုက်ထုတ်လိုက်သည်။ ၎င်းသည် လေထုကိုသိပ်သည်းစေခဲ့ပြီး ပြင်းထန်ခဲ့သော်ငြားလည်း၊
'' ရေ ခဲ လက်ဝါး ''
'' ကျားရိုင်းလက်သီး ''
လင်းယွန် သည် ဒူးကိုအနည်းငယ် ကွေးညွှတ်လိုက်ပြီး ဟူဖန် နှင့်အတူ တချိန်ထဲမှာပင် လှုပ်ရှားလာခဲ့ကာ လက်သီးဖြင့် ပြန်လည်ထိုးချလိုက်သည်။
'' ................. '
လေထဲ၌ တိုက်ခိုက်မှု နှစ်ခုတွေ့ထိခဲ့ပြီး နောက်ဆက်တွဲအရ ဟူဖန် သည် သနားစရာညည်းတွားသံတစ်ခု ထုတ်ဖော်လျက် စင်မြင့်ထက်မှ လွင့်စင်သွားသည်။
" လင်းယွန် အနိုင်"
မဆိုင်းမတွပင် ဒိုင်အကြီးအကဲက ရလာဒ်ကို ကြေညာလိုက်သည်။
'' ကျားရိုင်း လက်သီး ပဲလား ''
'' လင်းယွန် က သူ့ဓားကိုမသုံးတော့ဘူးလား "
" ငတုံးကောင် သူ့လက်သီး တစ်ချက်တောင် ခံယူဝံ့တဲ့သူမရှိတာ သူက သူ့ဓါးကို ထုတ်စရာလား၊ ငါလည်း သူ့ရဲ့လေဝဲဓားကို မမြင်ချင်ဖူးလို့ မင်း..ထင်နေလား။ "
လင်းယွန်သည် လက်သီးတစ်ချက်ထိုးရုံဖြင့် အဆုံးသတ်ခဲ့သည်ကြောင့် ပြင်ပတပြည့်များမှာ စိတ်ပျက်သွား ကြသည်။
နောက်ထပ်ခဏအကြာတွင် လင်းယွန်သည် သူ၏ တတိယပြိုင်ဘက်ကို ရင်ဆိုင် လိုက်ရသည်။ ထိုပြင်ပတပညသည် အခြေခံတည်ဆောက်ခြင်းဆဋ္ဌမအဆင့်သို့ ရောက်ရှိနေသော်ငြား လင်းယွန်ကို ဖိအားမပေးနိုင်ချေ။
၎င်းသည် အမည်ခံ နတ်ဆိုးသားရဲ အမြုတေကို သန့်စင်ထားခြင်းမရှိခဲ့ပါက ပြဿနာတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်ပေမည်၊ သိုသော် ဤအခြေအနေ၌ သူက လက်သီးတစ်ချက်ဖြင့် ထပ်မံ အနိုင်ရရှိခဲ့သည်။
'' နိုင်ပွဲလင်းယွန်"
'' နိုင်ပွဲလင်းယွန် "
'' နိုင်ပွဲလင်းယွန်''
'' နိုင်ပွဲ လင်းယွန်''
လင်းယွန်သည် နိုင်ပွဲများဆက်နေကာ ဆယ်ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ ပြင်ပ တပည့် အများစုသည် အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမ အဆင့်၌သာ ရှိနေခဲ့ပြီး ၎င်းသည် လင်းယွန်အတွက် လွယ်ကူနေခဲ့သည်။
လျန်ဝမ်းဘိုသည်သာ လင်းယွန်ကို အနည်းငယ် ဖိအားပေးနိုင်ခဲ့သည့် တစ်ဦး တည်းသော ပြင်ပတပည့် ဖြစ်ပြီး၊ ကျန်သည့် ပြိုင်ဘက်များသည် လက်သီး တစ်ချက်ဖြင့် လုံလောက် စေလေ သည်။
