စိတ်က အပြောင်းအလဲ များတယ်။
Vol. 4 Ch. 51
'' ဟူဇီဖန်းက တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်လား ..... ''
" ညီငယ်ဟူ ...ဒီကို ဘာလာ လုပ်နေ တာလဲ..."
ဘိုင်ယုဖန် က လှည့်ကြည့် မေးမြန်း လိုက်သည်။
" တစ်ယောက်ယောက်က ငါ့ကို စိန်ခေါ် နေတယ်လို့ ကြားတယ်.... ''
ဟူဇီဖန်းက တည်ငြိမ်စွာရေရွတ်လျှက် ခန်းမအလယ်သို့ လျှောက်လာလေသည်။ ဟူဇီဖန်း ထွက်ပေါ် လာခြင်းသည် ဂိုဏ်း၏ အကြီးအကဲ များမှာ ကျက်သရေဆောင် ခန်းမအား စောင့်ကြည့် အကဲခတ် နေခဲ့ သည်ဟု ဆိုလို ပေသည်။
"ကောင်းပြီ၊ မင်းက.... အချိန်မီ ရောက်လာ တာပဲ၊ ငါမိတ်ဆက် ပေးမယ်၊ သူက မီးလျှံ ဓါးဂိုဏ်းရဲ့ အမာခံ တပည့် ကျန်းရဲပဲ ငါတို့ရဲ့ ဖန်းဒေါင်းယူကို လက်နက်မဲ့ ယှဉ်ပြိုင်ပြီး သိုင်းဆယ်ကွက် အတွင်း အနိုင်ယူ ခဲ့တယ်....."
လူငယ်သခင်သည် အပြုံးဖြင့် မိတ်ဆက်ကာ သတိ ပေးလိုက်၏။ သူက ဟူဇီဖန်းသည် ပြိုင်ဘက်အား အထင် သေးကာ မတော်တဆ အမှားမျိုး ဖြစ်လာ မည်ကို စိုးရိမ် နေခဲ့သည်။
'' မင်းက နိမ့်ကျတဲ့တပည့်တစ်ယောက်ကို အနိုင်ယူ နိုင်တာ နဲ့ပဲ၊ ငါတို့ရဲ့ လူငယ် သခင်ကို စိန်ခေါ်ဖို့ အဆင့် မှီပြီလို့ ထင်နေ တာလား၊ မီးလျှံ ဓါးဂိုဏ်းက ဘယ်တုန်း ကများ ဒီလောက်ထိ သန်မာ ခဲ့လို့လဲ.... ဟမ် "
အထင်သေး အောက်ငေါက်သံ နှင့်အတူ ဟူဇီဖန်းက ရယ်မော လိုက်သည်။
မီးလျှံဓားဂိုဏ်းတပည့်များသည် ဟူဇီဖန်း စကားကြောင့် အလိုမကျ ဟန်ဖြင့် မျက်မှောင်ကြုတ် ကြည့်လာ ကြသည်။
ထို့အပြင် ကျန်းရဲသည် အံကြိတ် လိုက်ကာ သွားကြား ထဲမှ တိုးထွက် လာသည့် လေသံဖြင့်၊
'' ဒါဆို မင်းရဲ့ အဆင့်ကရော "
"ငါလား... ငါ့ရဲ့အဆင့်ကို ထုတ်ပြော ရလောက်အောင် မင်းက အဆင့် မမှီ သေးဖူး၊ သေချာ တာကတော့ မင်းကို အနိုင် ယူဖို့ လုံလောက် ပါတယ်။ ''
ကျက်သရေဆောင် ခန်းမကြီး၏ လေထုသည် အန္တရာယ် အငွေ့အသက်များ ပြင်းထန် လာသည်။
မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အတွင်း တပည့် များသည် ဟူဇီဖန်း၏ မောက်မာမှုအား မြင်လိုက် ရသည်နှင့် သက်ပြင်း ချလျက် စိုးထိတ်သွား ကြသည်။
၎င်းသည် လောင်းကြေးကြီးသည့် ကစားပွဲ တစ်ပွဲ ဖြစ်ပြီး ထိုစကား များကြောင့် ဆုံးနိမ့် မှုများ ထပ်မံ ကြုံရ ပါက လုံးဝ အရှက် ရပေ လိမ့်မည်။
'' ညီငယ်လေးဟူ ဒီကအစ်ကိုလျိုနဲ့ ငါက ဒီတိုက်ပွဲ အတွက် စည်းမျဉ်း အချို့ကို သဘော တူပြီး ပါပြီ၊ သိုင်းကွက် ဆယ်ကွက် အတွင်း အနိုင်အရှုံး ဆုံးဖြတ်မယ်၊ '
"ဆယ်ကွက်လား ...ဒါက အရမ်းများ လွန်းတယ်၊ ဘယ်သူက ပိုသန် မာလဲ ဆိုတာ သိဖို့ အတွက် နဲ့တော့ ဆယ်ကွက်ထိ ယှဉ်ပြိုင် နေစရာ မလိုပါဖူး၊ တစ်ကွက်ဆို လုံလောက် ပါပြီ။ ''
ဘိုင်ယုဖန် စကားအား ဟူဇီဖန်းက လက်ညိုး တစ်ချောင်း ထောင်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
" ကောင်းတယ် .... ကောင်းတယ်......"
