← Chapters

ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ ဝေနေတယ်။

Vol. 4 Ch. 45

ကျားကိုလွှတ်ပါ၊ နှင်းဆီရနံ့တွေ ဝေနေတယ်။

Vol. 4 Ch. 45

လင်းယွန် ၏ အသံမှာ သိုင်းရင်ပြင် တလျှောက် ပဲ့တင်ထပ်သွားသည်။

ဟူဇီဖန်း အပါအ၀င် အနိုင်ရရှိသူကိုးဦးသည် လင်းယွန်အား မယုံသင်္ကာဖြင့် ကြည့်လိုက် ကြ၏။

ဤဓားကျွန်သည် ရူးသွပ်ခဲ့ပြီလော။

တိတ်ဆိတ်မှုသည် အတန်ကြာ တည်ရှိနေပြီးနောက် လူအုပ်ကြီးထံမှ ဝေဖန် သံများ ထွက်ပေါ်လာလေသည်။ သူတို့သည် လင်းယွန်အား ထွင်းဖောက် မြင်နိုင်ခြင်း မရှိ ခဲ့ကြ ချေ။

လင်းယွန်သည် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၌ ဓါးကျွန်တစ်ယောက် အဖြစ်စတင်ခဲ့ကာ ယခု အချိန်တွင် ၎င်းသည် သူ့ ပတ်၀န်း ကျင်ရှိ မည်သူ့ထက် မဆို ပိုမိုတောက်ပ ထွန်းလင်း လာ ခဲ့သည်။

ထို့အပြင် သူ၏စိန်ခေါ်မှုတွင် အနိုင်ရသည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ လင်းယွန်သည် ရဲဝံ့သော ဆုံးဖြတ်ချက် တစ်ခုအား ချနိုင်ခဲ့သည့် ဂုဏ်သတင်းအား ရရှိသွားလေပြီ။

သိုင်းစင်မြင့် အထူးတန်းထိုင်ခုံပေါ်ရှိ လူငယ်သခင် ဘိုင်ယုဖန်မှာ ကျေနပ်စွာ ပြုံးလိုက် မိသည်။

ထိုလင်းယွန်သည် သူ့ထံသို့ အံ့သြစရာများ ယူဆောင်လာကာ ထိုအရာသည် မိုပြာရောင် ကောင်းကင်ဂိုဏ်း ၌ပင် အတွင်း တပည်တိုင်း လုပ်နိုင်သည့် အရာမျိုး မဟုတ်ခဲ့ပေ။

သို့သော် ထိုအတွင်း တပည့်များမှာ ဘိုင်ယုဖန် ကဲ့သို့ မပျော်ရွှင်နိုင်ခဲ့ကြပဲ၊ လင်းယွန်၏ ကံစမ်းမည့် အရေးတွင် မောင်ရှင် တစ်ယောက် မဖြစ်လိုကြပေ။

ဤတိုက်ပွဲသည် သူတို့အတွက် အကျိုး အမြတ်များ မရှိခဲ့သည့်အပြင် ဓါးကျွန် တစ်ဦးမှ ရွေးချယ် ခံရမည့် မည်သူမဆို အရှက်ခွဲခံရခြင်း မည်လေ၏။

'' ကောင်းတယ်၊ သိပ်... ကောင်းတယ်၊ မင်းရဲ့ သတ္တိက လေးစားဖို့ ထိုက်တန်ပါတယ်။ အနိုင်ရသည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ...ငါက ဆုလာဘ်အဖြစ် မင်းကို နှလုံးအားဖြည့်ဆေးလုံး တစ်လုံးပေးမယ်။ ကဲ..... မင်းဘယ်သူ့ကို စိန်ခေါ်ချင်လဲ။ စလို့ရပြီ... ''

