အရှက်မရှိ ဓားကျွန်။
Vol. 3 Ch. 30
တိုက်ပွဲပြီးဆုံးသွား သည့်တိုင် သိုင်းစင်မြင့် ပေါ်၌ ကျားတစ်ကောင်၏ အော်ဟစ်သံကို တိုးဖျော့ဖျော့ ကြားနိုင် နေသေးသည်။
လင်းယွန် သည် ဆံပင်များဝဲလွင့်လျက်နှင့် ရပ်နေစဉ် သူ၏မျက်နှာသည် လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေရာ ဒိုင်အကြီး အကဲသည် ရလဒ်ကို ကြေညာရန် မေ့လျော့ အံ့သြနေခဲ့ သည်။
ခရမ်းတိမ်မိုးကြိုး လက်သီး၏ အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်။
သံမဏိခန္ဓာ ခုခံကာကွယ်ရေး နည်းစနစ်။
၎င်းသည် မားခူ အတွက် အုပ်စုတွင်းပွဲစဉ် များကို ကိုင်တွယ်ရာ၌ လုံလောက်သည့် ခွန်အား ဖြစ်ပေ သည်။ သို့သော် မားခူမှာ ရှုံးနိမ့် ခဲ့သည်။
ခံပြင်းစရာကောင်းသည်မှာ အခြေခံခုခံ ကာကွယ်ရေး နည်းစနစ် တစ်ခုကို ရင်ဆိုင် ရှုံးနိမ့် ခဲ့ခြင်းပင်။ ယင်သည် ဂိုဏ်းအနေနှင့် ကျားရိုင်း လက်သီး(၁၈)ကွက် အပေါ် အမြင် သစ်ဖြင့် ပြန်လည် သုံးသပ်ဖို့ရန် လိုအပ် နေပေသည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းတွင် အခြေခံ လက်သီးနည်းစနစ်ကို ပြီးပြည့်စုံသည့်အဆင့်ထိ လေ့ကျင့်နိုင်မည့်သူ တစ်ဦး တစ်ယောက်ပင် မရှိသည် သာမက မိုးကောင်းကင်နိုင်ငံ တစ်နိုင်ငံ လုံးတွင်ပင် တစ်ယောက်မျှ မရှိခဲ့ချေ။
ထို့ပြင် ကျင့်ကြံသူအများစုသည် အခြေခံ လက်သီးနည်းစနစ် တစ်ခုအား လိုအပ် သည်ထက် ကျော်လွန်၍ လေ့ကျင့်ကာ အချိန် ဖြုန်းရန် မလိုလား ကြပေ။
၎င်းသည် ပြီးပြည့်စုံသည့် အဆင့်ထိ ရောက်ရှိရန် အချိန်အလွန် ကြာမြင့်ပြီး နားလည်မှု မြင့်မားရန် လိုအပ်သည်။
ပို၍အရေးကြီးသည်မှာ ယင်းသည် အခြေခံခုခံ ကာကွယ်ရေး နည်းစနစ် တစ်ခုသာ ဖြစ်ပြီး၊ တစ်စုံ တစ်ယောက်သည် လုံလောက်အောင် ကြီးထွား ခဲ့ပါက ထိုနည်း စနစ်အား မည်မျှပင် ကျွမ်းကျင် ပိုင်နိုင် ပါစေ ဆက်လက် အသုံးပြုရန် မဖြစ်နိုင်တော့ပဲ၊ ပိုမို အားကောင်းသော သိုင်းနည်းစနစ် အသစ် တစ်ခုကို ထပ်မံ ရွေးချယ် ရပေမည်။
ကျင့်ကြံမှုနည်းစနစ်တိုင်းကို ပြီးပြည့်စုံသည့် ကျွမ်းကျင်မှုသို့ ရောက်ရှိ လိုပါက ထိုနည်း စနစ်အား ဖန်တီးလိုက် သူ၏ ရည်ရွယ်ချက်ကို ကောင်းစွာ ဆုပ်ကိုင်မိဖို့ လိုပေသည်။