ကျန်းရဲ သည်လည်း စိတ်လှုပ်ရှား စွာဖြင့် ခေါင်းညိတ် လက်ခံ လိုက်၏။
"ဒါဆိုလည်း သိုင်းတစ်ကွက်လောက် ကြည့်ကြ ရအောင် "
လျိုရှန်းက ကောက်ကျစ်သော အပြုံးဖြင့် အတည် ပြုလိုက် လေသည်။
သူတို့ လေးယောက် သဘော တူညီချက် ရသည်နှင့် ကျန်းရဲက သူ၏ အရှိန် အဝါအား စတင် ထုတ်လွှတ် လိုက်သည်။
ယခုအကြိမ်တွင် ထိုအရှိန်အဝါသည် ကျက်သရေဆောင် ခန်းမအား ဖြတ်လျက် တစ်ဟုန်ထိုး မြင့်တက် သွားခဲ့ လေပြီ။
တစ်ချိန်ထဲမှာပင် ဟူဇီဖန်း သည်လည်း သူ၏ အရှိန် အဝါအား ထုတ်လွှတ် လိုက်ရာ ကျက်သရေဆောင် ခန်းမ အတွင်းရှိ အပူချိန်သည် အလွန် ပြင်းထန်စွာ မြင့်တက် သွား၏။
၎င်းသည် မီးလျှံများ ကဲ့သို့ ခန္ဓာကိုယ် အတွင်းမှ တရှိန်ရှိန် တိုးထွက် လာကာ၊ ကျန်းရဲ၏ အရှိန် အဝါအား ချိုးဖြတ်လိုက် လေသည်။
ကျန်းရဲက သူ၏ လှုပ်ရှားမှုအား ပထမ ဦးစွာ စတင် ထုတ်ဖော် လိုက်သည်။
" အရိပ်သုံးပါး"
လှုပ်ရှားလိုက်သည်နှင့် ပူလောင်ပြင်းရှသော ဓားတစ်လက်သည် လေဟာနယ် ထဲတွင် ဝိုးတဝါး အသွင် ထွက်ပေါ် လာခဲ့ ပြီးနောက် ကျန်းရဲ၏ ပုံရိပ်မှာ မျက်စိ တစ်မှိတ် အတွင်း ပျောက်ကွယ် သွားသည်။
''.............''
