← Chapters

ရွေးချယ်မှု။

Vol. 3 Ch. 40

ရွေးချယ်မှု။

Vol. 3 Ch. 40

လင်းယွန်၏ ရွေးချယ်မှုသည် အဖိုးတန်ရတနာ တစ်ခု မဟုတ်ကြောင်း သေချာ သွားသည့် အခါတွင် စိတ်ချ လက်ချ ပြုံးရယ်လျက် တုံဟူက...၊

"မင်း အဲဒါကို ယူလို့ရပါတယ်၊ ဒါပေမယ့် ဒီနည်းစနစ်က ဆေးပညာရှင်တွေ အတွက်သာ အသုံးဝင်လိမ့်မယ်လို့ သတိပေးချင်ပါတယ်။ မင်းအတွက် အကျိုးရှိလိမ့်မယ်လို့ ငါတကယ် မထင်ဘူး။ "

'' ကျေးဇူးပါ၊ ငါ.... ဒါပဲ ယူမယ်။ မင်းက စေတနာရှိနေသေးရင် အရောင်ဖျော့ဖျော့ ပန်းပွင့်တွေရဲ့ မျိုးစေ့ကို ပေးနိုင်ပါတယ် "

ဟု လင်းယွန် က ရယ်ရယ်မောမော တောင်းဆိုလိုက်သည်။ စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်အတွက် သူ့၌ အစီအစဉ်များ ရှိနေခဲ့ပြီး တုံဟူကို ရှင်းပြရန် ပျင်းရိနေမိသည်။

"သေချာတာပေါ့ အင်း...မင်း..ယူနိုင်ပါတယ်။ "

အလျင်အမြန် သဘောတူလိုက်သံနှင့်အတူ သက်တောင့်သက်သာ သက်ပြင်းချလိုက်သံ တစ်သံ တုံဟူထံမှ ထွက်ကျလာသည်။

သည့်ထက်ပိုစျေးကြီးသော ရတနာများကို မရွေးချယ်ခဲ့သည့်အတွက် ကျေးဇူးတင် နေမိလေသည်။

လက်ဆောင်ကို ထုတ်ပိုးပေးပြီးနောက် သူတို့နှစ်ဦး သည် နှုတ်ဆက်စကားများပြောပြီး လင်းယွန်ကို တုံဟူက အမြဲကြိုဆိုနေမည်ဟု ထပ်မံပြောကြားကာ တံခါးဝသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

လင်းယွန် က ခြေလှမ်းအနည်းငယ် ထွက်ခွာလာပြီးနောက်တွင် ရတနာခန်းမသို့ ပြန်လှည့်ကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။

'' နေဝင်တော့မယ်။ ငါ....ဂိုဏ်းကိုပြန်သင့်ပြီ ''

တိုးဖွဖွရေရွတ်သံနှင့်အတူ ငန်းရိုင်းပျံသန်းခြင်းနည်းစနစ်အား ထုတ်ဖော်လျက် လျင်မြန်စွာ ပြေးလွှားလိုက်လေသည်။

ရေဖြူမြို့သည် နေဝင်ချိန် နီးလာသည် နှင့်အမျှ လမ်းများပေါ် ၌ လူများ ပြည့်နှက်လာ နေပြီး အံ့သြဖွယ် စည်ကားနေလေသည်။

ရုတ်တရက် အဝေးမှမြင်းခွာသံများ ဆူညံစွာ ပေါက်ကွဲပြေးလွှားသံကြောင့် လမ်းမပေါ် ရှိ လူအုပ်ကြီးသည် ထိုထွက်ပေါ်လာရာ လမ်းမ အဆုံးသို့ ဝိုင်းအုံ မျှော်ကြည့် လိုက်ကြသည်။

သိပ်သည်းသော နတ်ဆိုးအရှိန်အဝါကို ထုတ်ဖော်လျက် မြင်းစီးလူတစ်စု ထွက်ပေါ် လာလေသည်။

" လမ်းဖယ် စမ်း... လူပျက်တွေ "

မြင်းစီးနင်းသူ တစ်ဦးသည် လေထု အတွင်းသို့ နှင်တံဖြင့် ဝေ့ယမ်းလိုက်ပြီး လူအုပ်ကို ရှင်းလင်းလိုက်သည်။

လမ်းမပေါ်ရှိ လူအုပ်ကြီးသည် ကြောက်လန့် တကြား လျင်မြန်စွာ ရှောင်တိမ်း လိုက်ကြ သည်ကြောင့် လင်းယွန်သည် လမ်းမပေါ်တွင် မတ်တပ် ရပ်လျက် တစ်ဦးတည်း ထင်းစွာ ကျန်ရစ်ခဲ့သည်။

