ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။
Vol. 3 Ch. 35
'' ဒါက မပြည့်စုံတဲ့ ရှန်ရှင်း သိုင်းနည်း စနစ်လား ''
လင်းယွန်က ဝမ်းသာအားရ ရေရွတ် လိုက်သည်။
သို့သော် ၎င်းသည် ချိနဲ့နေသည့် ကျား-နဂါး လက်သီး ဖြစ်ခဲ့သော်ငြားလည်း ယခု အချိန်၌ ထိုရလဒ် များကို ကျေနပ်မိသည်။
ထိုရလာဒ်သည် အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့်၏ အရှိန်အဝါဖိအားကိုပင် မတုန်မလှုပ် ရင်ဆိုင်နိုင်ပေမည်။
လင်းယွန်သည် တိတ်ဆိတ် ငြိမ်သက် သွား၏။ မပြည့်စုံသည့် ရှန်ရှင်းသိုင်း နည်းစနစ်ကို လေ့ကျင့်ရန် နှစ်ရက်သာ အချိန်ယူ ခဲ့ရ သည်ကို အကြီးအကဲ ဝမ်သာ သိရှိပါလျှင် သွေးအန် သွား ပေလိမ့်မည်။
ရုတ်တရက် လင်းယွန်သည် ဓါးထိန်းသိမ်းရေးခန်းမ၏ အကြီးအကဲဟောင်အား အကြွေးတင်ခဲ့သည်ကို နားလည်လိုက်သည်။
၎င်းသည် ကျောက်စိမ်းစာလိပ် ပန်းချီကားချပ်ကြောင့်သာ မဟုတ်ပါလျှင် ကျားရိုင်းလက်သီး(၁၈)ကွက်၌ ပြီးပြည့်စုံသောကျွမ်းကျင်မှုကို ရလိမ့်မည် မဟုတ်ပေ။
များစွာသော နတ်ဆိုး သားရဲ များကို တိုက်ခိုက် ရာ၌၎င်း၊ သေ-ရှင် တိုက်ပွဲများ၊ အမည်ခံ နတ်ဆိုး သားရဲ အမြုတေနှင့် ကျား-နဂါး လက်သီး၏ ကျားခြေလှမ်း၊ စသည့် အောင်မြင်မှု များသည် ထိုရတနာ ကြောင့်ပင် ဖြစ်လေ၏။
ဘိုးဘေးမိုးပြာနဂါး ရုပ်တုရှေ့တွင် လေနှင့်တိမ်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ထိုးထွင်း သိမြင်မှုအား ရရှိစေခဲ့သည်။
ထို့ပြင် ကျား-နဂါးလက်သီးသည် တိုက်ခိုက်ရေး နည်းစနစ် တစ်ခု မဟုတ်သော် ငြားလည်း ၎င်းသည် ကျားရိုင်း လက်သီး နည်းစနစ် ကဲ့သို့ တိုက်ခိုက် ရာတွင် အသုံးပြုနိုင် ပေမည်။
ထို့ကြောင့် ကျား-နဂါးလက်သီသည် ပုံမှန်ထက်ပိုသော နည်းစနစ်များ၊ အလှည့် အပြောင်းများ ပိုနည်းလေသည်။
'' ငါ့အရှိန်အဝါက ပိုသိပ်သည်းလာပြီ၊ ငါ့ရဲ့ ကျားရိုင်း လက်သီးကို ဒီအရှိန်အဝါ အောက် ကနေ အသုံးပြုရင် ဘယ်လောက် တောင် ကြောက်စရာ ကောင်းလိုက်မလဲ။ ''
အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေသည့် ကျောက်တုံးကို ကြည့်လျက် လင်းယွန်က သက်ပြင်းချလိုက်သည်။ ကျား-နဂါးလက်သီး၏ ပထမ သိုင်းကွက်သည် ပြီးပြည့်စုံရန် မဖြစ်နိုင် သော်လည်း ထိုနားလည်မှု သည်ပင် သူ့အတွက် လုံလောက် နေချေပြီ၊ ၎င်းသည် မပြည့်စုံသည့် ရှန်ရှင်း သိုင်းနည်းစနစ် တစ်ခုသာဖြစ်ပြီး နောက်ထပ် တစ်ဆင့်အား ဆုပ်ကိုင်နိုင်ရန် ပို၍ ခက်ခဲ ပေလိမ့်မည်။
နောက်သုံးရက်အကြာထိ ကျား-နဂါး လက်သီး နည်းစနစ်၏ ကျား-နဂါး အရှိန် အဝါကို ကျင့်ကြံ နေခဲ့သည်။
၎င်းအား လုံးလုံး လျားလျား ဆုပ်ကိုင် နိုင်ရန် မမျှော်လင့်ထားခဲ့ပဲ အရေးပေါ် အခြေ အနေ၌ မြန်နိုင်သမျှ မြန်မြန် ထုတ်ဖော် အသုံးပြုနိုင် ရန်သာ ရည်ရွယ် ပေသည်။
ယခုအချိန်တွင် လင်းယွန် သည် နောက်ထပ် ဝှက်ဖဲ တစ်ကတ်ကို ထပ်မံရရှိ ခဲ့သည် ဖြစ်ရာ ဇောင်ယန် နှင့် ရင်ဆိုင်ရန် ယုံကြည်မှု ပိုရှိ နေခဲ့ သည်။
ရှုံးထွက်ပြိုင်ပွဲများ မစခင် (၅)ရက်အလို၌ သာမာန်တပည့် တစ်ယောက်သည် လင်းယွန်၏ အခန်း တံခါးကို လာရောက် ခေါက်လာ လေသည်။ ထိုသူက လက်ထဲရှိ စာတစ်စောင်ကို မြောက်ပြလျက်....
