← Chapters

ငါ့နှလုံးသားက ကျောက်တုံး မဟုတ်ဘူး။

Vol. 4 Ch. 54

ငါ့နှလုံးသားက ကျောက်တုံး မဟုတ်ဘူး။

Vol. 4 Ch. 54

ကျန်းဟန်က လင်းယွန်အား ကြည့်ကာ ပြုံးလိုက်၏။

" မင်းကို ဒီသစ်သားတဲထဲမှာ အမြဲရှိ နေတယ်လို့ ငါထင်ထားတာ၊ မင်းက မျိုးစေ့လောင်း ပြိုင်ပွဲဝင်တွေဆိုတာကိုတော့ ကြားဖူး ထားပုံပဲ၊ ဟူဇီဖန်းက မျိုးစေ့လောင်း ပြိုင်ပွဲဝင်စာရင်းမှာ ပါတယ်၊ ''

'' ငါအများကြီးမသိပါဖူး၊ ငါ့တဲအိမ်ရှေ့ ရောက်ရောက် လာတဲ့ သူတွေရဲ့ ပါးစပ်ကနေ ဒီစကားလုံးကို ပြောနေသံ ကြားလိုက်လို့ပါ ''

လင်းယွန်က အကူအညီမဲ့သော အမူအရာဖြင့် ပြန်ပြောလိုက်၏။

" ကောင်းပြီ၊ ငါရှင်းပြမယ်၊ ဂိုဏ်းလေး ဂိုဏ်းပြိုင်ပွဲ ဆိုတာ၊ ဂိုဏ်းတစ်ခု လုံးရဲ့အကျိုး စီးပွားနဲ့ သက်ဆိုင်တဲ့ နယ်မြေ လုပွဲ တွေပဲ၊ ပွဲစဉ် တိုင်းမှာ လောင်းကြေး တစ်ခုစီ ရှိတယ် ''

'' မိုးကောင်းကင်နိုင်ငံကို လေးပိုင်းခွဲပြီး ဂိုဏ်းတွေကအုပ်ချုပ်ခွင့်ရထားကြတယ်၊ ဒါပေမယ့် အုပ်ချုပ်ခွင့်နယ်မြေတွေကိုတော့ ဂိုဏ်းလေးဂိုဏ်းက ယှဉ်ပြိုင်ပွဲစဉ်တွေမှာ တိုက်ခိုက်လုယူနိုင်တယ်၊ လောင်းကြေးက မြို့တစ်မြို့ (သို့) မိုင်းတွင်းတစ်ခုခုကို အုပ်ချုပ် ပိုင်ခွင့်ပဲ၊ ရှုံးနိမ့်သူက သူတို့ရဲ့ အုပ်ချုပ်ခွင့်ကို စွန့်လွှတ် ရမယ်၊ နယ်မြေတွေ ဆုံးရှုံး လာတာနဲ့ အမျှ အရင်းအမြစ်တွေ ဆုံးရှုံးလာပြီး ဂိုဏ်းကို အကြီးအကျယ် ထိခိုက် စေလိမ့်မယ်။ ''

'' အဲ့ဒီထဲမှာမှ မျိုးစေ့လောင်း ပြိုင်ပွဲဝင် တွေက အရေးကြီးတဲ့နယ်မြေတွေကို လုယူ ကာကွယ်တဲ့ ပွဲစဉ်တွေမှာ ပါဝင်ရမယ်၊ ဥပမာ ငါတို့ရဲ့ ဝိညာဉ် မိုင်းတွင်းကို ဆုစီယာ ရယူပေးခဲ့ သလိုပေါ့၊ မျိုးစေ့လောင်း ပြိုင်ပွဲဝင် တွေကို ရွေးချယ် ရာမှာတော့ ဂိုဏ်းရဲ့ အလေးထားဆုံး ပါရမီရှင် တွေထဲက ရွေးကြတာပဲ၊ ''

ခဏမျှ ရပ်နားလိုက်ပြီးနောက် ကျန်းဟန် က ဆက်၍၊

'' အဲဒါက အားသာချက်တစ်ခုတော့ရှိတယ်၊ ဂိုဏ်းခွဲတွေက သူတို့ရဲ့တပည့်တွေအပေါ် ပိုပြီး တန်ဖိုးထား လာကြတယ်။ ဘာလို့လဲဆိုရင် အဲဒီတပည့်တွေ ကပဲ ဂိုဏ်းအတွက် အကျိုး အမြတ်ကို ကာကွယ်ရယူပေးနိုင်လို့ပဲ။ ''

