အရံသိုင်းသမား။
Vol. 4 Ch. 53
ဓားသမားများသည် ဓားရှည်များကို နှစ်သက်ခြင်းမှာ သဘာဝကျပြီး လင်းယွန် သည်လည်း ခြွင်းချက် မဟုတ်ပေ။
ဤတော်ဝင်ဓါးလက်နက် ကျိုးပဲ့ သွားသောအခါ လင်းယွန်၏ နှလုံး သွေးကြောများ ပြတ်တောက်သွား သကဲ့သို့ မျက်နှာ ပျက်ကျသွားသည်။
၎င်းသည် တော်ဝင်လက်နက်တစ်ခုဖြစ်ပြီး အဆင့်နိမ့်တော်ဝင်လက်နက်ဖြစ်ခဲ့လျှင်ပင် အဖိုးမဖြတ်နိုင်ချေ။
တော်ဝင်လက်နက်များကို အဆင့်မြင့် လက်နက်သခင်များ ကသာ ထုဆစ်နိုင်ပြီး ၎င်းသည် မိုးကောင်းကင်တစ်နိုင်ငံ လုံးတွင်ပင် တစ်ယောက်မရှိပေ။
ထို့ကြောင့်ပင် တော်ဝင်လက်နက်များ သွန်းလုပ်ရန် အတွက် ဂိုဏ်းခွဲလေးခုသည် မိုးကောင်းကင်နိုင်ငံ ပြင်ပရှိ ပန်းပဲပညာရှင် များအား ဖိတ်ခေါ်ငှားရမ်း ခဲ့ရသည်။
လက်နက်တိုက်အတွင်းရှိ ဓားများ ကျိုးခဲ့ရ ခြင်းသည် တိုက်ဆိုင်မှု သက်သက်မျှသာဟု ယူဆ ထားခဲ့ရာ ယခု အဖြစ်အပျက်သည် လင်းယွန်အား ခေါင်းကိုက် သွားစေသည်။
" ဘာဖြစ်နေတာလဲ၊ ငါ့ရဲ့ ခန္ဓာကဓါးတွေနဲ့ ပါတ်သတ်နေလား၊ ဒါမှမဟုတ် ဒါန်တမ် အတွင်းက ဓားကြောင့်လား "
မူလလင်းယွန် လက်ထဲတွင် ထိုသို့ အဖြစ် အပျက်များ မဖြစ်ခဲ့ဖူးပေ။ ဤကမ္ဘာသို့ သူ၏ စိတ်ဝိညာဉ် ကူးပြောင်းလာ ခဲ့ပြီး နောက်မှသာ ၎င်းသည် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေ၏။
ရှေ့နေလင်းယွန်ဘဝ၌ တီယန်တောင်သို့ တက်နေစဉ် ရင်ဘတ်အား ဓါးနှင့် ထိုးခံလိုက်ရ သည်ကြောင့်ပင်လော။ ထိုသို့ဆိုလျှင်၊
" ဒါဆို ... မင်းကရော ဘာလို့ အဆင်ပြေ နေရတာလဲ"
ထို့နောက်တွင် လင်းယွန်က သူ၏ ပန်းသင်္ချိုင်းဓားအား ဆွဲထုတ်လိုက်၏။
ဆောင်းရာသီ ရေပြင်များကဲ့သို့ ဓား၏ ကိုယ်ထည်မှာ ရှင်းသန့်သော အရှိန်အဝါဖြင့် ဝင့်ထည် လွန်းပေ၏။
သို့သော် ၎င်းသည် လက်ရှိအချိန်၌ အဆင့်နိမ့် တော်ဝင် လက်နက်များ ထက်ပင် နိမ့်ကျ နေခဲ့လေပြီ။
ထို့ကြောင့် ပန်းသင်္ချိုင်းဓားအား ပန်းရနံ့ များတွင် မြုပ်နှံ ထားခြင်းဖြင့် အထွတ်အထိပ် အဆင့် အထိ ပြန်လည် ထုတ်ဖော်ရန် ဆုံးဖြတ် လိုက်မိ၏။