ဆယ့်တစ်ပွဲမြောက်တိုက်ပွဲ စတင်ခဲ့ပြီး၊ နောက်ဆုံးတွင် ထိုက်တန်သည့်ပြိုင်ဘက်နှင့် လင်းယွန် က တွေ့ဆုံခဲ့ရသည်။
ပြိုင်ဘက်သည် အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့်တွင်ရှိပြီး ထိုသူက ခရမ်းရောင်တိမ် မိုးကြိုး လက်သီး နည်းစနစ်ကို လေ့ကျင့် အောင်မြင် ထားကာ ၎င်းသည် အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ဖြစ်ပေသည်။
ထို့အပြင် ၎င်းသည် သူ၏ခန္ဓာကိုယ်အား သတ္ထုခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိူင်သည့် 'သံမဏိခန္ဓာ' ခုခံကာကွယ်ရေးနည်းစနစ်ကို ကျင့်ကြံထားခဲ့သည်။ ဆဋ္ဌမအုပ်စုအတွင်း၌ ထိုတပည့်၏ ထိုက်တန်သောပြိုင်ဘက်သည် ကျန်းဟန် တစ်ဦး သည်သာ ရှိချေသည်။
မားခူသည် လင်းယွန် ကဲ့သို့ ရှုံးပွဲမရှိစံချိန်ကို ရယူထားခဲ့သည့်အပြင် သူ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်များနှင့် အံ့မခန်းကာကွယ်မှုများသည် မည်သူမျှ ထိုသူအား ရင်ဆိုင်ရန် ဆန္ဒမရှိကြချေ။
"နောက်ဆုံးတော့... လင်းယွန် ရဲ့ လေဝဲဓါး ကို မြင်ရပြီ၊ သူ့ရဲ့ဓားမပါပဲ ဒီမားခူကို ဘယ်လိုမှ ရင်ဆိုင်နိုင်မယ်လို့ ငါမထင်ဖူး။ ''
"ဟုတ်တယ်... သူက ဓါးသုံးဖို့ ဆက်ပြီး မောက်မာနေဦးမယ်ဆိုရင် မားခူ က သနားညာတာနေမှာ မဟုတ်ဖူး။ ''
'' ပွဲ ကောင်း တစ်ခုပဲ၊ နှစ်ယောက်လုံးက ရှုံးပွဲမရှိတွေ ''
"အိုး ...ဟုတ်တယ် ဟ၊ ဒါက စိတ်ဝင်စားဖို့ကောင်းလိမ့်မယ် "
ပြင်ပတပည့်များသည် လင်းယွန်၏ လေဝဲဓါးကို မြင်လိုစိတ် ပြင်းပြနေသည်ကို သိသော်လည်း အလွယ်တကူ ထုတ်ပြဖို့ရန် စိတ်ကူးမရှိခဲ့ပေရာ ၎င်းသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ဝှက်ဖဲတစ်ချပ် ဖြစ်လေသည်။
အကယ်၍ သူသည် အုပ်စုတွင်းပြိုင်ပွဲ များတွင် ကျားရိုင်းလက်သီး (၁၈) ကွက် ဖြင့်သာ ထိန်းထားနိုင်ခဲ့ပါက လေဝဲဓါး သည် ရှုံးထွက်အဆင့်၌ အသက်ကယ် ဓါးချက် ဖြစ်ချေ လိမ့်မည်။
ထို့ပြင် ကျားရိုင်းလက်သီး၏ ပြီးပြည့်စုံသည့်အဆင့် နှင့် 'ယန်'သန့်စင်ခြင်း နည်းစနစ် တတိယအဆင့်သည် အုပ်စုတွင်း ပွဲစဉ် များကို ကိုင်တွယ်ရာ၌ လုံလောက်သည် ထက်ပင် ပို နေခဲ့သည်။
