ကြီးမားသောငွေ ပမာဏ။
Vol. 3 Ch. 38
လင်းယွန်သည် ဓားသေတ္တာကို ၀ယ်ယူခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို စဉ်းစားနေစဉ်၊ အခြား တစ်ဖက်တွင် ယန်သခင် လေး၏ အစောင့်များသည် သူတို့စုံစမ်း သိခဲ့ သမျှ အကြောင်များကို ရှင်းလင်း တင်ပြနေခဲ့ ကြသည်။
'' သခင်လေး၊ မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ ပြင်ပတပည့် တစ်ယောက်က ဦးချိုကို လေလံတင်ခဲ့ တာကို ငါတို့ အတည်ပြုပြီးပြီ။ သူ့နာမည်က လင်းယွန်ပါ သခင်လေး။ ''
'' မိုးပြာရောင် ကောင်းကင် ဂိုဏ်း လား၊....အခုသူဘယ်မှာလဲ ''
'' သူက အခန်း (၁၇)မှာပါ၊ သွေးသန့်စင်ခြင်း ဆေးလုံး လေလံအောင် သွားတဲ့ လူပဲ။ ''
" တောက်.... ဒီအသံကိုရင်းနှီးနေပါတယ်လို့ ထင်နေတာ၊ ဟိုခွေးကောင်ကိုး "
ယန်သခင်လေးသည် အော်ဟစ် ကျိန်ဆဲခဲ့သည်။ သို့သော် ရုတ်တရက် ကောက်ကျစ်သည့် အပြုံး တစ်ပွင့်ကို သူ့မျက်နှာပေါ် ဆင်မြန်း လိုက်ပြီး ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
'' မင်းက မိုးထိတောင် မှာ ငါ့လက်ကနေ လွတ်နိုင်ခဲ့ပေမဲ့ အခု ငါ့ နယ်မြေထဲ ရောက်နေပြီ။ ငါတို့ နည်းနည်းလောက်ပျော်ဖို့ အချိန်တန်ပြီ ထင်တယ်။ "
တချိန်ထဲမှာပင် ခီလန် သည် မျက်နှာတွင် ချွေးများ စီးကျနေလျက် ကြမ်းခင်းစျေး ဖွင့်ကာ တိတ်ဆိတ်နေမိသည်။
'' အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၈၁၀) ''
ရုတ်တရက် ဒုတိယထပ်မှ အသံတစ်သံသည် လေလံစျေးကို စတင်လိုက်လေသည်။
ခီလန် ၏ နှလုံးခုန်သံသည် တဒိန်းဒိန်း ခုန်လာ၏။ သူမရဲ့ နာမည်ဂုဏ်သတင်းကို ကယ်တင်ခဲ့သည့် အခန်း (၁၇) ကို စိတ်လှုပ် ရှားစွာ မော့ကြည့်လျက် ဦးညွှတ်လိုက်ပြီး။
'' ငါတို့ရဲ့ အခန်း (၁၇) က ဧည့်သည် တော်ကြီးက ထက်မြတဲ့ အမြင်ရှိတယ်။ ဒီဓားသေတ္တာ အတွက် နောင်တကင်းစေ ရပါမယ်။ ''
သူမ၏ အမူအယာပြောင်းလဲမှုသည် လျင်မြန်ခဲ့ပြီး မျက်ဝန်းများသည် ပြန်လည်တောက်ပလာသည်။ ခီလန် က လဝန်းတစ်စင်းလို ရွန်းလဲ့စွာဖြင့် လင်းယွန် အခန်းထံသို့ မော့ကြည့်နေခဲ့သည်။
'' ငါ နည်းနည်းလေးတော့ စဉ်းစားဖို့လိုခဲ့ပုံပဲ ''
လင်းယွန် က သူ့နှာခေါင်းကိုပွတ်ရင်း ပြောလိုက်သည်။ ခီလန်၏ တုံ့ပြန်မှုကို မြင်သည့်အခါ သူ့ကိုယ်သူ သနားသွားခဲ့ပြီး ရှေ့နေတစ်ယောက် အဖြစ် အချိန် အတော် များများတွင် ထိုအကြည့်မျိုးကို မြင်ထား ခဲ့ဖူးသည် ဖြစ်ရာ ၎င်းသည် ကောင်းသော အရာ တစ်ခုခုကို ကြုံတွေ့ရ ခဲပေမည်။
