← Chapters

ခွန်အားကို ထိန်ချန်ခြင်း။

Vol. 3 Ch. 32

ခွန်အားကို ထိန်ချန်ခြင်း။

Vol. 3 Ch. 32

" ဒူး ထောက် "

စကားလုံးနှစ်လုံးသာ ဖြစ်သော်လည်း ၎င်းသည် မားခူး၏ စိတ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေခဲ့သည်။ ယင်းအခြေအနေသည် မားခူအတွက် ရင်ဆိုင်ရ ခက်စေ၏။

တစ်စုံတစ်ယောက်သည် သူ့ဘ၀ တစ်လျှောက်တွင် သူ့မိဘနှင့် သူ၏ ဆရာ သခင်များ ကိုသာ ဒူးထောက်သင့်ပြီး ၎င်းအား တစ်စုံ တစ်ဦးမှ ဒူးထောက်ရန် ဖိအားပေး ခြင်းသည် ကြီးမားသော အရှက်ခွဲမှု တစ်ခုဖြစ်ခဲ့ သည်။

လင်းယွန် သည် သူ့ကို ခွင့်လွှတ် လိမ့်မည်ဟု မျှော်လင့် ထားခဲ့သည် ဖြစ်ရာ လင်းယွန်၏ စကားနှစ်ခွန်းသည် မားခူ၏ နှလုံးသား၌ နောက်ဆုံး မျှော်လင့်ချက်အား ပျောက်ကွယ် သွား သည်နှင့် အမျှ ခက်ထန် လာသည်။ သူက အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့ပြီး၊

'' ........... ''

'' ငါ့လုပ်ရပ်အတွက် ငါ... တောင်းပန် ပါတယ်၊ ကျေးဇူး ပြုပြီး ငါ့ကို ခွင့်လွှတ်ပါ စီနီယာ အစ်ကိုလင်း။ "

လူအုပ်ကြီးသည် တိတ်ဆိတ် သွားသည်။ ပြင်ပတပည့် များ၏ စီနီယာ တစ်ဦးသည် ဓားကျွန် တစ်ယောက် ရှေ့၌ ဒူးထောက် ထိုင်နေ ခဲ့သည်။

မားခူက သူ၏စွပ်စွဲချက်များကြောင့် သူလုပ်နိုင်မည့် အရာ မရှိခဲ့ကြောင်း ရှင်းရှင်း လင်းလင်း သိနေခဲ့သည်။ သူ၏ လုပ်ရပ်သည် အလွန်ပြင်း ထန်ခဲ့ပြီး ၎င်းသည် လင်းယွန် အား ဖိနှိပ် လှောင်ပြောင် နိုင်ခဲ့သော် ငြားလည်း လင်းယွန်က ဂုဏ်သိက္ခာ ရှိစွာ စစ်ဆေးခံယူ ခဲ့သည်။

သူသည်သာ မိုက်မဲစွာဖြင့် အဆုံးထိ မတွန်းပို့ခဲ့ ပါက ယခု သည်နေရာ၌ ရှိနေမည် မဟုတ်ပေ။ သံသရာ တစ်ပါတ်ပြန်လည် ခဲ့ပေ သည်။

သူက ဒူးထောက် တောင်းပန်ပြီးနောက် လင်းယွန်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ သည်ကြောင့် မတ်တပ်ပြန် ရပ်ဖို့ ကြိုးစား လိုက်မိသည်။

''.,.............''

သို့သော် သတ်ဖြတ်လိုသော ဆန္ဒတစ်ခုသည် စူးရှစွာဖြင့် သူ့အား ဖုံးလွှမ်းလာ သဖြင့် အလျင် အမြန် ပြန်လည် ဒူးထောက် လိုက်ရပြီး၊ ခေါင်းမော့ ကြည့်လိုက်ရာ လင်းယွန်၏ လက်၌ ပန်းသင်္ချိုင်း ဓားမှာ တုန်ခါနေ သည်ကို တွေ့လိုက် ရသည်။

