← Chapters

စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်။

Vol. 3 Ch. 39

စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်။

Vol. 3 Ch. 39

လေလံပွဲ ပြီးဆုံးပြီးနောက် နာရီဝက်အကြာတွင် လင်းယွန်သည် ရတနာခန်းမသို့ ရောက်ရှိလာ ခဲ့သည်။

" ဂုဏ်ယူပါတယ် ညီငယ်လေး မင်းက မင်းကိုယ်မင်းကံဇာတာ တက်နေပြီလို့ ထင်ထားလား။ ဒီငွေတွေကိုဘယ်လို သုံးရမလဲဆိုတာရော မင်းသိလား။ ''

သူဌေးတုံ က လင်းယွန် ကို စိတ်လှုပ်ရှားစွာနှုတ်ဆက်လိုက်သည်။

'' မင်းက ငါ့အိတ်ကပ်ထဲကို မျှော်ကြည့် နေပုံရတယ် ''

လင်းယွန် က ပြုံးပြီး ပြန်ဖြေလိုက်သည်။

"အိုး၊ အိုး ညီငယ်လေး မင်းအထင်မှားနေပြီ၊ မင်းလို သူဌေးလေး တစ်ယောက်နဲ့ ခင်မင်ခွင့် ရခဲ့တဲ့ လမ်းဘေးကုန်သည် တစ်ယောက်ထက် ဘယ်သူက ပိုကံကောင်ဦး မှာလဲ။ ''

တုံဟူ က သူ၏ဗိုက်ပူပူကို တုန်ခါသွားစေ လောက်သော နက်နက် ရှိုင်းရှိုင်း ရယ်မောသံကို ထုတ်ဖော် နေစဉ် လင်းယွန်က ရယ်လိုက်သည်။

"မင်း...ငါ့ကို ကောင်းကောင်း ဂရုစိုက် လိမ့်မယ်လို့ ငါယုံတယ်"

ခဏကြာ စဉ်းစားပြီးနောက် လင်းယွန်က တည်ငြိမ်စွာဖြင့်၊

'' သွေးသန့်စင်ခြင်းဆေးလုံး တွေထက်ပို အားကောင်းတဲ့ ဆေးဝါးလေးတွေ လိုချင်တယ်။ ပြီးတော့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး (၁၀)လုံးရော... ''

"ပြသနာတစ်ခုခုရှိလို့လား။ မင်းရဲ့လက်ရှိ ခွန်အားအရ သွေးသန့်စင်ခြင်း ဆေးလုံး နဲ့တင် လုံလောက်နေပြီ၊ မင်းက ပိုအဆင့်မြင့်တဲ့ ဆေးတွေကို ခုချိန် မလိုအပ်သင့်ဘူး ''

'' ငါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ အတွင်း တပည့် ဝင်ခွင့် စစ်ဆေးပွဲကို အောင်မြင် ချင်တယ်... နောက်တစ်ဆင့်မှာ ငါ့ပြိုင် ဘက်ရဲ့ ကျင့်ကြံမှုက အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့် ကို ခြေတဝက် နင်းနေပြီ၊ ဒီကွာဟ ချက်ကို ကျော်လွှားဖို့ နည်းလမ်း တစ်ခုခု ကို ငါ...ရှာရမယ်။ ''

'' ဒါက နည်းနည်းတော့ ဆိုးတယ်မလား၊ ရိုးရိုးသားသားပြောရရင် မင်းရဲ့ခွန်အားကို ယာယီတိုးစေနိုင်မဲ့ တားမြစ်ဆေးလုံးတွေ ရှိတယ်၊ ဒါပေမယ့် ဒါက မင်းရဲ့အလားအလာကို ဖြုန်းတီးပစ်လိုက်တာပဲ၊ တိုက်ပွဲတစ်ပွဲအတွက်နဲ့ မင်းရဲ့ အနာဂါတ်ကို ကန့်သတ်မဲ့အလုပ်ကို လုပ်စရာမလိုပါဘူး။ ''

တုံဟူ က စိုးရိမ်စွာဖြင့် လင်းယွန်ကို ဟန့်တားလာသည်။ သို့သော် လင်းယွန်က ပြုံးပြလိုက်ပြီး...