ထိုအချိန်တွင် သီးသန့်ခန်းအတွင်းထဲမှ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်တွင် အညံ့ဆုံး ဓါးသေတ္တာ တစ်ခု အတွက် မည်သူမဆို ဤမျှလောက် များစွာ ပေးချေ ရခြင်းသည် ရယ်စရာ ကောင်းလှပေ၏။ ခီလန် က သူမအသံကို မြှင့်တင်လိုက်ပြီး။
'' (၈၁၀) တစ်ကြိမ်.... (၈၁၀)နှစ်ကြိမ် ဂုဏ်ယူပါတယ်.. ဧည့် ... "
'' နေဦး ....အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၁၆၀၀)နဲ့ ကမ်းလှမ်းတယ်။ ''
ဒုတိယထပ်မှ အော်ဟစ်တားဆီးသံကြောင့် ခီလန် ခဏကြာကြာ အံ့သြ မှင်တက်ကာ ရပ်လိုက် မိသည်။
'' ဘယ်သူက ဒီလောက်ရက်ရော ခဲ့တာလဲ "
အစေခံတစ်ယောက်သည် လေလံစင်မြင့်သို့ လျင်မြန်စွာ တက်လာခဲ့ပြီး ထိုသူက ခီလန်အား တစ်စုံ တစ်ရာကို တိုးကပ်ပြောလိုက်ပြီး ပြန်ဆင်း သွားခဲ့သည်။
ရုတ်တရက် ခီလန်က ဒုတိယထပ်သို့ မော့ကြည့်လျက် တောက်ပစွာ ပြုံးလိုက်မိသည်။
(ယန်သခင်လေး လား။ )
လင်းယွန်မှာ ကြားလိုက်ရသည့်အသံကို မယုံနိုင်ခဲ့ပေ။ တစ်နည်းနည်းဖြင့် ၎င်းအရှက်မဲ့ ဘိုးဘေးကောင်သည် ကြွက်တစ်ကောင်လို လွတ်မြောက်ခဲ့သည်လော။
"ဟေ့ လူငယ်လေးလင်း... မင်းက မင်းတတ်နိုင်တာကိုပဲ ဝယ်ပါလို့ ငါအကြံပေးချင်တယ်၊ အခု ယန်မိသားစုကို မင်းက ဆန့်ကျင်ချင်သလား။ "
ယန်သခင်လေး၏ အော်ဟစ် လှောင်ပြောင် သံသည် လေလံခန်းမ တစ်လျှောက် ကျယ်လောင်စွာ ထွက်ပေါ် လာပြီး သူ၏ ရန်လိုမှုကို ဖုံးကွယ်ရန် မကြိုးစားခဲ့ပဲ ခြိမ်းခြောက် လိုက်လေသည်။
လူအုပ်ကြား၌ တင်းမာမှုသည် လျော့ပါး သွားသည်။ အစော ပိုင်းတွင် သူတို့သည် အမှိုက် သေတ္တာအား စွန့်လွှတ် မိခြင်းဖြင့် တစ်စုံ တစ်ခုကို လွဲချော်ခဲ့ မည်အား စိုးရိမ် စပြု လာကြသော်လည်း ယန်သခင် လေး၏၊ စကား များကြောင့် ပြဿနာကို ရှင်းရှင်း လင်းလင်းပင် နားလည်သွားသည်။
ဤအရာသည် သေတ္တာတစ်လုံး မဟုတ်ပေ၊ ၎င်းသည် ပြဿနာအိုးသာ ဖြစ်သည်။ ယန်မိသားစု နှင့် ဘက်ပြိုင်ရန် သူတို့က စိတ်ကူး ထားခြင်း မရှိကြချေ။ သို့သော် လင်းယွန် သည် သူတို့ မဟုတ်ချေ။
'' အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၃၀၀၀) '
လင်းယွန်က တည်ငြိမ်စွာ ထပ်မံတိုးမြှင့် လိုက်သည်။
ခီလန်က သူမကြားရသည့်အရာကို မယုံနိုင်ခဲ့ သည်ကြောင့် အတည်ပြုရန် စင်မြင့်ထက်ကို လှည့်ကြည့် လိုက်ပြီး ခေါင်းညိတ်ပြကာ ပခုံးတွန့် လိုက်သည်။
