အချစ်သည်ရှုပ်ထွေး၏။
Vol. 4 Ch. 46
မာထျန်းရီက နှင်းဆီပန်းအား နားမလည် နိုင်စွာ ငေးကြည့် နေပြီးနောက် ၎င်းထံမှ အန္တရာယ် အငွေ့အသက်ကို အာရုံခံ မိသွားကာ အလျင်အမြန် လှုပ်ရှား လိုက်သော် လည်း၊ အနည်းငယ် နောက်ကျ သွားလေသည်။
ဓားရောင်ဝါများ ရစ်သိုင်းခြင်းနှင့် အတူ နှင်းဆီပွင့်သည် မာထျန်းရီ၏ ရင်ဘတ်သို့ တိုးဝင်လာ၏။
'' ဖန်း.......''
နှင်းဆီပန်းသည် ဓား၏ရောင်ခြည်အောက်၌ ပွင့်ချပ် ပေါင်းရာ နှင့်ချီ ပြန့်ထွက် လာကာ ပေါက်ကွဲ သွားခဲ့ပြီး၊ ပွင့်ချပ် တစ်ခုစီတွင် မာထျန်းရီ၏ ခန္ဓာ ကိုယ်အား ချက်ချင်း လှီးဖြတ်သွား နိုင်သည့် ဓားအလင်းများ ပါဝင်နေလေသည်။
မာထျန်းရီမှာ သွေးများစီးကျလျက် လေထဲ၌ လွင့်မျောသွားနေစဉ် သွေးများဖြင့် ဖုံးလွှမ်း သွားပြီး ကြိုးပြတ် ပျော့ခွေ သွားနေသည်။ ၎င်းသည် အံ့သြ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
"မင်း ... "
မာထျန်းရီ၏ သူ့မျက်လုံးထဲတွင် မယုံကြည် နိုင်မှုများ ပြည့်နှက်လျက် သတိလစ်သွားသည်။
'' ............. ''
လူအုပ်ကြီးမှာ အံ့သြမှုဖြင့် မှင်တက် တိတ်ဆိတ် သွားခဲ့သည်။ လင်းယွန်သည် မာထျန်းရီအား အမှန်တကယ်ပင် အနိုင်ယူနိုင်ခဲ့ သည်လော။
ထို့ပြင် လင်းယွန်၏ ဓါး၌ နှင်းဆီသည် မည်သို့ပွင့်လာခဲ့သနည်း။ ၎င်းအား မည်သူမျှ နားမလည်နိုင်ခဲ့သည်မှာ သေချာလေပြီ။
" ရှန်ရှင်းသိုင်းနည်းစနစ်လား "
အကြီးအကဲများသည် ထိတ်လန့်စွာဖြင့် သူတို့ အချင်းချင်း စတင်ဆွေးနွေးလာကြသည်။
ဘိုင်ထျန်းမိန် က ခေတ္တမျှအံ့အားသင့်သွားပြီး ငြိမ်သက်နေခဲ့သည်။ ၎င်းသည် တကယ်ပင် ရှန်ရှင်းသိုင်းနည်းစနစ် တစ်ခုပေလော။
('' ဒီကောင်လေးက ငါပေးခဲ့တဲ့ဆုလာဒ်ကို ကောင်းကောင်းအကျိုးအမြတ်ရယူနိုင်ခဲ့ပုံပဲ။ ဒါက မပြည့်စုံတဲ့ ရှန်ရှင်း သိုင်းနည်းစနစ် တစ်ခုဆီကနေ သူ...နားလည်ခဲ့တဲ့အရာ ဖြစ်မယ်။ '')
စင်မြင့်ပေါ်၌ လင်းယွန်က ပြုံးနေခဲ့ သော်လည်း သူ၏ ကမ္ဘာကြီး တစ်ခုလုံး ချာချာလည် နေခဲ့သည်။
ဘိုင်ထျန်းမိန်က စကားပြောရန် ထိုင်ခုံမှ မတ်တပ်ထရပ်နေစဉ်၊ လင်းယွန်မှာ မျက်လုံးများ ပိတ်ကျသွားကာ လဲကျ သွားလေ၏။
''........... ''
သိုင်းစင်မြင့်ထက်သို့ လူရိပ်များ လျင်မြန်စွာ ခုန်တက်သွားခဲ့ပြီး သိုင်းရင်ပြင်မှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့လေပြီ။
" သမားတော်တွေ..... မြန်မြန် လာကြစမ်း ''
***
လင်းယွန်က သတိပြန်ရလာသောအခါ ရက်ပေါင်းများစွာ ကုန်လွန်နေခဲ့ပြီ ဖြစ်သည်။ သူက ဝန်းကျင်ကို အကဲခတ်လိုက်ရာ ၎င်းသည် သူ၏ သစ်သားတဲ အတွင်းရှိ မြင်ကွင်းတစ်ခု ဖြစ်နေပေပြီ။
'' အား......''
