အောင်ပွဲဆီသို့။
Vol. 4 Ch. 43
လင်းယွန်နှင့် ထိပ်တိုက် တွေ့ဆုံမှုတွင် ဇောင်ယန်သည် သိုင်းစင်မြင့်တစ်လျှောက် အရုပ် ကြိုးပြတ် လွင့်စင်ခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ် စေရန် လေထဲ၌လက်ကို ဝေ့ရမ်းကာ အရှိန် သပ်ခဲ့ သော်လည်း အဆုံးတွင် ကြမ်းပြင်ပေါ် လဲကျ သွားလေသည်။
သွေးစများသည် ဇောင်ယန်၏ နှုတ်ခမ်း ထောင့်စွန်း များမှ စီးကျလာ၏။ အစောပိုင်း အချိန်ရှိ ဇောင်ယန်၏ မောက်မာမှု ဟန်ပန် များမှာ လုံးလုံးလျားလျား ပျောက်ကွယ် သွားပြီး ရှုံ့တွ ပျက်ယွင်း နေခဲ့သည်။
လင်းယွန်က အခွင့်အရေးမပေးခဲ့ပဲ သူ့ပြိုင်ဘက်သည် လေထုထဲသို့ လွင့်စဉ် နေဆဲ မှာပင် ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်အား ထုတ်ဖော်လျှက် ဇောင်ယန်၏ နောက်သို့ လိုက်ပါလာ ခဲ့သည်။
ဇောင်ယန်က ကြမ်းပြင်နှင့်ထိလျှင် ထိချင်း အရှိန်ယူ ထရပ် လိုက်သော်လည်း လင်းယွန်မှာ၊ သူ့ရှေ့၌ ကြိုတင် ရောက်ရှိ နေခဲ့ကာ ပြုံးလျက် လက်သီးဖြင့် ထိုးချလာလေ၏။
ဇောင်ယန်မှာ ပြင်ပတပည့်များတွင် ထိပ်တန်း(၁၀)ဦး စာရင်းဝင်ပြီး မားခူ (သို့) ချင်းရှောင် ကဲ့သို့သော အမှိုက်တစ်စ မဟုတ် ခဲ့ပေ။
သူ၏ ကျင့်ကြံမှုမှာ အခြေခံ တည်ဆောက်ခြင်း သတ္တ မနှောင်းပိုင်း အဆင့်တွင် ရှိနေကာ ၎င်းသည် သိုင်းနည်းစနစ် များစွာအား နက်နက် ရှိုင်းရှိုင်း ဆုပ်ကိုင်ထား နိုင်သော စီနီယာ ပြင်ပ တပည့် တစ်ယောက် ဖြစ်လေသည်။
" မင်း.... သေချင် နေတာပဲ "
ဇောင်ယန် က လင်းယွန်မှာ ကျားရိုင်း လက်သီးအား ထုတ်ဖော် နေသည်ကို မြင်လိုက် ပြီးနောက် အော်ဟစ် ကြိမ်းဝါးလျက် လျင်မြန်စွာ တုန့်ပြန် လိုက်သည်။
'' ရွှေမြွေ သားရဲ..လက်သီး ''
'' ............. ''
ဇောင်ယန် ၏ ခန္ဓာကိုယ်မှာ စတင်တုန်ယင် လာပြီး ကြောက်စရာ ကောင်းသော မြွေပွေး၏ အငွေ့ အသက်ကို အပြည့်အဝ ထုတ်ဖော် နေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်း မှာပင် သူ၏ လက်သီးသည် လင်းယွန်၏ ကျားရိုင်း လက်သီး နှင့် ထိပ်တိုက် တွေ့ဆုံ သွား၏။
တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်တွင် လူအုပ်ကြီး ထံမှ လက်ခုပ်သံ အချို့ ထွက်ပေါ် လာခဲ့ပြီး ရပ်တန့် သွားခြင်း မရှိခဲ့ချေ။
'' ဝိုး..... ''
