← Chapters

လျစ်လျူရှုခြင်း။

Vol. 3 Ch. 31

လျစ်လျူရှုခြင်း။

Vol. 3 Ch. 31

မားခူက အေးစက်သောမျက်နှာဖြင့် ရောက်ရှိလာပြီး လင်းယွန်ကို စတင်ရှာဖွေ လိုက်သည်။

နောက်ဆုံးတွင် မားခူသည် သူ၏ ရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။ သူက လင်းယွန်၏ လက်များ၊ ရင်ဘတ်၊ နောက်ကျောနှင့် ခြေထောက် များကို ရှာဖွေခဲ့ သော်လည်း သံသယ ဖြစ်စရာ တစ်စုံတစ်ရာကို မတွေ့ရှိခဲ့ပေ။

"မင်းရဲ့ အ၀တ်တွေကို ချွတ်လိုက်ပါ"

မားခူ ၏ တောင်းဆိုချက်ကို လင်းယွန် မငြင်းဆန်ခဲ့ပဲ၊ သူ၏ အ၀တ်များကို ဖယ်ရှား လိုက်ကာ ရှာဖွေခွင့် ပြုလိုက်သည်။

ခန္ဓာကိုယ်တွင် အမာရွတ်များ နေရာအနှံ့ ပြန့်ကျဲ နေခဲ့ကာ ၎င်းသည် ပြင်းထန်သော ကျင့်ကြံများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည့် သက်သေ များပင် ဖြစ်ချေသည်။

"ဓားကျွန်၊ မင်းဘာလို့ ဒီနဖူးစည်းကို ၀တ်ရတာလဲ..."

မားခူ က သူ့ရှာဖွေမှု မအောင်မြင်သည့်အခါ ရှက်ရွံ့စွာဖြင့် လင်းယွန်ကိုမော့ကြည့်လိုက်ပြီး နဖူးစည်းကို ဖြည်ချဖို့ တောင်းဆိုလိုက်သည်။

အဆုံး၌ နဖူးစည်းကို ဖယ်ရှားလိုက် သည့်နှင့် ခရမ်းရောင် အမှတ်အသားသည် နေရောင် အောက်၌ တောက်ပစွာ ထွက်ပေါ် လာလေသည်။

ဤအမှတ် အသားကြောင့် ရပ်ကြည့်နေသော လူအုပ်ကြီး၏ မျက်နှာပေါ်တွင် အထင် သေးမှုများ ဖြစ်ပေါ်လာခဲ့ကြသည်။

လင်းယွန်၏ တည်ငြိမ်သော အမူအယာများကြောင့် မားခူက ပို၍ ဒေါသထွက်သွားသည်။ လင်းယွန်သည်လည်း အပြင်ပိုင်းတွင် တည်ငြိမ်နေခဲ့သော်ငြားလည်း ယင်းအခြေအနေသည် အတိတ်၏ နာကျင်စရာ များဆီသို့ ပြန်လည်ခေါ်ဆောင်သွား ခဲ့သည်။

'' အတွင်းတပည့်တစ်ယောက်ရဲ့ ဓါးက ဓားထိန်းသိမ်းရေးခန်းမမှာ ပျောက်သွားတယ်။ မင်းခိုးခဲ့လား ဓါးကျွန်ကောင် "

ဇောင်ပင်းသည် မူလလင်းယွန်အား မြေပြင်ပေါ်ကန်ချ လိုက်သည်။ မူလ လင်းယွန်သည် ထိတ်လန့်သွားပြီး လျင်မြန်စွာ ငြင်းဆိုခဲ့သည်။

'' စီနီယာအစ်ကို ဇောင် ကျေးဇူးပြုပြီး ငါ့စကားကိုယုံပါ၊ ဒီဓါးကို ငါမခိုးခဲ့ပါဘူး "

