← Chapters

ငါကြိုးစားကြည့်ချင်ပါတယ်။

Vol. 4 Ch. 44

ငါကြိုးစားကြည့်ချင်ပါတယ်။

Vol. 4 Ch. 44

အကြီးအကဲဇောင်ထံတွင် အရိုင်းဆန်သော အမူအရာ အချို့ ရှိနေခဲ့သည်။ အကြီးအကဲ တစ်ဦးသည် ဓားကျွန်နှင့်သူ၏ နတ်ဆိုး သားရဲ တို့အား ကြောက်ရွံ့ကာ နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည် ဟူသော အချက်မှာ အရှက် ရစေ နိုင်သည်။

လူအုပ်ကြီးမှာ အော်ဟစ်ဆူညံနေခဲ့ပြီး ထို့ထက် ပို၍ ဆိုးသည်မှာ နဂါးသွေးမြင်းသည် ထိုအကြီး အကဲအား ရယ်မော လှောင်ပြောင် နေခဲ့၏။

အကြီးအကဲ ဇောင်သည် ရုတ်တရက် ဒေါသကြောင့် စဉ်းစား နိုင်စွမ်းများ ပျောက်ကွယ် သွားကာ လင်းယွန်ထံသို့ ပြေးဝင် တိုက်ခိုက် လိုက်လေသည်။

'' တော်လောက်ပြီ ''

သို့သော် ရုတ်တရက် သြဇာပြည့်ဝသော တားမြစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သိုင်းစင်မြင့်ပေါ်တက်လှမ်းရန် ပြင်နေသည့် အကြီးအကဲဇောင်၏ ခြေလှမ်းများမှာ တုန့်ခနဲ ရပ်တန့်သွားခဲ့သည်။

၎င်းအသံမှာ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဘိုင်ထျန်းမိန် ထံမှ ထွက်ပေါ် လာခြင်း ဖြစ်ပေ၏။

အေးစက်သော အငွေ့အသက်များမှာ သိုင်းစင်မြင့် တစ်ခုလုံးအား ဖုံးလွှမ်း သွားပြီး နောက် လူအုပ် ကြီးသည် တိတ်ဆိတ် သွားကာ အကြီးအကဲဇောင် ထံသို့ အကြည့်ကို ပို့လွှတ် လိုက် ကြသည်။

ဘိုင်ထျန်းမိန်က တည်ငြိမ်သော လေသံဖြင့်၊

"အကြီးအကဲ ဇောင်၊ မင်းက ရာစုနှစ်ပေါင်း များစွာ အုပ်ချုပ်ခဲ့တဲ့ ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရဲ တယ်လား။ မင်းနေရတာ ပင်ပန်း နေပြီလား "

ဘိုင်ထျန်းမိန်ထံမှ သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခုသည် အကြီးအကဲများနှင့် အတွင်း တပည့်များ၏ နှလုံးသားများသို့ တိုးယိုပေါက် ထိုးဖောက်သွားသည်။

" .............."

အကြီးအကဲဇောင်သည် အံကြိတ်လျက် ဇောင်ယန် ၏ ပျော့ခွေနေသောခန္ဓာကိုယ်အား ပွေချီကာ အဝေးသို့ပြေးထွက်သွားခဲ့လေသည်။

အကြီးအကဲဇောင်၏ ပုံရိပ်ပျောက်ကွယ် သွားသည့် အချိန်မှသာ ဘိုင်ထျန်းမိန်သည် အပြုံးကို တွဲခိုလျက် မျက်နှာပေါ်ရှိ ဒေါသများ မှေးမှိန် သွားပြီး လင်းယွန် ဘက်သို့လှည့်ကာ၊

"မင်းက လွန်ခဲ့တဲ့ 'လ'အနည်းငယ်က ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဓားကျွန် တစ်ယောက်ပဲ မဟုတ်လား၊ အခု မင်းက ကောင်းကောင်း လုပ်နိုင်ခဲ့ ပြီ။ ''

