တော်ဝင်လက်နက်။
Vol. 4 Ch. 52
ဟူဇီဖန်းက ကျန်းရဲ၏ နောက်ကျောကို ငေးကြည့် ငြိမ်သက် နေခဲ့သည်။
" ရှန်ရှင်းသိုင်းနည်းစနစ်ကို လေ့ကျင့် နိုင်ခဲ့တဲ့ အတွက် ညီငယ်ဟူကို ဂုဏ်ယူပါတယ်။ "
'' ဝိုး.... စီနီယာအစ်ကိုဟူ ''
'' ဝိုး.... စီနီယာအစ်ကိုဟူ ''
" မင်းသာမရှိရင် မီးလျှံ ဓါးဂိုဏ်းကို ဘယ်သူမှ အနိုင်ယူ နိုင်မှာ မဟုတ်တာ သေချာတယ်...''
ထိုင်ခုံပေါ်တွင်ထိုင်နေသော ဘိုင်ယုဖန်က ထိုမြင်ကွင်းအား ကြည့်ကာ သက်ပြင်းချ လိုက်၏။ ထို့နောက်တွင် သူ့မျက်လုံးများအား ဝေ့ကြည့် လိုက်ရာ လူအုပ် ကြားတွင် ငြိမ်သက် စွာရပ် နေခဲ့သည့် လင်းယွန်အား တွေ့လိုက် ရသည်။
''လင်းယွန် မင်းရဲ့ ဒဏ်ရာတွေ သက်သာ ရဲ့လား ''
'' ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် လူငယ်သခင်။ ငါအခု အဆင်ပြေပါတယ်။ ''
ဘိုင်ယုဖန်က ခေါင်းညိတ်လျှက် ခဏကြာ စဉ်းစား လိုက်ပြီးနောက်......၊
" မီးလျှံဓားဂိုဏ်းရဲ့ ခွန်အားကို မင်းဘယ်လိုမြင်လဲ။ "
" ငါ ဘာမှ မမြင်နိုင်ပါဘူး၊ ဒါပေမယ့် ကျန်းရဲကတော့ သူ့ခွန်အားအစစ်အမှန် ဟုတ်ပုံမရဖူး၊ ဝှက်ဖဲအချို့ ရှိနေဦးမယ် ...''
ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ဘိုင်ယုဖန်၏ မျက်လုံး များမှာ တောက်ပ လာလျက် လင်းယွန်အား ပုခုံးဖက်လိုက်ကာ....၊
"မင်းရဲ့ အမြင်တွေက စူးရှပါပေတယ်။ ''
ထို့နောက် ဘိုင်ယုဖန်က ဟူဇီဖန်းထံ လှည့်ကြည့် လိုက်ပြီး၊
'' ညီငယ်ဟူ၊ မင်းရဲ့ လုပ်ဆောင်မှုက ငါတို့ဂိုဏ်းကို ဂုဏ်မြင့်စေခဲ့တယ်၊ အဲဒီအတွက် ဆုလာဘ်အဖြစ် ဘာလိုချင်လဲ။ ''
ဟူဇီဖန်းက လူအုပ်ကိုဖြတ်ကာ လမ်းလျှောက် လာခဲ့ပြီး ဘိုင်ယုဖန် ရှေ့တွင် ရပ်လျက်၊
" အလယ်အလတ် ဝိညာဉ်ကျောက် တုံး (၅)လုံးနဲ့ နှလုံးအားဖြည့်ဆေးတစ်လုံး လိုချင်တယ်"
-ဟု တောင်းဆိုလိုက်၏။
လူအုပ်ကြီးမှာ ဟူဇီဖန်း၏ တောင်းဆိုမှု များကြောင့် အံ့အား သင့်သွား ကြသည်။ အလယ် အလတ် ဝိညာဉ် ကျောက်တုံး (၅)လုံးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး (၅၀၀၀)နှင့်ညီမျှပေ၏။