"မင်းက ဝန်မခံဖူးလား....ငါက မင်းကို သူခိုးလို့ပြောရင် မင်းကသူခိုးပဲ။ ဒီဓားကို ရှာမတွေ့တဲ့အတွက် စီနီယာအစ်မဆု ပေးတဲ့ဆေးလုံးတွေနဲ့ တန်ဖိုးပေးလျော်ပါ၊ မဟုတ်ရင် ငါက မင်းကို ဂိုဏ်းကနေ မောင်းထုတ်ရ လိမ့်မယ်။ ''

"သူခိုး ဓါးကျွန်ကောင် မင်းပဲ ခိုးသူဖြစ်ရမယ် "

"သူကလွဲရင် ဘယ်သူက ဓားကိုခိုးမှာလဲ။ "

"သူက တရားခံဖြစ်ရမယ်။ ငါတစ်ချက် ကြည့်ရုံနဲ့ သူက လူကောင်း တစ်ယောက် မဟုတ်ဖူး ဆိုတာ ငါပြောနိုင်တယ် "

ပတ်ဝန်းကျင်မှ ရပ်ကြည့်နေသော သာမာန်ပြင်ပဂိုဏ်းသားများသည် သူတို့၏ နိမ့်ကျသည့် ဘဝများအပေါ် မကြေနပ်ချက် များအား လင်းယွန်ထံ ပုံချ ဖြေဖျောက်လို ကြသည်။

"ငါ-......ငါ မခိုးခဲ့ပါဘူး ''

သူက ကိုယ်တိုင်ရှင်းပြချင်သော်လည်း နာကျင်မှုများမှာ ပြင်းထန်လွန်းသည်ကြောင့် စကားများ ပျောက်ဆုံးသွားခဲ့သည်။

ရုတ်တရက် လင်းယွန်၏ မြင်ကွင်းများသည် နောက်ထပ် နာကျင်စရာတစ်ခုဆီသို့ ကူးပြောင်း သွားပြန်သည်။

အလုပ်သမားများ၏ အိပ်ခန်းဆောင် ထဲတွင် ရပ်လျက် နဖူးပေါ်ရှိအမှတ်အသားကို စိုက်ကြည့်နေခဲ့သည်။

ယနေ့သည် သူ၏ ဓားကျွန်အဖြစ် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သောနေ့ ဖြစ်သည်။

သာမာန်တပည့်အဖြစ် နေထိုင်ရမည့် နှစ်နှစ်တာကာလမှာ ပြည့်ခဲ့ပြီဖြစ် သော်လည်း ပြင်ပ တပည့် အဆင့်ကို ဝင်ရောက်ရန် အရည် အချင်း မမှီခဲ့ရာ ဆက်လက် နေထိုင်ဖို့ရန် အတွက် ဓါးကျွန် ဘဝကို ရွေးချယ် လိုက်ရသည်။

သူ့နှလုံးသား၌ နာကျင်ပင်ပန်း နေသော်လည်း နဖူးပေါ်မှ ခရမ်းရောင် ကျွန်တံဆိပ်သည် သူ့အား နိုးကြား စေခဲ့သည်။

သို့သော် သူ၏ဘဝသည် ထိုညမှ စတင်ခဲ့ သည်ဟု ဆိုရမည်။ ညဉ့်သန်းခေါင်ယံ အချိန်၌ ရုတ်တရက် မြေပြင်ပေါ်သို့ ကန်ချခြင်း ခံလိုက်ရပြီး၊ လန့်နိုးလာစေ ခဲ့သည်။

အံ့သြသွားပြီး သူအားကန်ခဲ့သော သာမာန် တပြည့်အား ''မင်းက ဘာလုပ်ဖို့ ကြိုးစား နေတာလဲ'' ဟု နားမလည်စွာ မေးမြန်း လိုက်သည်။

"ထွက်သွားစမ်း ဒါက ငါတို့ရဲ့ အိပ်ခန်းဆောင်ပဲ၊ မင်းလို ဓားကျွန် တစ်ယောက် အတွက် မဟုတ်ဘူး "