( " နှလုံးသားရဲ့အေးစက်တဲ့မိုးကြောင့် ဖျက်ဆီးခံရလု နီးနီးပဲ၊ ဘဝရဲ့ တစ်ဝက်တာ လုံးလုံးကို သေလုမျောပါး နေခဲ့ရတယ် ။ တစ်ဘဝစာ ဒေါသတွေက လေနှင့်အတူ အချိန်ရဲ့ တိုက်စားခံခဲ့ရပြီး ခု ....လျော့ပါး လာခဲ့ပြီ။ " )
ထို့နောက်လင်းယွန်က ပန်းသင်္ချိုင်းဓားထံမှ ကြားခဲ့ဖူးသည့် စကားသံ အချို့အား ခပ်တိုးတိုး ပြန်လည် ရွတ်ဆို လိုက်ကာ ဓားကို ဝေ့ရမ်း လိုက်လေသည်။
လေဝဲဓား၏ ပြီးပြည့်စုံသော ကျွမ်းကျင်မှု။
ထိုအခိုက် အတန့်တွင် လင်းယွန် သွားလေရာ နေရာတိုင်း၌ ဓားရိပ်များ ထင်ကျန်ရစ်ခဲ့ကာ ဓားရိပ်အသစ်နှင့် အဟောင်းများ အထပ်ထပ် ဖြစ်ပေါ် လာခဲ့ လေသည်။
တစ်ချိန်တည်း မှာပင် လင်းယွန်၏ ခန္ဓာ ကိုယ်မှ ပြင်းထန်သော ဓါးအရှိန်အဝါ တစ်ခု ပေါက်ကွဲ ထွက်လာကာ ကောင်းကင်နှင့် မြေကြီး ကြားရှိ သဘာဝ တရား များအား ဆွဲခေါ် ယူလိုက်၏။
ထိုဖြစ်စဉ်နှင့်အတူ ပန်းသင်္ချိုင်းဓား အရှိန်အဝါမှာ ထက်ရှလာပြီး၊ အေးစက်သော အငွေ့အသက်များအား ပေးစွမ်းလာ၏။
ဓားနှင့်လူသည် ပေါင်းစပ်ပျော်ဝင်သွားပြီး ထိုပေါင်းစပ်မှုအောက်သို့ ( သမုဒ္ဒရာအတွင်း စီးဝင် လာသော မြစ်ငယ်များကဲ့သို့) အမည်မသိ စွမ်းအင်များ အဆက်မပြတ် တိုးဝင်လာခဲ့သည်။
ဤဓားချက်သည် ကောင်းကင်နှင့် မြေကြီးအား ခြိမ်းခြောက်နေ သကဲ့သို့ ထိုဓါးလှုပ်ခတ် သွားရာ လမ်းတလျှောက် တွင်လည်း မြစ်ရေစီးသံ များလို တသွင်သွင် အော်မြည် နေလေသည်။
'' အရိပ်မဲ့ ဓား ''
နောက်ဆုံးလှုပ်ရှားမှုအား ထုတ်ဖော် လိုက်သည်နှင့် လင်းယွန်၏ ပုံရိပ်မှာ ပျောက်ကွယ် သွားကာ ဓားရိပ် တစ်ရိပ်သာ ကျန်ရစ် တော့၏။
'' ဖန်း..... ''
ထို့နောက်တွင် ပေါက်ကွဲသံနှင့်အတူ လင်းယွန်၏ ပုံရိပ်မှာ ကောင်းကင်ထက်မှ နှင်းပွင့်များ ကဲ့သို့ ပေါ့ပါးစွာ ဆင်းသက် လာလေ သည်။
သူ၏အပြုံးမှာ လှပ အသက်ဝင် နေခဲ့ ပြီးနောက် ရုတ်ချည်းပင် ငြိမ်သက်သွားကာ တဆက် ထဲမှာပင် သူ့ဝန်းကျင်တွင် တဖြည်း ဖြည်းချင်း မှေးမှိန် သွားလျက် အမှောင်ထု အတွင်း၌ ဓါးတစ်လက်သာ ပြတ်ထင်စွာ ကျန်ရှိ ခဲ့လေသည်။
ထိုဓါးဖျားတွင် နှင်းဆီတစ်ပွင့် ပွင့်နှင့် နေခဲ့ လေပြီ။
'' ပန်း တွေ ဘယ် မှာ ပွင့် လဲ။ ''
ဓားကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်နှင့် ခန္ဓာကိုယ်အတွင်းမှ သွေးများ လျင်မြန်စွာ စီးဆင်း လာကာ မျက်နှာတစ်ပြင်လုံး နီမြန်း လာလေသည်။
ထိုဓါးချက်အား ယခုအကြိမ်တွင် ချောမွေ့စွာ လုပ်ဆောင်နိုင် ခဲ့သော်ငြားလည်း သူ့နှလုံး သားသည် နွမ်းနယ်စွာဖြင့် အသက်ရှုရ ခက်ခဲ လာပေပြီ။
ပေါက်ကွဲသံတစ်သံနှင့်အတူ ဓားဖျားရှိ နှင်းဆီ ပန်းမှာ မရေမတွက် နိုင်သော ပွင့်လွှာများ အဖြစ် ပြောင်းလဲ လွင့်စဉ်သွား၏။
ခန္ဓာကိုယ်အတွင်းရှိ ယန် စွမ်းအင်များမှာ (၇၀) ရာခိုင်နူန်းအထိ ကုန်ဆုံးခဲ့သော်လည်း လင်းယွန်က ကျေနပ်နေမိသည်။ သို့သော် ထိုအချိန်တွင် သူ့နှလုံးသားမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ခဏအကြာတွင် နှလုံးသွေးပြန်ကြောများ တဆင့်မှ သူ၏ခန္ဓာကိုယ် တစ်လျှောက်သို့ ပူလောင်ပြင်း ရှသော စွမ်းအင်များ တရှိန်ထိုး စီးဝင် လာသည်။
ထိုသို့ ပုံမှန်မဟုတ်သောဖြစ်စဉ်ကြောင့် လင်းယွန်က အံသြသွားကာ မျက်လုံးများအား ပိတ်လိုက်ပြီး ထိုစွမ်းအား အပေါ်သို့ အာရုံခံ လိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် မယုံ နိုင်စရာ မြင်ကွင်းတစ်ခုအား တွေ့မြင် လိုက်ရသည်။
၎င်းသည် ''ဒွါရခွန်နှစ်ပါး သန့်စင်ဆေး'' လုံးများ ဖြစ်ပေသည်။ ထိုဆေးလုံး များသည် အစုံလိုက်အသုံးပြုရသည့် ဆေးလုံးမျိုးဖြစ်ကာ တစ်စုံလျှင် ဆေးလုံး ခွန်နှစ်လုံး ပါဝင်ပေ၏။
သူ့နှလုံးသားအား ပြင်းထန်စွာ လှုပ်ခတ် လိုက်သည့် အခါ ထိုဆေးလုံး များမှ ထွက်လာသော စွမ်းအင်သည် သူ့ခန္ဓာကိုယ်အား အာဟာရ ဖြည့်ပေး ပေလိမ့်မည်။
" ဒါကြောင့်လား ''
ရက်ပေါင်းများစွာ သူ့အား မတင်မကျဖြစ်စေသော ဖြစ်ရပ်အချို့သည် နောက်ဆုံးတွင် ရှင်းလင်းသွားလေပြီ။
ဒီရက်ပိုင်းအတွင်း သူ၏ခွန်အားများ တိုးပွားလာခြင်းသည် ထိုဆေးလုံးများ ကြောင့်သာ ဖြစ်ပေ၏။
'' ငါ မင်းကို အရမ်း ကျေးဇူးတင်ပါတယ် ''
ခဏအကြာတွင် လင်းယွန်က သူ၏ ကျန်ရှိနေသော အချိန်များအား ကျင့်ကြံမှု အပေါ်၌ အပြည့်အ၀ နှစ်မြုပ် ထားလိုက် လေသည်။