ထို့ပြင် နှလုံးအားဖြည့်ဆေးလုံးသည်လည်း မြင့်မားသည့်တန်ဖိုးဖြစ်ကာ ၎င်းဆေးလုံးသည် ဂုဏ်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များအတွက် ဆုလာဘ်အဖြစ် ပေးအပ်သည့် ရှားပါးဆေးလုံး များသာ ဖြစ်လေသည်။
သို့သော် တည်ငြိမ်သော အမူအရာဖြင့် ဘိုင်ယုဖန်က ခေါင်းညိတ်ပြုံးပြကာ၊
" ဒါက ထိုက်တန်တဲ့တောင်းဆိုမှုပါပဲ။ စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှာ သုံးရက် အတွင်း မင်းရဲ့ဆုလာဘ်တွေကို ရယူ နိုင်ပါတယ်။
"ကျေးဇူးပါ လူငယ်သခင် ''
ဟူဇီဖန်းက ဘိုင်ယုဖန်ဘေး၌ ငြိမ်သက်စွာ ရပ်နေသည့် လင်းယွန်ပေါ်သို့ မနှစ်မြို့စွာ စူးစိုက်ကြည့် လိုက်ပြီး၊
'' မင်း.. ရှိနေခဲ့တာလား၊ ငါက မင်း မရှိ ဖူးတောင် ထင်နေတာ... "
ဟု ဆိုလိုက်၏။ ထိုစကားသံကြောင့် လူအုပ်ကြီးမှာ လင်းယွန်ထံသို့ စုပြုံ အာရုံ ရောက်သွားကြ၏။
" ဟုတ်တယ်..လင်းယွန်၊ မင်းက မာထျန်းရီနဲ့ ရင်ဆိုင်ဖို့ကြ ရဲရင့်ခဲ့ပြီး၊ ပြင်ပ ရန်သူကိုကြတော့ ကြောက်ရွံ့နေခဲ့တာပဲ၊ ကျန်းရဲကို မနိုင်ရင်တောင် အနည်းဆုံးတော့ ထွက်ပြီး၊ ရင်ဆိုင်သင့်တယ်မလား "
"ဟားဟားဟား။ ကြက်မတစ်ကောင်ပါပဲ... အားနည်းသူကို အနိုင်ကျင့်ပြီးအားကြီးသူကို ကြောက်ရွံ့နေတာက ဂိုဏ်းရဲ့သိက္ခာ ကျတယ်ဟေ့ ''
"အဲဒီနေ့က စင်မြင့်ထက်မှာ မာထျန်းရီကို အကြီးအကျယ် ဒဏ်ရာရစေခဲ့တယ် မဟုတ်လား၊ ငါ့အထင် ဒါက သူ့ရဲ့ အကန့် အသတ် ဖြစ်ခဲ့ပုံပဲ၊ သူက ရှန်ရှင်း နည်းစနစ် တစ်ခုကို လုံးလုံး လျားလျား ဆုပ်ကိုင် ထားနိုင် လိမ့်မယ်လို့ ငါမထင်ဘူး"
လူအုပ်ကြီး၏ လှောင်ပြောင်မှုများအား နားထောင်ကာ၊ ဟူဇီဖန်းက နူတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
လွန်ခဲ့သော ရက်ပိုင်းအတွင်၌ ဓါးကျွန် တစ်ယောက်သည် သူ၏ ဂုဏ်သတင်းအား ပြောင်ပြောင် တင်းတင်း ခိုးယူ သွားခဲ့သည် ဖြစ်ရာ ထိုအရာအားပြန်လည်ရယူရန် အချိန်ကျ လာပြီ မဟုတ်ပါလော။
ထိုအခြေအနေအား ဘိုင်ယုဖန်က ခေါင်းရမ်းလျက် ဝင်ရောက် ထိန်းသိမ်း လိုက်လေသည်။
" လင်းယွန်နဲ့ ပါတ်သတ်ပြီး ဝေဖန်တာ တွေကို တိတ်လိုက်ပါ၊ သူက ဒဏ်ရာ ရနေ တုန်းပဲ၊ အတွေ့အကြုံ တစ်ခု ရဖို့သာ ငါက ..ခေါ်ထား ခဲ့တာ။ ကဲ... ဒီခေါင်းစဉ်ကို မေ့လိုက် ကြစို့။ ငါ ... ဖန်းဒေါင်းယူရဲ့ ဒဏ်ရာကို သွားကြည့်ရ ဦးမယ် "