" ဆိုလိုတာက ငါကအရံ (၁၀)ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ငါ့ရဲ့ အရေးပါမှုက နိမ့်ကျတဲ့ အစွန်အဖျားနယ်မြေတွေအတွက်သာ ဝင်ပြိုင်နိုင်တယ် ..... "

လင်းယွန်က ကျန်းဟန်၏ ဆိုလိုရင်းအား ချက်ချင်းနားလည်လိုက်၏။

ကျန်းဟန်က လင်းယွန်ကိုကြည့်ကာ သူ့စကားများအား မည်သို့သုံးစွဲပြင်ဆင် သင့်သည်ကို စဉ်းစားလျက် တုံ့ဆိုင်းနေခဲ့သည်။ ခဏအကြာမှသာ သက်ပြင်းချလျက်၊

" ...... မင်းရဲ့ကျင့်ကြံမှုက သတ္တမအဆင့် မှာသာ ရှိနေတုန်းပဲ၊ ပွင့်ပွင့် လင်းလင်းပြောရရင် မင်းက အရံ စာရင်းတောင် အဆင့်မမှီ သေးဖူး၊ ဒါပေမယ့် မင်းရဲ့တချိန်က ရှန်ရှင်း ဓားသိုင်း ကြောင့် အခွင့် အရေး ပေးလိုက်တာပဲ။ ''

'' အိုး.... ဒီလိုလား ''

လင်းယွန်က တည်ငြိမ်စွာ ခေါင်းညိတ်ရေရွတ် လိုက်သည်။

" နှစ်ရက်နေရင် ရေဖြူမြိုကို ဦးတည်သွား မယ်လို့ မင်းကို အသိပေးဖို့ ငါဒီကိုလာခဲ့တာ။ "

"ကျေးဇူးတင်ပါတယ်။"

"ဟားဟားဟား၊ မင်းက ဘာလို့ဒီလောက် နှိမ့်ချ နေရတာလဲ၊ မင်းရဲ့အခြေခံက အားနည်း နေသေး ပေမယ့် ငါက မင်းကိုအရမ်း အထင်ကြီး နေတုန်းပဲ၊ လုပ်ပါ... ငါတို့ မြင့်မြင့် ပျံသန်း ကြရအောင် "

ကျန်းဟန်က ပခုံးအားပုတ်ကာ လင်းယွန်ကို အားပေးလိုက်၏။ သိမ်မကြာခင် ကျန်းဟန် ပြန်လည် ထွက်ခွာသွား သည်အား ကြည့်ပြီး လင်းယွန်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

" ဂိုဏ်းလေးဂိုဏ်း တွေ့ဆုံပွဲ ပြီးရင် ငါ .... ထွက်သွား ရမယ့် အချိန် ရောက်ပြီ"

လင်းယွန်၏ နှလုံးသားသည် မိုးပြာရောင် ကောင်းကင် ဂိုဏ်းတွင် ရှိမနေတော့ပေ။ မူလ လင်းယွန်နှင့် လက်ရှိလင်းယွန် တို့နှစ်ဦး စလုံးသည် ဂိုဏ်း၏ ကျေးဇူး ကြွေးများ တင်နေခဲ့ကြ သည်ကြောင့် သူက မထွက်ခွာ သွားမီ ဂိုဏ်းအား ပြန်လည် ပေးဆပ်ချင်နေခဲ့သည်။

ထို့ကြောင့်ပင် ရေဖြူမြို့ပြိုင်ပွဲသည် ဤကျေးဇူးအားဆပ်ရန် အခွင့်အလမ်း ကောင်းများ ထွက်ပေါ်လာနိုင်ပေမည်။

သို့သော် ကျန်းဟန်၏စကားများအရ သူ၌ အခွင့်အရေး များစွာမရှိချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာ ကုန်ဆုံးသွား၏။

လင်းယွန်က သစ်သားတံခါးအား ဖွင့်လိုက်သည့်အခါတွင် အာရုဏ်ဦး ငှက်များ၏ ဆိုညည်း သံများ တိုးဝင်လာခဲ့သည်။

ရုတ်တရတ် ကြီးမားသည့် ငှက်ဝါ သားရဲ တစ်ကောင်သည် ကောင်းကင် ထက်မှပျံဝဲ ဆင်းသက် လာ၏။

'' ဖ ရူး........ ''

