ငါ့ဂိုဏ်းကိုအနိုင်ကျင့်တာလား။
Vol. 4 Ch. 50
" ဘယ်လောက်တောင် မောက်မာ လိုက်သလဲ၊ မင်းကိုယ်မင်း ငါတို့ရဲ့ လူငယ် သခင် နဲ့ တန်းညီတယ် ထင်နေ တာလား။ '
အတွင်း တပည့် တစ်ဦး၏ အသံသည် လူအုပ် ထဲမှ အော်ငေါက် ကြုံးဝါးလျက် ထွက်ပေါ် လာလေသည်
ထိုအတွင်းတပည့်၏ နာမည်မှာ ဖန်းဒေါင်းယူ ဖြစ်ပြီး ဤပုဂ္ဂိုလ်သည် အမာခံ တပည့်(10) ဦး စာရင်း၌ အဋ္ဌမမြောက် သန်မာသူ တစ်ဦး ဖြစ်လေသည်။
ထို့အပြင် ထိုသူသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ တန်ဖိုးထား ပျိုးထောင် ခံရသည့် အထက်တန်းစား တစ်ယောက် ဖြစ်ကာ သူ၏ 'နတ်ဘုရား လက်သီး'သည် အထင်ကြီးစရာ ကောင်းလှ ပေ၏။
'နတ်ဘုရားလက်သီး'သည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ အဆင့်မြင့် တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်ပြီး ၎င်းသည် ကျားရိုင်း လက်သီး (၁၈)ကွက် ထက် ပို၍ သန်မာသည်။
၎င်းနည်းစနစ်အား ဖန်းဒေါင်းယူမှ အဆင့်မြင့် ကျွမ်းကျင် နေပြီဟုပင် ကောလ ဟာလ သတင်းများ ထွက်ပေါ်နေခဲ့လေသည်။
"စီနီယာ အစ်ကိုဖန်း၊ သူ့ကို သင်ခန်းစာ ပေးလိုက်ပါ။ "
" အစ်ကိုဖန်း၊ ဒီမာနကြီးတဲ့ကောင်လေးကို မင်းရဲ့ နတ်ဘုရားလက်သီးနဲ့ ဆုံးမလိုက် စမ်းပါ။ "
ဖန်းဒေါင်းယူက လူအုပ် ထဲမှ တိုးထွက်လိုက် သည်နှင့် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အတွင်း တပည့် များက၊ အော်ဟစ် အားပေး လိုက် ကြ၏။
လူအုပ်ကြားတွင် လင်းယွန်သည်လည်း သွေးများ ဆူပွက် လာလျက် ဆန္ဒများ နှိုးထ တက်ကြွ လာလေသည်။
လျိုရှင်းက သူ၏ မေးစေ့အား ပွတ်လိုက်ကာ ဘိုင်ယုဖန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"အစ်ကိုဘိုင်၊ ဒါက မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ ကျက်သရေဆောင် ခန်းမ မဟုတ်လား၊ ငါတို့ တွေက လက်နက်တွေ သုံးလို့ မသင့် တော်ဘူး ထင်တယ်။ လက်နက် မဲ့ပဲ ယှဉ်ပြိုင်ကြရအောင်၊ သိုင်းကွက် ဆယ်ကွက် အတွင်း အနိုင် အရှုံးကို ဆုံးဖြတ် ကြမယ်၊ အထိအခိုက် ပိုနည်း သွားတာပေါ့ အဆင်ပြေမလား "
ဖန်းဒေါင်းယူသည် လက်နက်မဲ့ သိုင်းသမား တစ်ဦး ဖြစ်ကာ နတ်ဘုရား လက်သီး နည်းစနစ်၌ အတော် အသင့် ပေါက်ရောက် နေခဲ့ပြီး ၎င်းသည် သူ၏ အပိုင်နိုင်ဆုံး နည်းစနစ်လည်း ဖြစ်ပေသည်။
တစ်ဖက်တွင် ကျန်းရဲသည် ဓါးသမား တစ်ဦး အဖြစ် ကျော်ကြား ခဲ့ကာ ဓါးသည် သူ၏ အသန် မာဆုံး ပုံစံ ဖြစ်ပြီး၊ လက်နက်မဲ့ ရင်ဆိုင် ရမည် ဆိုပါက အားနည်းချက် တစ်ခု ဖြစ်လာပေမည်။