စင်ပေါ်တက်ရောက်လာသည့် လင်းယွန်ကို စောင့်ကြည့်နေကြသည့် ပြင်ပတပည့်များသည် အံ့သြသွားကြ၏။
" မောက်မာ လိုက်တာ၊ မားခူကို လက်သီးချင်း ယှဉ်ထိုးမှာလား၊ ဒီဓါးကျွန်က သေလမ်းကိုရွေးနေတာပဲ။ '
'' ဒီဓါးကျွန်ကောင်က သွေး နထင် ရောက်နေတာပဲ ''
'' စီနီယာအစ်ကိုမား... မင်းရဲ့ ခရမ်းရောင်တိမ်မိုးကြိုး လက်သီး အစွမ်းကို ပြလိုက်စမ်းပါ။ ''
စင်ပေါ်၌ မားခူသည် မျက်မှောင်ကြုတ် လိုက်သည်။ ကျန်းဟန်သည်ပင် သူ့အား ယင်းသို့စော်ကားဖို့ရန် မဝံ့ရဲပေ။ ဤဓားကျွန်သည် ရူးသွပ်နေခဲ့သည်လော။
မားခူး၏ အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်ဖြစ်သည့် ခရမ်းရောင်တိမ်မိုးကြိုး လက်သီးကို ယှဉ်နိုင်မည်မဟုတ်သည်ကို အရူးတစ်ယောက်ပင် နားလည်ပေသည်။
ထို့ပြင် မားခူသည် 'သံမဏိခန္ဓာ' ခုခံကာကွယ်ရေးနည်းစနစ်ကိုပင် ပိုင်ဆိုင်ထားလေ၏။
"ငါက မင်းအတွက် ဟာသတစ်ခုလား။ "
မားခူ ၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်လောင်လျက် မြန်းလိုက်သည်။
'' မင်းရဲ့ ဓားကိုထုတ်လိုက်ပါ။ မင်းရဲ့ကောလဟာလတွေ က အမှန်လား ငါသိချင်တယ်။ ''
" ငါ....တောင်းပန်ပါတယ်၊ ခုတော့ မဟုတ်သေးဖူး။ "
လင်းယွန် သက်ပြင်းချပြီး ရှင်းပြလိုက်ပေမယ့် မားခူ မျက်နှာအား ပို၍ ပျက်ယွင်းသွားစေသည်။
" ရိုင်း လိုက် တဲ့ ဓါး ကျွန်၊ စီနီယာဆိုတာ ဘာကြောင့်ဖြစ်လာလဲဆိုတာ ငါ..မင်းကို သင်ပြမယ်"
လင်းယွန် စကားများသည် မားခူ ၏ ဆုံးဖြတ်ချက်ကို ပို၍ ပြတ်သားစေခဲ့ကာ သံမဏိခန္ဓာကို အသက်သွင်းလိုက်သည်။
မားခူ၏ ခန္ဓာကိုယ်သည် သတ္ထုပုံ သွန်းလောင်း ခံရသည့် လူဝံကြီး တစ်ကောင် ကဲ့သို့ အရွယ်အစား နှစ်ဆ တိုးလာသည်။
သူ၏ ကြွက်သားများသည် သတ္တုရောင် ပြောင်လက်တောက်ပနေခဲ့သည်။
'' ............... ''
မားခူ ၏ ခြေလှမ်းတိုင်းသည် ကြမ်းပြင်များကို ပြင်းထန်စွာ တုန်ခါသွားပြီး သိုင်းစင့်မြင့် အားယိမ်းထိုးလှုပ်ခါစေခဲ့သည်။
'' ဝိုး ဒါက သံမဏိခန္ဓာခုခံကာကွယ်မှု နည်းစနစ်လား၊ ငါ ထင်ထားတာထက် ပိုသန်မာ နေတာပဲ။ "
" လင်းယွန် ကတော့ နောင်တရနေလောက်ပြီ၊ ''