ထိုငှက်ဝါသားရဲဆင်းလာသည့်အခါတွင် ၎င်း၏ အတောင်ပံများ လှုပ်ခတ်လိုက်သည့် အဟုန်ကြောင့် ပေါက်ကွဲသံများအား ဖြစ်ပေါ် စေခဲ့ပြီး လင်းယွန်၏ သစ်သားတဲသည် တုန်ခါ သွားကာ ပြိုပျက်လဲကျလုနီးနီး ယိမ်းထိုး သွားလေသည်။

ငှက်ဝါသားရဲ၏ ကျောပေါ်တွင် တည်ငြိမ်စွာရပ်နေခဲ့သည့် လူရိပ်ဆယ်ရိပ်ရှိနေပြီး၊ ၎င်းအား ဦးဆောင်ထားသူမှာ ဂိုဏ်း၏ အကြီး အကဲ တစ်ဦး ဖြစ်လေသည်။

" သွားရအောင် "

ဘိုင်ယုဖန်က သူ့လက်အား လင်းယွန်ထံသို့ ဝှေ့ယမ်းလိုက်ရာ လေပွေအချို့သည် လင်းယွန်၏ခန္ဓာကိုယ်အား လေထဲသို့ ပင့်တင် လိုက်ကာ ငှက်ဝါသားရဲ ပေါ်သို့ ခေါ်ဆောင်လာ ခဲ့သည်။

ဘိုင်ယုဖန်ဘေးတွင် ဟူဇီဖန်းနှင့်အတူ မျိုးစေ့လောင်း ပြိုင်ပွဲဝင် တစ်ဦး ရပ်နေခဲ့သည်။ ထိုသူသည် အမာခံတပည့် ကျန်းယီဖြစ်ကာ ဆုစီယာနှင့် ဘိုင်ယုဖန် တို့၏ အောက် အဆင့်တွင် အသန်မာဆုံး ဘွဲ့ကို ရယူထား နိူင်ခဲ့ သော်လည်း ၎င်းသည် ဟူဇီဖန်း ပေါ်လာပြီး နောက်တွင် တတိယ အသန်မာဆုံး ဂုဏ်ပုဒ်အား ဝေမျှပေးခဲ့ရလေ၏။

ထိုသုံးဦးသည် မျိုးစေ့လောင်း ပြိုင်ပွဲဝင်များ ဖြစ်သည်ကို သိရှိထားရာ လင်းယွန်က နောက်ဘက်တွင် ရပ်နေသည့် အရန် အဖွဲ့ ဝင်များ ထံသို့ သွားရောက် ပူးပေါင်း လိုက်သည်။

" ဦးလေး၊ ငါတို့ အခုထွက်သွားနိုင်ပြီ "

ဘိုင်ယုဖန်က ထိုအကြီး အကဲအား လှည့်ကြည့် အချက်ပေး လိုက်၏။

'' ......ဖ ရူး..... ''

ငှက်ဝါသားရဲသည် ၎င်း၏ အတောင်ပံ များအား ဖြန့်လိုက်သည့် အခါတွင် ကြီးမားသော လေပြင်းကို ဖြစ်ပေါ်လာစေသည်။

'' ဂီး.....''

ထို့နောက်တွင် ဆူညံစွာ အော်ဟစ်လိုက်သံနှင့်အတူ ရေဖြူမြို့သို့ ဦး တည်ပျံသွားခဲ့လေသည်။

ဤငှက်ဝါသားရဲသည် ဒသမအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားနှင့်ညီကာ၊ ပျံနိုင်သည့် အတွက် ရှန်ရှင်း ဘုံသို့ ခြေတစ်ဝက် နင်းနေ ခဲ့လေပြီ။

ထို့ပြင် ထိုသားရဲသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ စောင့်ရှောက်သူသားရဲ တစ်ကောင်လည်း ဖြစ်ပေ၏။

တောင်ပံတစ်ဖက်သည်ပင် မီတာ(၁၀၀) ကျော်ရှည်လျားကာ ပြင်းထန်သော လေခွဲ သံအား ဖြစ်ပေါ်လာစေသည်။ သူ၏ ခွန်အားနှင့် ကြီးမားသည့် ခန္ဓာကိုယ်ကြောင့် ကျောပေါ်ရှိ လူအုပ်အား သယ်ဆောင်ရာတွင် အခက်အခဲ မရှိခဲ့ပေ။