ကြောက်ရွံ့ခြင်းသည် မားခူ ၏ နှလုံး သားအား ဝါးမျို သွားခဲ့၏။ ယခုအချိန်၌ မတ်တပ် ထရပ် ဖို့ရန် ကြိုးစားမိပါက လင်းယွန်သည် သူ့အား သတ်ပစ်နိုင် သည်ဟု ယုံကြည် လိုက်မိကာ တုန်လှုပ်လျက် နဖူးမှ ချွေးများ စီးကျ လာခဲ့သည်။

ဒိုင်အကြီးအကဲသည် မားဟူအား အထင် သေးစွာ ကြည့်လျက် မောင်းထုတ် လိုက်လေ သည်။

'' ဘယ်လောက် ရှက်စရာ ကောင်းလိုက်လဲ။ ခု စင်ပေါ်က ထွက်သွားစမ်း ...."

အကြီးအကဲ အသံသည် မာထန် နေခဲ့သော် ငြားလည်း ၎င်းသည် မားခူ အား အလွန် စိတ်သက် သာရာ ရစေကာ၊ သူက လျင်မြန်စွာ မတ်တပ် ထရပ် လိုက်ပြီး သိုင်းစင်မြင့် ထက်မှ ချက်ချင်း ထွက်ခွာ သွားမိလေသည်။

မားခူ ထွက်သွားပြီးသည်နှင့် တပြိုင်နက် ဒိုင်အကြီး အကဲက လင်းယွန်၏ နိုင်ပွဲကို ကြေငြာ လိုက်သည်။

ထို့ကြောင့် လင်းယွန်သည် သူ၏ နိုင်ပွဲကို ဆက်ထိန်း ထားနိုင်ခဲ့သည်။

''....ဆက်သွားပါ၊ ရှေ့လာမယ့် တိုက်ပွဲတွေ အတွက် ဖြစ်ပျက် ခဲ့တာ တွေကို မင်းစိတ်ထဲ ကနေ ထုတ်ပစ်ဖို့ အကောင်းဆုံး ကြိုးစားပါ ''

အကြီးအကဲက နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။ လင်းယွန်၏ နှလုံးသားသည် မတရား ဖိနှိပ်စွပ်ဆွဲ ခံရ သည်ကြောင့် လောင်မြိုက် နေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

၎င်းသည် ရိုးရှင်းသည့် ပွဲစဉ် တစ်ခုသာ ဖြစ်ပြီး လင်းယွန်သည် သူ၏ ပြိုင်ဘက်မှ သူ့ခန္ဓာ ကိုယ်အား ရှာဖွေရန် ဖိအားပေးခံရပြီး လူများစွာ ကပင် ဝေဖန် လှောင်ပြောင်ခဲ့ ကြသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ။"

လင်းယွန်က စင်မြင့်ပေါ်မှ ခုန်ချပြီး ပြန်ဖြေ လိုက်သည်။ သူထွက်သွား ပြီးနောက် ပတ်ဝန်း ကျင်မှ ပြင်ပ တပြည့် များသည် လူစုခွဲလိုက် ကြသည်။ ထို့ကြောင့် ၎င်းအဖြစ် အပျက်သည် နောက်ဆုံး၌ အဆုံးသတ်သွားခဲ့၏။

လင်းယွန်သည် အခြားသောအုပ်စုတွင်း ပွဲစဉ်များကို လိုက်လံ ကြည့်ရှုလျက် ပြိုင်ဘက်များ ဖြစ်လာနိုင်မည့် သူများကို ခန့်မှန်း နေမိ၏။

ဆဋ္ဌမအုပ်စုအတွင်း၌ သူသည် နောက်အချီသို့ တက်ရောက်ရန် သေချာ နေခဲ့ လေပြီ။ အုပ်စုတွင်း ပွဲစဉ် များတွင် ကျန်းဟန်မှ လွဲပြီး မည့်သည့် ပြိုင်ဘက်ကို မဆို ဓါးအသုံး ပြုရန် မလိုအပ် နိုင်ချေ။

လင်းယွန်သည် မြင်းနက် တစ်ကောင် ကဲ့သို့ ထင်ရှား လာခဲ့ သော်လည်း၊ သူအား ပြိုင်ဘက် ကင်းသော ခွန်အားများ ရှိသည်ဟု ထင်းကြေး ပေးထား ကြသည် မဟုတ်ပေ။