ဘိုင်ထျန်းမိန်က လင်းယွန်အား ပြုံးကြည့်လိုက်ကာ သဘောကျနေခဲ့သည်။

နှလုံးအားဖြည့်ဆေး။

ရွေးချယ်ရန် တွန့်ဆုတ်နေခဲ့သည့် တပည့်များမှာ သူတို့၏မျက်လုံးများ၌ မနာလိုမှုနှင့် ၀မ်းနည်းမှု အရိပ်အယောင်များ ရောနှောလျက် လင်းယွန်အား လှည့်ကြည့် လာကြသည်။

" ကျေးဇူးပါ ဂိုဏ်းချုပ်သခင် ''

လင်းယွန်က သူ၏မျက်ဝန်းများအား အတွင်းတပည့်များထံသို့ ဝေ့ဝဲကြည့်လိုက်ကာ ရွေးချယ်မှုကို အလေးအနက် ချိန်ဆနေမိသည်။

ထိုအချိန်တွင် သူ၏ဆုံးဖြတ်ချက်ကြောင့် အတွင်းတပည့်များအား အပြစ်ပြုရာ ကျခဲ့မည်ကို တွေးတောမိခြင်း မရှိခဲ့ပေ။

ဤအရာသည် အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ခွန်အားကို စမ်းသပ်ရန် ကောင်းမွန်သော အခွင့် အရေး တစ်ရပ်ဖြစ်လေသည်။

ထို့ပြင် သူ၏အဆင့်သည် အတွင်းတပည့်များ အတွင်း အဆင့်နိမ့် တစ်ယောက်သာ ဖြစ်ခဲ့ပြီး ထိုစိန်ခေါ် မှုတွင် သူ့အတွက် ထပ်မံ အရှုံးမရှိ နိုင်ပေ။

သို့သော် ကံကောင်းစွာ အနိုင်ရရှိခဲ့ပါက ကြီးမားသော အကျိုးအမြတ်အား ရရှိပေ လိမ့်မည်။

သင့်တော်သော ပြိုင်ဘက်ကို ရှာဖွေနေစဉ် သူ၏ အကြည့်မှာ ဆုစီယာအပေါ်သို့ ကျရောက် သွားသည်။

သူ့နှလုံးသားထဲ၌ နက်ရှိုင်းသော တစ်စုံ တစ်ရာသည် တုန်လှုပ်သွား ခဲ့လေ၏။

သူမှတ်မိသမျှ ဆိုရပါက ယခုအကြိမ်သည် ဆုစီယာနှင့် ပထမဆုံးအကြိမ် မျက်ဝန်းချင်းဆုံ မိသည့် အခိုက် အတန့် ဖြစ်ပေမည်။

ဆုစီယာမျက်နှာပေါ်၌ အနည်းငယ်သော အပြောင်းအလဲ ဖြစ်လာစေရန် သူမအား စိန်ခေါ်သင့်သည်လော။

သို့သော် ထိုမိုက်မဲသော အတွေးများအတွက် သူ့ကိုယ်သူ ရယ်မောလှောင်ပြောင်မိပြီး သူ့အာရုံအား နောက်တစ်နေရာသို့ ပို့လှည့် လိုက်ကာ၊

" စီနီယာအစ်ကို၊ ငါက မင်းရဲ့ လမ်းညွှန်မှုကို လိုချင်ပါတယ်"

ဟု ဖိတ်ခေါ်လိုက်လေသည်။

" ဟမ်....ဒါက စီနီယာအစ်ကို မာထျန်းရီ ပဲ''

တစ်စုံတစ်ယောက်သည် ရွေးချယ်ခံလိုက် ရသည့် အတွင်း တပည့်ကို ကြည့်ကာ ရေရွတ် လိုက်သည်။

" သူက စီနီယာအစ်ကို မာထျန်းရီကို ရွေးခဲ့တာလား... စီနီယာအစ်ကိုမာရဲ့ ကျင့်ကြံမှု အဆင့်က အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်မှာလေ ''

" ပြီးတော့ အစ်ကိုမာက ခရမ်းရောင် မုန်တိုင်းဓါး နည်းစနစ်ကို အောင်မြင် ထားတယ်..."

