← Chapters

အချိန်မှားခြင်း။

Vol. 3 Ch. 41

အချိန်မှားခြင်း။

Vol. 3 Ch. 41

နဂါးသွေးမြင်းမှာ အံ့သြဖွယ်ကောင်းသော အရှိန်ဖြင့် ပြေးနေသည်။

တစ်ချိန်ထဲမှာပင် တုံဟူသည် တိုက်ပွဲ ဖြစ်ပွားရာ အနီးအနားရှိ အဆောက် အဦး တစ်ခု၏ ခေါင်မိုး ပေါ်တွင် ငြင်သာစွာ ဆင်းသက် လိုက်ကာ စိုးရိမ်သည့် မျက်ဝန်း များဖြင့် တိုက်ပွဲ မြေပြင်ကို စစ်ဆေးလိုက်သည်။

လမ်းမပေါ်၌ ပြင်းထန်စွာ ဒဏ်ရထားသည့် ယန်မိသားစုဝင်များဖြင့်သာ ဖုံးလွှမ်းနေပြီး လင်းယွန်ကိုမူ ရှာမတွေ့ခဲ့ပေ။

"တောင်းပန်ပါတယ် ... ညီငယ်လေး၊ ငါ အတတ်နိုင်ဆုံး မြန်မြန်လာခဲ့ပေမယ့် ယန်မိသားစုဝင်ရဲ့ ခွေးငယ်လေးက ငါ့ထက် ပိုမြန်ခဲ့ပုံရတယ် ''

ဟု တိုးတိတ်စွာ ရေရွတ်လျက် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ယန်မိသားစုဝင်များသည် လင်းယွန်အား လက်စားချေရန် သွားနေ သည်ကို ကြားသည့် အခါ သူက ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

လင်းယွန် အား ရေဖြူမြို့မှ ထွက်ခွာ သွားနိုင်ရန် ကူညီဖို့ ဆုံးဖြတ်ထား ခဲ့ပြီး လိုအပ် ပါက ယန်မိသားစုဝင်များကို တိုက်ခိုက်ရန် အထိ အဆင်သင့် ဖြစ်နေခဲ့ သော်လည်း လင်းယွန်က ထွက်သွားနိုင်လိမ့် မည်ဟု ထင်မထားခဲ့ မိပေ။

မျက်နှာပေါ်၌ မချိသော အပြုံးကို ထုတ်ဖော်လျက် ညအမှောင် ထဲသို့ ငေးမျှော်ကြည့် လိုက်ကာ၊

"ကောင်းကင်ဘုံမူလဆေးလုံးကိုရောင်းဖို့ ငါလူရွေး မှန်ခဲ့ပုံရတယ်။ ကောင်လေးက အစွမ်းအစ ရှိသား.... ''

ရေရွတ်သံမဆုံးခင်မှာပင် ရေဖြူမြို့ ကောင်းကင်ယံ ထက်၌ ယန်မိသားစု၏ အရေးပေါ်အချက်ပြခြင်းဖြစ်သည့် အနီရောင်မီးခိုးများ ထွက်ပေါ်လာလေသည်။ တုံဟူ က ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွား၏။

"ဘုရားရေ၊ ဒီကောင်လေးက ယန်မိသားစုရဲ့ နတ်ဆိုးသားရဲကို လုယူသွားခဲ့ တာလား..."

နဂါးသွေးမြင်းသည် အစွမ်းထက်သလောက် ဒေါသကြီးသည့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ကာ 'မြေပြင်မှာ ပျံသန်းနေသော သားရဲ' အဖြစ်ပင် တင်စား နှိုင်းယှဉ်ခဲ့သည်။

ထို့အပြင် ၎င်းသည် ယန်မိသားစု၏ ဂုဏ်ယူစရာ ရတနာတစ်ပါးလည်း ဖြစ်နေ ခဲ့သေး ပေ၏။

ကောင်းကင်ထက်၌ မီးခိုးများပေါ် ထွက်လာသည့် အချိန်တွင် လင်းယွန် သည် ရေဖြူမြို့ကို နောက်၌ ချန်ရစ်ထားနိုင်နေပြီ ဖြစ်သည်။

