မီးလျှံသွေးအရိုးများနှင့် လေလံ စံအိမ်။
Vol. 3 Ch. 36
'' ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။ ''
လင်းယွန်က လေ့ကျင့်နေစဉ် သူ၏စိတ်ထဲ၌ ဤမေးခွန်းကို ထပ်ခါထပ်ခါ မေးနေခဲ့သည်။ ပန်းချီကားထဲမှ လူ၏ ဓားချက်သည် သူ့ကို လွှမ်းမိုး နေခဲ့ပြီး ၎င်းအား ထုတ်ဖေါ်နိူင်ရန် ကြိုးစား ခဲ့သော်လည်း၊ အကြိမ်ကြိမ် ကျရှုံးခဲ့ကာ တစ်ညတာလုံး အရူးတစ်ယောက်လို ရေရွတ်နေခဲ့သည်။
တစ်ညတာကုန်လွန်ပြီးနောက် အာရုဏ်ဦးတွင် သူ၏ တိုက်ခိုက်မှုများကို ရပ်နားလျက် သက်ပြင်း တစ်ချက်ချကာ အရှေ့သို့ ငေးကြည့်မိသည်။
သူ၏ ထိုးထွင်းနားလည်မှုအတွက် အကြွင်းမဲ့ ယုံကြည်ချက် ရှိသော်လည်း ၎င်းအား မအောင်မြင် ခဲ့ချေ။
ထိုအပြာဝတ်လူ၏ လှုပ်ရှားမှုသည် ရိုးရှင်းသေသပ်နေခဲ့ပြီး သူက အလုံးစုံ မှတ်မိနေခဲ့သည်။ ၎င်းသည် ဓါးချက် တစ်ချက်ပင် ဖြစ်သော်ငြားလည်း လင်းယွန်က မဆုပ်ကိုင်နိုင်ပေ။
မနက်ခင်း အလင်းရောင်အောက်တွင် နှင်းများဖုံးလွှမ်းနေခဲ့ပြီး၊ မြေပြင်တစ်ခုလုံး စိုစွတ်သွားသည်။ သူရပ်နေသည့် နေရာသည် လာရောက် တည်းခိုသူ များအတွက် ချိန်ခါမရွေး လေ့ကျင့်ရန် ပြင်ဆင် ပေးထားသော လေ့ကျင့်ရေး မြေကွက်လပ် တစ်ခု ဖြစ်သည်။
မြေကွက်လပ်ဘေး၌ တောရိုင်းပန်း တစ်ပွင့်သည် နေရောင်ခြည် အောက်တွင် ပွင့်လန်းရန် အားယူနေခဲ့၏။ ဖြည်းဖြည်းချင်း လျှောက်သွားကာ ခူးယူ လိုက်ပြီး၊ လက်ဖဝါးပေါ် တင်လျက် အပြာဝတ် လူ၏ ဓါးချက်ကို အနှေးပြကွက် တစ်ကွက်လို ထပ်တလဲလဲ တွေးတော နေမိ လေသည်။
ထို့နောက်တွင် တောရိုင်းပန်းကို လေထဲသို့ဖြည်းညှင်းစွာပစ် တင်လိုက်သည်။ တောရိုင်း ပန်းသည် လေထုထဲ တိုးဝင် သွားသည် နှင့်အမျှ သူ၏ဓားကို ညာလက်သို့ လွှဲကိုင် လိုက်ပြီး တွန်းထုတ်ချ လိုက်သည်။
ဓားထိပ်၌ ပန်းကို ပွင့်ခွင့်ပြုမည်။ အပြာဝတ် လူ၏ ကိုယ်ဟန် အနေ အထားဖြင့် ထပ်တူ လှုပ်ရှား နေခဲ့ သည်ကြောင့် တောရိုင်းပန်းသည် ဓါးဖျား၌ စိုက်ဝင် သွားသည်။ သို့သော် သူ၏ဓားမှာ တုန်ခါသွားပြီး တောရိုင်းပန်းအား ကွဲကြေသွား စေသည်။
'' မဟုတ်သေးဖူး၊ ဘယ်မှာမှားနေတာလဲ၊ ဒါက ဓါးချက် တစ်ချက်ထဲမလား.....''
ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့ ............။
'' နေ..... ဦး ။ "
လင်းယွန်က စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။ ၎င်းပန်းချီကားသည် သူ့အား လိုက်နာ တုပရန်အတွက် ညွှန်ကြား ချက်များ မပေးခဲ့ ပေ။
၎င်းသည် ဥပမာတစ်ခုသာ ဖြစ်နိုင်၏။ ထိုနှင်းဆီပန်းသည် အစစ်အမှန် ပန်းတစ်ပွင့် သို့မဟုတ် တစ်စုံတစ်ရာကို ရည်ညွှန်းခဲ့ခြင်း ဟုတ်ခဲ့ ပုံမရ၊ ၎င်းသည် ရည်ရွယ်ချက်တစ်ခု၏ ပုံစံငယ်တစ်ခုကိုသာ ပြသခြင်း ဖြစ်ပေမည်။
'' ............... '
ထိုအခိုက်အတန့်၌ သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော ရမ္မက်များ တောက်လောင်လာ လေသည်။
ပန်းတွေ ဘယ်မှာ ပွင့်နေလဲ။
လင်းယွန်က အပြာဝတ်လူ၏ စကားသံကို တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် အရှန် အဝါကို စတင်ထုတ်လွှတ် လိုက်ရာ ယခု အကြိမ်၌ ၎င်းသည် ကျားရိုင်း တစ်ကောင် ကဲ့သို့ ကြမ်းကြုတ်သော အငွေ့အသက်များကို ထွက်ပေါ်လာစေခဲ့သည်။
တစ်ဆက်တည်းမှာပင် လင်းယွန်၏ လက်ထဲရှိ ပန်းသင်္ချိုင်းဓါးသည် တော်ဝင်အငွေ့ အသက်ကို ထုတ်ဖော်ပြသလျက် သားရဲကို ငြိမ်ဝပ်သိမ်မွေ့ စေခဲ့သည်။
အရိုင်းဆန်မှု၊ ကြီးမြတ်သိမ်မွေ့မှု။
၎င်းတို့သည် အခြေခံအားဖြင့် ကွဲပြားခြားနားသော အရှိန်အဝါနှစ်ခု ဖြစ်သော်လည်း ပန်းသင်္ချိုင်းဓါး၏ ထိန်းချုပ်မှု အောက်၌ ပေါင်းစပ် ပျော်ဝင်သွားသည်။
လင်းယွန်မျက်လုံးများသည် ဓားဖျားသို့ မျှော်ကြည့်လျက် ငြိမ်သက်ခြင်းနှင့်အတူ ပတ်ဝန်းကျင်အား မေ့လျော့ ပျောက်ကွယ် သွားကာ၊ အဆုံးအစမဲ့ အမှောင်ထုအတွင်းသို့ နစ်မြုပ် သွားခဲ့သည်။
အမှောင်ထုထဲ၌ ဓါးဖျားကို မမြင်နိုင် ခဲ့သော် ငြားလည်း ၎င်းထံမှ အေးစက်သည့် အငွေ့ အသက် များကို နှလုံး သားမှ ခံစားရမိသည်။
တနည်းအားဖြင့် လင်းယွန်သည် သူ၏ ပန်းသင်္ချိုင်း ဓါးအား နှလုံးသားဖြင့် ရှင်းလင်းစွာ အာရုံခံနိုင် နေခဲ့လေသည်။
ပန်းတွေဘယ်မှာပွင့်နေလဲ။
'' ရွှမ်း...... ''
ပန်းသင်္ချိုင်းဓါးသည် လျင်မြန်စွာ လှုပ်ရှားသွားသည်။ ယန်စွမ်းအင်များနှင့် ကျား တစ်ကောင်၏ အရိုင်းဆန်သော အရှိန်အဝါ များသည် ဟုန်းခနဲ ပျောက်ကွယ်သွားပြီးနောက် ပန်းသင်္ချိုင်း ဓါးဖျား၌ နှင်းဆီ တစ်ပွင့်သည် ဖြည်းဖြည်းချင်း စတင်ပွင့် လန်း လာခဲ့ လေသည်။