အချိန်အနည်းငယ်ကြာ တွေဝေနေခဲ့ပြီး ဘိုင်ယုဖန်က လျိုရှန်း၏ အကြံစည်အား အကဲဖမ်း မရ ခဲ့ပေ။ သူက
လျိုရှန်း စကားကို အတည်ပြုရန် ကျန်းရဲ ထံသို့ ငဲ့ကြည့် လိုက်သည်။
'' ငါ့ရဲ့ လူငယ် သခင် ပြောတာ မှန်ပါတယ်၊ သူ့လို လူကို ရင်ဆိုင်ဖို့ ငါ့....ဓါးကို မလိုပါဘူး။ ''
မောက်မာစွာ ပြန်လည်ပြောဆိုလိုက်သည့် ကျန်းရဲ၏ စကားသံသည် ဘိုင်ယုဖန် အား ဒေါသ ထွက်စေ ခဲ့သော်ငြားလည်း မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ လူငယ်သခင်သည် ပြုံးလျက် ခေါင်းညိတ်ပြ လိုက်သည်။
"ဒါဆိုစလိုက်ရအောင်"
ဖန်းဒေါင်းယူသည် အံကြိတ်လျက် ကျန်းရဲအား စူးစူးရဲရဲ စိုက်ကြည့် လိုက်သည်။ ကျန်းရဲ၏ နှိမ့်ချရှုမြင်မှုများကြောင့် ပြိုင်ဘက်အား ရက်စက်စွာ တိုက်ခိုက်ရန် ပိုင်းဖြတ် ထားလေ၏။
သူတို့နှစ်ဦးသည် ခြေလှမ်းဆယ်လှမ်းကို လှမ်းလျက် မျက်နှာချင်းဆိုင် ရပ်လိုက်ကာ အရှိန်အဝါအား စတင်ထုတ်ဖော်လျက် အကဲခတ် နေကြသည်။
ဆယ်စက္ကန့်ကြာပြီးနောက် ဖန်းဒေါင်းယူထံမှ အရှိန်အဝါသည် သိပ်သည်း လာခဲ့ပြီး မျက်နှာ ပေါ်၌ ပေါက်ကွဲမှု စွမ်းအားများဖြင့် ပြည့်နှက် လာခဲ့သည်။
ခန္ဓာ ကိုယ်သည် နတ်ဘုရား တစ်ပါး၏ ခန့်ငြားသော အသွင် သဏ္ဍာန် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
နတ်ဘုရား လက်သီးနည်းစနစ်သည် ဗုဒ္ဓအား ကိုးကွယ်သည့် မိသားစု များမှ ပိုင်ဆိုင်သော နည်းစနစ် တစ်ရပ် ဖြစ်ပြီး ရက်စက် ပြင်းထန်ကာ ချယ်လှယ် လွှမ်းမိုး နိုင်စွမ်း ကြီးလွန်း လှပေသည်။
၎င်းသည် ကျားရိုင်းလက်သီးနှင့် အနည်းငယ် ဆင်တူ၏၊ သို့သော် ထိုနည်းစနစ်နှစ်ခု၏ လားရာသည် မတူညီပေ။
နတ်ဘုရား လက်သီးသည် နတ်ဘုရားများ ၏ ဒေါသအား အခြေခံ ခဲ့ပြီး ကျားရိုင်း လက်သီးသည် သားရဲ ဘုရင် တစ်ကောင်၏ ရက်စက် ကြမ်းကြုတ်မှု အပေါ် အခြေခံ ရသည်။
ကျားရိုင်းလက်သီးသည် ရည်ရွယ်ချက် တစ်ခု ပေါ်၌သာ ရပ်တည်နိုင်ပြီး ၎င်းသည် နတ်ဘုရား လက်သီးထက် အနည်းငယ် အားနည်း ပေ၏။
သို့သော် လင်းယွန်သည် သူ၏ ကျားရိုင်း လက်သီး(၁၈) ကွက်တွင် ကျောက်စိမ်း စာလိပ် အတွင်းရှိ နတ်ကျား အရှိန်အဝါနှင့်အတူ ဓားရှည်၏ အရှိန်အဝါအား ပေါင်းစပ်နိူင်ခဲ့သည်။
တနည်းအားဖြင့် ဆိုသော် လင်းယွန်၏ ကျားရိုင်း လက်သီးသည် အခြေခံ နည်းစနစ် နယ်ပယ်အား ကျော်လွန်လျက် အဆင့်သစ် တစ်ခုသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်၏။