နဂါးသွေးမြင်းကို နှစ်ရက်နှစ်ည စီးနင်းပြီး နောက်တွင် သူ၏ မြင်ကွင်း၌ မိုးပြာရောင် ကောင်းကင်ဂိုဏ်း ထွက်ပေါ်လာခဲ့သည်ဖြစ်ရာ လင်းယွန်က သက်ပြင်းချလိုက်မိ၏။

"ခဏနားရအောင်.. "

သူက စိတ်စောနေမိသည်ဖြစ်ရာ ပင်ပန်းနွမ်းနယ်မှုကို မေ့လျော့သွားခဲ့ပြီး သူ့ကိုယ်သူ လုံခြုံသွားပြီမှန်း သိမှပင် ၎င်းအား သတိထားမိလိုက်သည်။

အခြားတစ်ဖက်တွင် နဂါးသွေးမြင်းသည် မြက်ခင်းများပေါ်တွင် မြူးကြွ ပတ်ပြေး နေခဲ့သည်။ ၎င်းသည် မယုံကြည်နိုင် လောက်အောင် အမြန်နှုန်းကို ပိုင်ဆိုင်ထားပြီး သူထင်ထားသည် ထက်ပင် ပို၍ သန်စွမ်း လှပေ၏။

အချိန်အနည်းငယ် အနားယူလိုက်ပြီးနောက် လင်းယွန်၏ အတွေးများမှာ ဇောင်ယန်နှင့် တိုက်ပွဲထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ဆုစီယာ။

သို့သော် ထိုအရာများထက် တစ်စုံတစ်ယောက်၏ အကြွေး၊ တင်ခံရခြင်း အဖြစ်သို့ မရောက်လိုပေ။

( ငါ့ လမ်းကို ငါ ရွေးရမယ် )

လင်းယွန် ၏ မျက်လုံးများသည် ဆုံးဖြတ်ချက်များဖြင့် တောက်ပလာသည်။ သူက အလယ်အလတ် ဝိညာဉ်ကျောက်တုံး များကို ထုတ်ယူကာ လက်တစ်ဖက်စီ၌ ကိုင်လျက် ကျင့်ကြံခြင်းကို စတင်လိုက်သည်။

၎င်းသည် အလယ်အလတ် ဝိညာဉ် ကျောက်တုံးများ ဖြစ်ကာ သူတို့တွင် ပါ၀င်သည့် ဝိညာဉ်စွမ်းအင် များသည် သန့်ရှင်း သိပ်သည်း လှပေ၏။

ယန်သန့်စင်ခြင်းနည်းစနစ်ကို ထုတ်ဖော် လိုက်ပြီး ခန္ဓာကိုယ်အတွင်း စွမ်းအင်အား စတင်ဖြန့်ဝေ စီးဆင်း စေလိုက် သည်နှင့် အလယ် အလတ် ဝိညာဉ်ကျောက်တုံး များမှ တဆင့် အကန့် အသတ်မဲ့ စွမ်းအင်များ စီးဝင်လာ လေသည်။

'' .............. ''

နောက်ဆုံးအတားအစီးကို ချိုးဖြတ်ရန် စက္ကန့်ပိုင်းသာ ကြာမြင့်လိုက်သည်။ သူ၏ ယန်သန့်စင်ခြင်း နည်းစနစ်သည် စတုတ္ထ အဆင့်သို့ ရောက်ရှိသွားခဲ့ လေသည်။

သို့သော် လင်းယွန်သည် ၎င်းအား မရပ်တန့်ခဲ့ပဲ ဆက်လက်စုပ်ယူနေခဲ့ကာ သည့်ထက်ပို၍ ဝေးဝေး ရောက်ရန် ဆန္ဒ ရှိလေသည်။