နာကျင်မှုမှာ ဦးခေါင်း အတွင်းပိုင်းမှ ထွက်ပေါ် လာသည်။ ခေါင်းကို လက်နှစ် ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများအား မှိတ်ထားလိုက်သည်။
သူ၏ ခန္ဓာကိုယ် အတော်များများတွင် ပတ်တီးများဖြင့် ပြည့်နေခဲ့ကာ ဆေးရနံ့များ ထုံမွှန်းနေလေသည်။
"ငါ...ဘာဖြစ် ခဲ့ တာလဲ.... "
လင်းယွန်က သူ၏ခန္ဓာကိုယ်အား ကြည့်လျက် နားမလည်စွာ တွေဝေနေခဲ့၏။
မာထျန်းရီအား တိုက်ခိုက်လိုက်ချိန်တွင် နှင်းဆီဓါးချက်ကို အသုံးပြုခဲ့ပြီးနောက် သတိလစ် သွားခဲ့ခြင်း ဖြစ်သည်။
" ဟေ့.......မင်း...နိုးပြီလား "
တစ်စုံတစ်ယောက်သည် သစ်သားတံခါးအား တွန်းဖွင့် ဝင်ရောက်လာကာ မေးလိုက်သည်။ အသံထွက်ပေါ် ရာသို့ လှမ်းကြည်လိုက် သည့်အခါ ကျန်းဟန်က သူ့ကိုပြုံးပြနေခဲ့သည်။
'' ဒီမှာ မင်း ဘာလုပ်နေတာ လဲ...."
" ငါဒီမှာ နေချင်တယ်လို့ မင်းထင်လား.. မင်းက အခုဂိုဏ်းရဲ့ ရတနာပဲ၊ လူငယ်သခင်က မင်းကို ကူညီဖို့ ငါ့ကို ကိုယ်တိုင် လာတောင်းဆို ခဲ့လို့ပဲ "
ကျန်းဟန်က သူ့လက်အားဝှေ့ယမ်းကာ ထိုင်ခုံတစ်လုံးပေါ် ဝင်ထိုင်လိုက်ပြီးနောက် ရယ်မောလျက်နှင့် လင်းယွန်အား ထူးဆန်းသော အကြည့်ဖြင့် စူးစမ်း ကြည့်လာသည်။ သူက လင်းယွန်ထံမှ တစ်စုံ တစ်ခုကို ရှာဖွေနေဟန် ရသည်။
'' ငါ တကယ်ပဲ သိချင်မိတယ် လင်းယွန်၊ မင်းက ဒါကိုဘယ်လို လုပ်နိူင်လိုက်တာလဲ "
ရုတ်တရက် မေးလာသည့် မေးခွန်း၏ အဓိပ္ပါယ်ကို လင်းယွန်က နားမလည်နိုင်ခဲ့ပေ။
" မင်းက .....ဘာကိုဆိုလိုတာလဲ..''