အတွင်းတပည့်များအနက်မှ မာထျန်းရီအား ရွေးချယ်ရန် မည်သို့ဆုံးဖြတ်ခဲ့လေသနည်း။ ၎င်းသည် မာထျန်းရီးအား .. အားနည်းသည့် ပြိုင်ဘက်ဟုပင် ယူဆထားခဲ့သည်လော။

မာထျန်းရီ၏ မျက်လုံးများမှာ နီရဲ တုန်ယင်လာသည်နှင့်အမျှ သူ့ကိုယ်သူ စဉ်းစားသုံးသပ်နေမိ၏။

မျက်လုံးပေါင်း များစွာအောက်၌ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလျက် သိုင်းစင်မြင့်ပေါ်သို့ ခုန်တက်သွားလိုက်သည်။

ထို့အတူ လင်းယွန်သည်လည်း သိုင်းစင်မြင့်ပေါ်သို့ တက်လိုက်လာ လေသည်။

မာထျန်းရီက လင်းယွန်အား စိုက်ကြည့်နေခဲ့ပြီး အေးစက်စက်လေသံဖြင့်၊

"ငါ့ကို ဘာကြောင့် ရွေးချယ်ခဲ့လဲ ငါ....မသိချင်ဘူး၊ ဒါပေမယ့် မင်းက ဒီရွေးချယ်မှုအတွက်..နောင်တရစေရမယ် "

'' စိတ်မကောင်းစရာပဲ၊ ငါမှာ နောင်တ ဆိုတာ မရှိဖူး.... ''

လင်းယွန် က တည်ငြိမ်စွာဖြင့် တစ်လုံးချင်း ပြန်ဖြေ လိုက်လေသည်။

" မောက် မာ လိုက် တဲ့ ဓါး ကျွန် "

'' ရွှပ်...... ''

မာထျန်းရီသည် သူ၏ဓားအား ဆွဲထုတ် လိုက်ပြီး အဌမအဆင့် အရှိန်အဝါကို ထုတ်လွှတ် လိုက်သည်။

သူ၏အရှိန်အဝါနှင့်အတူ သိုင်းစင်မြင့်ထက်၌ ပြင်းထန်သော ဓားအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ထို့အတူ လင်းယွန်သည်လည်း အရှိန်အဝါကို စတင်ထုတ်လွှတ်လိုက်လေသည်။

ကျား-နဂါး အရှိန်အဝါ။

အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်၌ ကျား-နဂါးအရှိန်အဝါသည် ပြင်းထန်နေခဲ့သော်လည်း ၎င်းမှာ မာထျန်းရီ၏ အရှိန်အဝါလောက် သိပ်သည်းခြင်း မရှိခဲ့ပေ။

တိုက်ခိုက်မှုစတင်လိုက်သည်နှင့် မာထျန်းရီက ဓားအား ပြင်းထန်စွာ လွှဲရမ်း လိုက်သည့် အဟုန်ကြောင့် လေပြင်းများ ထွက်ပေါ် လာကာ သူ့ခန္ဓာကိုယ်အား ဓားရိပ် များဖြင့် ဖုံးအုပ်သွားလေ၏။

'' ဝိုး.... မြန်လိုက်တဲ့ ဓါး ''

မာထျန်းရီ၏ ကျင့်ကြံမှုအရ ခရမ်းရောင် မုန်တိုင်းဓားနည်းစနစ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

လင်းယွန်သည် လေဝဲဓါးအား ထုတ်ဖော်လျက် တုံ့ပြန်မှုဖြင့် စတင်လိုက်၏။ လေဟာနယ်နှင့် ပေါင်းစပ်နေသော လေဝဲဓားသည် ခရမ်းရောင်မုန်တိုင်းဓားနှင့် လုံးဝကွဲပြားခြားနားသည့် အဆင့်၌ ရှိနေခဲ့သော်ငြားလည်း၊ ၎င်းမှာ ကျင့်ကြံမှုအဆင့် ကွာခြားမှုကြောင့် ဖိနှိပ်ခံနေရလေသည်။