အရှိန်းပြင်းပြင်း မောင်းနှင်လာသည့် မြင်းစီးလူအုပ်ကို ဦးဆောင်လာသူသည် ကြက်သွေးရောင်မြင်းအား စီးနင်းလျက် ရှေ့တူရှုသို့ တင်းမာစွာ ဝေ့ဝဲကြည့်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လင်းယွန်သည် တုန်လှုပ် သွားမိသည်။ ၎င်းမြင်း၏ ခွာများသည် မြေပြင်ကို တဝုန်းဝုန်း ရိုက်ခတ်လျက် လေထုကို တုန်ဟီးသွားစေ၏။

မျက်လုံး များ၌ နက်မှောင်စူးရှသည့် သတ်ဖြတ်ခြင်းဆန္ဒများ ဖိတ်လျှံနေခဲ့သည်။

၎င်းသည် အစစ်အမှန် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ပြီး လမ်းမပေါ်ရှိ လူအုပ်ကို ပို၍ ထိတ်လန့် စေသည်။ လင်းယွန် သည်လည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကာ ထိုသားရဲကို စီးနင်းလာ သူအား ဆန်းစစ် ကြည့်လိုက် မိပြီးနောက် စိတ်ပျက် လက်ပျက် ကျိန်ဆဲ လိုက်လေသည်။

မြင်းစီးသူရဲသည် ယန်သခင်လေး မှတပါး အခြားမရှိချေ။ လင်းယွန် ကို ပြန်လည်ကြည့်ရှု လိုက်သည့် ယန်သခင်လေး၏ မျက်နှာသည် ကောက်ကျစ်ဆိုးရွားစွာ ပြုံးနေနှင့်ခဲ့ပေပြီ။

'' လင်း ...ဆိုတဲ့ခွေးကောင် မင်းကို ငါအကြာကြီး စောင့်နေခဲ့ရတယ်။ မင်းက ရေဖြူမြို့ ကနေ ထွက်ခွာဖို့စိတ်ကူး မရှိဖူး ဆိုမှတော့ ငါက ကြိုဆို ရတော့မှာပေါ့။ ''

လေလံပွဲအပြီးတွင် ယန်သခင်လေးသည် အရှက်ခွဲ ခံရမှုများ အတွက် လက်စားချေရန် သတင်းစုံစမ်း နေခဲ့ရာ ရတနာခန်းမမှ ထွက်ခွာလာ သည်ကို သိရှိလိုက် သည်နှင့် လမ်းတဝက်မှ တိုက်ခိုက်ရန် အသင့်တော်ဆုံး အချိန်ကို စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။

လမ်းမပေါ်ရှိ လူအုပ်ကြီးသည် တိတ်ဆိတ်လျက် လင်းယွန် ထံသို့ သနား ကြင်နာသည့် မျက်ဝန်း များဖြင့် ငေးကြည့် နေသည်။

"ဒီကောင်က ယန်သခင်လေး ကို တကယ်အပြစ် ပြုပြီး ရေဖြူမြို့ထဲမှာ နေရဲ တယ်လား ''

" ယန်သခင်လေးက ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက်ဆိုတာ ဒီလူက မသိဘူးလား။ ဒီယန်သခင်လေးက လူကောင်း တစ်ယောက် မဟုတ်ဖူး။ သူနဲ့ ရင်ဆိုင်ရတဲ့ ဘယ်သူ့ကို မဆို ငါက စိတ်မကောင်း ဖြစ်မိမှာ အမှန်ပဲ။ ''

'' မှန်တယ် ..သူ့မြင်းကိုကြည့်စမ်း။ ဒါက နတ်ဆိုးသားရဲတစ်ကောင်ပဲ မလား။ "

နဂါးသွေးမြင်း။ ၎င်းသည် အခြေခံ တည်ဆောက်ခြင်း သတ္တမအဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ ထို့အပြင် ထိုမြင်းသည် မွေးရာပါ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး အိမ်မွေး နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ပေ၏။

ထိုမြင်းသည် ယန်မိသားစု၏ ဂုဏ်ယူဖွယ် ရတနာတစ်ပါးဖြစ်ကာ ယန်သခင်လေးအား စီးနင်းခွင့် ပေးထားခြင်းဖြင့် ၎င်းသည် ပို၍ ဆိုးညစ်ဖွယ်များ ဖန်တီးနိုင်ပေ လိမ့်မည်။