ဘိုင်ထျန်းမိန်က သူ၏စကားကို ဆက်မပြောမီ လူအုပ်ကြီးထံသို့လှည့်လိုက်ကာ၊

'' မင်းတို့ အားလုံးပဲ အနီးကပ် စောင့်ကြည့် နေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လင်းယွန်ထံ ကနေ တစ်စုံ တစ်ရာကို သင်ယူ နိုင်ခဲ့ ရင်ပဲ၊ မင်းတို့အားလုံးက မင်းတို့ရဲ့ ခြေထောက် တစ်စုံ အပေါ်မှာ ရပ်တည်နိုင်ပြီလို့ ယူဆ နိုင်ပါတယ်၊ ... ”

“ ... အကယ်၍ လူတိုင်းက စင်မြင့်ပေါ် ကနေ မောင်းထုတ်ဖို့ သတ္တိရှိ နေခဲ့ရင် ငါတို့ချစ်တဲ့ မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ အနာဂတ် အတွက် ငါစိတ်မပူ ရတော့ဘူး "

"ကျေးဇူးတင် ပါတယ် ဂိုဏ်းချုပ်၊ ဒါက ချီးမြောက် လွန်း နေပါပြီ "

လင်းယွန် က ဂိုဏ်းခေါင်းဆောင်ထံသို့ အရိုအသေပြုလျက် နှိမ့်ချစွာ ပြောလိုက်သည်။

'' ဖြစ်ပျက်ခဲ့တာတွေ အတွက် စိတ်မပူပါနဲ့။ စည်းမျဉ်းတွေဆိုတာက ပြဿနာတွေရဲ့ အမှား အမှန်ကို ဆုံးဖြတ်ဖို့ သတ်မှတ်ထားခဲ့ တာပဲ၊ မင်းက သူတို့ကို လျစ်လျူရှုခဲ့တာမှ မဟုတ်တာ ...”

“ ... ဂိုဏ်းရဲ့ စည်းမျဉ်းတွေ အတွင်းမှာ ရှိနေသ၍ တစ်စုံတစ်ယောက်က မင်းကိုဒုက္ခ ပေးရဲရင် ငါ့ဒေါသကို သူတို့က ရင်ဆိုင်နိုင် ရလိမ့်မယ်။ အခုသွား ထိုင်ပါ။ ငါတို့မှာ ရှေ့ဆက်ဖို့ ပြိုင်ပွဲတွေ ရှိနေတယ်.... "

ဘိုင်ထျန်းမိန် က လင်းယွန်အား သဘော ကျစွာ ခေါင်းညိတ်ပြ ခဲ့ပြီး၊ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ စည်းမျဉ်း များမှာ တစ်စုံ တစ်ယောက် လက်မှ အာဏာ မဟုတ် သည်ကို ရှင်းလင်းစွာ ထုတ်ဖော် ပြသ နေခဲ့သည်။

လင်းယွန်နှင့် ဇောင်ယန်တို့၏ တိုက်ပွဲ ပြီးဆုံး ပြီးနောက် လူအုပ်ကြီး၏ စိတ်လှုပ်ရှား မှုများ ဆက်လက် မြင့်တက် နေဆဲဖြစ်သည်။

စကားဝိုင်းအများစုသည် လင်းယွန်အား ဗဟို ပြုလျက် သူတို့၏ စိတ်ခံစားချက်များတွင် ကြောက်ရွံ့ မှုနှင့် ရှုပ်ထွေးမှုများ ရောထွေး နေခဲ့ ကြသည်။

ကျန်းဟန် က သက်ပြင်းချလိုက်ပြီး

'' မင်းတို့ကောင်တွေရဲ့ လူပျက်တွေလို မှန်းဆတာကိုရပ်လို့မရဘူးလား၊ လေဝဲဓါးရဲ့ ပုံရိပ်ယောင်ဓါးချက်က မင်းတို့ရဲ့ နားလည်နိုင်မှု အထက်မှာရှိတယ်ကွ... ''