ဥပမာအားဖြင့် ပထမအုပ်စုမှ ဝမ်းဖိန် ၏ ဓားရှည်သည် အလွန်မြန်ဆန် လှကာ၊ ဓါးရိပ် ထွက်ပေါ်လာ သည့်နှင့် သူတို့၏ လည်ဂုတ်များ ပေါ်တွင် မိုးလျက် ရှိနေခဲ့သည်။

သို့သော် ဤမျှသန်မာသော သူသည် ထိပ်ဆုံး ဆယ်ဦး စာရင်း၌ တတိယ နေရာတွင်သာ ရပ်တည်နိုင် ခဲ့သည်။

ပြင်ပတပည့် ထိပ်သီးစာရင်းတွင် ပထမ နေရာ၌ ရှိသူမှာ ဟူဇီဖန်း ဖြစ်ပြီး၊ ပြင်ပ တပည့် များ၌ သူ့အား လက်ရည်တူ ရင်ဆိုင်နိုင်မည့်သူ မရှိခဲ့ချေ။

သူက အုပ်စုတွင်း တိုက်ပွဲများတွင် ပါ၀င်ရန် မလိုအပ်ခဲ့ပဲ၊ အတွင်းတပည့်များကြားတွင် ထိုင်လျက် မျက်ဝန်းများကို မှိတ်ထားလေသည်။

သူ၏ ကျင့်ကြံမှုသည် အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သော်လည်း၊ ၎င်းသည် လွန်ခဲ့သော နှစ်လ အတွင်းကပင် အတွင်း တပည့်ပေါင်း များစွာကို စိန်ခေါ် ခဲ့သည် ဟူသော ကောလ ဟာလများ ထွက်နေ ခဲ့သည်။

ပို၍ အံ့သြစရာ ကောင်းသည်မှာ အတွင်း တပည့် အချို့ကိုပင် အနိုင်ယူ နိုင်ခဲ့သည်။ သူက သေချာပေါက် အတွင်းတပည့် တစ်ဦးဖြစ်လာပြီး မည်မျှ ဝေးဝေး လှမ်းနိုင်မည်ကို စောင့်ကြည့် ရန်သာ ရှိချေ တော့သည်။

လင်းယွန်က သူ့ကို တစ်ချက်ကြည့် လိုက်သည့် အခါ ဟူဇီဖန်းသည် ပွဲကြည့်စင်တွင် ထိုင်လျက် ပြိုင်ပွဲကို လုံးဝ စိတ်မ၀င်စား သကဲ့သို့ မျက်လုံးများ မှိတ်ထား လေသည်။

လင်းယွန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်း လိုက် ပြီးနောက် ဆုစီယာထံသို့ မတော်တဆ ရောက်ရှိ သွားသည်။

သူမ၏အလှသည် အကြည့်များစွာကို စွဲဆောင်နိုင်ခဲ့ပြီး၊ အတွင်း၊ အပြင်တပြည့်များ အားလုံး၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။

ထို့ပြင် ဂိုဏ်း၏ အနာဂတ်သည် သူမထံ၌ လောင်းကြေးထပ်နေရ သကဲ့သို့ ကြီးမြတ်သော ပုံရိပ်အချို့ကို ထုတ်ဖော်ထားလေသည်

လင်းယွန်က ခေါင်းယမ်းကာ လှည့်ထွက် သွားပြီး သူ့၏ အာရုံအား စင်မြင့်ထက်ကို ဦးတည် လိုက်သော်လည်း၊ ရုတ်တရက် လူအုပ် ထဲရှိ ဇောင်ယန် နှင့် မျက်လုံးချင်း ဆုံသွားသည်။

ယန္တရားခန်းမတွင် ခံစားခဲ့ရသော ဒေါသများနှင့် တွန့်ဆုတ်တွေဝေခြင်းများသည် လင်းယွန်ထံ၌ ပျောက်ကွယ်နေခဲ့ပြီး သူက ဤအချိန်၌ ပို၍ တည်ငြိမ်နေခဲ့သည်။