" လူငယ်သခင်၊ ငါတို့ မင်းနဲ့အတူ လိုက်ခဲ့ ပါမယ်"
ကျက်သရေခန်းမအတွင်းရှိ လူအုပ်ကြီးသည် လျင်မြန်စွာ ရွေလျား ပျောက်ကွယ်သွားပြီး၊ ခန်းမအတွင်း၌ လင်းယွန်တစ်ယောက်သာ ရပ်လျက် ကျန်ရစ်ခဲ့လေသည်။
သူ့မျက်နှာတွင် ခါးသီးသော အပြုံး အချို့နှင့်အတူ ခေါင်းခါ ရမ်းလျက် သစ်သားတဲ ထံသို့ ဦးတည် လိုက်၏။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းတွင် မည်မျှပင် ကြိုးစားစေကာမူ တစ်ပါးသူ အမြင်၌ အမြဲတမ်း နိမ့်ကျသည့် ဓားကျွန် တစ်ယောက်သာ ဖြစ်နေ ပေမည်။
အတွင်းတပည့်များ အတွက်မူ ၎င်းတို့၏ ဓါးကို ထိန်းသိမ်း ပေးခဲ့ ဖူးသော ကျွန် တစ်ယောက်အား သူတို့ ကြား၌ နေရာပေးရန် ငြင်းဆန် နေကြဆဲပင် မဟုတ်ပါလော။
မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ ကြီးမားခဲ့သော်လည်း၊ ဤနေရာတွင် သူ့အတွက် နေရာတစ်နေရာပင် မရှိပေ။
သစ်သားတဲသို့ ပြန်လာပြီးနောက် လင်းယွန်က ပန်းအိုးတစ်အိုးထဲတွင် တုံဟူထံမှ လက်ဆောင်ရလာသော 'အဖြူရောင်ပန်းရိုင်း' အစေ့များအား ထိုးစိုက်လိုက်သည်။
'အဖြူရောင်ပန်းရိုင်း'အစေ့များသည် ကြီးထွားရန် အချိန်အချို့ လိုအပ်ခဲ့သော်လည်း လင်းယွန်က ၎င်းအတွက် စောင့်စိုင်းရန်ဆန္ဒမရှိသောကြောင့် စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်အား လေ့ကျင်ရန်ပြင်ဆင်လိုက်၏။
''စိတ်ဝိညာဉ်စုစည်းခြင်းနည်းစနစ်''
စိတ်ဝိညာဉ်စုစည်းခြင်း နည်းစနစ်သည် စိတ်ဝိညာဉ်အား သန့်စင်ပေးသည့် နည်းစနစ်ဖြစ်ကာ ဆေးပညာရှင်များအတွက် အခြေခံကျင့်စဉ် တစ်ခုဖြစ်လေသည်။
ဥပမာအားဖြင့် ဆိုရသော် ဆေးလုံး သန့်စင် ချိန်တွင် မြောက်များစွာသော ဝိညာဉ်စွမ်းအင် များအား ထုတ်ယူ သုံးစွဲ ရသည်ဖြစ်ရာ သန့်စင်သော ဝိညာဉ် စွမ်းအင် များကို ပိုင်ဆိုင် ထားရန် လိုအပ်ပေမည်။
ထို့ပြင် ဝိညာဉ်ဆေးပင်များ ပြုစုပျိုးထောင်ရာတွင်လည်း ၎င်းမှာ အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပေ၏။
တစ်စုံတစ်ယောက်သည် ဆေးလုံးများ သန့်စင်နေချိန်တွင် ဝိညာဉ်ဆေးပင်များအား ရှင်သန် ကြီးထွား လာစေရန် အာရုံမစိုက်နိုင်ပေ။
ထိုဝိညာဉ်ဆေးပင်များ ကြီးထွားရန် အချိန်များစွာ ယူရပေရာ ၎င်းလုပ်ငန်းစဉ် များအား ဆေးအလုပ်သင်များ ထံသို့ လွှဲအပ် ထားရ လေ၏။