"ဒါက မဖြစ်နိုင်ဘူး၊ ဇောင်ယန် ရဲ့ မြွေနဂါးမိုးကြိုး ဓားနည်းစနစ်က အဆင့်မြင့် ကျွမ်းကျင်မှုမှာ ရောက်နေတာလေ...။ ဒါက အလတ်အလတ် တိုက်ခိုက်ရေး နည်းစနစ် တစ်ခုကို ဖြေရှင်းဖို့ အတွက် လုံလောက်နေပြီ မဟုတ်လား ''

"ဟုတ်တယ် ... ကျန်းဟန်၊ အဲဒါက မင်းသေချာလို့လား။ မင်းက လေဝဲဓါးကို အရမ်း အထင်ကြီး နေတယ် လို့ မထင်ဘူးလား ''

တုန့်ပြန်လာသည့် စကားသံများကို လျစ်လျူရှုလျက် ကျန်းဟန်သည် ပြုံးပြကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

လူအုပ်ကြီးက မည်သို့ပင်ဆိုနေကာမူ ကျန်းဟန်၏ အမြင်သည် ခိုင်မာနေခဲ့သည်။

လင်းယွန် က သူ့ကို အရှုံးပေးခဲ့ သည်မှာ ဇောင်ယန်နှင့် ပွဲစဉ် မတိုင်မီ ပုံရိပ်ယောင်ဓါးအား ထုတ်ဖော်လို ခဲ့ခြင်း မရှိ သည်မှာ သေချာ ခဲ့ပေမည်။

"ငါက ....၊ အရူး တစ်ယောက်ဘဲ၊ ဟား ဟား ဟား "

ကျန်းဟန် က သူ့ကိုယ်သူ တိတ်တိတ်လေး ရယ်လျက် သူ၏မောက်မာမှုကို ပြန်လည် သတိရ သွားကာ မျက်နှာသည် နီရဲလာ လေသည်။

ဒုတိယအကျော့ ပြိုင်ပွဲများသည် ဆက်လက် ကျင်းပနေ၏။ လင်းယွန်သည် နဂါးသွေးမြင်း၏ ကျော၌ ထိုင်လျက် တိုက်ပွဲ အတွင်း ထိုးထွင်း နားလည်မှုများ အပေါ် ပြန်လည် ဆင်ချင် နေမိသည်။

သည် သူရင်ဆိုင်ဖူးသမျှထဲတွင် အပြင်း ထန်ဆုံး ရန်သူဖြစ်ကာ ၎င်းတိုက်ပွဲသည် လင်းယွန်အား ကျင့်ကြံခြင်း လမ်းကြောင်း အမှန် ပေါ်သို့ တွန်းပို့ခဲ့သည်။

အချိန်တွေကုန်ဆုံးလာသည်နှင့်အမျှ ဒုတိယအကျော့ရှုံးထွက် ပွဲစဉ်များ ပြီးဆုံးသွားခဲ့ လေသည်။

ပြိုင်ပွဲဝင် လေးဆယ်သာ ကျန်ရှိတော့ သဖြင့် ပြိုင်ပွဲသည် ပိုမိုပြင်း ထန်လာ ပေတော့မည်။

" ဒီနေ့အတွက် ဒုတိယအချီ ရှုံးထွက်ပြိုင်ပွဲ၊ ကျန်းဟန် နဲ့ လင်းယွန် "

ကျယ်လောင်သည့် ဒိုင်အကြီးအကဲ၏ ကြေငြာသံ ထွက်ပေါ် လာခဲ့သည်။

ထိုကြေငြာသံကို ကြားလိုက်သည့်အခါ ကျန်းဟန် မျက်နှာသည် သွေးဆုတ် ဖြူလျော် သွား၏။ သူ၏ အိပ်မက်ဆိုးသည် အမှန်တကယ် ဖြစ်လာ ပေသည်။