ဇောင်ယန် ၏ ကျင့်ကြံမှုသည် အခြေခံ တည်ဆောက်ခြင်း သတ္တမအဆင့် တွင်ရှိနေပြီး သူသည် သူ၏ အုပ်စုတွင်း၌ ထင်းရှားသည့် အောင်မြင်မှုကို ရယူထားနိုင်ခဲ့သည်။

ထို့ပြင် ဇောင်ယန်၏ ပြိုင်ဘက်တိုင်းသည် သူ့အား အရှုံးပေးခြင်းဖြင့် နိုင်ပွဲကို ဆက်ထားနိုင်ခဲ့သည်။

ရဲရင့်သောသူအချို့သည်သာ အရှုံးပေးရန် ငြင်းဆန် ခဲ့သော် ငြားလည်း ဇောင်ယန် က အရှိန် အဝါကို ထုတ်လွှတ် ဖိအားပေး လိုက်သည်နှင့် တပြိုင်နက် ခြေတစ်လှမ်းပင် မရွေ့လျား နိုင်ခဲ့ကြချေ။

" ဘယ်လောက်တောင် သန်မာ အားကောင်းလိုက်လဲ သူ့ရဲ့ အရှိန်အဝါကို ကြည့်စမ်း။ သူက အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့်ကို ခြေတစ်ဝက်နင်းနေခဲ့ပြီ၊ ''

လင်းယွန်သည် ဇောင်ယန်၏ တိုက်ပွဲများကို မမြင်ခဲ့ရသော်လည်း ၎င်းအား အနိုင် ယူရန် သူ့အတွက် လွယ်ကူမည် မဟုတ်ကြောင်း ခန့်မှန်း နိုင်ခဲ့သည်။

"နောက်တစ်ပွဲ၊ လင်းယွန်နဲ့ ကျန်းဟန် "

လင်းယွန်သည် အတွေး၌နစ်မျောနေစဉ် သူ၏နာမည်ကို ခေါ်ခံလိုက်ရသည်။ ဆဌမအုပ်စု အတွင်း တပည့်ပေါင်း နှစ်ရာကျော်ရှိခဲ့ပြီး လူတိုင်းမှာ ပွဲသုံးဆယ်သာ တိုက်ခိုက်ဖို့ရန် လိုအပ်လှကာ သူကသာ ကံကောင်းခဲ့ပါလျှင် ကျန်းဟန်နှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ လင်းယွန် သည် နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ရန် နောက်ထပ်နှစ်ပွဲသာ အနိုင်ရဖို့ ရန် လိုအပ်ပေသည်။

"လင်းယွန် နဲ့ ကျန်းဟန် တကယ့်ပွဲပဲဟေ့ "

၎င်းသည် အုပ်စုတွင်းပွဲစဉ်များ၏ အပြင်းထန် ဆုံးသော ပွဲစဉ်တစ်ခု ဖြစ်ပေ လိမ့်မည်။ ကျန်းဟန်၏ ကျင့်ကြံမှုသည် ခြေခံ တည်ဆောက်ခြင်း သတ္တမအဆင့်တွင် ရှိနေပြီး သူသည် ဆဋ္ဌမအုပ်စု၌ အသန်မာဆုံးအဖြစ် အသိအမှတ်ပြုခံ ရသည်။

လင်းယွန်နှင့် ကျန်းဟန်တို့၏ တိုက်ပွဲကို ကြည့်ရန် လူအုပ်ကြီးသည် အပြေးအလွှား စုရုံးလာနေ ကြသည်။

လူတိုင်းသည် ကျန်းဟန်မှ လင်းယွန် အား ရိုက်နှက်မည့် အချိန်ကို စိတ်ဝင်တစား မျှော်လင့်နေမိသည်။

" မင်းက ငါ့ကို ရင်ဆိုင်ဖို့ ဓားကို မလိုဖူးပေါ့... "

လင်းယွန်သည် လက်ဗလာဖြင့် သိုင်းစင်မြင့် ပေါ်သို့ တက်လာသည်ကို မြင်လိုက်ပြီးနောက် ကျန်းဟန်က အံ့သြသွား ခဲ့သည်။