စက္ကန့်ပိုင်းအတွင်း ၎င်းတို့နှစ်ဦးသည် သိုင်းကွက် တစ်ဒါဇင်ကျော်ခန့် အပြန်အလှန် တိုက်ခိုက် ခဲ့ကြပြီး ၎င်းသည် လေထုထဲတွင် သွေးမြူများ ဖြစ်ပေါ် လာသည် အထိ ရက်စက် ပြင်းထန် လေသည်။
ထို့အပြင် လင်းယွန်သည် အံသြစရာ ကောင်းလောက် အောင်ပင် ဇောင်ယန်ကို အကြောက် အလန့် မရှိ တန်းညီစွာ တိုက်ခိုက် နိုင်ခဲ့သည်။
" ကြည့်စမ်း လင်းယွန် ရဲ့ လက်သီးက နီရဲ တောက်ပ နေပါလား ''
" ဝိုး... ဒါက ယန်သန့်စင်ခြင်းနည်းစနစ်ရဲ့ အထွတ် အထိပ်ကို ရောက်နေပြီ ဆိုတဲ့ လက္ခဏာပဲ။ ''
" ဒါကြောင့်လည်း သူက သူ့ရဲ့နိမ့်ကျတဲ့ ကျင့်ကြံမှု အဆင့်နဲ့ စီနီယာ ဇောင်ကို လက်ရည်တူ ယှဉ်နိုင်ခဲ့ တာပဲ။ ''
'' သူ့ရဲ့ ကျားရိုင်း လက်သီး (၁၈)ကွက် ကလည်း အထွတ် အထိပ်ကို ရောက်နေပြီ၊ ပြီးတော့ အခု ယန်သန့်စင်ခြင်း နည်းစနစ်ကို ပဉ္စမ အဆင့်ထိ ကျွမ်းကျင် ပိုင်နိုင်မှု အပြည့် ရှိနေတယ်၊ ဒီဓားကျွန်က နတ်ဆိုး များလား။ ''
သိုင်းစင်မြင့် ပေါ်၌ ပြင်းထန်သော တိုက်ခိုက် မှုသည် ဆက်လက် ဖြစ်ပွား နေခဲ့ပြီး ၎င်းသည် သားရဲ ကောင်များ၏ တိုက်ပွဲများ သကဲ့သို့ အရှိန်အဝါ များမှာ ရောထွေး နေခဲ့၏။
'' ရွှေရောင် မြွေနဂါး ကခုန်ခြင်း ''
" သားရဲ တစ်ရာ သုတ်သင်ခြင်း"
'' ဘုန်း........ ''
အပြန်အလှန် ပေါက်ကွဲ စေခဲ့ကာ ရလဒ်များ အနေဖြင့် တိုက်ပွဲမှ စွမ်းအင်လှိုင်း များသည် နေရာ တိုင်းသို့ ပြန့်နှံ့ သွားခဲ့ ပြီးနောက် လင်းယွန်နှင့် ဇောင်ယန်သည် ခြေလှမ်း ငါးဆယ်ခန့် ဆုတ်ခွာ လိုက်ကြသည်။
'' ရွှမ်း .......... ''
'' လေ ဝဲ ဓါး ''
'' ရွှမ်း ...... ''
" မြွေနဂါး မိုးကြိုးဓါး ''
လင်းယွန်သည် ပန်းသင်္ချိုင်းဓါးကို ထုတ်ယူ လိုက်သည်နှင့် ဓါးလှုပ်ခတ် သွားရာ လမ်းကြောင်း တလျှောက်တွင် ပုံရိပ်ယောင်များ ယိမ်းနွဲ့ ထွက်ပေါ်လာ လေသည်။
၎င်းသည် ရာစုနှစ်တစ်ခုအတွင်း အောင်မြင်မှု မရှိသည့် ဓါးနည်းစနစ် တစ်ခု ဖြစ်ကာ လင်းယွန်၏ လက်၌ ညင်သာစွာ အသက် ဝင်လာ ခဲ့၏။
တဘက်တွင် အဆင့်မြင့် သိုင်းနည်း စနစ်ဖြစ်သော မြွေနဂါး မိုးကြိုး ဓါးသိုင်းကို ထုတ်ဖော်လျက် ဇောင်ယန်က မျက်မှောင် ကြုတ် လိုက်သည်။
ဇောင်ယန်သည် မြွေနဂါးမိုးကြိုး ဓါးနည်း စနစ်အား လွန်ခဲ့သော ရက်အနည်းငယ် အတွင်း လေ့ကျင့် ထားခဲ့ သော်လည်း ဟာကွက် အနည်း ကိုသာ ဖြစ်ပေါ် နေခဲ့သည်။
သို့သော် ၎င်းသည် အဆင့်မြင့် ဓါးနည်းစနစ် တစ်ခု ဖြစ်ပြီး သူက အောင်မြင်စွာ လေ့ကျင့် ထားနိုင် လေ၏။