'' အရူးလို ဟန်ဆောင်နေတာကို ရပ်လိုက်စမ်း ဟရောင်၊ မင်းက ငါ့ကို ပြောရင် ပိုကောင်းမယ်။ မင်းက ရှန်ရှင်းသိုင်း နည်းစနစ်ကို နားလည် နိုင်ခဲ့ မယ်လို့ မထင် ထား မိဖူး၊ မင်းက .... ဘယ်သူလဲ လင်းယွန် ''
ကျန်းဟန် က ဟန်ဆောင်ဒေါသဖြင့် ရယ်လျက် ရေရွတ်လိုက်။
" ရှန်ရှင်းသိုင်း နည်းစနစ်၊ မင်း.... ဘာကို ပြောနေတာလဲ "
" မင်း.....ထုတ်ဖေါ်လိုက်တဲ့ ဓါးချက်က ရှန်ရှင်းသိုင်းနည်းစနစ် မဟုတ်ဘူးလို့တော့ ငါ့လာ ငြင်းမနေ ပါနဲ့။ ငါကို ငတုံး တစ်ကောင်လို့ မင်း...ထင်လား။ မင်းရဲ့ နားလည်မှုက တကယ်ကို အံ့သြဖို့ ကောင်းလွန်းတယ်။ ”
“ ... ငါတို့ဂိုဏ်းရဲ လူငယ်သခင် တောင်မှ ရှန်ရှင်းသိုင်းနည်းစနစ်ကို ထိုးထွင်း သိမြင်ဖို့ ဆိုရင် နှစ်အနည်းငယ် အထိ အချိန်ယူရတယ်၊ ဒါပေမယ့် မင်းက တကယ်ပဲ 'လ'ဝက်အတွင်း ပြီးမြောက်နိုင် ခဲ့တယ် "
ကျန်းဟန်၏ စကားများအား နားထောင် ပြီးနောက် အခြေအနေကို နားလည် သွားခဲ့သည်။ နှင်းဆီဓါးချက်အား မိုးပြာရောင် ကောင်းကင်ဂိုဏ်း တစ်ခုလုံး ကပင် ရှန်ရှင်းသိုင်း နည်းစနစ် တစ်ခုဟု ယူဆထား လိုက်ကြ ပုံရသည်။
'' ဒါက လူငယ်သခင်က မင်းရဲ့ဒဏ်ရာ တွေကို ကုသဖို့ပေးလိုက်တဲ့ ကုသရေး ဆေးတွေပဲ၊ အခု ငါ ပြန်လို့ရပြီလား။ "
ကျန်းဟန်သည် သူထွက်မသွားခင် စားပွဲပေါ်၌ ပုလင်း နှစ်လုံးအား ချထား ခဲ့လေသည်။
'' နေ ......ဦး ''
လင်းယွင် က ဟန့်တား အော်ခေါ် လိုက်သည်။
" ဘာ လဲ "
'' ကျေးဇူးတင်ပါတယ် ကျန်းဟန် ပြီးတော့ ငါသတိလစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ''
'' သိပ်မကြာပါဘူး။ မင်း သတိလစ်နေတာက ခုနစ်ရက်ပဲရှိသေးတယ် "
'' ခုနှစ်ရက်လား။ ''
လင်းယွန်က မျက်မှောင်ကျုံ့လျက် တွေဝေ သွားသည်။ သတိလစ်နေစဉ် ဘယ်သူက သူ့အား ဂရုစိုက်ခဲ့ သနည်း။
သို့သော် လင်းယွန်သမှာ မေးမြန်းရန် ပျင်းရိနေခဲ့ပြီး ကျန်ဟန် နောက်ကျောကို ငေးကြည့် နေမိ၏။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းရန် ကြာချိန် တစ်ဝက် ခန့်ကြာ သည့်အခါ လင်းယွန်က မတ်တတ် ထရပ်လိုက်ပြီး ပတ်တီး များအား စတင် ဖယ်ရှားလိုက်သည်။
" ဘယ်လို ဆေးမျိုး လဲ။ ငါ့ဒဏ်ရာတွေက အမာရွတ် မကျန်တဲ့ အထိ တကယ်သက်သာ သွားပြီလား။ ''