၎င်းသည် နောက်ဆုံးပွင့်လွှာကို အပြည့်အဝ ဖွင့်ချ နေခဲ့ပြီး ခဏအကြာတွင် ဓားဖျားမှ ပျောက်ကွယ် သွားတော့သည်။
လင်းယွန် က တုန်ယင်သွားပြီး လေကို အလောတကြီး ရှုရှိုက်လိုက်ရကာ ပန်းသင်္ချိုင်းဓါးအား မြေသို့ စိုက်ချလျက် လဲမကျသွားစေရန် ကျားကန်အားပြု လိုက်ရသည်။
ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ ခမ်းခြောက် သွားပြီး မျက်လုံးများသည် မှေးမှိန် ဖျော့တော့ သွား၏။
ဖြူဖျော့သော မျက်နှာပေါ်ရှိ ပင်ပန်း နွမ်းနယ် နေသော အမူအယာများမှာ၊ ရုတ်ချည်း ပြောင်းလဲ တောက်ပလာ လေသည်။
" ငါ လုပ် နိူင် ခဲ့ ပြီ၊ ''
နောက်ဆုံး၌ 'ပန်းတွေ ဘယ်မှာပွင့်နေလဲ' ဟူသည် ဓါးကို ရည်ညွန်းထားပေသည်။ ၎င်းသည် နှလုံးသားထဲရှိ ကျားကိုအနိုင်ယူရန် ဓားကို ဓားဖြင့် ပိုင်းဖြတ်ခိုင်းခြင်း ဖြစ်လေ၏။
မည်မျှရိုးရှင်းခဲ့သနည်း၊ သို့သော် ထိုအရာသည် ရှုပ်ထွေးခဲ့၏။ ဤဓါးချက်သည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ၊ အပြည့်အ၀ ထိန်းချုပ်ရန် လိုအပ်ပေသည်။ တနည်းအားဖြင့် ယင်နှင့်ယန်ကို ပေါင်းစပ်အသုံးပြုခြင်းပင်။
(ဒါဆို ငါ့နှလုံးသားထဲက၊ ကျား ဆိုတာ ဘာကို ဆိုလိုတာလဲ။)
၎င်းသည် (လောဘ၊ဒေါသ၊မောဟ) ဒေါသဒနှင့် ကိုယ်တွင်းနတ်ဆိုးများကို ဆိုလိုသည်။ အနည်းငယ် သတိထားမိခြင်း မရှိပါက နှလုံးသား၌ အလိုရမ္မက်များသည် မီးပွားတစ်စလို လောင်မြိုက်လာပြီး ညစ်ထေးသွား ပေလိမ့်မည်။
ထိုသို့ဆိုလျှင် အကျိုးဆက်အဖြစ် နှလုံးသား၌ ကိုယ်တွင်းနတ်ဆိုးကို မွေးဖွားမိလာ ပေလိမ့်မည်။
ထိုနတ်ဆိုးသည် ကျင့်ကြံသူများအတွက် နှောက်ယှက်ဟန့်တားနေသော အတားအစီး တစ်ခု ဖြစ်လေသည်။
တစ်စုံတစ်ယောက်သည် အနာဂါတ်တွင် ကောင်းကင်သို့ ပျံသန်းလိုပါက နှလုံးသားရှိ ထိုအရာအား သတ်ဖြတ်ပစ်ဖို့ လို၏။
'' နောက်ဆုံးတော့ ငါက ဒီဓါးချက်ရဲ့ ကန့်သတ်ချက်ကို ချိုးဖြတ်နိုင်ခဲ့တယ်။ သူ့ရဲ့ စွမ်းအားက မယုံနိုင်စရာပါပဲ။ ငါက နက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်မိဖို့ ကြိုးစားရမယ်၊ ဒါက ငါ့ရဲ့ ဝှက်ဖဲတစ်ချပ်ပဲ "