ဇောင်ယန်၏ မျက်နှာ ပေါ်၌ အနှောက် အယှက် တစ်ခု ရှိနေ ခဲ့ပြီး သူသည် မြွေနဂါး မိုးကြိုး ဓါးနည်း စနစ် အပေါ် အကျွမ်းဝင် ရင်းနှီးဟန် ရမနေ ခဲ့သော် ငြားလည်း ဟိတ်ဟန် အပြည့် အရှိန် အဝါကို ထုတ်ဖော် လျက် ခင်းကျင်း အသင့်ပြင် ထားရာ၊ အဆင့်မြင့် ဓါးသမား တစ်ဦး ကပင် တိုက်ခိုက်ရန် တွန့်ဆုတ် သွားစေ နိုင်သည်။
သို့သော် လင်းယွန်က လေဝါးဓါး နည်းစနစ်ကို စတင်လိုက် သည်နှင့် တပြိုင်နက် မြွေနဂါး မိုးကြိုးဓါး အရှိန် အဝါမှာ ချိုးဖြတ် ခံလိုက် ရသည်။
လင်းယွန် နှင့် ဇောင်ယန် တို့နှစ်ဦးသည် လက်နက်မဲ့ ယှဉ်ပြိုင်ရာ၌ပင် တိုက်ပွဲမှာ ကြောက်ခမန်း လိလိ ပြင်းထန် နေခဲ့ပြီး လက်နက်များ ကိုင်ဆွဲ တိုက်ခိုက် လိုက်ခြင်းသည် သာ၍ ပြင်းထန် မည်မှာ သေချာ လှပေသည်။
" လင်းယွန် က လေဝဲဓါးကို ကျင့်ကြံ နိုင်ခဲ့ တာလား "
" ဒါပေါ့ သူက လေဝဲဓါးကို (၆၀%) ကျော် အထိ ဆုပ်ကိုင် ထားနိုင်တယ် "
" စီနီယာအစ်ကိုဇောင် ရဲ့ မြွေနဂါးမိုးကြိုးဓား ကလည်း အဆင့်မြင့်တိုက်ခိုက်ရေး နည်းစနစ် တစ်ခုပဲ မဟုတ်လား၊ လေဝဲဓါးနဲ့ယှဉ်ရင် ........ မနိမ့်ကျ နေပါဘူး။ "
" ငါ့မျက်စိနဲ့သာ မမြင်ရင်.. ဓားကျွန် တစ်ယောက်က လေဝဲဓါး ကို လေ့ကျင့် အောင်မြင် နိုင်လိမ့် မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး..."
လူအုပ်ကြီး ထံမှ ဝေဖန် သံများ ဆူညံစွာ ထွက်ပေါ် နေချိန်တွင် ဇောင်ယန်က သိုင်းစင်မြင့် ထက်၌ သူ၏ အရှိန်အဝါကို လုံးလုံး လျားလျား ထုတ်ဖော် လိုက်သည်။
သူကဓါးဖြင့် လင်းယွန်ထံသို့ တစ်ဖြောင့်ထဲ ထိုးချိန် ထားလိုက် ပြီးနောက် ခန္ဓာကိုယ်ကို နောက်သို့ အနည်း ငယ်အား ယူလိုက်ကာ ရှေ့သို့ ဦးတည် ပြေးဝင် သွားသည်။
ဓါးဖျားမှာ လင်းယွန်၏ နှလုံးသား ထံသို့ ချိန်ရွယ်လျက်။
'' မြွေနဂါး...၏ ဒေါသ ''
''............ ''
ကျယ်လောင်သော အော်ဟစ်သံသည် သိုင်းရင်ပြင်အနှံ့ ဟိန်းထွက်သွားသည်။ ဇောင်ယန်၏ အရှိန်အဝါ ဖိအားမှာ၊ သိုင်းစင်မြင့် ထက် ၌သာ မကဘဲ၊ ရှေ့ဆုံးထိုင်ခုံ များရှိ ပြင်ပ တပည့်များ ကိုပင် ဖိနှိပ် ထားခဲ့ သည်။
ကျင့်ကြံမှု အဆင့် နိမ့်ကျသည့် ပြင်ပတပည့် အချို့သည် ထိုဖိအား ဒဏ်ကြောင့် အော်ဟစ် လျက်၊ အရှိန်အဝါ ဖိအားနှင့် ကင်းလွတ်ရာ အကွာ အဝေးထိ ဆုတ်ခွာလိုက် ကြ၏။
တချိန်ထဲ မှာပင် လင်းယွန်က ကျား-နဂါး အရှိန် အဝါကို ထုတ်ဖော်လျက် တည်ငြိမ်စွာ ရပ်နေ ခဲ့လေသည်။