အခြေခံ သိုင်းနည်းစနစ်သည်ပင် ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိပါက ၎င်းသည် မူလအဆင့်ထက် ကျော်လွန်သော စွမ်းအားကို ပြသနိုင်ကြောင်း သိရှိ ထားကြ သော်လည်း သူတို့က ထိုသို့လုပ်ပြုလိမ့်မည် မဟုတ်ပေ။
"အခု ငါ့ရဲ့ရလာဒ်ကို ကြေညာမနိုင်လား ဒိုင်အကြီးအကဲ။ ''
'' .......... ''
ဒိုင်အကြီးအကဲသည် မှင်တက်နေခဲ့ရာမှ လင်းယွန် ၏ မေးခွန်းကြောင့် ပြန်လည်အသက် ဝင်လာပြီး ခေါင်းညိတ်လိုက်၏။
" သောက်....ပဲ ဟေ့''
သိုင်းစင်မြင့်အောက်မှ ဒေါသတကြီး ဆဲဆိုလိုက်သည့် အသံတစ်ခု ထွက်ပေါ် လာသည်။ ၎င်းသည် မားခူ၏ အသံဖြစ်ပြီး သူက သွေးများစွန်းထင်းလျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။
မားခူ၏ ဆဲဆိုသည့် အမူ အရာကို လှည့်ကြည့်ပြီး၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။
" မားခူ၊ ခု..... မင်းက ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ "
ရုတ်တရက် ဒိုင်အကြီး အကဲသည် မားခူ အား အေးစက်စက် မေးမြန်း လိုက်သည်။ မားခူ က အံကြိတ်လျက် လင်းယွန်ကို မော့ကြည့် လိုက်ကာ ဒိုင်အကြီး အကဲ၏ မေးခွန်းကို ပြန်ဖြေ လာသည်။
"ငါ မလုပ်ရဲ ပါဘူး၊ ဒါပေမယ့် ဒီဓါးကျွန်က လှည့်စား ခဲ့တယ်၊ ငါ့ အရှုံးကို ငါမယုံဘူး"
" လှည့်စား တယ်၊ ဘာလဲ ဘာကို ဆိုလို တာလဲ၊ ပြိုင်ပွဲမှာ လှည့်ကွက် သုံးတာ ပုံမှန် မဟုတ် ဖူးလား။ "
'' ဒီလောက် ရိုးရှင်းမယ်မထင်ဘူး၊ ငါပြော တာကို ယုံပါ အကြီးအကဲ ဒါက ငါတို့သိထားတဲ့ ကျားရိုင်း လက်သီးရဲ့ စွမ်းအား မဟုတ် ဖူးလို့ ငါပြောရဲတယ်၊ ဒီဓါးကျွန် ကောင်က ငါ့လက်ကို ချေမွ လိုက်တာရဲ့ နောက်မှာ...... ''
မားခူ က သူ့၏ဒဏ်ရာကို လူတိုင်း မြင်နိုင်အောင် သူ့ လက်ကို မြှောက်ပြ လိုက်သည်။ ၎င်းဒဏ်ရာ များသည် မားခူပြောခဲ့ သလိုပင်၊ ကျားရိုင်း လက်သီးနှင့် အထိုးခံလိုက် ရသည့် ဒဏ်ရာမျိုး မဟုတ်ခဲ့ပေ။
ဓါးဖြင့် အချက်ပေါင်းများစွာ စိတ်ရှိတိုင်း ခုတ်ဖြတ် ခံထားရသည့် အရိုးများ ဖြစ်နေ လေသည်။
'' ဒါက ..................''
" ဘာဖြစ်တာလဲ...."
" ဒီဓားကျွန်က .... တကယ်လိမ်ခဲ့ တာလား "
'' ဒါပေါ့ ဒါက လက်သီးထိုးခံရတဲ့ ဒဏ်ရာမှ မဟုတ်တာ၊ အရူးတောင် မြင်တာနဲ့ ဓါးဒဏ်ရာ မှန်းသိတယ် ''
'' ဒါဆို သူက ကောလ ဟာလတွေ အတိုင်း တကယ်ပဲ လေဝဲဓါးကို အောင်မြင် ခဲ့တာလား ........''