လင်းယွန်သည် ရတနာခမ်းမသို့ မသွားမီ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ခဏအကြာ အနားယူမိသည်။
လေးနာရီကြာပြီးနောက် ရတနာခန်းမသို့ ရောက်ရှိလာ ခဲ့သည်။
'' ညီငယ်လေးလင်း၊ မင်းကို တချိန်လုံး မျှော်နေခဲ့တာ၊ "
တုံဟူက ပြုံးရယ်လျက် ဖော်ရွေစွာ ခရီးဦးကြိုပြုလိုက်သည်။ လင်းယွန် သည်လည်း အမှန်တကယ် ပျော်ရွှင်ခဲ့ သော်လည်း သူ၏ ခံစားချက်ကို ဖုံးကွယ်လျက် တည်ငြိမ်စွာ ခေါင်းညိတ် အသိအမှတ်ပြု လိုက်သည်။
သူက ကျန်မီးလျှံသွေးအရိုးများကို ထုတ်ယူပြီး တုံဟူကို လွှဲပြောင်းပေးအပ် လိုက်သည်။ သူဌေးတုံသည် ယခုမှပင် သက်ပြင်းချ ဝမ်းသာခဲ့ရသည်။
လင်းယွန်ထံမှ သဘောတူညီချက် ရထားသော် ငြားလည်း တစ်စုံတစ်ရာ လွဲမှား မည်ကို စိုးရွံ့နေဆဲပင် မဟုတ်ပါလော။
'' မီးလျှံသွေးအရိုးကို လေလံတင်ရောင်းချလို့ ရတဲ့ တန်ဖိုးရဲ့ (၁၀%)ကို ရတနာခန်းမက ဝန်ဆောင်ခ ယူမယ် ဆိုတာကို ...သဘော တူလား ညီငယ်လေး။ ''
လင်းယွန်က တုံဟူအမေးကို ခေါင်းညိတ် ပြလျက်...
" သူဌေးတုံ၊ ဒီမီးလျှံ သွေးအရိုး ကိုးခုက ဘယ်လောက် ရမယ်လို့ မင်း ထင်ထားလဲ "
'' ငါသာ မမှားရင် ယမန်နှစ်က မီးလျှံသွေး အရိုးတစ်ခုကို အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၅၆၀၀)ရ ခဲ့တယ် သွေးအရိုး ကိုးခုဆိုတော့ (၅၀၀၀၀) နီးနီးပေါ့ ''
တုံဟူက လောဘကြောင့် အရောင်များ တလက်လက်ဖြင့် ရယ်မော တွက်ပြ လိုက်သည်။
တန်ဖိုးပမာဏကို ကြားလိုက်ပြီးနောက်၊ လင်းယွန်က မှင်တက် တိတ်ဆိတ်သွားသည်။
'' ညီငယ်လေးလင်း မင်းက တော်ဝင် လက်နက် တွေရဲ့ တန်ဖိုးကို နားမလည်ဖူး ထင်တယ်၊ သွေးမီးလျှံချပ်ဝတ် က အဆင့်နိမ့် တော်ဝင် လက်နက် ဆိုပေမယ့် သူ့အဆင့် တွင်းမှာ သူက ထိပ်တန်း စာရင်း ဝင်တယ်။ ပြီးတော့ သူက သံချပ်ကာတွေလို မလေး လံဖူး။ ပေါ့ပါး ချပ်ရပ်ပြီး မင်းကို အံသြလောက်စရာ ကာကွယ် နိုင်စွမ်းပေး လိမ့်မယ်။ ''
'' ဥပမာ မင်းက သွေးမီးလျှံချပ်ဝတ်ကို ဝတ်ထားရင် ဟောင်ရှင်းအဆင့် သိုင်းသမား ဘယ်သူ့ကိုမဆို စိတ်ပူစရာမလိုဘူး။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှုအဆင့်က သတ္ထမအဆင့်ကို ရောက်နေဖို့တော့လိုတယ်၊ မဟုတ်ရင် မင်းက ဒဏ်ရာလောက်တော့ ရသွားနိုင်တယ်။ ''