ဇောင်ယန်၏ ဓားဖျားကို စောင့်ကြည့် နေဆဲတွင် လေပြင်း များမှာ လင်းယွန်အား ဗဟိုပြုကာ တိုက်ခတ် လာသည်။
ဓားဖျားသည် ကန့်သတ် ဧရိယာ အတွင်း ဝင်ရောက်လာ သည့်နှင့် လင်းယွန်က ပန်းသင်္ချိုင်း ဓါးအား လျင်မြန်စွာ ပင့်တင် လိုက်၏။
'' ချွမ်....... ''
ဓားဖျားသည် မည်သည့် အတား အစီး ကိုမှ တွေ့ဆုံ ထိုးဖောက် သွားခြင်း မရှိ သောကြောင့်၊ ဇောင်ယန်က မျက်မှောင် ကျုံ့ကာ၊ ဘေး ဝဲယာအား သတိ ကြီးစွာ ရှာဖွေ လိုက်သည်။
တချိန်ထဲမှာပင် သူ၏ ဓါးဖျားသည် အကြီး အကဲများ ထိုင်နေသည့် စင်မြင့်ထံသို့ အရှိန် ပြင်းပြင်းဖြင့် တိုးဝင် သွားနေ ဆဲကြောင့်၊ သူက လေထဲ၌ ဂျွမ်းပစ်ပြီး ကိုယ်ရှိန် သပ်လိုက် ရသည်။
လင်းယွန်မှာ သိုင်းစင်မြင့်ထက်၌ ပျောက်ကွယ် နေခဲ့ပြီး ဇောင်ယန်၏ ဓါးသည် လေကိုသာ ထိုးဖြတ်မိသွား၏။ သူက မျက်နှာ ပျက်ယွင်း သွားကာ သံသယဖြင့် ကောင်းကင် ပေါ်သို့ မော့ကြည့် လိုက်မိသည်။
ဓားကိုင်လက်တစ်စုံသည် လေထုကို ထိုးခွင်းလျက် ကောင်းကင်းယံ ထက်မှ တဟုန်ထိုး ဆင်းသက် လာလေသည်။
ဇောင်ယန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လင်းယွန်က ငန်းရိုင်း ပျံသန်းခြင်း နည်းစနစ်အား အသုံးပြု လိုက်ပြီးနောက် လျင်မြန်စွာ ပြန်လည် တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ တရိပ်ရိပ် ကျဉ်းမြောင်းလာခဲ့ပြီး၊ ဇောင်ယန်အား ခုခံကာကွယ်ရန် အချိန်မပေးခဲ့ချေ။
လင်းယွန်သည် ကောင်းကင်မှ ဆင်းသက် လာခဲ့ပြီး သိုင်းစင်မြင့် တစ်ခုလုံးကို ထိန်းချုပ် လွှမ်းမိုး ထားလေသည်။
တိုက်ခိုက်မှုများ ရပ်တန့် သွားသည့် အခါ ဇောင်ယန်မှာ ကြမ်းပြင်ပေါ် လဲကျ နေခဲ့ပြီး သူ၏ဘေးတွင် လင်းယွန်က တည်ငြိမ်စွာ ရပ်နေလျက် ပန်သင်္ချိုင်းဓါးအား နှလုံးသား တည့်တည့်သို့ ချိန်ရွယ်ထား နှင့်ပြီ ဖြစ်သည်။
" မင်း ရှုံး ပြီ"
လင်းယွန် က ဇောင်ယန် ကို ငုံ့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါရှုံးတယ် ဟုတ်လား မင်းက....ငါ့ကို ဘာလို့ ဓါးနဲ့ ဆက်မထိုး ရတာလဲ "
၎င်းသည် ရှုံးနိမ့်ကြောင်း ဝန်ခံရန် ဆန္ဒမ ရှိသည်မှာ သေချာ ပေသည်။
"..... ကောင်းပြီ "
လင်းယွန်က ပန်းသင်္ချိုင်းအား လက်နှစ် ဖက်ဖြင့် ဆုပ်ကိုင်ကာ ဇောင်ယန်၏ ရင်ဘတ် ထဲသို့ ထိုးသွင်း လိုက်သည့် အခါ လူအုပ်ကြီး ထံမှ အထိတ် တလန့် အော်ဟစ်သံများ ထွက်ပေါ်လာ လေသည်။ သို့သော်...