လင်းယွန်က နံနက်ခင်းတွင် အဖြူရောင် ပန်းရိုင်းအား ပြုစု ပျိုးထောင်ပေး ခဲ့ပြီး၊ စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ် အကူ အညီဖြင့် ယန်သန့်စင်ခြင်း နည်းစနစ်ကို ပိုမို ဆုပ်ကိုင် နိုင်ရန် ကျင့်ကြံလိုက်လေသည်။
မွန်းလွဲပိုင်းတွင် ကျားနဂါးလက်သီးအား ဆင်ချင် နေပြီးနောက် ညနေပိုင်းတွင် ကျောက်စိမ်း စာလိပ် အတွင်းရှိ ဓားသမားထံမှ စကားသံ များကို အခြေခံကာ သဘာဝဖြစ်စဉ် များအား လေ့လာဆန်းစစ် နေမိ၏။
လင်းယွန်၏နှလုံးသားမှာ သိုင်းတာအို၌ အပြည့်အ၀ နှစ်မြုပ်သွားခဲ့လေပြီ။
ထိုရလဒ်များသည် တစ်စုံတစ်ရာ အကျိုး ထူးခြင်း မရှိသော်လည်း သူက မရပ်တန့်ခဲ့ချေ။ ၎င်းသည် ငြိမ်သက် တိတ်ဆိတ်မှုများ ကြီးစိုး လာကာ လောကကြီးအား အသက်မဲ့သွားစေ၏။
လင်းယွန်က သူ၏'တာအို'အား အုတ်မြစ်ချနေစဉ် မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် ပွဲခံနေ၏။
ကျန်းရဲကို အနိုင် ယူခဲ့သော ဟူဇီဖန်း၏ ဂုဏ်သတင်းမှာ ဂိုဏ်း တစ်လျှောက် ပျံ့နှံ့ သွားကာ၊ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဟူဇီဖန်း အကြောင်းအား နေ့စဉ် ပြောဆို နေခဲ့ကြပြီး ၎င်းသည် အာရုံ အစိုက်ခံရဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ထိုနေ့၌ လင်းယွန်၏လုပ်ရပ်အား ဟူဇီဖန်းနှင့် နှိုင်းယှဉ်နေကြ၏။
"စီနီယာအစ်ကိုဟူက ရဲရင့်လွန်းတယ်၊ လိုအပ်နေတဲ့အချိန်မှာ ဂိုဏ်းအတွက် မားမား မတ်မတ် ရပ်တည်ပေးပြီး မီးလျှံဓါးဂိုဏ်းကို မောင်းထုတ်နိုင်ခဲ့တယ်။ ''
'' ဒါက ခဏတာတောက်ပတဲ့ ကောက်ရိုးမီး လိုတော့ ဘယ်ဟုတ်မလဲ၊ အခြေခံအုတ်မြစ် ခိုင်မာတဲ့ သူတွေမှာ တွေ့ရတက်တဲ့ အောင်မြင် မှုလေ။ ''
" အမှန်ပဲ၊ အဲ့ဒီနေ့က လင်းယွန်ရှိနေပေမယ့်၊ သူက စကားတစ်လုံးမှတောင် မပြောဝံ့ခဲ့ဘူး။ ''
'' အစစ်အမှန်ပါရမီရှင်ဆိုတာ ဒါပဲလေ၊ ဓါးကျွန်တစ်ယောက်က တုယူလို့ဘယ်ရမလဲ ''
ဂိုဏ်းတစ်ခုလုံးသည် လင်းယွန်နာမည်အား စတင်ဆွေးနွေးခဲ့ပြီးသည်နှင့် ရပ်တန့် မရ တော့ချေ။ အချို့ဂိုဏ်းသား များမှာ လင်းယွန်၏ တဲအိမ်ရှေ့သို့ တကူးတက လာရောက်ကြည့်ရှု လှောင်ပြောင်ကြ လေသည်။
ထိုသို့သော အရာများစွာသည် လျင်မြန်စွာ ဖြစ်ပျက်နေခဲ့ပြီး တစ်ချိန်ထဲမှာပင် လင်းယွန်သည် သိုင်းတာအိုတွင် နှစ်မြှုပ်ကာ တိတ်ဆိတ်နေခဲ့လေပြီ။