လင်းယွန် ၏ မျက်နှာပေါ် ရှိ မယုံကြည်နိုင်သည့် အကြည့်များကြောင့် တုံဟူက ရယ်လိုက်ပြီး၊
"စျေးနှုန်းက အခု....အဓိပ္ပာယ်ရှိသွားတယ်၊ မဟုတ်လား။ ''
'' အင်း... ငါနားလည်ပြီ၊ ဒါက အသက် တစ်ချောင်း အပို ၀ယ်ထားလိုက်သလိုပါပဲ "
လင်းယွန် က ခေါင်းညိတ်လျက် တည်ကြည် လေးနက်စွာ ဖြည့်စွက်ပြော လိုက်သည်။ တုံဟူ သည် လင်းယွန် စကားကြောင့် ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေသည်။
'' ဒီ လေလံပွဲကို ဂိုဏ်းခွဲလေးဂိုဏ်းက အာရုံစိုက်နေတယ်၊ သူတို့က သွေးမီးလျှံအရိုးကို ရဖို့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနိုင်တယ်၊ ငါ့ အထင် ဒီတစ်ကြိမ်တော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး (၅၀၀၀)ထက် အများကြီး ပိုမြင့် သွားနိုင် လိမ့်မယ်လို့ ...ပြောရဲတယ်။ မင်းလုပ် ရမှာက ငြိမ်ငြိမ် သက်သက် ပြန်အနားယူပြီး၊ သတင်းကောင်းကို စောင့်နေဖို့ပဲ...."
တုံဟူက သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ မီးလျှံသွေးအရိုးအား ပိုင်ဆိုင်မှုသည် မိုးကောင်းကင်နိုင်ငံ တစ်နိုင်ငံလုံးကို ရူးသွပ်သွားစေရန် လုံလောက်ပေသည်။
မီးလျှံသွေးအရိုးကိုးခုကို ၀ယ်ယူခြင်းသည် သွေးမီးလျှံချပ်ဝတ် ကိုးစုံကို မှာယူခြင်းနှင့် တူသည်။ ၎င်းသည် ပိုင်ဆိုင်ခွင့်ရမည့် မည်သည့်ဂိုဏ်းကိုဖြစ်စေ ထိပ်တန်းအဆင့်သို့ ပို့ဆောင်နိုင်သော အားသာချက်ကို ရရှိပေမည်။
"လေလံပွဲက ဘယ်တော့စမှာလဲ"
လင်းယွန်က မေးလိုက်သည်။ တုံဟူ က လက်ဝေ့ယမ်းပြလိုက်ပြီး
'' မနက်ဖြန်နေ့လည် ဘာကြောင့်လဲ၊ မင်းက လာဖို့စိတ်ဝင်စားလား ညီငယ်လေးလင်း "
'' သေချာတာပေါ့ ''
" ဟားဟားဟား မင်းစိတ်ဝင်စားမယ်လို့ ငါထင် ထားပါတယ်။ ဒီမှာ ငါမင်းအတွက် ဒါကိုပြင်ဆင်ထားတယ်။ ဒါက ဂုဏ်ထူးဆောင် ကဒ်ပဲ၊ မင်းလုပ်ရမှာက ဒီကဒ်ကို ဂိတ်မှာပြပါ။ ပွဲ၀န်ထမ်းတွေက စီစဉ်ပေးလိမ့်မယ် ''
တုံဟူ က ငွေရောင်ကဒ်ကို လွှဲပေးစဉ် ပြောကြားခဲ့သည်။ လင်းယွန် က လက်ခံယူလိုက်ပြီး တည်းခိုဆောင်သို့ ပြန်လာခဲ့သည်။