လင်းယွန်သည် သူ့ခန္ဓာကိုယ်အား ပြန်လည် စစ်ဆေး နေခဲ့ပြီးနောက် အံ့သြသွားလေသည်။ သူက ပတ်တီး အားလုံးကို ဖယ်ရှားလိုက်ကာ ဂိုဏ်း၏ ယူနီဖောင်းသို့ ပြောင်းလဲ ဝတ်ဆင်လျက် ထွက်လာခဲ့သည်။
တောက်ပသောနေရောင်ခြည်သည် သူ့ခန္ဓာ ကိုယ် ပေါ်သို့ ဖြာကျလာ သည်နှင့်အမျှ လင်းယွန်သည် နွေးထွေးမှုအား ခံစား လိုက်ရသည်။
၎င်းသည် သူတစ်ကြိမ်မျှ မခံစားဖူးသည့် ခံစားချက်မျိုး ဖြစ်သည်ကြောင့် ခန္ဓာကိုယ်အား အနည်းငယ်ဆန့်ထုတ်လိုက်ကာ ကျားရိုင်း လက်သီး(၁၈)ကွက်ကို စတင်ရန် ဆုံးဖြတ် လိုက်လေသည်။
အိုး......။
လင်းယွန်၏ လက်သီးတလျှောက် ယန် စွမ်းအင်များ အရှိန်အဟုန် မပျက် စီးဆင်းလာ ခဲ့ပြီး ထိုစွမ်းအင်သည် သန်မာ သိပ်သည်း နေခဲ့၏။
သူက စိတ်အားတက်ကြွစွာဖြင့် ကျားရိုင်း လက်သီးအား လေ့ကျင့်ရန် ပြင်ဆင်လိုက် သည်နှင့် သူ့အရှိန်အဝါသည် ယခင်က ထက်ပင် ပို၍ တောက်ပလာ လေသည်။
ဒဏ်ရာများမှာ ပြန်လည် ကောင်းမွန် လာသည်သာ မကပဲ သူ၏ ကျင့်ကြံမှု သည်လည်း တိုးတက်မှု အချို့အား ရှိ နေခဲ့သည်။
'' ထူးဆန်းတယ် လွန်ခဲ့တဲ့ တစ်ပတ်ကတင် ငါက အခြေခံ တည်ဆောက်ခြင်း သတ္တမ အဆင့်ကို ရောက်ခဲ့တာ မဟုတ်လား၊ (၇)ရက် အတွင်းမှာ ဘာလို့ ငါ့ရဲ့ ကျင့်ကြံမှုက ဒီလောက်ထိ တိုးတက် လာရတာလဲ ... ''
လင်းယွန်၏ကျင့်ကြံမှုအဆင့်သည် သတ္တမအဆင့် နှောင်းပိုင်းသို့ ရောက်ရှိ နေသည်အား နားမလည်နိုင်စွာ တွေးတော လိုက်မိ၏။
မာထျန်းရီနှင့် တိုက်ပွဲတွင် နှင်းဆီ ဓါးကွက်အား ပိုမိုဆုပ်ကိုင် နိုင်ခဲ့လေသည်။
'' နေဦး.... အရေးကြီးတာ တစ်ခုလုပ်ရမယ် "
ယခုသူသည် မိုးပြာရောင်ကောင်းကင်ဂိုဏ်း၌ အတွင်းတပည့် တစ်ဦး ဖြစ်လာခဲ့ပြီး ၎င်းသည် မူလ လင်းယွန်၏ ပန်းတိုင်ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သူကိုယ်တိုင် သစ္စာ ဆိုခဲ့သည့် ကတိတစ်ခုအား မဖြည့် ဆည်းရ သေးကြောင်းကို သတိရမိသည်။
လင်းယွန် က သူ၏ သိုလှောင်အိတ်ကို ဖြတ်၍ ကျောက်စိမ်းပုလင်း တစ်လုံးအား ထုတ်ယူခဲ့ကာ ကောင်းကင်ဘုံ မူလ ဆေးလုံး ထံသို့ စိုက်ကြည့်လိုက်၏။