"မင်းက ဓားကျွန်ဖြစ်နေပြီ၊ ငါတို့နဲ့ တစ်ခန်းထဲ အတူတူ အိပ်ချင်သေးလား။ "

လင်းယွန်က အိပ်ခန်းဆောင်ကိုငေးကြည့်ပြီး အပြင်ဘက်တွင် ရွာသွန်းနေသော မိုးရေစက် များကို သတိရသွား၏။

" မိုးတိတ်တဲ့အထိ၊ ငါ့ကို နေခွင့်ပြုပါ ငါမှာ နေစရာ မရှိလို့ပါ မိုးတိတ်တာနဲ့ ငါထွက်သွား ပါ့မယ် ကျေးဇူးပြုပြီး ဒီည မိုးခိုခွင့်ပြုပါ...ငါ..."

" ထွက်သွားစမ်း ဓားကျွန်၊. ဒီအိပ်ခန်း ဆောင်က... ဇရပ်မဟုတ်ဖူး ''

အခန်းတံခါးမပိတ်ခင် တစ်စုံ တစ်ယောက်သည် လင်းယွန် ၏ ပစ္စည်း များအား မိုးရေထဲသို့ ပစ်ထုတ် လိုက်သည်။

မိုးသည် အငြိုးကြီးစွာ သည်းသည်း မည်းမည်း ရွာသွန်း နေခဲ့ပြီး၊ လင်းယွန်၏ အရေပြား များအား ရေခဲ ဓါးများဖြင့် ပက်ခွဲနေခဲ့ သကဲ့သို့ နာကျင် သွားစေခဲ့သည်။

အဝတ်ထုတ် များကို ပွေ့ဖက်ကာ မိုးရေ များဖြင့် စိုရွှဲနေခဲ့ ပြီးနောက် အားငယ် ဝမ်းနည်းလျက် တစ်ညလုံး မိုးရေထဲတွင် လဲကျ သတိ လစ်ခဲ့ ရသည်။

မြင်ကွင်းများသည် တဖြည်းဖြည်း မှေးမှိန် လာသည် နှင့်အမျှ လင်းယွန် ၏ မျက်ဝန်း များသည် ပြောင်းလဲ လာခဲ့သည်။

သူ့၏ မျက်လုံး များအား ဂရုတစိုက် ကြည့်မည် ဆိုပါက အံသြစရာ ကောင်းလှစွာ ခံစားချက်များ မရှိပဲ ဗလာ ကျင်းနေ သည်ကို သိမြင် ရပေမည်။ သူက မားခူ ကိုကြည့်ပြီး၊

"မင်းတွေ့ပြီလား"

မားခူးသည် ထိုမေးခွန်းကို ပြန်မဖြေခဲ့ပဲ ကူရာကယ်ရာမဲ့စွာဖြင့် လင်းယွန်၏ ခါးတွင် တွဲလောင်းကျနေသော သိုလှောင်အိတ်ကို တွေ့လိုက်သည့်အခါ ရုတ်တရက် သူ့မျက်လုံးများ တောက်ပသွားသည်။

'' ဒါပဲ ....မင်းရဲ့လက်နက်က မင်းရဲ့ သိုလှောင်အိတ် ထဲမှာပဲ ဖြစ်ရမယ်။ ''

မားခူ၏ စကားများသည် ပျက်လုံးတစ်ခုလို ရယ်စရာကောင်းနေခဲ့သော်လည်း မည်သူမျှ ရယ်မောခြင်း မရှိကြချေ။

တစ်စုံတစ်ယောက်သည် သူ၏ သိုလှောင်အိတ် ထဲမှ တစ်စုံတစ်ရာကို အထုတ်အသွင်း ပြုလုပ်လို ပါက၊ သာမန် အားဖြင့် ထိုသူသည် သိုလှောင်အိတ်အား တို့ထိရန် အချိန်လိုအပ်ပေမည်။

ထိုပြင် သိုလှောင်အိတ်မှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်လျှင် ၎င်းသည် လူတိုင်း၏ အမြင် အာရုံ အတွင်း ထွက်ပေါ်လာမည် ဖြစ်သည်။