ကျန်းဟန်သည် ပုံရိပ်ယောင်ဓါးကို ဖြေရှင်းရန် နည်းလမ်းမရှိခဲ့ သော်ငြားလည်း ထိတ်လန့်ခြင်းရှိ မနေပါချေ။ သူသည် လည်းပဲ ရှုံးပွဲ မရှိ စံချိန်ကို တင်ထားနိုင်သူ တစ်ဦးပင် မဟုတ်ပါလော။

ကျန်းဟန်သည် အံသွားကိုကြိတ်ကာ သိုင်းစင်မြင့်ပေါ်သို့ လျှောက်သွားလိုက်သည်။ အနည်းဆုံးတော့သူ့တွင် တိုက်ခိုက်ရန်အတွက် ယုံကြည်ချက်တစ်ခုရှိနေ၏။

သူ၏ကျင့်ကြံမှုသည် လင်းယွန်ထက် အဆင့်တစ်ခုလုံး မြင့်နေသည် ဖြစ်ရာ ဤအရာအား ဆုပ်ကိုင် မျှော်လင့်ထားရန် အခွင့် အရေး ရှိပေသည်။

" လင်းယွန် ကျေးဇူးပြုပြီး သိုင်းစင်မြင့်ကို သတင်းပို့ပါ။ "

ဒိုင်အကြီး အကဲက အော်ဟစ် ခေါ်ဆောင် လိုက်သည်။

'' လာ ပြီ ''

လူအုပ်ကြီး၏ နောက်မှ ရှင်းလင်း ပြတ်သား သည့် အသံ တစ်ခု ထွက်ပေါ် လာသည်။

လူအုပ်ကြီးသည် ထိုအသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်၏။

လင်းယွန်သည် သူ၏မြင်းပေါ်၌ တင်ပျဉ်ခွေ ထိုင်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ သူက သူ၏ ပွဲစဉ်အတွက် ခေါ်ဆိုမှုကို ပြန်လည် ဖြေကြား ခဲ့သော်လည်း လှုပ်ရှားရန် အရိမ် အယောင်ပင် မပြခဲ့ပေ။

မျက်လုံးများကိုပင် ပိတ်ထားခဲ့ပြီးနောက် ရုတ်တရက် သူ၏ ပတ်၀န်းကျင်လေထုသည် စတင် တုန်ခါလာလေသည်။

'' ဘန်း.......''

ပေါက်ကွဲသံ တစ်သံ နှင့်အတူ မျက်ဝန်း တစ်စုံသည် ပွင့်လာ ခဲ့ပြီး သူ၏ အရှိန်အဝါသည် ထပ်မံ သိပ်သည်း လာလေသည်။

" သူက အဆင့်ချိုးဖြတ်နေတာလား။ ''

၎င်းသည် ဟာသတစ်ခုပင် မဟုတ်ပါလော။ တစ်စုံတစ်ယောက်သည် ပြိုင်ပွဲ၏အလယ်၌ အဆင့် ချိုးဖြတ်ရန် ကြံစည်ရဲလေသည်လား။

" ဒီဓါးကျွန်က ရဲရင့်တာလား၊ မောက်မာ သလား ငါမသိ တော့ဘူး၊ အကယ်၍သာ သူရဲ့ အဆင့်ချိုးဖြတ်မှုက မအောင်မြင်ခဲ့ရင် ဒဏ်ရာ အပြင်း အထန်ရလိမ့်မယ်၊ ဒါဆို သူက အတွင်း တပည့် ဝင်ခွင့် အခွင့် အရေးကို လက်လွတ် ဆုံးရှုံးရတာပဲ မလား...... ''

လင်းယွန်သည် ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက် သိုင်းစင်မြင့် ပေါ်သို့ တစ်ချက်ထဲနှင့် ခုန်ဝဲရောက်ရှိ လာလေသည်။

၎င်းသည် အခြေခံတည်ဆောက်ခြင်း သတ္တမ အဆင့်သို့ ချိုးဖြတ်ပြီးနောက် ပိုမိုလွယ်ကူ လာပြီး ခုန်ပျံနိုင်သည့် အကွာ အဝေးအား ထပ်မံ တိုးမြှင့် နိုင်ခဲ့သည်။