" အစ်ကိုလင်း၊ မင်းအတွက် စာတစ်စောင် ရှိတယ်။ "
" ဘာစာလဲ ဘယ်သူပို့တာလဲ ''
" ငါမသိဘူး။ ''
လင်းယွန် သည် စာလာပို့သူ အဖြေကြောင့် အံ့သြသွားသည်။ သူက တစ်စုံတစ်ယောက်နှင့် စာဖွဲ့လောက်စရာ ပေါင်းသင်းရန် အချိန်မရှိ ခဲ့ပါဘူး။
ထို့ပြင် မူလလင်းယွန်သည် မိဘမဲ့၊ တစ်ကောင်ကြွက် ဓားကျွန် တစ်ဦးသာ ဖြစ်လေ သည်။
စာကို ဖွင့်ဖတ် လိုက်ပြီးနောက် လင်းယွန်၏ မျက်ဝန်း များတွင် လောဘရိပ်များ လောင်ကျွမ်း လာခဲ့သည်။
'' ရေဖြူမြို့၊ လေလံပွဲ ''
၎င်းသည် လေလံပွဲ ဖိတ်စာတစ်စောင်ဖြစ်ပြီး ရတနာခန်းမသခင် တုံဟူ ထံမှ ဖြစ်သည်။
'' မီးလျှံသွေး အရိုး ...၊ ငါ ဒါကို မေ့နေ ခဲ့တာပဲ ...."
လင်းယွန်အတွေး များသည် သူဌေးတုံ၏ စကားသံ များထံ ပြန်လည် စီးမျော သွားလေ သည်။
(မီးလျှံသွေးအရိုးများဖြင့် ပြုလုပ်ထားသည့် တော်ဝင်လက်နက်များ၊ ၎င်းတို့ထဲမှ တော်ဝင်သံချပ်ကာခုခံကာကွယ်ရေး ချပ်ဝတ်။ ......သွေးမီးလျှံ ချပ်ဝတ်။)
အထုတ်အပိုးပြင်ပြီးနောက် ဂိုဏ်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။ ငန်ရိုင်းပျံ သန်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက် ရေဖြူမြို့သို့ ဦးတည် ပြေးလွှားလာခဲ့သည်။ ခရီးလမ်း၌ လှုပ်ရှားမှုနည်းစနစ်ကို လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။
ထို့အတူ ယန်သန့်စင်ခြင်းနည်းစနစ်သည် အဆင့်ငါးဆင့်အနက် စတုတ္ထအဆင့်တွင် ရှိနေခဲ့ပြီး၊ ၎င်းအား ကျင့်ကြံ လိုက်သည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များ ပို၍ သိပ်သည်း လာသည်။
အကယ်၍ မီလျှံသွေးအရိုး၏ တန်ဖိုးသည် သူဌေးတုံ ယူဆထား သကဲ့သို့ မြင့်မားသည့် လေလံစျေး တစ်ခု ဖြစ်ခဲ့ပါက လင်းယွန်သည် အနာဂါတ် ကျင့်ကြံမှုများ အတွက် အရင်းအမြစ် ပြတ်လတ်မှုများ မဖြစ်နိုင် တော့ပေ။
အဆုံး၌ ရေဖြူမြို့သည် သူ့ရှေ့တွင် စည်ကားမြိုက်စာ ထွက်ပေါ်လာခဲ့သည်။ ဖိတ်စာအရ လေလံပွဲကျင်းပမည့်ရက်ထက် တစ်ရက်စောနေခဲ့သည်။
တည်ခိုခန်းထံသို့ ဦးတည်ကာ တစ်ညတာ အနားယူရန် ဆုံးဖြတ်လိုက်၏။ လင်းယွန်သည် တချိန်လုံး ပြေးလွှားလျက် ငန်းရိုင်း ပျံသန်းခြင်း နည်းစနစ်ကို ထုတ်ဖော် လာရ သည်ဖြစ်ရာ အနည်းငယ် နွမ်းနယ် နေခဲ့သော် ငြားလည်း ကျင့်ကြံရန် ပျင်းရိခြင်း မရှိခဲ့ပဲ သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်း စာလိပ်ကို ထုတ်ယူ လိုက်လေသည်။
'' ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ တွေ ဝေ နေတယ် ''