'' အိုး....မဟုတ်ဘူး..အဲ့ဒီလို မင်းထင်သလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဖူး၊ ငါ့ရဲ့ ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးနိုင်မယ့် အရာ တစ်ခုခုကို ငါရှာနေတာ၊ ငါက အခုဆိုရင် အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမအဆင့်မှာ ရှိနေပြီး ပြိုင်ပွဲ မတိုင်ခင် သန်မာမှုတွေ ရချင်တယ်'

'' .............. "

လင်းယွန် စကားကြောင့် တုံဟူက သူ့အမြင် မှားနေမှန်းသိသွားလျက် စကားတခွန်းမျှမဆိုပဲ နောက်သို့လှည့်လိုက်စဉ် စိတ်လှုပ်ရှားနေခဲ့ပြီး သိပ်မကြာခင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်လျက် ပြန်ရောက်လာသည်။

'' ဒါက နှလုံး အားဖြည့် ဆေးလုံးပဲ။ မင်းက အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမ အဆင့်မှာ ဆို တော့ နှလုံးသားကို သန့်စင်ဖို့ အဓိက အာရုံ စိုက်ရမယ် မလား။ ဒါက မင်းရှာနေတဲ့ အရာပဲ၊ ဒါကို မင်းစိတ်ဝင်စားရင် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၄၀၀၀) နဲ့ရောင်း နိုင်တယ်။ "

'' နှလုံးအားဖြည့် ဆေးလုံး လား ''

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၌ပင် ၎င်းတို့သည် ရှားပါးခဲ့ပြီး တစ်စုံတစ်ဦးသည် ဂိုဏ်းကို အလွန့်အလွန် အထောက်အကူ ပြုခဲ့မှ သာလျှင် ဆုလာဘ် အဖြစ် ချီးမြှင့်ခံရ ပေမည်။

၎င်းကို အတွင်းတပည့်များက ၀ယ်ယူရန်ပင် အခွင့်အရေးမရှိပေ။ ထိုထက်ပို၍၊ လင်းယွန်က ထိုဆေးလုံး၏ အကြောင်းကို ပို၍ မသိနိုင်။

" သူဌေးတုံ မင်းက ရိုးရှင်းပုံမရဘူး၊ ဂိုဏ်းရဲ့ တပည့်တွေအတွက် တောင်မှ ဒီနှလုံး အားဖြည့် ဆေးလုံးမျိုးကို လက်ထဲရယူဖို့ မလွယ်ကူ နိုင်ဘူး။ ''

လင်းယွန် က မျက်လုံးပြူးလျက် ရယ်မော ပြောဆို လိုက်သည်။

'' ဒီနေရာကို ရတနာခန်းမ လို့ ခေါ်တာကို မင်းမေ့နေပုံပဲ၊ ဒါက ငါ့ရဲ့ အမြင့်ဆုံး ရောင်းကုန် ထဲမှာတောင်မပါဖူး ညီငယ်လေး...''

တုံဟူ က ခေါင်းရမ်းလျက် ရယ်မောနေခဲ့ကာ စကားကို ဆက်ပြောလိုက်သည်။

'' ဟားဟားဟား၊ ရတနာခန်းမရဲ့ ထိပ်တန်းရောင်းကုန်ကို မင်းက.....လက်ရှိ ကျင့်ကြံမှု အဆင့်လေးနဲ့ သိစရာမလိုပါဖူး၊ မင်းက နှစ်အနည်းငယ်လောက်ထိ ငါ့တို့ရတနာ ခန်းမရဲ့ ရတနာကို လိုဦးမှာ မဟုတ်သေးဖူး ဆိုတာ ငါတပ်အပ်ပြောရဲတယ် ''

လင်းယွန် ၏ သိချင်စိတ်ကိုမြင်သောအခါ တုံဟူ က ညစ်ကျယ်ကျယ်ဖြင့် လျှို့ဝှက်အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်သည်။

“ ဒီအတွက် မင်း... စိတ်ပူစရာမလိုပါဖူး သူဌေးတုံ အဲဒါက ငါ့အတွက် မဟုတ်ပါဘူး။ ငါက တစ်စုံတစ်ယောက်ကို ကျေးဇူးကြွေး အကြီးကြီး တင်နေမိတယ်။ သူက ဒီရတနာကို သုံးနိုင်ဖို့အတွက် လုံလောက်တဲ့ အင်အား ရှိတယ်။ ဒီတော့ မင်းက ရတနာကို ထုတ်ရောင်းဖို့ စိတ်ကူး ရှိနေသလား။ ဒါဆို စျေးမဆစ်ပဲ ငါ ဝယ်ပါ့မယ်။ "

လင်းယွန် စကားကြောင့် တုံဟူက ချိနဲ့စွာ ပြုံးလိုက်သည်။ သူက သူ့ရတနာကို နှမျော တသစွာဖြင့်၊