မားခူ ၏ အသွင်ပြောင်းလဲမှုအပြီးတွင် လူအုပ်ကြီးသည် အော်ဟစ်လိုက်ကြသည်။
မားခူ က သံမဏိခန္ဓာ အသွင်ပြောင်းလဲ မှုနှင့် အတူ သူ၏ ခရမ်းရောင် တိမ်မိုးကြိုး လက်သီးကို ထုတ်ဖော်လျက် လင်းယွန် ကို ထိုးချလိုက်သည်။
'' ...ဘန်း ''
လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံသွား ပြီးနောက် လင်းယွန် ၏ လက်သည် ထုံကျင်သွားသည်။ ကျားရိုင်း လက်သီး (၁၈) ကွက်သည် အနည်းငယ် အားနည်းပုံရလေသည်။
" ဘယ်လိုလဲ မင်းက ဓါး မယူလာခဲ့တဲ့အတွက် နောင်တရနေပလား၊ ဒါက ငါ့ရဲ့ အားအင်အကုန် မပါသေးဖူး ဓါးကျွန်ကောင် "
လက်မောင်းတလျှောက် တုန်ယင်နေသည့ လင်းယွန်ကို ကြည့်ကာ မားခူ က ရယ်မောရယ် လှောင်ပြောင်လိုက်သည်။
တခဏအတွင်း၌ပင် မားခူ က သိုင်းကွက်ဆယ်ကွက်ခန့် ထုတ်လွှတ်လိုက်ရာ လက်သီးမုန်တိုင်း တစ်ခုအား ဆင့်ခေါ်ထား သည်နှင့် တူ၏။ ၎င်းသည် လေထုကို ခွဲလျက် တဝီဝီ မြည်နေသည်။
'' ဟိတ်......''
'' ဟိတ်....ကျား.... ''
လင်းယွန် သည် ကျားရိုင်းလက်သီးထံသို့ ခွန်အားကို ထပ်မံတိုးမြှင့် ပေးပို့လိုက်ပြီး မားခူ၏ လက်သီးတစ်ချက်ချင်းစီကို ပိတ်ဆို့ ထားလိုက် သည်။
တိုက်ပွဲသည် ပိုမိုပြင်းထန် လာသည် နှင့်အမျှ မားခူ၏ လက်သီးတွင် ခရမ်းရောင်အငွေ့များ ရစ်သိုင်း နေခဲ့ပြီး ၎င်းသည် လေထုထဲ၌ မိုးချိမ်းသံ သဲ့သဲ့ကို မြည်ဟီး လာစေသည်။
'' ခရမ်းရောင်တိမ်မိုးကြိုးလက်သီး... ''
လေထုထဲတိုးဝင် ကြုံးဝါးသည့်အသံနှင့်အတူ လင်းယွန် ထံသို့ ဆင်းသက် ထိုးနှက်ခဲ့လေသည်။
'' ဘယ်လောက်တောင် သန်မာတဲ့ လက်သီးနည်းစနစ်လဲ။ ''
လင်းယွန် က အံ့သြသွားသည်။ သူက သူ၏ထိပ်တိုက်ရင်ဆိုင်မှုကို လွှတ်ချလိုက်ပြီး သိုင်းစင်မြင့်ကြမ်းပြင်ကို အားပြုလျက် ခုန်ပေါက်ရှောင်တိမ်းလိုက်ရသည်။
၎င်းသည် လျှပ်စီးတန်းတစ်ခုလို ရွေ့လျားနေခဲ့ပြီး သူက ရှောင်တိမ်းနေစဉ် မားခူ၏ ဟာကွက်နေရာများထံသို့ လက်သီးဖြင့်ထိုးသွင်းလိုက်သော်ငြားလည်း သူ၏ လက်သီးချက်များသည် သတ္ထုနံရံတစ်ခုကိုရိုက်ပုတ်မိပြီး ပြန်ကန်လွင့်ထွက်လာခဲ့ သည်။
'' ဟားဟားဟား ဓါးကျွန် မင်းက ငါ့ရဲ့သံမဏိခန္ဓာကို ထိုးနှက်နိုင်မယ်ထင်လား၊ စဉ်းတောင်မစားနဲ့ ငါရဲ့ အစစ်အမှန်စွမ်းအားက ခုမှ လာမယ်၊ မင်းဂရုစိုက်ပါ။ ''