လင်းယွန်က လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာသည့် မြင်းစီးလူအုပ်ကြောင့် သူ၌ ရွေးချယ်စရာ မရှိခဲ့ပေ။

အခြေခံတည်ဆောင်ခြင်းဆဋ္ဌမအဆင့်ရှိ လူနှစ်ဆယ်ကျော်ကို တစ်ပြိုင်နက်ထဲ ရင်ဆိုင်ရခြင်းသည် တက်စွမ်းနိုင်သည့်အရာ မဟုတ်ချေ။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယန်သခင်လေးကို ဦးစွာရင်ဆိုင်ရန် ဖြစ်သည်။ ထို့ကြောင့် သူ့မျက်လုံးများကို မှေးကျဉ်းလျှက် မြင်းစီးလူအုပ်ထံ မလှုပ်မယှက် ကြည့်နေဖြစ်သည်။

တက်နိုင်သမျှ လျင်လျင်မြန်မြန်ဖြင့် သူတို့ အားလုံးအား အဆုံးသတ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို မိမိရရ ဆုပ်ကိုင်မိရန် လိုပေလိမ့်မည်။

သို့မဟုတ်ပါက ယန်မိသားစုမှ ပိုမို အစွမ်း ထက်သည့် စစ်ကူများ ထပ်မံ ရောက်ရှိ လာ နိုင်သည်။

ပန်းသင်္ချိုင်းဓါးကို ဆုပ်ကိုင်လျက် လင်းယွန်က တိုက်ပွဲဝင်ရန် ပြင်ဆင်မှုအချို့ကို ပြုလုပ်လိုက်သည်။

ယန်သခင်လေးနှင့် သူ၏ တိုက်ပွဲကို ကြည့်ရှုရန် လူများစွာသည် လမ်းမပေါ်သို့ ပြန်လည်စုဝေး လာကြသည်။

သူတို့၏ မျက်လုံးများတွင် လင်းယွန်သည် သနားစရာ ရူးမိုက်သူ တစ်ယောက်ထက် မပိုခဲ့ချေ။

"အဖေ၊ ဒီအစ်ကိုကြီးက ဘာလို့ ထွက်မပြေး တာလဲ"

"သူက မပြေးနိုင်ခဲ့လို့ပေါ့ သားရယ်"

ယန်သခင်လေးနှင့် သူ၏အစောင့်များသည် မီတာတစ်ရာအကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် လင်းယွန်က စတင်လှုပ်ရှား လိုက်သည်။

လင်းယွန်က ဘေးသို့ ခြေတစ်လှမ်းကို ခပ်စွေစွေလေးနင်း လိုက်သည်။ ထိုလှုပ်ရှားမှုသည် သိမ်မွေ့ငြင်သာနေခဲ့ပြီး ရလဒ်အဖြစ် လေပြင်းများနှင့် တိမ်မည်းများကို ကောင်းကင် ယံ၌ စုရုံး လှုပ်ခတ်လာ စေကာ လင်းယွန်၏ အရှိန်အဝါမှာ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာ၏။

သူက ကျား-နဂါးအရှိန်အဝါကို ထုတ်ဖော် ခင်းကျင်းလိုက်ခြင်း ဖြစ်သည်။

ရုတ်တရက် ပါတ်ဝန်းကျင်ရှိ လေထုထဲတွင် ကြောက်စရာကောင်းသော အရှိန်အဝါများ ဖြစ်ပေါ်လာပြီး၊ ဒေါသတကြီး ပြေးဝင်လာသည့် မြင်းစီးလူအုပ်ထံသို့ တိုးဝင်သွားကာ မြင်းများအပေါ် ထိန်းချုပ်မှုများ အား ဆုံးရှုံးသွားစေခဲ့သည်။

၎င်းသည် နဂါးသွေးမြင်း၏ နတ်ဆိုးအရှိန် အဝါ ကိုပင် တိုက်ရိုက် ဖြတ်ချိုးခဲ့သည် သာမက ထိုမြင်းအား ထိတ်လန့်အောင် ပြုလုပ်နိုင် ခဲ့သည်။

'' ............. ''

ယန်သခင်လေးနှင့် သူ့အစေခံများမှာ သူတို့မြင်း များကို ပြန်လည် ထိန်းချုပ်ရန် လျင်မြန်စွာ လုပ်ဆောင် နေစဉ်တွင်၊ လင်းယွန်က ထိုအခွင့်အရေးကို လက်လွှတ် မခံခဲ့ပဲ လူအုပ်ထံသို့ ဦးတည် ခုန်ဝင် သွားလေ သည်။

'' လေ ဝဲ ဓါး ပထမဓားချက် ''

