အချစ်သည် အမုန်းကို မွေးဖွားစေ၏။
Vol. 4 Ch. 47
ဝမ်နင်၏ လှောင်ပြောင် မှုအား လျစ်လျူရှု လိုက်ပြီးနောက် လင်းယွန်က ဆုစီယာ ထံသို့ လှည့်ကြည့် လိုက်သည်။
သူမက လင်းယွန် လမ်းလျှောက်လာ သည်ကို မြင်လိုက်သည့် အခါ မျက်ခုံးအား ပင့်လျက် အံ့သြမှု အရိပ် အယောင်များ ထွက်ပေါ် လာခဲ့၏။
" စီနီယာအစ်မဆု .... "
လင်းယွန်၏ မူလ မှတ်ညာဏ်များအရ ဆုစီယာနှင့်သူသည် နီးကပ်စွာ မျက်နှာချင်း မဆိုင်ခဲ့ဖူးသလို စကားပြောရန်ပင် မဝံခဲ့ပေ။
ထို့အပြင် ဤမျှ နီးကပ်သော အကွာအဝေး အတွင်း၌ ဆုစီယာထံမှ သင်းပျံ့ပျံ့ လွင့်ပျံ့ လာသော ချွေးရနံ့ သည်ပင် သူ့နှလုံးသားအား ပြင်းထန်စွာ တုန်ခါ သွားစေခဲ့၏။
" အင်း.... မင်း...ပြောစရာရှိလား "
ဆုစီယာက လင်းယွန်ကို ကြည့်ကာ မေးလိုက်၏။
'' ငါ-ငါ ....''
ပြင်ဆင်မှု များစွာ ပြုလုပ် ထားခဲ့ သော်လည်း ယခု အချိန်တွင် စကားလုံးများ ပျောက်ဆုံး သွားကာ တစ်စုံ တစ်ရာသော ဆန္ဒ အချို့မှာ လင်းယွန်အား တွန့်ဆုတ် စေခဲ့ လေသည်။
"ကြည့်စမ်း...လင်းယွန်က ဆုစီယာကို ချစ်ခွင့်ပန် တော့မယ် ''
" အိုး မိုးနတ်မင်းကြီး ကယ်ပါ၊ .... ဒီဓားကျွန်က တကယ် ဝံ့ရဲတယ်လား... "
လင်းယွန်၏ တွန့်ဆုတ်တွေဝေနေသော အမူအယာသည် လူအုပ်အား ဆွေးနွေးစရာ ဖြစ်လာစေသည်။
ထိုအခိုက် အတန့်လေး အတွင်းမှာပင် ယန္တရား ခန်းမ၌ ရုတ်ရုတ်သဲသဲဖြင့် အတွင်း တပည့်များ စုရုံး ရောက်ရှိ လာကြသည် သာမက ပြင်ပ တပည့် အချို့ သည်ပင် ထိုသတင်းအား ကြားသည့်နှင့် စိတ်ဝင်တစား အပြေး အလွှား ရောက်လာကြ၏။
'' ဓားကျွန်၊ မင်းက....ဘာလိုချင်တာလဲ။ အစ်မဆုက တစ်နေ့လုံး ဒီမှာ မတ်တပ်ရပ် နေမယ် ထင်နေလား "
ဝမ်နင်၏ မျက်နှာတွင် ဒေါသအရှိန်ကြောင့် နီရဲတွတ်နေသည်။ ဤဓါးကျွန်သည် သူ့အား လျစ်လျူရှု ထားသည် သာမက ဆုစီယာထံမှပင် သနား ကြင်နာ မှုကို တောင်းခံနေခြင်းသည် ဝမ်နင်၏ ဒေါသမီးအား ပို၍ တောက်လောင် လာစေသည်။
သို့သော် လင်းယွန်၏အာရုံသည် လွှဲဖယ် သွားခြင်း မရှိခဲ့ပဲ ဆုစီယာထံတွင်သာ ရီဝေစွာ ငေးကြည့် နေခဲ့သည်။
" လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံးမှာ ငါ့ကို ဂရုစိုက် ပေးခဲ့တဲ့ အတွက် စီနီယာ အစ်မ ဆုကို ကျေးဇူး တင်ပါတယ်၊ စီနီယာအစ်မရဲ့ ဆုလာဘ် အားလုံး ကိုလည်း ငါ့ရဲ့ နှလုံးသား ထဲမှာ နက်နက် ရှိုင်းရှိုင်း ထည့်မှတ် ထားပါတယ် ............. ... "
ဆုစီယာက လင်းယွန်အား စိုက်ကြည့် နေခဲ့ပြီး မည်သည့်တုန့်ပြန်မှုမျိုးမှ မထုတ် ဖော်ပြပဲ သူ့စကားကို တည်ငြိမ်စွာ နားထောင် နေခဲ့သည်။
ဆုစီယာ၏ မျက်နှာတွင် ပြောင်းလဲမှု မရှိကြောင်း မြင်လိုက်သည့် အခါ သူ့နှလုံးသား၌ အနည်းငယ်ခါးသီးမှုကို ခံစားလိုက်ရသည်။
ဤအရာသည် သူမအတွက် အရေးမပါသော ကိစ္စလေး မျှသာ ဖြစ်ပုံရ၏။ သို့သော် မူလ လင်းယွန် အတွက်မူ သေခြင်း၌ပင် မပျောက်ကွယ် နိုင်ခဲ့သော ခံစားချက် ဖြစ်ခဲ့ ပေ၏။
လင်းယွန်သည် အတွင်းတပည့်တစ်ဦး အနေဖြင့်၊ သူမ ရှေ့တွင် ရပ်နေသည့်တိုင်အောင် ၎င်းမှာ လုံလောက်သော အဆင့် အတန်း တစ်ခုဟု ဆုစီယာက ယူဆ ထားဟန် မရှိပါပေ။
( ထားတော့ .. ငါ သူမကို ကောင်းကင်ဘုံ မူလ ဆေးလုံးကို ပေးလိုက်ရင် ရပြီမလား.... )
လင်းယွန်က သူ့ကိုသူ သတိပေးနေခဲ့သည်။ သို့သော် ဤနှစ်များ အတွင်း၌ သူ၏ နိမ့်ကျ မှုသည် ပုံမှန်ထက် ပိုနေခဲ့ကာ ၎င်းသည် နာကျင် စရာ အတိဖြင့် ပြည့်နှက်စေခဲ့သည်။
(''တစ်ကြိမ်ဓါးကျွန်ဖြစ်ဖူးရင် အမြဲဓါးကျွန်ပဲ '')
( ငါ...ဓါးကျွန် မဟုတ်ဖူး)
လင်းယွန်၏ မျက်လုံးများတွင် တုံ့ဆိုင်းမှုများ ပျောက်ကွယ် သွားသည် နှင့်အမျှ ပြင်းထန်သည့် ဆန္ဒအချို့သည် သူ့အား အလျင်အမြန် လွှမ်းမိုး လာလေသည်။
"မင်းရဲ့ စောင့်ရှောက်မှုတွေကို ငါ့နှလုံး သားမှာ မှတ်ထား ပါတယ်၊ အဲဒါကို ငါဘယ် တော့မှ မေ့မှာ မဟုတ်ပါဘူး၊ ဇွန်လ (၁၈)ရက် နေ့က ..... ဓားထိန်းသိမ်းရေး ခန်းမမှာ စီနီယာ အစ်မကို ပထမဆုံး အကြိမ် တွေ့ဖူး ခဲ့တာပါ။ ''
'' အဲဒီနေ့မှာ စီနီယာအစ်မက ခရမ်းရောင် ၀တ်စုံကို ၀တ်ထားတယ်၊ ပြီးတော့ စီနီယာ အစ်မက အလျင်လို နေလို့ ငါကပဲ မင်းရဲ့ ဓားကို အကြီးအကဲဟောင် ကိုယ်စား ပထမဆုံး အကြိမ် အဖြစ် သန့်စင် ပေးခဲ့တာပါ၊ အဲဒါကြောင့် စီနီယာ အစ်မက ဆုလာဘ် အဖြစ် ခန္ဓာကိုယ် အားဖြည့် ဆေးလုံး (၅)လုံး ပြန်ပေး လာတယ် မဟုတ်လား ..........''