'' သောက်ပဲဟေ့ သူက လေဝဲဓါးကို အောင်မြင် နိုင်ခဲ့ဦး၊ ခုလိုတော့ လှည့်စား တိုက်ခိုက်ပြီး မောက်မာတာ မရှက်ဖူးလား။ ''
ပြင်ပတပည့်များ အားလုံးသည် အံ့အား သင့်သွား ကြသည်။ ၎င်းအဖြစ် အပျက်သည် လင်းယွန်အား ဆန့်ကျင်ဖို့ရန် သူတို့ လိုအပ် နေသော တွန်းအား တစ်ခုပင် ဖြစ်သည်။
ဓားကျွန်တစ်ယောက် ထံတွင် ဤမျှ အံ့သြဖွယ် ကောင်းသော အရည်အချင်း များကို တွေ့မြင် ရခြင်းသည် သူတို့အား မနာလိုစိတ်ဖြင့် ပို၍ နာကျင် လာစေသည်။
လွန်ခဲ့သော နှစ်လ မတိုင်မီတွင် ၎င်းတို့၏ ဓားများကို ထိန်းသိမ်း နေခဲ့သော ဓားကျွန် တစ်ယောက်သည် သူတို့ထက် သာလွန် ကျော်ကြား ခြင်းကို သဘာဝ အားဖြင့် မလိုလား မိချေ။
ဒိုင်အကြီးအကဲ က မားခူ၏ ဒဏ်ရာတွေကို စစ်ဆေးဖို့ လမ်းလျှောက်လာရင်း သူ့မျက်ခုံး တွေကို စုရုန်း လိုက်သည်။
ဒဏ်ရာများသည် ကြောက်ခမန်း လိလိ ပြတ်ရှနေခဲ့ပြီး အလွန် နက်ရှိုင်းလျက် အရိုးများ အက်ကွဲ နေလေသည်။ သူက ရှုပ်ထွေးသည့် အမူအရာဖြင့် ဒဏ်ရာကို အကဲဖြတ် နေပြီး၊...
'' သက်ခြွေအဆိပ်အသုံးပြုတာက လွဲပြီး မင်းက အဆိပ်သုံးတိုက်ခိုက်ခဲ့ရင်တောင် ဒါက.. မင်းရဲ့ ခွန်အား အဖြစ် အသိ အမှတ်ပြု ထားတယ်၊ ဒီတော့ ငါက ရလာဒ်ကို ပြောင်းမှာ မဟုတ်သလို ဒါက စည်းမျဉ်းတွေ အတွင်းမှာပဲ ရှိနေ သေးတယ် ဆိုတာ မင်းသိထား သင့်တယ်။ ''
အတွင်းတပည့်ဝင်ခွင့် စစ်ဆေးပွဲ၏ စည်းမျဉ်းသည် ရိုးရှင်းလှပေရာ၊ ၎င်းသည် တစ်စုံတစ်ယောက်အား မသတ်သ၍ စည်းမျဉ်း အတွင်းမှ တရားဝင်နိုင်ပွဲ ဖြစ်သည်။
တနည်းအားဖြင့် မင်းက အဆိပ်ကိုပင် ပြိုင်ပွဲ၌ အသုံးပြုနိုင် သည်ဟု ဆိုလိုသည် မဟုတ် ပါလော။
မားခူ က အကြီးအကဲစကားကို ခေါင်းညိတ်လက်ခံလိုက် သော်ငြားလည်း လင်းယွန် ကြည့်ပြီး ....
" ငါ...နားလည်ပါတယ် အကြီးအကဲ၊ ဒါပေမယ့် ငါ့ရဲ့ သံမဏိခန္ဓာ အသွင်း ပြောင်းခြင်း ကို ချိုးဖျက်ဖို့ လက်နက်တွေ သုံးခဲ့တယ် ဆိုတာကို ဒီဓါးကျွန်က ၀န်ခံ စေချင် တာပါ၊ သူက ဒီလှည့်ကွက် သုံးခဲ့ကြောင်း လိမ်ညာ ဖုံးကွယ်ရဲတာ ရှက်စရာ ပဲမလား၊ ''
" ဓားကျွန်၊ မင်းက အရှက်မရှိဘူးလား... စင်ပေါ်က ဆင်းသွားစမ်း... "
" ငါတို့ မိုးပြာရောင် ကောင်းကင် ဂိုဏ်းကို အရှက် မခွဲပါနဲ့ ဆင်းပါ။ "
'' မင်းက သံမဏိခန္ဓာအသွင်ပြောင်းခြင်း နည်းစနစ်ကို လက်ဗလာနဲ့ ချိုးဖျက်နိုင် တယ်ဆိုတဲ့ နာမည်ကို လိုချင်နေတာလား၊ အရှက် မရှိတဲ့ ဓါးကျွန်ကောင်။ ''
" အောက် ကို....ဆင်း.."