ထိုစကားလုံးများကို ဖတ်မိသည့် အကြိမ် တိုင်းတွင် သူ့ကိုယ်သူ အမြဲလိုလို ပျောက်ဆုံး သွားခဲ့ကာ ယခုအချိန်ထိပင် စကားလုံးများ၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ပေ။
ပန်းချီကားကို ဖြည်းဖြည်းချင်း ဖြည်ချ လိုက်သည့် အခါ ပြင်းထန်သော လေတိုးသံ များသည် သူ့နားထဲ၌ ပဲ့တင်ထပ်လာသည်။
နတ်ကျားသည် သူ့နှလုံးသားကို စားသုံးလိုသည့်ဆန္ဒတစ်ခုကို ထုတ်ဖော်လျက် အော်ဟစ်လိုက်၏။ ၎င်းသည် ယခုအချိန်၌ လင်းယွန်၏ စိတ်ဝိညာဉ်နယ်မြေထဲရှိ ကျားဖြူထက် ပိုမိုရန်လိုနေခဲ့ပြီး၊ ပို၍ စိမ်းသက်နေခဲ့သည်။
'' .............. ''
ပန်းချီကားကိုကြာရှည်စွာ ကြည့်ခြင်းသည် အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေသည်၊ ထို့အပြင် ၎င်းကို ပထမဆုံး လက်ခံရရှိချိန်မှစ၍
ယခုအချိန်ထိ အကန့်အသတ်ဖြင့်သာ ကြည့်ရှုနိုင်ခဲ့လေသည်။
လင်းယွန် သည် နတ်ကျားထံမှဖိအားကို အံကြိတ်ခံလိုက်ပြီး ထိုကျောက်စိမ်းစာလိပ် ပေါ်၌ အပြည့်အဝ နစ်မွန်း သွားသည်။
'' စွပ်........''
ရုတ်တရက် ပန်းချီကားထဲမှ ဓားရှည် တစ်လက်သည် ပေါက်ကွဲထွက်ပေါ် လာခဲ့ပြီး ညအမှောင်၌ လျှပ်စီးများ ဝင်းလက်သွား၏။
'' ဓား အ လင်း "
လင်းယွန် က ပန်းချီကားကို စိတ်လှုပ်ရှား စွာဖြင့် လွှင့်ပစ်လိုက်ပြီး အော်ဟစ် လိုက်သည်။ သူနှလုံးသားသည် တဆက်ဆက်ခုန်လျက် ထိတ်လန့်စွာ တုန်ယင်နေခဲ့သည်။
ယခုချိန် မတိုင်မီတွင် ၎င်းဓါးအလင်း တန်းအား တစ်ကြိမ်သာ မြင်ခဲ့ ရဖူးကာ အကြိမ်ကြိမ် ထပ်မံရှာဖွေ ခဲ့သော်လည်း မည်သည့် အခါမျှ ပြန်လည် ထွက်ပေါ်လာခြင်း မရှိချေ။
လင်းယွန်က သူ့ကိုယ်သူ ထင်မှတ်မှားနေ သည်ဟု ယူဆထားခဲ့သည်၊ သို့သော် အဆိုပါ အလင်းတန်းသည် ဒုတိယအကြိမ် ထပ်မံ ထွက်ပေါ် လာသည့် အပြင် အစစ်အမှန် ဓါးအလင်း တစ်ခု ဖြစ်ကြောင်း သေချာ နေလေသည်။
ခဏအကြာတွင် ကျောက်စိမ်းစာလိပ်ကို ပြန်လည် ကောက်ယူလျက် ထပ်မံဖြည်ချ လိုက်သည်နှင့် ကြီးမားသော ဖိအားသည် လင်းယွန်ထံသို့ ဦးတည်လာပြန်သည်။
သို့သော် သူက အလျော့မပေးခဲ့ပဲ လျှို့ဝှက်ဓား အလင်း၏ နောက်ကွယ်မှ ဇာစ်မြစ်အား ဖော်ထုတ်ရန် ဆုံးဖြတ် ထားလိုက် သည်။
ယခုအကြိမ်၌ လင်းယွန်၏ မျက်နှာ ထက်တွင် ပို၍ တုန်လှုပ် ချောက်ချားမှုများ ထင်ဟပ် လာလေသည်။ ပန်းချီကားထဲမှ လူတစ်ယောက်သည် တိတ်ဆိတ်စွာ ရပ်လျက် ရှိနေခဲ့သည်။
၎င်းအမျိုးသားသည် သူ၏ဘယ်လက်ထဲရှိ ဓားကို ကောင်းကင်သို့ မြှင့်တင်လိုက်သည်နှင့် ညာဘက်လက်ဖဝါးပြင်၌ နှင်းဆီပန်းတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