ဖန်းဒေါင်းယူ၏ အရှိန်အဝါသည် ရုန့်ရင်း ကြမ်းတမ်းစွာ ထွက်ပေါ် လာပြီး၊ တစ်ဖက်တွင် ဆန့်ကျင်ဘက် အနေဖြင့် ကျန်းရဲက၊ ငြိမ်သက်စွာ ရပ်နေ ခဲ့၏။
" နတ်ဘုရား ၏ ဒေါသ "
ဖန်းဒေါင်းယူ၏ အရှိန်အဝါသည် အမြင့် ဆုံးထိ တိုးမြှင့်လာပြီး ပေါက်ကွဲစွမ်းအား အချို့ စိမ့်ထွက် လာကာ နတ်ဘုရားလက်သီး၌ ပေါင်းစပ် သွားလေသည်။
လက်သီးဖြတ်သန်းရာ လမ်းတလျှောက် လေထုသည် ပူလောင် ပေါက်ကွဲသွားပြီး၊ ဖန်းဒေါင်းယူ၏ ခန္ဓာကိုယ်၌ စက်ဝိုင်းပုံ သဏ္ဍာန် ရောင်စဉ်များ သိုင်းခြုံလာလေသည်။
၎င်းသည် နတ်ဘုရားလက်သီးနည်းစနစ်အား အဆင့်မြင့် ကျွမ်းကျင် လာသည်နှင့် ဖြစ်ပေါ် လာသော လက္ခဏာ တစ်ရပ်ပင် ဖြစ်၏။
ကျန်းရဲအား မထိုးမိခင် အသက် တရှိုက်စာ အကွာ အဝေး အတွင်း ဖန်းဒေါင်းယူ၏ ညာလက်သီးသည် မီး တောက်များ ကဲ့သို့ အဝါရောင် ဖျော့ဖျော့ စွမ်းအင်များ တောက်ပ ဖုံးလွှမ်း သွားသည်။
သို့သော် ကျန်းရဲသည် ပြုံးလျက် သူ၏ညာလက်အား ဓါးတစ်လက် သဏ္ဍာန် လွဲယူလျက် ဖန်းဒေါင်းယူထံသို့ ကန့်လန့်ဖြတ် ခုတ်ချလိုက်၏။
'' ............... ''
လက်သီးနှင့် လက်ဝါးဇောင်း ထိခတ်မှုသည် သတ္တုနှစ်စ ပွတ်တိုက်မိ သကဲ့သို့ အသံများ ထွက်ပေါ် လာသည်။
" မင်းမှာ...ဒါ အကုန်ပဲလား"
ကျန်းရဲသည် နှာခေါင်းရှုံ့လျက် အထင် သေးစွာ ရေရွတ် လိုက်သည်။
ထိုရလာဒ်များကြောင့် ဖန်းဒေါင်းယူသည် အံ့အားသင့်စွာဖြင့် နောက်သို့ခုန်ဆုတ်လိုက်ပြီး ထပ်မံတိုက်ခိုက်ရန် အားယူလိုက်၏။
" သတ်......"
မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ် သွားခဲ့ပြီး ဖန်းဒေါင်းယူ၏ အရှိန် အဝါမှာ ထပ်မံမြင့်တက် လာသည်။
ထို့အတူ ကျန်းရဲသည်လည်း သူ၏ မျက်ခုံးနှစ်ခု ကြားတွင် ဓါးတစ်လက် အရှိန် အဝါအား စုစည်း လိုက်လေ၏။
'' ဝိုး........ ''
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖန်းဒေါင်းယူ၏ တိုက်ခိုက်မှုများအား ချေဖြတ် လိုက်ပြီးနောက်၊ ကျန်းရဲထံမှ ဖိအားသည် ကျက်သရေဆောင် ခန်းမ အတွင်းရှိ လေထု ကိုပင် လေးလံလာစေသည်။
နတ်ဘုရား လက်သီးအား အကန့်အသတ်သို့ တွန်းပို့လိုက်ကာ ရှောင်တိမ်း ရှောင်တိမ်း နေသော်လည်း ဖန်းဒေါင်းယူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ များဖြင့် ပြည့်နှက် လာလေသည်။