'' အရှက်မဲ့တဲ့ ဓါးကျွန်ကောင်''
"အောက် ကို........ဆင်း "
'' အရှက်မဲ့တဲ့ ဓါးကျွန်ကောင် ''
ပြင်ပတပည့်များသည် ဓါးကျွန် တစ်ယောက်က သူတို့ထက် မြင့်မြင့် ပျံသန်း နေသည်ကို တွန်းလှန်ရန် အခွင့်အလမ်း မြင်ရသည့် အခါ သူတို့က လင်းယွန် ကိုဆန့်ကျင်ဖို့ တွန့်ဆုတ် မနေခဲ့ချေ။
လင်းယွန် သည် မားခူ၏ ဒဏ်ရာကို မြင်သည့် အခါ မည်သို့ဖြစ်ခဲ့ သည်ကို ချက်ချင်း သိလိုက်သည်။
လက်သီးနှင့် ဓားကို ပေါင်းစပ် လိုက်ပြီးနောက် ၎င်းသည် ပြီးပြည့် စုံသည့် ကျွမ်းကျင် မှုကို ရရှိခဲ့သည် သာမက အဆင့်သစ် တစ်ခု သို့ပင် ပို့ဆောင်ပေး ခဲ့သည်။
ကံမကောင်း စွာဖြင့် ၎င်းအား မည်သို့ ရှင်းပြရ မည်ကို မသိခဲ့ချေ။
ထို့ကြောင့်ပင် မားခူသည် သူ၏ သိမြင်နိုင်မှု အကန့် အသတ်ကို ကျော်လွန်၍ လင်းယွန်အား အရှက်မရှိကြောင်း စွပ်စွဲလိုက်ခြင်း ဖြစ်သည်။
သိုင်းစင်မြင့်အောက်၌ ပြင်ပတပည့်များသည် ပို၍များလာသည် နှင့်အမျှ လှောင်ပြောင် ဝေဖန် သံများ ဆူညံလာကာ၊ လင်းယွန်၏ နှလုံး သားအား နာကျင် လာစေသည်။
" ဓါးကျွန်ကောင် မင်းရဲ့ လက်နက်ကို ထုတ်ပြပြီး ဝန်ခံပါ ''
မားခူ က လူအုပ်၏ အော်ဟစ်သံကို နားထောင် လျက်မှ ပြုံးကာ ရေရွတ် လိုက်သည်။
“ လူပျက်တွေ ... မင်း.. မယုံရင် ငါ့ကို လွတ်လွတ် လပ်လပ် ရှာလို့ရတယ်။ ”
လင်းယွန်က သူ၏ရိုးသားမှုကို ပြသရန် လက်နှစ် ဖက်ကို ဖြန့်ကာ တည်ငြိမ်စွာဖြင့် ပြန်ပြော လိုက်သည်။
လူအုပ်ကြီးသည် လင်းယွန် စကားကြောင့် ပို၍ပင် ဒေါသ ထွက်လာကာ အော်သံ မောင်းထုတ် သံများ ပြည့်နှက် လာသည်။ ယင်းသို့ ငြင်းခုံ သံများကြောင့် အကြီးအကဲ များနှင့် အတွင်းတပြည့် များမှာ စင်မြင့်ဆီသို့ အာရုံ စိုက်လာ လေသည်။
" ကျားရိုင်းလက်သီးရဲ့ ပြီးပြည့်စုံတဲ့ ကျွမ်းကျင် ပိုင်နိုင်မှုက ခရမ်းရောင် တိမ်မိုးကြိုး လက်သီးရဲ့ အဆင့်မြင့် ကျွမ်းကျင်မှုအဆင့်ကို အနိုင်ယူ နိုင်မလား ငါသေချာ အသိဖူး၊ ဒါက အခြေခံ နည်းစနစ် ဖြစ်ပြီး ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှု အဆင့် ဖြစ်နေတယ် မဟုတ်လား... ''