'' ဒါက....ရတနာခန်းမရဲ့ 'ကောင်းကင်ဘုံ မူလ' ဆေးလုံး ပဲ ညီငယ်လေး ''

" ကောင်းကင်ဘုံမူလ ဆေးလုံး။ အဲဒါ ဘာလုပ် ရတာလဲ။ ''

'' ကျင့်ကြံခြင်း လောကမှာ ဟောင်းရှင်း နယ်ပယ်ဆိုတာ အခြေခံ တည်ဆောက်ခြင်း အဆင့် (၁၀)ဆင့်ကို ခေါ်တာပဲ၊ အခြေခံ တည်ဆောက်ခြင်း တတိယ အဆင့်ကနေစလို့ နောက်အဆင့် တိုင်းက သေချာပေါက် ခက်ခဲတယ်၊ ''

'' ပိုဆိုးတာက နဝမအဆင့်ပဲ၊ မင်းက ဒသမအဆင့်ကို အောင်မြင်ချင်ရင် ရှန်ရှင်းမျိုးစေ့ကို ဦးစွာ သန့်စင်ထားဖို့လဲ လိုတယ်၊ ပြဿနာက အဲ့ဒါပဲ ရှန်ရှင်းမျိုးစေ့ကို ပျိုးထားနိုင်ဖို့ ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အရာမဟုတ်ဖူး။ ဒါပေမယ့် ဒီကောင်းကင်ဘုံ မူလ ဆေးလုံးက မင်းရဲ့ အခွင့်အလမ်းကို (၃၀%)တိုးစေ လိမ့်မယ်။ ''

" ရှန်ရှင်း မျိုးစေ့ "

လင်းယွန် က တုံဟူ၏ ရှင်းပြချက်ကြောင့် ပို၍စိတ်ရှုပ် ထွေးသွားသည်။ တုံဟူ၏ စကား တိုင်းသည် သူ့အား ကမ္ဘာသစ် တစ်ခု အကြောင်း ထုတ်ဖော် ပြသနေ သလိုပင်။

လင်းယွန်၏ ခေါင်းသည် လှိုင်းမူးနေဟန်ဖြင့် နောက်ကျိ နေလျက်မှ တုံဟူကို ငေးကြည့် နေမိသည်။

(တုံဟူက ဘယ်သူလဲ၊ သူက ဘာကြောင့် ကျင့်ကြံခြင်း လောကကို ဒီလောက် သိနေရ တာလဲ။ ပြီးတော့ ဒီလို ရှားပါးဆေးလုံးမျိုးကို ရောင်းဝယ်နိုင် တာလား။)

'' ဟားဟားဟား၊ ဟုတ်တယ်။ ရှန်ရှင်း မျိုးစေ့ ဆိုတာ မင်းက ရှန်ရှင်းဘုံကို မချိုးဖျက်မီ ပြုလုပ် ထားဖို့ လိုတယ်။ ဆိုလိုတာက မင်းရဲ့ သွေးနဲ့ ယန်စွမ်းအင်ကို အစိုင်အခဲ အဖြစ် ပြောင်းလဲ ထားရမယ်။ ''

'' ဒါပေမယ့် အဲဒါက မင်းကို ရှန်ရှင်းဘုံ ဖြတ်ကျော်ဖြတ် နိုင်ပြီလို့ ဆိုလိုတာ မဟုတ်သေး ဖူးနော်၊ မင်းက ရှန်ရှင်း မျိုးစေ့ကို သန့်စင်တာက တစ်ပိုင်း၊ ရှန်ရှင်းဘုံကို ဖြတ်ကျော် တာက တပိုင်း ဖြစ်စဉ်က မတူဖူး၊ အောင်မြင်ဖို့ ခက်ခဲလှတယ်။ ဒါကြောင့်လည်း အခြေခံတည်ဆောက်ခြင်း ဒသမအဆင့်ကို ရှန်ရှင်းတစ်ပိုင်းနယ်ပယ် သို့မဟုတ် ကနဦးရှန်ရှင်းဘုံလို့ ခေါ်ဆိုကြတာပဲ ။ ''

တစ်စုံတစ်ယောက်သည် ရှန်ရှင်းမျိုးစေ့ကို သန့်စင်နိုင်ရန် ခက်ခဲလှပေသည်။ ၎င်းမျိုးစေ့ကို သန့်စင်နိုင်ခဲ့ သော်လည်း ထိုအရာသည် အခြေခံ တည်ဆောက်ခြင်း ဒဿမအဆင့်အား ဖြတ်ကျော်ကာ ရှန်ရှင်းဘုံကို ဝင်ရောက်နိုင် သည်ဟု မဆိုလိုပေ။