သူ၏နှလုံးသား၌ ဒေါသတကြီး ခံစားနေရ သော်လည်း သူ့မျက်နှာတွင် မည်သည့် ခံစားချက်မျှ မဖော်ပြထားချေ။

နူတ်ခမ်း၌ အပြုံးကိုတွဲခိုလျက် လင်းယွန်အား စူးရှစွာ စိုက်ကြည့်ခဲ့ပြီး သူ့ယုံကြည်မှုသည် ပိုမိုခိုင်မာလာ လေသည်။

သို့သော် လင်းယွန်က ကျန်းဟန် အား လျစ်လျူရှုလိုက်ပြီး ဒိုင်အကြီး အကဲကို ဦးညွှတ်လျက်၊

"ငါ ဒီပွဲကို အရှုံးပေးတယ် အကြီးအကဲ...."

" ဟမ်.....ဘယ်လို၊ မင်းက အရှုံးပေးတာလား "

".................. "

"ဒီဓားကျွန် က ဘယ်လောက်တောင် သတ္တိကြောင် လိုက်လဲ။ သူက သူ့ထက် အားနည်းတဲ့ သူတွေကို ဘယ်လို အနိုင်ကျင့် ရမလဲ ဆိုတာပဲ သူသိတယ်။ ''

'' အမှိုက်ပဲ ဂိုဏ်းမှာ ဒီလို သူရဲဘော ကြောင်တဲ့ ကောင်တွေ မရှိသင့်ဘူး။ ''

စိတ်လှုပ်ရှား စွာဖြင့် ရပ်ကြည့်ရန် ရောက်လာ ကြသော လူအချို့မှာ လင်းယွန်က အရှုံးပေးခဲ့ သည်ကို ကြားလိုက် ရသဖြင့် စိတ်ပျက် လက်ပျက် အပြစ်တင် လှောင်ပြောင် လိုက်ကြသည်။

"............"

ဒိုင်အကြီးအကဲ၏ မေးခွန်းကို လင်းယွန်က ခေါင်းငြိမ့်လိုက်သည်။ သူ၏ အတွေးများသည် ကြည်လင်နေပြီး အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်၌ ရှိနေသော ကျန်းဟန်ကို အနိုင်ယူလိုလျှင် လေဝဲဓါးကို အသုံးပြုရပေမည်။ သို့သော်လည်း ၎င်းသည် သူ၏ဝှက်ဖဲဖြစ်ပြီး ထုတ်ဖော်ပြသရန် ဆန္ဒမရှိချေ။

" ကျန်းဟန်ရဲ့ နိုင်ပွဲ။ "

ဒိုင်အကြီးအကဲက ရလဒ်ကို ကြေညာ ပြီးနောက် ကျန်းဟန်၏ နှုတ်ခမ်း၌ အပြုံး တစ်ပွင့် တွဲခိုလျက် သူက လင်းယွန်ကို အဓိပ္ပာယ် ပါပါ ခေါင်းညိတ် ပြခဲ့သည်။

'' မင်းက နောက်တစ်ဆင့်ကို ရောက်မှာ သေချာ နေမှတော့ ဘာလို့ အရိုက်ခံ နေမလဲ၊ မှန်ကန်တဲ့ ဆုံးဖြတ် ချက်ချကို ချနိုင်ခဲ့တဲ့ အတွက် မင်းကို ငါ..ချီးကျူး ပါတယ်။ ဟားဟားဟား "

ကျန်းဟန်၏ အမြင်တွင် လင်းယွန် သည် သူ့ကိုအနိုင်ယူနိုင်မည် မဟုတ်သည်ကြောင့် အရှုံးပေးခဲ့ခြင်း ဖြစ်ကာ၊ ၎င်းလုပ်ရပ်သည် သူ့ကိုယ်သူ ပို၍ ယုံကြည့်မှု ရှိလာစေသည်။

လင်းယွန်က ကျန်းဟန်ကို ခေါင်းညိတ်ပြ လိုက်ပြီး သူ့အကြည့်များအား ဇောင်ယန်ရှိရာ ဆီသို့ ပို့လွှတ်လိုက် လေသည်။

***

All Chapters