“ ဒါပေမယ့်၊ မားခူ က သံမဏိခန္ဓာ အသွင် ပြောင်းခြင်း နည်းစနစ်ကို အသက်သွင်းခဲ့ တာလေ ''
“ ဓားကျွန် တစ်ယောက်က စိတ်ဓါတ် ပျက်စီးခဲ့ ပုံပဲ၊ ဒီလို လူမျိုးတွေက အနိုင်ရဖို့ဆို ဘာမဆို လုပ်ဝံ့ လိမ့်မယ်။ ”
အဆုံး၌ အတွင်းတပည့် ဝမ်နင်သည် အထင် သေးသည့် ဝေဖန်သံနှင့်အတူ လင်းယွန်အား စိုက်ကြည့် လိုက်သည်။
သူ၏ ဘေးရှိ ဆုစီယာက တုန့်ပြန် ဆွေးနွေးမှု မလုပ်ခဲ့ပဲ တည်ငြိမ်စွာဖြင့် လူအုပ်ကို ငေးကြည့် နေခဲ့သည်။
" ဒါအမှန်ပဲ။ စီနီယာ အစ်ကိုဝမ် ပြောတာမှန် တယ်”
ဝမ်နင်နှင့်အတူ အခြား အတွင်း တပည့် များသည် ရပ်ကြည့် လျက်မှ ခေါင်းညိတ် ထောက်ခံ လိုက်ကြသည်။
လူငယ်သခင် ဘိုင်ယုဖန် က လင်းယွန်ကို စိုက်ကြည့် နေပြီး တိတ်ဆိတ် နေခဲ့ရာမှ ခေါင်းညိတ် လိုက်ကာ....
" ပြီးပြည့်စုံအောင် ပြီးမြောက်ဖို့ တစ်ယောက်မှ မလေ့ကျင့် ခဲ့ဖူးဘူး၊ ဒါက ခရမ်းရောင် တိမ်မိုးကြိုး လက်သီးနဲ့ မယှဉ်နိုင် ဖူးလို့ တပ်အပ် အသေ အချာ မပြောနိုင်တဲ့ အချက်ပဲ၊ ပြီးတော့ လင်းယွန်က သူ့ခန္ဓာ ကိုယ်ကို ရှာဖွေခွင့် ပြုထား တယ်မလား၊ ငါတို့က ရလဒ်ကို စောင့်ကြည့်ကြစို့။ ”
ဘိုင်ယုဖန် စကားကြောင့် အတွင်းတပည့် အားလုံးသည် တိတ်ဆိတ် သွား၏။ ဝမ်နင် တစ်ယောက်သာ ဘိုင်ယုဖန်အား မျက်မှောင် ကြုတ်လျက် ကြည့်လာသည်။
မားခူသည် လင်းယွန်အား ရှာဖွေရန် လျှောက်လှမ်း လာခဲ့ရာ လူအုပ်ကြီးသည် အော်ဟစ် လိုက်ကြ၏။
“ စီနီယာ အစ်ကို မား၊ သူ့ကိုရှာပါ၊ ဒီအရှက် မရှိတဲ့ ဓားကျွန် ကို အလွတ်မပေးပါနဲ့ ”
'' သူ့လို ဓါးကျွန်တစ်ယောက် ရှိနေတာက ဂိုဏ်းကို အရှက်ရစေတယ် "
"ငါတို့ရဲ့ မိုးပြာရောင် ကောင်းကင်ဂိုဏ်းက သူ့လို အရှက်မရှိတဲ့ သူကိုမလိုဘူး။ "
လူအုပ်၏ ဆန္ဒကြောင့် မားခူ သည် ယုံကြည်မှုများ ပြန်ရလာပြီး မျက်နှာ နီမြန်း လာလျက်နှင့်၊
“ မင်းမှာ လက်နက်တွေ တွေ့ရင် မင်းက.... ငါ့ရှေ့မှာ ဒူးထောက် တောင်းပန် ရမယ်။ ”
-ဟု ဆိုလိုက်၏။
လင်းယွန်က သူ၏ အရှိန်အဝါကို ဒေါသတကြီ ထုတ်လွှတ်လိုက်ပြီးနောက် စူးရှသည့် မျက်ဝန်းများဖြင့် အော်ဟစ် နေကြသော လူအုပ်ကြီးထံသို့ အေးစက်စွာ ဝေ့ကြည့် လိုက်လေသည်။
***