လင်းယွန် သည် သက်ပြင်းချလိုက်သည်။ သူက မူလလင်းယွန် အား ပေးခဲ့သည့် ကတိကိုစဉ်းစားနေမိသည်။ ဤလေလံပွဲမှ ရရှိမည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများဖြင့် ဆုစီယာ၏ အကြွေးကို ပြန်ဆပ်နိုင်ပေမည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် လင်းယွန်သည် လေလံစံအိမ်သို့ ရောက်ရှိလာသည်။ ထိုနေရာသည် ရေဖြူမြို့၏ ဗဟိုချက်တွင်တည်ရှိပြီး ၎င်းသည် အစည်ကားဆုံးနေရာ ဖြစ်သည်။
ရင်ပြင်၌ ပျံကျ စျေးဆိုင်များနှင့် စားသောက်ဆိုင်များ စည်ကား ပြည့်နှက် နေသည်။ ထိုစံအိမ်သည် ရေဖြူမြို့၏ ရတနာ များကို တစ်နှစ်တစ်ကြိမ် စုပေါင်း လေလံ တင်ပေးသည့် တာဝန်ကို ယူထားသည်။
၎င်းသည် လေလံပွဲ ကျင်းပသည့် အချိန်၌သာ ဤသို့ ပြဇာတ်ဆန်ဆန် စည်ကားမှုများ ဖြစ်ပေါ်လာပုံ ရ၏။
လေလံစံအိမ် တံခါးနားတွင် ကျင့်ကြံသူ များနှင့် ပိတ်ဆို့ပြည့်ကျပ် နေသည်။ ထိုလူအုပ်ကြီး ထဲရှိ ကျင့်ကြံသူများစုမှာ အခြေခံ တည်ဆောက်ခြင်း သတ္ထမဆင့်တွင် ရှိနေ ကြသည်။
လင်းယွန် က လေလံစံအိမ်ထဲသို့ ၀င်သည်နှင့် ဝင်ခွင့်ကဒ်ကို အစေခံတစ်ဦးထံ လွှဲပြောင်းပေးအပ်လိုက်သည်။
၎င်းအစေခံသည် လင်းယွန် ပေးလာသည့် ဝင်ခွင့်ကဒ်ကို ကြည့်လိုက်ကာ၊ လင်းယွန်အား အလေးအနက် ဦးညွှတ်ပြလိုက်ပြီးနောက် ယဉ်ယဉ် ကျေးကျေး ခေါ်ဆောင်လာခဲ့သည်။
" သခင်လေး။ ကျေးဇူးပြုပြီး ငါ့နောက် လိုက်ခဲ့ပါ၊ သခင်လေးလင်း လာမယ်ဆိုတာ သူဌေးတုံက ငါတို့ကို မှာထားပါတယ်။ ကျေးဇူး ပြုပြီး ဒီကိုလာခဲ့ပါ "
တာဝန်ရှိသူ အကြီးအကဲများသည် အစေခံ ဧည့်ကြို ဝန်ထမ်း၏ ကျယ်လောင်သော နူတ်ဆက် သံကြောင့် လင်းယွန် ထံသို့ အကဲခတ် လာသည်။
သူဌေးတုံက ဂုဏ်ထူးဆောင် ဧည့်သည် တစ်ယောက် လာမည်ဟု မှာကြားခဲ့ စဉ်က သူတို့၏ စိတ်ကူးထဲရှိ ပုံသဏ္ဍာန်နှင့် ယခု လင်းယွန်သည် များစွာ ကွဲပြားနေခဲ့သည်။
အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့် တွင်သာ ရှိနေသော (၁၆ )နှစ်အရွယ် ကောင်လေး တစ်ယောက် ဖြစ်ပြီး၊ ၎င်းသည် ဂိုဏ်း၏ ပြင်ပ တပြည့် တစ်ယောက်သာ ဖြစ်နေ ခဲ့လေသည်။
လေလံစံအိမ်၏ ပင်မခန်းမထဲတွင် လူတစ်ထောင်ကျော်ခန့် ရောက်ရှိနေခဲ့သည်။ ကြီးကြပ်ရေးမှူးတစ်ဦသည် လင်းယွန်နှင့် အစေခံဧည့်ကြိုကို မြင်သောအခါ ခေါင်းညိတ် အသိအမှတ် ပြုလိုက်သည်။
'' ငါ့ရဲ့ ကိုယ်ပိုင်အခန်းကို ခေါ်သွားလိုက်ပါ။ ပြီးရင် မင်းသွားလို့ ရပြီ။ "
"ဟုတ်ကဲ့ဆရာ..."
***