'' ချွမ်....''
လင်းယွန်၏ ပန်းသင်္ချိုင်း ဓါးသည် ဦးတည် ရာသို့ တိုးဝင်သွား နိုင်ခြင်း မရှိခဲ့ပဲ ဘေးသို့ ချော်ထွက်သွား ပြီးနောက် သတ္တု ကိုယ်ထည် တစ်ခုမှာ ပြောင်လက်စွာ ထွက်ပေါ်လာသည်။
ဇောင်ယန်က သူ၏ အ၀တ် များကို ဆုပ်ဖြဲ လိုက်ပြီး ကောက်ကျစ်စွာ ပြုံးရယ် လိုက် ၏။
'' ဘာလဲဟ..... ကိုယ်ကျပ် ချပ်ဝတ် လား..''
'' တော် ဝင် ချပ် ဝတ် ''
လူအုပ်ကြီးသည် သိုင်းစင်မြင့်ထက်မှ ဇောင်ယန်ထံသို့ ကြည့်ကာ တအံတသြ ရေရွတ် လိုက်ကြသည်။ ၎င်းသည် 'တော်ဝင်ခုခံ ကာကွယ်ရေး ချပ်ဝတ်' တစ်ထည် ဖြစ်နေ ခဲ့လေ သည်။
ပြင်ပတပည့်အချို့သည် မကျေမနပ်ဟန်ဖြင့် သူတို့၏ ခေါင်းကို ယမ်းလိုက်ကြသည်။ ကျင့်ကြံမှု နှစ်ဆင့်နိမ့်သည့် တစ်စုံ တစ်ယောက်အား တိုက်ခိုက်ရန် အတွက် ဇောင်ယန်သည် တော်ဝင် ချပ်ဝတ် တစ်ထည်ကို အရှက်မဲ့စွာ ဝတ်ဆင်ထား လိမ့်မည်ဟု သူတို့က ထင်မထားကြချေ။
ဇောင်ယန်က ဟက်ဟက်ပက်ပက် ရယ်မော လိုက်သည်။ အောင်ပွဲသည် သူ့လက်ထဲ၌ ရှိနေခဲ့သည် မဟုတ်ပါလော။
လင်ယွန်က တော်ဝင်ချပ်ဝတ်ကို မြင်လိုက်သည့်အခါ အနည်းငယ်ပြုံးလျက် ငန်ရိုင်း ပျံသန်းခြင်း နည်းစနစ်အား ထပ်မံ ထုတ်ဖော်လိုက်ကာ လေထုထဲသို့ ခုန်တက် လိုက်သည်။
'' ပုံ ရိပ် ယောင် ဓါး ''
ဇောင်ယန်က လင်းယွန်ကို ဓားဖြင့်ထိုးသွင်း လိုက်သော်လည်း၊ ဒုတိယအကြိမ်မြောက် လေကိုသာ ထိုးမိခဲ့သည်။
သူက လှည့်ပတ်ကြည့်လိုက်သည့်အခါ လင်းယွန်မှာ ကောင်းထက်မှနေ၍ ဓါးရိပ်များကို ထုတ်ဖော်နေခဲ့ပြီး ၎င်းသည် ဓါးကွန်ချာတစ်ခု အဖြစ် စတင်ဖွဲ့စည်းလာကာ လေထုထဲ ပေါင်းစပ်နေခဲ့သည်။
ဓားရိပ်များသည် ကောင်းကင် အထက်မှ နေ၍ မိုးရေစက်များ ရွာချ သကဲ့သို့ ပြည့်နှက် လာခဲ့ ပြီးနောက် ဇောင်ယန်အား ဓါးနယ်မြေ တစ်ခု အတွင်း၌ ပိတ်လှောင် လိုက်လေသည်။
မြင်ကွင်းတစ်ခုလုံးတွင် ဓါးရိပ်များဖြင့် ကာရံ ထားကာ ပြင်ပကမ္ဘာနှင့် အဆက် အသွယ် ပြတ်တောက် သွား၏။
'' ရွှမ်း.....ရွှမ်း......... ''
ထိုမြင်ကွင်းသည် လူတိုင်း၏ အမြင်တွင် ခန်းနား ကြီးကျယ် နေခဲ့ကာ ငြိမ်သက် သွားစေ၏။
တချိန်ထဲမှာပင် လင်းယွန်သည် ဓါးနယ်မြေ အတွင်းမှ ဖြည်းညင်းစွာ ထွက်ပေါ် လာခဲ့ ပြီးနောက် သိုင်းစင်မြင့် ထက်၌ ဓါးကို သိမ်းကာ ရပ်လျက်ရှိနေ ခဲ့သည်။