၎င်းသည် ဓါးကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများ ကဲ့သို့ ပြတ်ရှရာများ ဖြစ်ပေါ် နေခဲ့သည်။
တိုက်ပွဲပြင်းထန်လာသည်နှင့် သွေးများ ပိုမို ပြန့်ကျဲ လာကာ ဖန်းဒေါင်းယူ၏ မျက်နှာသည် ပျက်ယွင်း လာ၏။
အကယ်၍သာ သူသည် သေကွင်း သေကွက် များအား ကာကွယ်ရန် အစွမ်းကုန် မကြိုးစားခဲ့ ပါက ကြမ်းပြင်၌ လဲကျ နေမည်မှာ သံသယ ဖြစ်စရာ မရှိချေ။
မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ အတွင်း တပည့် များက ထိုမြင်ကွင်းအား ကြည့်လျက် ထိတ်လန့်သွားကြသည်။
ယခုအချိန်တွင် ကျန်းရဲက ဓားအသုံးပြုရန် အတွက် အဘယ့်ကြောင့် ငြင်းဆန်ခဲ့ သည်အား နားလည် သွားကြသည်။ ဓါးအသုံးပြုခြင်း၊ မပြုခြင်းသည် သူ့အတွက် ထူထွေသော အကြောင်းပြချက် မဟုတ်ခဲ့ပေ။
'' နတ်ဆိုးသတ်ဖြတ်ခြင်း နတ်ဘုရား ''
ဖန်းဒေါင်းယူသည် အောက်စည်း၌ လုံးလုံးလျားလျား နှိပ်ကွပ်ခံနေရသည်ကြောင့် သူ၏နောက်ဆုံးဝှက်ဖဲအား ထုတ်ဖော်ကာ ကစားပွဲကိုပြောင်းပြန်လှန်ရန် ကြိုးစား လိုက်လေသည်။
'' လောကကို ရှင်းလင်း ခုတ်ပိုင်းခြင်း ''
ကျန်းရဲသည် သူ၏လက်မောင်းအား ဆန့်ထုတ်လျက် ဖန်းဒေါင်းယူအား ထက်ပိုင်း ခုတ်ချ လိုက်သည်။
လက်ဝါးစောင်းသည် လက်သီးအား အရှိန်ဖြင့်ရိုက်နှက်ကာ ရှေ့သို့ဆက်လက် တိုးဝင်လာခဲ့ပြီး ဖန်းဒေါင်းယူ၏ ရင်ဘတ်ပေါ်သို့ ထိခတ်မိသော အခါတွင် အရိုးကွဲအက် အသံအချို့ ထွက်ပေါ်လာလေသည်။
ဖန်းဒေါင်းယူ မျက်နှာသည် ဖြူဖျော့လာခဲ့ပြီး၊ ပါးစပ်မှ သွေးများ အန်ကျလာခဲ့သည်။
" ငါသာ...ဓါးကိုသုံးခဲ့ရင် ... မင်းအခု သေနေပြီ "
တချိန်ထဲမှာပင် ကျန်းရဲက မြေပြင်ပေါ်တွင် လဲကျနေသည့် ဖန်းဒေါင်းယူအား ငုံ့ကြည့်လျက် လှောင်ပြောင်လိုက်၏။
ထိုစကားများသည် ဖန်းဒေါင်းယူ၏ ဒေါသကို ထိုးဆွခဲ့သော်လည်း ၎င်းသည် အမှန်တရားအားပင်ဖြစ်ကာ ပြန်လည်ချေပရန် နည်းလမ်း မရှိခဲ့ချေ။
'' နတ်ဆိုးသတ်ဖြတ်ခြင်းနတ်ဘုရား'' သိုင်းကွက်သည် ကျန်းရဲ၏ 'လောကကို ရှင်းလင်း ခုတ်ပိုင်းခြင်း' သိုင်းကွက်အောက်၌ ပြတ်သားစွာ ရှုံးနိမ့်သွားလေပြီ။
" စီနီယာအစ်ကို ဖန်း"
အတွင်းတပည့်နှစ်ဦးသည် အပြင်သို့ ပြေးထွက်လာပြီး ဖန်းဒေါင်းယူ၏ ဒဏ်ရာ များကို စစ်ဆေးလိုက်သည်။
'' လူငယ်သခင်၊ စီနီယာအစ်ကိုဖန်က အတွင်းအင်္ဂါတွေ ထိခိုက်ဒဏ်ရာရ သွားပြီ။ ''
ဘိုင်ယုဖန်က ထိုမြင်ကွင်းအား အကဲခတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလျက် စကားဆိုလိုက်သည်။