ဆေးတာအို လမ်းကြောင်းတွင် လျှောက်လှမ်းရန် ဆုံးဖြတ်မည်ဆိုပါက ဆေးအလုပ် သင်ဖြင့် စတင်ရပေမည်။
ဆေးအလုပ်သင်များမှာ အများအားဖြင့် ဝိညာဉ်ဆေးပင် များအား လျင်မြန်စွာ ကြီးထွား စေရန် တာဝန်ယူပေးရလေသည်။
ထိုသို့ ပြုစုရာတွင် ဝိညာဉ်စွမ်းအင် အချို့အား အပင်များ ထံသို့ သွန်းလောင်းပေးခြင်း သည်လည်း အပါအဝင် ဖြစ်ပေ၏။
ဥပမာအားဖြင့် ဝိညာဉ်ဆေးပင်တစ်ပင်၏ ရင့်မှည့်ချိန်မှာ နှစ် (၁၀၀)ဆိုပါက ဆေးပညာရှင် တစ်ယောက်သည် သူ့သက်တမ်းအတွင်း ထိုဆေးပင်အား စိုက်ပျိုး သန့်စင်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဝိညာဉ်စွမ်းအင်များ သွန်းလောင်းကာ အချိန်ကာလအား ချုံ့နိုင်သမျှ ချုံ့ယူ ကြရလေသည်။
စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်သည် သဘာဝ တရားကြီး ထံမှ ဝိညာဉ်စွမ်းအင် များအား ဆုပ်ယူကာ ဆေးသစ်ပင်များ ထံသို့ ပေးပို့ခြင်း ဖြစ်သည်။
ဤမျှ ရိုးရှင်း လှသည် ဆိုသော်လည်း၊ ၎င်းမှာ အမှန်တကယ် ရှုပ်ထွေးသော လုပ်ငန်းစဉ် တစ်ခု ဖြစ်လေသည်။
ကောင်းကင်နှင့် မြေကြီး၌ တည်ရှိသော ဝိညာဉ်စွမ်းအင်များတွင် အညစ်အကြေးများစွာ ပေါင်းစပ်ပါဝင် နေခဲ့ပြီး စုပ်ယူရန် ခက်ခဲ လှသည်။
ထိုထက်ပိုသည်မှာ ဆေးသစ်ပင်များ၏ လိုအပ်သော စွမ်းအင် အမျိုးအစား များအား ခွဲခြား သန့်စင် ပေးရခြင်းပင်။
ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင် နည်းပါသော ဆေးအလုပ်သင်များအတွက် ပြဿနာများ အမြဲ ရှိနေခဲ့သည်။
သို့သော် လင်းယွန်၏ နားလည်နိုင်မှုများအရ စိတ်ဝိညာဉ်စုစည်းခြင်းနည်းစနစ်သည် သူ့အတွက် ကိတ်မုန့်တစ်လုံးအား ဖဲ့ယူလိုက် သကဲ့သို့ လွယ်ကူလွန်းခဲ့၏။
ခဏအကြာတွင် စိတ်ဝိညာဉ် စုစည်းခြင်းနှင့် ပတ်သက်၍ အရေးကြီးသော အဆင့်သို့ ရောက်ရှိ လာသည်။
သူ၏လက်ဖဝါးများအား ဆန့်တန်းကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုရုံး တိုးဝင် လာစေ၏။
ဝိညာဉ်စွမ်းအင်များ၏ ဒြပ်စင်များ ပေါ်မူတည်ကာ အမျိုးအစားများ ခွဲခြား ထားသည်။