ကံမှာ ထင်သလောက် မဆိုးရွားခဲ့ သည်ကြောင့် သူမက ပြုံးရွှင်လျက် ယန်သခင်လေး အခန်းကို စတင် စိန်ခေါ်လိုက် လေသည်။
'' အခန်း (၁၇)က၊ ဧည့်သည်တော်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ပေးပါတယ်။ ဘယ်ဧည်သည်တော် များက ပိုပြီး ရဲရင့် ပါသလဲ၊ "
'' သေ... လိုက် '
ယန်သခင်လေးသည် ညည်းညူ ကျိန်ဆဲ လိုက်ပြီး သူက ပြန်ဖြေရန် မတ်တတ် ရပ်နေစဉ် အံသွားကို ကြိတ်လိုက် သော်လည်း သူ၏ ကိုယ်ရံတော် များက ချက်ချင်း ဟန့်တား လိုက်သည်။
'' သခင်လေး၊ သတိထားပါ၊ မီလျှံသွေး အရိုးကို လေလံဆွဲဖို့သာ ငါတို့ရဲ့ အဓိက မစ်ရှင်ပါ၊ ခရမ်း မီးလျှံဂိုဏ်းက မစ်ရှင် ပြီးမြောက်ဖို့ စောင့်မျှော်နေပါလိမ့်၊ ငါတို့က ဝိညာဉ် ကျောက်တုံး တွေကို ထိန်းသိမ်း ထားဖို့ လိုတယ် ဒါမှမဟုတ်ရင် မစ်ရှင် မအောင်မြင် တာနဲ့ ယန်ဘိုးဘေးကို ငါတို့ ဖြေရှင်းချက်ပေးဖို့ စွန့်စား ရလိမ့်မယ်။ ''
ယန်သခင်လေးသည် သူ၏ ပါးစပ်ကို ပိတ်လျက် ခန္ဓာကိုယ်အား ထိုင်ခုံသို့ ပြန်ပစ်ချလိုက်သည်။ ကိုယ်ရံတော် သတိပေးသည်မှာ မှန်၏။
ယနေ့လေလံပွဲကို ခရမ်းမီလျှံဂိုဏ်း၏ ငှားရမ်းမှုကြောင့် ယန်မိသားစု၏ ဘိုးဘေးသည် ယန်မိသားစု မစ်ရှင်အဖြစ်သက်မှတ်ကာ သူတို့အားစေလွှတ် ခဲ့ခြင်းဖြစ်သည်။
သူတို့၏ မစ်ရှင်သည် မီးလျှံသွေးအရိုး အတွက်သာဖြစ်ပြီး ၎င်းသည် အမှိုက်တစ်စ အတွက် ဝိညာဉ် ကျောက်တုံးများ ဖြုန်တီးရန် မဟုတ် ခဲ့ချေ။
'' နေနှင့် ဦးပေါ့ ခွေးကောင်ရာ ''
" (3,000) ထက်ပိုထက် ပိုပေးနိုင်မယ့် ဧည်သည်တော်များ ရှိပါ သလားရှင်..... ဟုတ်ကဲ့ရှင် ဒီအစ်မလန်က အတွက်မှား ခဲ့ပုံ ရတယ်... သူရဲကောင်းဆိုတာ လူငယ်တွေ ထဲက လာတာပါပဲ၊ အခန်း(၁၇)က သူရဲကောင်း လေးက လေလံအောင်သွား ပါပြီရှင်....ကျေးဇူးတင် ပါတယ်။ ''
ခီလန် က ယန်သခင်လေးသည် ဒီလောက်မြန်မြန် အရှုံးပေးလိမ့်မည်ဟု မထင်ထားခဲ့ရာ မျက်ဝန်း၌ မချိပြုံးပြုံးလျက် ကြေငြာလိုက်သံကြောင့် သူ့အခန်းထဲရှိ ယန်သခင်လေးမှာ ကုလားထိုင်ထက်၌ နာကျင်ကျိန်ဆဲ နေခဲ့သည်။
'' သောက်ပဲဟေ့.... ဘာသူရဲကောင်းလဲ ဘာအတွက်မှားတာလဲ... မင်းတို့ရဲ့ အမှိုက်ကို ဝယ်ယူရအောင် ငါက ကန်းနေလို့လား၊ ဒါနဲ့ပဲ ငါက လူပြိန်းဖြစ်သွားရောလား၊ ဒါတွေ အားလုံးက ဟိုခွေးကောင်ကြောင့် ဖြစ်ရတာ ဒီတစ်ကြိမ် ရေဖြူမြို့ကနေ မင်းထွက်သွား နိုင်မယ်လို့ စဉ်းတောင်မစားနဲ့ ခွေးကောင်...။ ''
ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကြီးကြပ်ရေးမှူးနှင့် လူထွားကြီး နှစ်ယောက်သည် ဓားသေတ္တာကို လင်းယွန်၏ အခန်းသို့ ပို့ဆောင်ပေး လာသည်။
'' သခင်လေး၊ မင်းရဲ့ဓါးသေတ္တာရောက်ပါပြီ ''
ဟု ကြီးကြပ်ရေးမှူးက ပြုံးရွှင်လျက် ယဉ်ကျေးစွာ ပြောလိုက်သည်။ လင်းယွန် က ဓားသေတ္တာကိုကြည့်ပြီး ခေါင်းညိတ်လျက်မှ.....
'' ရွှေရောင်နွားရိုင်းမိစ္ဆာသားရဲ ဘုရင်ဦးချိုရဲ့ ရောင်းရငွေကနေ မင်းက နူတ်ယူလိုက်ပါ။ ကျန်တာ မင်းတို့အတွက် ဆုလာဘ်ပဲ၊ လုံလောက် ရဲ့လား။ ''
'' လုံလောက်ပါတယ် သခင်လေး။ ''
ကြီးကြပ်ရေးမှူးက ကျေနပ်စွာ ခေါင်းညိတ်ပြ လိုက်သည်။ လင်းယွန်မှာ ဓါးသေတ္တာကို စူးစမ်းလိုနေသည်ကို မြင်သဖြင့် ထိုကြီးကြပ်ရေးမှူးက သူ့လူများကို အပြင်သို့ ခေါ်ထုတ် သွားလိုက်သည်။
ဓားသေတ္တာမှာ ဟောင်းနွမ်းသော ပုံစံရှိကာ၊ ၎င်းသည် အဆင့်မြင့် သံမဏိများဖြင့် သွန်းလုပ်ထားပြီး ခန့်ငြားလှပပေသည်။
ယင်းမှာ မယုံနိုင်လောက်အောင် ပျက်စီးနေခဲ့ပြီး မျက်နှာပြင်ပေါ်၌ ခပ်ဖျော့ဖျော့ ကနုတ်များ ရေးထိုးထားသည်။
ဓားသေတ္တာကို ဖွင့်လိုက်သည်နှင့် အတွင်းပိုင်းမှာ သိသိသာသာ အေးစက် နေသည်။ သာမာန် လက်ရာတစ်ခုဟု သံသယ ၀င်ခဲ့သော်လည်း မယုံနိုင်လောက်အောင် သေသပ် ကောင်းမွန်သည့် လက်ရာတစ်ခုဖြစ် နေခဲ့လေသည်။
ယခုအချိန်၌ ရာဖြတ်များသည် ဓါးသေတ္တာ၏ စျေးနှုန်းကိုအဘယ်ကြောင့် သတ်မှတ်ခဲ့သည်ကို ခန့်မှန်းနိုင်ခဲ့သည်။
၎င်းသည် ထူးခြားသည့် လက်ရာ တစ်ခုဖြစ်ပြီး မပျက်စီးခင် အချိန်၌ ကောင်းမွန်စွာ အသုံးတော် ခံခဲ့လိမ့်မည်ဟု နားလည် လိုက် မိသည်။
ဓားသေတ္တာ၏ကိုယ်ထည်အလွှာသည် တစ်လက်မ ခွဲခန့်သာ ထူသော်လည်း အလေး ချိန်မှာ မယုံနိုင်လောက်အောင် လေးလံ လှပေသည်။
ထို့ပြင် ယင်းထံမှ မဖွင့်လှစ်နိုင်သော ရတနာသိုက် တစ်ခုကဲ့သို့ ခံစားချက်များကို ရရှိနေမိသည်။
"မဆိုးပါဘူး "
လင်းယွန်ကအပြုံးဖြင့် ပြောလိုက်သည်။ သူ၏ ၀ယ်ယူမှုအပေါ် အတော်လေး ကျေနပ်ခဲ့သည်။
ဓါးသေတ္တာမှာ ဓားကို လုံခြုံစေသည်သာမက အတွင်းပိုင်း၏ အေးစက်သောသဘာဝသည် ပန်းရနံ့များကို အချိန်အကြာကြီး ထိန်းသိမ်းရန် ကူညီနိုင်ပေ လိမ့်မည်။