သူ၏ပန်းတိုင်သည် ယန်သန့်စင်ခြင်း နည်းစနစ်ကို ပဉ္စမအဆင့် အထွတ်အထိပ်သို့ အောင်မြင်အောင် ဆုပ်ကိုင်နိုင်ရန် ဖြစ်သည်။

ယန်သန့်စင်ခြင်းနည်းစနစ်သည် အောင်မြင်အောင် ကျင့်ကြံရန် မည်သည့် လှည့်ကွက်များ သို့မဟုတ် နားလည်မှုများ မလို အပ်ခဲ့ပေ။

မြောက်များစွာသော အရင်းအမြစ်များကို အကန့် အသတ်မရှိ ထောက်ပံ့နိုင်ဖို့သာ လိုအပ်ပြီး ၎င်းသည် အကြီးအကဲယန် သတ ိပေးခဲ့ သလောက် နားလည်မှု ကြီးကြီးမားမား ရရှိရန် မလိုအပ်ပေ။

လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးရခြင်းမှာ အရင်း အမြစ် မလုံလောက်သည့် လိုအပ် ချက်ကြောင့် ဖြစ်ချေ၏။

('' မင်းက တိုးတက်ချင်တယ်ဆိုရင် အဲဒီထဲကို အရင်းအမြစ်တွေ သွန်ချပစ်လိုက်ရုံပဲ။ မင်းမှာ အရင်းအမြစ်တွေ များလေလေ မင်းမြန်မြန် တိုးတက်လာ လေလေပဲ။ '')

အမည်ခံနတ်ဆိုးသားရဲ အမြုတေကို သန့်စင်ခြင်းဖြင့် ယန်သန့်စင်ခြင်းနည်းစနစ်၏ ဒုတိယအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။

သွေးသန့်စင်ခြင်းဆေးလုံးများ၏ ရလာဒ်သည် တတိယ အဆင့်သို့ ပို့ဆောင် ပေးခဲ့ပြီး ယခုသူသည် အလယ် အလတ် ဝိညာဉ် ကျောက်တုံး( ၁၀ )တုံးကို အသုံးပြုကာ ပဉ္စမ အဆင့်ထိ တက်လှမ်းနိုင်ရန် ကြိုးစားနေမိသည်။

၎င်းသည် အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ရန် ဖြစ်သော်ငြားလည်း သူက လုံလောက်သည့် အရင်းအမြစ်များ ရရှိပါက မဖြစ်နိုင်စရာ အကြောင်း မရှိနိုင်ပေ။

တစ်နာရီအကြာတွင် အလယ် အလတ် အဆင့် ဝိညာဉ်ကျောက်တုံး( ၂ )လုံးသည် အမှုန် အဖြစ် ပြောင်းလဲ ကြေမွှသွားသည်။

လင်းယွန်က နောက်ထပ် အလယ်အလတ် ဝိညာဉ်ကျောက်တုံး (၂) တုံးကို ထပ်မံထုတ်ယူ လိုက်သည်။

ယန်သန့်စင်ခြင်းနည်းစနစ်မှာ စတုတ္ထ အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် လင်းယွန်၏ စွမ်းအင် ဆာလောင်မှုသည် ပိုမိုပြင်းထန် လာခဲ့သည်။

အလယ်အလတ်ဝိညာဉ်ကျောက်တုံးများကို လောဘကြီးစွာဖြင့် စုပ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား အကန့်အသတ် ရောက်သည် အထိ သန့်စင် နေမိသည်။

လင်းယွန်၏ အတွင်းအင်္ဂါများသည် ပူလောင်နေခဲ့ပြီးနောက် ထိုအခွင့်အလမ်းကို အသုံးချရန် အတွက် နှလုံး အားဖြည့် ဆေးလုံးအား ပါးစပ်ထဲသို့ ပစ်ထည့် လိုက်သည်။

ဆေး၏ အာနိသင်သည် အလယ် အလတ် အဆင့် ဝိညာဉ် ကျောက်တုံး များနှင့် ပေါင်းစပ် သွားပြီး နှလုံးသား ထံသို့ စီးဝင်သွား လေသည်။

'' ဘန်း......ဘန်း.......''