ထို့နောက်တွင် ကျန်းရဲ သုံးယောက်သည် ရုတ်တရက် ပြန်လည် ထွက်ပေါ် လာခဲ့ပြီး ကြောက်စရာ ကောင်းသည့် ဓါးအလင်းအား ထုတ်ဖော်လျက် ဟူဇီဖန်း ထံသို့ တိုးဝင် ခုတ်ချ လိုက်၏။
ပထမကျန်းရဲသည် ဟူဇီဖန်း၏ ဝမ်းဗိုက်ထံ ရည်ရွယ် လိုက်ပြီး၊ ဒုတိယ ကျန်းရဲသည် လည်ပင်းအား လှီးဖြတ် လိုက်သည်၊ တတိယ ကျန်းရဲသည် ဟူဇီဖန်း၏ အောက်ပိုင်းကို တိုက်ခိုက် လိုက်ပြီး ထိုသုံးယောက် လုံးမှာ လျင်မြန်သော အရှိန်ဖြင့် တိုးဝင်လာသည်။
ထိုမြင်ကွင်းကို ကြည့်နေခဲ့သည့် လျိုရှန်းသည် ကျေကျေ နပ်နပ် ပြုံးရယ် လိုက်သည်။
မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် သူတို့၏ မောက်မာ မှုများ အတွက် အကျ နာမည့် အချိန်သို့ ရောက်ပေ တော့မည်။
လက်နက်မဲ့ တိုက်ပွဲ များတွင် ကျန်းရဲ၏ အရိပ် သုံးပါး သိုင်းကွက်အား မည်သူမျှ ခုခံနိုင်ရန် မဖြစ် နိုင်ပေ။
၎င်းသည် ရှန်ရှင်းသိုင်းနည်းစနစ် တစ်ခု ထက်ပင် များစွာ အန္တရာယ် ကြီးလှ ပေသည်။ ကျန်းရဲနှင့် လက်နက်မဲ့ တိုက်ခိုက်ရန် ရွေးချယ် ခဲ့ခြင်းသည် ဟူဇီဖန်း၏ ကံကောင်းမှု တစ်ခုပင်။
" ထွက်သွားစမ်း.... "
သို့သော် ၎င်းအခြေအနေများကြားမှ ထီမထင်ဟန်ဖြင့် အော်ငေါက်မောင်း ထုတ်သံ တစ်သံ ထွက်ပေါ် လာကာ စွမ်းအား တစ်ခုသည် ပေါက်ကွဲ ထွက်လာ လေသည်။
ဟူဇီဖန်း၏ခန္ဓာကိုယ်မှ အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့် နှောင်းပိုင်း အရှိန်အဝါ နှင့်အတူ မီးတောက်များ သိုင်းခြုံ ထိုးတက် သွားသည်။
လက်ဖျံတစ်လျှောက် ချော်ရည်ပူများဆူပွက်နေသကဲ့သို့ အပူ စွမ်းအင်များ စိမ့်ထွက် လာခဲ့ ပြီးနောက် လက်ဖဝါးပြင် တစ်ခုလုံးတွင် အနီရောင်များ တောက်ပ သွားခဲ့လေသည်။
'' နေမင်းရဲ့ဒေါသမီးလျှံ လက်ဝါး ''
အော်ဟစ်ကြုံးဝါးသံနှင့်အတူ ခွန်အား အကုန် ထုတ်ဖော်လျက် လက်ဝါး တစ်ချက် ရိုက်ထုတ် လိုက်သည်။
ထိုလက်ဖဝါး၏ လားရာသည် ကျန်းရဲ သုံးယောက်ထံ ဦးတည် နေခဲ့ပြီး ၎င်းသည် အနီရောင် မီးတောက် သုံးစ အဖြစ် ပြောင်းလဲ တိုးဝင်သွား၏။ ထိုမီးဘောလုံးတွင် ယင်-ယန် စွမ်းအင်များ သိပ်သည်းစွာ ပေါင်းစပ် နေခဲ့သည်။
'' .................. ''
တောက်ပသောပေါက်ကွဲမှုနှင့်အတူ ကျန်းရဲ သုံးယောက်သည် တစ်ယောက်ထဲ အဖြစ် ပေါင်းစပ် သွားပြီး ခန်းမအား ဖြတ်လျက် လွင့်စင် ထွက်သွားကာ ဆံပင်များ မီးလောင် ကျွမ်းမှုကြောင့် ညှော်နံ့များ ထွက်ပေါ် လာလေသည်။
တစ်ဘက်တွင် အံ့သြစရာ ကောင်းလှစွာ ဟူဇီဖန်းသည် ဆယ်မီတာ အကွာထိ ဆုတ်ခွာ ပေးခဲ့ရပြီး တည်ငြိမ် အောင်ထိန်း နိုင်ခဲ့၏။ သူ့နူတ် ခမ်းမှ သွေးစ အနည်းငယ် စီးကျ လာ၏။
“ ရှန်းရှင်း နည်းစနစ် ”
မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အတွင်း တပည့် များသည် သူတို့ မြင်ခဲ့သည့် မြင်ကွင်းအား မယုံနိုင် ခဲ့ပေ။
"အံ့သြစရာ ကောင်းလိုက်တာ ညီငယ် ဟူက ရှန်ရှင်း နည်းစနစ်ကို နားလည် ခဲ့တာပဲ၊ ဂုဏ်ယူ ပါတယ်... ညီငယ်ဟူ။ ''
ဘိုင်ယုဖန်က ဝမ်းသာ အားရ ရေရွတ် လိုက်သည်။
တချိန်ထဲ မှာပင် ဟူဇီဖန်းက ခန္ဓာကိုယ် အတွင်းမှ စီးဆင်းနေသော သွေးများကို ထိန်းညှိရန် ခဏအကြာ ငြိမ်သက် နေခဲ့ ပြီးနောက် .....