သူတို့နှစ်ယောက်ကြား ကွာဟချက်သည် သိသာထင်ရှားနေခဲ့ပြီး မာထျန်းရီအား တိုက်ခိုက်ရန် လင်းယွန်၌ အခွင့်အရေးလုံးဝ ရှိမနေခဲ့ပေ။

မုန်တိုင်းကြားတွင် လူးလွန့် ရုန်းကန် နေသော လှေငယ်လေး တစ်စင်း ကဲ့သို့ ဆက်လက် ရပ်တည် နိုင်ရန် အသည်းအသန် ခုခံ ကာကွယ် နေရ၏။

ဟူဇီဖန်းက အပြုံးကို ဆင်မြန်းထားပြီး သိုင်းစင်မြင့်ထက်သို့ ကြည့်နေခဲ့သည်။ လင်းယွန်၏စိန်ခေါ်မှုသာ မအောင်မြင်ခဲ့ပါက အသန်မာဆုံးသော ပြင်ပတပြည့် ဂုဏ်ပုဒ်မှာ သူ့ထံ၌ ကျန်ရစ်ခဲ့ ပေလိမ့်မည်။

လူငယ်သခင် ဘိုင်ယုဖန်က သက်ပြင်းချ လိုက်သည်။ လင်းယွန်သည် မာထျန်းရီအား ပြန်လည် တိုက်စစ် ဆင်ရန် အနည်းငယ်မျှပင် အခွင့်အရေး ရှိမနေခဲ့ချေ။

သူက လင်းယွန်အား ယခုတိုက်ပွဲအတွင်း မျှော်လင့်ချက်များ မြင့်မားစွာ ထားရှိခဲ့ သော်လည်း မာထျန်းရီနှင့် လင်းယွန်တို့ နှစ်ယောက်ကြား ခြားနား ချက်မှာ ကြီးမား လွန်းခဲ့ပေ၏။

ထိုအချိန်တွင် ဝမ်နင်သည် ခေါင်းကို ယမ်းလျက်၊

" မာထျန်းရီ က ဓားကျွန်တစ်ယောက်ကို ဘာလို့ အခွင့်အရေးပေးနေရတာလဲ၊ ငါသာဆို ဒီကြွက်စုတ်ကို အရေခွံနွှာပစ်တာ ကြာပြီ....''

" ငါထင်ထားတဲ့ အတိုင်းပဲ ဒီအောင်ပွဲတွေ အားလုံးက ဓါးကျွန်ကို သွေးန ထင်ရောက် သွားပုံရတယ်။ ''

"သူက ဟူဇီဖန်းနဲ့ အဆင့်တူလို့ တကယ်ထင်နေတာတော့ မဟုတ်ဖူးမလား "

လူအုပ်ကြီးက ဆူညံစွာ ရေရွတ်နေခဲ့ပြီး တစ်ဘက်တွင် လင်းယွန်သည်လည်း လူးလှိမ့် ကာကွယ်နေရသည်။

သူ့မျက်လုံးထဲတွင် တိုက်ပွဲဝင်ဆန္ဒများ ဆာလောင် တောက်ပ နေခဲ့၏။ သူက အကောင်း မွန်ဆုံးသော ပြိုင်ဘက်ကို ရွေးချယ် မိခြင်း ဖြစ်လေသည်။

မာထျန်းရီထံတွင် ဟာကွက်များ မကြာခဏ ဖြစ်ပေါ် လာခဲ့ သော်ငြားလည်း လျင်မြန်သည့် ဓါးရိပ် များကြောင့် ခဏချင်းပြန်လည် ပျောက်ကွယ် သွားသည်။