ပန်းသင်္ချိုင်းဓါး၏ ပန်းရနံ့ များသည် လေထု ထဲတွင် ပေါင်းစပ် ပျံ့လွင့်နေ ခဲ့ပြီး ဓါးရိပ်များမှာ ပွင့်ချပ်များ တလွှာချင်းစီ ဖွင့်ချလိုက် သကဲ့သို့ သိုင်းစင်မြင့်ထက် ကျဆင်း နေသည်။
၎င်းသည် ဓါးရိပ်များ စင်မြင့်ပေါ် 'က'ခုန် နေသည်နှင့်ပင် တူပေ၏။ တစ်ချိန်တည်းမှာပင် ဇောင်ယန်၏ ခန္ဓာကိုယ်ထံမှ သွေးရောင်မြူများ တစ်ပြိုင်နက်ထဲ ပွင့်ထွက်လာလေသည်။
ဇောင်ယန် က သူ့ခန္ဓာကိုယ်ကို ငုံကြည့် လိုက်ပြီး သတိ လက်လွတ်ဖြင့် အော်ဟစ် ပြေးလွှား လိုက်သည်။
"ငါ မင်းကို သတ်မယ် ..."
သူက လင်းယွန် ထံသို့ ဦးတည် လိုက်သော်လည်း၊ သူ၏ ခြေလှမ်းတိုင်းသည် မချိမဆံ့ နာကျင်မှုကို ဖြစ်ပေါ်လာစေသည်။
လှုပ်ရှားလိုက်သည့် အခါတိုင်း တော်ဝင် ချပ်ဝတ်၏ အကာ အကွယ်နှင့် ကင်းလွတ်နေသည့် ခန္ဓာကိုယ် အစိတ် အပိုင်းများ ပေါ်ရှိ ဒဏ်ရာ များမှ နေ၍ သွေးမြူများ ပန်းထွက် လာခဲ့ သည်။
ယိမ်းယိုင်စွာပြေးဝင်လာသည့် ဇောင်ယန်အား ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့ ပြီးနောက် မီတာ အနည်းငယ် အကွာသို့ အရောက်တွင် လင်းယွန်သည် ခန္ဓာကိုယ်အား တစ်ပတ်လှည့် ခုန်ကာ ကန်ချ လိုက်လေသည်။
ဇောင်ယန်၏ခန္ဓာကိုယ်သည် ရင်ဘက် တည့်တည့်သို့ အကန်ခံ လိုက်ရပြီးနောက် သိုင်းစင်မြင့် ထက်မှ အရုပ်ကြိုးပြတ် လွင့်စဉ် ကျသွား၏။
"....ဇောင် ယန် "
အကြီးအကဲထိုင်ခုံစင်မြင့်ထက်မှ အရိပ် တစ်ရိပ်သည် ဇောင်ယန်အား ပြေးဝင်ဖမ်းယူ လိုက်ကာ အော်ဟစ်လိုက် လေသည်
။ ထိုအကြီးအကဲမှာ ဇောင်ယန်၏ ဒဏ်ရာ များအား လျင်မြန်စွာ စစ်ဆေး နေခဲ့ပြီးနောက် မျက်ဝန်း များရှိ စိုးရိမ် ပူပန်မှုများ အစား တဖြည်းဖြည်း ဒေါသ အဖြစ်သို့ ကူးပြောင်း သွားကာ၊ လင်းယွန်ကို ရဲရဲနီနေသည့် မျက်လုံး များဖြင့် စိုက်ကြည့်လျက် သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော် လိုက်လေသည်။
'' နိမ့်ကျတဲ့ ဓါးကျွန်ကောင်၊ မင်းက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုပ်ပြီး ကြောက်စရာကောင်းလိုက်လဲ။ ဒါက မင်းရဲ့ စီနီယာတွေကို ဆက်ဆံလိုက်တဲ့ ပုံလား...ကွ၊ ...ဟမ်... ငါမင်းကိုသတ်မယ် "