လင်းယွန်က ပျံသန်းနေစဉ် မြေပြင်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ထိုမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။

ရှန်ရှင်းသိုင်းသမားများသည် ကောင်းကင် ယံ၌ ပျံဝဲနိုင်ကြောင်း ကောလဟာလများရှိခဲ့ပြီး လင်းယွန်က ထိုသို့ပျံသန်းနိုင်ရန် မျှော်လင့် ထားမိ သည်။

တချိန်ထဲမှာပင် မိုးပြာရောင် ကောင်းကင်ဂိုဏ်း ဂိတ်တံခါး ဝတွင် အတွင်း တပည့် အချို့နှင့် ဂိုဏ်းခေါင်းဆောင်မှာ ဤပြိုင်ပွဲကို ဆွေးနွေးရန် ရေဖြူမြို့ရှိ တော်ဝင် မိသားစု ထံသို့ ဦးတည်နေပြီဖြစ်သည်။

ငှက်ဝါသားရဲပေါ်တွင်၊

'' ခရမ်းမီးလျှံဂိုဏ်းက ငါတို့ရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ငါထင်တယ်။ ''

ခရမ်းမီးလျှံဂိုဏ်း၏ ပါရမီရှင် လျူယန်ဖိန်သည် ကြောက်စရာကောင်းသည့် ခွန်အားကိုပိုင်ဆိုင်ထားရာ သူအား ယှဉ်ပြိုင် နိုင်မည့် သူမှာ မိုးကောင်းကင်နိုင်ငံ တစ်နိုင်လုံးတွင် ဆုစီယာတစ်ယောက်သာ ရှိသည်ဟု ယူဆထားကြသည်။

" မီးလျှံဓားဂိုဏ်းကတော့ ငါတို့နဲ့ ခွန်အား အတူတူလောက်ပဲ ဖြစ်ရမယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ရေနွေးကြမ်းသောက်ပွဲရဲ့ ရလာဒ် ကတင် သိသာနေပြီမဟုတ်လား "

'' တော်ဝင်နေမင်းဂိုဏ်းနဲ့ ပတ်သက်လို့ စိတ်ပူစရာ မလိုဘူး၊ သူတို့ခွန်အားက တဖြည်းဖြည်း အနောက်ကို ဦးတည်နေပြီ။ ''

ငှက်ဝါသားရဲပေါ်တွင် သက်တောင့်သက်သာ စီးနင်းလိုက်ပါလာကြကာ ပြိုင်ပွဲအား စတင် ဆွေးနွေး ခဲ့ကြသည်။ သူတို့က လျူယန်ဖေး အကြောင်း ဆွေးနွေးသည့်အခါတွင် မျက်လုံး များ၌ ထိတ်လန့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာသည်။

ထိုလျူယန်ဖေးသည် ဘိုင်ယုဖန်အား သိုင်းကွက်(၁၀)ကွက်အတွင်း အနိုင်ယူ ထားနိုင် ခဲ့ရာ ၎င်းမှာကြီးမားသော ကွာဟချက် တစ်ခု ဖြစ်လာ မည်ကို စိုးရိမ်နေမိကြသည်။

" စီနီယာအစ်မဆု ရှိနေသေးရင် ငါတို့ပြိုင်ပွဲ အတွက် စိတ်ပူစရာမလိုပါဘူး...... "

တစ်စုံတစ်ယောက်သည် သက်ပြင်းချကာ ရေရွတ် လိုက်၏။

ထိုစက္ကန့်ပိုင်းအတွင်း လူတိုင်းသည် လင်းယွန်အား အပြစ်သားတစ်ဦးကဲ့သို့ ကြည့်လာကြသည်။

'' ငါ့ရဲ့ကျင့်ကြံမှုက အဋ္ဌမအဆင့် အထွတ် အထိပ်ကို ရောက်နေပြီ၊ ငါသာ ဒါကို ကျော်လွှား နိုင်ခဲ့ရင် လျူယန်ဖေးက စိန်ခေါ်မှု တစ်ရပ် ဖြစ်တော့မှာ မဟုတ်ဘူး။ ''

ဟူဇီဖန်းက မျက်လုံးများအား ဖွင့်လိုက်ကာ စကားဝိုင်း အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