ပန်းသင်္ချိုင်းဓါးသည် သူ၏လက်၌ လျင်မြန်စွာ လှုပ်ရှား လာခဲ့ပြီး ပုံရိပ်များ မှိန်ဖျော့ လာသည် အထိ အရှိန်ကို မြှင့်တင် လိုက်သည်။

သူ၏ အကန့်အသတ်သို့ ရောက်ရှိ သွားပြီးနောက် လင်းယွန် နှင့်အတူ ပေါင်းစပ်လျက် အေးစက်သော အငွေ့အသက် များကို ထုတ်လွှတ် လာသည်။

('' ဓါးတစ်လက်နှင့် မီတာတစ်ရာ ခရီး သွားခြင်း '')

လင်းယွန်က စိတ်ဝိညာဉ်အား ဓါးအနှံ့ ဖြန့်ကျက်ထားပြီး ယန်စွမ်းအင်ကို လှည့်ပါတ် ထားလျက် တိုးဝင်သွားခဲ့သည် ဖြစ်ရာ လမ်း၏ တစ်ဖက် တစ်ချက်စီ၌ ဖုန်မှုန့်များ ထောင်းထောင်း ထသွားသည်။

လေဝဲဓါးပထမဓါးချက် ကို ထုတ်ဖော် လိုက်သည့် ရည်ရွယ်ချက် အမှန်မှာ ယန်သခင် လေးနှင့် သူ၏ကြား အကွာအဝေးကို လျင်မြန်စွာ ချုံ့နိုင်ရန် အတွက်သာ ဖြစ်၏။

သူ၏ စစ်မှန်သော သိုင်းကွက်မှာ ပုံရိပ်ယောင် ဓားကွက်ဖြစ်ပြီး ၎င်းသည် တိုက်ပွဲတွင် တစ်ကြိမ် တစ်ခါမျှ အသုံးပြုခဲ့ခြင်း မရှိသေးချေ။

ယန်သခင်လေးနှင့် မြင်းစီး သူရဲများ အထက်၊ ကောင်းကင်ယံ၌ လင်းယွန်သည် ထွက်ပေါ် လာခဲ့ ပြီးနောက် ခဏကြာ ရပ်တန့် သွားခဲ့သည်။

ပန်းသင်္ချိုင်းဓါးသည် ရာပေါင်းများစွာသော ဓါးရိပ်များကို ထုတ်လွှတ်လျက် လင်းယွန်နှင့် အတူ လူအုပ်၏ အလယ် ဗဟိုသို့ ညင်သာစွာ ဆင်းသက်လာ လေသည်။

'' ရွှပ်.......ရွှပ် ''

လင်းယွန်၏ ခြေဖဝါးသည် မြေပြင်ကို နင်းမိသည်နှင့် တပြိုင်နက် မြင်းစီးလူအုပ်များထံမှ ကြက်သွေးရောင် မြူတစ်ခု ထွက်ပေါ် လာသည်။

ထို့နောက်တွင် တိုက်ပွဲကွင်းပြင်တစ်ဝိုက် နာကျင် အော်ဟစ်သံများ ပြည့်နှက် လာကာ မြင်းစီး သမား တစ်ယောက်ချင်း စီ၌ ဓားဒဏ်ရာ သုံးချက်ခန့် ရရှိသွား ကြလေသည်။

'' ..................... ''

၎င်းသည် အသက်တရှိုက်စာအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေ၏။ ရပ်ကြည့်နေသည့် လူအုပ်ကြီးမှာ သူတို့မြင်လိုက်ရသည့် အရာကို တဖြည်း ဖြည်းချင်း သဘောပေါက် သွားမိ သည့်အခါ ထိတ်လန့်သော အသံများ ထွက်ပေါ် လာသည်။ ၎င်းသည် လှပသေသပ်သည့် ဓါးချက် တစ်ချက်ဖြစ်ခဲ့ ပေသည်။

အခြားတစ်ဖက်တွင် နဂါးသွေးမြင်းသည် ၎င်း၏သခင် ဒဏ်ရာရသည်ကို မြင်သွားကာ ထိုသားရဲက သူ၏ လည်ဆံမွှေးပေါ်ရှိ သွေးစက် များအား ခါရမ်းလိုက်ကာ ဒေါသတကြီး အော်ဟစ် လှုပ်ရှား လိုက်သည်။

နဂါးသွေးမြင်းသည် သူ၏အရှိန်အဝါကို အဆုံးထိ မြှင့်တင်လိုက်ပြီး လင်းယွန် ထံသို့ ကဆုန်ပေါက် ပြေးဝင်လာသည်။ ၎င်းသည် လင်းယွန်အား နှလုံးခုန်သံကို ရပ်တန့်စေမည့် ဖိအားကို ထုတ်လွှတ် ဖိနှိပ်နေခဲ့သည်။