" မင်း သိပြီးပလား။ စီနီယာညီအစ်ကိုဟူက ဂိုဏ်းခွဲလေးခုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် သုံးဦးစာရင်းထဲ အရွေးခံရတယ်..... ''
" ဘာအံ့သြစရာရှိလို့လဲ၊ ဟူဇီဖန်းရဲ့ သန်မာမှုအရ လူငယ်သခင်ပြီးရင် ဒုတိယလိုက်တယ် မဟုတ်လား၊ သူကိုမှ မရွေးရင်သာ အံ့သြစရာပါ ''
'' မှန်ပါတယ်၊ သူက ဒီအသက်အရွယ်နဲ့ ရှန်ရှင်းနည်းစနစ်ကို နားလည်နိုင်တဲ့အတွက် သူ့အနာဂါတ်က အကန့်အသတ်မဲ့ပဲ "
" ဂိုဏ်းလေးဂိုဏ်းတွေ့ဆုံပွဲမှာ စီနီယာအစ်ကိုဟူက ဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲ စောင့်ကြည့်ရအောင်။ "
အချိန်တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဂိုဏ်းလေးဂိုဏ်းကြား ပြိုင်ပွဲမှာ ပို၍ နီးကပ်လာခဲ့လေပြီ။
ဂိုဏ်းလေးဂိုဏ်း ပြိုင်ပွဲသည် မိုးကောင်းကင် နိုင်ငံတွင် သုံးနှစ်တစ်ကြိမ်ကျင်းပကာ ကြီးကျယ် ခမ်းနား လှပေ၏။ တနည်းအားဖြင့် ဆိုရသော် ၎င်းသည် နယ်မြေလုပွဲတစ်ခု ဖြစ်ပေသည်။
မိုးကောင်းကင်နိုင်ငံအတွင်း နယ်မြေ လုပွဲများမှ တဆင့် အစုလိုက် အပြုံလိုက် သတ်ပွဲများ ဖြစ်မလာစေရန် တားစီးသည့် အနေဖြင့် ဂိုဏ်းလေးဂိုဏ်းမှ တပည့်များအား အချင်းချင်း ယှဉ်ပြိုင်စေခြင်းဖြင့် ဖြစ်နိုင်ချေ များကို လျော့ချနိုင်ပေမည်။
ဂိုဏ်းတစ်ဂိုဏ်းသည် ပြိုင်ပွဲ၌ ရလဒ်ကောင်းများ မရခဲ့ပါက ဂိုဏ်းတစ်ခုလုံး၏ အကျိုးစီးပွားအား ထိခိုက်စေမည်ဖြစ်ကာ ၎င်းသည် ဂိုဏ်း၏ အရင်းအမြစ် ရပိုင်ခွင့်ပေါ် အကျိုးသက်ရောက်လေသည်။
နေဝင်ချိန်နီးလာသည်နှင့်အမျှ လင်းယွန်က သစ်သားတဲရှေ့တွင် မတ်တပ်ရပ်လျက် ကျောက်စိမ်း စာလိပ်အား ဆွဲကိုင်ကာ တတွတ်တွတ် ရေရွတ်နေသည်။
'' ပန်းတွေဘယ်မှာပွင့်လဲ။ ''
'' ငါ ဘယ်က လာတာလဲ။ ''
'' ဓားဆိုတာ ဘာ လဲ။ ''
'' ပန်းဆိုတာ ဘာ လဲ။ ''
ထိုစကားလေးခွန်းသည် ဓားသမားထံမှ ထွက်ပေါ် လာသည့် စကားများဖြစ်ကာ စကား ခွန်းစီတွင် ဓားချက်တစ်ချက်စီ ပါဝင် ပေလိမ့်မည်။
သို့သော် လင်းယွန်သည် ပထမ ဓားချက် ကိုသာ အပြည့်အဝ နားလည်ထားခဲ့ပြီး၊ အသစ်တွေ့ရှိ ထားသည့် စကားသုံးခွန်း အပေါ်တွင် တစ်စွန်း တစ်စသာ နားလည် ခဲ့သော်လည်း အမိအရ မဖမ်းဆုပ်နိုင် ခဲ့ပေ။