" ကျန်းမျိုးရိုးနဲ့ ကောင်လေး၊ မင်းနည်းနည်းတော့ ရက်စက်လွန်တယ်လို့ မထင်ဖူးလား ... "
၎င်းသည် ရေနွေးကြမ်းသောက်ပွဲ တစ်ခုသာ ဖြစ်သော်လည်း ကျန်းရဲသည် ဤမျှ ပြင်းထန်သော ဒဏ်ရာ များကို ရရှိ စေလိမ့် မည်ဟု ထင်မထားမိပေ။
ထိုဒဏ်ရာများသည် သုံးလခန့် အိပ်ယာထဲ လှဲနေရန် လုံလောက်ခဲ့လေ၏။
'' အစ်ကို ဘိုင်၊ လက်သီးတွေက မျက်လုံးမပါဖူး၊တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရ တယ်ဆို တာက မလွဲမသွေ ကြုံရမယ့် ရလာဒ် တစ်ခုပါ။ ကျန်းရဲက ဒါကို ရည်ရွယ်ချက် ရှိရှိ မလုပ် ဘူးလို့ ငါယုံကြည်တယ်၊ ဒါကြောင့် ကျေးဇူး ပြုပြီး စိတ်မဆိုးပါနဲ့၊ တောင်းပန် တဲ့အနေနဲ့ ငါက သွေးသန့်စင်ခြင်းဆေးလုံး တစ်လုံးကို ပေးလိုက်ပါမယ် ''
လျိုရှန်းက ဟန်ဆောင် တောင်းပန် လိုက်ကာ ပြုံးပြ လာသည်။
" မလိုပါဘူး..."
ဘိုင်ယုဖန်က ပြတ်သားစွာ ငြင်းလိုက်သည်။
"ဟားဟားဟား... အစ်ကိုဘိုင် က တကယ့်ကို သဘော ထားကြီး ပါပေတယ်၊ ဒီတပည့်က ဘယ်အဆင့်မှာ ရှိလဲလို့ ငါသိလို့ ရမလား။ ''
" ညီငယ်ဖန်း ရဲ့ပင်ကိုယ် စွမ်းရည်နဲ့ လေ့ကျင့်မှုက မဆိုးဖူး ဆိုပေမယ့် သူ့အဆင့်က နည်းနည်းတော့ နိမ့်ကျပါတယ် "
ဘိုင်ယုဖန်၏ ခံစားချက်သည် အတက်အကျ ဖြစ်နေခဲ့သော်လည်း ၎င်းကို မျက်နှာပေါ် ၌ မပြသခဲ့ပေ။
" အို...... ဟားဟားဟား မိုးပြာရောင် ကောင်းကင်ဂိုဏ်းက ဒီမိုးကောင်းကင် နိုင်ငံ တစ်နိုင်ငံ လုံးမှာ အသန်မာဆုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီပါပေတယ်၊ ... ”
“ ... နတ်ဘုရား လက်သီး သိုင်းနည်းစနစ်ကို အောင်အောင် မြင်မြင် ကျင့်ကြံ ထားနိုင် ခဲ့တဲ့၊ အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်မှာ ရှိတဲ့ တပည့် တစ်ယောက် ကတောင် နိမ့်ကျတဲ့ တပည့်တစ်ယောက်ဖြစ်နေတုန်းပါလား.. ”
လျိုရှန်း၏ ရယ်မောရေရွတ်သံနှင့်အတူ ကျန်းရဲသည်လည်း ဘိုင်ယုဖန်ထံသို့ စူးစူးရဲရဲ လှမ်းကြည့်လိုက်သည်။
" နိမ့်ကျတဲ့ အဆင့်လား။ ဒါဆို ငါနဲ့ရင်ဆိုင်ဖို့ ဆန္ဒရှိတဲ့ စီနီယာအစ်ကိုတစ်ယောက်ယောက် များရှိသလား ''
ကျန်းရဲသည် ချက်ချင်းပင် စိန်ခေါ်လိုက်ပြီး၊ ဘိုင်ယုဖန်နောက်၌ရပ်နေကြသည့် အတွင်း တပည့် များထံ ဒေါသဖြင့် ဝေ့ကြည့်လာ၏။
မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ အတွင်း တပည့် များမှာ တွန့်ဆုတ် သွားပြီး တိတ်ဆိတ်နေ ခဲ့ကြသည်။