'' မှန်တယ် ဒါက ရှန်ရှင်းအဆင့် ခုခံ ကာကွယ်ရေး နည်းစနစ် တစ်ခုပါ၊ တစ်စုံ တစ်ယောက်က လုပ်နိုင်မှတော့၊ ငါဟူဇီဖန်း ကလည်း ချွင်းချက် မရှိပဲ....''
အတွင်း တပည့် များမှာ ဟူဇီဖန်း၏ စကား များကြောင့် လင်းယွန် ထံသို့ အကြည့် များအား ပို့လွှတ် လိုက်ကြသည်။
ဟူဇီဖန်းက သူသည်သာ မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ စစ်မှန်သော ပါရမီရှင် ဖြစ်ကြောင်း ကြေငြာ လိုက်သည်မှာ ရှင်းလင်း လှပေ၏။
လင်းယွန်က ထိုစကား များအား ဒေါသ အရိပ် အယောင်ပင် မပြသပဲ ပြုံးနေခဲ့သည်။
[ လူပျက်တွေ.... ]
အမှန်တော့ သူ့နှလုံးသားထဲတွင် ကျယ်လောင်သော ရယ်မော သံများဖြင့် ပြည့်နှက် နေခဲ့သည်။ နှင်းဆီ ဓါးချက်အား ကြည့်ကာ ဟူဇီဖန်းမှာ ရှန်ရှင်း နည်းစနစ်အား အစပျိုး နိုင်ခဲ့ ပုံရ၏။
သို့သော် ၎င်းသည် 'နေမင်းရဲ့ ဒေါသ မီးလျှံ လက်ဝါး' အား ထုတ်ဖော် နိုင်ယုံသာ ရှိပြီး အမိ အရ ဆုပ်ကိုင် ထားနိုင်ခြင်း မရှိသေးချေ။ ကံကောင်းခဲ့ သည်မှာ ပေါက်ကွဲမှုကြောင့် ထင်ရှားသော အနိုင်ကို ရရှိ ခဲ့ခြင်းပင် ဖြစ်လေသည်။
တနည်းအားဖြင့် ဆိုသော် ဟူဇီဖန်း၏ ရှန်ရှင်း နည်းစနစ်မှာ အနှစ်သာရမပါသည့် ဟန်ပြ ကြွားလုံး တစ်ခုသာ ဖြစ်ပေသည်။
ထိုသိုင်းကွက်၌ ကျန်းရဲအား သတ်နိုင်ရန် လုံလောက်သည့် နားလည် ထားမှု မပါ ရှိပေ။
ထို့ကြောင့် လင်းယွန်၏ အပြုံးသည် သက်တောင့် သက်သာ ဖြစ်နေ ခဲ့လျက် မျက်ဝန်း၌ အမှိုက် တစ်အုပ်အား လှောင်ရယ် ရယ်နေ မိလေ၏။
ရုတ်တရက် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အောင်ပွဲခံ နေသည့် မြင်ကွင်းကို လျိုရှန်းက ဝင်နှောက်ယှက် လိုက်သည်။
" ဒါဆို အစ်ကို ဘိုင်ကို ဖိတ်ခေါ်ဖို့ ငါကိုယ် တိုင်ပဲ လုပ်ရ လိမ့်မယ်။ "
ဤခရီးစဉ် တစ်ခုလုံးသည် ပါရမီရှင် ဘိုင်ယုဖန်၏ လက်ရှိ ခွန်အားကို တိုင်းတာရန် ဖြစ်ကာ ၎င်းသည် လွန်ခဲ့သော နှစ်လက လျူယွန်ဖေး ထံ၌ သိုင်းကွက် ဆယ်ကွက် အတွင်း ရှုံးနိမ် ခဲ့သည် ဆိုသော သတင်းအား အတည် ပြုရန် ဖြစ်ပေသည်။
မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ အတွင်း တပည့် များမှာ စိုးရိမ် စိတ်များ လွှမ်းမိုးသွား၏။
ဘိုင်ယုဖန်မှာ ပါရမီရှင် လေးပါးတွင် ပါရှိနေ သော်လည်း မကြာသေးခင် ကပင် ပါရမီရှင် လျူယွန်ဖေးအား ရှုံးနိမ့်ထား ခဲ့ရာ ယခုအကြိမ် ယှဉ်ပြိုင်မှုသည် ဂိုဏ်း၏ အနာဂါတ် အတွက် များစွာ အရေးပါပေသည်။