ရှန်ရှင်းမျိုးစေ့ကို သန့်စင်နိုင်ခဲ့ပြီး တသက်တာလုံး ရှန်ရှင်းဘုံကိုခြေမချနိုင်ခဲ့သည့် လူပေါင်းများစွာ ရှိချေသည်။

" ငါမင်းကိုပြောမယ် ကောင်လေး၊ ရှန်ရှင်းဘုံကို ခြေချနိုင်ရင် ကမ္ဘာသစ်တခု ပွင့်လာလိမ့်မယ်။ "

" ..........ငါ ဒီဆေးလုံးကိုယူမယ် "

လင်းယွန်က စိတ်လှုပ်ရှားစွာ ပြောလိုက် သည်။ ထိုဆေးလုံးကို ဆုစီယာအား ပေးခြင်းဖြင့် သူတို့ နှစ်ယောက်ကြား ကျေးဇူး ကြွေးကို ပြန်လည် ပေးဆပ်နိုင် ပေမည်။

မူလလင်းယွန်ထံ၌ ဆုစီယာ၏ အရင်း အမြစ်များ အတွက် ဆယ်ဆ ပြန်ဆပ် မည်ဟု ကတိပေး ထားခဲ့ ဖူးသည် ဖြစ်ရာ ယခု ကတိတည် ရမည့် အချိန် ရောက်လာ လေပြီ။

ဆုစီယာသည် ပုံမှန်အားဖြင့် ထိုကောင်းကင်ဘုံ မူလ ဆေးလုံးမျိုး အသုံးပြုရန် မလိုအပ်ချေ။ သူ၏ ပါရမီအရ ဆုစီယာသည် သေချာပေါက် ရှန်ရှင်းဘုံကို ဝင်ရောက်နိုင် ပေမည်။

သို့သော် လင်းယွန်သည် မယုံနိုင် လောက်အောင် ရှားပါးသည့် အရာတစ်ခုကို ပြန်လည် ပေးအပ်ခြင်းဖြင့် ကတိတည်ရန် ဆုံးဖြစ် ထားမိသည်။ ၎င်းသည် ကောင်းကင်ဘုံ မူလ ဆေးလုံးများ သာပင် ဖြစ်ပေမည်။

သူ့ရှေ့မှလူငယ်သည် ထိုကဲ့သို့သော ရတနာမျိုးအား လွယ်လင့်တကူ လက်ဆောင် ပေးရန် ဆုံးဖြတ်သွားခဲ့သည်။ တုံဟူက သက်ပြင်း ချလျက် ပြုံးပြလိုက်ပြီး၊

"ငါ ဒီလောက်ဈေးကြီးတဲ့ ရတနာတွေကို ရောင်းပေးဖို့မဝံ့ပါဘူး။ ဂိုဏ်းကြီးလေးဂိုဏ်းရဲ့ တောင်းခံမှုကို ဘယ်လောက်ထိငြင်းခဲ့ရတယ်လို့ မင်းထင်လဲ"

"မင်းရဲ့ တန်ဖိုးကို ပြောပါ"

" အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၄၀,၀၀၀) လုံးဝမလျော့ဖူး ''

'' ငါယူမယ် "

ခဏအကြာတွင် လင်းယွန်က ကောင်းကင်ဘုံ မူလ ဆေးလုံး၊ နှလုံးအားဖြည့် ဆေးလုံးနှင့် အလယ်အလတ် ဝိညာဉ် ကျောက်တုံး (၁၀)လုံးကို လက်ခံယူလိုက်သည်။

ကျသင့်ငွေ အတွက် သူ၏ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၅၄၀၀၀)ကို ပေးအပ် ခဲ့ရသည်။

" ဒီ နေရာကနေထွက်သွားတိုင်း ငါ့ငွေတွေ ပျောက်ကုန်တယ်၊ သူဌေးတုံ မင်းက ငါ့ပိုက်ဆံအိတ်ကို လုယူနေတာပဲ "

လင်းယွန် က ရယ်ရယ်မောမောနဲ့ သူ့ကိုယ်သူ အသုံးအဖြုန်း ကြီးမှုအတွက် လှောင်ပြောင်လိုက်သည်။