ပန်းသင်္ချိုင်းဓါးသည် ရှေးဟောင်း တော်ဝင်လက်နက်တစ်ခုဟု ယူဆနိုင်ပြီး၊ ၎င်းမှာ ပန်းရနံ့များကို စုပ်ယူရန် လိုအပ် နေခဲ့ကာ၊ ထိုဖြစ်စဉ်သည် အလျင်လိုခြင်း မရှိ သော်လည်း၊ တိကျသော ပြင်ဆင်မှုများ ပြုလုပ်ရန် သည်လည်း အရေးကြီးပေသည်။
လင်းယွန်က လေလံပွဲထံသို့ အာရုံပြန် စိုက်လာ မိသည့် အခါတွင် လေလံပွဲသည် အဆုံး သတ်ဆီ ရောက်ရှိနေခဲ့ လေပြီ။
လေလံစင်မြင့်ပေါ်၌ ခီလန်က ခေါင်းကို ညိတ်လျက် စိတ်အား တက်ကြွနေခဲ့သည်။
'' အခု လေလံပွဲက နောက်ဆုံးဖြစ်လိမ့်မယ်။ ဒုတိယထပ်က ဧည့်သည်တော်များ အားလုံးစောင့်နေတဲ့ ရတနာက ဒါပါဘဲ။ မှန်ပါတယ်၊ ငါတို့ရဲ့ မီးလျှံသွေးအရိုးကို လေလံ တင်ပါတော့မယ်။ ”
“ လူကြီးမင်းတို့ အားလုံး သိထား ကြတဲ့ အတိုင်း မီးလျှံသွေး အရိုးတွေက သွေးမီးလျှံ ချပ်ဝတ် အတွက် အဓိက ပါဝင် ပစ္စည်း တွေပဲ။ ”
“ တော်ဝင်ချပ်ဝတ် တစ်ထည်က၊ အခြေခံ တည်ဆောက်ခြင်း နဝမအဆင့် သိုင်းသမား တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ် ဆိုတဲ့ ကောလဟာလကိုတော့ လူကြီးမင်းတို့ ကြားဖူးမယ် ထင်ပါတယ်၊ အားလုံးပဲ ခုကစလို့ အဆင့်နိမ့် ဝိညာဉ်ကျောက် (၂၀၀၀၀)ဖြင့် လေလံစ ဆွဲကြ ပါစို့။ ''
ပထမထပ်ရှိ လူအုပ်ကြီးသည် တိတ်ဆိတ် နေခဲ့သည်။ ဤအရာအတွက် စတင်လေလံစျေး သည်ပင် သူတို့၏ဘ၀ သက်တမ်းတစ်လျှောက် မည်သည့် လေလံပစ္စည်း များထက် မဆို ပို၍ များပြား နေသည်။
သူတို့အနေဖြင့် လုပ်နိုင်တာ တစ်ခုက တိတ်ဆိတ်စွာ စောင့်ကြည့်ရန် ဖြစ်ပေသည်။
'' အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၂၅၀၀၀) ''
ယန်သခင်လေး သည် ပထမဆုံး လေလံစျေး စဖွင့်လိုက်ပြီး ဓါးသေတ္တာနှင့်ပတ်သတ်ကာ သူ၏အရှက်ကွဲ ခံရပြီးနောက် လေလံပွဲကို အဆုံးသတ်ချင် နေခဲ့သည်။
အရာအားလုံး မြန်မြန်ပြီးဆုံရန် မျှော်လင့် ထားလျက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၅၀၀၀)အား စောစီးစွာ တိုးမြှင့်ခဲ့ခြင်း ဖြစ်ချေ၏။
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၃၀၀၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၃၂,၅၀၀) ''
"အဆင့်နိမ့်ဝိညာဉ်ကျောက် (၃၅၀၀၀)"
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၃၈၀၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၄၀၀၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၄၂၀၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၄၆၅၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၅၀၀၀၀) ''