'' ................. ''
မားခူသည် ခရမ်းရောင်လက်သီး ၏ အင်အားကို အထွတ်အထိပ်ထိ ထုတ်ဖော်ပြီး လျှင်မြန်စွာ တိုက်ခိုက်လာသည်ဖြစ်ရာ လင်းယွန် ၏ ခံစစ်သည် ကျိုးပေါက်သွားသည်။ ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်နှင့်အမျှ ခရမ်းရောင်တိမ်မိုးကြိုးလက်သီး အပေါ် သူ၏ အမြင်သည် ပြောင်းလဲလာသည်။ သူက အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားလေသည် မဟုတ်ပါလော။
" မင်းက... ဓားကိုသုံးသင့်တယ်၊ အခုတော့ မရဖူး...ငါ့ စင်ထက်ကနေ ဆင်းသွားစမ်း။ ''
မားခူ သည် လင်းယွန်အား အသက်ရှူခွင့်မပေးခဲ့ပဲ သူ့အရှိန်ကိုတင်လျက် သံမြင်းရထားတစ်စင်းကဲ့သို့ ပြေးဝင် ကန်ကျောက် လိုက်သည်။
လူအုပ်ကြီးသည် ၀မ်းသာအားရဖြင့် သိုင်းစင်မြင့်ထက်မှ လွင့်ကျလာမည့် လင်းယွန်ကို စောင့်မျှော်နေခဲ့ကြ၏။
'' ပြီးသွားပြီ...စီနီယာအစ်ကိုမား ရဲ့ နိုင်ပွဲပဲ။ '
သို့သော် လင်းယွန် ၏ မျက်နှာ၌ ကောက်ကျစ်သည့် အပြုံးတစ်ခု တွဲခိုလျက် ကျားရိုင်းလက်သီးကိုအကန့်အသတ်ထိ တွန်းပို့လိုက်သည်။ အရိုးမြည်သံ။
သူက သူ၏ ယန်စွမ်းအင် သန့်စင်ခြင်း နည်စနစ်ကို အသက်သွင်းကာ လေထုထဲရှိ စွမ်းအင်များကို စုပ်ယူ စုဆောင်းလျက် ခန္ဓာကိုယ် အတွင်း၌ စွမ်းအင်စီးကြောင်း တစ်ခုကို လှည့်ပါတ်ထားသည်။
၎င်းသည် အပ်စိုက်မှတ်များကို ဖြတ်ပြီး စီးဝင်လာကာ သူ၏ အခြေခံတည်ဆောက်ခြင်း ဆဌမအဆင့် အရှိန်အဝါကို လုံးလုံးလျားလျား ပေါက်ကွဲ ထွက်ပေါ် စေခဲ့သည်။
'' သွေးရနံ့။ သွေးကိုတောင်းတသည့် အာသီသ။ သတ်ဖြတ်ခြင်းဆန္ဒ။ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါ။ ဒါ......ဒါ....က နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အရှိန်အဝါမဟုတ်လား...သူ...သူက ဘယ်လိုလုပ်ခဲ့တာလဲ ''
ရပ်ကြည့်နေသည့် လူအုပ်စုထဲမှ တစ်စုံတစ်ယောက်သည် ထိတ်လန့်စွာ အော်ဟစ်လိုက်သံနှင်အတူ လင်းယွန် ၏ မာန်သွင်းအော်ဟစ်ကြုံးဝါးသံသည် ထွက်ပေါ်လာ လေသည်။
'' သားရဲ တစ် ရာ သုတ် သင် ခြင်း။ ''
'' ခွမ်း........''