လင်းယွန်၏ ရင်ဘတ်သည် ပိုမိုပြင်းထန်စွာ တုန်ယင်လာသည်။ နှလုံးသားသည် လျင်မြန်စွာ လှုပ်ခါနေခဲ့ပြီး တက်ကြွလန်းဆန်းလျက် အသစ် သစ်သော ဖွဲ့စည်းမှုများ ဖြစ်ပေါ်နေသည်။

သွေးပြန်ကြောများမှ သွေးများသိပ်သည်းစွာ စီးဆင်း လာပြီး အပြန်အလှန်အားဖြင့် အခြားအင်္ဂါများကို အာဟာရဖြည့်ပေးခဲ့သည်။

၎င်းသည် သန့်စင်ခြင်းဖြစ်စဉ်ကို စတင်နေခဲ့ပြီး လင်းယွန်ထံမှ ထွက်ပေါ် လာသည့် အရှိန်အဝါမှာ မယုံကြည်နိုင် လောက်အောင် ပြင်းထန်လာကာ၊ လျင်မြန်စွာ တိုးတက် လာသည်။

နှလုံးအားဖြည့်ဆေးလုံးသည် မျှော်မှန်းထားသည်ထက် လုံးလုံးလျားလျား ကျော်လွန်သွားပြီး ယန်သန့်စင်ခြင်း နည်းစနစ်နှင့် ကောင်းစွာ လိုက်ဖက်ပေ၏။

အချင်းချင်း အားဖြည့်ခြင်းဖြင့် သူ၏ကျင့်ကြံမှုကို အကန့်အသတ်ထိ တွန်းပို့ နိုင်ခဲ့သည်။

အလယ်အလတ်ဝိညာဉ်ကျောက်တုံး (၁၀)တုံး ကြေမွှသွားပြီးနောက်တွင် လင်းယွန်အား ဗဟိုပြုကာ မီတာအနည်းငယ် အတွင်း အနီရောင်အခိုးအငွေ့များ စတင် ရစ်သိုင်း လာလေသည်။

မျက်လုံးများဖွင့်လိုက်သည့်အခါ လင်းယွန်၏မျက်ဝန်းများထဲမှ အရှိန်အဝါ များသည် ပိုမိုသိပ်သည်းနေပြီး ၎င်းသည် ယန်သန့်စင်ခြင်းနည်းစနစ်အား အထွတ် အထိပ်သို့ ကျင့်ကြံ အောင်မြင်သွားခြင်း ဖြစ်ပေ၏။

လင်းယွန် က မတ်တပ်ရပ်လျက် လက်သီးကို လေထုထဲသို့ ထိုးချလိုက်သည်။ လက်သီး ပတ်ပတ် လည်၌ တောက်ပ ယိမ်းထိုး နေသော အနီရောင်မြူ တချို့ ရစ်သိုင်း လာသည် သာမက ယန်စွမ်းအင် များသည် အနီရောင် ဖျော့ဖျော့အဖြစ် ကူးပြောင်း သွားသည်။

လင်းယွန် သည် မအံ့သြခဲ့ပေ။ ယန်သန့်စင်ခြင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါ ဤကဲ့သို့ ရလဒ်တစ်ခုခု ထွက်ပေါ် လာလိမ့် မည်ဟု ကြိုတင်ခန့်မှန်းထား မိပြီ ဖြစ်သည်။

ဥပမာအားဖြင့် လျူယန်ဖိန်နှင့် ဘိုင်ယုဖန် တို့အကြားတိုက်ပွဲတွင် လျူယန်ဖိန်၏ ခရမ်းတိမ်လွှာနည်းစနစ်သည် လက်ဖဝါးနှင့် ယန်စွမ်းအင်များအား ကျောက်စိမ်းရောင်သို့ ကူးပြောင်းသွားသည်ကို သိမြင်ခဲ့ပြီးဖြစ်ရာ ၎င်းအနီရောင်သည် ထူးထွေအံသြမှုကို မစွမ်းဆောင်နိုင်ခဲ့ချေ။

'' .....ရွှမ်း.....''