ထိုလူသည် ရိုးရှင်းငြိမ်သက်စွာ ရပ်နေသော်ငြားလည်း၊ ၎င်းထံမှ ဤကမ္ဘာနှင့် လားလားမျှ မသက်ဆိုင်သော အရှိန်အဝါများ ယိုစိမ့်ကျနေသည်။
ဤသို့ အသစ်ထပ်မံတွေ့ရှိမှုသည် ပန်းချီကား၏ အမြင်ကို အကြီးအကျယ် ပြောင်းလဲ စေခဲ့၏။
ပန်းချီကား ထဲတွင် နတ်ကျားသည် သူ့မူဟန် အတိုင်း ဟိန်းဟောက်နေဆဲပင် ဖြစ်သော် ငြားလည်း ယခုအကြိမ်၌ အဆိုပါ ကျားသည် ဒေါသထွက် ရန်လို မနေခဲ့ပဲ ထိုအပြာဝတ် လူထံမှ နှင်းဆီပန်းရနံ့ကို လိုက်လံရှာဖွေ နေလေသည်။
ကျားသည် မျက်လုံးများကို ပိတ်လျက် နှင်းဆီရနံ့ကို ဖြည်းဖြည်းချင်း ရှူရှိုက်ကာ လေထုထဲသို့ ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။
အဆိုပါနတ်ကျားသည် ပန်းချီကား တစ်ချပ်လုံး၏ ထက်ဝက်ခန့်အား လွှမ်းမိုးပိုင်စိုး ထားနေစဉ် ထိုအပြာဝတ်လူက သေးငယ်သော ထောင့်ငယ်တစ်နေရာ၌ ရပ်လျက် လင်းယွန်ကို လှမ်းကြည့်လိုက်သည်။
သူ့မျက်ဝန်းတစ်စုံသည် ကြယ်တာရာနှစ်စင်း အပြိုင်ထွန်လင်းနေသကဲ့သို့ နက်ရှိုင်းတောက်ပ နေခဲ့သည်။
'' ပန်း တွေ ဘယ် မှာ ပွင့် နေ လဲ ''
ရုတ်တရက် အေးစက်ခြောက်ကပ်နေသော အသံတစ်သံသည် လင်းယွန်၏နား၌ ပဲ့တင် ထပ်လာ ခဲ့သည်။ ထိုအချိန်တွင် အပြာဝတ် လူသည် စတင် လှုပ်ရှားလိုက်၏။
နှင်းဆီပန်းကိုကောင်းကင်သို့ ပစ်တင် လိုက်ပြီး လေထုထဲသို့ အားယူ ခုန်တက်လျက် ဓားအား ဆုပ်ကိုင်ကာ ခုတ်ပိုင်း လိုက်သည်။
ခဏချင်း မှာပင် နှင်းဆီပန်းသည် ဓားဖျားဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီးနောက် ပေါက်ကွဲ သွားသည်။
ထိုအခိုက်အတန့်တွင် ပန်းချီကားထဲမှ အပြာဝတ် လူ၏ အရှိန်အဝါသည် နတ်ကျားထက် အဆပေါင်း ထောင်ချီ သိပ်သည်းနေလေသည်။
ဓားချက်သည် ကြောက်စရာ ကောင်းလောက်သော အရှိန် အဟုန်များ မပါရှိချေ။ သို့သော် ၎င်းသည် ကြယ်တာရာ တစ်စင်း ကြွေကျသကဲ့သို့ တောက်ပစူးရှနေခဲ့ပြီး လတစ်စင်းကဲ့သို့ တည်ငြိမ်အေးစက် နေခဲ့သည်။
ထိုအပြာဝတ်လူက သူ၏ဓားကို ပြန်လည်ဆွဲယူလိုက်သည့်အခါ နှင်းဆီပွင့်ဖက် များသည် အနီရောင်နှင့် ခရမ်းရောင် ပွင့်လွှာများ အဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ ပျံတက်သွား ကြသည်။
ရုတ်တရက် ထိုအပြာဝတ်လူသည် အလွန် ဆွဲဆောင်မှု ရှိသော အပြုံးကိုထုတ်ဖော်လျက် ရှေ့သို့ ခုန်ထွက် လာသည်။ ကောင်းကင်၌ လွင့်မျော နေသော ပွင့်ဖတ်များသည် သူ့နောက်တွင် လွင့်မျော ကျန်ရစ် ခဲ့ပြီးနောက်၊ ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
'' ဝေါင်း......''