လက်သီးနှစ်လုံး ထိမှန်သံနှင့်အတူ ထွက်ပေါ်လာသည့် သတ္တုကွဲသံကို ကြားလိုက်ရသည်။ မားခူ ၏ မျက်နှာသည် ရှုံ့တွသွားလျက် ခန္ဓာကိုယ်သည်စင်ပေါ်မှ လွင့်ကျနေစဉ် သူ၏လက်မောင်းသည် ပုံပျက်နေခဲ့လေသည်။
သိုင်းစင်မြင့်ပေါ်၌ ကျားတစ်ကောင် ပုံရိပ်သည် ယိမ်းထိုး ထွက်ပေါ်နေဆဲပင်။ ပြင်းထန်သည့် လေပွေတစ်ခုသည် လင်းယွန်ကို ဗဟိုပြုလျက် သူ၏ အဝတ်အစားများကို လှုပ်ခတ်နေခဲ့သည်။
( မင်းက မင်းကိုယ်မင်း ရွှေရောင်နွားရိုင်းမိန္ဆာသားရဲဘုရင်ထက် ပိုမာကျောမယ်လို့ ထင်နေတာလား၊ ဒါဆို ငါက မင်းရဲ့အရေခွံကိုစုပ်ယူပြီး ရတနာခန်းမရဲ့ လောဘအိုးကြီးတုံဟူ ဆီမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ရလိမ့်မယ်။ )
" ကျားရိုင်းလက်သီးရဲ့ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုအဆင့်ရဲ့ အစစ်အမှန်ခွန်အားလား၊ ဒါက တဆိတ်လောက် အကန့်အသတ်မဲ့လွန်းသလိုပဲ '
" ပြီးပြည့်စုံတဲ့အဆင့်ဆိုပေမယ့် ဒါက အခြေခံခုခံကွာကွယ်ရေး နည်းစနစ်တစ်ခုပဲလေ သူက အဆင့်မြင့်တိုက်ရေးနည်းစနစ်တစ်ခုကို ဘယ်လိုလုပ် ယှဉ်နိုင်ခဲ့တာလဲ၊ ငါ့ အမြင် မမှားရင် ကျားရိုင်း လက်သီး(၁၈) ကွက်က လက်သီးနည်းစနစ်တွေထဲမှာ အခြေခံအဆင့် နည်းစနစ်တစ်ခုပဲ မဟုတ်လား ''
" ဒီကျားရိုင်းလက်သီးက သူ့လက်ထဲမှာ ပိုပြင်းထန်နေသလိုပဲလို့ မင်း..မထင်ဖူးလား၊ ဒါပေမယ့် ငါနားမလည်တာက ဓါးကျွန် တစ်ယောက်က ဘယ်လိုဆုပ်ကိုင်နိုင်ခဲ့လဲ ဆိုတာကိုပဲ "
"သူ ... သူက နတ်ဆိုးတစ်ကောင်ပဲ၊ သူက ရပ်တန့်လို့မရတဲ့ မြှားတစ်စင်းပဲ၊ တားလို့မရဘူး ... "
လူအုပ်သည် အံ့အားသင့်ခဲ့ ပြီး သူတို့က မားခူ၏ သန်မာမှုသည် လင်းယွန်အား ဓါးကိုင်သည်အထိ ဖိအားပေးနိူင်မည်ဟု မျှော်လင့်ထားခဲ့ပြီး ၎င်းသည် အုပ်စုအတွင်း၌ အကြမ်းဆုံးပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်ဟု သူတို့က မှတ်ထင်ခဲ့သည်။
သို့သော် လင်းယွန် သည် သူတို့၏ အမြင်များအား ပြောင်းပြန်လှန် ခဲ့လေသည်။ ၎င်းသည် ပြီးပြည့်စုံသည့် အဆင့် ကျားရိုင်း လက်သီး(၁၈)ကွက် ဖြစ်ပေသည်။
'''..................... ''
***