ဓားကိုဆွဲထုတ်လိုက်ပြီး ယန်စွမ်းအင်ကို ဓားပေါ်သို့ လွှမ်းခြုံလိုက်သည့်အခါ ၎င်းသည် အနီရောင်တောက်ပလာလျက် ညအမှောင်ကို လင်းလက်သွားစေ၏။

'' ဒီဓားက အချိန်တိုင်း ငါ့ရဲ့ဆန္ဒနဲ့ စွမ်းအင်ကို လုံးလုံးလျားလျား မဆန့်ကျင်ခဲ့ဖူးပဲ၊ ''

အဆင့်မြင့်လက်နက်များ သည် အနည်းငယ် ပျက်စီး ဆုံးရှုံးသွား သည်နှင့် ဤမျှများစွာသော ဝိညာဉ် စွမ်းအင်ကို လက်မခံနိုင်ကြပေ။

ယန်သန့်စင်ခြင်းနည်းစနစ်အား ပဉ္စမ အဆင့်သို့ ကျင့်ကြံနိုင်ခြင်းသည် ဇောင်ယန်၏ ခွန်အားကို ရင်ဆိုင် ရာတွင် ပို၍ယုံကြည်မှုများ ရရှိ လာစေ ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏ ကျင့်ကြံမှု အဆင့်သည် သတ္တမအဆင့်သို့ မတက်လှမ်း နိုင်ခဲ့ပေ။

ယန်သန့်စင်ခြင်းနည်းစနစ်သည် သိသိ သာသာ အထောက် အကူဖြစ် ခဲ့သော် ငြားလည်း ၎င်းသည် အခြေခံ တည်ဆောက်ခြင်း ဆဋ္ဌမ အဆင့် အထွတ် အထိပ် သို့သာ ခေါ်ဆောင်သွား နိုင်ခဲ့သည်။

ဓားကိုသိမ်းလိုက်ကာ သက်ပြင်းချလိုက်ပြီး နဂါးသွေးမြင်းအား လှည့်ပါတ်ရှာဖွေလိုက်မိရာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

နဂါးသွေးမြင်းသည် သားရဲတစ်ကောင်၏ အသားကို ကြိတ်ဝါးစားသောက်နေခဲ့ပြီး ထိုမြင်းသည် လေထုထဲမှ တစ်စုံတစ်ရာအား ခံစား မိသွားကာ သတိကြီးစွာဖြင့် လှည့်ပါတ် ကြည့် လိုက်သည်။

သူက လင်းယွန်နှင့် မျက်လုံးခြင်းဆုံခဲ့ပြီးမှ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာသည် လင်းယွန်ထံမှ စောင့်ကြည့်ခံခဲ့ရခြင်း ဖြစ်သည်ကို သိရှိသွားလျက် သားရဲအပိုင်းအစ များအား စိတ်ချ လက်ချ ထပ်မံကြိတ်ဝါး နေခဲ့သည်။

လင်းယွန်က နဂါးသွေးမြင်း၏ မျက်ဝန်းများ ထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒကို ခံစား လိုက်မိပြီးနောက် ကူရာကယ်ရာ မယ့်စွာ သက်ပြင်းချ လိုက်သည်။

သွားများအကြားတွင် သားရဲအသေသားကို ကြိတ်ချေရန်အတွက် ခွန်အားအစစ်အမှန်အား ထုတ်ဖော်ကာ ရည်ရွယ်ချက် ရှိရှိ ဖြည်းဖြည်းချင်း ကြိတ်ဝါးဖို့ ကြိုးစား နေခြင်းသည် လင်းယွန်၏ ကျောရိုးတလျှောက် စိမ့်တက် သွားစေခဲ့၏။

"သွားကြစို့ ငါတို့နောက်ကျနေမယ်။ ''