နာရီဝက်အကြာတွင် လင်းယွန်ခန္ဓာကိုယ်၌ ဓါးဒဏ်ရာများစွာ ဖုံးလွှမ်းလာသည်။ ၎င်းမှာ အပေါ်ယံ ဒဏ်ရာများသာ ဖြစ်သော်ငြားလည်း သွေးစိမ်းရှင်ရှင် စီးကျလျက် ထိတ်လန့်စရာ ကောင်းနေဆဲ ဖြစ်သည်။

လင်းယွန်က အံကိုကြိတ်ကာ ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်ထားစဉ် သူ့အဝတ် အစားများသည် သွေးများဖြင့် ရွဲနစ်နေခဲ့သည်။

လင်းယွန်၏ မျက်နှာပေါ်၌ စိတ်အား ထက်သန်မှုများ တောက်လောင် လာသည်ကို မြင်ရသည့်အခါတွင် မာထျန်းရီ၏ဒေါသမှာ တဖြည်းဖြည်း ပေါက်ကွဲလာ၏။

(ဒီဓားကျွန်က လက်မလျှော့ခဲ့ဘူးလား။ အခွင့်အရေးလုံးလုံး မရှိမှန်းသိသိနဲ့ ခုချိန်ထိ တိုက်ပွဲဝင်စိတ်တွေး ထွက်ပေါ်နေတုန်းပဲလား၊)

၎င်းသည် မိုးပြာရောင်ကောင်းကင်ဂိုဏ်း၌ သူ၏မျက်နှာအား ဖြတ်ရိုက်နေခြင်း မည်၏။

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးမှာ သိုင်းကွက်ပေါင်း တစ်ရာကျော်အား ထုတ်ဖော်တိုက်ခိုက်ခဲ့ပြီး လေပြီ။

အတွင်းတပည့်များ၏ လှောင်ပြောင်သရော်မှု များက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ သူတို့အား ထိတ်လန့်သွားစေရန် လုံလောက်ခဲ့ လေသည်။

ဤဓါးကျွန်သည် နိမ့်ကျသည့် ကျင့်ကြံမှုကို ဆုပ်ကိုင်ကာ မာထျန်းရီအား သိုင်းကွက်ပေါင်း တစ်ရာကျော်အထိ ရင်ဆိုင်နိုင်နေလေပြီ။ ထိုအရာသည် တဆိတ် သန်မာလွန်းခဲ့သည် မဟုတ်ပါလော။

"မင်းက ငါ့ကို ဖိအားပေးနေတာပဲ ဓါးကျွန်ကောင် "

မာထျန်းရီ၏ မျက်လုံးများထဲတွင် ဒေါသများ စွန်းထင်းလာပြီး အော်ဟစ် လိုက်သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ဓားချက်ပေါင်း များစွာအား ထုတ်ဖော်လျက် လင်းယွန်ထံ ပြေးဝင်လာလေသည်။

သူ၏ တိုက်ခိုက်မှုအတွင်းတွင် ရှောင်တိမ်းရန် နေရာလွတ် မရှိခဲ့ပေ။ ၎င်းသည် မုန်တိုင်းဓား(၈၁)ချက် ဖြစ်လေသည်။

'' ပုံရိပ်ယောင်ဓါး ''

လင်းယွန်က လေးနက်သောအမူအရာဖြင့် လေဝဲဓါး၏ ဒုတိယမြောက်သိုင်းကွက်အား ထုတ်ဖော်ကာ ခုခံကာကွယ်လိုက်သည်။

'' ချ လွမ်.....ချလွမ်.....''