သူ၏ ကန်ချက်တစ်ချက်နှင့်ပင် အသက်ကို နူတ်ယူနိုင်စွမ်း ရှိနေ သော်ငြားလည်း လင်းယွန်က တည်ငြိမ်စွာပြုံးလျက် ရင်ဆိုင် လိုက်သည်။

ဓားကိုရုတ်သိမ်းလိုက်ပြီး ငန်းရိုင်း ပျံသန်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက် နဂါးသွေး မြင်း၏ ကျောပေါ်သို့ ခုန်လွှား ဆင်းသက် လိုက်ကာ ထိုသားရဲ၏ ဦးကင်း ထံသို့ လက်သီးဖြင့် ချိန်ရွယ် လိုက်သည်။

'' ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ ဝေနေတယ်။ ''

နဂါးသွေးမြင်းသည် ဒူးထောက်လျက် ကြောက်ရွံ့တုန်လှုပ် သွားခဲ့သည်။ သူက မည်မျှပင် မောက်မာစေကာမူ ကောင်းကင်ဘုံ သားရဲများ၏ အငွေ့အသက်များ အောက်၌ ရပ်တည်ရန်ပင် မဝံ့ခဲ့ပေ။

သို့သော် ဘေးမှကြည့်ရှုသူများနှင့် မြင်းစီးသူရဲများသည် လုံးဝ အံ့သြသွားကြသည်။

နဂါးသွေးမြင်းသည် တစ်စုံတစ်ရာတုန့်ပြန် တိုက်ခိုက်ခြင်းမရှိပဲ လင်းယွန်ထံ၌ အညံခံ နေခဲ့ သည်လော။ မာနကြီးသည့် နတ်ဆိုး သားရဲ တစ်ကောင်၏ ထီမထင် ရိုင်းစိုင်း ကြမ်းကြုပ် မှုများမှာ ပျောက်ကွယ် သွားပေပြီ။

လင်းယွန် က အေးစက်စက် ပြုံးလိုက်သည်။ သူ၏ အစီအစဉ်သည် မျှော်မှန်းထားသည်ထက် ပိုမို ကောင်းမွန် ခဲ့သည်။ သူက နဂါးသွေးမြင်းကို ထိန်းချုပ် လိုက်ပြီး.....

'' တွေ့ရတာ ဝမ်းသာပါတယ် သူငယ်ချင်း ''

သွေးများဖုံးလွှမ်းနေသော မြေပြင်၌ လဲလျောင်း နေသည့် ယန်သခင် လေးသည် မယုံနိုင်စွာ ငေးကြည့်လျက်၊

'' ငါ့ရဲ့ နဂါးသွေးမြင်းလေး.......''

လင်းယွန်က ယန်သခင်လေးအား နဂါးသွေး မြင်းထက်မှ ငုံ့ကြည့် လိုက်ပြီး၊

'' မင်းရဲ့ မိသားစုဝင်တွေကို ဂရုစိုက်လိုက်ပါ။ သူတို့ထဲက တစ်ချို့က ဒဏ်ရာ ပြင်းထန် ပုံရတယ်၊ မြင်းအတွက် ကတော့ ကျေးဇူး တင်ပါတယ်။ ငါ....သူ့ကို ကောင်းကောင်း ဂရုစိုက် လိုက်ပါ့မယ်၊ စိတ်အေးအေး ထားပါ။ ''

လင်းယွန်က ထွက်ခွာ မသွားမီ ရုတ်တရက် သတိရသွားကာ ပြန်လှည့်ကြည့်လိုက်ပြီး။

'' ငါ....မေ့သွားတယ်၊ မင်းရဲ့ ရက်ရောမှု အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်၊ မီးလျှံသွေး အရိုးတွေကို လေလံတင်တဲ့ သူက ငါပါပဲ "

'' .............."

ယန်သခင်လေးသည် ဒေါသကြောင့် သွေးတလုပ် အန်ချလိုက်မိသည်။

'' ဟိုင်း...... ဟိုင်း.....''

အော်ဟစ်မောင်းနှင်သံနှင့်အတူ နဂါးသွေးမြင်းသည် အနီရောင် အလင်းတန်း သဖွယ် တရှိန်ထိုး ပြေးထွက်သွားကာ ညအမှောင် ထဲသို့ တိုးဝင် ပျောက်ကွယ် သွားတော့၏။

***

All Chapters