ထိုစိုးရိမ်မှု များအား လျစ်လျူရှုလျက် ဘိုင်ယုဖန်က ပြုံးလိုက် လေသည်။
'' ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ အစ်ကိုလျို ''
တိုက်ပွဲစလျှင်စခြင်း လျိုရှန်းက အရှိန် ပြင်းပြင်းဖြင့် ဘိုင်ယုဖန်၏ ခုခံမှု များကို ချိုးဖြတ် ဝင်ရောက် တိုက်ခိုက် လိုက်သည်။
'' ............... ''
၎င်း၏ အမြန်နှုန်းမှာ အတွင်းတပည့်များ အတွက် နားလည် နိုင်စွမ်းထက် ကျော်လွန် နေခဲ့သည်။
အမာခံ တပည့် တစ်ဦးသည် လက်သီး တစ်ချက် ထိုးရန် အချိန်ယူ ထုတ်ဖော် နေချိန်၌ ပါရမီရှင် များမှာ ဆယ်ချက် အထိ ထုတ်ဖော် တိုက်ခိုက် နေနှင့်ပေပြီ။
ကြည့်ရှု သူများ အနက် လင်းယွန်သည်သာ ထိုတိုက်ခိုက်မှု များကို ရှင်းလင်းစွာ တွေ့မြင် နေရပြီး တိုက်ခိုက်မှု တိုင်းအား အသေးစိတ် စူးစိုက် ကြည့်ရှု နေမိသည်။
မိုးကောင်းကင် နိုင်ငံ၏ ပါရမီရှင် လေးပါးမှာ လုံးဝ ကွဲပြားခြား နားသော အဆင့်တွင် ရှိနေကြကာ၊ ၎င်းတို့ကြား တိုက်ပွဲသည် လင်းယွန် အတွက် သင်ယူ စရာ များစွာ ရရှိခဲ့သည်။
လင်းယွန်က လှုပ်ရှားမှုတစ်ခုစီအား အာရုံ စိုက်လျက် မသိမသာ ခေါင်းညိမ့် ပြလိုက်သည်။ ထိုအချိန် မှသာ သူသည် နှစ်လတာ ကာလ အတွင်း တိုးတက်မှု မည်မျှ ရှိခဲ့သည်ကို သဘော ပေါက်လိုက် မိ၏။
ရေဖြူမြို့မှ တိုက်ပွဲတွင် ပါရမီရှင်များနှင့် လင်းယွန်အကြား ခွန်အားကွာဟမှုမှာ သူ့ ယုံကြည် မှုအား ပျက်စီး စေခဲ့သည်။ သို့သော် ယခု သူသည် ထိုတိုက်ပွဲ မျိုးအား ရှင်းလင်းစွာ လိုက်ပါ တွေ့မြင် နေခဲ့ရလေသည်။
ထိုထက်ဆိုရလျှင် လှုပ်ရှားမှုများ ထိပ်တိုက် မတွေ့ဆုံရခင်၌ပင် လင်းယွန်က ရလာဒ်အား ကြိုတင်အကဲဖြတ်နိုင်ခဲ့သည်။
လင်းယွန်၏ စိတ်ဝိညာဉ်သည် တိုက်ပွဲအတွင်းသို့ဝင်ရောက် သွားခဲ့ပြီး၊ ၎င်းသည် သတိမထား မိခင် အချိန်မှာပင် ပါရမီရှင် လေးယောက်အား သူနှင့် အတူ တစ်တန်းထဲ ရှုမြင် လာမိ လေ၏။
လင်းယွန်၏ အမြင်တွင် ထိုတိုက်ပွဲ အတွင်းရှိ လျှို့ဝှက် ဆန်းကြယ်မှု များမှာ ပျောက်ကွယ် သွားခဲ့ လေပြီ။
'' .............. ''
ရုတ်တရက် လျိုရှန်းသည် လေပွေတစ်ခု နှင့်အတူ နောက်သို့ ဆုတ်ခွာ သွားပြီး ထိုင်ခုံသို့ ပြန်ထိုင် ချလိုက်သည်။ ပြီးနောက် ရေနွေးတစ်ငုံ မောသောက် လိုက်ကာ၊...