သူ့ဘဝ တစ်လျှောက်လုံတွင်း စုပ်ယူ ခဲ့သော ဝိညာဉ် စွမ်းအင် များမှာ အခြေခံ စွမ်းအင် များသာ ဖြစ်ခဲ့ပြီး ၎င်းတွင် သဘာဝ ဒြပ်စင် အမျိုးမျိုး ပေါင်းစပ် ပါဝင်နေကာ၊ အညစ် အကြေးများဖြင့် ပြည့်နှက် နေခဲ့သည်။
ဥပမာအားဖြင့် စွမ်အင်များကို သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီးနှင့်အချို့သော အထူးဒြပ်စင်များအပေါ် မူတည်ကာ ခွဲခြား ထား၏။
မီးဓာတ်အထူးပြု ခန္ဓာကိုယ်သည် မီးစွမ်းအင်အား စုပ်ယူရသကဲ့သို့ သစ်သား ခန္ဓာကိုယ် သည်လည်း သစ်သားစွမ်းအင်ကို ရွေးချယ် စုပ်ယူရပေမည်။
ထိုသို့သော ခန္ဓာပိုင်ရှင်များမှာ ရှားပါးလှပြီး ဂိုဏ်းကြီးများ၏ ပြုစု ပျိုးထောင်ခြင်း ခံရကာ ကျင့်ကြံခြင်း လောက၌ ပါရမီရှင်များအဖြစ် ရောက်လေရာ အရပ်တွင် အလေးပေး ခံရ ပေမည်။
ခဏကြာ ငြိမ်သက်ပြီးနောက် လင်းယွန်က သစ်သား စွမ်းအင်နှင့် ရေစွမ်းအင်တို့အား ခွဲထုတ် စုပ်ယူ လိုက်ကာ ပန်းအိုးထဲသို့ သွန်းလောင်း ပေးလိုက်၏။
သို့သော် ၎င်းဝိညာဉ်စွမ်းအင်များမှာ နည်းပါးလွန်း နေခဲ့ပြီး သူ့စိတ်ကျေနပ်မှုအား မရရှိပေ။
အဆုံး၌ လင်းယွန်၏ စိတ်ဝိညာဉ်နယ်မြေ အတွင်းရှိ စွမ်းအင်အချို့အား ထုတ်ယူခဲ့ရပြီး၊ နှစ်နာရီခန့် အကြာတွင် စတင်ပြောင်းလဲ လာခဲ့လေသည်။
ပန်းအိုးတွင် ရနံ့များ သင်းပျံ့နူးညံ့နေသော အဖြူရောင်ပန်းရိုင်းအပင်သည် ဝိညာဉ်စွမ်းအင် များအား စားသုံးလျက် ရှင်သန် ပွင့်လန်းလာ ခဲ့၏။
၎င်းသည် သာမာန်ပန်းရိုင်းအပင်သာ ဖြစ်ခဲ့ရာ ဝိညာဉ် စွမ်းအင်များ သန့်စင် သွန်းလောင်းခြင်း မခံရ ပါက အနည်းဆုံး လဝက်ခန့် စောင့်ရပေ လိမ့်မည်။
'' နေဦး ငါ့ရဲ့ ယန်သန့်စင်ခြင်း နည်းစနစ်က အဆင့်သစ် တစ်ခုထိ ရောက်သွား ပြီလား...... ''
ယန်သန့်စင်ခြင်းနည်းစနစ်တွင် အဆင့် ငါးဆင့်သာ ပါရှိပြီး ၎င်းသည် စွမ်းအင်များကို သန့်စင်ပေးကာ ဒါန်တမ် အတွင်း၌ အရည်များ အဖြစ် ဖွဲ့တည်ထားစေသည်။
၎င်းနည်းစနစ်မှာ ဟောင်ရှင်း နည်းစနစ် တစ်ခုပြီး၊ ပဉ္စမအဆင့်တွင် အဆုံးသတ်သွား ခဲ့သော်လည်း၊ ယခုအချိန်တွင် နောက် တစ်ဆင့်သို့ ရောက်ရှိ သွားခဲ့လေပြီ။
'' ဒါဆို ယန်သန့်စင်ခြင်းနည်းစနစ်က မပြည့်စုံတဲ့ ရှန်ရှင်းနည်းစနစ် တစ်ခုများလား သူ့မှာ ရှန်ရှင်းအဆင့် နည်းစနစ်တွေ ရှိနေ တာလား.....''