ကျန်းဟန် က လင်းယွန်အား ရှက်ရွံ့သည့် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

" မင်းက ခဏအနားယူဖို့ အချိန်လိုလား။ "

လင်းယွန်က အရှုံးပေးခဲ့စဉ်၌ ၎င်းသည် ပျော့ညံ့သည်ဟု ကျန်းဟန်က ယုံကြည်ခဲ့သည်။ သို့သော် လင်းယွန်နှင့်ဇောင်ယန် တို့၏ တိုက်ပွဲ အပြီးတွင် ထိုယူဆချက်သည် ပြိုကွဲသွားသည်။

တဖန် သူ၏ကျင့်ကြံမှုအဆင့်အား စွဲကိုင်လျက် အခွင့်အရေးရလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အချိန် အနည်းငယ် အတွင်း လင်းယွန်က အဆင့်ချိုးဖြတ်ကာ ထိုကွက်လပ်ကို ပိတ်ပစ် လိုက်သည်ကြောင့် ကျန်းဟန်၏ မျှော်လင့်ချက်မှန် သမျှသည် ရိုက်ချိုး ခံလိုက် ရလေပြီ။ ကျန်းဟန်က...

'' ငါ... အခု ဘာကို တွေးမိနေတယ်ထင်လဲ ''

'' အင်း......''

" မင်းက တကယ်ပဲ တခြားသူတစ်ယောက် လား ''

အောင့်သက်သက် ရယ်မောသံ နှင့်အတူ ဒိုင်အကြီးအကဲ ဘက်သို့ လှည့်လိုက်ပြီး

'' ဒီပွဲကို ငါ အရှုံးပေးပါတယ် ''

ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ သူက လင်းယွန်သည် အုပ်စုတွင်းပွဲစဉ် တစ်ခု၌ သူ့အား အရှုံးပေး ခဲ့သည့် မြင်ကွင်းတစ်ခုကို မြင်ယောင်လျက် သက်ပြင်း ချလိုက် မိသည်။ ၎င်းသည် သံသရာ တစ်ပါတ်လည်ချေ၏။

စင်မြင့်မှ ထွက်ခွာသွားသည့် ကျန်းဟန်ကို ငေးစိုက်ကြည့်လျက် လင်းယွန်က စိတ်ပျက် သွားသည်။ လင်းယွန်သည် သူ၏ခွန်အား သစ်ကို စမ်းသပ်ရန် အခွင့်အရေး မရရှိခဲ့ပဲ တတိယ အချီကို စောင့်ရန်သာ ရှိပေတော့မည်။

လင်းယွန်၏ ပွဲစဉ်ပြီးနောက် ဟူဇီဖန်းမှာ သိုင်းစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

ဟူဇီဖန်း ။

၎င်းသည် ပြင်ပတပည့်များကြား၌ ဒဏ္ဍာဉာရီလာ တည်ရှိမှု တစ်ခုဖြစ်ပေသည်။

ဟူဇီဖန်း၏ ကျင့်ကြံမှုအဆင့်သည် အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့် တွင်ရှိပြီး ၎င်းအား အနိုင်ယူ နိုင်သည့် အတွင်းတပည့် အရေ အတွက် သည်ပင် အနည်းငယ်သာ ရှိခဲ့သည်။

" စီနီယာအစ်ကိုဟူ၊ ငါလွယ်လွယ်နဲ့ လက်မလျှော့ဘူး။ "

ဟူဇီဖန်း၏ ပြိုင်ဘက်သည် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

'' ဒါ လည်း ကောင်း ပါ တယ် ''

ဟု ဟူဇီဖန်းက ပျင်းရိပျင်းတွဲ ရေရွတ်ကာ ခေါင်းညိတ်ပြလာ၏။

သူ၏ ပြိုင်ဘက်သည် သိုင်းစင်မြင့်ပေါ်သို့ ပျံတက်လာခဲ့သည်။ ဟူဇီဖန်းသည် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် လင်းယွန် က သက်ပြင်းချလိုက်မိသည်။