တစ်စုံတစ်ယောက်မှ သူ၏ဆန္ဒများအား ပိတ်ပင်တားဆီး လာမည်ကို စိုးရိမ်နေဟန်ဖြင့် လင်းယွန်က အလောတကြီး ရေရွတ်မိလေသည်။
စက္ကန်ပိုင်းအတွင်းမှာပင် ဆုစီယာနှင့် ပါတ်သတ် သမျှ အမှတ်တရများ အားလုံးကို အလျှိုလျှို ပြန်လည် သတိရလာ၏။
( ဒါက... မင်းရဲ့ နောက်ဆုံး ဆန္ဒလား လင်းယွန် ရာ)
လင်းယွန်က သူကိုယ်သူ ပင့်သက်ချကာ မသက်မသာ ရေရွတ်မိ၏။ မူလလင်းယွန်မှာ သူ့ဆန္ဒအား တစ်ကြိမ်လောက်လိုက်လျောရန် လင်းယွန်ထံ သနားခံနေခဲ့ လေပြီ။
ဤတစ်ကြိမ် တွေ့ဆုံမှုပြီးနောက် ဓါးကျွန်နှင့် ဆုစီယာ၏ ရယ်မောဖွယ် အချစ်ဇာတ်လမ်း တစ်ပုဒ်မှာ ပြဇာတ်ဆန်ဆန် တစ်ခန်းရပ် သွားပေမည်။
ထို့ကြောင့်ပင် နောက်ဆုံး ဆန္ဒဖြစ်သော သူ၏ အိမ်မက်နှစ်ခုအား ယခုအချိန်တွင် လုပ်ဆောင်ရန် အကောင်းဆုံး ဖြစ်လေသည်။
( ဟူး..... မင်းငါ့ကို သနားခံစရာ မလိုပါဖူး၊ မင်းနဲ့ငါက လင်းယွန်ပဲမဟုတ်လား..... မင်းက စိတ်ချလက်ချနေပါ။)
သက်ပြင်းချသံနှင့်အတူ နှလုံးသား၏ အနက် ရှိုင်းဆုံး နေရာမှ တစ်စုံတစ်ရာသည် ပေါ့ပါး လွတ်မြောက် သွားလေ၏။ ထို့နောက်တွင် သူ၏ အသံမှာ တိုးညှင်းစွာ ဆက်လက် ထွက်ပေါ် လာတော့၏။
'' သြဂုတ် (၂၆)ရက်နေ့က မိုးရွာနေတဲ့ အချိန်မှာ စီနီယာအစ်မက ထီးယူလာဖို့ မေ့နေခဲ့ ပုံပဲ၊ မိုးရေထဲ ငေးကြည့်နေတုန်း၊ မင်းအတွက် ထီးတစ်လက်ကို ငါသွား ယူပေးခဲ့ ပေမယ့် မင်းက ထွက်သွား နှင့်ပြီလေ။ ''
'' အောက်တိုဘာ (၆)ရက်မှာ နှင်းတွေ တအားကျနေတုန်း မင်းကို တွေ့လိုက်ရတဲ့ အတွက် ငါ့ရင်တွေ နွေးထွေး ခဲ့ရတယ်၊ ...”