လင်းယွန်၏ဟာသသည် တုံဟူအား တိုက်ရိုက် အပြစ်တင်ရန် မဆိုခဲ့သော်လည်း ၎င်းအဓိပ္ပါယ်ကို နားလည်နေသည့် သူဌေးတုံက လင်းယွန်နှင့်အတူ လိုက်ပါ ရယ်မော လိုက် သည်။

အရေထူနေသရွေ့အရည်အချင်းမရှိသော ကုန်သည်တစ်ယောက်သည်ပင် ကြီးပွားနိုင် ပေမည်။ သို့သော် တုံဟူသည် ယနေ့အတွက် လင်းယွန်အပေါ် စိတ်ကောင်းဝင်နေခဲ့ကာ သူက ရှက်ရွံ့သောအပြုံးဖြင့်

'' မင်းက ငါ့အတွက် လူကောင်း လေးပဲ၊ ငါတို့ တွေ့ဆုံမှုအရ ဒီရတနာခန်းမမှာ မင်းကြိုက်တဲ့ ပစ္စည်းတစ်ခုကို အခမဲ့ ယူပါ၊ ဒါက ငါ့ရဲ့ လက်ဆောင်ပဲ။ ''

" လက်ဆောင်လား ...."

လင်းယွန်၏ ပေါ့ပေါ့တန်တန် အမေးကို တုံဟူက ခေါင်းညိတ်လိုက်ပြီး လင်းယွန်နှင့် အတူ ရတနာခန်းမထဲသို့ ဦးဆောင် လမ်းလျှောက် နေခဲ့သည်။

ရတနာခန်းမတွင် ဆေးလုံးများ၊ သိုင်းနည်း စနစ်များ၊ သံချပ်ကာနှင့် လက်နက်များ၊ ရှားပါးဆေးအမယ်များ စသည်ဖြင့် လင်းယွန် မသိနိုင်သည့် အမည်မဖော်ပြနိုင်သော အရာများစွာ ရှိနေခဲ့သည်။

၎င်းတို့အားလုံးတွင် စျေးနှုန်း တံဆိပ် ပါ၀င်ခြင်း မရှိသော်လည်း တုံဟူ၏ အပြုံး၌ ထိုအရာများသည် မည်မျှစျေးကြီးကြောင်း ခံစားသိရှိနိုင်လေသည်။

လင်းယွန် က သူ့ကို သိုင်းနည်းစနစ်များ ထံသို့ ပို့ဆောင်ခိုင်း ခဲ့သည်။

[ တောင်ဖြိုဓား၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၄၀၀၀ ]

ရုတ်တရက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားလျက်မှ ဤနည်းစနစ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။

" နေဦး ......ဒါက "

လင်းယွန်က သတိရသည်နှင့်တပြိုင်နက် အလန့်တကြား ထအော်လိုက်သည်။

ဤအရာသည် ကွမ်းယန် ထံမှရရှိသော နည်းစနစ် တစ်ခု ဖြစ်ပေသည်၊ ထိုစဉ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅၀၀)ဖြင့် ရောင်းခဲ့ ရခြင်းပင် မဟုတ်ပါလော။

သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ တုံဟူသည် ရှက်ဝဲဝဲ အပြုံးကို ထုတ်ဖော်လျက် အမြန်ရှင်းပြလာသည်။

"ဒါက စျေးနှုန်းသက်သက်ပါ ညီငယ်လေး။ ပါးစပ်စော့ပြီး လေဖြုန်းမယ့် ဝယ်သူတွေကို ခြောက်လှန့်ထားတဲ့စျေးလေးပါပဲ။ ''

'' အိုး-သေချာလား ''

လင်းယွန် က ရယ်လိုက်ပြီး ပြန်လည် နောက်ပြောင်လျက် တုံဟူ မည်မျှ အရေထူ သည်ကို နားလည်လိုက်မိသည်။

ရုတ်တရက် စင်ပေါ်ရှိ သိုင်းနည်းစနစ် တစ်ခုသည် လင်းယွန်၏ အာရုံကို ဖမ်းစား သွားခဲ့သည်။

တုံဟူသည်လည်း လင်းယွန်အကြည့်၏ ဦးတည်ရာကို လိုက်ပါ ငေးကြည့်ပြီးနောက်၊

'' အဲဒါက စိတ်ဝိညာဉ်ကျင့်ကြံတဲ့ နည်းစနစ် တစ်ခုပဲ၊ ပုံမှန်အားဖြင့် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး (၂၀၀၀) တန်ကြေး ရှိလိမ့်မယ် ''

" ငါ.......ယူ လို့ ရ လား "

***

All Chapters