၎င်းသည် ယန်သခင်လေး အား ပို၍ ဒေါသထွက် စေခဲ့သည်။ ဤနေရာသို့ စေလွှတ် ခံရ သူသည် ယန်သခင်လေး တစ်ဦး တည်းသာ မဟုတ် သည်မှာ ရှင်းလင်း ပေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးလျှံသွေး အရိုး ကိုးခု၏ စျေးနှုန်းသည် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၅၀၀၀၀) ပမာဏသို့ ရောက်ရှိ ခဲ့သည်။
ဒါက အထက်တန်းစား မျိုးနွယ်စုများ၏ တိုက်ပွဲပင်။
သူတို့အားလုံး၌ သူတို့ကို ထောက်ခံသည့် ဂိုဏ်းတစ်ခုစီ ရှိလျက် မည်သူက အသာစီး ရယူနိုင် မည်ကို မဆုံး ဖြတ်နိူင် ခဲ့ချေ။
'' ယန်မိသားစု နောက်မှာ ခရမ်းမီးလျှံ ဂိုဏ်းရှိတယ်လို့ ငါကြားထားတယ်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ခရမ်းမီးလျှံဂိုဏ်းက လျင်မြန်စွာချဲ့ထွင်လာပြီး သူတို့က မကြာမီ မိုးပြာရောင် ကောင်းကင် ဂိုဏ်းကို ကျော်ဖြတ် နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီ၊ ''
တစ်စုံတစ်ယောက်သည် ယန်သခင်လေး ရှိသည့် ဒုတိယ အထပ်သို့ မော့ကြည့်လျက် သူ့အမြင်ကို ထုတ်ဖော် လိုက်သည်။
လေလံခန်းမထဲရှိ သိုင်းကျင့်ကြံသူ အားလုံးသည် မီးလျှံသွေး အရိုး များ၏ တန်ဖိုးကို သိပြီး ၎င်းတို့သည် ဂိုဏ်းခွဲတစ်ခုမှ ကျိန်းသေပေါက် ရရှိနိုင်ပေလိမ့်မည်။
လင်းယွန် အတွက်မူ ဂိုဏ်းခွဲများကြား ပြိုင်ဆိုင်နေသည်ကိုမြင်ရသည်မှာ သူအတွက် ပိုပျော်သည်။
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၅၁၀၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၅၁,၅၀၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၅၁,၇၅၀) ''
'' အဆင့်နိမ့်ဝိညာဉ်ကျောက် (၅၂,၃၀၀) ''
" အဆင့်နိမ့်ဝိညာဉ်ကျောက် (၆၀၀၀၀) "
ယန်သခင်လေး သည် သူ၏ နောက်ဆုံး လေလံစျေးကို အော်ဟစ်လိုက်စဉ် သူက ပြတင်းပေါက်မှ ဒေါသတကြီး မတ်တပ်ရပ် နေခဲ့ကာ ဤကစားနည်းအား ငြီးငွေ့လာခဲ့ ပေသည်။
ကျေးဇူးတင်စရာ ကောင်းသည်မှာ သူ၏ နည်းဗျူဟာသည် အခြားသော လေလံစွဲ သူများအား ဆုတ်ခွာရန် လုပ်ဆောင်နိုင် ခဲ့သည်။
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ သည် ဂိုဏ်းတစ်ခုအတွက်ပင် ပေးဆပ်ရန် ကြီးမားသော စျေးနှုန်းဖြစ်သည်။
ခရမ်းမီးလျှံ ဂိုဏ်းသည် မီးလျှံသွေး အရိုးများ ရရှိရန် ခိုင်မာစွာ ဆုံးဖြတ် ထားခဲ့ပုံရ၏။