“ ... နောက်သုံးရက် အကြာမှာ မင်းရဲ့ဓားကို သန့်စင် ပေးခဲ့လို့ ရွှေစ(၂၀၀)ငါ့ကို ပေးခဲ့တယ်၊ ပြီးတော့ 'အဝတ် အစားတွေ ၀ယ်ဝတ်' ဖို့ ပြောခဲ့တယ် မဟုတ်လား၊ အဲဒိ အချိန် တုန်းက ငါ့မှာ စုတ်ပြတ် နေတဲ့ အဝတ်ဟောင်း တစ်ထည်ကိုပဲ နေ့တိုင်း ဝတ်နေ ခဲ့ရတာလေ.. ''
'' နိုဝင်ဘာ (၁၅) ရက်နေ့က၊ မင်း.... ပြုံးနေ ခဲ့တယ်၊ ထင်ထင်ရှားရှား မဟုတ် ပေမဲ့၊ မင်းပြုံး နေတယ် ဆိုတာ ငါ..သေချာသိတာပေါ့၊ အဲဒီနေ့က စလို့ မင်းရဲ့ အပြုံးကို ငါမြင်နိုင်ဖို့ နေ့တိုင်း မျှော်လင့်ခဲ့ရတယ်။ ''
ခရီးအဝေး ကြီးကို အချိန်အတော် ကြာကြာ ထွက်ခွာ သွားတော့မည့် သူတစ်ယောက်ကဲ့သို့ မနားတမ်း ရွတ်ဆို နေစဉ်တွင် လင်းယွန်၏ မျက်နှာသည် ပျော်ရွှင် နေဟန် ရှိခဲ့သော်လည်း ဆန့်ကျင်ဘက် အနေနှင့် သူ၏မျက်လုံး များတွင် ဝမ်းနည်း စိုစွတ် နေခဲ့သည်။
လင်းယွန် တစ်ယောက်သည် ပြုံးရွှင်ပြနေခဲ့ပြီး၊ အခြားတစ်ယောက်မှာ ပြုံးရွှင်စွာ ပြောနေသမျှကို တိတ်ဆိတ်စွာ မျက်ရည်ကျ နေခဲ့လေသည်။
ယန္တရားခန်းမ၌ လင်းယွန်အား ဦးတည်သော လှောင်ပြောင်မှု အားလုံးမှာ တဖြည်းဖြည်း တိတ်ကျသွားပြီး နာကျင် ကြေကွဲဖွယ် အသံ သည်သာ ပျံ့လွင့် နေခဲ့၏။
'' ဒီနှစ် ဇူလိုင်လတုန်းက မင်း ... ရောက်လာတော့၊ ငါသတိ ထားမိ လိုက်တာက မင်းရဲ့ မျက်ဝန်း တွေမှာ စိတ်အနှောက် အယှက် ဖြစ်နေ ဟန်တွေ စွန်းထင်း နေတယ် ပြီးတော့ မင်းရဲ့ ....... "
" တော်လောက်ပြီ၊ မင်းက ဘာပြောမလို့ ကြိုးစား နေတာလဲ "
ရုတ်တရက်၊ တိတ်ဆိတ်စွာ နားထောင် နေသည့် ဆုစီယာက လင်းယွန်ကို ဟန့်တား မေးမြန်း လိုက်သည်။
တစ်ချိန်တည်းမှာပင် ဆုစီယာ၏ မျက်နှာသည် ယခင်ကထက် ပိုမို ကြည်လင် လာကာ တည်ကြည် လေးနက် နေခဲ့၏။
သို့သော် ၎င်းမှာ အတိတ်အား လွမ်းဆွတ်နေသော လင်းယွန်ကို လှုပ်နှိုးသွားခဲ့သည်။ လျင်မြန်စွာဖြင့် သူ့အမူ အရာအား ပြင်ယူ လိုက်ကာ အပြုံးမှာ ပြန်လည် ပျောက်ကွယ် သွား၏။
ဝန်ထုပ်ဝန်ပိုးတစ်ခု ပြုတ်ကျ သွားသကဲ့သို့ သူက ပေါ့ပါး လွတ်မြောက် သွားသည်။
လင်းယွန်၏အမူအရာမှာ တစ်စုံ တစ်ယောက်အား ငဲ့ညာ သနားနေသည့် ဟန်ဖြင့် သက်ပြင်းချ လိုက်ကာ ဆက်လက် ပြောဆို လိုက်လေသည်။