'' ကောလဟာလတွေက မယုံနိုင်စရာဘဲ အစ်ကိုဘိုင် မင်းရဲ့ ခွန်အားက မကျဆင်း သွားပါဘူး၊ "
ရွေ့လျားမှုတစ်ရာကျော်အထိ လျိုရှန်းသည် အခွင့်အရေး တစ်ကြိမ်မျှ မရခဲ့ပေ။ ဘိုင်ယုဖန်မှာ ခွန်အားကို ပြသလျက် သူ၏ ဂုဏ်သတင်းအား ပြန်လည်ရယူနိုင် ခဲ့သည်။
"မင်းက...အရမ်း ချီးကျူး လွန်းနေ ပါပြီ "
ဘိုင်ယုဖန်က အမူအရာ မပြောင်း လဲပဲ တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။
" လွန်ခဲ့တဲ့သုံးနှစ်က မင်းတို့ရဲ့ဂိုဏ်းက ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို ပြန်ရဖို့ ဆုစီယာ အပေါ် အားကိုးခဲ့ရတယ်၊ တစ်ချိန် တည်းမှာပဲ မိုးကောင်းကင် နိုင်ငံရဲ့ အသန် မာဆုံး နေရာ ကိုလည်း ရယူ နိုင်ခဲ့တယ် မဟုတ်လား၊ ... ”
“ ... ပြီးတော့ ဆုစီယာရဲ့ ဓားချက်အောက်မှာ ငါက အခွင့်အရေး တစ်ကြိမ်တောင် မရခဲ့ဖူး၊ အခု သူဘယ်မှာလဲ ဘိုင်ယုဖန်...”
လျိုရှန်းက ခန်းမထဲ လှည့်ပတ် အကဲခတ်ကာ မေးမြန်း လိုက်သည်ကြောင့် မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အတွင်း တပည့်များ သည်လည်း ရုတ်တရက် စူးစမ်း လိုစိတ်များ ဖြစ်ပေါ် လာလျက် တစ်ယောက်နှင့် တစ်ယောက် အပြန်ပြန် အလှန်လှန် ကြည့်ရှုလိုက် ကြသည်။
ဘိုင်ယုဖန်၏ နှလုံးသားမှာ၊ စတင်တုန်ခါ လာကာ၊ ၎င်းသည် သူစိုးရိမ် နေမိသော မေးခွန်း ဖြစ်ပေ၏။
'' စိတ်မကောင်းပါဖူး အစ်ကိုလျို၊ ငါ့ရဲ့ စီနီယာ အစ်မက အမြင် ကျယ်ကျယ် ကြည့်ဖို့ ခရီး ထွက်သွားတယ်၊ ''
"အိုး... ငါနားလည်ပြီ ... ဒါဆို ငါတို့ လဝက်အတွင်း ရေဖြူမြို့မှာ ပြန်တွေ့ကြမယ်၊ ခုတော့ ခွင့်ပြုပါဦး။ ''
မီးလျှံဓါးဂိုဏ်းမှ တပည့်များ ထွက်ခွာ မသွားမီ ကျန်းရဲက ဟူဇီဖန်းအား တစ်ချက် ကြည့်လိုက် လေသည်။ သူတို့၏ တိုက်ပွဲမှာ အဆုံးသတ်တစ်ခု မဟုတ်နိုင်ပေ။
***