( ဒါက အခြေခံတည်ဆောက်ခြင်း အဋ္ဌမ အဆင့်ရဲ့ ခွန်အား တဲ့လား။)

ခဏအကြာတွင် အနိုင်ရသူ နေရာ၌ ဟူဇီဖန်း နာမည်အား ထုတ်ဖော်လျက် လူအုပ်ကြီးသည် အော်ဟစ် ချီးကျူးလိုက်ကြ၏။

ကောင်းကင်၌ အလင်းရောင် ပျောက်ကွယ် သွားသည့် အချိန်၌ ဒုတိယ အကျော့၏ တတိယ အဆင့် ရှုံးထွက် ပွဲစဉ်များ ပြီးဆုံးသွားခဲ့သည်။

လင်းယွန်သည် သူ၏တတိယပြိုင်ဘက်အား အလွယ်တကူ အနိုင်ယူလိုက်ပြီး ထိပ်ဆုံး (၁၀)ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဂိုဏ်း၏ဓါးကျွန် တစ်ဦးသည် လအနည်းငယ် အတွင်း၌ အတွင်းတပည့် တစ်ယောက် ဖြစ်လာ လေသည်။ ၎င်းသည် လူအုပ်ကြီးအား တွေးတော နိုင်စွမ်းများ ပျောက်ဆုံး သွားစေ ခဲ့၏။

အောင်ပွဲရ ပြင်ပတပည့် (၁၀)ဦး နှင့်အတူ အကြီး အကဲ များစွာသည် ဂိုဏ်းချုပ် ဘိုင်ထျန်းမိန်အား မတ်တပ် ရပ်ကာ ဦးညွှတ် အလေးပြု လိုက်သည်။

" ဂုဏ်ယူပါတယ်၊ မင်းတို့အားလုံးက ဒီညလွန်ရင် ဂိုဏ်းရဲ့အတွင်းတပည့်တွေ ဖြစ်လာပါပြီ။ မင်းတို့ရဲ့အောင်မြင်မှုကို ဂုဏ်ပြုဖို့ အတွက် စည်းကမ်းထိန်းသိမ်းရေး ခန်းမမှာ ဆုတစ်ဆု ရှိနေတယ်။ နောက်ပြီး ခုချိန်ကစလို့ မင်းတို့တစ်ဦးချင်းစီက ဂိုဏ်းရဲ့ အတွင်း တပည့် တစ်ယောက်ကို စိန်ခေါ်ဖို့ အခွင့် အလမ်း ရှိတယ်။ ''

ဘိုင်ထျန်းမိန် က အပြုံးဖြင့် ကြေညာ လိုက်သည်။

အတွင်းတပည့်များသည် အလွန်တရာ ပြိုင်ဆိုင်မှု ပြင်းထန်ကြကြောင်း လူသိများ ကြသည်။ အတွင်းတပည့်များ အတွင်း အဆင့်လု တိုက်ပွဲများအား လစဉ်ကျင်းပကြကာ အရင်းအမြစ် မည်မျှ ပေးအပ်ခံရသည်ကို ဆုံးဖြတ်ပေးသော စည်းမျဉ်းအချို့ ရှိနေခဲ့သည်။

တစ်စုံတစ်ယောက်သည် သူ၏အဆင့်အား မြှင့်တင်လိုပါက ၎င်းတို့ရယူလိုသော အဆင့်၌ ရှိနေသည့် သူကို အနိုင်ယူဖို့ လိုပေသည်။

ထို့ကြောင့် ၎င်းသည် အတွင်းတပည့် အသစ် များအား ထိုအခွင့် အရေးကို ရယူရန် ကမ်းလှမ်း ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုဆယ်ယောက်လုံးသည် ငြိမ်သက် နေခဲ့သည်။ အတွင်းတပည့် များစွာသည် အသင်းအဖွဲ့များ ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ အတွင်းမှ တစ်စုံ တစ်ယောက်အား စိန်ခေါ် ခြင်းသည် ထိုအတွင်း တပည့်၏ ဒေါသကို ယူဆောင်ရာကျ ပေမည်။