'' မင်း... ပေးခဲ့တဲ့ အရာတွေ အားလုံးကို .... မှတ်မိနေတယ်လို့ ပြောခဲ့ပြီးပြီ ဆိုတော့ ...ခုက ပြန်ပေးဆပ်ဖို့ ငါ ...ရောက်လာတာပါ၊ ဒီမှာ ကောင်းကင်ဘုံ မူလဆေးလုံး၊ သူ့တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၀၀၀၀)တန်ကြေးရှိတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ဒါက ငါတို့ရဲ့ အတိတ်မှာ မင်းရဲ့ ကြင်နာမှုတွေအတွက် ပြန်ပေးဆပ်တာပါ၊ ဒီနေ့ကစလို့ ငါတို့နှစ်ယောက်ကြား ..ရှင်းသွားပြီ... "
အိုး......။
ရုတ်တရတ် ယန္တရားခန်းမ အတွင်းရှိ အပူချိန်သည် ကျဆင်းသွားကာ အေးစက် လာ၏။ လူအုပ်ကြီးမှာ ထိုအငွေ့ အသက် များကြောင့် သူတို့၏ အရိုးများအား ရေခဲဆူးချွန် များဖြင့် ထိုးဆွနေသကဲ့သို့ စူးရှ နာကျင်လာကြသည်။
" ....ရှင်း...သွား ပြီ တဲ့ လား "
ဆုစီယာ၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် နွေးထွေးသော အမူအယာမှာ ကြေကွဲဖွယ်ရာ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
တိုးတိတ် အေးစက်သော လေသံဖြင့် ရေရွတ် လိုက်ကာ ကောင်းကင်ဘုံ မူလ ဆေလုံးအား လှမ်းယူလိုက်၏၊
တစ်ချိန်တည်းမှာပင် ဆုစီယာထံမှ ခဏတာ ပြောက်ကွယ်နေခဲ့သော အေးစက်မှု ရောင်ဝါမှာ သူမ၏ မျက်နှာ ထက်သို့ ပြန်လည် ရောက်ရှိလာ ခဲ့သည်။
" ငါက လူတွေကို ပေးကမ်းဖို့ စိတ်မဝင် စားဖူး၊ ပေးခဲ့ပြီးရင်လည်း ငါပေးခဲ့ သမျှကို ဘယ်သူကမှ တုန့်ပြန်မပေး ရဲဘူး။ ဒါပေမယ့် ...မင်း ........လင်းယွန်၊ မင်းက ပထမဦးဆုံး ပဲ.... "
စကားဆုံးသည်နှင့် အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး (၄၀၀၀၀)တန် ကောင်းကင်ဘုံ မူလ ဆေးလုံးမှာ ဆုစီယာလက်၌ ကြေမွသွား လေသည်။
'' မင်း ...... နိမ့်ကျတဲ့ ဓားကျွန်ကောင်၊ မင်းက အတွင်းတပည့်တစ်ဦး ဖြစ်လာတာနဲ့ ဆုစီယာကို အပြစ်ပြုနိုင် ပြီလို့ ယူဆ နေတာလား၊ မင်းက အသက်ရှင် နေရတာ ပင်ပန်း နေပုံပဲ "
ဆုစီယာ၏ ဒေါသအား အကဲခတ်လိုက် မိသည့် ဝမ်နင်က ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် ချက်ချင်းပင် အော်ဟစ် ခြိမ်းခြောက် လိုက်ပြီးနောက် လင်းယွန်ကို စတင် တိုက်ခိုက် လိုက်လေသည်။
'' ........... ''
သို့သော် ဝမ်နင်သည် သူ၏ဓားရှည်အား ထုတ်ယူနိုင်ခဲ့ခြင်း မရှိပေ။ အေးစက်သော အလင်းတန်း တစ်စမှာ သူ့လည်ပင်းပေါ် ဖြတ်သန်း သွားခဲ့ပြီးနောက် သွေးစများ ချန်ထား ရစ်ခဲ့လေ၏။
အကယ်၍သာ ထိုအလင်းတန်းသည် အနည်းငယ် ပို၍ တိုးဝင်လာခဲ့ပါက သွေးပြန် ကြောအား တောက်မိသွားကာ လည်လှီးခြင်း ခံလိုက် ရပေမည်။
၎င်းမှာ ထိုအလင်းတန်းပိုင်ရှင်၏ တိကျသော လက်ဆနှင့် ကျွမ်းကျင်မှုအား ပြသရာ ရောက်ခဲ့ သည်။
'' ချွမ်......''