ထိုအကြီးအကဲသည် ဇောင်ယန် နှင့် ဇောင်ပင်း၏ အဖေဖြစ်ပြီး ၎င်းသည် ဇောင်ယန်၏အရှုံးကို လက်မခံနိုင်ဟန်ဖြင့် လင်းယွန်အား ရှုံ့ချအပြစ်တင် လိုက်လေသည်။
ရုတ်တရက် ထိုအကြီးအကဲ၏ ရန်လိုမှုမှာ လင်းယွန်အား ထိတ်လန့်သွားစေခဲ့ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာ လိုက်မိသည်ကြောင့် ဟန်ချက် ပျက်ကာ လဲကျ သွား၏။
အကြီးအကဲ တစ်ယောက်သည် မြောက်များ စွာသော အကြည့်များရှေ့၌ ဤမျှ အရှက်မဲ့လိမ့် မည်ဟု ထင်မထားခဲ့ မိပေ။
သို့သော် လင်းယွန်မှာ သိုင်းစင်မြင့်ထက်၌ လဲကျသွားခြင်း မရှိခဲ့ပဲ အံသြစရာ မြင်ကွင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာလေသည်။
နဂါးသွေးမြင်းမှာ သူ၏ အရှိန်အဝါကို ထုတ်ဖော်လျက် လင်းယွန်၏ နောက်ကျောဘက် စင်မြင့် ထက်သို့ ခုန်ဝင် ထိန်းမတ်ပေး ခဲ့ခြင်း ဖြစ်လေသည်။
သူက ထိုအကြီးအကဲကို ရန်လိုစွာ အော်ဟစ်လိုက်ပြီး လင်းယွန်အား အထင်သေးစွာ ငဲ့ကြည့်လိုက်ပြန်၏။
နဂါးသွေးမြင်း၏ အမူအရာကြောင့် လင်းယွန်မှာ ရှက်ရွံ့စွာ ပြုံးရယ် လိုက်သော် ငြားလည်း သူက ကြေနပ် နေခဲ့သည်။
၎င်းသည် ဤကမ္ဘာသို့ ရောက်ရှိခဲ့ပြီးနောက် သူ့၏ ဂုဏ်သိက္ခါအား အကာ အကွယ် ပေးလိုက်သည့် ပထမဆုံး သက်ရှိ တစ်ကောင် ဖြစ်ပေသည်။
နဂါးသွေးမြင်းနှင့် သူ၏ကြားတွင် ထိုမျှ လေးနက်မှု ရရှိရန်အတွက် အချိန်သည် တိုတောင်းလွန်းခဲ့သည် မဟုတ်ပါလော။
သိုင်းစင်မြင့်ထက်၌ ပြင်းထန် ကြမ်းကြုပ်သည့် နတ်ဆိုးသားရဲ အရှိန်အဝါ နှင့်အတူ၊ ကြီးမြတ်ထည်ဝါသော အရှိန်အဝါ တစ်ခုမှာ လျင်မြန်စွာ စုရုံးလာ၏။
၎င်းသည် လင်းယွန်က လေနှင့် တိမ်အား ဆင့်ခေါ်လျက် ကျား-နဂါး အရှိန်အဝါကို ထုတ်ဖော် လိုက်ခြင်း ဖြစ်ပေသည်။
အကြီးအကဲဇောင်မှာ ဇောင်ယန်အား ပွေချီလျက် လင်းယွန်ကို စူးစူးဝါးဝါး စိုက်ကြည့် နေခဲ့သည်။
နဂါးသွေးမြင်း၏ ရန်လိုသည့် အကြည့်ကြောင့် အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက် ဇောင်ယန်၏ ဒဏ်ရာ များကို ထပ်မံ အကဲခတ် လိုက်ကာ နောက်ဆုတ်ရန် ရွေးချယ် လိုက်၏။
လူအုပ်ကြီးထံမှ လက်ခုပ်သံများ အဆက် မပြတ် ထွက်ပေါ်လာသည်။
ဤဓါးကျွန်သည် သူ၏မြင်းနှင့်အတူ အကြီးအကဲ တစ်ယောက်အား နောက်ဆုတ် သွားစေရန် စွမ်းဆောင် နိုင်ခဲ့လေပြီ။
***