'' ....ဒါက အံ့သြစရာပဲ၊ ငါက ယန်သန့်စင်ခြင်း နည်းစနစ်ရဲ့ အကန့်အသတ်ကို ချိုးဖျက် နိုင်ခဲ့ပြီပေါ့.... အိုး၊ စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်က အထောက် အပံ့ ဖြစ်ခဲ့တာလား... "
လင်းယွန်က ကျင့်ကြံမှုလမ်းကြောင်း ပေါ်တွင် သေးငယ်သော နားလည်မှုများသာ ရရှိထားရာ ထိုဖြစ်စဉ်အား ရှင်းလင်းစွာ မမြင်နိုင် ခဲ့ပေ။
၎င်းသည် သူ့အသိညာဏ်၏ အကန့် အသတ်အား ကျော်လွန် နေခဲ့၏။
'' အိုး.... ငါ့ရဲ့ အာရုံငါးပါးက ပိုပြီး၊ ပြတ်ထင် လာပါလား.... ''
မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်အား လေ့ကျင့်ကာ ပို၍ သန်မာလာ ပေမည်မှာ သေချာလှပေ၏။ ဤလျှို့ဝှက် ချက်အား လူတော်တော် များများက သိရှိနိုင် ကြမည် မဟုတ်ပေ။
" ဟားဟားဟား.... ကြည့်စမ်း ဘယ်လောက်တောင် အေးချမ်း နေလိုက် သလဲလို့ ..... ဒီနေရာမှာ ကျက်သရေဆောင် ခန်းမရဲ့ အဖြစ်အပျက် အချို့ကြောင့် စိတ်ပျက် အားငယ် နေလိမ့်မယ်လို့ ငါထင်ထားခဲ့တာ၊ "
ပေါ့ပါးစွာ ရယ်မောလိုက်သော အသံနှင့် အတူ ဘိုင်ယုဖန်က အပြုံးဖြင့် လျှောက်ဝင်လာ ခဲ့သည်။
"လူငယ်သခင်....."
လင်းယွန်က ချက်ချင်းပင် ဦးညွှတ်အရို အသေ ပေးကာ ခရီး ဦးကြို ပြုလိုက်၏။
" သက်သာ သလိုနေပါ လင်းယွန် ငါတို့ နှစ်ဦးထဲ တွေ့ဆုံမှုမှာ ဒီလောက် ယဉ်ကျေး နေစရာ မလိုပါဖူး။ ”
ဘိုင်ယုဖန်၏ နှိမ့်ချလွန်းသည့် စိတ်နေ စိတ်ထားကြောင့် လင်းယွန်က ထိုလူငယ် သခင် ပေါ်တွင် အမြင်ကောင်းများ ထားရှိနိုင် ခဲ့သည်။
'' ဒါက အဖြူရောင်ပန်းရိုင်းပဲ လူငယ်သခင်၊ သူ့ရနံ့က ပန်းရနံ့တွေထဲမှာ အမြင့်ဆုံးနဲ့ အစွဲမြဲ ဆုံးပဲ.... ''
လင်းယွန်က ပန်းအိုးအား ပြတင်းပေါက် နားသို့ ရွေ့ယူလိုက်ကာ ရှင်းပြ လိုက်၏။
ပေါ့ပေါ့ပါးပါး စကား စမြည် ပြောပြီးနောက် ဘိုင်ယုဖန်က သူလာခဲ့သည့် ရည်ရွယ်ချက်အား ဖွင့်ဟ လာခဲ့လေ ၏။
" ဒီကိစ္စကို ...... မင်းနှလုံးသားထဲ ထည့်မထားပါနဲ့၊ အခြားသူတွေက မမြင်နိုင် ပေမယ့် ငါမြင်နိုင် ပါတယ်၊ တကယ် လို့သာ ဟူဇီဖန်း ရောက်မလာ ခဲ့ရင်၊ မင်းက ငါ့အခက် အခဲကို ဖြေရှင်းပေး လိမ့်မယ် ဆိုတာ ငါအတပ် သိပါတယ်။ "
'' စိတ်မပူပါနဲ့ လူငယ်သခင်၊ ငါ အဆင်ပြေ ပါတယ်၊ အခုလို လူငယ်သခင်က နားလည် ထားတာ အရမ်း ကောင်းပါတယ်။ ကျန်တာတွေ အတွက်ကတော့ ငါ့ကို ရှင်းပြစရာမလိုပါဘူး။ မင်းကို မုန်းတဲ့ သူတွေမှာ မင်းကို ရယ်မောဖို့ ဆင်ခြေ တစ်ခု အမြဲရှိနေ လိမ့်မယ်။ ဒါ့အပြင် ... ငါက ငါ့လုပ်ရပ်တွေ အတွက် နောင်တ ကင်းပါ တယ် "