'' ............... ''
ရုတ်တရတ် တိုးဖျော့ဖျော့ လှုပ်ရှားသံ အချို့သည် လင်းယွန်၏ နောက်ကျောမှ ထွက်ပေါ် လာသည်။ ထိုအရာသည် ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်ထားသော ခြေလှမ်းများ ဖြစ်နေ ခဲ့လေသည်။
"ဘယ်သူလဲ "
အော်ဟစ်မေးမြန်း လိုက်သံနှင့်အတူ လင်းယွန်က ခန္ဓာကိုယ်အား တွန့်လိမ်ကာ လက်သီးဖြင့် နောက်ပြန်ထိုးချလိုက်၏။
'' ဝေါင်း........ ''
ထိုအချိန်တွင် လက်သီးမှ ထွက်ပေါ် လာသော လေခွင်းသံများမှာ ကျားတစ်ကောင် ဟိန်းဟောက် နေသကဲ့သို့ ဝိုးတဝါး မြည်သံ ပေးလာ ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယန်သန့်စင်ခြင်း နည်းစနစ်သည် ရှန်ရှင်း အဆင့်သို့ မြင့်တက် လာခဲ့ပြီး၊ အဝါရောင် မီးတောက်များ အဖြစ် ပြောင်းလဲ သွားကာ လက်သီးထဲသို့ ပေါင်းစပ် သွားခဲ့သည်။
ယန်သန့်စင်ခြင်းနည်းစနစ်သည် ဟောင်ရှင်း နယ်ပယ် နည်းစနစ် အဆင့်တွင် ကြက်သွေးရောင် မီးတောက် များအား ထုတ်ဖော် ခဲ့ပြီး ရှန်ရှင်း နယ်ပယ်သို့ ရောက်ရှိပြီး နောက်တွင် အဝါရောင်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ထိုအခြေအနေတွင် လက်သီး၌ ကပ်ပါ လာသော စွမ်းအားမှာ မီတာ အနည်းငယ်အား လွှမ်းခြုံ သွားခဲ့ သော်လည်း ထိုလူရိပ်ထံမှ ရင်းနှီးသော အငွေ့ အသက် များကြောင့်၊ ပြန်လည် ရုတ်သိမ်း လိုက်ရရာ၊ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် များသည် ရုတ်တရက် သေဆုံးသွား သကဲ့သို့ ငြိမ်ဝပ် သွားကာ အဟုန်မှာ ရပ်တန့်သွားခဲ့လေ၏။
'' ............. ''
သို့သော် ၎င်းသည်ပင် ထိုလူရိပ်အား နောက်သို့ခြေလှမ်း သုံးလှမ်းဆုတ်ရန်အထိ ဖိအားပေးခံခဲ့ ရလေသည်။
" မင်း ငါ့ကို တကယ် ထိုးလိုက်တာပဲ "
ကျန်းဟန်က စိတ်မသက်မသာဖြင့် ရေရွတ် လိုက်ပြီး နောက်ထပ် ခြေလှမ်း အနည်းငယ် ထပ်မံ ဆုတ်ခွာ လိုက်သည်။
လွန်ခဲ့သောအခိုက်အတန့်တွင် လင်းယွန် ထံမှ လက်သီးချက်မှာ သူ့အား တကယ် ထိတ်လန့် သွားစေ ခဲ့သည်။