" ငါ့ရဲ့ သိုလှောင်အိတ် ထဲမှာ မရှိဘူး ဆိုရင် မင်းဘာလုပ် မလဲ။ "

မားခူကိုကြည့်ပြီး လင်းယွန်က တည်ငြိမ်စွာ မေးခွန်း ထုတ်လိုက်သည်။

"မင်းရဲ့ သိုလှောင်အိတ်ထဲမှာ မတွေ့ရင် ငါဒူးထောက်ပြီး မင်းကိုတောင်းပန် မယ် ''

မားခူက အံကြိတ်လိုက်ပြီး အဆုံးထိသွားရန် ဆုံးဖြတ်လိုက်သည်။ ၎င်းသည် ဓါးကျွန် တစ်ယောက်က လက်ဗလာဖြင့် သူ့အား အနိုင်ယူခဲ့ သည်ကို လက်ခံလို့ မရခဲ့ပေ။

သူက လုံးဝ သေချာသည်။ မဟုတ်ရင် သူ့ဒဏ်ရာများ ပေါ်ရှိ ပြတ်ရှရာများသည် အဓိပ္ပာယ် မရှိနိုင်ချေ။

" မင်း....ကြည့်ပါ "

လင်းယွန်က သူ၏ပန်းသင်္ချိုင်းဓားကို ထုတ်ယူ ဆုပ်ကိုင် ထားခဲ့ ပြီးနောက် လက်တစ်ဖက်နှင့် သိုလှောင်အိတ်ကို သွန်ချပေး လိုက်သည်။

အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀)ခန့်သည် ပျံ့ကျဲထွက်ပေါ် လာခဲ့ သည့်ပြင် နတ်ဆိုးသားရဲ များ၏ အစိတ် အပိုင်းများ၊ များပြားစွာ ထွက်ပေါ်လာရာ၊ ရပ်ကြည့် နေသော ပြင်ပတပြည့်များ၏ မျက်ဝန်းများ အတွင်း လောဘ အရိပ် အယောင်များ ဖြစ်ပေါ်လာ လေသည်။

ဓါးကျွန် တစ်ယောက်သည် ဤမျှချမ်းသာ ပေလိမ့် မည်ဟု သူတို့ ထင်မထားခဲ့ ကြချေ။

မားခူနှင့် လူအုပ်ကြီးသည် မနာလို စိတ်ဖြင့် မှင်တက် သွားကာ လက်နက်တစ်စုံ တစ်ရာကို ရှာဖွေရန် မေ့လျော့သွား ကြသည်။

နေရောင်ခြည် အောက်၌ ရတနာများသည် တလက်လက် တောက်ပနေခဲ့သည်။

"................... "

မားခူ၏ အကြည့်သည် ကျောက်စိမ်း စာလိပ်ပေါ်သို့ အရောက်တွင် ပစ္စည်းပုံကို မွှေရှာနေရာမှ ရပ်ကာ ထိုကျောက်စိမ်း စာလိပ်အား ကောက်ယူ လိုက်သည်။

" ရပ်.....လိုက် ''

လင်းယွန်သည် မျက်ခုံးပင့်လျက် ရုတ်တရက် အော်ဟစ် ဟန့်တားလိုက်သည်။

''................

မားခူက လင်းယွန်၏ စကားများကို လျစ်လျူရှုလိုက်ပြီး၊ ကျောက်စိမ်းစာလိပ်ကို ဖွင့်ရန် ပြင်လိုက်သည်။

'' .....ဟိတ် ''

ရုတ်တရက် လင်းယွန်၏လက်၌ ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင်လျက် မားခူ အား ရိုက်ချ လိုက်သည်။