" သူ့ကို ထိဖို့ ငါက မင်းကို ခွင့်ပြု ခဲ့လို့လား အမှိုက်ကောင် "
ဆုစီယာက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကို သိမ်းထုတ်လျက် ဝမ်နင်အား စိုက်ကြည့်ကာ ယန္တရားခန်းမအတွင်းမှ ထွက်ခွာ သွားလေသည်။
ဝမ်နင်၏ မျက်နှာသည် ထိတ်လန့်မှုကို ဖုံးကွယ်လျက် တုန်ယင်နေခဲ့သည်။ သူက သေမင်းနှင့် အရမ်းကို နီးကပ်ခဲ့သည် မဟုတ် ပါလား။
ဆုစီယာက ထွက်ခွာမသွားခင် လေးလေး နက်နက် စိုက်ကြည့်ခဲ့ သည်ကြောင့် လင်းယွန်မှာ စိတ်ရှုပ်ထွေး သွား၏။
တစ်စုံတစ်ခု လွဲချော်နေခဲ့သည်ဟု ထင်ကာ သူမ ထွက်သွား ရာသို့ တိတ်ဆိတ်စွာ ရပ်ကြည့် နေမိသည်။
" ကောက်ကျစ်တဲ့ ဓါးကျွန်ကောင်၊ ငါ ..မင်းကို သတ်မယ် "
ဆုစီယာအရိပ် ပျောက်ကွယ် သွားသည်နှင့် ဝမ်နင်၏ ကြောက်ရွံ့ခြင်းသည် ချက်ချင်းပင် ဒေါသအဖြစ်သို့ ကူးပြောင်း လာခဲ့ပြီးနောက် ဓါးကိုဆွဲထုတ်ကာ တိုက်ခိုက်ရန်အတွက် လင်းယွန်ထံ မော့ကြည့် လိုက်လေသည်။
လင်းယွန် က သူကိုယ်သူ နားမလည်နိုင် ခဲ့ပေ။ သူက ချည်ခင်ကို တစ်စချင်း ရှင်းထုတ် ခဲ့ပါ လျက်နှင့် ၎င်းသည် စစ်မှန်သော လွတ်လပ်မှု ဖြစ်မလာ ခဲ့ပဲ အမည်မသိသော ခံစား ချက်များ ထပ်မံ ကပ်ညိလာခဲ့ ပြန်သည်။ ထို့အပြင် သူက ဝမ်နင်၏ တိုက်ခိုက်လာမှုအား မမေ့လျော့ခဲ့ချေ။
'' လေ ဝဲ ဓါး ''
ပန်းသင်္ချိုင်းဓားမှာ ညင်သာစွာ တုန်ယင်လာခဲ့ပြီး သူ၏ ပတ်ပတ်လည်၌ ပြင်းထန်သော လေပွေ တစ်ခုအား ဖြစ်ပေါ်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်းယွန်က ဝမ်နင်ထံသို့ လှည့်ကြည့်လိုက်ပြီး လျင်မြန်သော အဟုန်ဖြင့် ထိုးချလိုက်လေသည်။
'' ........... ''
အသက်တရှိုက်စာအတွင်း၌ ပန်းသင်္ချိုင်း ဓားသည် ဝမ်နင်၏ ရင်ဘတ်သို့ ရိုက်ခတ် တိုးထိ သွား၏။
'' .............''