လက်သီး နီးကပ်လာသည်နှင့်အမျှ ကျားရိုင်းတစ်ကောင်မှ သူ့အားပစ်မှတ်ထား ခံလိုက်ရသလို နှလုံးခုန်သံများ မြန်လာ စေသည်။
သို့သော်လည်း အမှန်တကယ် အင်အား ထွက်ပေါ် လာသည့် အခါ ထိုလက်သီးသည် အားနည်း နေခဲ့ ပေလိမ့် မည်ဟု မျှော်လင့် မထားခဲ့ပေ။
" ....မင်းရဲ့ခွန်အားက အရမ်းကျဆင်း နေတာလား၊ အခုအချိန်မှာ ဂိုဏ်းတစ်ခုလုံးက မင်းကို ကောက်ရိုးမီး လို့ပြောနေကြတယ်၊ တကယ်ပဲ မင်းက မင်းရဲ့ကျင့်ကြံမှုမှာ ပြဿနာ တစ်ခုခု ရှိနေလား ''
လင်းယွန်ကိုကြည့်ကာ ကျန်းဟန်က သံသယဖြင့် မေးလိုက်သည်။ သို့သော်လည်း လင်းယွန်က အပြုံး နှင့်သာ ကြည်နေခဲ့ပြီး မည်သည်မျှ ပြန်မဖြေခဲ့ပေ။
ယန်သန့်စင်ခြင်းနည်းစနစ်သည် ရှန်ရှင်း အဆင့် နည်းစနစ်သို့ တိုးတက် ပြောင်းလဲလာ သည်နှင့်အမျှ သူ၏ စွမ်းအင်များ အပေါ် ထိန်းချုပ် နိုင်စွမ်းမှာ အဆင့် အသစ်သို့ ရောက်ရှိ သွားကာ အသက်တစ်ရှိုက်စာအတွင်း ပြန်လည် ရုတ်သိမ်း နိုင်ခဲ့သည်။
အကယ်၍သာ ထိုသို့အချိန်မှီ ထိန်းသိမ်း နိုင်ခြင်း မရှိပါက ကျန်းဟန်မှာ ယခု အချိန်၌ လူသေ တစ်ယောက် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ ပေမည်။
'' ဂိုဏ်းခွဲလေးခုပြိုင်ပွဲကို ငါးရက်အကြာမှာ ကျင်းပလိမ့်မယ်၊ လူငယ် သခင်က မင်းကို အရံအဖြစ် စာရင်းပေး ထားတယ်၊ ဒီပွဲအတွက် မင်းက ပါဝင်ချင် ရဲ့လားလို့ ငါ့ကို မေးခိုင်း လိုက်လို့ပဲ၊ ဒါပေမယ့် ... ”
“ ... မင်း.... ပြသခဲ့တဲ့ ခွန်အားပေါ် မူတည်ပြီး မင်းကို အရံ အဖွဲ့ဝင် နေရာမှာ ထားရတာက နည်းနည်းတော့ ရူးသွပ်ရာ ကျနေသလိုပဲ ''
ကျန်းဟန်က လင်းယွန်၏ ခွန်အားအပေါ် သံသယ ဝင်မိသွားကာ ညည်းတွား ရေရွတ် လိုက်၏။ ထိုယူဆ ချက်အား လင်းယွန်က လျစ်လျူ ရှုလျက် တိတ်ဆိတ် နေခဲ့လေသည်။
ကျန်းဟန်သည် သေမင်းနှင့် မည်မျှနီးကပ်ခဲ့ သည်ကို လင်းယွန် တစ်ယောက်သာ သိရှိ နေခဲ့ရာ သူက အပြုံးအချို့အား ထုတ်ဖော် လိုက်ပြီး၊
'' လူငယ် သခင်က ငါ့ကို ကောင်းကောင်း ဆက်ဆံ ခဲ့တယ်၊ ဒါကြောင့်မို့ ငါက ဒါကို ငြင်းစရာ အကြောင်း မရှိပါဘူး၊ ဒါပေမယ့် မျိုးစေ့ ပြိုင်ပွဲဝင် တွေနဲ့ အရံ ပြိုင်ပွဲဝင် တစ်ယောက်ရဲ့ ခြားနား ချက်က ဘာလဲ ဆိုတာတော့ ပြောပြခဲ့ပါဦး။ ''
***