ဖန်းဒေါင်းယူသည် နိမ့်ကျသည့် တပည့် တစ်ဦး မဟုတ်သည့် အပြင် အမာခံ တပည့် (၁၀)ဦး စာရင်းတွင် အဋ္ဌမ အဆင့်၌ ရပ်တည် နိုင်ခဲ့ သည်ကို သူတို့က သိနှင့်နေခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းရဲအား အနိုင်ယူလိုလျှင် ထိပ်ဆုံး သုံးယောက်မှ တစ်စုံ တစ်ယောက် သည်သာ တက်စွမ်း နိုင်ပေ လိမ့်မည်။
သို့သော် ထိုတစ်စုံတစ်ယောက်သည် ကျန်းရဲနှင့် လက်နက်မဲ့ ယှဉ်ပြိုင်ရန် မစွန့်စား ရဲခဲ့ပေ။ တနည်း အားဖြင့် ဆိုသော် ၎င်းသည် ရှုံးနိမ့်ရန် သေချာနေပေ၏။
အတွင်းတပည့်များရှေ့တွင် ရပ်နေသည့် လျိုရှန်း သည် နူတ်ခမ်းတွန့်ရုံ ပြုံးနေခဲ့ပြီး သူက အဘယ့်ကြောင့် လက်နက်မဲ့ တိုက်ခိုက်ရန် အကြံပြုခဲ့ သည်အား နားလည်သွားမိသည်။
" တစ်ယောက်မှ မရှိဘူးလား အစ်ကိုဘိုင်၊ ဒါဆိုလည်း ငါက မင်းနဲ့တိုက်ခိုက်ဖို့ အခု..... အရည် အချင်း မှီပြီလို့ မင်း.... ထင်လား။ "
ကျန်းရဲ၏ စိန်ခေါ်မှုသည် ဘိုင်ယုဖန်အား တိတ်ဆိတ် သွားစေခဲ့သည်။ ၎င်းသည် မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ လူငယ်သခင် တစ်ဦး ဖြစ်ကာ မီလျှံ ဓါးဂိုဏ်း၏ အမာခံ တပည့် တစ်ဦးနှင့် တိုက်ခိုက်ရန် သူ့ကိုယ်သူ မည်သို့ နှိမ့်ချနိုင် မည်နည်း။
ထိုတိုက်ပွဲသည် မိုးပြာ ရောင်ကောင်းကင် ဂိုဏ်း၏ ဂုဏ်သိက္ခာအား အကြီးအကျယ် ထိခိုက် သွားစေ လိမ့်မည်။
တစ်ချိန်တည်း မှာပင် လင်းယွန်သည် ကျန်းရဲ၏ ခွန်အား အပေါ်တွင် စတင် သုံးသပ်လာ မိကာ လက်နက်မဲ့ ယှဉ်ပြိုင် ခြင်း၌ အနိုင်ရ နိုင်ခြေအား တွက်ထုတ်လိုက်ပြီးနောက် သူ့ကိုယ်သူ ယုံကြည်မှု လျော့နည်း သွားလေသည်။
သို့သော်ယခုအချိန်တွင် ဘိုင်ယုဖန်သည် ပိတ်မိနေခဲ့ပြီး အကူအညီမဲ့နေခဲ့သည်ဖြစ်ရာ လင်းယွန်က လျစ်လျူရှုခြင်း မပြုနိုင်ခဲ့ပေ။
အကယ်၍သာ ကျန်းရဲအား ရင်ဆိုင်ရန် တွန့်ဆုတ်နေမိပါက ဂိုဏ်း၏ အတွင်း တပည့် ဆိုသည့် ဂုဏ်ပုဒ်ဖြင့် မည်သို့ရပ်တည် နေနိုင်ပေ မည်နည်း။
သို့သော်လင်းယွန်က ရှေ့ထွက်ရန် လှုပ်ရှား လိုက်သည့် အချိန်တွင် ရုတ်တရက် ကျက်သရေဆောင် ခန်းမ တံခါးသည် ဝုန်းခနဲ ပွင့်လာကာ လူတစ်ယောက် ဝင်ရောက် လာခဲ့ လေသည်။ ထိုသူကပင်....
" မိုးပြာရောင်ကောင်းကင်ဂိုဏ်း ရဲ့ ကျက်သရေဆောင် ခန်းမထဲမှာ ဘယ်သူက မောက်မာရဲတာလဲ "
ခြိမ်းခြောက် မေးမြန်းလိုက်သံနှင့်အတူ လွှမ်းမိုးနိုင်စွမ်းကြီမားသည့် အရှိန်အဝါအား ထုတ်ဖော်လျက် ဝင်ရောက်လာခဲ့လေ၏။
***