ရုတ်တရက် ထိုကျားသည် ခုန်ထွက် တိုက်ခိုက်လာခဲ့သည်ကြောင့် ထိတ်လန့်သွားပြီး ပန်းချီကားအား လျင်မြန်စွာ ပစ်ချလိုက်ရလေသည်။ သူ့ပတ်ပတ်လည်၌ အမှောင်သန်းနေခဲ့ပြီး ထိုအပြာဝတ်လူနှင့် ကျားမှာ ပျောက်ကွယ်သွာခဲ့ လေသည်။
လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်သွားရန် အချိန်အနည်းငယ် ယူခဲ့ရပြီးနောက် ဓားကို ကိုင်လျက် မတ်တပ်ထရပ်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ထိတ်လန့်မှုမှ ပြန်လည်သက်သာလာခဲ့ကာ ပန်းချီ ကားကို ထပ်မံ ကြည့်ရှုရန် ကြိုးစား လိုက်လေသည်။
ကျားသည် ပန်းချီကား တစ်ခုလုံးအား အုပ်စိုးလျက်၊ အပြာဝတ်လူသည် ပန်းချီကား၏ ချောင်ကျကျ နေရာ၌ ရပ်နေခဲ့ပြီး သူ့လက်ဖဝါး ပေါ်တွင် နှင်းဆီပန်းတစ်ပွင့်ကို တင်ကာ ငြိမ်သက် နေသည်။
ကျားက ၎င်းနှင်းဆီကို ရနံ့ခံလျက် ရှာဖွေနေ၏။ ထိုမြင်ကွင်းသည် မှော်ဆန်နေခဲ့ လေသည်။
ထိုအပြာဝတ်လူသည် ၎င်းနေရာ၌ အမြဲရပ်နေခဲ့သည်မှာ သိသာထင်ရှားလှသည်။ ယခင်အကြိမ်များ၌ လင်းယွန်သည်နတ်ကျား၏ အရှိန်အဝါအောက်တွင် ရုန်းကန်နေခဲ့ရသဖြင့် ၎င်းအား သတိမပြုမိခဲ့ခြင်း ဖြစ်ပေသည်။
ယခုအကြိမ်တွင် လင်းယွန်သည် နတ်ကျား၏ အရှိန်အဝါအား အနည်းငယ် ခုခံနိုင်ခဲ့ကာ၊ ထိုအပြာဝတ် လူအား သတိ ထားမိခြင်း ဖြစ်ပေမည်။
'' ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ ဝေနေတယ်။ ''
ထိုစကားလုံးများကို နောက်ဆုံး၌ နားလည်လိုက်သည်။ အံ့သြစရာ အကောင်းဆုံး အချက်မှာ ပန်းချီကား တစ်ချပ်၌ ဓားတစ်လက်ကို ဝှက်ထားခြင်း ဖြစ်သည်။ ကံမကောင်း လှစွာဖြင့် သူက မည်မျှပင် အားထုတ် စေကာမူ ထိုဓါးချက်ကို ဆုပ်ကိုင်ရန် မတက် နိုင်ခဲ့ပေ။
''............ ''
'' ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။ "
လင်းယွန်က သူ၏ဓားကို ဓားနှင့်လိုက်လံ ထိုးသတ်နေခဲ့ပြီး ထိုမေးခွန်းအား သူ့ကိုယ်သူ ထပ်တလဲလဲ မေးမြန်းနေခဲ့သည်။ ညအမှောင်၌ ဓါးအရောင်သည် တဖျတ်ဖျတ်တောက်ပလျက် လျင်မြန်စွာ လှုပ်ရှားနေတော့သည်။
***