ပြင်းထန်သည့် လေဝဲတစ်ခုသည် လင်းယွန် အား ဗဟိုပြုပြီး တိုက်ခိုက်နေခဲ့ပြီး၊ ဓါးသည် မားခူးအား ရိုက်ခတ်မိသွား ပြီးနောက်၊ သဲအိတ် တစ်လုံး ကဲ့သို့ ပျော့ခွေလျက် လွင့်ထွက် သွားလေသည်။

ပါးစပ်မှသွေးများ အန်ကျလာပြီး၊ သိုင်းစင်မြင့် ပေါ်၌ ခက်ခက်ခဲခဲ မတ်တပ်ရပ်ရန် ကြိုးစား နေခဲ့ရကာ၊ ညည်းသံ အနည်းငယ်ကို ထုတ်ဖော် လိုက်ရ လေသည်။

လင်းယွန်၏ တိုက်ခိုက်မှုသည် ရုတ်ချည်း ဖြစ်ပွားခဲ့ပြီး သူက ၎င်းအား အသုံးပြုရန် အချိန်အနည်းငယ်မျှပင် ပြင်ဆင်ခဲ့ခြင်း မရှိခဲ့ရာ ရပ်ကြည့်နေသည့် လူအုပ်ကြီးသည် အံ့အား သင့်သွား ခဲလေသည်။

လေ ဝဲ ဓါး လား......

" ဒါက လေဝဲဓား ပဲ - လေဝဲဓါးရဲ့ ပထမ ဓါးကွက် "

တစ်စုံတစ်ယောက်က သတိပြုမိသည် နှင့်အမျှ အာမေဍိတ်သံတစ်ခု ထွက်ပေါ် လာသည်။ လင်းယွန် နှင့် ပါတ်သတ်သည့် ကောလ ဟာလသည် တကယ်ပင် အမှန်ဖြစ်ပေ သည်လော။

" လင်းယွန်၊ ငါက ဒါကို ဖွင့်ကြည့်လို့ ရမလား "

ဒိုင်အကြီးအကဲက လင်းယွန် နားလျှောက် လာလျက် ကျောက်စိမ်း စာလိပ်ကို ကောက်ယူကာ မေးမြန်း လိုက်သည်။

လင်းယွန်က ခေါင်းညိတ်ကာ လက်ခံ လိုက်၏။

ဒိုင်အကြီးအကဲသည် ကျောက်စိမ်းစာလိပ်ကို ဖြည်ကြည့် ပြီးနောက် မားခူ ထံသို့ လျှောက်သွား ခဲ့သည်။

" ဒါက သာမန် ပန်းချီကား တစ်ချပ်ပဲ၊ မင်း... ငါ့ကို မယုံရင် မင်းကိုယ်တိုင် ကြည့်နိုင်တယ်။ "

မားခူသည် ထိုပန်းချီကားကို သေသေချာချာ စစ်ဆေး ခဲ့ပြီးနောက် မျက်နှာပျက်ယွင်း သွားသည်။ ၎င်းသည် ပန်းချီကား တစ်ချပ်သာ ဖြစ်လေသည်။

မားခူက သူပြောခဲ့မိသော စကားများကို ပြန်လည် သတိရ သွားပြီး စင်မြင့် ပေါ်၌ တုန်လှုပ် နေခဲ့သည်။

လင်းယွန်အား ဝေဖန်ခဲ့ကြသည့် လူအုပ်ကြီး သည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ထား ကြပြီး မားခူနှင့်မည်သူမျှ မျက်လုံးချင်း မဆုံဝံ့ ကြပေ။ မားခူမှာ တုန်လှုပ်လျက် ချွေးများ ရွဲနစ် လာခဲ့သည်။

" ဂျူနီယာလင်း... ငါ...ငါ့ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက် အတွက် တောင်းပန်ပါတယ်၊ ''

လင်းယွန်က သူ့အ၀တ်များကို တိတ်ဆိတ်စွာ ဝတ်ဆင်နေခဲ့ပြီးနောက်၊ လှည့်မကြည့်ပဲ ပြတ်သားစွာ သတိပေးလိုက် လေသည်။

" ဒူး.......ထောက် ''

***

All Chapters