ကျောက်စိမ်းပုလင်းအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ခေါင်းရမ်းလိုက်သည်။ မူလလင်းယွန်၏ ဆန္ဒနှစ်ခုအား ကျေနပ်အောင် ဆောင်ရွက် ပေးခဲ့ရပေမည်။
"ဘဝတစ်ခု ဖြစ်တည်လာခဲ့ပြီးနောက် အချစ်အတွက် အရူးတစ်ယောက် မဖြစ်ပါစေနဲ့.. "
ခေါင်းရမ်းလျက် သက်ပြင်းချလိုက်သည်။ သူက လမ်းတလျှောက် ဂိုဏ်းသားအချို့အား မေးမြန်းခဲ့ပြီးနောက် ယန္တရားခန်းမသို့ ဦးတည်လိုက်သည်။
လွန်ခဲ့ရက်ပိုင်းတွင် လင်းယွန်သည် ယန္တရား ခန်းမ၏ အတွင်းခန်းဆောင်အား ဝင်ရောက်ရန် မဝံ့ခဲ့သော် ငြားလည်း ယခု သူက တွေဝေခြင်း မရှိခဲ့ချေ။
ယန္တရားခန်းမ အတွင်းသို့ လင်းယွန် ၀င်ရောက်လာသည့်အခါ ခန်းမအတွင်းရှိ တပည့်တိုင်းသည် သူတို့၏မျက်လုံးများ၌ ရိုသေလေးစားမှုကို ထုတ်ဖော်ပြလျက် လင်းယွန်အား အရိုအသေပြုလာကြသည်။
ထို့အပြင် တပည့်အချို့သည်ပင် လင်းယွန်အား 'စီနီယာအစ်ကိုလင်း' ဟု နှုတ်ခွန်းဆက်လာ၏။
သူတို့က အမှန်တကယ် စိတ်ထဲ မပါခဲ့ သည်တောင် ၎င်းသည် ပြင်ပတပည့် များမှ အတွင်းတပည့် များအား လေးစားသမှုပြုရန် ပြဌာန်း ထားသော စည်းမျဉ်းသာ ဖြစ်ပေသည်။
လင်းယွန်က ယန္တရားအတွင်း ခန်းဆောင် ထံသို့ မျှော်ကြည့်လိုက်ရာ ရုပ်သေးစင်မြင့် တစ်ခု ထက်တွင် လျင်မြန်စွာ ရွေ့လျားနေသော ဆုစီယာအား တွေ့လိုက်ရသည်။
သူမ၏ဓားမှာ မြွေဟောက်တစ်ကောင် ကဲ့သို့ ယိမ်းနွဲ့လှုပ်ရှားနေ၏။ ရုပ်သေးရုပ်သည် သူမ၏ ဓါးရိပ်များအောက်၌ လူးလွန့်နေခဲ့ရသည်။
လင်းယွန်သည် အချိန်ကြာမြင့်စွာ ငြိမ်သက်စဉ်းစားနေခဲ့ပြီးနောက် ဆုစီယာထံသို့ တစ်လှမ်ချင်းလျှောက်လာမိလေသည်။
နှလုံးသားထဲရှိ တစ်စုံတစ်ရာသည် ငြင်းဆန်နေခဲ့ပြီး လင်းယွန်အား စိတ်မသက် မသာ ဖြစ်လာစေ သော်ငြားလည်း သူက ရှေ့ဆက် တိုးရန် ပြတ်ပြတ် သားသား ဆုံးဖြတ် ထားခဲ့၏။
"ဟေ့ ...ဓားကျွန်၊ ငါတို့ရဲ့ တပည့် အသစ်လေး။ အာ့.... ငါ မှားသွားတယ်၊ ငါတို့ရဲ့ ဂျူနီယာလေး လင်း လို့ ... ငါအခု မင်းကို ခေါ်သင့်တယ် ထင်တယ် "
ရုတ်တရက် ရယ်မောသံနှင့်အတူ ဝမ်နင်သည် ယန္တရားခန်းမ အတွင်းသို့ ဝင်ရောက် လာလေသည်။
သူက လင်းယွန်၏ ခြေလှမ်း များမှာ ဆုစီယာ ထံသို့ ချည်းကပ် နေသည်အား သတိ ထားမိ သွားကာ အော်ဟစ် ဟန့်တားရန် ရည်ရွယ် လိုက်ခြင်း ဖြစ်ပေ၏။
***