သိုင်းစင်မြင့်ထက်တွင် ဓါးရိပ်များပြည့်နှက် နေခဲ့ပြီးနောက် ရလာဒ်မှာ ချက်ချင်း ထွက်ပေါ် လာ လေသည်။

စင်မြင့်ထောင့်တစ်နေရာတွင် လင်းယွန်က သွေးတလုပ်အား အန်ချလိုက်ပြီး၊ ခက်ခဲစွာ ရပ်နေလျက်မှ သူ၏ခြေထောက်များမှာ တုန်ယင်ယိမ်းထိုး နေခဲ့သည်။

ထိုအချိန်တွင် ပြင်းထန်လှသော သတ်ဖြတ်ချင်း အသိအချို့မှာ ဘိုင်ထျန်းမိန်နှင့် အကြီးအကဲများအား ဖြတ်ကျော်သွားကာ သိုင်းစင်မြင့်ထက်သို့ ဦးတည်သွားလေသည်။

ဘိုင်ထျန်းမိန်က ၎င်းဆန္ဒကို ဖမ်းဆုပ် မိသွားကာ၊ တစ်စုံတစ်ရာ အလိုမကျဟန်ဖြင့် မျက်မှောင်ကြုပ် လိုက်ပြီး၊ သိုင်းစင်မြင့်ထံသို့ ဂရုတစိုက် ကြည့်ရှုလာလေသည်။

သို့သော် ထိုဆန္ဒသည် မည်သူမျှ သတိ မထား မိခင်မှာပင် သူထွက်ပေါ် လာခြင်း မရှိ သကဲ့သို့ ပြန်လည် ပျောက်ကွယ်သွား လေသည်။

ဘိုင်ထျန်းမိန်၏မျက်နှာတွင် ဇဝေဇဝါ ဟန်ဖြင့် သူ့ကိုယ်သူ မချင့်မရဲဖြစ်သွားကာ ပြန်လည် ငြိမ်သက်သွား၏။

အခြားတစ်ဖက်တွင် မာထျန်းရီ၏ ဓားကိုင် ထားသော လက်၌ သွေးများ စီးကျ လာပြီး၊ သူ့မျက်နှာ ပေါ်တွင် အပြုံးများ ထွက်ပေါ် လာလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ် နေခဲ့ပြီး လူတိုင်း၏ နားထဲတွင် ကြမ်းပြင်ပေါ်သို့ သွေးများ တပေါက်ပေါက် စီးကျနေသော အသံများသာ ပဲ့တင်ထပ်နေ ခဲ့သည်။

လင်းယွန်သည် တိုက်ပွဲအတွင်း၌ မာထျန်းရီအား ပထမဦးဆုံး အကြိမ်အဖြစ် ဒဏ်ရာ ရအောင် စွမ်းဆောင်နိုင်ပေပြီ။ သို့သော်......

"မင်း....အရှုံးကို ဝန်ခံပါ "

သူ့ကိုယ်သူရပ်တည်ရန် အနိုင်နိုင်ကြိုးစား ရုန်းကန်နေရသော လင်းယွန်အား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

ကြမ်းပြင်ပေါ်တွင် ဓါးဖျားအားထောက်လျက် အားပြု မတ်တပ်ရပ်နေခဲ့သည့် လင်းယွန်၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ပွင့် ထွက်ပေါ်လာကာ၊

" ငါက ဓားကို ဆုပ်ကိုင်ထားနိုင်သ၍၊ အခွင့်အရေးရှိ နေတုန်းပဲ မဟုတ်လား "

"ဒါပေမယ့် မင်းက ငါ့ကို အနိုင်ယူနိုင်မယ့် အခွင့်အရေးမရှိဘူးလို့ ငါထင်တယ် "

မာထျန်းရီက ကောက်ကျစ်သောအပြုံးအား ထုတ်ဖော်လျက် ယိမ်းထိုးနေသည့် လင်းယွန်ကို စိုက်ကြည့်လိုက်သည်။

မတ်တပ်ရပ်ရန်ပင် ဓါးအပေါ် အားပြုရပ်နေရသည့် ဓါးကျွန်တစ်ယောက်သည် ထိုဓါးအား မြှောက်လျက် မည်သို့ဆက်လက် တိုက်ပွဲဝင်နိုင် လေမည်နည်း။