" စီနီယာအစ်ကိုဟူ၊ မင်းက မင်းကိုယ်မင်း တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ် ထားနိုင် လိမ့်မယ်လို့ မမျှော်လင့် ထားမိဘူး.... "

"ဟားဟားဟား... စီနီယာအစ်ကိုဟူ၊ မင်းရဲ့ စကားတွေက ငါတို့ကို သက်တောင့်သက်သာ ဖြစ်စေတယ်။ "

" လျူယန်ဖေးကို အနိုင်ယူနိုင်ရင် ငါတို့ရဲ့ မိုးကောင်းကင်ဂိုဏ်းက နောက်တစ်ကြိမ် သေချာပေါက် ချန်ပီယံဖြစ်လာလိမ့်မယ် "

သူတို့၏ မျက်ဝန်များတွင် အလင်းရောင်အချို့ တောက်ပလာပြီး ရွှင်လန်းလာကြသည်။ ဘိုင်ယုဖန်သည်ပင် သူ့မျက်လုံးများ၌ အံသြမှုအချို့ကို ထုတ်ဖော်လိုက်ပြီး၊

" ဂုဏ်ယူပါတယ် ညီငယ်လေးဟူ..."

'' လူငယ်သခင်၊ မင်းက ချီးကျူးစရာ မလိုပါဖူး၊ မင်းရဲ့ နှလုံးအားဖြည့်ဆေးလုံးနဲ့ အလယ် အလတ် ဝိညာဉ်ကျောက်တုံး (၅)တုံးကြောင့်သာ ခုလိုရယူထား နိုင်ခဲ့တာပါ၊ ငါ့မှာသာ နောက်ထပ် နှလုံးအားဖြည့်ဆေးလုံး တစ်လုံး ထပ်ရှိ နေရင် နဝမအဆင့်ကို ရောက်ရှိနေတာ ကြာပါပြီ..... "

ဟူဇီဖန်းက ယုံကြည်မှုအပြည့်နှင့် ပြောလာခဲ့သည်။

" စိတ်မကောင်းပါဖူး ညီငယ်ဟူ၊ ငါတို့က နှလုံး အားဖြည့် ဆေးလုံး တစ်လုံးကို သန့်စင်ရဖို့ ဆိုရင် အချိန် နှစ်လထိ လိုအပ် ပါတယ်၊ ဂိုဏ်းမှာလည်း သန့်စင်ပြီးသား ဆေးလုံးက မရှိတော့ပါဘူး။ ''

ဘိုင်ယုဖန်က သက်ပြင်းချကာ ရှင်းပြ လိုက်၏။

" ဂျူနီယာလင်း၊ မင်းကို ဂိုဏ်းက ပေးထားတဲ့ နှလုံး အားဖြည့် ဆေးလုံး သုံးပြီး ပြီလား။ "

တစ်စုံ တစ်ယောက်က ရုတ်တရက် သတိတရ မေးလိုက်သည်။

'' အို... ဟုတ်သား ဂျူနီယာလင်း၊ မင်းအဲဒါကို မသုံးရသေးရင် စီနီယာအစ်ကိုဟူကို ပေးနိုင်ပါတယ်။ ''

" မျိုးစေ့လောင်း ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ စီနီယာအစ်ကိုဟူက ဂိုဏ်းရဲ့ ဒေါက်တိုင်ပါပဲ၊ ဒါကြောင့် မကွယ်ဝှက်ပါနဲ့။ "

လင်းယွန်က ဟူဇီဖန်း၏ ကျင့်ကြံမှု အဟုန်ကြောင့် အံသြ သွားခဲ့သည်။ နှလုံး အားဖြည့် ဆေးလုံး တစ်လုံးနှင့် အလယ် အလတ် ဝိညာဉ်ကျောက်တုံး (၅)လုံးသည် ဟူဇီဖန်းအား အခြေခံ တည်ဆောက်ခြင်း နဝမ အဆင့်သို့ တက်လှမ်းနိုင် လုနီးပါး ဖြစ်စေခဲ့သည်လော။

၎င်းသည် လင်းယွန်နှင့်ယှဉ်ပါက ထိတ်လန့်စရာ ဖြစ်ခဲ့ပြီး တချိန်က စီနီယာ ဟောင်၏ မှတ်ချက်အား သတိရသွားမိသည်။

[ မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက သာမာန်ပဲ၊ ဒါက... အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုစီယာ ဆီက ထောက်ပံ့မှု အများကြီးရခဲ့တယ်၊ အဲဒါက နောက်ဆုံးမှာ မင်းကို ခေါ်ဆောင်လာခဲ့တာပဲ၊ ဒါပေမယ့် သတိထားပါ။ ကျင့်ကြံခြင်း ခရီးမှာ ရှန်ရှင်း နယ်ပယ်ကို ဆုပ်ကိုင် မိဖို့ လိုတယ် ရှန်ရှင်းဘုံ ကသာ ကျင့်ကြံခြင်း လောကရဲ့ အစ..ပဲ ။ မင်းရဲ့ နိမ့်ကျတဲ့ ပါရမီနဲ့ သွားရင် ခရီးက ခက်ခဲတဲ့ ခရီးဖြစ်လိမ့်မယ်။ သေခြင်းတရားက မင်းဆီ အမြဲ တိုးကပ်လာမှာပဲ၊ '' ]

သို့သော် လင်းယွန်သည် သူ၏ ပိုင်ဆိုင်မှုအား ထုတ်ပေးရန် အထိ တွန်းအားပေး ခံလိုက်ရခြင်းအား မနှစ်မြို့ နိုင်ချေ။

လင်းယွန်၏အကြည့်မှာ ဘိုင်ယုဖန်၏ မျက်နှာပေါ်သို့ အရောက်တွင် တစ်စုံ တစ်ရာအား စဉ်းစား မိလိုက်ကာ နှလုံးအားဖြည့် ဆေးလုံးကို ထုတ်ယူ ပစ်ပေးလိုက်သည်။

ဟူဇီဖန်းက နှလုံးအားဖြည့်ဆေးလုံးအား ဖမ်းယူလိုက်ကာ မျက်ခုံးများကို ပင့်တင်လျက် လင်းယွန်ထံ လှမ်းကြည့်လိုက်သည်။

" ကောင်ပြီ၊ ဒီ.... နှလုံးအားဖြည့်ဆေးလုံးက မင်းအတွက် ဖြုန်းတီးရာရောက်တယ်၊ အဲဒါကို ငါ့ပေးလိုက်တာက ပိုအသုံးဝင်လိမ့်မယ်၊ မင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တာပဲ "

" ထားလိုက်ပါ စီနီယာဟူ၊ မြန်မြန် လေ့ကျင့်ပါ "

'' သူ့အတွက် စိတ်မပူပါနဲ့၊ သူကြောင့်သာ မဟုတ်ရင် စီနီယာအစ်မဆုက ဂိုဏ်းကနေ ထွက်သွားမှာ မဟုတ်ဖူး။ "

" မြန်မြန်လေ့ကျင့်ပါ၊ မင်းက ရေဖြူမြို့ကို မရောက်ခင် နဝမအဆင့်ကို ဆုပ်ကိုင်ထားဖို့ လိုတယ်၊ ဒါမှ ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲမှာ မင်းက ဝှက်ဖဲတစ်ကဒ်ဖြစ်လာလိမ့်မယ်။ ''

"........... "

လူတိုင်း၏ စကားသံများအောက်တွင် ဟူဇီဖန်း၏ မျက်ဝန်းများမှာ ယုံကြည်မှု များဖြင့် တောက်ပ လာကာ မျက်လုံး များအား မှိတ်လိုက်ပြီး ပါးစပ် ထဲသို့ ဆေးလုံးကို ပစ်ထည့် လိုက်သည်။

မျက်လုံးထဲတွင် ဟူဇီဖန်းမှာ သူတို့၏ မျှော်လင့်ချက် တစ်ခု ဖြစ်ကာ ၎င်းအား လေးစား နေမိ ကြသည်။

သို့သော် ဘိုင်ယုဖန်သည် ခြွင်းချက်ဖြစ်ခဲ့ပြီး သူ၏အကြည့်မှာ လင်းယွန်ထံသို့ ရောက်ရှိသွားခဲ့၏။

ပန်းသင်္ချိုင်းဓားနှင့်အတူ လင်းယွန်မှာ ငြိမ်သက်စွာ ရှုခင်းများကို ငေးကြည့်နေသည်။ သူ၏အရှိန်အဝါများကို ခပ်ပါးပါးသာ ထုတ်ဖော် ထားပြီး၊ သန့်ရှင်းထက်မြ နေခဲ့လေပြီ။

***

All Chapters