ထို့ကြောင့် အတွင်းတပည့် အသစ်များ အနေနှင့် သူတို့ကိုယ် သူတို့ နှိမ့်ချစွာ နေထိုင် တက်ရန် လို၏။ စိန်ခေါ်သူသည် အနိုင်ရလျှင် ပြသနာများစွာ မရှိနိုင်သော် ငြားလည်း အကယ် ၍သာ ၎င်းသည် ရှုံးနိမ့်ခဲ့ပါက မလိုလား အပ်သည့် အရာများအား ဖိတ်ခေါ်မိရာ ရောက်ပေ မည်။

ဟူဇီဖန်း က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

" ငါက နိမ့်ကျတဲ့ တပည့် တစ်ယောက်ပါပဲ၊ ငါကို စီနီယာအစ်ကို ဖိန်က အလင်းပြ စေချင်တယ် ''

စီနီယာအစ်ကိုဖိန် ဆိုသူက သက်ပြင်းကို အသာချ လိုက်ပြီး ခေါင်းရမ်းလိုက်သည်။

'' ငါက မင်းကိုဉာဏ်အလင်းပေးစရာ ဘာမှမရှိဘူး ဆိုတာ မင်းသိပါတယ်။ ပြီးခဲ့တဲ့ လက မင်းကိုရှုံးနိမ့် ခဲ့ပြီးပြီပဲ။ ငါ့ရဲ့ ရှုံးနိမ့်မှုကို ဝန်ခံပါတယ်။ ''

စီနီယာအစ်ကိုဖိန်၏ ရှုံးနိမ့်ကြောင်း ဝန်ခံ မှုကြောင့်၊ ပြင်ပ တပည့် လူအုပ်ကြီးအား အံ့သြ သွားစေ သော်လည်း ၎င်းသည် ဟူဇီဖန်း ဖြစ်နေ ခဲ့သည် မဟုတ်ပါလော။

ထိုကဲ့သို့သော အခြေအနေကို ဘိုင်ထျန်းမိန်က မျက်မှောင်ကြုတ် ကြည့်လိုက် ပြီး သူက ကျန်နေသည့် တပည့် ကိုးယောက် ထံသို့ လှည့်ပါတ် အကဲခတ် လာ၏။

" ဘယ်သူက အဲဒါကို စမ်းကြည့်ချင်လဲ။ ဟူဇီဖန်း တစ်ယောက် တည်းကပဲ သတ္တိ ရှိတာလား "

ဟု အလိုမကျစွာ မေးခွန်းထုတ်လိုက်သည်။

အတွင်း တပည့်အသစ် 'ကိုး'ဦးသည် ခေါင်းကိုငုံ့လျက် တိတ်ဆိတ် နေခဲ့သည်။ ဟူဇီဖန်းသည် အခြေခံတည်ဆောက်ခြင်း အဋ္ဌမ အဆင့်တွင် ရှိနေကာ ၎င်းသည် အတွင်းတပည့် တစ်ဦးအား စိန်ခေါ်သည်မှာ ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်လေသည်။ ထိုသို့မဟုတ်မှ သာလျှင် ပို၍ အံ့သြ စရာ ကောင်းပေ လိမ့်မည်။

သို့သော် လင်းယွန်သည် ရုတ်တရက် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ဘိုင်ထျန်းမိန်အား အရို အသေ ပြုလိုက်၏။

" နိမ့်ကျတဲ့ ဒီတပည့်ကလည်း စမ်းသပ်ချင် ပါတယ်"

သူ၏ မျက်လုံးများသည် စိတ်အား ထက်သန် မှုဖြင့် တဖျတ်ဖျတ် တောက်ပ နေခဲ့ သည်။

***

All Chapters