'' အမှန်ဝန်ခံရရင်၊ မင်းကို စိန်ခေါ်ခဲ့တာက ငါအနေနဲ့ မိုက်မဲလွန်းရာရောက်ပါတယ်၊ ဒါပေမယ့် အနာဂတ်ကို ငါက ကြိုမသိနိုင်ခဲ့ သလိုပဲ၊ မင်းလည်း မခန့်မှန်း နိုင်ဖူး မဟုတ်လား၊ ကျေးဇူးပြုပြီး ငါတို့ ဆက်သွား ရအောင် .... ''

လင်းယွန်၏ဆံနွယ်များသည် လေယူရာ ယိမ်းနွဲနေခဲ့ပြီး၊ ဒဏ်ရာများမှ စီးကျလာသော သွေးစက်များမှာ ကြမ်းပြင်ပေါ်တွင် အိုင်ထွန်းနေသော်လည်း၊ အရှုံးကိုဝန်ခံရန် ပြတ်သားစွာဖြင့် ငြင်းဆို လိုက်သည်။

တချိန်ထဲမှာပင် တုန်ယင်နေသော လင်းယွန်၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အရှိန်အဝါအချို့ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ကောင်းကင်ဘုံကိုးခုအား အန်တုနိုင်သော ကျားရိုင်းတစ်ကောင်ထံမှ ထွက်ပေါ်လာသည့် နက်ကြုပ်သော အရှိန်အဝါမျိုး ဖြစ်ပေ၏။ ထိုအရှိန်အဝါ ထွက်ပေါ်လာသည့်နှင့်တပြိုင်နက် ပန်းသင်္ချိုင်းဓားသည်လည်း ညင်သာစွာ စတင်ရွေ့လျားလာသည်။

ကြုမ်းကြုပ်သော ကျားရိုင်းနှင့် သိမ်မွေ့ သောဓါး။

ဆန့်ကျင်ဘက် အရှိန်အဝါနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအောက်၌ သားရဲကောင်သည် ဓါး၏အလိုဆန္ဒအား လိုက်ပါ ခံစားလျက် ငြိမ်သက်သွား ခဲ့သည်။

မာထျန်းရီသည် ထိုမြင်ကွင်းအား အကဲခတ်နေခဲ့ကာ လင်းယွန်ထံမှ အန္တရာယ်အငွေ့သက်ကို ခံစားလိုက်ရသည်ကြောင့် သူ၏အနက်ရှိုင်းဆုံးနေရာမှ မနှစ်မြို့ဖွယ် အချက်ပေးသံများ ရရှိလိုက်လေသည်။

ယခုအချိန်တွင် လင်းယွန်သည် ငရဲမှ ဆင်းသက် လာသော နတ်ဆိုးတပါး ထက်ပင် ပို၍ ထိတ်လန့်ဖွယ် ကောင်းသည် ဟူသော ခံစားချက်ကို ဖြစ်ပေါ်လာစေ၏။

တနည်းအားဖြင့်ဆိုသော် ထိုတုန်ယင် နေသော ဓါးကျွန်သည် သူ့အား သတ်ပြစ် နိုင်သည်ဟု အခိုင်အမာ ယုံကြည်လိုက်မိ လေသည်။

လင်းယွန်က ပန်းသင်္ချိုင်းဓားအား ကောင်းကင်သို့ ပင့်မြောက်လိုက်သည်နှင့် သူ၏ အရှိန်အဝါ အောက်တွင် တည်ငြိမ်စွာ မတ်တပ်ရပ်နိုင်ခဲ့ကာ ဓားဖျား၌ နှင်းဆီပန်း တစ်ပွင့် ပွင့်အာလာ ခဲ့သည်။

ထို့နောက်တွင် အကန့်အသတ်မရှိသော ဓားအလင်းများမှာ သူ၏ ဓားဖျားမှ ရုတ်တရက် ပေါက်ကွဲထွက်သွားလေ၏။

'' ပန်း ...တွေ... ဘယ်... မှာ .. ပွင့် ....နေ.. လဲ ''

***

All Chapters