လင်းယွန်က သူ၏မျက်နှာပေါ်တွင် မည်သည့် နာကြည်းမှုမျိုးမှ ရှိမနေခဲ့ပဲ တည်ငြိမ်သော လေသံဖြင့် ပြန်ပြော လိုက်လေ သည်။
သို့သော် ဘိုင်ယုဖန်က ထိုစကားကြောင့် မင်သက်သွားကာ လင်းယွန်အား ငေးကြည့် လိုက်မိသည်။
ထိုသူသည် တကယ်ပင် အေးချမ်းလှပေ၏။ ဘိုင်ယုဖန်က အစောပိုင်းတွင် အတွင်းတပည့် များ၏ လှောင်ပြောင် မှုကြောင့် လင်းယွန်အား စိုးရိမ် သွားကာ နှစ်သိမ့်ရန် အမြန်ရောက်လာခဲ့ သော်ငြားလည်း ဤမြင်ကွင်းသည် သူ့အား အံသြ သွားစေ ခဲ့၏။
လင်းယွန်က အေးအေးလူလူပင် 'အဖြူရောင် ပန်းရိုင်း' တစ်ပင်အား ပေါင်းသင် နေခဲ့သည် မဟုတ်ပါလော။
ဤအရာသည် လင်းယွန်အား ဓါးသမား တစ်ဦး အဖြစ် ဖြည်းဖြည်းချင်း တက်လှမ်း လာနိုင်စေ ခဲ့သော အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်နိုင် ပေမည်။
၎င်းမှာ ဆုစီယာ၏ အမြင်ကောင်းကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်လေ၏။
" ဒါဆိုလည်း မင်းအတွက် ဆုလာဘ်ကို လက်ခံ လိုက်ပါဦး၊ ဒါက ငါ့အဖေရဲ့ ကတိ အတိုင်း နှလုံး အားဖြည့် ဆေးလုံးပဲ၊ ပြီးတော့ ဒီမှာ မင်းအတွက် ဂိုဏ်းက ပေးအပ် လိုက်တဲ့ ဓါး၊ နောက်ဆုံးတော့ မင်းရဲ့ ဓားကို ပြောင်းဖို့ အချိန် တန်ပြီ။ "
ယုဖန်က ဓားနှင့်ဆေးပုလင်းကို လွှဲပေးကာ ပြုံးလိုက်၏။ လင်းယွန်က နှလုံးအားဖြည့် ဆေးအတွက် အံသြသွားခြင်း မရှိသော်လည်း ဓားကိုမြင်သောအခါ နားမလည်ဟန်ဖြင့်၊
" ဒါက တော်ဝင်လက်နက်ပဲ... "
ဂိုဏ်းမှ တပည့်များစွာအတွက် ဓားရှည်အား ထိန်းသိမ်းခဲ့ဖူး သဖြင့် ဤအရာမှာ တော်ဝင် ဓားတစ်လက် ဖြစ်သည်ကို တစ်ချက် ကြည့်သည် နှင့် သိခဲ့ လေပြီ။
'' မင်ရဲ့ ဓားကို ထုတ်ပြီး စမ်းကြည့် နိုင်ပါတယ်။''
ဘိုင်ယုဖန်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။
" ငါ အလျင်မလိုပါဘူး၊ မင်းရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ် လူငယ်သခင်။ "
"ကောင်းပြီ၊ ငါ့ကို ခွင့်ပြုပါဦး၊ အတွင်းတပည့် အားလုံး လဝက်နေရင် ရေဖြူမြို့ကို သွားရ လိမ့်မယ်၊ ဒီရက်ပိုင်း ဂိုဏ်းကနေ မထွက်ပါနဲ့။ ''
ဘိုင်ယုဖန် ထွက်ခွာသွားပြီးနောက် တော်ဝင် ဓါးလက်နက်အား ထုတ်ယူကြည့်ကာ စစ်ဆေး လိုက်၏။
အေးစက်သော အငွေ့အသက် အချို့နှင့်အတူ တော်ဝင်ဓားလက်နက်သည် ဓားအိမ်အတွင်းမှ ထွက်ပေါ်လာလေသည်။
'' ဓားကောင်းတစ်လက်ပဲ ''
''.. ခ ရစ် ''
လင်းယွန်၏ခေါင်းညိတ် ချီးကျူးစကားသံ မဆုံးခင်မှာပင် တော်ဝင်ဓါးလက်နက်မှာ ကွဲအက် ကျိုးကျ သွားခဲ့လေပြီ။
***