လင်းယွန်က အမိန့်ပေးလိုက်သည်။ နဂါးသွေးမြင်း ၏ အကြည့်သည် လင်းယွန်အား ခြောက်လှန့်နေဆဲ ဖြစ်သော်ငြားလည်း ၎င်းသည် စိုးရိမ်မှတ်ထိ မရောက်ရှိနိုင်ချေ။

နဂါးသွေးမြင်းသည် နဂါးသွေး အနည်းငယ် ပေါင်းစပ် ပါဝင်နေသည့် သဘာဝနတ်ဆိုးသားရဲ တစ်ကောင်သာဖြစ်ပြီး ကျားဖြူအရှိန်အဝါကို ထုတ်ဖော်လိုက်ခြင်း အားဖြင့် ကောင်းမွန်စွာ ထိန်းချုပ် နိုင်ခဲ့သည်။

ထို့နောက်တွင် နဂါးသွေးမြင်းသည် လျင်မြန်သည့်အရှိန်ဖြင့် တောအုပ်ကိုဖြတ်လျက် ပြေးလွှားနေခဲ့သည်။

မိုးပြာရောင် ကောင်းကင်ဂိုဏ်း ၏ တံခါးဝသို့ ရောက်သည့် အခါ လင်းယွန်က မြင်းပေါ်မှ ဆင်းသက် လိုက် သည်။

'' စီနီယာအစ်ကိုလင်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။ ဒုတိယအကျော့ ပြိုင်ပွဲတွေ စတော့မယ် "

တံခါးအစောင့်သည် လင်းယွန်ကို အံသြစွာ မေးမြန်းလိုက်သည့်အသံကြောင့် သူ၏ အဖော် တစ်ယောက်က ထပ်မံထွက်ပေါ် လာခဲ့ပြီး လင်းယွန်အား နားမလည်ဟန်ဖြင့် ငေးကြည့် လာသည်။

" ဟမ် ဒီနေ့လား "

လင်းယွန် ၏ မျက်နှာမှာ ထိတ်လန့် နီရဲသွား၏။ သူက မည်သို့ အချိန်မှတ် မှားခဲ့လေ သနည်း။ တွက်ချက်မှုများ အရ ဒုတိယပွဲစဉ် များသည် မနက်ဖြန် မှသာ ဖြစ်သင့်ပြီး သူက တစ်ရက် ကြိုရောက် ရှိလာခြင်း ဖြစ်ပေသည်။

'' မြန်မြန်သွားပါ။ မင်းနောက်ကျရင် မင်းအခွင့်အရေးကို လက်လွှတ်ရလိမ့်မယ် ''

'' အိုး ... သေစမ်း ''

လင်းယွန် က သူ့ကိုယ်သူ ပြန်ရိုက်လိုက်ပြီး ရေရွတ်လိုက်သည်။ တောအုပ်အစပ်၌ ကျင့်ကြံ စဉ်တွင် တနေ့တာ ကုန်လွန်ခဲ့ သည်ဟု ထင်ထား ခဲ့သော်လည်း ၎င်းသည် နှစ်ရက်တိတိ ကုန်လွန် ခဲ့ခြင်း ဖြစ်ပေမည်။

"ကျေးဇူးပါ စီနီယာအစ်ကိုတို့ "

လင်းယွန်က တံခါးစောင့် နှစ်ဦးအား နူတ်ဆက်လျက် နဂါးသွေးမြင်းအား စီးနင်းကာ စက္ကန့်ပိုင်း အတွင်း အဝေးသို့ ပျောက်ကွယ်သွား လေသည်။

အစောင့်နှစ်ယောက်၏ မျက်လုံးများမှာ ပြူးကျယ် သွားပြီး ပါးစပ်အဟောင်းသားဖြင့် ငေးကြည့် နေခဲ့ပြီးနောက် အဆုံးတွင် တစ်စုံ တစ်ယောက်သည် သည်းမခံနိုင်စွာဖြင့် ရေရွတ်လိုက် လေသည်။

'' ဒီမြင်းက ဘာလို့ ဒီလောက် မြန်နေ ရတာလဲ "

All Chapters