ဝမ်နင်၏ နံရိုးသည် မြည်သံပြုလျက် ကျိုးအက်သွားခဲ့ပြီး ထိုအတွင်းဒဏ်ရာကြောင့် ပါးစပ်မှ သွေးများစီးကျကာ အသည်း ခိုက်အောင် နာကျင်သွားလေသည်။
" စီနီယာ အစ်ကို ဝမ် "
ဝမ်နင်နှင့် လိုက်ပါလာသည့် အတွင်း တပည့်များက ထိတ်လန့်စွာ အော်ဟစ် လိုက်ကြ ၏။
ဝမ်နင်၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်၌ ပျော့ခွေ လဲကျ သွားလေသည်။
" ရိုင်း လိုက် တဲ့ ဓါးကျွန် ကောင် "
ထိုအတွင်းတပည့်များသည် လင်းယွန် ထံသို့ တစ်ပြိုင်နက်ထဲ ပြေးဝင်တိုက်ခိုက်လာ ကြ၏။
'' ပုံရိပ်ယောင် ဓါး ''
လင်းယွန်က ပန်းသင်္ချိုင်းဓါးနှင့်အတူ ကောင်းကင်သို့ ပျံထွက်သွားခဲ့ပြီး ဓားရိပ်များကို ထုတ်ဖော် လိုက်သည်။
လေဝဲဓါး၏ ပထမ ဓါးကွက်မှာ လျင်မြန်သော အရှိန်အဟုန် နှင့်အတူ လင်းယွင်အား လေထုထဲသို့ ခေါ်ဆောင် သွားပြီးနောက် ဓါးရိပ် ရှစ်ရိပ်အား ချန်ထား ရစ်ခဲ့လေသည်။
လင်းယွန်၏ ပျံဝဲသွားသော အရှိန်မှာ အကန့်အသတ် တစ်ခုသို့ အရောက်တွင် လေထု ထဲ၌ ရပ်တန့်သွားခဲ့ပြီး ပန်းသင်္ချိုင်း ဓါးအား ဝှေ့ရမ်းလိုက်သည်။ ၎င်းမှာ ဓါးရိပ်များဖြင့် ပိုက်ကွန် တစ်ခုကို ယှက်လုပ်နေခြင်းနှင့်ပင် တူ၏။
တချိန်ထဲမှာပင် ထိုဓါးကွန်ချာသည် လင်းယွန်နှင့် အတူ မြေပြင်သို့ ပြိုကျ လာခဲ့ လေသည်။
'' ........ ''
စက္ကန့်အနည်းငယ်အကြာတွင် အတွင်း တပည့် ခြောက်ဦးစလုံးသည် ဒဏ်ရာ များမှ သွေးများ ယိုစီးလျက် အော်ဟစ် လိုက်ကြသည်။ ဝမ်နင်က ထိုမြင်ကွင်းကို အဝေးမှ ငေးကြည့်ကာ မှင်တက် တုန်လှုပ် သွားခဲ့သည်။
ပန်းသင်္ချိုင်းဓါးပေါ်ရှိ သွေးစက်များကို ခါထုတ်လိုက်ပြီး၊ ယန္တရားခန်းမအတွင်းမှ တည်ငြိမ်စွာ လှမ်းထွက် သွားခဲ့သော လင်းယွန်၏ ပုံရိပ်အား၊ ပျောက်ကွယ်သည် အထိ ငေးကြည့်နေပြီးနောက် ဝမ်နင်က သက်ပြင်း ချလိုက် မိသည်။
တစ်ချိန်တည်းမှာပင် ယန္တရားခန်းမမှ ထွက်လာခဲ့သော လင်းယွန်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
တံခါးဝ မြေပြင်ပေါ်တွင် လတ်ဆက်သော သွေးစများ စွန်းထင်း နေခဲ့ပြီး၊ တစ်စုံ တစ်ယောက်သည် မကြာသေးခင် အချိန်ကပင် ဤနေရာ၌ ယန္တရား ခန်းမ တံခါးအား ကိုင်လျက် အန်ချခဲ့ပုံရလေသည်။
'' ဆု စီ ယာ လား ''
လင်းယွန်၏ မျက်ဝန်း များမှာ ရှုပ်ထွေးမှု များနှင့် အတူ တုန်ယင်လာခဲ့ လေသည်။
'' ငါ....တစ်ခုခုများ...မေ့သွားခဲ့လား။ ''
***