လင်းယွန် သည် ထိုင်ခုံ၌ မှင်တက်နေခဲ့ပြီး နှလုံးခုန်သံသည် ပို၍ မြန်ဆန်လာသည်။
('' အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ လား '')
လင်းယွန် သည် သူဌေးတုံ၏ ကော်မရှင် အတွက် (၁၀)ရာခိုင်နှုန်းပေး ရမည်ဆိုလျှင်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀၀၀) ကျော်ကို ရရှိပါ လိမ့်မည်။
ခဏအကြာတွင် သူ၏အခန်းသို့ တံခါးခေါက်သံနှင့်အတူ ကြီးကြပ်ရေးမှူး ဝင်ရောက်လာကာ လင်းယွန် အား ယခုအချိန်၌ သတိကြီးစွာဖြင့် ရိုသေလေးစားခြင်း အမူအရာပြသခဲ့သည်။
" ညီငယ်လေးလင်း ယခု... မင်းက ဘယ်သူလဲ၊ လူတိုင်းက မီးလျှံသွေးအရိုးကို လေလံတင် ခဲ့တဲ့ သူကို သိချင်နေကြတယ်၊ မင်း ..... စိတ်ပူစရာ မလိုပါဖူး၊ မင်းရဲ့ လုံခြုံရေးက ငါတို့အတွက် ပထမ ဦးစားပေးပဲ။ မင်းက ငါတို့ ရေဖြူမြို့မှာ တော်တော်လေး လှုပ်ရှားစေနိုင် ခဲ့တယ်ဆိုတာ မမေ့ပါနဲ့ ။ ''
ယဉ်ကျေးစွာ သတိပေးစကား ပြောလာခဲ့ပြီး သိုလှောင်အိတ်ကို လင်းယွန်ထံသို့ လက်လွှဲပေးလိုက်သည်။
သိုလှောင်အိတ်ထဲတွင် ဝိညာဉ် ကျောက်တုံးပေါင်း (၅၄၀၀၀) အထိ ရှိနေပြီး ကျန် (၆၀၀၀)ကို သူဌေးတုံ အတွက် ထုတ်ယူ ထားခဲ့သည် ဖြစ်သည်။
၎င်းသည် တုံဟူ၏ ဘ၀တွင် အလွယ်ကူဆုံး ရယူနိုင်ခဲ့သည့် အကျိုးအမြတ်ဖြစ်မည်ကို စဉ်းစားမိကာ ရယ်မောလိုက်မိသည်။
" ယန်သခင်လေးက သူ့ရဲ့ငွေတွေကို အကျိုးအမြတ်ရယူခဲ့တဲ့ သူကိုသာသိရင် .... သူက အသက်ရှူရပ်သွားနိုင်တယ်"
ဟု ကြီးကြပ်ရေးမှူးက ရယ်မောလျက် ပြောလာလေသည်။ လင်းယွန် က လက်ခုပ်တီးပြီး ကြီးကြပ်ရေးမှူးနှင့် အတင်းအဖျင်းပြောရန် စိတ်မပါခဲ့ကာ ...
'' ဒီနေ့ မင်းရဲ့ ကူညီမှု အတွက် ကျေးဇူး တင်ပါတယ်၊ ခွင့်ပြုပါဦး။ ”
" ကောင်းပါပြီ ဂရုစိုက်ပါ သခင်လေး "
လင်းယွန် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး ကြီးကြပ် ရေးမှူးသည် မနာလို စိတ်ကို မဖုံးကွယ် နိုင်ခဲ့ပဲ...
'' သနားစရာကောင်းတာက သူက မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ပြင်ပတပည့် တစ်ယောက်ပဲ။ ဒီအသက်အရွယ်နဲ့ ဒီလိုအစွမ်း သတ္တိရှိ နေတာက အကြီးအကဲ တစ်ယောက် ယောက်ရဲ့ နောက်ခံ ကောင်းကောင်းကို ရထား ခဲ့ပုံပဲ၊ ဒါပေမယ့် သူက ဒီကနေ အန္တရာယ် ကင်းကင်းနဲ့ ထွက်သွား ချင်ရင် သူကိုယ်သူ အကောင်းဆုံး စောင့်ရှောက်ဖို့ လိုတယ်။ ''
***